စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 1, 2011

NLD လွှတ်တော်ထဲ ရောက်လာလျှင် ၀မ်းမြောက် ၀မ်းသာ ကြိုဆိုမည်ဟု ဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လွှတ်တော်ထဲ သို့ ရောက်ရှိ လာမည် ဆိုပါက ဝမ်းမြောက် ဝမ်းသာ ကြိုဆိုမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယနေ့ ပြောကြားသည်။

ဆက်လက်၍လည်း အဆိုပါ ပါတီ၏ အထွေထွေအတွင်းရေး မှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ် ခံမည်ဆိုပါက ပြည်သူ့လွှတ်တော် နှင့်တကွ လွှတ်တော် ဥက္ကဋ္ဌကပါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမည် ဟု သူရဦးရွှေမန်းက ပြောကြား သည်။

“NLD လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် လွှတ်တော်အနေနဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုမယ်၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာမလားဆိုတာတော့ ဒီနေ့သွား နေတဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ပတ်သက် လို့တော့ အပြောင်းအလဲရှိစရာမရှိဘူး။ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင် ပိုတောင်ပီပြင်လာမယ့် သဘောရှိပါတယ်”ဟု သူရဦးရွှေမန်းက ယနေ့သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြော ကြားသွားသည်။

ကျင်းပရန်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍မူ မည်သူက၊ မည်သည့်အချိန်တွင် ကျင်းပရမည်ဆိုသည့်ဥပဒေအတိ အကျပြဋ္ဌာန်းထားခြင်း မရှိသေး ကြောင်း သိရသည်။

“ကြားဖြတ်ရွေးချယ်တင် မြောက်ပွဲနဲ့ပတ်သက်လို့ ဘယ်သူ ကဘယ်အချိန်မှာ ကျင်းပရမယ်ဆို တဲ့လောလောဆယ်တော့ ဥပဒေမှာ အတိအကျပြဋ္ဌာန်းထားတာမ ရှိတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ တိတိကျကျဖြစ်အောင်နဲ့ ဖြစ်မြောက်ရေးအတွက်လည်း မိမိတို့ လိုလားပါတယ်”ဟု သူရဦးရွှေ မန်းကပြောသည်။ ဆက်လက်၍ ၄င်းက “ကြားဖြတ် ရွေးချယ် တင်မြောက်မယ်ဆိုရင်တော့ ရွေးချယ်တင် မြောက်ပွဲမလုပ်ခင် အချက်အလက် နည်းနည်းမှားရင်မှားနိုင်ပါ တယ်။ သုံးလ ကြိုတင်ကြေညာရပါ တယ်၊ စကြေညာပြီဆိုရင်တော့ နောက်သုံးလအတွင်းမှာ ရွေး ကောက်ပွဲလုပ်ဖြစ်မှာဖြစ်ပါတယ်။ လောလောဆယ်တော့ နောက် သုံးလအတွင်းမှာတော့ လုပ်စရာ အကြောင်း မရှိသေးပါဘူး”ဟု ပြောကြားသွားသည်။

0 comments: