စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 1, 2011

၁၅ ရက်အတွင်း ဇာဂနာ နိုင်ငံကူး လက်မှတ် ရရှိ



ဒါရိုက်တာ သရုပ်ဆောင် ဦးသူရ(ခ) ဇာဂနာသည် နိုဝင်ဘာလ ၂၄ ရက်က နိုင်ငံကူး လက်မှတ် ရရှိခဲ့ကြောင်း ၄င်း၏ မိသားစုဝင် တစ်ဦးက ပြောသည်။

“ကိုသူရက နိုင်ငံကူးလက်မှတ် (Passport) ကို တစ်ခါမှ မလျှောက်ခဲ့ဖူးပါဘူး။ အခုတစ်ခေါက်လွတ်လာပြီးနောက် ပိုင်းမှ လျှောက်ဖြစ်ခဲ့တာပါ။ စလျှောက်တာကနေ ၁၅ ရက်အ တွင်း ပတ်စ်ပို့ရပါတယ်။ ကုန်ကျ စရိတ်ကလည်း တခြား သူတွေ ပေးသွင်းရတဲ့နှုန်းအတိုင်းပဲ ပေးသွင်းရပါတယ်။ လောလော ဆယ်တော့ ကိုသူရက အမေရိကကို သွားဖို့ စီစဉ် ထားပါတယ်။ အမေရိကမှာ သူလုပ်ဖို့စီစဉ်ထားတာ နှစ်ခု၊ သုံးခုလောက်ရှိ ပါတယ်။ သူ့မိသားစုတွေနဲ့တွေ့ဖို့ရယ်၊ ကလင်တန်ဖောင်ဒေးရှင်းက ဖိတ်ထားတာကို သွားလေ့လာဖို့ရယ်ပေါ့။ အငြိမ့်ကဖြစ် မကဖြစ်ကတော့ မသေချာပါ ဘူး”ဟု ဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းငြိမ်းက ပြောသည်။

ဇာဂနာသည် ယခုရက်ပိုင်းအတွင်း ၄င်းကြီးကြပ်စီစဉ်နေသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကိစ္စများဖြင့် အလုပ်များနေပြီး အမေရိကန်ခရီးစဉ်ကို ယင်းရုပ်ရှင်ပွဲတော် ပြီးစီးမည့် ဇန်နဝါရီလ ၄ ရက်နောက် ပိုင်းမှသာ သွားရောက် နိုင်မည်ဟု မငြိမ်းငြိမ်းက ဆက်လက်ပြောသည်။

0 comments: