စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 5, 2011

လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ပြုရန် အာရပ်ခေါင်းဆောင်များအား အမေရိကန်ဒုတိယသမ္မတ တိုက်တွန်း

ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ထိပ်သီးဆွေးနွေးပွဲတွင် ဘိုင်ဒင်က မိန့်ခွန်းပြောနေစဉ်


လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ကန့်သတ်ချုပ်ခြယ်ထားသော အာရပ်ခေါင်းဆောင်များအနေဖြင့် ချုပ်ခြယ်မထားဘဲ လွတ်လပ်ခွင့်ပေးရန် အမေရိကန်ဒုတိယ သမ္မတဂျိုးဘိုင်ဒင် က ဒီဇင်ဘာလ ၃ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။ ပြည်သူများအား လွတ်လပ်စွာစဉ်းစားတွေးခေါ်ခွင့်မပြုသော နိုင်ငံများအနေဖြင့် ရပ်တည်နိုင်စွမ်း ရှိမည်မဟုတ်ဟုလည်း ပြောကြားခဲ့သည်။

ဒီမိုကရက်တစ် တော်လှန်ရေးများဖြစ်ပွားခဲ့သော တူနီးရှား၊ အီဂျစ်၊ လစ်ဗျားနိုင်ငံများနှင့် တော်လှန်ရေးဖြစ်ပွားဆဲ ဆီးရီးယားနှင့် ယီမင်နိုင်ငံ များတွင် စွန့်ဦးတီထွင်စိတ်ဓာတ်ကို တားဆီးပိတ်ဆို့ထားကြောင်း တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်တွင် ကျင်းပသော လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အစည်းအဝေးတွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။

''တကယ်လို့ ခင်ဗျားမှာ တွေးခေါ်ဖို့၊ ခင်ဗျားတွေးခေါ်နေတာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်တင်ပြဖို့ မလွတ်လပ်ဘူးဆိုရင် ဖောက်ထွက် တွေးဖို့ခက်ပါတယ်'' ဟု Apple ကုမ္ပဏီ တည်ထောင်ခဲ့သည့် ကွယ်လွန်သူ စတိဗ်ဂျော့စ်ပြောစကားကို ကိုကား၍ ဘိုင်ဒင်က ပြောကြားခဲ့သည်။ တွေးရိုး တွေးစဉ် တွေးသူများသည် တိုးတက်ရန် အလားအလာမရှိဟု စတိဗ်ဂျော့စ်က ပြောကြားခဲ့ဖူးသည်။

ဘိုင်ဒင်သည် ရှစ်ရက်ကြာ ပြည်ပခရီးစဉ်ထွက်နေပြီး အီရတ်တွင်စ၍ ဂရိတွင် အဆုံးသတ်မည်ဖြစ်သည်။ ဘိုင်ဒင် သည် ဒီဇင်ဘာလ ၃ ရက်နေ့က တူရကီဝန်ကြီးချုပ် အာဒိုဂန်နှင့် တွေ့ဆုံရန် ၎င်း၏နေအိမ်သို့ သွားရောက်ခဲ့သည်။ အသက် ၅၇ နှစ် အရွယ်ရှိ အာဒိုဂန်သည် မကြာသေးခင်ကမှ ခွဲစိတ်ကုသမှုမှ ပြန်လည်ကျန်းမာလာစ ရှိသေးသည်။ အာဒိုဂန်နှင့် ဘိုင်ဒင် တို့သည် အီရတ်၊ အီရန်နှင့် ဆီးရီးယားနိုင်ငံများအကြောင်း တစ်နာရီကြာမျှ ဆွေးနွေးခဲ့ကြောင်း အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တူရကီက အီရန်အပေါ် တင်းမာသည့် သဘောထားထားရှိစေရန် ဆန္ဒရှိသော်လည်း အရေးယူပိတ်ဆို့မှုနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခြင်း မရှိခဲ့ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။ နှစ်နိုင်ငံစလုံးက ဆီးရီးယားနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိပြီး ဆီးရီးယားတွင် ဒီမိုကရေစီအတွက် ဆန္ဒပြသူများကို နှိမ်နင်းနေသည်မှာ ရှစ်လကြာမြင့်နေပြီဖြစ်ရာ ဒေသတွင်းမတည်ငြိမ်မှုများ ကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ကမ္ဘာတစ်ဝန်း ပိုမိုပွင့်လင်းမှုရှိရန် ဘိုင်ဒင်က တိုက်တွန်းခဲ့ပြီး နိုင်ငံရေးနှင့်လူမှုရေး လွတ်လပ်ခွင့်များသည် စီးပွားရေးအခွင့်အလမ်းများကို ဖန် တီးနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref:Reuters

0 comments: