စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 5, 2012

ပြိုင်ဘက်မျိုးနွယ်စုတစ်ခု၏ တိုက်ခိုက်မှုခံရသော မြို့တစ်မြို့အား တောင်ဆူဒန်အစိုးရက ပြန်လည်ထိန်းချုပ်



တောင်ဆူဒန်နိုင်ငံအရှေ့ပိုင်းရှိ သွားလာရန်ခက်ခဲသော မြို့တစ်မြို့တွင် ပြိုင်ဘက်မျိုးနွယ်စုတစ်ခု၏ တိုက်ခိုက်မှုကို တိုက်ထုတ်နိုင်ခဲ့ပြီးနောက် ယင်းမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ဇန်န၀ါရီလ ၂ ရက်တွင် ပြောကြားခဲ့သည်။

Jonglei ပြည်နယ်ရှိ ယင်းမြို့တွင် စားကျက်မြေများနှင့် ရေသုံးစွဲမှုများနှင့်ပတ်သက်ပြီး တင်းမာမှုများရှိခဲ့ကာ ကျွဲနွားထိန်းကျောင်းမှု၊ အမျိုးသမီးများနှင့်ကလေးများကို ပြန်ပေးဆွဲမှုနှင့်ပတ်သက်၍ သဘောကွဲလွဲမှုများ ပြင်းထန်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားခဲ့သော Pibor မြို့သို့ လူထောင်ပေါင်းများစွာ ပြန်လာနေပြီဖြစ်ကြောင်း တောင်ဆူဒန်ပြန်ကြားရေးဝန်ကြီး ဘာနာဘာဘင်ဂျမင်က ပြောကြားခဲ့သည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း တိုက်ခိုက်မှုများဖြစ်ခဲ့သော ယင်းမြို့သို့ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ခန့်ကို စေလွှတ်ထားကြောင်း စစ်ဘက်တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၂ ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။

Lou Nuer မျိုးနွယ်စုတစ်ခုမှ တိုက်ခိုက်ရေးသမားများက လူကန်ဂိုလ်ရွာကို တိုက်ခိုက်ပြီးနောက် Murle မျိုးနွယ်စုများရှိသော Pibor မြို့သို့ ဦးတည်ချီတက်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂကလည်း ယင်းမြို့သို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းပြည်နယ်တွင် ပြီးခဲ့သောနှစ်ကဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အနည်းဆုံးလူ ၅၀၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက် ပြေးခဲ့ရကြောင်း တောင်ဆူဒန်ရှိ ကုလကျောထောက်နောက်ခံပြု အသံလွှင့်ဌာန Radio Miraya မှ အကြီးအကဲ ကွာဒီဟာမန်းက ပြောကြားခဲ့သည်။

ယင်းမျိုးနွယ်စုနှစ်ခုအကြား ကြားဝင်စေ့စပ်ပေးနေသော တောင်ဆူဒန်ဒုတိယသမ္မ တရီယက်ခ်မက်ချာက လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်များချပြီး နေရပ်သို့ပြန်ကြ ရန် စည်းရုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ Jonglei ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ယခုတိုက်ခိုက်မှုမှာ ဇူလိုင်လတွင် ဆူဒန်မှခွဲထွက်၍ တောင်ဆူဒန်နိုင်ငံအဖြစ်ကြေညာပြီး နောက်ပိုင်း နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ခိုက်မှုဖြစ်သည်။

Ref:CNN

0 comments: