စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, July 30, 2012

ဦးအောင်သိန်းလင်းကို စုံစမ်းစစ်ဆေးမယ်

ဦးအောင်သိန်းလင်းရဲ့ ပြောရဲဆိုရဲရှိမှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီက စနေနေ့မှာ ထုတ်ပြန်တယ် ဆိုတဲ့ ကြေညာချက်တစောင်ကို တွေ့ရပါတယ်။ မြစ်ဆုံစီမံကိန်း ပြန်လည်ပတ်ရေး၊ ပြည်သူတွေကရူးလို့ NLD ကို မဲပေးလိုက်မိတယ်၊ ဘန်ကီမွန်းနဲ့ ကုလသမဂ္ဂဟာ ယုံရသူတွေ မဟုတ်ဘူး၊ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အောင်မြင်မယ်မဟုတ်၊ ဟီလာရီကလင်တန် မြန်မာပြည်လာတာ ကျုပ်တို့ရဲ့ အားနည်းချက်ပဲ - သူက မြန်မာပြည်သူတွေဆီလာတာ...

၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နှစ် ၂၀၁၃ ခုနှစ် ချယ်ရီပန်း တွေ ပွင့်ချိန် မတ်လ ကုန်လောက် ဂျပန်နိုင်ငံကို သွားဖို့ရှိတယ်လို့ AP သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို လာစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပြီး ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတ...

Sunday, July 29, 2012

ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏ အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်း တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သမှတ်တမ်းနှင့် မြေငလျင်ဌာနမှ သတင်းထုတ်ပြန်သည်။ ယင်းငလျင်လှုပ်ခတ်မှုအား...

မြန်မာ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံမှ မြန်မာ ရေလုပ်သားများရန်ကုန်၊ ဇူလိုင် ၂၉ ထိုင်းအစိုးရ အနေဖြင့် နှစ်နိင်ငံ အစိုးရချင်း စာချုပ်ချုပ်ဆို၍ မြန်မာနိင်ငံမှ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားကြောင်း သတင်းကို ရုပ်သံလိုင်း ၇ တွင် ကြည့်လိုက်ရကြောင်း ဘန်ကောက် မဟာချိုင်မှ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။ ထိုင်းအလုပ်သမား ၀န်ကြီး ဆုန်ဆပ်က မြန်မာ အလုပ်သမားများကို နှစ်ဖက်အစိုးရ...

မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတု အနေအထားအရ မြစ်ရေကြီးတာကို သတိထားရမယ်

မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတု အနေအထားအရ မြစ်ရေကြီးတာကို သတိထားရမယ်လို့ မိုး လေ ၀ သ ပညာရှင်က ပြောကြားလိုက်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး၊ ၇န်ကုန်၊ပဲခူး၊မွန်၊ကရင်စတဲ့ ဒေသတွေမှာ ရေလွှမ်းမိုးမှုမြင့်နေတာ ၁၀ ရက်လောက် ရှိသွားပြီ၊မြှပ်တဲ့နေရာတွေလဲ မြှပ်ကုန်ဘီ၊ ရေမကြီးတဲ့နေရာတွေမှာလဲ မြေနိမ့်ပိုင်းနဲ့ လယ်တွေ ရေမြှပ်တယ်။ မြှပ်ဖို့ အလားအလာလဲရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်...

လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု

ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့ တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာr\မယ်လို့ သိရပါတယ်။ ဒါ့အပြင် လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့...

ရခိုင်ပါတီနှစ်ခု ညှိနှိုင်းရန် ALD အဆင်သင့်ဖြစ်နေပြီဟုဆို

စစ်တွေ (မဇ္ဈိမ)။ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေဖြင့် ရခိုင်ပါတီများ ပူးပေါင်းရေး ညှိနှိုင်းနိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဇူလိုင် ၂၇ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ပါတီဌာနချုပ် ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားတွင် ပါတီ် ထိပ်ပိုင်းခေါင်းဆောင်တဦးက သတင်းထောက်များအား ပြောကြားလိုက်သည်။ ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)တို့ ပူးပေါင်းရေးကိစ္စကို...

၈၈မျိုးဆက်ကျောင်းသားများ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ခရီးစဉ်

ယနေ့ ( ဇူလိုင်လ၊ ၂၉ ရက် )၊ မွန်းလွဲ ၁း၀၀ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်ရုံးသို့ ၈၈မျိုးဆက်ကျောင်းသားများ သွားရောက်နှုတ်ဆက်ခဲ့ကြစဉ် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၆လမ်း ( ၈၇လမ်းနှင့် ၈၈လမ်းကြား)ရှိ ပင်လယ်တိုက်၊ ရွှေမန်းအုတ်ကျောင်း၊ နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းနှင့် ဘုန်းတော်ကြီးသင်...

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

ရှင်းလင်းပွဲမြင်ကွင်း ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည် ၁နာရီက ရန်ကုန်မြို့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ကျင်းပခဲ့ပါသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီ ၁၄ ပါတီတွေ့ဆုံမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ ခုနှင့်တွေ့ ဆုံမည်ဖြစ်ကြောင်းကို ဇူလိုင်လ ၂၂ ရက်နေ့က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က အဆိုပါနိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုတွင် ၀န်ကြီးနှစ်ဦးက နိုင်ငံရေးပါတီ ၁၄ ခုနှင့် နိုင်ငံတော်သမ္မတနှင့်...

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်

မြေဈေးနှုန်း ကြီးမြင့်သည့် ရန်ကုန်မြို့ ဆူးလေစေတီတော် အနီးဝန်းကျင်ကို တွေ့ရစဉ် လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု လုပ်ငန်းရှင်ကြီးအချို့(ဥပမာ...

ကမ္ဘောဇ ဘဏ် က ဗီဇာ ကဒ် စနစ် ကို သုံးမည် ဟုဆို

မြန်မာ နိုင်ငံ မှ ဘဏ်များ သည် ၂၀၁၃ ခုနှစ် တွင် နိုင်ငံ တကာ မှ အီလက်ထရောနစ် ငွေကြေး လွှဲပြောင်း မှု နှင့်ဝယ်ယူ သုံးစွဲ မှု ပြု နိုင်သည့် ခရက်ဒစ် ကဒ် စနစ် ကို မျှော် လင့် နေကြ သည် ။ ကမ္ဘော ဇ ဘဏ်က ၂၀၁၃ ခုနှစ် တွင် ၎င်းတို့  ဘဏ် နှင့် အမေရိကန် မှ ခရက် ဒစ် နှင့် ငွေကြိုတင် သွင်း ၀ယ်ယူသည့် ဒက်ဘစ် ကဒ် ၀န်ဆောင်မှု ကုမ္ပဏီ နှင့် ပူးပေါင်း ပြီး ကမ္ဘော ဇ ဘဏ်ကဒ်များ ကို ဗီဇာ ကဒ် ဖြင့် ထုတ်...

မြန်မာ အစိုးရ ၀ါကာ အူဒင် ကို တရားစွဲဆို မည်

by FNG on July 28, 2012 HKT၊ ၊အမေရိကန် တွင် နေထိုင်သည့် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာ အူဒင် နှင့် အခြား နှစ်ဦး ကို မြန်မာ အစိုးရ က လိမ်ညာ ၀ါဒဖြန့် မှု ၊ သတင်း မှား ဖြန့်  ချိမှု၊ လူမျိုးရေး အဓိရုဏ်းဖြစ်စေသည့် ပြော ဆိုမှု များ ဖြင့် ၀ါရှင်တန် ဒီစီ ရှိ ရှေ့ နေ အချို့  နှင့် တိုင်ပင် ကာ တရားရုံး တစ်ခု တွင် တရား စွဲ ဆို သွား မည် ဟု FNG မှ သံတမန် သတင်း ရပ်ကွက်ကို ကိုးကား...

ကျွန်တော်တို့အားလုံး တိုင်နဲ့ခေါင်းနဲ့ ဆောင့်ပြီး သေလိုက်ကြဖို့ကောင်းပြီ ..။

ဒေါ်ခင်ကြည် ရံပုံငွေ ကာတွန်းပြပွဲတွင် ဆင်ဆာထိခဲ့သော ကား... ယခင် စစ်အစိုးရလက်ထက် ရခိုင်မှာ လ၀က/နစက သက်ဆိုင်ရာများ လာဘ်စားတာကို ဖော်ထုတ်ချင်နေတဲ့ ရခိုင်သားများ၊ မြန်မာလူငယ်များ ....၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ ယခင်စစ်အစိုးရလက်ထက် လ၀ကမှ တရားဝင် ထုတ်ပေးခဲ့သော white card လေးသိန်းကျော်ကို လက်မခံချင်သော ရခိုင်တိုင်းရင်းသားများ..။ ယခင်အစိုးရလက်ထက် အမိန့်ကြော်ငြာစာများ၊...

သက်ဝင်းအောင်ရဲ့ အရိုးအုတ်ဂူကို နောင်တော်များ သွားရောက် အလေးပြု

ဓာတ်ပုံ- အံ့ဘွယ်ကျော် (၈၈) မန္တလေးကို ရောက်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော် အစရှိတဲ့သူတွေဟာ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှာ မန္တလေးထောင်အတွင်း ကျဆုံးသွားခဲ့တဲ့ ညီလေး သက်ဝင်းအောင်ရဲ့ အရိုးအိုး အုတ်ဂူကို ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့၊ နေ့လယ်က သွားရောက် အလေးပြု ခဲ့ကြတဲ့ မြင်ကွင်းပါ။ ကိုသက်ဝင်းအောင်ဟာ ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်ပြီး...

ရွှေတိဂုံမှာ WiFi ရတော့မယ်

စမတ်ဖုန်းသုံးတဲ့ နိုင်ငံခြားခရီးသည်များအတွက် ရွှေတိဂုံမှာ သတင်းကောင်းတခု ရှိပါတယ်။ WiFi လို့ ခေါ်တဲ့ ကြိုးမဲ့အင်တာနက်ဟာ မကြာခင်မှာ ရွှေတိဂုံကို ရောက်လာတော့မယ် တဲ့။ ရင်ပြင်ပေါ်မှာ စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်၊ အင်တာနက်ထဲဝင်ပြီး Facebook မှာတင်၊ ဟန်ကျပြီပေါ့။ အင်တာနက်မြန်နှုန်းအသင့်အတင့် ရှိရင်တော့ ဟန်ကျပြီပေါ့။ ဘယ်တော့အစပြုမလဲ သြဂုတ်လဒုတိယပတ် အချိန်အကန့်အသတ် နာရီဝက် သုံးနိုင်မယ် Password...

မြန်မာမွတ်စလင် အစည်းအရုံး ကြေညာချက်

ဇွန်လ၊ စစ်တွေ "လက်ရှိအကြပ်အတည်းကို အခွင့်ကောင်းယူ၍ မွတ်စလင်အစွန်းရောက်များ၏ ဘာသာရေးဆိုင်ရာ အမြတ်ထုတ် သွေးထိုး လှုံ့ဆော်မှုမှန်သမျှကို ပြင်းထန်စွာ ရှုံ့ချသည်" လို့ မြန်မာမွတ်စလင် အစည်းအရုံးရဲ့ သောကြာနေ့ရက်စွဲတပ် ကြေညာချက်တစောင်မှာ တွေ့ရပါတယ်။ ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ဗြိတိန်၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိနေသူ သုံးဦးနဲ့ သူတို့ရဲ့ ဖုန်းနံပါတ်တွေကိုလည်း...

Saturday, July 28, 2012

လူမျိုးများ မှတ်ပုံတင်ကဒ်ပြားနဲ့ လူလည်လုပ်တဲ့အစိုးရ

မြန်မာနိုင်ငံမှာ အသက်ပြည့်ပြီးသူ နိုင်ငံသားတွေကို မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတဲ့ စနစ်ဟာ ၁၉၅၇ ခုနှစ် ဝန်းကျင် လောက်မှာ စတင်ခဲ့တယ်လို့ လူကြီးတွေပြောတာ ကြားခဲ့ဖူးပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ကို ကိုင် တဲ့စနစ်က နှစ်ပေါင်း ၅၅ နှစ်တောင် ရှိပြီပေါ့။ ဒါပေမယ့် နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်နိုင်ပြီလားဆိုတော့လည်း အဲသလို မဟုတ်ပြန်သေးဖူး။ မြို့ကြီးပြကြီးတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့...

ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .. ရှင်တို့မှာခေါင်းမရှိဘူး

ဒီကဗျာလေးကိုလည်း ရွက်သစ်ကလောင်နာမည်နဲ့ ၂၀၁၀ လှိုင်သာယာစက်မှုဇုံ ဆန္ဒပြပွဲတွေစလာတဲ့အချိန်တုန်းက အဲ ဒီနေရာအထိသွားပြီး သူတို့မျက်နှာလေးတွေကိုကြည့်ပြီး ပြန်ရောက်တော့ရေး ဖြစ်ခဲ့တာပါ။ ခုနောက်ပိုင်းမှ လှိုင်သာယာ ဆန္ဒပြပွဲတွေဆိုတာ လူတိုင်းသိလာတာပါ။ ဒီကဗျာကို သူငယ်ချင်းတယောက် ပြည်ပက ၀ဘ်ဆိုဒ်တခုကို ကျနော်မသိခင် လှမ်းပို့လိုက်ပြီး ပြည်ပမှာအခြေချနေတဲ့ ကဗျာဆရာမ (နိုင်ငံရေးကဗျာတွေ)တယောက်ကနည်းနည်းကို...

မြန်မာ့ငွေကြေးစနစ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်

မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် အခုရက်ပိုင်းတွေ အတွင်း နေပြည်တော်မှာရှိတဲ့ အစိုးရ အရာရှိတွေ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာက ကျွမ်းကျင်သူ ပညာရှင်တွေတွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲတွေ၊ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒီကနေ့လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်က လက်ရှိ တာဝန်ရှိသူတွေနဲ့ အကြံပေးအဖွဲ့ဝင်တွေဟာ IMF နိုင်ငံတကာ ငွေကြေး...

ဒုတိယသမ္မတလောင်းသစ် တဦးကို တပ်မတော် အစုအဖွဲ့မှ ထပ်မံ အဆိုပြု

ယမန်နေ့ သောကြာနေ့၌ ကျင်းပသော လွှတ်တော်သို့ တပ်မတော် အစုအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်များသည်၊ ဒုတိယ သမ္မတ (၁) နေရာအတွက် နောက်ထပ် ဒုတိယ သမ္မတလောင်း သစ်တဦးကို ရွေးချယ်ရေး အဖွဲ့သို့ ထပ်မံ တင်ပြကြောင်း ဒုတိယ သမ္မတ ရွေးချယ်ရေး အဖွဲ့နှင့် နီးစပ်သည့် လွှတ်တော် အမတ် တဦးက ရွှေဟင်္သာ သတင်းဌာနအား ပြောကြားခဲ့ပါသည်။ ပထမ အဆိုပြုထားသည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေသည်၊ ဒုတိယ သမ္မတနေရာမှ...

မြန်မာ့ ငြိမ်းချမ်းရေးသည် အစိုးရက KIA အပေါ် ကိုင်တွယ်မှုနှင့် ဆိုင်ဟု MPSI ကဆို

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည်၊ အစိုးရမှ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တောင်းဆိုချက်ကို မည်သို့ ကိုင်တွယ် မည်နည်း ဆိုသည့် အပေါ် တည်မှီနေကြောင်း Myanmar Peace Support Initiative (MPSI) အဖွဲ့၏ အကြံပေး ပုဂ္ဂိုဟ် Mr. Ashley South က ယမန်နေ့က ထိုင်းနိုင်ငံ စံခလ ဘူရီမြို့၌ ကျင်းပသော ရှင်းလင်းပွဲ တရပ်တွင် ပြောကြား ခဲ့ပါသည်။ “ ကချင်ပြသနာဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဲ့ အဓိက...

အမျိုးသမီးများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ခွင့်ရှိလာ

သတ်မှတ်သော အရည်အချင်း ရှိပါက၊ ပြည်သူကလည်း ရွေးချယ် တင်မြှောက် မည်ဆိုလျှင် အမျိုးသမီး များကိုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်နိုင်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်ထဲ၌ ပြောကြား ခဲ့သည်ဟု ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန် ခဲ့ပါသည်။ ဤကိစ္စကိုဇူလိုင်၂၆ ရက်နေ့က ပြုလုပ်ကျင်းပသွားသည့် ပြည်သူ့လွတ်တော် စတုတ္ထ ပုံမှန်...

အစိုးရ တပ်တွင်း စစ်ဆင်ရေး အမိန့် နာခံမှု လျှော့ရဲလာ

ကချင်ပြည် လွတ်မြောက် တပ်ဖွဲ့အား စစ်ဆင်နေသော အစိုးရ တပ်ဖွဲ့ထဲ၌ တချို့တပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ များကို အထက်သို့ လိမ်လည် တင်ပြနေသည်ကို တွေ့ရကြောင်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောရေး ဆိုခွင့်ရှိသူ ဦး လာနန်းက ပြောပါသည်။ “ဒီလို လိမ်ပြီး တင်ပြနေမှတော့ စစ်ဆင်ရေး အမိန့်ကို လွန်ဆန်နေတဲ့ သဘောဘဲပေါ့။ မူဆယ်ဖက်မှာ ဆိုရင် စခန်းသိမ်း တိုက်ပွဲတွေ အပြင်းအထန် ဆင်နွဲနေတဲ့...