စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, December 6, 2011

မြ၀တီနယ်စပ် တံတား ပြန်လည်ဖွင့်လှစ် ထိုင်းကုန်စည်ဈေး ကျဆင်းမည်ဟုမျှော်လင့်

၁၆ လကြာပိတ်ထားသော မြ၀တီ-မဲဆောက် ကုန်သွယ်ရေးတံတား ပြန်လည် ဖွင့်လှစ်လိုက်သဖြင့် ထိုင်းကုန်စည်ဈေးနှုန်း ကျဆင်း လာနိုင်သည်ဟု မြ၀တီမြို့ ဒေသခံများနှင့် ထိုင်းကုန်စည်တင်သွင်း ရောင်းဝယ်သူ အသိုင်းအ၀ိုင်းက ပြောသည်။

"တံတားပိတ်တုန်းက မှောင်ခိုလမ်းကြောင်းက သွားရတာဆိုတော့ အပေးအကမ်းတွေများတယ် ပြန်ဖွင့် တော့ ဂျူတီနဲ့ဘဲသွားရမှာ ဆိုတော့ ဈေးနှုန်းတွေကျဖို့ရှိတယ် "ဟု စက်မှုကုန်ကြမ်း တင်သွင်းသူ ကုန်သည် ဦးကျော်ဝင်း ကပြောသည်။


တနှစ်ကျော်ကြာ ပိတ်ထားသည့် နယ်စပ်တံတား ပြန်လည်ဖွင့်လှစ်ပြီးနောက် မဲဆောက်ဘက်မှ မြင်ရစဉ် (photo-Burma VJ network)

တနှစ်ခွဲနီးပါး ပိတ်ထားသည့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီတို့ ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတားကို ထိုင်းဘုရင်မွေးနေ့ဖြစ်သည့် ယနေ့နံနက် ၇ နာရီကျော်တွင် ဖွင့်လှစ်လိုက်သည်။

"တံတားဖွင့်ပြီးတော့ သူတို့ ဘုရင့်မွေးနေ့နဲ့လည်း တိုက်ဆိုင်လို့လားမသိဘူး ရှမ်း (ထိုင်းလူမျိုး)တွေ တော်တော်များများ လာလည်ကြတယ်"ဟု ဒေသခံ ကိုလင်းက YPI ပြောသည်။

တံတားပိတ်ထားသည့် ကာလအတွင်း တရားမ၀င် မှောင်ခိုလမ်းကြောင်းမှ တင်သွင်းရသဖြင့် အပိုဆောင်း မြ၀တီနှင့် ရန်ကုန် ကုန်စည်ပို့ဆောင်မှု ၀န်ဆောင်မှုပေးသူ ကိုဇော်ဇော်အောင်က "ကုန်သွယ်ရေးဇုန် ပိတ်ထားတာဆိုတော့ လမ်းကဂိတ်တွေမှာ ကုန်ကားဆို လမ်းကြောင်းကြေး အပေးအယူတွေရှိတယ်" ဟုဆိုသည်။ နယ်စပ်ဂိတ် မပိတ်မီက ကုန်စည်ပို့ဆောင်ခမှ တစ်ပိသာ ၇၀ ကျပ်သာရှိရာမှ ကုန်သွယ်ရေးဇုန်နှင့် တံတား ပိတ်ထားသည့် ကာလအတွင်း ၁၀၀ ကျပ် အထိ ဈေးပေါက်ခဲ့သည်။

မြ၀တီမြို့မှ ဒေသခံတစ်ဦးဖြစ်သူ မကြူကြူဟိန်းက "ကုန်သည်တွေတော့မသိဘူး ဘေးကမ်းက ကျမတို့သယ်ရင် ယိုးဒယား (ထိုင်း) ဂျူတီဆောင်ပြီးတဲ့အပြင် ဒီဘက်မှာ တစ်ဖာကို ကျပ် ၂၀၀ ပေးရတယ်"ဟုပြောသည်။

မြ၀တီနယ်စပ် ကုန်သွယ်မှုဇုန်နှင့် နယ်စပ်ဂိတ် ပိတ်ဆို့မှုကြောင့် မဲဆောက်ဘက်ခြမ်းရှိ ထိုင်းကုန်သည်များနှင့် မြ၀တီဘက်ခြမ်းရှိ မြန်မာကုန်သည်များပါ စီးပွားရေး အရထိခိုက် နစ်နာလျှက်ရှိကြသည်။

၂၀၁၀ ခုနှစ်လယ်တွင် နှစ်နိုင်ငံနယ်စပ်အဖြစ် စီးဆင်းလျှက်ရှိသည့် သောင်းရင်းမြစ်၏ ထိုင်းဘက်ကမ်း၌ ထိုင်းနိုင်ငံဘက်မှ ကွန်ကရစ် ရေထိန်းနံရံများကို တည်ဆောက်ခြင်းကို မြန်မာအစိုးရမှ ကန့်ကွက်သည်မှစပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကို ပိတ်ထားခဲ့ရာ ၀န်ကြီးချုပ် အဘီဆစ်အစိုးရလက်ထက်တွင် ပြန်လည် မဖွင့်လှစ်နိုင်ခဲ့ပဲ ယခု လက်ရှိ ၀န်ကြီးချုပ်သစ် သက်ဆင်ရင့်လပ် လက်ထက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်မပိတ်ခင် ၂၀၁၀ပြည့်နှစ် ထိုင်းမြန်မာ ပထမ ၆လ တရားဝင် ကုန်သွယ်မှု ပမာဏမှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၈၀.၄၀၃ သန်း၊ သွင်းကုန် ၆၄.၉၈၄ သန်း ရှိပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၅.၃၇၈ သန်း ရှိခဲ့သည်။

မြန်မာအစိုးရဘက်မှမူ မြ၀တီ-မဲဆောက် နှစ်နိုင်ငံကုန်သွယ်ဂိတ် ပိတ်ထားသော်လည်း နယ်စပ်ကုန်သွယ်မှုကို ကော့သောင်း-ရနောင်း နယ်စပ်မှတဆင့် လုပ်ဆောင်နိုင်ကြောင်း တရားဝင် ပြောကြားခဲ့သလို ထိုင်းမြန်မာကုန်သွယ်မှု ပမာဏကို မထိခိုက်ဟု တရားဝင် ပြောဆိုခဲ့ဖူးသည်။ ။

0 comments: