စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 2, 2012

၀၂ ဧပြီ ၂၀၁၂ မနက် ၁၁ နာရီ။ ဒေါ်အောင်ဆန်းစုကြည် အန်အယ်ဒီရုံးချုပ်ရှေ့ လူထုကို တွေ့ဆုံစကားပြောကြား

ယနေ့ အဖွဲ့ချုပ်ရုံးကို ရောက်ရှိလာတဲ့ အမေစုနဲ့ ပရိသတ်..

ယနေ့ အဖွဲ့ချုပ်ရုံးရှေ့က အမေနှင့် သူ၏ ခွပ်ဒေါင်းပရိသတ်...

ကျွန်တော်တို့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုတွေနဲ့
လာမယ့်(၃)နှစ်အတွက် မှတ်ကျောက်တင်ခံမှုကို ထပ်ပြကြမယ်...



ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့မှာ အမေစု ပြည်သူကို မိန့်ခွန်းပြောနေတဲ့ မြင်ကွင်းနဲ့
ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေ...

ဧပြီလ ၂ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုသို့ မိန့်ခွန်းပြောကြားနေစဉ်


ရုံးချုပ်မှ ပြန်လည်ထွက်ခွာလာစဉ် လူထုသို့ နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည် - ဧပြီလ ၂ ရက်နေ့ (နံနက် ၁၁ နာရီခွဲအချိန်)


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးဌေးဦး ကို ဆက်သွယ်မေးမြန်းချက် ( အသံဖိုင် )




ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ နေရာအများစုရသွားတဲ့အပေါ် ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြောစရာမရှိဘူး၊သူတို့အနေနဲ့ လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ပိုပြီးတော့ ပူပေါင်းပါဝင်ဆောင်ရွက်ဖို့လိုပါတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးဌေးဦးက ပြောကြားလိုက်ပါတယ်။
DVB TV News

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ ၄၄ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာတွင်အနိုင်ရရှိထား

သန်းဌေးဓာတ်ပုံ- ဥက္ကာကိုကို
By: ‎7Day News Journal


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ ၄၄ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာတွင်အနိုင်ရရှိထားပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) အတွက် ရလဒ်များပေါ်ထွက်လာခြင်းမရှိသေးသဖြင့် မည်သူနိုင်မည်ကို အတိအကျမသိရှိရသေးပေ။

အဆိုပါမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သူများမှာ ပြည်ခိုင်ဖြိုးမှ ဒေါ်နန်းကိန်ဖောင်းတစ်၊ အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ကျားဖြူပါတီမှ ဦးစိ...ုင်းစံမင်း၊ ကိုးကန့်ပါတီမှ ဦးလော်ဆင်ကွမ်း၊ လားဟူပါတီမှ ဦးယောသပ်တို့ဖြစ်ကြသည်။

ယမန်နေ့ညနေပိုင်းအထိ ပြည်ခိုင်ဖြိုးပါတီက လားရှိုး၊ သိန်းနီ၊ မိုင်းရယ်သုံးမြို့နယ်ပေါင်းတွင် မဲအသာရရှိနေသော်လည်း စစ်တပ်အတွင်းမှ စည်းကမ်းနှင့်မကိုက်ညီသော ကြိုတင်မဲ ကိုးရာကျော်ကို ခရိုင်ကော်မရှင်မှ ပယ်ချခဲ့ပြီးနောက်ပိုင်းတွင် ကျားဖြူနှင့် အန်အယ်လ်ဒီပါတီတို့နှစ်ခုသာ ရှေ့တန်းတက်လာခဲ့ကြသည်။ ယမန်နေ့ ည ၁၀ နာရီအထိ လားရှိုးမြို့တွင် အန်အယ်လ်ဒီမှ ကျားဖြူပါတီအား မဲတစ်သောင်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိထားခဲ့သည်။

တဆက်တည်းပင် ကျားဖြူပါတီသည် လားရှိုးမြို့နယ်တွင် ၁၄၃၈၆ မဲရရှိခဲ့ပြီး သိန်းနီမြို့နယ်တွင် ၅၆၃၄ မဲရရှိထားကာ မိုင်းရယ်မြို့နယ်တွင် ၉၀၅၀ ဖြင့်အသာစီးရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်း ၂၉၀၇၀ မဲရရှိနေပြီဖြစ်သည်။ သို့သော် ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရောက်ရှိလာသော စာရင်းများအရ တန့်ယန်းတွင် ကျားဖြူပါတီက ၁၁၂၂၃ မဲရရှိသွားပြီး ကွမ်းလုံမြို့နယ်တွင် ၁၄၃၃ မဲရရှိခဲ့သဖြင့် စုစုပေါင်း ၄၁၇၂၆ မဲရရှိသွားခဲ့ပြီဖြစ်သည်။

NLD ပါတီသည် လားရှိုးမြို့နယ်တွင် ၃၄၇၃၇ မဲရရှိကာ လားရှိုးမြို့နယ်အတွက် အပြတ်အသတ်အနိုင်ရရှိနေပြီဖြစ်သော်လည်း ကျန်မြို့လေးမြို့တွင် ကျားဖြူနှင့် ပြည်ခိုင်ဖြိုးပါတီတို့ထက် မဲရရှိမှုနည်းပါးနေသည်။ သိန်းနီမြို့တွင် ၂၃၆၃ မဲရရှိခဲ့ပြီး မိုင်းရယ်မြို့တွင် ၁၉၇၁ မဲသာရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်းမှာ ယမန့်နေ့ည ၁၀ နာရီအထိ ၃၉၀၇၁ မဲရရှိနေပြီဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရရှိသည့် မဲစာရင်းများအရ အန်အယ်လ်ဒီပါတီက ၃၉၆၆ မဲသာရရှိပြီး ကွမ်းလုံမြို့နယ်တွင် ၅၁၆၃ မဲရရှိခဲ့သည်။ ထို့ကြောင့် အန်အယ်လ်ဒီပါတီ၏ ယနေ့နောက်ဆုံး မဲရရှိစာရင်းမှာ ၄၈၂၀၀ ဖြစ်သည်။

သို့ဖြစ်၍ လက်ရှိအခြေအနေရ အန်အယ်လ်ဒီပါတီမှာ ကျားဖြူပါတီထက် မဲအသာရရှိနေခဲ့သည်။ သို့သော် လားရှိုးမြို့နယ်အတွင်း ရောက်ရှိမလာသေးသော မဲများမှာ လားရှိုးမြို့နှင့် မိုင်သုံးဆယ်ခန့်ကွာဝေးသော ကျေးရွာ ၂၀ ခန့်ရှိနေသေးပြီး တန့်ယန်းမြို့နယ်တွင်လည်း ကျေးရွာ ၉ ခုခန့်ကျန်ရှိနေသောကြောင့် ယင်းကျေးရွာများမှ ရောက်ရှိလာမည့် မဲစာရင်းများကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီမှာလည်း ကျားဖြူ၊ အန်အယ်လ်ဒီတို့နှင့် မဲရရှိမှု ကွာဟချက်ကြီးမားစွာမရှိသည့်အတွက် ယင်းပါတီ၏ အေုခအနေကိုလည်း ခန့်မှန်းမရဘဲဖြစ်နေသည်။ အဆိုပါကျေးရွာများမှ မဲစာရင်းများကိုထပ်ပေါင်း၍ ကျားဖြူမှ ဦးစိုင်းစံမင်းနှင့် အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ဒေါ်နန်းကိန်ဖောင်းတစ်တို့ မည်သူအနိုင်ရရှိမည်ကို ယနေ့ညနေ ၅ နာရီကျော်တွင် အကြမ်းဖျင်းခန့်မှန်းနိုင် ကောင်းလိမ့်မည်ဖြစ်သော်လည်း အတိအကျအဖြေရလဒ်ကိုမူ လေးရက်ခန့်စောင့်စားကြရဦးမည်ဖြစ်သည်ဟု သိရသည်။

7Day News Journal

နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ရွေးကောက်ပွဲ ရလဒ်များကို ကြေညာပေးသွားမည်



ယနေ့ညနေ (ဧပြီ ၂ ရက်) ၆ နာရီသတင်းနှင့် ည ၈ နာရီသတင်းများတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ရွေးကောက်ပွဲ
ရလဒ်များကို ကြေညာပေးသွားမည်
ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရလဒ်များကြေညာပေးရာတွင် အပြီးသတ်ရေတွက်စိစစ်နေသော မဲဆန္ဒနယ် ၄၊ ၅ နေရာသာ ကျန်ရှိမည်ဖြစ်ပြီး အများစုပါဝင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖွင့်ပြီ


One Year One Day ပြတိုက်ဟု နာမည်ကြီးနေသော မြန်မာ့လွတ်လပ်ရေး
ခေါင်ဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ပြတိုက်ကို ပိတ်ထားခဲ့သည်မှာ ကြာခဲ့ပါပြီ။

တစ်နှစ်မှ တစ်ရက်သာလျှင်ဖွင့်သော ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် ယခု
အခါမှာတော့ ပြန်လည် အသက်ဝင်လာပြီဖြစ်ပါသည်။ မင်္ဂလာရှိသောသတင်းမို့ ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ရပါသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ၀က်ဆိုက်မှာတော့ ပြတိုက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အခုလို တွေ့ရပါတယ် -

Bogyoke Aung San Residence Museum

Location - Aung San Qr, Nat Mauk, Magway Divisioon.

Established Date - 1973

Displayed Objects - Furniture and other materials used by Bo
gyoke Aung San's parents, photos of Bogyoke's family

Admission fees - Free

Opening hour - 10:00a.m to 4:00p.m (Tuesday to Saturday except gazetted holida
y)

ဒီအချက်အလက်တွေအရ ဆိုရင် ဖွင့်တဲ့အချိန် မပြောင်းပါဘူး။
တနင်္ဂနွေ၊ တနင်္လာနေ့တွေ ပြတိုက်ပိတ်ရက် ဖြစ်ပေမယ့် ခုတော့ ပိတ်ရ
က်တွေက တနင်္လာ အင်္ဂါ ဖြစ်သွားပြီလို့ ဆိုင်းဘုတ်အရ သိရပါတယ်။

ခါတိုင်း ၀င်ကြေး ပေးဖို့ မလိုပေမယ့် ခုတော့ ၀င်ကြေးတွေ ပေးရပါပြီ တဲ့။

နိုင်ငံခြားသားများအတွက်လည်း နိုင်ငံသားများနည်းတူ သတ်မှတ်ပေးထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလို့ ရသေးတယ်




ကြားဖြတ်ရွေးကောက်ပွဲကတော့ ပြီးပါပြီ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေး ရွေးချယ်လို့ ရပါသေးတယ် တဲ့။ ဟုတ်ပါတယ်၊ ဒီလို မဲပေးဖို့အတွက် ကော့မှူးသွားစရာ မလိုပါဘူး။ အွန်လိုင်းပေါ်တော့ တက်ရပါမယ်။

TIME မဂ္ဂဇင်းအွန်လိုင်းက ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲ လုပ်နေပါတယ်။

ရွေးချယ်ရမယ့် လူစာရင်းကို http://www.time.com/time/specials/packages/completelist/0,29569,2107952,00.html မှာ ကြည့်ပါ။
စာရင်း အောက်ဆုံးကနေ ရေတွက်ရင် ၁၃ ဦးမြောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နာမည်ရဲ့ အထက် ၁၀ ဦးမြောက် ပုဂ္ဂိုလ်ကတော့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ဖြစ်ပါတယ်။ သမ္မတကြီးက မြန်မာပြည်ရဲ့ ဂေါ်ဘာချော့ဗ် ဖြစ်နိုင်မလားလို့ မိတ်ဆက်စာမှာ ရေးထားပါတယ်။

ဦးသိန်းစိန်ရဲ့ အယောက် ၂၀ လောက် အကွာမှာတော့ အင်ဂျလီနာဂျိုလီ၊ ဘရက်ပစ်တို့ လင်မယား ကို တွေ့ရမှာပါ။

TIME မဂ္ဂဇင်းက အဆိုပြုစာရင်းမှာ ရွေးချယ်စရာ ၂၀၀ ရှိပါတယ်။

လာမယ့် သောကြာနေ့ မဲရုံပိတ်ပါမယ် တဲ့။ အဲဒီအခါ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန်တို့ကို ကမ္ဘာတလွှား TIME မဂ္ဂဇင်း ပရိသတ်က ဘယ်လို သဘောထားလဲ၊ မဲပေးထားသလဲ ဆိုတာ ပိုတွေ့ရမှာပါ။

လက်ရှိ မဲပေးဆဲကာလမှာလည်း ရလဒ်တွေ သိနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့သြဇာရှိပုဂ္ဂိုလ်အဖြစ် သတ်မှတ်သူ 11,152 ဦး ရှိပြီး မသတ်မှတ်သူ 773 ဦး ရှိနေပါတယ်။

ဦးသိန်းစိန်ကြီးရဲ့ မဲအခြေအနေက ဒီလိုပါ။
ထောက်ခံသူ 4,456 နဲ့ ကန့်ကွက်သူ 1,872 လို့ တွေ့ရပါတယ်။

(မြန်မာစံတော်ချိန် တနင်္လာနေ့ နေ့ခင်း ၂း၂၀ ရလဒ်)

ဒီတော့ ထောက်ခံမဲ ပေးနိုင်သလို ကန့်ကွက်မဲလည်း ပေးနိုင်တယ် ဆိုတော့ ကမ္ဘာတလွှား စာဖတ်သူတွေအတွက် ပျော်ပျော်ကြီး မဲပေးနိုင်ပြီပေါ့။ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူးပေါ့။



ဥပမာ ဦးသိန်းစိန်ကြီးကို မဲပေးမယ် ဆိုပါတော့။ သူနာမည်ကို လိုက်ရှာပြီး ကလစ်လိုက်။
(မရှာချင်ဘူး။ အခုပဲ သွားချင်တယ် ဆိုရင်တော့ လင့်က ဒီလိုပါ - http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html)



သူ့အကြောင်း မိတ်ဆက်အောက်မှာ မဲပေးရမယ့်ပုံကို ဒီလို တွေ့မှာပါ။ ဦးသိန်းစိန်ဟာ ကမ္ဘာ့သြဇာအကြီးဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါသင့်သလား။ ရွေးစရာ ၂ ခု ရှိပါမယ်။ ပါသင့်တာပေါ့ ဆိုရင် Definitely ကို ကလစ်၊ မပါသင့်ဘူး ယူဆရင် No Way ကို ကလစ်ပါ။ ပြီးရင် SUBMIT ကို ကလစ်ပါ။ ဒါဆို မဲပေးမှု ပြီးပါပြီ။ ( ဖယောင်း ကြောက်စရာမလို )


ဒီလို ရလဒ် ထွက်လာပါမယ်။
(မြန်မာစံတော်ချိန် တနင်္လာနေ့ နေ့ခင်း ၂း၂၀ ရလဒ်)

Sunday, April 1, 2012

အမေစုကိုအပ်လိုက်ပြီလို့  ကြံခိုင်ရေး ကော့မှုး အမတ်လောင်းဒေါက်တာစိုးမင်းပြောကြား




ကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်တဲ့ကြံ့ ခုရးပါတီအမတ်လောင်း ဒေါက်တာစိုးမင်းက
ကော့မှူးမြို့ နယ်က အမေစုလက်ကိုအပ်လိုက်ပါပြီ၊ နိုင်ငံအချုပ်အခြာအာဏာတည်မြဲအောင် ဒေါ်အောင် ဆန်းစုကြည်ဆက်လုပ်ပါလိမ့်မယ် သူ့ အနေနဲ့ စောင့်ကြည့်နေမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။
လက်တလောခန့် မှန်းမဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည်က ၇၀ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းလောက် အထိ အနိုင်ရပြီး ဒေါက်တာစိုးမင်းက ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြားရမယ်လို့လည်းခန့် မှန်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွာနှစ်ရွာမှာ ရှူံးနိမ့်ခဲ့တယ်လို့ လည်းဒေါက်တာစိုးမင်းကပြောပါတယ်။

ပီတာအောင်-
DVB TV News

ဒေါင်းအလံ စိုက်တဲ့နေ့



ဒေါင်းအလံ စိုက်တဲ့နေ့
=============

အိုးဝေမြည်သံ မိုးလုံး ညံ
မြန်မာ ငါတို့ ဒေါင်းနိုင်ငံ။

ကောင်းကင်ယံဆီ ဦးချွန်မြောက်
ခွပ်ဒေါင်း တို့သွေး ရဲရဲတောက်။

ရှေ့နောက် ဘယ်ညာ ကြည့်လေရာ
ခွပ်ဒေါင်းခွပ်ဒေါင်း အသံသာ။

ပြည်သူ ကြည်ဖြူ ရွေးချယ်ပြု
ခွပ်ဒေါင်းသွေးတို့ ညီညွတ်မှု

စုနိုင်ခဲ့တဲ့ တို့တိုင်းပြည်
ကမ္ဘာလွှမ်းဖို့ လာတော့မည်

စုသို့ရည်ရွယ် မဲတပြား
မြန်ပြည်ကောင်းဖို့ အုပ်ချပ်များ။
တွဲလက်ယှက်ထား တို့လူများ
တို့တွေအားလုံး ခွပ်ဒေါင်းသား။ ။

[ဒေါ်စုနှင့်တကွ အနိုင်ရခဲ့သော NLD ကိုယ်စားလှယ်များအား ဂုဏ်ပြုလျက်]

Thorn Nay Soe သွန်းနေစိုး

မဲဆန္ဒနယ်မြေများတွင်အနိုင်ရရှိသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြုပါသည်

မဲဆန္ဒနယ်မြေများတွင်အနိုင်ရရှိသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြုပါသည်




Linn Yaung_ facebook အား ကျေးဇူးတင်ပါသည်

သောင်းနှင့်ချီသော ပြည်သူများ NLD ရုံးချုပ်ရှေ့သို့စုဝေးရောက်ရှိ။

ရွှေဂုံတိုင်ရှိNLD ရုံးချုပ်ရှေ့တွင် ပြည်သူများသောင်းနဲ့ချီပြီး NLD ရဲ့ရွေးကောက်ပွဲအောင်နိုင်မှုကို လာရောက် ကြည့်ရှုနေကြကြောင်းသတင်းရရှိသည်။ NLD ရုံးချုပ်ရှေ့တွင် တပြည်လုံးရှိမဲစာရှင်းရေတွက်မှုကို တိုက်ရိုက်ပြသနေပြီး ပြည်သူတွေကNLD အောင်မြင်မှုကို ဝမ်းသာအားရဖြစ်နေကြဟု သိရှိရသည်။ မဲဆန္ဒနေရာ(၄၀)ကျော်နီးပါး အနိုင်ရနေသည်ဟု သတင်းများထွက်ပေါ်နေသည်။


NLD ရုံးချုပ်ရှေ့က မဲရေတွက်ခြင်းသတင်းထုတ်ပြန်။
ဓါတ်ပုံ-အေပီ


NLD ရုံးချုပ်ရှေ့ကပြည်သူတွေ။

မန္တလေး ထုံးစံ ၈၂လမ်း NLD အောင်ပွဲ အအေးကုသိုလ် (၁.၄.၂၀၁၂)

မဟာအောင်မြေ မဲဆန္ဒနယ်တွင် အနိုင်ရရှိသော ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် NLD မဟာအောင်မြေမြို့နယ်ရုံးသို့ရောက်ရှိလာစဉ်
(ဧပြီ ၁ ရက် ညနေမြင်ကွင်းပါ)

မဟာအောင်မြေရဲ့ အောင်ပွဲ။



သူတို့လည်းပျော်။


မန်း မဟာအောင်မြေမြို့ နယ် ရဲမွန်တောင် ရပ်ကွက် မဲရုံ အမှတ် ၁ ရှေ့ တွင် ဧပြီ ၁ ရက် ညနေ ၆ နာရီခန့် က NLD ပါတီ အနိုင်ရရှိကြောင်း ကြေငြာ လိုက်သည်နှင့် ကခုန်နေကြသည့် အဖွားအိုများ

၂၀၁၀ရွေးကောက်ပွဲတုန်းကလို မဲစာရင်းပြောင်းပြန်မဖြစ်ဖို့ စောင့်ကြည့်ကြရမယ်။

ကော့မှူးမှာ အောင်ပွဲခံနေသော ဒေသခံများ(ဓါတ်ပုံ-မြစ်မခ)

မိတ်ဆွေတို့ရေ ဒီနေ့ လက်ရှိ ကြားနေ မြင်နေရတဲ့ မဲရလဒ်တွေကို မနက်ဖြန်မှာ ပြောင်းပြန်တွေ မမြင်ရဖို့တော့ လိုပါတယ်။
၂၀၁၀ ခုနှစ်တုန်းက တနိုင်ငံလုံးက မဲရလဒ်တွေကို ညတညလုံးနီးပါးပဲ မနက် ၂ နာရီ ထိုးတဲ့အထိ ကျမတို့ မြစ်မခတွေ စောင့်ယူခဲ့ပါတယ်။
မနက် ၃နာရီလောက်မှာ အိပ်ချင်လွန်းလို့ ၄ နာရီလောက် အိပ်လိုက်မိပါတယ်။
မနက် ၉နာရီမှာတော့ ကျမတို့ကြားခဲ့တဲ့ မဲရလဒ်တွေကို အကုန်လုံးနီးပါးပြောင်းပြန်တွေ ဖြစ်နေတာ မြင်လိုက်ရတယ်။
အော် ကျမ ၄ နာရီလောက်ပဲ အိပ်လိုက်မိတာ၊ ဒီလိုမှန်းသိရင် မအိပ်ပါဘူးလို့ ကျမတို့တွေ တောက်တခေါက်ခေါက်ဖြစ်ခဲ့ရတယ်။
အဲဒီတုန်းက လည်း ခုလိုပဲ မဲရလဒ်တွေ ကြည့်ပြီး ပျော်ခဲ့မိတာကို ပြန်သတိရမိလို့ပါ။
အဲဒီလို အဖြစ်အပျက်တွေကိုတော့ ကျမတို့ မေ့ပစ်လို့မှ မဖြစ်နိုင်တာ။

မေသင်္ကြန်ဟိန်း

ခွပ်ဒေါင်း ပြည်သူလူထုသို့ အမေစုရဲ့ ကြေငြာချက်

မဲ စာရင်း ရလဒ်များ

မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း မဲရုံအမှတ်(၂) ကန်တော်လေးတောင်ရပ်ကွက်တွင် မဲရေတွက်နေသည်ကို မဲရုံပြင်ပတွင် စောင့်ဆိုင်းနားထောင်နေသည့် ပရိသတ်။



မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် (၃) ရပ်ကွက်ရှိ ပြည်သူများ မဲရုံ (၁)၊ (၂)၊ (၃)၊ (၄)၊ (၁၃) မှ မဲစာရင်းရလဒ်ကို စောင့်ဆိုင်းနေရမှ အနိုင်ရသောကြောင့် အောင်ပွဲခံလာသော NLD ယာဉ်တန်းနှင့်အတူ ကြိုဆိုပျော်ရွှင်နေကြစဉ်


ကော့မှူးမြို့နယ်တွင် မဲရုံပေါင်း တစ်ရာကျော်ရှိသည့်အနက် မဲရုံ၈၀ကျော်တွင်မဲရေတွက်ပြီးရာ ဒေါ်အောင်ဆန်းစုကြည်သည် တစ်နေရာတွင်သာ ၁၂မဲဖြင့် ကပ်ရှုံးပြီး ကျန်နေရာအားလုံးတွင် မဲအပြတ်အသတ်နှင့် အနိုင်ရသွားပြီဖြစ်ကြောင်း 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။ သမင်ခြံရွာတွင် ၁၂မဲဖြင့်ကပ်ကာရှုံးခြင်းဖြစ်သည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က စာရင်းများကို ကြေငြာခြင်းမရှိသေးသော်လည်း ကော့မှူးမြို့တွင် NLD ပါတီကိုထောက်ခံသူများအောင်ပွဲခံလျှက်ရှိကြောင်း သတင်းပေးပို့သည်။



မိတ္ထီလာ မှာဦးဝင်းထိန် NLD က မဲရုံ ၉ ရုံ မှာ မဲ ၅၀၀၀ ကျော် နဲ့နိုင်။
ပြည်ခိုင်ဖြိုး မဲ ၁၆၀၀။ (6:15 pm)

မော်လမြိုင်တွင် နိုင်ပြီ ဟု အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်ဆို

ဧပြီ ၁ ရက်၊ ၂၀၁၂ ခု၊ ညနေ ၆ နာရီခွဲ

မော်လမြိုင်တွင် အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဒေါ်ခင်ဋ္ဌေးကြွယ် နိုင်နေသည်ဟု ထောက်ခံသူများ အားပြောကြားသည်။

မကွေးတိုင်းရှိ မြို့နယ် မြို့နယ် (၆) မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။

ပခုက္ကူမြို့
=============
တပ်မ ၁၀၁၊ မဲရုံတွင် NLD ၆၇၀ မဲ၊ ပြည်ခိုင်ဖြိုး ၃၀ မဲ၊
ခလရ ၂၅၉ မဲရုံတွင် NLD ၂၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၃ မဲ

နွားထိုးကြီး မြို့နယ်၌
၁) နွားရဲတောတွင် NLD ၂၅၄မဲ ၊ ပြည်ခိုင်ဖြိုး ၅ မဲ၊ တစည ၅ မဲ။
၂) အောင်သာတွင် NLD ၁၉၈ မဲ၊ ပြည်ခိုင်ဖြိုး ၈၃ မဲ၊ တစည ၅ မဲ။
၃) ထန်းစင်မြောက်တွင် NLD ၄၆၅ မဲ၊ ပြည်ခိုင်ဖြိုး ၈၂ မဲ၊ တစည ၁၆ မဲ။
၎) ထန်းစင်တောင်တွင် NLD ၂၇၂ မဲ၊ ပြည်ခိုင်ဖြိုး ၃၃ မဲ၊ တစည ၃ မဲ။
၅) ဗူးသီးကျင်းတွင် NLD ၁၅၇ မဲ၊ ပြည်ခိုင်ဖြိုး ၃၃ မဲ၊ တစည ၂ မဲ။
၆) ရိုးမတွင် NLD ၃၅ မဲ၊ ပြည်ခိုင်ဖြိုး ၆၃ မဲ။
၇) မြို့ပေါ် မဲရုံ ၂ တွင် NLD ၆၁၉ မဲ၊ ပြည်ခိုင်ဖြိုး ၁၆၇ မဲ၊ တစည ၁၉ မဲ။
၈) ဖက်ခူးတွင် NLD ၁၄၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၆မဲ၊ တစည ၂ မဲ။
၉) မက္ခရာတွင် NLD ၂၇၁ မဲ၊ ပြည်ခိုင်ဖြိုး ၄၉ မဲ၊ တစည ၂ မဲ။
၁၀) အုတ်တွင်းတွင် NLD ၄၄၈ မဲ၊ ပြည်ခိုင်ဖြိုး ၅၀ မဲ၊ တစည ၅ မဲ။
၁၁) စိမ့်စမ်းကုန်းတွင် NLD ၄၃၂ မဲ၊ ပြည်ခိုင်ဖြိုး ၂၉၄ မဲ၊ တစည ၂၈ မဲ။
၁၂) မြို့ပေါ် မဲရုံ ၇ တွင် NLD ၂၉၅ မဲ၊ ပြည်ခိုင်ဖြိုး ၆၅ မဲ၊ တစည ၁၁ မဲ။
၁၃) မြို့ပေါ် မဲရုံ ၈ တွင် NLD ၂၉၇ မဲ၊ ပြည်ခိုင်ဖြိုး ၉၉ မဲ၊ တစည ၃၂မဲ။


ဖျာပုံမြို့နယ်

၂ ရပ်ကွက် မဲရုံတွင် NLD ၆၀၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၂ မဲ၊

၃ ရပ်ကွက် မဲရုံ ၁ တွင် NLD ၅၅၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၆ မဲ၊

၂ ရပ်ကွက် မဲရုံ ၂ တွင် NLD ၇၂၃ မဲ၊ ပြည်ခိုင်ဖြိုး ၁၂၄ မဲ၊

၅ ရပ်ကွက် မဲရုံတွင် NLD ၄၉၁ မဲ၊ ပြည်ခိုင်ဖြိုး ၆၄ မဲ၊

၆ ရပ်ကွက် မဲရုံတွင် NLD ၆၃၆ မဲ၊ ပြည်ခိုင်ဖြိုး ၃၄ မဲ၊

၈ ရပ်ကွက် မဲရုံတွင် NLD ၅၂၀ မဲ၊ ပြည်ခိုင်ဖြိုး ၇၃ မဲ၊

၉ ရပ်ကွက် မဲရုံတွင် NLD ၅၁၂ မဲ၊ ပြည်ခိုင်ဖြိုး ၅၃ မဲ၊

၁၃ ရပ်ကွက် မဲရုံတွင် NLD ၁၁ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ၊

၁၁ ရပ်ကွက် မဲရုံတွင် NLD ၂၃၇ မဲ၊ ပြည်ခိုင်ဖြိုး ၅၀ မဲ၊

၁၆ ရပ်ကွက် မဲရုံတွင် NLD ၃၆၈ မဲ၊ ပြည်ခိုင်ဖြိုး ၄၇ မဲ၊


လှည်းကူးမြို့နယ်
စာဗူးတောင်းမဲရုံ ၁ တွင် NLD ၁၁၅၀မဲ၊ ပြည်ခိုင်ဖြိုး ၄၀၀မဲ၊
ဟိုင်းကူးကျေးရွာမဲရုံတွင် NLD ၇၆၆မဲ၊ ပြည်ခိုင်ဖြိုး ၁၉၃မဲ၊
ဒရယ်ဗိုလ်မဲရုံတွင် NLD ၁၃၈၉မဲ၊ ပြည်ခိုင်ဖြိုး ၂၈၃မဲ၊
စခန်းကြီးမဲရုံတွင် NLD ၇၂၇မဲ၊ ပြည်ခိုင်ဖြိုး ၆၀မဲ၊
ဇရပ်ကွင်းမဲရုံတွင် NLD ၁၄၆၉မဲ၊ ပြည်ခိုင်ဖြိုး ၄၀၀မဲ၊
ကျွန်းကလေးမဲရုံ (၁) တွင် NLD ၁၃၃၂မဲ၊ ပြည်ခိုင်ဖြိုး ၁၀၆မဲ၊
ဂွေးတောက်မဲရုံတွင် NLD ၆၁၈မဲ၊ ပြည်ခိုင်ဖြိုး ၃၆၂မဲ၊
လှေလှော်အင်းမဲရုံ (၁)တွင် NLD ၃၉၈မဲ၊ ပြည်ခိုင်ဖြိုး ၉၈မဲ၊
စာဗူးတောင်းမဲရုံ ၂ တွင် NLD ၅၆၃မဲ၊ ပြည်ခိုင်ဖြိုး ၂၈၉မဲ၊
ဥယျာဉ်ဝမဲရုံတွင် NLD ၇၆၆မဲ၊ ပြည်ခိုင်ဖြိုး ၁၉၃မဲ၊
ကျွန်းကုန်းမဲရုံတွင် NLD ၆၄၅မဲ၊ ပြည်ခိုင်ဖြိုး ၁၃၇မဲ၊
မြို့မမဲရုံ ၁ တွင် NLD ၉၅၁မဲ၊ ပြည်ခိုင်ဖြိုး ၂၅၁မဲ၊
သာယာကုန်းမဲရုံတွင် NLD ၄၀၃မဲ၊ ပြည်ခိုင်ဖြိုး ၁၀၃မဲ၊
မက်လပ်မဲရုံတွင် NLD ၈၁၂မဲ၊ ပြည်ခိုင်ဖြိုး ၅၄၅မဲ၊
ဖောင်ကြီးမင်းကုန်းမဲရုံတွင် NLD ၆၃မဲ၊ ပြည်ခိုင်ဖြိုး ၁၁၂၆မဲ၊
မင်းလွင်ကုန်းဆေးတပ်မဲရုံတွင် NLD ၂၆မဲ၊ ပြည်ခိုင်ဖြိုး ၂၀၉မဲ၊
  
လက်ရှိအနေအထားအရ မြောင်းမြမြို့ပေါ်မဲရုံ (၁၂)တွင် မဲရုံအများစု၌ ကြံ့ခိုင်ရေးအမတ်လောင်း ဒေါက်တာဖြိုးကိုကိုတင့်ဆန်းသည် NLD မှ ဦးမန်းဂျော်နီအား မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်လျှက်ရှိကြောင်းသိရသည်
တနင်္သာရီတိုင်း ၊ ကျွန်းစု မဲဆန္ဒနယ်၌

၁) ရေကန်တော် ကျေးရွာအုပ်စု၌ NLD က ၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၂ မဲနှင့် ပယ်မဲ ၉ မဲ။

၂) ရေကန်တောင် ကျေးရွာအုပ်စု စကာကီ ကျေးရွာတွင် NLD ၁၂၁ မဲ၊ ပြည်ခိုင်ဖြိုး ၁၄ မဲနှင့် ပယ်မဲ ၄ မဲ။

၃) ကဘင်းကျေးရွာအုပ်စု မကာကျေးရွာတွင် NLD ၁၄ မဲ၊ ပြည်ခိုင်ဖြိုး ၅၀မဲ။

၎) မယ်ဒေါကျေးရွာအုပ်စု ရွှေဒုကျေးရွာတွင် NLD ၉၃ မဲ၊ ပြည်ခိုင်ဖြိုး ၁၆ မဲနှင့် ပယ်မဲ ၁၂ မဲ။

၅) ရေမြစ်ကြီးကျေးရွာ အုပ်စု ဇာရောကျေးရွာတွင် NLD ၁၈၉ မဲ၊ ပြည်ခိုင်ဖြိုး ၆၂ မဲနှင့် ပယ်မဲ ၉ မဲ။

၆) ရေမြစ်ကြီး ကျေးရွားအုပ်စု ဆင်ခေါင်းအော် ကျေးရွာတွင် NLD ၂၂ မဲ၊ ပြည်ခိုင်ဖြိုး ၃၁ မဲနှင့် ပယ်မဲ ၁ မဲ။

၇) မယ်ဒေါ ကျေးရွာအုပ်စု ချောင်းကြီးကို ကျေးရွာတွင် NLD ၂၇၆ မဲ၊ ပြည်ခိုင်ဖြိုး ၆၉၊ ပယ်မဲ ၁၅။

၈) ကျွဲကူးကျေးရွာ အုပ်စု ကျွဲကူးရွာတွင် NLD ၃၂၄ မဲ၊ ပြည်ခိုင်ဖြိုး ၃၀ မဲ၊ ပယ်မဲ ၁၉ မဲ။

၉) ၀ဲကြောကျေးရွာအုပ်စု ၀ဲကြောကျေးရွာတွင် NLD ၁၈၂ မဲ၊ ပြည်ခိုင်ဖြိုး ၂၂ မဲ။

စုစုပေါင်း NLD က ၁၃၉၀ မဲဖြင့် အနိုင်ရရှိလျက်ရှိ။
 ပွင့်ဖြူမြို့နယ် NLD ၅၄၆ ၊ ဗောဓိကုန်း တွင် ၂၂၈ ၊ ဆည်တော်တွင် ၆၀၇ ၊ ကြီးအုံကြီးဝ တွင် ၁၅၇၊ ညောင်ကုန်း ၁၅၅ ၊ မကျည်းအုံ တွင် ၄၂၅၊ မကျည်းကုန်း ၁၂၆၊ အနောက်ပိုင်း ရပ်ကွက်တွင် ၅၄၅ ၊ အင်းကုန်းတွင် ၂၃၇ မဲတို့ဖြင့် NLD ပါတီက အနိုင်ရရှိထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပျမ်းမျှ ၇၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိမည် ဟု NLD ပါတီက ခန့်မှန်းထားကြောင်း သိရှိရသည်။
ဝါးခယ်မမြို့နယ်ရှိ
ထော်ကနွတ်ရွာမဲရုံတွင် NLD ၂၇၀မဲ၊ ပြည်ခိုင်ဖြိုး ၄၀မဲ၊ တစညပါတီ ၂၉၊ ခေတ်သစ်ပြည်သူ့ပါတီ ၅မဲ၊
ကြက်တညင်ရွာမဲရုံတွင် NLD ၆၉မဲ၊ ပြည်ခိုင်ဖြိုး ၆၈မဲ၊ တစညပါတီ ၇မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၀မဲ၊
ရွာလည်မဲရုံတွင် NLD ၇၆၄မဲ၊ ပြည်ခိုင်ဖြိုး ၈၀မဲ၊ တစညပါတီ ၅၆မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၅မဲ၊
ဖိုးသာခွေးရွာမဲရုံတွင် NLD ၄၉၁မဲ၊ ပြည်ခိုင်ဖြိုး ၁၂၃မဲ၊
ကနစိုးကုန်းရွာမဲရုံတွင် NLD ၈၈၂မဲ၊ ပြည်ခိုင်ဖြိုး ၁၀၈မဲ၊
ခွေးလေး(ရှမ်းကုန်း)ရွာမဲရုံတွင် NLD ၃၂၁မဲ၊ ပြည်ခိုင်ဖြိုး ၄၁မဲ၊ တစညပါတီ ၂၀မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၆မဲ၊
ဘဲချောင်းရွာမဲရုံတွင် NLD ၄၄၃မဲ၊ ပြည်ခိုင်ဖြိုး ၅၃မဲ၊ တစညပါတီ ၄မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၁မဲ၊
စာရေးကုန်းရွာမဲရုံတွင် NLD ၇၅၁မဲ၊ ပြည်ခိုင်ဖြိုး ၁၅၇မဲ၊
အောက်သက်ကယ်ရွာမဲရုံတွင် NLD ၇၂၅မဲ၊ ပြည်ခိုင်ဖြိုး ၃၇၁မဲ၊ တစညပါတီ ၇၅မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၁၃မဲ၊
ဇုက္ကနိကျေးရွာမဲရုံတွင် NLD ၂၁၂မဲ၊ ပြည်ခိုင်ဖြိုး ၁၃၄မဲ၊ တစညပါတီ ၁၇မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၇မဲ၊
မကွေးတိုင်း ရွာသစ်ကြိုရပ်ကွက်ရှိ မဲရုံအမှတ် (၃) တွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၃၅ မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၂ မဲ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ၃ မဲ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁မဲ ရရှိခဲ့ပြီး ပယ်မဲ ၅ မဲ ရှိခဲ့ပါသည်။ ပယ်မဲ ၅ မဲအနက် ၄ မဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးထားသည့် မဲလက်မှတ်များ ဖြစ် ကြောင်း သိရပါသည်။
ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ သာယာအေးမဲရုံ (၁)တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၆၀၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၅ မဲနှင့် ပယ်မဲ ၁၇ မဲရှိခဲ့ကြောင်း သိရသည်။ သာယာအေးမဲရုံ (၂)တွင်မူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၅၀၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၄ မဲနှင့် ပယ်မဲ ၅၇ မဲရှိခဲ့ကြောင်း သိရသည်။
 ဒဂုံဆိပ်ကမ်းမြို့နယ် မဲရုံ ၂၆ ရုံတွင် NLD ပါတီက အနိုင်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ ၊ရပ်ကွက်(၃) မဲရုံအမှတ်(၁)တွင်
မဲပေးခွင့်ရှိသူ - 1093 ဦး
ဆန္ဒမဲထည့်သူ- 749 ဦး
ပျက်ကွက်သူ 344 ဦး ရှိ

1။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (ဦးစိုင်းမြင့်မောင်) - 547 မဲ
2။ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ဦးစိုင်းစံမင်း)- 31 မဲ
3။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဒေါက်တာ နန်းကိန်ဖောင်းတစ်) -126 မဲ
4။ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ(ဦးလော်ဆင်ကွမ်း) - 24 မဲ
5။လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဦးယောသပ်) - 3 မဲ
ပယ်မဲ - 18 မဲ ရရှိခဲ့ကြောင်း သိရ
Eleven Media Group
 
 
 

နေပြည်တော်မဲတွေကို NLD သိမ်းပိုက်ပြီလား


နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ဝင်ပြိုင်ခဲ့ရာမှာ ဇမ္ဗူသီရိမြို့နယ်မှာ ဒေါ်စန္ဒာမင်း၊ ပုဗ္ဗသီရိမြို့နယ်မှာ ဦးဖြိုးဇေယျာသော်၊ ဒက္ခိဏသီရိမြို့မှာ ဦးနိုင်ငံလင်း၊ ဥတ္တရသီရိမြို့နယ်မှာ ဦးမင်းသူတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဧရာဝတီက နောက်ဆုံးရတဲ့ သတင်းများအရ ဦးနိုင်ငံလင်းက မဲရုံ ၁၇ တွင် မဲရေတွက်ရာမှာ ၁၆ ရုံမှာ အနိုင်ရရှိနေပြီး၊ ဦးဖြိုးဇေယျာသော်လည်း အနိုင်ရရှိသွားတယ်လို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ သတင်းထောက်တွေက ပြောပါတယ်။

အလားတူ ဒေါ်စန္ဒာမင်းနှင့် ဦးမင်းသူတို့ နှစ်နေရာမှာလည်း မဲအကြိတ်အနယ်ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် လက်ရှိ မဲစာရင်းရေတွက်မှုအရ NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ၉၉၉၈မဲ ဖြင့် ၇၅၆၈မဲ ရရှိထားသော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ကို အနိုင်ရရှိနေကြောင်းသိရှိရသည်။
ကျော်ခ

ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ လုံးဝရယူခွင့် မပြု


ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ လုံးဝရယူခွင့် မပြုကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်ဟု ယခုသတင်းရရှိ သည်။ အဆိုပါစာကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့သို့ ယခုလ ၂၉ ရက် ရက်စွဲ၊ စာအမှတ်(၂) ၄/ ရကပ/ ကမရ ဖြင့်ထုတ်ပြန်ခြင်းဖြစ်သည်။

အထက်ပါကဲ့သို့ ခရိုင်အဆင့်အထိ ကော်မရှင်များထံမှ သတင်းရယူခွင့်မပြုဘဲ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများ၏ အတည်ပြုစာရင်းကိုသာ ရယူကြရန်သာဖြစ်ကြောင်း ရေးသားထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သတင်းတပ်ဖွဲ့၊ စရဖအပါအ၀င် သတင်းရယူလိုသော အဖွဲ့အစည်းများ အနေဖြင့် မဲရုံ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ကော်မရှင်ခွဲများထံမှ ကြားဖြတ်သတင်းရယူလိုပါက မဲရေတွက်ခြင်းလုပ်ငန်းကို အနှောက်အယှက်ဖြစ်စေသည့်အပြင် အချက်အလက်ကိန်းဂဏန်းများယွင်းမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲရရှိမှုနှင့် ရွေးကောက်ပွဲရလဒ်အခြေအနေများကို သိရှိလိုပါက တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ရုံးများသို့သာ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ဆက်လက်ညွှန်ကြား ကြပ်မတ်ပေးပါရန် အကြောင်းကြားပါသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌကိုယ်စား တစ်ဦးကလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

““ဒါဆိုရင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ညွှန်မှူးလက်မှတ်ထိုးထုတ်ပေးလိုက်တဲ့ သတင်းထောက်တွေအတွက် သတင်းယူခွင့်ဆိုတဲ့ ကဒ်ပြားကြီးက အလကားပဲပေါ့””ဟု ပြည်တွင်းဂျာနယ်တစ်စောင်မှ သတင်းထောက်တစ်ဦးကပြောသည်။



စစ်တပ်မဲများ ကြံ့ခိုင်ရေးဆီသွား


ပခုက္ကူ စစ်တပ် မဲရုံ ၂ ခု ရလဒ် ဖော်ပြတဲ့ ဇယား (ဓာတ်ပုံ - ပခုက္ကူ NLD)

အရပ်သားတွေရဲ့ မဲရုံမှာ NLD နိုင်ပေမယ့် စစ်တပ်မိသားစုမဲရုံတွေမှာတော့ ကြံ့ခိုင်ရေးက အပြတ်အသတ် သို့မဟုတ် ရာနှုန်းပြည့်နိုင်နေပါတယ်။
ဒါ ရိုးသားမှုမှ ရှိရဲ့လား။
ရိုးရိုးသားသားပါပဲ ဆိုရင်တော့ တပ်နဲ့ပြည်သူ အကြိုက်မတူတဲ့သဘောပေါ့။

ရေစကြိုမြို့နယ် (ခလရ) ၂၅၆ တပ်မြေ မဲရုံ ရလဒ်
ကြံ့ခိုင်ရေး ၂၇၁ မဲ၊
NLD က ၅၁ မဲ
(အချက်အလက် - ဧရာဝတီ)


ထောက်ပံ့ရေးတပ် မိသားစုဝင်များရဲ့ ပုသိမ်မြို့ မဲရုံအမှတ် (၉)
မဲပေးခွင့်ရှိသူ ၁၈၆ ဦး
ကြံ့ခိုင်ရေး ရတဲ့မဲ ၁၇၂ မဲ

တပ်စည်ပင် ၀န်ထမ်းလိုင်း ပုသိမ်မြို့ အမှတ် ၁၁ ရပ်ကွက် မဲရုံအမှတ် ၁၃
မဲပေးခွင့်ရှိသူ ၂၆ ဦး
ကြံ့ခိုင်ရေး ရတဲ့မဲ ၂၆ မဲ

(အချက်အလက် - အလဲဗင်းမီဒီယာ)

မြောင်းမြမြို့နယ်တွင် မဲပြဿနာမျိုးစုံဖြစ်ပွား


မန္တလေး မဟာအောင်မြေမှာ သန်းခေါင်စာရင်းရှိပြီး မဲစာရင်းထဲ မပါလို့ စိတ်ပျက်နေကြသူများ (ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ)

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် မဲဝယ်ခြင်း၊ ကြိုတင်မဲ၊ မဲပေးခွင့်ဆုံးရှုံးမှုပြဿနာများဖြစ်ပွားနေကြောင်း ဒေသခံ မဲဆန္ဒရှင်များနှင့် မြောင်းမြမြို့နယ် မဲအောင်နိုင်ရေးအဖွဲ့တို့ထံမှ ဧရာဝတီက စုံစမ်းသိရှိရသည်။

ပုသိမ်နည်းပညာ တက္ကသိုလ် (GTC) ကျောင်းတွင် တက်ရောက်နေသည့် ဒုတိယနှစ်ကျောင်းသား မောင်ထက်ကျော်ခိုင် သည် နေရပ်ရင်း မြောင်းမြမြို့ သဗ္ဗာန်ချိုင်းရပ်ကွက်၌ ၎င်း၏ မိဘများနှင့်အတူ မဲသွားပေးရာ၊ မဲစားရင်းတွင် ကြိုတင်မဲ ပေးပြီး ဖြစ်နေသဖြင့် ကိုယ်တိုင်မဲပေးခွင့် မရရှိခဲ့ကြောင်း ဖခင်ဖြစ်သူက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဒီကမိသားစုနဲ့ မဲသွားထည့်ရော။ မဲသွားထည့်တဲ့အခါ ဟိုရောက်တော့ ကျနော်တို့ မိဘနှစ်ပါးကထည့်ပြီးရော သားအလှည့် ကြတော့ သူမဲပေးရမယ့် စီနီယာ နံပတ်က ၃၅၂၉ ခင်ဗျ။ ဒီမဲက ကြိုတင်မဲဒီမှာရောက်ပြီးနေပြီတဲ့။ ထည့်ပြီး ပြီပြောတော့ မထည့်ခဲ့ရတော့ဘူးပေါ့ဗျာ” ဟု မောင်ထက်ကျော်ခိုင် ၏ ဖခင် ဦးမြင့်စိုး က ပြောသည်။

ယခုလ ၁၈ ရက်နေ့က ပုသိမ်နည်းပညာတက္ကသိုလ်တွင် အတန်းပိုင် ဆရာများ၏ ညွှန်ကြားချက်ဖြင့် GTC ကျောင်းသားများမှာ စာရွက်ပေါ်တွင် ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ခဲ့ရကြောင်း၊ ဖြည့်စွက်ရသည့်အကြောင်းရင်းအား ဆရာ၊ ဆရာမများထံ ကျောင်းသားများက မေးမြန်းမှုကိုလည်း အကြောင်းပြန်ခြင်းမရှိဟု သိရသည်။

နှစ်သက်သော ပါတီအား မဲပေးရွေးချယ်မှုနှင့်ပါတ်သက်၍ မောင်ထက်ကျော်ခိုင် ၏ ဖခင် ဦးမြင့်စိုး က “ကျနော်တို့ကတော့ လူထုနဲ့ အနီးစပ်ဆုံးပါတီ၊ ကျုပ်တို့ရင်ထဲ နှလုံးသားထဲက ပါတီ ဖြစ်တဲ့ NLD ကိုပဲ တအိမ်လုံး မဲပေးကြတယ်။ ကျနော့်သားလည်း ပေးမလို့ပဲ။ ခုလိုဖြစ်သွားတော့ ကြံ့ခိုင်ရေးမဲဖြစ်သွားတော့မှာပေါ့” ဟု သူက ဆက်ပြောသည်။

မောင်ထက်ကျော်ခိုင် ကဲ့သို့ပင် GTC ဒုတိယနှစ် ကျောင်းသူ မဝင့်ဝါခိုင်မှာလည်း ၎င်းတို့၏ ကျောင်းမှ ကြိုတင်မဲထားပြီးဖြစ်သဖြင့် ကိုယ်တိုင်ပေးလိုက်ရခြင်းမရှိဟုဆိုသည်။

မြောင်းမြမြို့ပေါ်ရှိ ဂုံနီစက်ရုံ ရပ်ကွက်တွင် ကြံ့ခိုင်ရေး ပါတီ စည်းရုံးရေးမှူး ကိုထွန်းအောင် က မဲတစ်မဲလျင် ကျပ်ငွေ ၂၀၀၀ ကျပ် နှုန်းဖြင့် လိုက်လံဝယ်ယူနေကြောင်း၊ ယင်းလုပ်ရပ်အား မြောင်းမြ NLD က အထောက်ထားများနှင့်တကွ ရရှိထားပြီး ခရိုင် ကော်မရှင် ရုံးသို့ ယနေ့တိုင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးဝင်းဆွေက ပြောသည်။

“သူကလိုက်ပြောတယ်လေ။ ကြံ့ခိုင်ရေးကိုထည့်ရင် မဲတပြား ၂၀၀၀ ပေးမယ်ဆိုပြီးလိုက်လုပ်နေတာ။ အခုလက်ပူးလက်ကြပ် မိတာ” ဟု ဦးဝင်းဆွေက ဧရာဝတီသို့ပြောသည်။

မြောင်းမြမြို့နယ် ကျွန်းကလေးကျေးရွာတွင် မြို့နယ်ကော်မရှင် ဦးသိန်းတန်နှင့် အဖွဲ့ဝင် ၂ ဦးက မဲရုံအမှတ် ၁ နှင့် ၂ တို့မှ မဲစာရင်းများကိုယူကာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့ ထမင်းစားထွက်သွားကြသည်ဟု ဆိုသည်။ ထို့အတူ မရမ်းကုန်း ရပ်ကွက် ရွာသာယာရွာက မဲစာရင်းထဲတွင် ပါဝင်သည့် လူ ၃၂ ဦးမှာ ယင်းရွာတွင်မရှိကြောင်း ရွာခံများက NLD ကိုတိုင်တန်းသည်ဟု ဆိုသည်။

“မဲစာရင်းထဲမှာပါတဲ့နာမည်တွေဟာ ဒီကမိသားစုတွေထဲမှာ လျှောက် ထည့်ထားတယ်။ အဲဒီအိမ်ရှင်တွေကိုတိုင် အဲဒီလူတွေကို မသိဘူး” ဟု ဦးဝင်းဆွေ က ပြောသည်။ မရမ်းကုန်းကျေးရွာ အမှတ် ၄ မဲရုံတွင်၊ လုံခြုံရေးတာဝန်ကျ မီးသတ်ရဲဘော် ဦးထုံးဗူး ကလည်း မဲဆန္ဒရှင်များ၏ မဲပြားများကို တောင်းယူကာ ကြံ့ခိုင်ရေးပါတီအတွက် အမှတ်ခြစ်ပေးခဲ့သည်ဟု သိရသည်။

မြောင်းမြမြို့ပေါ် ဂုံနီစက်ရုံရပ်ကွက် မဲရုံတွင် မဲစာရင်းများထုတ်ပြန်စဉ်က မဲပေးခွင့်စာရင်းတွင် ပါရှိခဲ့သူ ၇၀ ကျော်မှာ ယနေ့ သွားရောက်မဲပေးရာတွင် စာရင်းအတွင်း၌ ပါဝင်မှုမရှိဟုဆိုကာ မဲပေးခွင့်မရခဲ့ကြောင်း မဲဆန္ဒရှင်များက ဧရာဝတီသို့ ပြောသည်။

“ကျနော်ဒီနေ့သွားကြည့်တော့ မဲပေးမယ့်စာရင်းထဲမှာ ကျနော်တို့ မိသားစုမပါဘူး။ အံ့သြဖို့ကောင်းတယ်။ အခြားမိသားစုတွေလဲ၊ အဲလိုဖြစ်တဲ့လူတွေ မနည်းဘူး။ ဥက္ကဋ္ဌ သွားပြောတော့ သူကိုယ်တိုင်ထည့်ပေးလိုက်တာပဲတဲ့။ အခုဒီထဲမှာ မပါဘူးဆိုရင်တော့ မဲထည့်လို့မရဘူးတဲ့” ဟု မဲမပေးလိုက်ရသူ ကိုစိုးမြင့်ကြည် ကပြောသည်။

အဆိုပါမဲဆန္ဒရှင်များသည် NLD ပါတီအား မဲထည့်ရန်ဆုံးဖြတ်ထားကြသူများဖြစ်ကြောင်း ကာယကံရှင်များက ဧရာဝတီသို့ ပြောသည်။

မြောင်းမြမြို့နယ်အတွင်းရှိ ကိုးလောင်းမဲကျောအုပ်စု မဲရုံအမှတ် ၁ တွင် မဲရုံမှူး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းမေစီ က လာရောက်မဲပေး သူမဲဆန္ဒရှင်များ၏ မဲပြားများကို ယူကာ ကြံ့ခိုင်ရေးပါတီ မဲပြားပေါ်တွင် အမှတ်ခြစ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း မဲဆန္ဒရှင်များ၏ တိုင်တန်းချက်များကို ကိုးကား၍ ဦးဝင်းဆွေက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ မြောင်းမြ မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီမှ ဦးဖြိုးကိုကိုတင့်ဆန်း၊ NLD ပါတီမှ မန်းဂျော်နီနှင့် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ ဦးအောင်မျိုးလှိုင်တို့ ဝင်ရောက် ရွေးချယ်ခံကြမည်ဖြစ်သည်။ ကြံ့ခိုင်ရေး ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ မြောင်းမြမြို့ စည်းရုံးရေး ခရီးစဉ်၌ စည်းရုံးဟောပြောမည့် ဘော လုံးကွင်းများကို ငှားရမ်းအသုံးပြုရန် တောင်းဆိုရာတွင် ဦးတင့်ဆန်းက တားမြစ်၊ ပိတ်ပင်ခဲ့သေးသည်။ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းသည် ရွေးကောက်ပွဲမဲဆွယ်ကာလ၌ မဲဆွယ်ပွဲများတွင် ကျပ်ငွေ ၅၀၀၀ တန်နှင့် ၁၀၀၀ တန်များကို ကျဲဖြန့်၌ စည်းရုံးမှုများပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရမည်ဟု ပြောဆိုထားသော်လည်း ရွေးကောက်ပွဲပြုလုပ်သည့် နေရာအများစုတွင် ခြိမ်းခြောက်မှုများ၊ မဲမသမာမှုများ ဖြစ်ပွားနေကြောင်း ရွေးကောက်ပွဲ သတင်း များကို စောင့်ကြည့် ထုတ်ပြန်နေသော ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့က ပြောဆိုသည်။

 ကျော်ခ

ကော့မှူးမြို့ခံတွေ အောင်ပွဲခံဖို့ပြင်ဆင်နေ


ယနေ့နံနက် ကော့မှူးတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

ကော့မှူးမဲဆန္ဒနယ်မြေတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရမယ်လို့ ယုံကြည်နေကြတဲ့ ဒေသခံတွေဟာ ကော့မှူးမြို့ လယ်လမ်းမကြီးနဲ့ မြို့ပေါ်ရှိ NLD ရုံးရှေ့တွင် ကြက်ပျံမကျလောက်အောင် စည်းကားနေလျက်ရှိပါတယ်။

ကော့မှူးမြို့နယ်ထဲမှာ စုစုပေါင်း မဲရုံ ၁၂၉ ရုံရှိတဲ့အထဲမှာ အရင်ဆုံး မဲရေတွက်ပြီးထုတ်ပြန်လိုက်တဲ့ ၆ ရုံမှာ NLD က မဲအပြတ် အသတ် အနိုင်ရရှိနေတဲ့အတွက် စောင့်ကြည့်နေတဲ့ မြို့ပေါ်က လူအုပ်ကြီးအတွက် ပိုပြီးအားတက်စေပါတယ်။

“ပြင်နေလိုက်ကြတာဗျာ။ တကယ့်ကိုပဲ ကျုပ်တို့ ရုံးအောက်မှာကို လူ ၇၀၀၀ ကျော်လောက်ရှိတယ်။ မြို့လမ်းတွေမှာကတော့ ခြေချစရာမရှိလောက်အောင်ပဲ” ဟု ကော့မှူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ တာဝန်ခံ ဦးမြင့်သိန်း ကပြောပါတယ်။

ခွပ်ဒေါင်းအလံကို တံဆိပ်ပါ၊ ဖူးစည်း၊ အလံကြီးငယ်များ၊ အင်းကျီများ ဝတ်ဆင်ကြပြီး ကော့မှူးမြို့တွင်း လမ်းတလျှာက်မှာ သီချင်းတွေဖွင့်ပြီး စောင့်ဆိုင်းနေကြပါတယ်။ ပြည်တွင်းပြည်ပ သတင်းသမားတွေကလည်း ဒီလူအုပ်ကြီးနဲ့အတူ လိုက်ဖို့ အတူရှိနေကြပါတယ်။

ကျော်ခ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်သိက္ခာထိပါးသောဗီဒီယိုပြသူ အသတ်ခံရ။


မုံရွာခရိုင်ပုလဲမြို့ နယ်ညောင်ကုန်းကျေးရွာတွင်၃၁.၃ ၂၀၁၂ ရက်ည ၉:၃၀ နာရီခန့် ကလူသတ်မှုတခုဖြစ်ပွားခဲ့ ပါတယ်။ရွာဗီဒီယို ရုံမှာဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့ ကွန်ပျူတာအထူး
ပြုလုပ်ချက်များဖြင့် ပြုပြင်ထားသောဗီဒီယိုခွေကိုပြသရာမှဖြစ်ပွားခဲ့ ရတာပါ။
သေဆုံးသူဦးဝင်းမင်းသန်း၊အသက် ၃၅ကအဆိုပါအခွေကိုရွာတွင်ပြသရာ တရွာတည်းသား ကိုအောင်ကျော်ထွန်း(ခ)ဖိုးကျော် မှမပြသစေချင်ကြောင်းလာရောက်တားမြစ်ရာမှ နှစ်ဦးသားလုံးထွေးသတ်ပုတ်ကြကြောင်း ကိုထွန်းအောင်ကျော်အရိုက်ခံရပီးထွက်ပြေးသွားရာနောက်သို့ 
ဦးဝင်းမင်းသန်းအပါအ၀င်၃ ယောက်ကအနောက်မှလိုက်သွားရာ လမ်းအကွေ့ တွင်ဆုံတွေ့ ပြီးပြဿနာထပ်မံဖြစ်ပွားရာမှကိုဝင်းမင်းသန်းနောက်ကျောကိုဓါးဖြင့် အထိုးခံ
ရကြောင်း ပုလဲမြို့ ဆေးရုံသို့ ပို့ ရာလမ်းတွင်သေဆုံးသွားကြောင်းပုလဲဒေသခံတစ်ဦးကCJMyanmar ကိြုေ့ပာပြပါတယ်။
တရားခံဟုယူဆရသူကိုအောင်ကျော်ထွန်း(ခ)ဖိုးကျော် အသက် (35)နှစ် နှင့် 
ကိုရန်မျိုး အသက်(29)နှစ်တို့ ကိုပုလဲမြို့ နယ်ရဲစခန်းတွင်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

CJ Myanmar

ဧပြီ ၁ ရက်နေ့ မဲ ပေးနေ မှုများ



မရမ်းကုန်မြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်တွင် အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းတွင် မဲရုံ (၅)ရုံ ဖွင့်လှစ်ထားရာ နံနက် အစောပိုင်းတွင် အသက်ကြီးသူများနှင့် အလုပ်သွားမည့်သူများဖြင့် ဆန္ဒမဲပေးရန် လာရောက်သူများပြားကြောင်းသိရသည်။
“အလုပ်သွားရမှာမို့လို့ စောစောလာတာပါ။ ကိုယ်သဘောကျတဲ့ပါတီကို ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် မဲပေးခဲ့ပါတယ်”ဟု ဆေရုံဝန်ထမ်း အမျိုးသမီးတစ်ဦး
“ ပါတီတွေကတော့ မဲဆွယ်ထားတာအများကြီးပဲ။ ကျွန်တော်ယုံကြည်တဲ့ပါတီကို မဲပေးခဲ့ပါတယ်။”ကိုဇော်ဇော် (ယာဉ်မောင်း)က ပြောပါသည်။
“၉၀ တုန်းကလည်းမဲပေးခဲ့တယ်။ အဲ့ဒီတုန်းက ခံစားချက်နဲ့ အခုခံစားချက်က အတူတူပါပဲ” အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါသည်။

ဝါးသင်္ခကျေးရွာ မဲရုံ အမှတ်(၁)တွင် ပထမဆုံးမဲပေးသူမှာ ဦးညီညီလတ်ဆိုသူဖြစ်ပြီး ၄င်းမှာ ရပ်ကျေးရွာကော်မရှင်အဖွဲ့ဝင်ဖြစ်သည်။ ၄င်းသည် ၆ နာရီ ၂ မိနစ်တွင် မဲပေးခဲ့ပြီး မဲရုံပြင်ပ၌ပြည်တွင်းပြည်ပသတင်းထောက် အယောက် ၁၀၀ ကျော် စောင့်ဆိုင်းလျက်ရှိသည်။

မင်္ဂလာတောင်ညွှန့် မဲရုံအမှတ် ၁၊ ၂၊ ၃ တွင် စတင်ဆန္ဒမဲပေးနေကြကြောင်း နှင့် အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ မဲရုံအတွင်း ၀င်ရောက်သွားကြပြီ ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ မဲရုံ ၇၉ ရုံအား နံနက် ၆ နာရီတွင်စတင်ဖွင့်လှစ်ခဲ့သည်။ ၇၈×၇၉ လမ်းနှင့် ၃၇ လမ်းကြား မဲရုံအမှတ်(၃)တွင်
ဈေးရောင်းသွားမည့်အမျိုးသမီးတစ်ဦး ပထမဆုံး စတင်မဲပေးခဲ့ကြောင်းသိရသည်။

ပှုဗ္ဗသိရီမြို့နယ် မြို့သစ်ရပ်ကွက်က ဦးဘသိန်း အသက် (၆၅)နှစ်နှင့် မိသားစုဝင် (၆)ဦးက “ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးချင်းလို့ အစောဆုံးလာတာပါဟု” ပြောဆိုခဲ့ပါသည်။

ပှုဗ္ဗသိရီမြို့နယ် မဲဆန္ဒနယ်မှ အသက် (၆၀)အရွယ် လယ်သမားတစ်ဦးက ပထမဦးဆုံး မဲဆန္ဒလာရောက်ပေးခဲ့သည်။ “အလုပ်တွေရှိနေလို့ လယ်ထဲမဆင်းခင် မဲလာပေးတာပါ။” ဟု ၄င်းက ပြောပါသည်။

မင်္ဂလာတောင်ညွှန့် မဲရုံအမှတ် ၁၊ ၂၊ ၃ တွင် နံနက် ၆ နာရီ မထိုးမီ ကြိုတင်မဲများကို လွှတ်တော်ကိုယ်စားလှယ်လောင်များနှင့် မဲရုံကိုယ်စားလှယ်များ ရှေတွင် ရေတွက်နေကြောင်း သိရသည်။


သုံးခွ ကြိုတင်မဲမှာ NLD နိုင်ထားပြီ

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကြိုတင်မဲတွင် NLD ကိုယ်စားလှယ်ဒေါ်စုစုလွင်မှ အနိုင်ရရှိသွားကြောင်း သုံးခွမြို့သို့ေ၇ာက်ရှိနေသောမြစ်မခ သတင်းထောက် ထွန်းနေအောင်မှ သတင်းပေးပို့သည်။
"ကြိုတင်မဲပေါင်း ၂ထောင် မကျော်ဘူး၊ အဲဒီထဲမှာ ဒေါ်စုစုလွင်က ၁၆၅၀ နဲ့ အနိုင်ရနေတယ်" လို့ မြစ်မခ သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေသော ၀ါးသင်္ခကျေးရွာရှိ မဲရုံအမှတ် (၁)သို့ မဲရုံမှူး ၅ ဦး ယနေ့နံနက် ၅ နာရီတွင် စတင်ရောက်ရှိလာသည်။

မဲပေးသူများ မဲပေးနိုင်ရန်အတွက် ထိုအချိန်မှ စတင်ပြင်ဆင်နေသည်။ ၀ါးသင်္ခကျေးရွာမဲရုံအမှတ် (၁)တွင် မဲပေးနိုင်သူဦးရေ ၉၃၂ ဦးရှိပြီး နံနက် ၅ နာရီမှစတင်၍ သတင်းထောက်များ မဲရုံသို့ စတင်ရောက်ရှိလာပြီး မဲရုံအတွင်းသို့ အပြင်မှ ဓာတ်ပုံမှတ်တမ်းရိုက်ယူခွင့်ရကြသည်။ သို့သော် ၅း၃၀ နာရီခန့်တွင် မဲရုံမှူးများက ကျောင်း၏ ခြံစည်းရိုးအပြင်ဘက်မှသာ သတင်းယူခွင့်ရမည်ဟုပြောသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အဆိုပါမဲရုံသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်မည်ဟုသတင်းရရှိသည်။

ဝါးသင်္ခကျေးရွာတွင် မဲရုံ ၂ ရုံရှိပြီး အမှတ်(၁)တွင် ၉၃၂ ဦး၊ အမှတ်(၂)တွင် ၆၀၀ ၀န်းကျင်ရှိသည်။

သုံးခွမြို့နယ်တွင် လူဦးရေ ၁၅၈၈၃၀ ရှိပြီး မဲပေးနိုင်သည့်ဦးရေမှာ ၁၁၂၇၉၀ ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၃၅ ရုံရှိကြောင်းနှင့် မြို့နယ်ကော်မရှင်က ကြိုတင်မဲ ၂၀၀၀ မကျော်စေရကြောင်း ပြောကြားထားပြီး ယင်းအနက် ၁၆၅၀ ကို NLD က ရရှိခဲ့ကြောင်း သိရသည်။

မကွေးမြို့တွင် မဲပေးမည့်သူများသည် နံနက် ၅း၃၀ နာရီစ၍ မဲပေးရန် စောင့်ဆိုင်းနေကြောင်းသိရသည်။မကွေးမြို့တွင် မဲရုံ ၂၆၅ ရုံရှိသည်။
 

ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများထံ ပန်ကြားလွှာ


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ယက်

ဒီရက်ပိုင်း ဆင်ဆာ အဖြုတ်ခံရတဲ့ နောက်ထပ်ဆောင်းပါးတစ်ပုဒ်ပါ။ True News ဂျာနယ်အတွက် ၁၇၊ ၀၃၊၂၀၁၂ ကရေးခဲ့တာပါ။




နေရာထက် သိက္ခာက အရေးကြီးပါတယ် 

 လူထုစိန်ဝင်း

မနေ့က နိုင်ငံခြားသားသတင်းထောက် တစ်ယောက်နဲ့ စကားပြောရင်း သူက ဧပြီ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်သလားလို့ မေးလိုက်တယ်။

ဇာတ်ညွှန်းရေးသူဖြစ်ခဲ့ရင်

အခြေခံဥပဒေကို မထောက်ခံဘူး၊ ရွေးကောက်ပွဲကိုလည်း မထောက်ခံဘူး၊ ဦးသိန်းစိန်အစိုးရကိုလည်း အခုချိန်ထိ မထောက်ခံသေးဘူးဆိုတဲ့ ကိုယ့်သဘောထားကို စောစောကတည်းက သူ့ကိုပြောထားပြီးဖြစ်တယ်။ ဒါကြောင့် ဒီမေးခွန်းရဲ့အဖြေကိုလည်း သူက ခန့်မှန်းပြီးသားဖြစ်မှာပါ။ သူက ဘယ်လိုခန့်မှန်း ခန့်မှန်းမေးလာတော့လည်း ၀တ္တရားအတိုင်းဖြေရတယ်။

" ကျုပ်သာ ဒီဇာတ်ညွှန်းရေးတဲ့သူနေရာမှာ ဆိုရင်တော့ ၄၈နေရာလုံး NLD ကို အနိုင်ပေးလိုက်မှာပဲ "

" ဘာကြောင့်လဲ "

" ၄၈လုံး ပေးလိုက်ရလို့ အာဏာရပါတီအနေနဲ့ ဘာမှ ထိခိုက်မသွားဘူး၊ ဒါပေမယ့် ပြန်ရလိုက်မယ့် အမြတ်ကတော့ အဖိုးမဖြတ်နိုင်လောက်အောင်ကို ကြီးမားတယ်။ "

" ဘယ်လိုအမြတ်လဲ "

"ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ ညစ်ပြီး အနိုင်ယူခဲ့တယ်လို့ ပြောခဲ့တာတွေရှိတယ်။ ဒီတစ်ခါ အသန့်ရှင်းဆုံးလုပ်ပြီး နေရာအားလုံး အနိုင်ပေးလိုက်ရင်၊ အရင်က ကျခဲ့တဲ့ သိက©ာတွေပါ ပြန်ပြီးအဖတ်ဆယ်သလိုဖြစ်သွားမယ်။ လွှတ်တော်တစ်ခုလုံးရဲ့ သိက္ခာမြင့်တက်သွားမယ်။ "

နေရာနဲ့ သိက္ခာ

ကိုယ်ကသာ ဒီလိုတွေးပေမယ့် ဇာတ်ညွှန်းရေးသူကတော့ ဒီလိုတွေးချင်မှ တွေးမှာပါ။ ၄၈နေရာလုံး အနိုင်ယူပြီး NLD ကို လုံးဝ သိက္ခာကျသွားအောင် လုပ်ပစ်ရမယ်လို့ တွေးချင်လည်းတွေးမှာဖြစ်တယ်။ သမိုင်းပြောင်းပြန်ကြည့်တဲ့အခါ ဒီလို အတွေးမျိုးတွေပဲ တွေးလေ့ရှိတာ အထင်အရှားမြင်တွေ့နိုင်ကြတယ်။ ဒါကြောင့် မမှားသင့်တဲ့ အမှားမျိုးတွေ ထပ်ခါထပ်ခါပြန်လုပ်ခဲ့ကြတယ်။ ဒီကိစကို နိုင်ငံရေးအမြင်နဲ့ စဉ်းစားမယ်ဆိုရင် " ထောင်မြင်ရာစွန့် " လုပ်ရမယ့် ကိစ္စမျိုးဖြစ်တယ်။ ရာဂဏန်းတောင်မရှိတဲ့ ၄၈နေရာလေးကို စွန့်လိုက်တာနဲ့ ပြန်ရမှာက ထောင်ဂဏန်းမက သိန်းတန်၊ သန်းတန်တဲ့ သိက္ခာဖြစ်တယ်။ နေရာယူမလား၊ သိက္ခာယူမလား ရွေးချယ်ရမှာဖြစ်တယ်။

လူသေတာတောင် နာမည်ကျန်

အစိုးရအလုပ်မှာ၊ စစ်တပ်ထဲမှာ ရာထူးနေရာက အရေးအကြီးဆုံး၊ အခရာအကျဆုံး ဖြစ်ပေမယ့်၊ နိုင်ငံရေးမှာတော့ သိက္ခာက အရေးကြီးဆုံးဖြစ်တယ်။ လခစားအလုပ်မှာ တော်ရုံ အမှားမျိုးကို ရာထူးနေရာနဲ့ ဖုံးကွယ်ထားလို့ရပေမယ့်၊ နိုင်ငံရေးမှာတော့ " ပိစိညှောင့်တောင့် " အမှားလေးမျိုးတောင် ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ လူသေတာတောင် နာမည်ဆိုးက ကျန်ရစ်နေလေ့ရှိတယ်။ " မီးခွက်မှုတ် " သခင်ဘယ်သူဆိုတာမျိုး၊ " ခွေးကတက်" သခင်ဘယ်ဝါ ဆိုတာမျိုးတွေ အခုထိ လူတွေကပြောဆိုနေကြတုန်းဖြစ်တယ်။ လူငယ်တွေဆို အဲဒီသခင်ကြီးတွေ ဘယ်သူဘယ်ဝါဆိုတာ မသိကြဘူး။ ဒါပေမယ့် သူတို့ဇာတ်လမ်းတွေတော့ သိနေကြတယ်။ အဆင့်ဆင့် လက်ဆင့်ကမ်းပြောခဲ့ဆိုခဲ့ကြတာကိုး။

ဂဃနဏမသိကြ

ဒီနေ့ နိုင်ငံရေးဇာတ်ခုံပေါ် တက်ရောက်ကပြနေသူတွေ အများစုက နိုင်ငံရေးနယ်ပယ်က လူတွေမဟုတ်ဘူး။ အထူးသဖြင့် အာဏာရပါတီနဲ့ အစိုးရအဖွဲ့ဝင်တွေ အများစုက၊ အရင်အစိုးရမှာလည်း အလားတူ တာဝန်ကြီးတွေယူခဲ့ကြတဲ့ စစ်တပ်အရာရှိကြီးတွေနဲ့ အစိုးရ၀န်ထမ်းအရာရှိကြီးတွေ ဖြစ်ကြတယ်။ အဲဒီတော့ နိုင်ငံရေးမှာ သိကာက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဂဃနဏ မသိနိုင်ကြဘူး။ စစ်အာဏာရှင် ပုံစံအုပ်ချုပ်တဲ့ အစိုးရခေတ်မှာဆိုတော့ ပြည်သူလူထုရဲ့ ဆန္ဒက အလေးထားစရာမှ မဟုတ်တာ၊ အခုတော့ ဒီမိုကရေစီပုံစံကိုပြောင်းလဲဖို့ စတင်လုပ်ဆောင်နေပြီဆိုတော့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားက ဦးထိပ်ထားရမယ့်နေရာကို ရောက်ရှိသွားပြီ။ တစ်သွေး တစ်သံ တစ်မိန့်နဲ့ အုပ်ချုပ်လို့ မရတော့ဘူး။

ပြည်သူက အဆုံးအဖြတ်ပြု

ဒီမိုကရေစီစနစ်မှာ ပြည်သူသာအမိ၊ ပြည်သူသာ အဖဖြစ်တယ်။ အရာရာကို ပြည်သူကသာ အဆုံးအဖြတ်ပြုရတယ်။ အစိုးရက ဘယ်လောက်ကောင်းတယ်လို့ ထင်ထင်၊ ပြည်သူကကောင်းတယ်လို့ မမြင်ရင် လုပ်လို့မရဘူး။ ပြည်သူက ကောင်းတယ်လို့မြင်လာအောင် စည်းရုံးလှု့ဆော်ရမှာက အစိုးရရဲ့ တာဝန်ဖြစ်တယ်။ လွှတ်တော်ဆိုတာ အဲဒီလုပ်ဖို့နေရာ ဖြစ်တယ်။ အစိုးရက လုပ်စရာကိစ္စ မှန်သမျှ လွှတ်တော်ကို တင်ပြပြီး ခွင့်ပြုချက်တောင်းခံရတယ်။ လွှတ်တော်ကိုယ်စားလှယ်များက မဲဆန္ဒရှင်ပြည်သူလူထုကိုယ်စား၊ စောကြောဝေဖန်လုပ်ပြီး၊ ခွင့်ပြုချက်ပေးသင့်တာပေး၊ ငြင်းသင့်တာငြင်း၊ ဖြတ်သင့်တာဖြတ် လုပ်ရတယ်။ လွှတ်တော်ကိုယ်စားလှယ်များ ဆုံးဖြတ်ရုံနဲ့ မလုံလောက်အောင်၊ အင်မတန် အရေးကြီးတဲ့ ကိစ္စ အဖြစ် လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့ ကိစ္စမျိုးဆိုရင် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပြီး တစ်နိုင်ငံလုံးက မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို တောင်းခံရပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတိုင်း ကျင့်သုံးတဲ့ အစဉ်အလာဖြစ်တယ်။

တစ်မိပေါက် တစ်ယောက်ထွန်း

ပြည်သူ့ဆန္ဒက " အခရာ " ဖြစ်တဲ့ ဒီမိုကရေစီ စနစ်မှာ၊ ပြည်သူလူထူရဲ့ " ယုံကြည်မှု " ကိုရဖို့ နိုင်ငံရေးသမားတိုင်း၊ နိုင်ငံရေးပါတီတိုင်း ကြိုးစားအားထုတ်ကြရတယ်။ ဘယ်လိုယုံကြည်မှုမျိုးလဲ ၊ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်တဲ့ယုံကြည်မှုမျိုးလားလို့ ထင်ပြီး " တွန့်" မသွားပါနဲ့။ လူထုဆိုတာ စိတ်ကူးယဉ်အိပ်မက် မက်တတ်သူတွေ မဟုတ်ဘူး။ အင်မတန် လက်တွေ့ကျတယ်။ ဗိုလ်ချုပ်လို လူမျိုးက "တစ်မိပေါက် တစ်ယောက်ထွန်း" ဆိုသလို နှစ်တစ်ရာရှိမှ တစ်ယောက်လောက် ပေါ်လာတတ်သူမျိုး ဖြစ်တယ်ဆိုတာ ကောင်းကောင်းသိကြတယ်။ ဒါကြောင့် ဗိုလ်ချုပ်လို ၀တ်စုံသုံးစုံပဲရှိရမယ်လို့ မတောင်းဆိုပါဘူး။

ဘိုးဘိုးအောင်ဖြစ်ဖို့ မမျှော်လင့်

လူထုက အင်မတန် လက်တွေ့ကျပါတယ်။ စီးပွားရေးသမားတွေကို ဇောတိက သူဌေးကြီးလို အလှူရေစက်လက်နဲ့မကွာဖြစ်ဖို့ မတောင်းဆိုပါဘူး။ စီးပွားရေးသမားရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားလေးစားတဲ့ စီးပွားရေးသမားဖြစ်ဖို့ပဲ လိုချင်ပါတယ်။ ဆရာဝန်တိုင်းကို ဇီဝကဖြစ်ဖို့ မတောင်းဆိုပါဘူး။ ဆရာဝန်ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ ဆရာဝန်ပဲဖြစ်စေချင်တာပါ။ အစိုးရကိုလည်း ဘိုးဘိုးအောင်လို ကယ်တင်ရှင်ဖြစ်ဖို့ မျှော်လင့်မထားပါဘူး။ အစိုးရရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံဖို့ပဲ လိုချင်ပါတယ်။ နိုင်ငံရေးသမားကိုလည်း ဗိုလ်ချုပ်လို တစ်မတ်တန်းက ရုပ်ရှင်တိုးကြည့်ဖို့ မတောင်းဆိုပါဘူး။ နိုင်ငံရေးသမားကောင်းတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အညီ ပြုမူကျင့်ကြံလုပ်ကိုင်ဖို့ပဲ လိုချင်ပါတယ်။ နေရာထက် သိက္ခာကို တန်ဖိုးထားတဲ့ နိုင်ငံရေးသမားတွေ များများပေါ်ထွက်လာစေချင်ပါတယ်

လူထုစိန်ဝင်း

17.3.2012

ထိုင်းတောင်ပိုင်း ဗုံးကွဲ ၁၀ ဦးသေ ၁၀၀ ကျော်ဒဏ်ရာ ရ




ထိုင်း နိုင်ငံ တောင် ပိုင်း ယာလာ တွင် စနေ နေ့ က ဗုံးပေါက် ကွဲ မှု ဖြစ်ပွား ခဲ့ ရာ ဆယ်ဦးသေ
ဆုံး ပြီး လူ ၁၂၀ ကျော် ဒဏ် ရာ ရရှိ ခဲ့ သည် ဟု ဘန်ကောက် ပို့  စ် သတင်း စာ တွင် ဖော်
ပြ ထား သည်။

ပထမ ဦးဆုံးပေါက် ကွဲ သည့် ဗုံးမှာ လူ စည် ကား ရာ စတိုးဆိုင် အနီး ကာရာ အိုကေ ဆိုင် အပြင်
ဘက်ရှိ မော်တော်ဆိုင်ကယ် ရပ် နား ရာ တွင် ဖြစ် ပွား ခဲ့ ခြင်း ဖြစ်ပြီး ဒုတိယ မြောက် ဗုံး မှာ ခိုး
ယူ လာ သည့် မော်တော် ကား တစ်စီး မှ ပေါက် ကွဲ ခဲ့ ခြင်း ဖြစ်သည်။

ပေါက် ကွဲ အား ပြင်းထန် သည့် တတိယ မြောက် ဗုံး ကြောင့် မော်တော် ကား များ ဈေးဆိုင် များ
နှင့် လူ နေအိမ်များ ပါ ပျက်စီးသွား သည်။

ပြီးခဲ့ သည့် နှစ် ဇန်န ၀ါရီ လ က လူ ၉ ဦး သေဆုံး သည့် ဗုံး ပေါက် ကွဲ မှု ပြီး နောက် ယခု ဗုံး
ပေါက် ကွဲ မှု သည် အပြင်းထန် ဆုံး ဖြစ်သည်။

ထိုင်း နိုင်ငံ တောင် ပိုင်း တွင် မွတ်ဆလင် ခွဲ ထွက် ရေး သူ ပုန် များ အခြေ စိုက် ကာ အကြမ်း
ဖက် လုပ် ရပ် များ နှင့် စစ်ရေး ပစ်မှတ် များ ကို ကျုး လွန် လေ့ ရှိ သည်။

ယာလာ ၊ နာရထီဝတ် နှင့် ပဌာနီ စသည့် ထိုင်းတောင်ပိုင်း ခရိုင်များ မှာ မွတ် ဆလင် အများ
စု နေ ထိုင်ကြသည်။

Thai, Blast, Yala,