စာဖတ်နေသူပေါင်း
We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Saturday, February 9, 2013
ဂျီဒီပီ တိုးတက်ရုံနဲ့ တနိုင်ငံလုံး တိုးတက်တယ်လို့ ပြောလို့မရဘူး
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးနဲ့ စာရေးဆရာ ကိုတာတို့ဟာ မကြာသေးခင်က ဘူတန်နိုင်ငံသို့ လေ့လာရေး ခရီးအဖြစ် သွားရောက်ခဲ့ကြပါတယ်။ ဘူတုန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုဆိုင်ရာတွေ ဘယ်လိုချိတ်ဆက်သင့်သလဲ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာခဲ့တဲ့ ဦးကိုကိုကြီးကို အဆိုပါ ဆွေးနွေးပွဲ အပါအ၀င် ဘူတန် ခရီးအတွေ့အကြုံကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထားပါတယ်။
 မေး။ ။ ဦးကိုကိုကြီးခင်ဗျား၊ မကြာသေးခင်က ဘူတန်နိုင်ငံကို လေ့လာရေး ခရီးသွားဖြစ်ခဲ့တာလေး သိပါရစေ။
 ဖြေ။ ။ ကျနော် ဘူတန်ကို လေ့လာသူအဖြစ်နဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုတန်ဘိုးနဲ့ ပတ်သက်ပြီး တော့ ဖွံ့ဖြိုးမှု ဆိုင်ရာ ချည်းကပ်ရှု့မြင်ပုံ အသစ်။ နိုင်ငံတကာ ပညာရှင်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို လေ့လာသူအဖြစ်နဲ့ တက်ခဲ့တာပါ။ ဇန်န၀ါရီလ ၂၆ ရက်နေ့ ကနေ ၃၀ ရက်နေ့ထိပါ။
 မေး။ ။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုဆိုတာ ဘယ်လိုဆက်နွယ်နေလို့လဲ။
 ဖြေ။ ။ နိုင်ငံတကာ စံနှုန်းတွေအရ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တမျိုးသားလုံး အသားတင် ထွက်ကုန် တန် ဘိုး GDP နဲ့ တွက်ချက်ကြတာများတယ်။ တကယ့်တကယ်တော့ ဂျီဒီပီတိုးတက်နှုန်းကို ကြည့်ပြီး တော့ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက် တယ်လို့ ဆုံးဖြတ်လို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ ဂျီဒီပီ တိုးတက် မှု ဆိုတဲ့ ထုတ်ကုန် အများစုက လက်တဆုပ်စာ လူတစုရဲ့ လက်ထဲမှာဘဲ ရှိနေပြီးတော့ အောက် ခြေ သာမန် ပြည်သူတွေ က လက်လုပ်လက်စား နွမ်း ပါးတဲ့ဘ၀က ရှိနေတဲ့ နိုင်ငံတွေက များတော့ ဂျီဒီပီ တိုးတက်ရုံနဲ့ တနိုင်ငံလုံး တိုးတက်တယ်လို့ ပြောလို့မရဘူး။
 မေး။ ။ ဒီအယူအဆက ဘယ်လိုဖြစ်ပေါ်လာတာလဲ။
 ဖြေ။ ။ ဘူတန်နိုင်ငံလို ဘုရင် အုပ်ချုပ်တဲ့ နိုင်ငံ သေးသေးလေးကနေပြီးတော့ Gross National Happiness အယူ အဆ ကို စတင် ဖော်ထုတ်လာတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။ ကုလသမဂ္ဂနိုင်ငံများ အပါ အ၀င် နိုင်ငံပေါင်း ၆၈ နိုင်ငံမှာ ၂၀၁၁ မှာ Happiness (ပျော်ရွှင်မှု) နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲဆိုတာတွေ သူတို့ စတင်လုပ်ဖြစ်ခဲ့တယ်။ ဘူတန်နိုင်ငံကဘဲ ဦးဆောင်ပြီးတော့ တမျိုးသားလုံး အသားတင် ပျော်ရွှင်မှု တန်ဘိုးကို နိုင်ငံရဲ့ ဖွံ့ဖြိုးမှုမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အညွှန်းကိန်းတခုအဖြစ် ဖေါ်ထုတ်ဖို့ ကြိုးစားနေ တာတွေ့ခဲ့ရတယ်။
 မေး။ ။ အဲဒီ အလုပ်ရုံဆွေးနွေးပွဲလေးကို ပုံပေါ်အောင် ရှင်းပြပေးပါလား။
 ဖြေ။ ။ ဘူတန်မှာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များရဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ စိတ်ဝင်စားဖို့ ကောင်းတာ က ပျော်ရွှင်မှုဆိုတာက တကယ်တော့ ဘာသာရေးနဲ့နွယ်တဲ့၊ ဗုဒ္ဓဘာသာကိုအခြေခံတဲ့ အယူအဆနဲ့ စီးပွားရေး စီမံကိန်း တွေ ရေးဆွဲတဲ့အခါမှာ ထည့်သွင်း တွက်ချက်လို့ရအောင် သိပ္ပံနည်းကျ ဘာသာရပ် ဆိုင်ရာ ရှု့ထောင့်ပေါင်းစုံကနေ စဉ်းစားကြတဲ့ အလုပ်ရုံဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ လေ့လာသူအဖြစ် ကျနော်နဲ့ စာရေးဆရာ ကိုတာတို့ သွားရောက် ပြီး လေ့လာသူအဖြစ်နဲ့ တက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ လူမှု စိတ်ပညာရှင်တွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာစီးပွားရေးပညာရှင်တွေ၊ ဒဿနိက ဗေဒ ပညာရှင်တွေ၊ ပညာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေ စတဲ့ ပညာရှင်တွေ အားလုံးက တမျိုးသားလုံး ပျော်ရွှင်မှု တန်ဘိုးကို ဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ ထည့်သွင်း တွက်ချက်ဖို့ စဉ်းစားတဲ့နေရာမှာ အခြေခံ အားဖြင့် ထောက်တိုင် မဏ္ဍိုင်ကြီး ၄ ခုရှိတယ်။
 မေး။ ။ ဟုတ်ကဲ့။ အဲဒီ ထောက်တိုင် ၄ ခုဆိုတာ ဘာတွေလဲ။
 ဖြေ။ ။ လူမှုဗေဒဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နောက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ယဉ်ကျေးမှု မျိုးကွဲ များ ထိန်းသိမ်းမှု နဲ့ ကောင်မွန်တဲ့ အုပ်ချုပ်ရေးဆိုပြီး သူတို့က ထောက်တိုင် ၄ ခု အရေးကြီးတာ ကို ဆွေးနွေးကြတယ်။
 မေး။ ။ အဲဒီ ထောက်တိုင် ၄ ခုနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးလေ့လာမိသလောက် ရှင်းပြပေးပါ။
 ဖြေ။ ။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို သူတို့က Economic Development တခုတည်းနဲ့ တင်မဟုတ် ဘဲနဲ့ Socio-economic လူမှုရေးနဲ့ဆိုင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဟာတည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက် မှု ဖြစ်ရမယ်။ နောက် တယောက်နဲ့ တယောက် မျှတ ညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ရမယ်။ သူတို့က ဒီလို ရှု့မြင်ကြတယ်။ နောက် တချက်က ဘာလဲ ဆိုတော့ Conservation of Natural Enviroment သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လည်း အခြေခံ ထောက်တိုင်အဖြစ် ထည့်တွက်တယ်။ နောက် Cultural Diversity and Religions ယဉ်ကျေးမှု မျိုးကွဲ အစုံ တွေကို ထိန်းသိမ်းနိုင်မှု။ နိုင်ငံ တနိုင်ငံမှာ လူမျိုးငယ် လေးတွေ ရှိတယ်။ သူတို့ရဲ့ ယဉ်ကျေးမှု အဆောက်အအုံ ငယ် လေးတွေဟာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပေးဆပ်လိုက်ရတာမျိုး ပျောက်ပျက်သွားမယ့် ကိစ္စမျိုး၊ သူတို့မလိုလားဘူး၊ ဒါကို ဖွံ့ဖြိုးတိုးတက်တယ် လို့ ပြောလို့မရဘူး။ ဒါကို တတိယ ထောက်တိုင်အဖြစ်နဲ့ ယဉ်ကျေးမှု မျိုးကွဲတွေ အားလုံးထိန်းသိမ်း ရှင်သန်နိုင်ဖို့ ဆိုတာ အရေးကြီးတယ်လို့ သူတို့ သတ်မှတ်တယ်။ နောက်တခုက Good Governance ကောင်းမွန်တဲ့ အုပ်ချုပ်ရေး တည်ထောင်နိုင်မှု ပေါ့။ သူက ဒီဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ 4 Pillers လို့ ခေါ်တဲ့ ထောက်တိုင် ၄ တိုင်နဲ့ အဖြေထုတ်တယ်။
 မေး။ ။ ဒီထောက်တိုင် ၄ ခုကို ဘယ်လို နယ်ပယ်တွေ ခွဲခြားပြီး ချည်းကပ်ကြတဲ့နေရာမှာ ဘယ်လို တိုင်းတာမှုတွေ လုပ်တာလဲ။
 ဖြေ။ ။ လေ့လာတဲ့ နယ်ပယ် ၉ ခု သတ်မှတ်တယ်။ နိုင်ငံတနိုင်ငံရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး Physical Health, Mental Health ကို တိုင်းတာတယ်။ Psycological Welding လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ သာယာ ၀ပြောမှု ကိုတိုင်းတာ တယ်။ Cultural Diversity, ယဉ်ကျေးမှု မျိုးကွဲများအားလုံး ထိန်းသိမ်းနိုင်မှု၊ Ecological ဂေဟဗေဒဆိုင်ရာ နောက် Time Use ဆိုတာကိုတိုင်းတာတယ်။ လူမျိုးတမျိုးက အိပ်ချိန် ပျမ်းမျှ ဘယ်လောက်ရှိတယ်။ အလုပ်ချိန် ဘယ်လောက် ရှိတယ် ဆိုတာလည်း တိုင်းတယ်။ ဒီလို တိုင်းတာမှုတွေကိုလည်း ထည့်သွင်းတွက်ချက်တယ်။ နောက်လူနေမှု အဆင့် အတန်း Standard of Living ကိုလည်း တိုင်းတယ်။ ပညာရေးအဆင့်အတန်းကို တိုင်းတယ်။ နောက်တခါ လူ့အဖွဲ့အ စည်းရဲ့ အရေးပါမှု၊ ဒါတွေကိုတိုင်းတယ်။
 မေး။ ။ နောက်ထပ် ဘာတွေ သိခဲ့ရသေးလဲ။ ကိုယ့်နိုင်ငံနဲ့ နှိုင်းယှဉ်ပြီး ဘယ်လို စဉ်းစားမိလဲ။
 ဖြေ။ ။ များသောအားဖြင့် နိုင်ငံတော်လို့ ဆိုတဲ့ဟာကို အာဏာရ အသိုင်းအ၀ိုင်းက သူတို့ကိုယ် သူ တို့ နိုင်ငံတော် လို့ ကိုယ်စားပြုပြီး သုံးနှုန်းနေတာဟာ တကယ့်တကယ်က ဖွံ့ဖြိုးတိုးတက်မှုကို စဉ်းစားတဲ့ အခါမှာ Community ရဲ့ အခန်း ကဏ္ဍ အရေးပါမှု မရှိရင် ဒါကို သူတို့က ဖွံ့ဖြိုးတိုးတက်မှုလို့ မသတ်မှတ် ဘူး။ 9 Domains ဆိုပြီး သူတို့က လေ့လာတဲ့ နယ်ပယ် ၉ ခု ရှိတယ်။ အဲဒီကနေ တိုင်းတာတဲ့ အသေးစိပ် အချက်အလက် အားလုံး ၃၃ မျိုး ဆင့်ပွား ခွဲခြား သတ်မှတ်ထားတယ်။ ဒါတွေကို အညွှန်းကိန်းတွေ လုပ်ပြီး မက်ထရစ်စနစ်နဲ့ တွက်ပုံတွက်နည်းတွေနဲ့ တိုင်းတာပြီးတော့မှ ဒီနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှု အလွန်အမင်း လား၊ ပျော်ရွှင်ချမ်းမြေ့မှု အမြင့်ဆုံး အခြေအနေမှာ ရှိသလား၊ အလယ်အလတ်မှာ ရှိသလား၊ ဒါမှ မဟုတ် ရင် သာမန်ထက်နိမ့်တဲ့ ပျော်ရွှင်ချမ်းမြေ့မှုတွေလား၊ လုံးဝ ပျော်ရွှင်ချမ်းမြေ့မှု မရှိတဲ့အခြေအနေမှာ ရှိသ လား၊ အစရှိသဖြင့် အုပ်စုတွေ ခွဲခြားတယ်။ အဲဒါတွေကို ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ရည်မှန်းချက် မှာ ခေတ်သစ် ပါရာဒိုင်းအဖြစ်နဲ့ ထည့်သွင်း စဉ်းစားဖို့ ပေါ်လစီ Recommendation မူဝါဒဆိုင်ရာ အကြံပြု ချက်တွေအဖြစ်နဲ့ ထုတ်ပြန်နိုင်ဖို့ ကာလ သတ်မှတ်ချက်တွေနဲ့တကွ ဆွေး နွေးစဉ်းစားနေကြတာပါ။
 မေး။ ။ မြန်မာနိုင်ငံကလည်း GDP တွေ တက်လာတယ် ဆိုပြီး ကြွေးကြော်နေတာတွေ့ရတယ်။ ဒါကိုဖွံ့ဖြိုးတိုးတက် လာပြီလို့ ပြောလို့ရမလား၊ ဘယ်လိုထင်ပါသလဲ။
 ဖြေ။ ။ ကျနော်တို့ နိုင်ငံမှာ မူဝါဒ ချမှတ်သူတွေအနေနဲ့လည်း GDP ဂဏန်း ၂ လုံး တိုးတက်တယ်ဆိုတာကို ဂုဏ် ယူ ၀ံ့ကြွားပြီး ပြောနေမယ့် အစားတကယ်ဖွံ့ဖြိုးတိုးတက်မှုတွေ ဟုတ်ရဲ့လား ကျနော်တို့ အောက်ခြေ ပြည်သူတွေရဲ့ လူ နေမှု အဆင့်အတန်း၊ စိတ်ခံစားမှု အခြေအနေ၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းမှာ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍ စသဖြင့် အဲဒါတွေ ကိုပါ ထည့် သွင်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ဒီ အခြေခံ အယူအဆ လောက်ကို သတိပြုမိတယ်ဆိုရင်တောင်မှ ကျနော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးက အဓိပ္ပါယ်ပြည့်ဝတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဆီကို ဦးတည်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။
 မေး။ ။ ဘူတန်နိုင်ငံကရော ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ရင် သူတို့က ဘယ်အဆင့်မှာ ဘယ်လို ညွှန်းကိန်း ရှိလဲ။ ဘူတန်နိုင်ငံကို ဘယ်လို မြင်မိလဲ။
 ဖြေ။ ။ ကျနော်တို့က ရက်ပိုင်းဘဲ လေ့လာခဲ့ရတာပါ။ ကျနော်ပြန်လာပြီးနောက်ပိုင်းလည်း နောက်ဆက်တွဲ ညီ လာခံ တွေ ရှိပါသေးတယ်။ အချိန်မရလို့ ပထမပိုင်း ၃ ရက်ဘဲ လေ့လာသူအဖြစ် တက်ခဲ့တာပါ။ အဓိက စိတ်ဝင်စားဖို့ ကောင်းတာက လူဦးရေအားဖြင့် ၆ သိန်းကျော် ၇ သိန်းလောက်ဘဲ ရှိတဲ့ ဘူတန်နိုင်ငံဟာ ရန်ကုန်မြို့ရဲ့ ၁၀ ပုံ ၁ ပုံ လောက်ရှိတဲ့ နိုင်ငံလေးက ပျော်ရွှင်မှုနဲ့ပတ်သက်တဲ့ အယူအဆကို ကမ္ဘာကို တင်ပို့နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး နမူနာပြ နိုင်တဲ့ နိုင်ငံလေးဖြစ်နေတာပေါ့။ နောက်တခုကလည်း ဘုရင် အုပ်ချုပ်တဲ့ နိုင်ငံလေးကနေ ပြီးတော့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို လူထု အုံကြွမှုနဲ့ပြောင်းတာ မဟုတ်ဘဲနဲ့ အုပ်ချုပ်တဲ့ ဘုရင် ကိုယ်တိုင်က ပြောင်းပေးတာကလည်း ကျနော်တို့အတွက် အတုယူ စရာဖြစ် ပါတယ်။ သူတို့ နောက်ဆုံး ၂၀၀၈ ခုနှစ်မှာ လက်မှတ်ထိုး ပေးလိုက်တဲ့ ဖွဲ့စည်းပုံ အရဆိုရင် လွှတ်တော်ရဲ့ ၃ ပုံ ၂ ပုံ အများစုက အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချနိုင်တဲ့ အခန်း တွေဟာ ကျနော်တို့အတွက် လေ့လာစရာဘဲ။ အဲဒီ ၂၀၀၈ ခုနှစ်ကဘဲ ကျနော်တို့ဆီမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အ တည်ပြုခဲ့တာ။ ဟိုမှာလည်း ပဉ္စမမြောက် ဘူတန်ဘုရင်မင်း ဆက် ကနေပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာ တွေဟာ နှိုင်းယှဉ်ပြီးတော့လေ့လာစရာ သင်ခန်းစာတွေ အဖြစ် တွေ့ရတော့ ကျနော်တို့ နိုင်ငံ အတွက် အကျိုးရှိလိမ့် မယ်လို့ ထင်တယ်။
 မေး။ ။ ဘူတန်နိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး အတော် စည်းစနစ်ကျကျနဲ့ လုပ်ဆောင် ထားတာတွေ ရှိပါတယ်။ ဥပမာ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုများတာတွေပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ရော ဘာတွေလေ့ လာခွင့် ရခဲ့ပါလဲ။
 ဖြေ။ ။ အဲဒါကလည်း သူတို့ ရဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု သဟဇာတဖြစ်အောင် စီမံတဲ့နေရာ မှာ ခရီးသွား လုပ်ငန်းကို သူတို့က Low Volume နည်းနဲ့ လုပ်တယ်။ အများကြီး ၀င်လာတာ ထက်ကို ၀င်လာတဲ့သူ နည်းနည်းလေး ကနေပြီးတော့ သူတို့ဆီမှာ လာရင် အနည်းဆုံး ငွေကြေး ဘယ်လောက် သုံးရမယ်ဆိုတ High Earn ကို သတ်မှတ် ထား ပြီးတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိန်းချုပ်ထားတာပေါ့။ ဆိုလိုတာကတော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကနေ ၀င်ငွေလည်း ရရ မယ်။ နောက်သူ့ရဲ့ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေကိုလည်း ကာကွယ်စောင့်ရှောက် ရေးဆိုတဲ့ အယူအဆ၂ ခုကို သူတို့က ထိန်းပြီး လုပ်နေတာတွေ့ရတယ်။ ဘာဘဲ ပြောပြော အားသာချက် တွေ၊ အားနည်းချက်တွေတော့ ရှိနေတာအမှန်ပါဘဲ။ ကျနော်တို့ နိုင်ငံအနေနဲ့လည်း Tourism ဖွံ့ဖြိုးလာဖို့ လုပ်တဲ့နေရာမှာ Cutural Value တွေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ကို မျှ ပြီး လုပ်သွားရမှာပါ။
 မေး။ ။ ဘူတန်ရဲ့ အခြေခံ အဆောက်အအုံတိုးတက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ Happiness ဆိုတဲ့ ပျော်ရွှင် ချမ်းမြေ့မှု ဆိုင်ရာတွေဟာ ဟန်ချက်ညီတယ်လို့ ထင်ပါသလား။
 ဖြေ။ ။ သူကတော့ နိုင်ငံလည်း သေးတယ်။ လူဦးရေလည်း နည်းတယ်ဆိုတော့ အားလုံးကို ကျနော်တို့နဲ့ ထပ်တူ ပြုလို့ မရပါဘူး။ အချိန်ကလည်း သိပ်မရတော့ အသေးစိပ် လေ့လာချိန် များများ မရခဲ့ဘူး။ သူတို့ဆီမှာ လမ်း။ တံတား တည်ဆောက်ရေးတွေက အိန္ဒိယကနေ အကူအညီပေးတာတွေ များတယ်။ အိန္ဒိယနဲ့ ဆက်ဆံရေးလည်း များတယ်။ အထူးသဖြင့် နိုင်ငံကြီးတွေကြားမှာ တည်ရှိနေတဲ့ ကျနော်တို့ လို နိုင်ငံငယ်လေးတွေဖြစ်တာချင်းတူတယ်။ သူလည်း တရုတ်နဲ့ အိန္ဒိယကြားမှာ တည်ရှိတဲ့နိုင်ငံငယ်လေး တခုပါ။ ဒီလို နိုင်ငံကြီးတွေကြားထဲက နိုင်ငံငယ်လေးတွေ အနေနဲ့ ကိုယ့်ရဲ့ အမျိုးသား အမှတ်သရုပ် ( Identity) ကို ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ ဒီထက် ပိုပြီး ကျယ်ပြန့် တဲ့ ဆွေးနွေးပွဲတွေ လူထုပါဝင်တဲ့ ဆွေးနွေးမှုတွေ သက်ဆိုင်ရာ ပညာရှင်တွေကိုယ်တိုင် တက်တက်ကြွ ကြွနဲ့ ပါဝင်ဆွေးနွေးတဲ့ပွဲမျိုးတွေ ကျနော်တို့ အများကြီး လုပ်ဖို့ လိုမယ်လို့ မြင်ပါတယ်။
 မေး။ ။ ဘူတန်နိုင်ငံရဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ရော ဘာတွေ မြင် တွေ့ခဲ့ရလဲ။
 ဖြေ။ ။ ကျနော်တို့ သွားတဲ့ ကာလက တိုတောင်းတော့ အပြည့်အစုံတော့ မလေ့လာနိုင်ခဲ့ဘူး။ ကျနော်တို့ကို ဖိတ်တဲ့ အဖွဲ့ အစည်းကတော့ Center for Bhutan Study ဆိုတာပါ။ သူကတော့ အစိုးရကနေ ကမကထ ပြုပြီးဖွဲ့ထား တာဖြစ်ပေမယ့် သူတို့လည်း တော်တော်လေး လွတ်လွတ်လပ်လပ်လုပ်နိုင်ကိုင်နိုင်ရှိတာတွေ့ ရပါတယ်။
ကိုကိုကြီးရဲ့ ဘူတန်အတွေ့အကြုံ ပြန်လည် ရှင်းလင်းပွဲကို ယနေ့ စနေနေ့မှာ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမှာဖြစ်ပါတယ်။
ဧရာဝတီ
Friday, February 8, 2013
အခြေခံလူတန်းစားများဝမ်းစာရေးအတွက်တစ်ပိုင်တစ်နိုင် အလုပ်လုပ်နိုင်ရေးနည်းပညာသင်တန်းပေးမည်
မြန်မာနိုင်ငံအတွင်းရှိအခြေ ခံလူတန်းစားများ ၀မ်းစာအတွက် တပိုင်းတနိုင်အလုပ်လုပ်နိုင်ရေး အတွက် သမ၀ါယမ၀န်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာသင်တန်း အလှကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း၊စားသောက် ကုန်အမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
““အဆိုပါကဲ့သို့ နည်းပညာ သင်တန်းများပေးရခြင်းမှာ မြန်မာ နိုင်ငံဈေးကွက်အတွင်းသို့ တံဆိပ် အမျိုးနှင့်ဝင်ရောက်လာသော ကုန်ပစ္စည်းများအစား သွင်းကုန် အစားထိုးရန်အတွက် ပြည်သူလူ ထုအတွင်း ယခုနည်းပညာများ ပြန့်ပွားစေကာထုတ်ကုန်များထုတ် လုပ်နိုင်ရန်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ 
သမ၀ါယမ၀န်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှတာဝန်ရှိတစ်ဦးက ““ဒီ သင်တန်းတွေကို တက်ချင်တယ် ဆိုရင် မြောက်ဥက္ကလာမြို့နယ်၊ သုဓမ္မလမ်းမကြီးမှာရှိတဲ့ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကို စာရင်းပေးသွင်းနိုင်တယ်။ ဒီ ၀၁.၆၆၂၉၅၆ဖုန်းနံပါတ်ကိုလည်း စာရင်းပေးသွင်းနိုင်တယ်။ အသက် အရွယ်ကန့်သတ်ထားတာမရှိဘူး။ ပညာအရည်အချင်းကန့်သတ် ထားတာမရှိဘူး။ဘယ်သူမဆို တက် လို့ရတယ်။ 
ဒီသင်တန်းတွေတက် ပြီးပြီဆိုရင် ထုတ်လုပ်ခွင့်လိုင်စင် နဲ့သင်တန်းဆင်းလက်မှတ်တွေကို ပါပေးမှာပါ သင်တန်းကိုတစ် ယောက်ချင်းလည်းတက်လို့ရတယ်။ အများနဲ့လည်းတက်လို့ရတယ်””။ ဟုပြောကြားခဲ့သည်။
ယင်းသင်တန်းမှပြီးစီးပါက လည်း လိုအပ်သည့်အကူအညီများ ကို အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာနမှ ကူညီပေးမည်ဖြစ် ကြောင်းသိရှိရသည်။
The Hot News
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီးခန့်အပ်ရန် အဆိုပြု
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာဌာန ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။
ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအား ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီး ခန့်အပ်ရန်အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော် သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး အဆင့်ရှိ ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုခဲ့ခြင်းမှာ အစိုးရသစ်လက်ထက် ပထမဆုံး အကြိမ်အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
 ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းထွန်းကို ဇန်န၀ါရီလ ၁၆ ရက်နေ့က ရာထူးမှ နုတ်ထွက်ခွင့်ပြုပြီးနောက် လစ်လပ်လျက် ရှိနေသော နေရာကို ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဖြင့် အစားထိုးရန် နိုင်ငံတော် သမ္မတက အဆိုပြုခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို စစ်ဘက်ရာထူး ပြန်လည် ထမ်းဆောင်ရန် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့ပါသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို စစ်ဘက် ရာထူး ပြန်လည် ထမ်းဆောင်စေခြင်းနှင့် အတူ လစ်လပ်သွားသော နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး နေရာအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတက အဆိုပြုခဲ့ပါသည်။ နိုင်ငံတော် သမ္မတ အနေဖြင့် ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ်ရာတွင် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနများအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော် သားများ၏ အမည် စာရင်းကို ရယူ ရမည် ဖြစ်ကြောင်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီး ဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများ အပြင် အခြား ၀န်ကြီး ဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သိရှိရပါသည်။
 ဇန်န၀ါရီလ ၁၆ ရက်နေ့က ဦးသိန်းထွန်းကဲ့သို့ ရားထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည့် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးမြင့်မောင်၏ နေရာကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်အား တာဝန်ထမ်းဆောင်ရန် နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီလ ၅ ရက်တွင်ခန့်အပ် တာဝန်ပေးအပ်ခဲ့ပါသည်။
 Eleven Media Group
မြန်မာပြည် လာမယ့်သူ တရုတ်အစိုးရ ပေးမထွက်
၂၀၁၀ တုန်းက “ချာတာ ၀၈” တီရှပ်ဝေနေတဲ့ ဝမ်ဇွန်ရှ
ရန်ကုန်လာပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းမည့် တရုတ်လူငယ် တဦးကို တရုတ် အစိုးရက နိုင်ငံ အပြင်ဘက် ပေးမထွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၆ ရက် မနက်တွင် တရုတ်ပြည် တောင်ပိုင်း ဂွမ်ဇူး (ယခင်အခေါ် ကန်တုံ) မြို့ လေဆိပ်တွင် ဝမ်ဇွန်ရှ အမည်ရှိ လူငယ်ကို တရုတ် အရာရှိများက ရန်ကုန်သို့ ထွက်ခွာမည့် လေယာဉ်ပေါ် မတက်မီ တားဆီးခဲ့ပြီး တနာရီခန့် စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ တိုင်းပြည်မှ ထွက်ခွာခွင့် မပြုနိုင်ကြောင်း အဆိုပါ လူငယ်ကို တာဝန်ရှိသူများက ပြောဆိုခဲ့ပြီး လူငယ် နေထိုင်ရာ ဘီဂျင်းရှိ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ မြန်မာနိုင်ငံသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ လုပ်ခဲ့တယ်။ သူ လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရ အပြီးမှာတော့ ကျနော်တို့ သွားတွေ့လို့ ဘာ ပြဿနာမှ မရှိတော့ဘူးလို့ ထင်ခဲ့တာပေါ့” ဟု ဝမ်ဇွန်ရှက ဟောင်ကောင်ရှိ ဧရာဝတီ သတင်းထောက်ကို ပြောဆိုသည်။ “ဘီဂျင်းက ပြည်သူ့လုံခြုံရေးဌာနရဲ့ အမိန့်ကြောင့် တိုင်းပြည်က ထွက်ခွာခွင့် မပေးနိုင်ဘူးလို့ ကျနော့်ကို ပြောပါတယ်။ စာရွက်စာတမ်း အထောက်အထားပြဖို့ ပြောတော့ ငြင်းတယ်” ဟုလည်း ဝန်ဇွန်ရှက ဆိုသည်။
အသက် ၂၈ နှစ်အရွယ်ရှီ ဝမ်ဇွန်ရှသည် မြန်မာပြည်တွင် တရုတ်နှစ်သစ်ကူးကာလ ၉ ရက်ကြာ နေထိုင်ရန်ရှိပြီး တရုတ်ပြည်သို့ အပြန် လေယာဉ်လက်မှတ်လည်း ဝယ်ထားပြီး ဖြစ်သည်။
မြန်မာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ အဆိုအရ ယမန်နှစ်က မြန်မာနိုင်ငံသို့ လာသော တရုတ်နိုင်ငံသား ၇၀၈၀၀ ဦးရှိကြောင်း သိရသည်။ အမှန်တကယ် ဝင်ရောက်လာသော တရုတ်နိုင်ငံသားဦးရေ ပိုများနိုင်သည်။ ရွှေလီနယ်ခြားစောင့်တပ်ဖွဲ့က ကြေညာသည်မှာ မနှစ်က နယ်ခြားဖြတ်ကျော်သူ ၁၂ သန်းကို မှတ်တမ်းယူခဲ့သည်ဟု ဆိုသည်။
“ခေါင်းဆောင်မှုသစ်၊ ရာသီသစ်” ဟု မတ်လတွင် ကျင်းပခဲ့သော တရုတ်ပြည်သူ့ကွန်ဂရက်က ချမှတ်ခဲ့သော နိုင်ငံရေးပေါ်လစီနှင့် ရွေးချယ်တင်မြှောက်ခဲ့သော ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ရည်ညွှန်းပြီး နာမည်ကျော် အနုပညာရှင်လည်းဖြစ် ဝမ်ဇွန်ရှ၏ မိတ်ဆွေလည်းဖြစ်သူ အိုင်းဝေဝေက အထက်ဖော်ပြပါ အဖြစ်အပျက်အပေါ် ရွဲ့ပြီး သူ၏ တွီတာတွင် ရေးသားမှတ်ချက်ပြုသည်။
လွန်ခဲ့သော ငါးနှစ်က ဝမ်ဇွန်ရှသည် ယခုအခါ အကျဉ်းချခံနေရသော တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လျှူရှောက်ဘို ဦးစီးရေးသားသော “ချာတာ ၀၈” ကြေညာစာတမ်းတွင် လက်မှတ်ရေးထိုးသူ တဦး ဖြစ်သည်။ ယင်းကြေညာစာတမ်းသည် တရုတ်ပြည်တွင် ဒီမိုကရေစီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးတို့ ထွန်းကားရေးကို တောင်းဆိုထားပြီး တရုတ် ပညာတတ် ရာပေါင်းများစွာ လက်မှတ်ရေးထိုးခဲ့သည်။
စီးပွားရေးပညာဖြင့် ဘွဲ့ရထားသော ဝမ်ဇွန်ရှသည် “ချာတာ ၀၈”ကို ပြန့်ပွားရေး တီရှပ်များ ရိုက်နှိပ်ဖြန့်ချိခဲ့ဖူးပြီး လျှူရှောက်ဘိုကို တရားရုံးတင် စစ်ဆေးသောအချိန်က အကျယ်ချုပ်ခံခဲ့ရသည်။
မြန်မာပြည် မသွားရန် ပိတ်ပင်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ဝမ်ဇွန်ရှက “တရုတ်တွေ အမေရိကား သွားလို့ရတယ်။ ဒါပေမယ့် ကျနော့်လို တရုတ်ကျ မြန်မာပြည်တောင် သွားမရဘူး။ စိတ်ပျက်စရာပါ” ဟုလည်း ပြောဆိုသွားခဲ့သည်။
ဧရာဝတီ 
အောက်တိုဘာလတွင် ရောင်းချတော့မည့် Ubuntu ဖုန်း OS လက်ကိုင်ဖုန်းများ
၂၀၁၂ ခုနှစ် ၊ ဧပြီလက Ubuntu မိုဘိုင်း လည်ပတ်စနစ် အတွက် စီးပွားရေး ဖွံ့ဖြိုးမှု မန်နေဂျာ (Business Development Manager) ရာထူးတစ်နေရာ
ခေါ်ယူသည့် အခါတွင် Ubuntu ဖုန်း OS ကို ပထမဦးဆုံး အကြိမ် ပြန်လည် ထုတ်ဖေါ် ပြသခဲ့သည်။
အဆိုပါ စနစ်အကြောင်း သတင်း မီဒီယာများတွင် လပေါင်းများစွာ အကြိမ်ကြိမ် ဖေါ်ပြခဲ့ကြပြီး၊ ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းက အဓိက ပါဝင်မည့် Ubuntu Phone apps (၁၂) ခုကို ပြုလုပ် ဖန်တီးနိုင်မည့် Developers များကို Canonical မှ ရှာဖွေခဲ့သည်။ ထို့နောက် လာမည့် အောက်တိုဘာ လတွင် Ubuntu ဖုန်း OS လက်ကိုင်ဖုန်းများကို ပထမဦးဆုံး အနေဖြင့် ဈေးကွက်တွင် တွေ့မြင်ရတော့မည် ဖြစ်ကြောင်း Canonical ကုမ္ပဏီကို တည်ထောင်သူ Mark Shuttleworth က ပြောကြားခဲ့သည်။ ပထမဦးဆုံး ဗားရှင်းသည် Ubuntu Desktop apps များကို ဖုန်းလည်ပတ် စနစ်တွင် မောင်းနှင်နိုင်ဦးမည် မဟုတ်ကြောင်းနှင့် နောင်လာမည့် ဗားရှင်းများတွင် ထိုသို့ ဆောင်ရွက်လာနိုင်ရန် ပြုလုပ်မည်ဟု ဆိုသည်။ ၄င်းသည် window စနစ်သုံး apps များကို လည်း sever များနှင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဟု Mark Shuttleworth က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း နောက်ကွယ်မှ မပါခဲ့ကြောင်း အစိုးရ ထုတ်ပြန်ပေးရန် MSF တောင်းဆို
 MSF ၏ ညွှန်ကြားရေးမှူး မစ္စတာ Arjan Hehenkamp (ယာ) နှင့် MSF အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာ Perer Paul de Groote (ဝဲ) (ဓာတ်ပုံ – ဧရာဝတီ)
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF/AZG) က မွတ်စလင်များဘက်မှ ပါဝင်ပက်သက်မှု မရှိခဲ့ကြောင်း လူသိရှင်ကြား ထုတ်ပြန်ပေးရန် အစိုးရထံ တောင်းဆိုလိုက်ကြောင်း သိရသည်။
ထိုဖြစ်စဉ်တွင် MSF အနေဖြင့် နောက်ကွယ်မှ ပါဝင်ပက်သက်ခဲ့သည်ဆိုသည့် ကောလာဟလ များကြောင့် ၎င်းတို့ အဖွဲ့အစည်းကို အစိုးရစစ်တပ်မှ လာရောက်ရှာဖွေသော်လည်း ဘာမှမတွေ့ခဲ့သည်ကို အစိုးရ ဌာနဆိုင်ရာများက အသိအမှတ် ပြုပြီးဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့အချိန်အထိ လူသိရှင်ကြား ထုတ်ပြန်ပေးမှု မရှိသေးကြောင်း MSF ၏ ညွှန်ကြားရေးမှူး မစ္စတာ Arjan Hehenkamp က ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ကောလာဟလတွေ ပေါ်မှာပဲ မူတည်ပြီးတော့ မဆုံးဖြတ်ပါနဲ့လို့ ပြောချင်ပါတယ်။
အဲဒီ ကောလာဟလပေါ်မှာ မူတည် ဆုံးဖြတ်တဲ့ အတွက်ကြောင့် ရှာဖွေခံရတဲ့ အဆင့်အထိ ရောက်ခဲ့ပါတယ်။ အဲဒါကြောင့် အများကြီး ထိခိုက်နစ်နာပါတယ်” ဟု ၎င်းက ဆိုသည်။
MSF သည် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စကိုသာ ဦးတည်လုပ်ဆောင်ခဲ့ပြီး ကျူးကျော်ဝင်ရောက်ခြင်း ကိစ္စ၊ ဘာသာရေး ကိစ္စ၊ နိုင်ငံရေးကိစ္စ များအပေါ် စိတ်ဝင်စားခြင်းမရှိကြောင်း သူက ဆက်ပြောသည်။
ယခု ဖြစ်ပျက်မှုများတွင် မည်သူမှားသည်၊ မည်သူမှန်သည်ကို မသုံးသပ်လိုကြောင်း၊ ၎င်းတို့သည် မည်သည့်လူမျိုးကိုမဆို ကူညီပေးနေသည် ဆိုသော အမြင်များဖြင့် သုံးသပ်ပေးရန်အတွက် အစိုးရနှင့် ဒေသတွင်း လူထုကို မစ္စတာ Arjan Hehenkamp က တိုက်တွန်း လိုက်သည်။
MSF အဖွဲ့သည် ရခိုင်ဒေသတွင်သာ မကဘဲ တခြားသော ပဋိပက္ခဖြစ်ပျက်နေသော နေရာများတွင်လည်း အလုပ်လုပ်နေသော အဖွဲ့ဖြစ်ပြီး ထိုသို့ ပဋိပက္ခ ဖြစ်စဉ်တွင် အနည်းအကျဉ်းမျှ ပါဝင်ပက်သက်ခဲ့လျှင်လည်း ညွှန်ကြားရေးမှူး တဦးအနေဖြင့် အရင်ဦးဆုံး ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုလက်ရှိ အချိန်တွင် MSF ကို ရခိုင်လူထုအနေဖြင့် လက်မခံနိုင်ခြင်းမှာ ဖြစ်ပွားခဲ့သော ပဋိပက္ခ၏ သဘောသဘာဝ များကြောင့် ဖြစ်နိုင်ကြောင်း၊ MSF တွင် တာဝန်ထမ်းဆောင် ခဲ့သည့် နှစ် ၂၀ ကာလအတွင်း ယခုကဲ့သို့ လူမျိုးစု ၂ စုအကြား ကြားညပ်ခံရသည့် ဖြစ်ရပ် မတွေ့ကြုံခဲ့ဖူးကြောင်း သူက ဆိုသည်။
“ကျနော်တို့ရဲ့ မြန်မာနိုင်ငံသား ဆရာဝန်တွေဟာ ဆေးကုသမှု လိုအပ်ချက်ပေါ်မှာ မူတည်ပြီးတော့ ကုသပေးနေတာ၊ ကျန်တဲ့အပေါ်မှာ ခွဲခြားဆက်ဆံတယ်လို့ ပြောခဲ့ရင် ငြင်းဆိုမှာပါ။ ဒါပေမယ့် သေချာတာ တခုကတော့ လူမျိုးစု ၂ ခု အတွင်းမှာ လူမျိုးစုတစုကနေ နောက်တစုကို မြင်တဲ့အမြင်ကြောင့် ကျနော်တို့ရဲ့လုပ်ငန်းအပေါ်မှာ လာထိခိုက်မှု ရှိတာတော့ အမှန်ပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
လူမျိုးစု ၁ စုကို ကူညီသည့် အတွက်ကြောင့် နောက်လူမျိုးစုက အမြင်မကြည်လင် မှုများသည် ယခုကဲ့သို့ ပြဿနာ မဖြစ်ခင်ကတည်းက ရှိနေပြီးသား ဖြစ်ကြောင်း၊ ထို့အပြင် ယခု ဖြစ်စဉ်၌ ၎င်းတို့အဖွဲ့အစည်းမှ ၀န်ထမ်းတချို့သည် လက်နက်ကိစ္စနှင့် ပတ်သက်၍ ပါဝင်ပက်သက်မှုများ ရှိသည်ဟု စွပ်စွဲမှုများ ရှိနေသည်ကိုလည်း သူက ငြင်းဆန်ကြောင်း Arjan Hehenkamp က ဆိုသည်။
 MSF အဖွဲ့သည် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင် နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြား တွင် ပုံစံမျိုးစုံဖြင့် အလုပ်လုပ်ပေးနေသည့် အဖွဲ့အစည်း တခုဖြစ်ကြောင်း၊ နှစ်ရှည် ကျန်းမာရေး ၀န်ဆောင်မှုပေးသော အဖွဲ့စည်းတခုဖြစ်သကဲ့သို့ အရေးပေါ် ကျန်းမာရေး ၀န်ဆောင်မှုများကိုလည်း လုပ်ပေးနေကြောင်း MSF အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် မစ္စတာ Perer Paul de Groote က ရှင်းပြသည်။
MSF အဖွဲ့၏ အကြီးမားဆုံး စီမံကိန်းသည် HIV နှင့် တီဘီရောဂါ ဝေဒနာရှင်များကို ၀န်ဆောင်မှု ပေးသော
 လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံတွင် HIV လူနာများမှ လူ ၅ သောင်းမျှ ဆေးဝါးကုသမှု ကုထုံးရရှိနေပြီး MSF အဖွဲ့မှ လူ ၃ သောင်းကို ကုသမှု ပေးထားကြောင်း သိရသည်။ တီဘီ လူနာများအတွက် နှစ်စဉ် လူ ၃ ထောင်ကို ကုသမှုပေးနေကြောင်း၊ အဆိုပါ လူနာ များသည် HIV နှင့် ယှဉ်တွဲကာ ဝေဒနာ ခံစားနေသော လူနာများဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ နောက်ထပ် တိုးချဲ့ကုသပေးနေတာက ဆေးယဉ်ပါးနေတဲ့ တီဘီ လူနာတွေအတွက် ကုထုံးတွေ ထပ်ပေး နေပါတယ်။ မကြာခင်ကမှ အစိုးရကလည်း ကချင်ဒေသမှာ ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် အကူညီပေးလို့ ရတယ်လို့ ပြောတဲ့အတွက် ကျနော်တို့ အဲဒီဒေသခံတွေကို အကူအညီတွေ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု မစ္စတာ Perer ပြောသည်။
ရခိုင်ပြည်နယ်တွင် MSF အဖွဲ့၌ တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ချောမောစွာ ဆောင်ရွက်မရအောင် လူတချို့က ခြိမ်းခြောက်နှောင့်ယှက်မှုများနှင့် တွေ့ကြုံနေရကြောင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ရန်လိုအပ်သော လူနာများကို ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးရာတွင်လည်း အခက်အခဲများတွေ့ကြုံနေရပြီး အချိန်မီ မရောက်ရှိသောကြောင့် အသက်ဆုံးရှုံးမှုများရှိနေကြောင်း MSF အဖွဲ့က သတင်းထုတ်ပြန် ထားသည်။
 ၎င်းတို့ အဖွဲ့ရောက်ရှိခဲ့သော ဒုက္ခသည်စခန်းများတွင် အာဟာရချို့တဲ့မှု ပြင်းထန်သော ကလေးငယ်များကို တွေ့ရှိခဲ့ရပြီး အရေပြားရောဂါ၊ နာတာရှည် ချောင်းဆိုးရောဂါ၊ သန်ထခြင်း၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ၀မ်းပျက် ၀မ်းလျောရောဂါများ ဖြစ်ပွားနေသည်ကိုတွေ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
MSF အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် မည်သူ့ကိုမဆို ၎င်းတို့နှင့် လာရောက် စကားပြောရန် ကြိုဆိုထားကြောင်း၊ ရခိုင်လူထု အနေဖြင့် ယင်းတို့ကို ပြန်လည်လက်ခံရန်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ဘာသာရေး ခေါင်းဆောင်များထံတွင် အကြံဉာဏ်များ ရယူခဲ့ကြောင်း Arjan Hehenkamp ကပြောသည်။
“ဒီကိစ္စနဲ့ ပက်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့လည်း စကားပြောဖြစ်ပါတယ်။ ရဟန်းပျိုအဖွဲ့ တွေနဲ့လည်း စကား ပြောဖြစ်ပါတယ်။ သူတို့က ဘယ်လိုအကြံဉာဏ်ရလဲ ဆိုရင် အရင်ဦးဆုံး စပြီးတော့ ညင်ညင်သာသာနဲ့ အလုပ်လုပ်ပါ၊ တစ်ခုခုမလုပ်ခင် တိုင်ပင်ပါ၊ သူတို့ကိုမေးမြန်းပါ၊ ပြဿနာ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းတချို့၊ လူတချို့နဲ့ စကားပြောနိုင်တဲ့ ပုံစံမျိုး လုပ်ပါလို့ အကြံပေးပါတယ်” ဟု ၎င်းက ဆိုသည်။
"ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား" ဆိုတဲ့ ဒေါက်တာဆိတ်ဖွားဆိုသူရဲ့ အွန်လိုင်းရေးသားချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းမည်
"ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား" ဆိုတဲ့ ဒေါက်တာဆိတ်ဖွားဆိုသူရဲ့ အွန်လိုင်းရေးသားချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းမည်။
ဥက္ကဌ - ဦးမြငြိမ်း(ပြည်ထောင်လွှတ်တော် ဒု-နာယက)
ဒု - ဥက္ကဌ - ဦးနန္ဒကျော်စွာ(ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ)
အဖွဲ့ဝင်များ-
ဒေါက်တာ စိုးရင်
ဒေါက်တာ မြတ်ဥာဏစိုး
ဦးဖုန်းမြင့်အောင်
ဦးအောင်ဆန်း
ဦးအောင်ငြိမ်း
ဦးခိုင်မောင်ရည်
ဦးကံညွန့်
ဦးသိန်းညွန့်
ဦးစိုင်းကျော်ဇောသန်း
ဦးအုန်းကြိုင်
ဦလှဆွေ
ဦးသိန်းဦး
ဦးစန်းလွင်
ဒေါ်ကြင်စန်း
ဦးမင်းဆွေ
သမ္မတ ဦးသိန်းစိန် လက်ထက် အကျင့်ပျက်ဝန်ထမ်း တစ်သောင်းကျော်ကို အရေးယူခဲ့
"အစိုးရကောင်း အစိုးရသန့်" ဖြစ်ရေးကြွေးကြော်ထားတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ တာဝန်ယူချိန်ကစပြီး အခုထိ အကျင့်ပျက်ဝန်ထမ်းပေါင်း တစ်သောင်းခုနစ်ထောင်လောက် အရေးယူခဲ့တယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ် ဧပြီလကနေ ၂၀၁၂ခုနှစ် ဒီဇင်ဘာလအထိ ရဲအရာရှိတွေ အများဆုံးပါဝင်တဲ့ အစိုးရ၀န်ထမ်းပေါင်း တစ်သောင်း ခြောက်ထောင် ကိုးရာ ငါးဆယ့်နှစ်ယောက် ကို အရေးယူအပြစ်ပေးခဲ့တယ်လို့ ဒီသီတင်းပတ်အတွင်း အစိုးရက လွှတ်တော်ကို တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ပါဝင်ကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။
သန့်ရှင်းတဲ့ အစိုးရကောင်းတစ်ရပ်အတွက် လိုအပ်ချက်နဲ့အညီ ၀န်ကြီးတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အစီရင်ခံစာအရ အရေးယူခံရတဲ့ ၀န်ထမ်းတွေထဲမှာ ထောင်ဒဏ်ချမှတ်ခံရသူပေါင်း (၃၈၀)၊ ရာထူးက ထုတ်ပယ်ခံရသူပေါင်း (၄၉၀၀)ကျော်၊ အလွဲသုံးငွေ ပြန်ပေးဖို့ အမိန့်ချခံရသူ (၈၀) ရှိပြီး၊ အရေးယူခံရသူ ရဲဝန်ထမ်း (၆၈၉)ယောက်ရှိတယ်လို့ သိရပါတယ်။
ဒါ့ပြင် ရာထူးချခံရသူ၊ သတိပေးစာ ထုတ်ပြန်ခံရသူတွေရှိကြောင်းလည်း ဖေါ်ပြထားပေမဲ့ ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက် အသေးစိတ်တွေကိုတော့ ဖေါ်ပြမထားဘူးလို့ AFP က ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် လက်ထက် အကျင့်ပျက်ဝန်ထမ်း တစ်သောင်းကျော်ကို အရေးယူခဲ့ "အစိုးရကောင်း အစိုးရသန့်" ဖြစ်ရေးကြွေးကြော်ထားတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ တာဝန်ယူချိန်ကစပြီး အခုထိ အကျင့်ပျက်ဝန်ထမ်းပေါင်း တစ်သောင်းခုနစ်ထောင်လောက် အရေးယူခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလကနေ ၂၀၁၂ခုနှစ် ဒီဇင်ဘာလအထိ ရဲအရာရှိတွေ အများဆုံးပါဝင်တဲ့ အစိုးရ၀န်ထမ်းပေါင်း တစ်သောင်း ခြောက်ထောင် ကိုးရာ ငါးဆယ့်နှစ်ယောက် ကို အရေးယူအပြစ်ပေးခဲ့တယ်လို့ ဒီသီတင်းပတ်အတွင်း အစိုးရက လွှတ်တော်ကို တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ပါဝင်ကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။ သန့်ရှင်းတဲ့ အစိုးရကောင်းတစ်ရပ်အတွက် လိုအပ်ချက်နဲ့အညီ ၀န်ကြီးတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အစီရင်ခံစာအရ အရေးယူခံရတဲ့ ၀န်ထမ်းတွေထဲမှာ ထောင်ဒဏ်ချမှတ်ခံရသူပေါင်း (၃၈၀)၊ ရာထူးက ထုတ်ပယ်ခံရသူပေါင်း (၄၉၀၀)ကျော်၊ အလွဲသုံးငွေ ပြန်ပေးဖို့ အမိန့်ချခံရသူ (၈၀) ရှိပြီး၊ အရေးယူခံရသူ ရဲဝန်ထမ်း (၆၈၉)ယောက်ရှိတယ်လို့ သိရပါတယ်။ ဒါ့ပြင် ရာထူးချခံရသူ၊ သတိပေးစာ ထုတ်ပြန်ခံရသူတွေရှိကြောင်းလည်း ဖေါ်ပြထားပေမဲ့ ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက် အသေးစိတ်တွေကိုတော့ ဖေါ်ပြမထားဘူးလို့ AFP က ဆိုပါတယ်။
RFA Burmese
ယနေ့ ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၈-၂-၂၀၁၃၊ သောကြာနေ့ အစီအစဉ်များ
ယနေ့ ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၈-၂-၂၀၁၃၊ သောကြာနေ့ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁) နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ပြည်ထောင်စု ၀န်ကြီးများ အဖြစ် ခန့်အပ် တာဝန် ပေးလိုခြင်းနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခြင်း။
၂) ဒုတိယ ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန် ပေးခြင်းနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း။
၃) ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ရှင်းလင်း တင်ပြခြင်း။
၎) JICA မှ တရားဝင် ဖွံ့ဖြိုးမှု အကူအညီ ချေးငွေ ရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ဖတ်ကြား ရှင်းလင်း တင်သွင်းခြင်း။
 ၅။ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုခြင်းနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို လွှတ်တော်သို့ တင်ပြခြင်း။
 ၆။ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို လွှတ်တော်သို့ တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း။
၇။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့် စပ်လျဉ်းသည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်း။
၈။ ပြည်ထောင်စု လွှတ်တော် နယက က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ ကြေညာခြင်း။
 ၉။ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ တရားဝင် ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ (ODA Loan) ရယူရေးကိစ္စ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်က ဖတ်ကြားရှင်းလင်းတင်ပြခြင်း။
 ၁၀။ အဆိုပါ တရားဝင် ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ (ODA Loan) ရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်း။
၁၁။ အဆိုပါတရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေ (ODA Loan) ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုချက်ရယူခြင်း။
 ၁၂။ သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင် ရွက်နေမှုနှင့် စပ်လျဉ်း၍အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လွှတ်တော်သို့ အသိပေးတင်ပြခြင်း။
၁၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းအပေါ် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့်ဦးသောင်းဟန်၊ ယင်းမာပင် မဲဆန္ဒနယ်တို့၏ ထပ်မံပြင်ဆင်ဖြည့်စွက်ရန် အချက်များနှင့်စပ်လျဉ်၍ အပိုဒ်၊ အပိုဒ်ခွဲအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
 ၁၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်လုံးကို ထပ်မံပြင်ဆင်ထားသည့် အတိုင်းအတည်ပြုရန် လွတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
 ၁၅။ လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့်အချက်များနှင့်တိုင်ရိုက် သက်ဆိုင်သော ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များအား အောက်ပါ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း- (က) ဒေါ်ခင်စန်းလိုင်း၊ ပုလဲ မဲဆန္ဒနယ်၊ (ခ) ဦးစိုင်းသန်းနိုင်၊ ဖာပွန်မဲဆန္ဒနယ်၊ (ဂ) ဒေါက်တာမြတ်ဥာဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)။
၁၆။ လာတ်ပေးလာတ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသည့် အချက်များကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၁၇။ ပြည်ထောင်စုလွှတ်တော် နာယက အင်တာနက်တွင် ဖော်ပြ ပါရှိသော ဒေါက်တာဆိတ်ဖွား၏ Above the Law ခေါင်းစဉ်ပါ ဝေဖန် ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်း နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြခြင်း။
ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင်....
ပါလီမန်တို့ ရွေးကောက်ပွဲတို့ဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ လုံးလုံးကြီး အဆက်ပြတ်သွားတာ နှစ်ပေါင်း ၅ဝ ကျော်ရှိပြီ ဖြစ်လေတော့ ဒီနေ့ အသက် ၆ဝ တန်းရောက်နေ သူတွေတောင် ကြားဖူးနားဝ သိနေတာတွေပဲ ရှိလိမ့်မယ်။ သေသေချာချာ ရေရေရာရာ သိကြမှာ မဟုတ်ဘူး။
 လိမ်လို့လိမ်မှန်း မသိ
 စာလေးပေလေး ဖတ်ရကောင်းမှန်းသိလို့ အတန်အသင့် သိနေတယ်ဆိုလည်း မလုံလောက်ဘူး။ ကိုယ်တွေ့မျက်မြင် ကြုံတွေ့ရတာလောက်တော့ ဘယ်ဟာမှ မပြည့် စုံဘူး။ ဒါပေမဲ့ လုံးလုံးမသိတာ ထက်တော့ အများကြီးသာတယ်။ ဒါကြောင့် စာတော့အချိန်ရသလောက် ဖတ်နေသင့်တယ်။ စာမဖတ်ရင် လိမ်လို့ လိမ်မှန်းမသိ၊ ညာလို့ ညာမှန်းမသိ ဖြစ်တတ်တယ်။ အထူးသဖြင့် အခုလို သမိုင်းလှည်းဘီး တစ်ပတ်ပြန်လည်လာချိန်မှာ ရှေးကအလိမ်ခံခဲ့ ရတာတွေကို သိထားဖို့ ပိုလိုအပ်တယ်။ ဘာကြောင့် လဲဆိုတော့ သမိုင်းဖြစ်စဉ်တွေဟာ ထပ်ခါတလဲလဲ တစ်ကျော့ပြီး တစ်ကျော့ ပြန်ပြန်ဖြစ်တတ်တဲ့ သဘောရှိလို့ပဲ။  
နဝေတိမ်တောင်
ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ပညာရှင်ပီသစွာ လိုရင်းကို ‘ဒက်’ခနဲ ပြောလိုက်တယ်။ ‘သမိုင်းသင်တာ မအ,အောင်’လို့တဲ့။ တစ်ခွန်းတည်းပဲ။ ဒါပေမဲ့ အဓိပ္ပာယ် အများကြီး ထွက်တယ်။ အ,ရင် လိမ်လို့ လိမ်မှန်းမသိ၊ ညာလို့ညာမှန်း မသိဖြစ်ပြီး ‘နဝေတိမ်တောင်’နဲ့ ခဏခဏ အလိမ်ခံရတယ်။ လိမ်မှန်းမသိလို့ လိမ်တိုင်းခံတာတွေ သိပ်များလာတဲ့ အခါကျတော့၊ လိမ်တဲ့သူတွေက ကိုယ့်ကိုလူလို့ သဘောထားပြီး လိမ်ပြောဖို့တောင်ကြိုးစား မနေတော့ဘဲ သူလုပ်ချင်တာ ကို ပြောင်ပြောင်တင်းတင်းပဲ လုပ်ချတော့တယ်။ ဒီလိုနဲ့ပဲ လစ်ဗျားကက ဒါဖီလို၊ ဆီးရီးယားက အာဆတ်လို၊ အီရတ်က ဆက်ဒမ်ဟူစိန်လို အာဏာရှင်တွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။
 လူတိုင်း စာတတ်မြောက်ဖို့လို
 အဲဒီနိုင်ငံတွေမှာ စာမတတ်သူ ဦးရေလည်း အတော်များတယ်။ အထူးသဖြင့် အမျိုးသမီး စာမတတ်သူတွေ များတယ်။ ဒါကြောင့် အာဏာရှင်တွေ သက်ဆိုးရှည်ခဲ့ကြ တယ်။ ဒီမိုကရေစီစနစ် ထူထောင်မယ်ဆိုရင် နိုင်ငံသားတိုင်း စာတတ်မြောက်ရေးကို မဖြစ်မနေလုပ်ဆောင် ကြရတယ်။ ဒီမိုကရေစီစနစ် ဆိုတာ နိုင်ငံသားတွေ ကိုယ်တိုင်နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်။ ဘုရင်တွေ အာဏာရှင်တွေက ရာဇပလ္လင်ကြီးတွေမှာ ထိုင်ပြီး၊ တိုင်းသူပြည်သားတွေကို ကျေးကျွန်တွေလို တစ်ချက်လွှတ် အမိန့်အာဏာနဲ့ အုပ်ချုပ်တာမဟုတ်ဘူး။ တိုင်းသူပြည်သားတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေကို သူတို့စိတ်ကြိုက် ဆန္ဒပေးရွေးချယ်ပြီး အဲဒီ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်က တစ်ဆင့် တိုင်းရေးပြည်မှု ကိစ္စမှန်သမျှကို ဆောင်ရွက်တာဖြစ်တယ်။  
ဒီမိုကရေစီရဲ့ သော့ချက်
လူမှန်နေရာမှန်ကို ရွေးချယ်ခြင်းဟာ ဒီမိုကရေစီရဲ့ သော့ချက်ဖြစ်တယ်။ အဲဒီလို ရွေးချယ်တတ်ဖို့၊ လူကို အကဲခတ်တတ်ဖို့ဆိုတာ စာတတ်ရုံနဲ့တင်မရဘူး။ စာများများ ဖတ်ထားဖို့လိုတယ်။ ကိုယ်စားလှယ် အဖြစ် အရွေးခံမယ့်သူတို့၊ နိုင်ငံ ရေးပါတီတို့ဆိုတာက ထုံးစံအတိုင်း တိုင်းပြည်တိုးတက်အောင် ဘာလုပ်မယ်၊ ညာလုပ်မယ် ပြောကြ တာ ချည်းပဲ။ အဲဒီတော့ သေသေချာချာ ဆန်းစစ်ဝေဖန်ပြီး အရွေးမမှားဖို့အတွက် အဲဒီလူတွေနဲ့ အဲဒီပါတီတွေအကြောင်း ကောင်းကောင်း သိထားဖို့လိုတယ်။ သူတို့ ဘာတွေ ပြောတယ်ဆိုတာထက် သူတို့ဘာတွေ လုပ်ခဲ့တယ်၊ ဘာတွေလုပ်နေတယ် ဆိုတာကို ဆန်းစစ်ရမယ်။ စာဖတ်မထားရင် ဒါတွေဘာမှ မသိနိုင်ဘူး။
 မီးမရှိ မီးခိုးမရှိ
လတ်တလော ကိစ္စလေးတွေ ကို ကြည့်ရုံနဲ့လည်း မလုံလောက် သေးဘူး။ သမိုင်းဟာ သူ့အလိုလို တစ်ကျော့ပြန်လည်လာတတ်တယ် ဆိုတဲ့စကားအတိုင်း လူ့သမိုင်းဖြစ် ရပ်တွေဟာ ထပ်ခါထပ်ခါ ဖြစ်တတ်တဲ့သဘောကို နားလည်ထားဖို့လည်း လိုတယ်။ အကြောင်းအရာတစ်ခု၊ ကိစ္စတစ်ခုကို ဆန်းစစ်တဲ့အခါမှာ ဘာကြောင့်ဖြစ်လာ ရတယ် ဆိုတဲ့ အကြောင်းရင်းဇာစ်မြစ်ကို ရှာကြည့်ရတယ်။ မီးမရှိဘဲနဲ့ မီးခိုးမရှိနိုင်ဘူးဆိုတဲ့ ကျိုးကြောင်းဆက်စပ်မှု သဘောတရားကို အခြေခံပြီးဆန်းစစ်မှ အမှန်ကို သိနိုင်တယ်။ ဒီလိုသိမှ လူမှန်နေရာမှန် ဖြစ်အောင် ရွေးချယ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အတိတ်သမိုင်းကို မေ့ပစ်လို့မရဘူး။ ဖျောက်ပစ်လို့ မရဘူး။ အတိတ်ကြောင့် ပစ္စုပ္ပန် ဖြစ်လာ တယ်။ ပစ္စုပ္ပန်က အနာဂတ်ကို ဖန်တီးမှာ ဖြစ်တယ်။
 ဖွင့်ပြီး ပျောက်သွားတာ မဖြစ်ရအောင်
 လူတွေကို စာတတ်အောင် အရင်ဆုံးလုပ်ရမယ်။ ပြီးတော့ စာဖတ်အောင် အမြဲနိုးဆော် နေရမယ်။ ကျောင်းသားတွေရော ပြည်သူလုထုပါ စာဖတ်ချိန်ရအောင် လည်း လုပ်ပေးရမယ်။ နောက်ပြီး လူတွေစာအုပ်ဝယ် ဖတ်နိုင်အောင်လည်း မဖြစ်မနေလုပ်ဆောင်ပေးဖို့ လိုတယ်။ စာတတ်ပြီး စာမဖတ်သူ တွေများနေတာ မကောင်း ဘူး။ ကျောင်းတိုင်း ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်တွေ ရှိသင့်တယ်။ ရှိတယ်ဆိုရုံ ရှိနေတာမျိုး ပြောတာ မဟုတ်ဘူး။ စာအုပ်တွေရော စာဖတ်သူတွေပါ အမြဲတမ်း စည်ကားနေတဲ့ တကယ့်စာကြည့်တိုက်ကို ပြောတာ။ ဖွင့်ပြီးမကြာခင် ပျောက်သွားတာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်းတတ်ဖို့ လိုတယ်။ တိုင်းသူပြည်သားတွေ စာများ များ ဖတ်မှ လူမှန်နေရာမှန် ရွေးပေးတတ်မှာပါ။ ဒါကြောင့် ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင် စာဖတ်သူတွေ များလာအောင် မဖြစ်မနေလုပ်ကြဖို့ လိုတယ်လို့ သတိပေး နှိုးဆော်လိုက် ချင်ပါတယ်။
လူထုစိန်ဝင်း ၂ဝ.၃.၂ဝ၁၂
Wednesday, February 6, 2013
ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်
ဟုပ် ပါ့ မ လား မောင် ကာ လု ရဲ့ ???? 
(ဓာတ်ပုံ - ဟိန်းထက် ၊ မဇ္ဈိမ) 
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်က ပြောဆိုသည်။ Red Link ၏ ဝေဖန်မှုခံနေရသော အင်တာနက် ဝန်ဆောင်မှု နှေးကွေးခြင်းကိုလည်း ဦးမင်းဆွေလှိုင်က ဝန်ခံပြောကြားလိုက်ပြီး ကိုယ်တိုင်ပင်လျှင် ကျေနပ်မှု မရှိဟုဆိုသည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းဖြစ်ရာ ယခုလအတွင်း ဆက်သွယ်ရေးဝန်ထမ်းများနှင့် ဆက်သွယ်ရေး ဝန်ဆောင်လုပ်ငန်းများလုပ်ဆောင်နေသည့် ကုမ္ပဏီများကို ခေါ်ယူစစ်ဆေးမှုများ ရှိနေသည်ဟူ သည့် ထင်မြင်ချက်များနှင့် ပတ်သက်၍လည်း ဦးမင်းဆွေလှိုင်က ရှင်းလင်းထားသည်။ ဆက်သွယ်ရေး လုပ်ငန်းများတွင် ကြိုးနီစနစ် လွှမ်းမိုးနေသည်ဟုဝေဖန်လိုက်သူ Red Link ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင် ကို ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်အင်တာနက် သုံးစွဲသူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ အတွက်ပြင်ဆင်နေမှု Red Link ကုမ္ပဏီနှင့်ဆက်သွယ်ရေး ဝန်ထမ်းတို့၏ ဆက်ဆံရေးအခြေအနေတို့ကို မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်သည်။ ပထမဆုံး မေးချင်တာက ဖုန်းကဒ် ဈေးနှုန်းတွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းရှင် တယောက်အနေနဲ့ ဘယ်လောက် ဖြစ်သင့်တယ်လို့ ထင်ပါသလဲ။ ဈေးနှုန်းက နိုင်ငံတကာဈေးပဲပေါ့။ နိုင်ငံတကာမှာ ဘယ်လောက်နဲ့ရောင်းသလဲ။ ဒီလောက်ပဲပေါ့။ ဈေးနှုန်းက သူများ မှာ ရောင်းနိုင်ပြီး ကိုယ်က မရောင်းနိုင်ရင် တစ်ခုခုမှားလို့ပေါ့။ ပြည်သူကတော့ နိုင်ငံတကာ ဈေးအတိုင်း လိုချင်တာ ပေါ့။ အကယ်၍ပေါ့ Red Link က ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ လုပ်ပိုင်ခွင့်ရမယ်ဆိုရင် Red Link အနေနဲ့ အများပြည်သူတွေ စိတ်ဝင်စားနေတဲ့ ဖုန်းကဒ်တွေကို ဘယ်ဈေးလောက်နဲ့ ရောင်းနိုင်မလဲဆိုတာ ပထမဆုံး မေးချင်တယ်။ ကျွန်တော်တို့က Zero Cost (အခမဲ့)တင် မဟုတ်ဘူး။ တစ်အိမ် တက်ဆင်း တံခါးခေါက်ပြီး ကျွန်တော်တို့ဟာ ဝယ်ပါ လို့ သွားမှာပဲ။အလကားပေးရုံတင်မကဘူး အိမ်အရောက်လာပေးမှာ။မြို့ကြီးတွေမှာဆိုရင် ခြောက်လအတွင်းပေးနိုင် ပါတယ်။ တစ်နိုင်ငံလုံး ဆိုရင်တော့ တစ်နှစ်ခွဲ လောက်အတွင်း ပေးနိုင်ပါတယ်။ နှစ်နှစ် သုံးနှစ်လောက် အတွင်း အကုန်အပြီး ပေးနိုင်ပါတယ်။ Red Link က ဖုန်းကတ်ကို အခမဲ့ပေးမယ်ဆိုတော့ ဆိုတော့ ဝမ်းသာစရာပါပ။ဲ ဒါပေမယ့် အခုRed Link က ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက် သုံးစွဲခ ဈေးနှုန်းတွေက တော်တော်များနေတယ်လို့ဝေဖန်ကြပါ တယ်။ အခုဖုံးကတ် ကိစ္စ ပြောလာတဲ့အခါမှာ လက်တွေ့ကော ဖြစ်နိုင်ရဲ့လား။ ဈေးများတယ်ဆိုတာ ကျွန်တော်တို့လည်း ဝန်ခံပါတယ်။ ကျွန်တော်တို့မူကိုက Initial Price (ကနဦး ဈေးနှုန်း) ကို Zero(သုည)နဲ့ ပေးဖို့ရည်ရွယ်ချက်ရှိတယ်။ ကျွန်တော်တို့ကလည်း အစိုးရက တောင်းဆိုထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ကိုလည်း တစ်နိုင်ငံလုံး လုပ်ကိုင်ခွင့်လိုင်စင် ဒီနေ့သာပေးလိုက်။ မနက်ဖြန် ကျွန်တော်တို့ Initial Cost ကို Zero ပေးလို့ရတယ်။ အခုက Full (အပြည့်အဝ) လိုင်စင် မရှိသေးဘူး။ ကျွန်တော်တို့က ဆက်သွယ်ရေးအောက်၊ ရတနာပုံ တယ်လီပအောက်မှာ လုပ်နေရတာဆိုတော့ လွတ်လွတ် လပ်လပ် လုပ်ခွင့်မရသေးဘူး။ သူတို့သတ်မှတ်ထားတာတွေရှိတယ်။ သူတို့ကို Sharing လုပ်နေရတာတွေ ရှိတယ်။ ဒါတွေကTransaction Cost တွေပဲ။ ဒါတွေက ပေးနေရတာပဲ။ ကိုယ်တို့ကို လုပ်ပိုင်ခွင့် သာပေးလိုက်မယ်ဆိုရင် မရှိတော့တဲ့အတွက်နိုင်ငံတကာနှုန်းနဲ့ ရောင်းနိုင်ပါတယ်။ REd Link ရဲ့အင်တာနက် ၀န်ဆောင်မှုတွေ အပေါ်မှာလည်းတော်တော်လေး ဝေဖန်နတာ တွေ့ရပါတယ်။ ဒီအပေါ်မှာကော ဘာတွေပြောချင်ပါသလဲ။ Service (ဝန်ဆောင်မှု) ကိုပြောမယ်ဆိုရင်တော့ ဒီService ကကျေနပ် ဖွယ်ရာမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မကျေနပ်ပါဘူး။ သုံးတဲ့သူကတော့ ကောင်းကောင်းသုံးချင်တာပဲ။ ဒါကို Service ပေးဖို့က ဝန်ဆောင်မှုပေးတဲ့သူတွေမှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့က ကြားခံ ဖြစ်နေပါတယ်။ ဆက်သွယ်ရေးက Miss Management (လွဲချော်သည့် စီမံခန့်ခွဲမှု)နဲ့ မလုပ်ပေးနိုင်ရင် ကျွန်တော်တို့က အခက်အခဲတွေရှိပါတယ်။ ကျွန်တော်တို့ကို ပြည်သူနဲ့သာ တိုက်ရိုက် ချိတ်ဆက် ခွင့်ပေးလိုက်ရင် နိုင်ငံတကာနဲ့ ချိတ်ခွင့်ပေးရင် ကျွန်တော်တို့ အကောင်းဆုံး Quality (အရည်အသွေး) ပေးနိုင်ပါတယ်။ ဝေဖန်နေတာလည်း တကယ် မကောင်းလို့ဆိုတာ လက်ခံပါတယ်။ ကျွန်တော်တို့မှာလည်း Limitation (အကန့်အသတ်တွေ) ရှိတယ်။ ဒါဆို အင်တာနက် အမြန်နှုန်းတွေကောင်းဖို့ ကောဘာတွေ လုပ်ဖို့ လိုမယ်ထင်လဲ။ လိုအပ်တာက ပုဂ္ဂလိက ဆန်ဆန် အားလုံးကလုပ်မှရမယ်။ ကြိုးနီစနစ်၊ ဗျူရိုကရေစီစနစ် မရှိမှရမယ်။ ဒီလုပ်ငန်းက မိနစ်နဲ့အမျှ နည်းပညာကို ပြောင်းလဲနိုင်ရမယ်။ နောက်တစ်ချက်ကဈေးကွက် ကို ယုံယုံကြည်ကြည်နဲ့ ဖွင့်ပေးစေချင် တယ်။ ဆက်သွယ်ရေးနဲ့ ပတ်သတ်တဲ့ Mobil Project တွေမှာ Red Link အနေနဲ့ ဘာကြောင့်များ ၀င်မပါ ဖြစ်တာလဲ။ Red Link အနေနဲ့ အစည်းအဝေးတွေ တက်ခဲ့တယ်။ သူတို့ရဲ့ ငွေကြေးတွက်ချက်မှုမှာ Per line Cost က နိုင်ငံတကာနဲ့ယှဉ်ရင် သုံးဆလောက်များနေတယ်။ အဲဒါကြောင့်ကျွန်တော်တို့က အဲဒီပရောဂျက်ပေါ်မှာ ယုံကြည်မှု မရှိလို့ မပါခဲ့ပါဘူး။ ဒီလို သန်းခြောက်ဆယ်သော ပြည်သူအတွက် စဉ်းစားတဲ့ National Level ပရောဂျက်ကို စဉ်းစား တာပညာရှင် ပါကိုပါရမယ်။ စီးပွားရေးပညာရှင်၊ နည်းပညာ ပညာရှင် ပါရမယ်။ ဒါတွေမပါဘဲ အင်ဂျင်နီယာ တစ်ယောက် ဆွဲခဲ့တာလေးကို နေရှင်နယ်ပရောဂျက်အဖြစ် ဆွဲခဲ့တာကိုက မှားတယ်လို့ ကျွန်တော်တို့ကယူဆတယ်။ နောင်တစ်ချိန်လုပ်တဲ့ ပရောဂျက်တွေ ဆိုရင်တော့ နားလည်တဲ့ ပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ နိုင်ငံတကာ နဲ့ ဆက်ဆံလုပ်ကိုင်နေတဲ့သူတွေ ဖိတ်ခေါ်သင့်တယ်။ အဲဒီတုန်းက ပရောဂျက် ဏူညေက တစ်နှစ်တစ်လကြာရင် မြတ်မယ်ဆိုခဲ့တယ်။ ဒီလို မြတ်တယ်ဆိုတာပုံမှန် စီးပွားရေးမှာ မမြတ်ပါဘူး။ဘိန်းရောင်းမှပဲ မြတ်မယ်။ အခုကတော့ ဈေးနှုန်းကိစ္စမှာ တော်တော်လေး ပြဿနာတွေဖြစ်တယ်လည်းကြားပါတယ်။ ဒီကိစ္စမှာ ဆက်သွယ်ရေးနဲ့ နီးစပ်တဲ့ ကုမဏီတွေကိုလည်း စစ်ဆေးနေတယ်လို့ ကြားပါတယ်။ Red Link ကုမဏီ ကောပါဝင်ပါလား။ ကျွန်တော်တို့ကတော့ အစစ်မခံရတဲ့အတွက် သေချာမသိပါဘူး။စစ်ဆေးခံရတာကိုတော့ ဘာမှန်းမသိဘူး။ ကျွန်တော် တို့ကလည်း ဘာမှပတ်သက်ထားခြင်း မရှိပါဘူး။ ရှုပ်ထွေးမှုရှိတယ်လို့ ယူဆလို့ပါ။ ကျွန်တော်တို့က အော်ပရေတာပဲ လုပ်ချင်တယ်။ အခုဆို ဆက်သွယ်ရေး ၀န်ကြီးလဲ အပြောင်းအလဲ ဖြစ်သွားပြီ။ ဒီအပြောင်းအလဲ အပေါ်မှာအကောင်း ဘက်က ဘာမျှော်လင့်လို့ ရနိုင်မယ်လို့ ထင်ပါသလဲ။ ကောင်းသော အပြောင်းအလဲပဲ မျှော်လင့်ပါတယ်။ ကြားရတာကတော့ ပြည်တွင်း လုပ်ငန်းရှင်တွေကိုလည်း ဦးစားပေးချင်တယ်လို့ သမ္မတကြီးက ညွှန်ကြားထားတာရှိတယ်လို့ကြားပါတယ်။ ကြိုဆိုပါတယ်။ ပြည်တွင်းမှာလည်း တကယ်မတတ်ဘဲနဲ့လုပ်နေတဲ့ ပညာရှင်တွေ ကြီးစိုးသွားမှာကို ကျွန်တော်တို့က မလိုလားပါဘူး။ ကျွန်တော်တို့လည်း ပညာရှင်ဘဝကနေ တစ်ဆင့်ချင်း တက်လာတာပါ။ ကျွန်တော်တို့ဆိုလည်း တစ်ကျပ်တစ်ပြားကအစ စိစစ်ပြီး လုပ်ကိုင်မှ ဒီလိုလုပ်ငန်းမျိုးက လုပ်နိုင်တာပါ။ တစ်ကျပ်ရင်း တစ်ဆယ်မြတ်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မပါဘဲနဲ့ လုပ်နိုင်တဲ့လုပ်ငန်းမဟုတ်ပါဘူး။ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်မဲ့ ကုမဏီ နှစ်ခုရှိပြီးပြီပေါ့။ ရတနာပုံ တယ်လီပို့နဲ့ မြန်မာ့ဆက်သွယ်ရေး ပေါ့ ။ နောက်နှစ်ခုကိုလဲ ထပ်ခေါ်ထားတော့ လေးခုပေါ့။ လေးခုတင် လုံလောက်မယ်လို့ ထင်ပါသလား။ အိုင်ဒီယာမျိုးစုံပေါ့။ မိုဘိုင်းအော်ပရေတာ ကမ္ဘာပေါ်မှာ အများကြီှးကမလငလန မဖြစ်တော့ဘူး။ လေးခုဆိုတာ လုံလောက်တယ် ပြောလို့ရတယ်။ ဒါပေမယ့် အခြေအနေပေါ်မှာမူတည်တာပေါ့။ ကျွန်တော့်အမြင်တော့ စပေးတာ က လေးခုထက်မကပေးသင့်တယ်ထင်တယ်။ ပြုတ်သွားနိုင်တာ ရှိသေးတာကိုး။ Sea Game မှာ ၀ိုင်ဖိုင်လွှင့်ခွင့် ကို Red Link က ရတယ်လို့ သိရပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စကားအသုံးအနှုန်းကိုတော့ နည်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။ လုပ်ခွင့်ရတယ်လို့ ပြောလိုက်တော့ ကျွန်တော်တို့က လုပ်ပိုင်ခွင့်ရသလို ဖြစ်နေတယ်။ အခုဟာက ကျွန်တော်တို့က Sea Game မှာ ၀ိုင်ဖိုင် သုံးလို့ရအောင် အခမဲ့ လှူတာ။ အခုကဆက်သွယ်ရေးဘက်က ပြောတာက Red Link ကို လုပ်ပိုင်ခွင့် ပေးတယ်ဆိုတော့ ကျွန်တော်တို့က ပြောရရင်ရွှေတိဂုံမှာ ရွှေသင်္ကန်းကပ်ဖို့ လှူတာကို ရွှေသင်္ကန်းကပ်ခွင့် လိုင်စင် ပေးလိုက်သလို ဖြစ်နေတယ်။ နားမလည်လို့ ပြောတာလည်းဖြစ်မှာပါ။ ကျွန်တော်တို့က ၂ဝ၁၃ Sea Game မှာ ဒီတိုင်းပြည်မှာ လုပ်လို့ Contribute လုပ်လို့ Free စပွန်စာ ပေးတာ၊ကုမ္ပဏီပေါင်း ၅ဝ လောက် ဝင်ပြိုင်တဲ့အထဲမှာမှ ကျွန်တော်တို့တစ်ဦးတည်း ရခဲ့တာ။ အမှန်တကယ်က ကျွန်တော်တို့ တစ်ဦးတည်းပဲ။ ဒါပေမယ့် နိုင်ငံတော် အကြီးအကဲတွေက တစ်ဦးမဟုတ်ဘူး။ နှစ်ဦးပေးပါဆိုလို့ Sky net ပါ ပါလာတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ Brand ကို ၂ဝ၁၃ Sea Game နဲ့ အတူ ကြော်ငြာမယ်။ လုပ်ပိုင်ခွင့်ပေးတယ် ဆိုတော့ အများပြည်သူတွေအမြင်မှာ Red Link ကခရိုနီတွေတော့ ရပြန်ပြီ ထင်မှာပေါ့။ တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က Contribute လုပ်တာပါ။ကျွန်တော်တို့က လှူဒါန်းတာပေါ့။ လှူဒါန်းတဲ့ ပမာဏနဲ့ညီတဲ့ ကြော်ငြာခွင့်တော့ ကျွန်တော်တို့ကို အားကစားဝန်ကြီးဌာနက ပြန်ပေးမှာပေါ့။ ဘယ်နေရာတွေမှာ ၀န်ဆောင်မှု ပေးမှာပါလဲ။ ကျွန်တော်တို့ ရထားတာကမြန်မာနိုင်ငံအောက်ပိုင်းအတွက် ရထားပါတယ်။ ရန်ကုန်၊ ပုသိမ် (ငွေဆောင်)ပေါ့။ အဲဒီမှာ ကျွန်တော်တို့ Wifi Hotspot တွေ လွှင့်ပေးမယ်။ ကျွန်တော်တို့က ဒီကာလမှာfree ပေးချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ မူချထားတာကလည်း free ပါ။ ကျွန်တော်တို့ ဒီမှာပါဝင်ဖို့လည်း တကယ်ကို ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါကြောင့် Local ကုမ္ပဏီတစ်ခုအနေနဲ့ လုပ်ကိုင်ခွင့်ရတာကို ဂုဏ်ယူပါတယ်။ အမြန်နှုန်းကိုရော ဘယ်လိုများ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမှာပါလဲ။ အဲဒီကိစ္စကိုလည်း ကျွန်တော်တို့ ဒုဝန်ကြီး ဦးသောင်းတင်ကို သွားတွေ့ဖို့ စီစဉ်ထားပါတယ်။ သူကလည်း အင်တာနက် မြန်ဆန်ရေးကိုတော်တော်လေး အာရုံစိုက်နေတယ်။ကျွန်တော်တို့ကလည်း အင်ဂျင်နီယာတွေ Technician တွေ ဖြစ်တဲ့အတွက် သူ့ကိုလည်း အကောင်းဆုံးအကြံဥာဏ်တွေ ပေးမယ်။ အဓိကကတော့ ဒီမှာက ပစ္စည်းတွေလည်းရှိ တယ်။Bandwidth တွေလည်းရှိတယ်။ ဒါပေမဲ့ Fully Utilized မလုပ်နိုင်ဘူး။ Poor Management ဖြစ်နေတယ်။ Poor Management ကဘာတွေကို ရည်ရွယ်ပါသလဲ။ Poor Management ကအစိုးရ ဝန်ကြီးဌာနက ဝန်ထမ်းတွေကိုင်တွယ်တဲ့အတွက် limitation တွေရှိမှာပေါ့။ lack of Technical Knowledge ပေါ့ ။ နောက်တစ်ခုက ဗျူရိုကရေစီစနစ်တွေ ရှိကောင်းရှိနိုင်တယ်။ အိုင်တီသမားက Configuration တစ်ခု ပြောင်းဖို့အတွက်ကိုအထက်ကို စာတင်ရတယ်။ အထက်က ခွင့်ပြုမှဆိုရင် အထက်ကလည်း နားလည်ချင်မှ နားလည်မယ်။ ကိုယ့်ရဲ့တာဝန်က မြန်ဆန်ဖို့ ဆိုတာကိုကိုင်တွယ်တဲ့လူက နားလည်ဖို့လိုတယ်။ မမြန်သေးသရွေ့ ငါမှားနေတယ်ဆိုတာ သိရမယ်။ ငါမလုပ်နိုင်လည်း ငါထွက်မယ်ဆိုတဲ့ စိတ်ဓါတ်ကို ဒီဝန်ကြီးဌာန မှာရှိတဲ့ အင်ဂျင်နီယာ level အထိက ရှိမှ ပြည်သူ ဗဟိုပြု ဆားဗစ်ကို သွားလို့ရမယ်။ ပြည်သူ ဗဟိုပြု တကယ်သွားချင်ရင်တော့ Mindset ကို ပြောင်းရမယ်။ပြည်သူက နှေးနေပါတယ်လို့ ပြောတာကို လက်ခံပြီးတော့ ငါဘယ်လိုမြန်အောင် လုပ်ရမလဲဆိုတာ ပြောင်းဖို့လိုနေပြီ။ အဲဒါကိုလည်း ဒုဝန်ကြီး ဦးသောင်းတင် ကို ပြောထားပါတယ်။ သူလည်း ကြိုးစားနေတယ်။ အခုဒီအပြောင်းအလဲမှာတော့ ကောင်းသွားနိုင်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း စောင့်ကြည့်ရမှာပေါ့။ Sea Game အမြန်နှုန်းနဲ့ ပတ်သတ်ပြီး ဘယ်လောက် ပမာဏအတွင်း ပေးရမယ်လို့ သတ်မှတ်ထား တာ ရှိပါသလဲ။ Sea Game မှာ လိုအပ်တာကBandwith နဲ့သုံးတဲ့ အနေအထားညီမျှဖို့ပါ။ ဒါပေမယ့် Bandwith ကပြဿနာမရှိပါ ဘူး။ လိုတာကတော့ Poor Management မဖြစ်ဖို့ပါ။ကျွန်တော်တို့ အမြဲတမ်းပြောထားတာ ရှိပါတယ်။ အင်တာနက် မြန်ဖို့ဆိုရင် ပညာရှင်ကို နိုင်ငံခြားက ခေါ်စရာမလိုပါဘူး။ ပြည်တွင်းမှာရှိတဲ့ ပညာရှင်လက်ထဲကို တစ်ရက်လောက် ပဲပေးထည့်လိုက်ပါ။ မြန်လာပါလိမ့်မယ်။ အခုလက်ရှိ တစ်နိုင်ငံလုံး သုံးနေတဲ့ Bandwith က 14 Gဆိုတော့ ကျွန်တော်တို့ မှန်းတာကနောက်ထပ် 10G အထက်တော့ လိုပါလိမ့်မယ်။ တကယ့်ကို Hight Speed နဲ့ သွားမယ် ဆိုရင်ပေါ့။ လာအိုမှာဆိုရင် Sea Game မတိုင်မီနဲ့ Sea Game အတွင်းမှာ Bandwith ကို သုံးဆချဲ့တယ်။ Sea Game မှာ ၀ိုင်ဖိုင်ပေးခွင့်ရတာက အရင်ဆက်သွယ်ရေး ၀န်ကြီး လက်ထက်က လုပ်ခဲ့တာပါလား။ အဲဒါက တင်ဒါရွေးချယ်ရေးအဖွဲ့ဆိုတာရှိပါတယ်။ အဲဒီမှာ ဒုဝန်ကြီး ဦးသောင်းတင်က ဒုဥက္ကဋ္ဌအနေနဲ့ လုပ်တာပါ။ အရင်ဝန်ကြီးနဲ့ မဆိုင်ပါဘူး။ လက်ရှိ ပြည်တွင်းမှာ သုံးနေရတာက ရှိနေတဲ့ Bandwith ထက်စာရင်နှေးတယ်လို့ ပြောနိုင်ပါသလား။ Gateway မှာ ရှိတဲ့ Management က တော်တော်လေးကို အားနည်းနေတယ် ဆိုနိုင်ပါတယ်။ လက်ရှိသုံးတဲ့ အနေအထားနဲ့ဆို 14Gက လုံလောက်ပါတယ်။ ဒါပေမယ့် မိုဘိုင်းသုံးတဲ့ User များနေတယ် ဆိုရင်တော့ မလုံလောက်ဘူးပေါ့။ ကျွန်တော်တို့ Red Link Subscriber တွေဆိုရင်လည်းတော်တော်ကို ကြာပါတယ်။ အဲဒီတော့ Bandwith မရှိရင်ကျွန်တော်တို့က အရောင်း ခဏရပ်၊ရှိမှ ပြန်ရောင်း အဲဒီလို လုပ်နေရတယ်။ နောက်ဆုံးမေးခွန်းပါ ဆက်သွယ်ရေး ဥပဒေကြမ်းအပေါ် ဘယ်လိုအမြင်ရှိပါသလဲ။ လက်ရှိဥပဒေကို ဝန်ကြီးကိုလုပ်ပိုင်ခွင့်ပေးလွန်းတာကို ထောက်ပြထားတယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့အပိုင်းမှာ အားလုံးကို ဆက်သွယ်ရေးက ကိုင်ထားတော့ ကြိုးနီစနစ်ဆန်တယ်လို့ ထောက်ပြချင်ပါတယ်။
 http://www.mizzimaburmese.com/interview/10911-2013-02-05-12-05-56.html
ဇေကမ္ဘာဦးခင်ရွှေကလယ်ယာမြေပြသနာများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဘာလုပ်ပေးမလဲဟုမေးခွန်းထုတ်၊ ကျူးကျော်ဝင်ရောက်လာသူများကိုရိုက်တော့မည်ဖြစ်ပြီး၊ နေမျိုးဝေကိုလည်း ကြိုးချည်ဖို့ ပြင်ထားဟုဆို...
Credit to : Nay Wai 
 ဇေကမ္ဘာဦးခင်ရွှေကလယ်ယာမြေပြသနာများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဘာလုပ်ပေးမလဲဟုမေးခွန်းထုတ်၊ ကျူးကျော်ဝင်ရောက်လာသူများကိုရိုက်တော့မည်ဖြစ်ပြီး၊ နေမျိုးဝေကိုလည်း ကြိုးချည်ဖို့ ပြင်ထားဟုဆို
လယ်ယာမြေအငြင်းပွားမှုပြသနာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဘာလုပ်ပေးမလဲဟု ဇေကမ္ဘာဦးခင်ရွှေက မေးခွန်းထုတ်ခဲ့ပြီး၊ ကျူးကျော်ဝင်ရောက် လာသူများကိုလည်း ရိုက်တော့မည်ဟု လယ်ယာမြေနှင့် အခြားမြေစုံစမ်းစစ်ဆေးရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
“အခု ကျွန်တော့်ဆီမှာ အနုကြမ်းစီးခံနေရတယ်၊ အဲဒီကိစ္စကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘာလုပ်ပေးမလဲ၊ မရရင်တော့ မနက်ဖြန်ကျွန်တော်ရိုက်တော့မယ်၊ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့်ဧရိယာမှာ ခုခံကာကွယ်ခွင့်ရှိတယ်။
 နေမျိုးဝေကိုလည်း ကျွန်တော်ဂိတ်ထဲဝင်တာနဲ့ ကြိုးချည်ဖို့ ပြင်ထားတယ်၊ ကျွန်တော့် မှာ လုံခြုံရေးဝန်ထမ်း ၂၀၀ နဲ့ အလုပ်သမား ၂ ထောင်ကျော် ၃ ထောင်ရှိတယ်” ဟု ဦးခင်ရွှေက ပြောသည်။
မင်္ဂလာဒုံမြို့နယ်အတွင်းတွင် လယ်ယာမြေအငြင်းပွားမှုများနှင့် ပတ်သက်၍ ဇေကမ္ဘာဦးခင်ရွှေနှင့် လယ်သမားများကြားအငြင်းပွားမှုမှာ ကာလရှည်ကြာဖြစ်ပေါ်နေပြီး လယ်သမားများဘက်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက လိုက်ပါကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
အဲဒါကို ရဲတပ်ဖွဲ့က သိနေလို့ ရဲတပ်ဖွဲ့အင်အားလည်းဖြည့်တင်းထားတယ်လို့ ရဲတွေဆီကကြားရတယ် ။
မင်္ဂလာဒုံမြို့နယ်မှူးကတော့ နှစ်ဘက်ခုတ်ထစ်တဲ့သူတွေ သေရင်သေစာရင်းပို့ မိရင်ဖမ်းလို့ ညွှန်ကြားထားပါတယ် ။
 ဒီသတင်းကို - ဇေကမ္ဘာ၀န်ထမ်းတွေကလည်း အတည်ပြုပြောဆိုပါတယ် အဓိကရုန်းဖန်တီးမည့်နေရာ ရွှေနံ့သာကွင်း - ဇေကမ္ဘာ၀င်း အမှတ် ၃ လမ်းမှ မြို့နယ်အုပ်ချုပ်ရေးရုံးဘေးလမ်း terminal စက်သုံးဆီဆိုင်ညာဘက်ဘေးက လမ်းကျယ်ကြီး က၀င်ရပါမယ် ။
ဆက်သွယ်စုံစမ်းနိုင်တဲ့ဖုန်း
- ဦးနေမျိုးဝေ - 098610719 /09421148275
 အောင်မျိုးဦး - 09421056231
 နောင်တော်လေး - 09401601220
 အောင်ချစ် - 0949773248
 ဇော်ကြီး - 09420044721 အရေးပေါ်အလှူငွေ ထောက်ပံ့ရန် မေတ္တာရပ်ခံပါသည်
 ပြည်တွင်းမီဒီယာများ၏ ၀က်ဘ်ဆိုက်၊ Facebook စာမျက်နှာများကို နည်းပညာသုံးတိုက်ခိုက်ခြင်းများ (hack) ဆက်တိုက်ပြုလုပ်လာ နည်းပညာသုံး တိုက်ခိုက်ခံရခဲ့မှုများကို ဖော်ထုတ်ရန်အစိုးရတွင် တာဝန်ရှိနေပြီး အစိုးရပိုင်းမှ ကိုင်တွယ်မှု အားနည်းနေကြောင်း သိရ
The Voice Facebook စာမျက်နှာ ထိန်းချုပ်ခံရပြီးနောက် Cover Photo ပြောင်းလဲခံထားရသည်ကို တွေ့ရစဉ် ပြည်တွင်းမီဒီယာများ၏ Website၊ Facebook စာမျက်နှာများကို နည်းပညာသုံး တိုက်ခိုက်ခြင်းများ(hack) ကို အစိုးရနှင့် နီးစပ်မှုရှိသူများဟု သတင်းထွက်ပေါ်ခဲ့သည့် hacker များမှ ဆက်တိုက်နီးပါးတိုက်ခိုက်မှု ပြုလုပ်လာကြောင်း သိရသည်။ ထိုကဲ့သို့ နည်းပညာသုံး တိုက်ခိုက်ခံခဲ့ရမှုများကို ဖော်ထုတ်ရန် အစိုးရတွင် တာဝန်ရှိနေသော်လည်း ထိုကိစ္စရပ်များအပေါ် အစိုးရပိုင်းမှ ကိုင်တွယ်မှု အားနည်းနေကြောင်း သုံးသပ်သူများက ပြောဆိုခဲ့ကြပါသည်။
 ဖေဖော်ဝါရီလ ၄ ရက်နေ့က The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရပြီး MMCF နှင့် Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့တို့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်က တိုက်ခိုက် (hack) ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်ခဲ့ရာတွင် တိုက်ခိုက်ခဲ့သူများမှ The Voice Weekly Facebook စာမျက်နှာမှ Admin account အားလုံးကို ဖြုတ်ချလိုက်ပြီး ထိုစာမျက်နှာကို ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ် Facebook စာမျက်နှာ၌ Myanmar Express ၀က်ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို ၎င်းတို့စိတ်ကြိုက် ပြန်လည်ဖော်ပြရေးသားခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ပါသည်။
 ဖေ ဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပရိသတ်တစ်သိန်းကျော် ရရှိထားသည့် The Voice Weekly ၏ Facebook Page စာမျက်နှာမှာ Facebook လူမှုကွန်ရက်၌ ပျက်စီးသွားခဲ့ပါသည်။ သူတို့ဟာ Freedom of Expression ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်မခံနိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတာ ပြနေတာပဲ။ အခုလိုမျိုး တိုက်ခိုက်မှုတွေ မခံရဖို့အတွက် ကျွန်တော်တို့ စာနယ်ဇင်းမီဒီယာတွေ ဆွေးနွေးပြီး လုံခြုံရေး တိုးမြှင့်ဖို့ လိုပါမယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် မီဒီယာတွေ ပိုမိုညီညွတ်သွားစေသလို ဘယ်သူ၊ဘယ်ဝါ လုပ်နေတယ်ဆိုတာ.... The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ''ကျွန်တော်တို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Myanmar Express ကဟာတွေ လာ Share ထားတာနဲ့ ပတ်သက်ပြီး နှစ်မျိုးဖြစ်နိုင်တယ်။ သူတို့နဲ့ ပတ်သက်တာလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့နဲ့ Voice ကြားမှာ ရန်တိုက်တာလည်း ဖြစ်နိုင်တာပေါ့။ တစ်ခုရှိတာကတော့ Myanmar Express ထဲမှာ Voice တိုက်ခိုက်ခံရတာကို ၀မ်းသာဆိုတဲ့ဟာမျိုး တင်ထားတော့ ဒါကိုကြည့်ရင် အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေတာပေါ့။
ဝမ်းသာတယ်လို့ ပြောတဲ့သူကိုလည်း identify မလုပ်နိုင်ဘဲနဲ့ ဘယ် သူ၊ ဘယ်ဝါက ၀မ်းသာတယ်လည်း မပြောနိုင်ဘဲနဲ့ တင်ထားတာက သံသယဖြစ်ဖွယ် ကောင်းနေပါတယ်။ အခုကျွန်တော်တို့ Facebook စာမျက်နှာ ပြင်ဆင်မှုအပိုင်းကို အမေရိကမှာရှိတဲ့ မိတ်ဆွေတွေကို လှမ်းပြီး အကူ အညီ တောင်းထားပါတယ်''ဟု ပြောသည်။ တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာတွင် တိုက်ခိုက်ခဲ့သူများမှ Myanmar Express ၀က်ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည်ဖော်ပြနေချိန်တွင် နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက် DDoS ဖြင့် တိုက်ခိုက်ခံနေရကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။ ''၀က်ဘ်ဆိုက်ကို လေးအောင် DDoS Request တွေပို့ပြီး တိုက်ခိုက်ခဲ့တာပါ။ ပြည်တွင်းကတော့ မဟုတ်ပါဘူး။ ပြည်ပကအိုင်ပီတွေနဲ့ တိုက်ခိုက်ခဲ့တာပါ''ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောပါသည်။
 နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်ကို အမေရိကန်၊ မလေးရှားနှင့် ရုရှားနိုင်ငံများမှ IP များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သော်လည်း နောက်ဆုံး စိစစ်ချက်များအရ အင်ဒိုနီးရှားနိုင်ငံ ဘက်မှဟု လတ်တလောယူဆရသည့် အဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဋ္ဌေးက သတင်းထုတ်ပြန်ခဲ့သည်။ ဇန်န၀ါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များကလည်း Eleven Media Group ၏ ၀က်ဘ်ဆိုက်ကို Red-Army Team ဟု အမည်ပေးထားသောအဖွဲ့မှ တိုက်ခိုက် (hack) မှုများ ပြုလုပ်ခဲ့ဖြင့် Eleven Media Group ၀က်ဘ်ဆိုက်ကို စာဖတ်ပရိသတ်များ အချိန်လေးနာရီခန့် ၀င်ရောက်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ဘဲ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပါသည်။ ထိုသို့ မတိုက် ခိုက်မီအချိန်က Eleven Media Group ကို DDoS ဖြင့် တိုက်ခိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်တွင် သတင်းဖော်ပြခဲ့ပါသည်။
ယင်းဝက်ဘ်ဆိုက်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ အတိုက်အခံ နိုင်ငံရေးသမားများ၊ မီဒီယာများ(အထူးသဖြင့် Eleven Media Group နှင့် The Voice Weekly) ကို ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်နေသည့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါသည်။ လက်ရှိအချိန်တွင် Myanmar Express ၀က်ဘ်ဆိုက်အား ဖော်ထုတ်အရေးယူ ဖော်ထုတ်နိုင်ရန်အတွက် Eleven Media Group မှ ဇန်န၀ါရီ လ ၂၈ ရက်နေ့က တာမွေမြို့နယ် ရဲစခန်း၌ (ပ) ၅၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားချိန်တွင် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ''အဲဒီလို တိုက်ခိုက်ခံရမှုတွေဟာ Myanmar Express သတင်းWebsite နဲ့ ဆက်နွှယ်နေတယ်လို့လည်း သိရပါတယ်။ အခုနောက်ဆုံး မြန်မာနိုင်ငံရဲ့ စောင်ရေအများဆုံး သတင်းဌာနနှစ်ခုဖြစ်တဲ့ Eleven နဲ့ The Voice ကို တိုက်ခိုက်မှုကို ကြည့်ရင် သူတို့ဟာ Freedom of Expression ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်မခံနိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတာ ပြနေတာပဲ။
အခုလိုမျိုး တိုက်ခိုက်မှုတွေ မခံရဖို့အတွက် ကျွန်တော်တို့ စာနယ်ဇင်းမီဒီယာတွေ ဆွေးနွေးပြီး လုံခြုံရေး တိုးမြှင့်ဖို့ လိုပါမယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် မီဒီယာတွေ ပိုမိုညီညွတ်သွားစေသလို ဘယ်သူ၊ဘယ်ဝါ လုပ်နေတယ်ဆိုတာ ပိုမို ပေါ်လွင်သွားစေပါတယ်။ ဒါတွေက တစ်နေ့ကျရင် ဘယ်သူ၊ဘယ်ဝါဆိုတာ အဖြေပေါ်လာပါလိမ့်မယ်''ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါသည်။ Eleven Media Group ၀က်ဘ်ဆိုက်နှင့် The Voice Weekly Facebook စာမျက်နှာကို နည်းပညာသုံး တိုက်ခိုက်ခဲ့ခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း မီဒီယာနယ်ပယ်မှ သတင်းသမားများက ပြောဆိုခဲ့ကြပါသည်။ ''ဘယ်လိုပဲ တိုက်ခိုက်၊တိုက်ခိုက် လွတ်လပ်တဲ့ သတင်းမီဒီယာကို တိုက်ခိုက်တယ်ဆိုတာက မီဒီယာကို တိုက်ခိုက်ရုံတင်မဟုတ်ဘူး။သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုကို သိခွင့်ရှိတယ်ဆိုတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို မသမာတဲ့နည်းနဲ့ တိုက်ခိုက်တယ်လို့ မြင်ပါတယ်''ဟု နိုင်ငံပိုင် သတင်းစာများ အုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် သတင်းစာဆရာ ဦးရဲနိုင်မိုးက ပြောသည်။
 ''အဓိက,က အခုလို ပြည်သူတွေအတွက် public service ပေးနေတာကို ဘာရည်ရွယ်ချက်နဲ့ အခုလိုလုပ်တာလည်းဆိုတာ သိဖို့လိုပါတယ်။ သူတို့နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲ။ လူမျိုးရေး ပဋိပက္ခတွေ ဖန်တီးဖို့လား။ နိုင်ငံရေး ပဋိပက္ခတွေ ဖန်တီးဖို့လား။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဒီလိုတိုက်ခိုက်သူတွေရဲ့ ရည်ရွယ်ချက်က နိုင်ငံသူ နိုင်ငံသားတွေကို ထိခိုက်နစ်နာစေတာတော့ အမှန်ပဲ။ Eleven၊ The Voice လို မီဒီယာတွေ နောက်ပိုင်းမှာ နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်ကိုပါ တိုက်ခိုက်လာတယ်။ ဒီအခြေအနေအထိ ဖြစ်လာတဲ့အချိန်မှာ သက်ဆိုင်ရာအနေနဲ့ ဒီဖြစ်စဉ်တွေကို စနစ်တကျစုံစမ်း ဖော်ထုတ်သင့်တယ်လို့ မြင်ပါတယ်''ဟု Messenger သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးသူရအောင်က ပြောပါသည်။ နည်းပညာသုံး တိုက်ခိုက်ခြင်းဖြင့် စာဖတ်ပရိသတ်ကို နှောင့်ယှက်ခြင်း၊ စာဖတ်ပရိသတ်နှင့် မီဒီယာအကြား ဆက်သွယ်မှုကို ဖြတ်တောက်ခြင်းသည် ဆိုးဝါးမှုတစ်ခုဖြစ်ကြောင်း ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်းတာဝန်ခံ ကိုရဲနည်က ပြောသည်။
 ''သတင်းပိုင်းကို အချိန်မီ တင်ပြနိုင်ဖို့၊ ပိုကျယ်ပြန့်ဖို့ Facebook လို လူမှုကွန်ရက်မှာ ဖြန့်တယ်။အခုနောက်ဆုံး အဟက်ခံရတာဆို Voice ပေါ့။ ဒါမျိုးဟက်တာက အကြီးအကျယ် အနှောင့်အယှက်ဖြစ်ပါတယ်။ သူတို့ ရဲ့ စာဖတ်ပရိသတ်ကို နှောက်ယှက်တာ၊ စာဖတ်ပရိသတ်နဲ့ မီဒီယာအကြားက Communication ကို ဖြတ်တောက်ပစ်တာ အရမ်းထိခိုက်ပါတယ်။ နေ့စဉ် လုပ်နေတဲ့ အွန်လိုင်းမီဒီယာအားလုံး ပြဿနာဖြစ်တယ်။ အဟက်ခံထိပြီး အွန်လိုင်းမှာ မဟုတ်တဲ့ သတင်းတုတွေ တင်တော့ အတွေ့အကြုံနည်းတဲ့ Online User တွေက ဒီဂျာနယ် မဟုတ်တာလုပ်တယ်ဆိုပြီး အထင်သေးသွားပြီး တိုက်ရဲ့ဂုဏ်သိက္ခာ၊ တည်ဆောက်ထားရတဲ့ စာဖတ်ပရိသတ်ယုံကြည်မှု ကျဆင်းစေတယ်။ ဒါမျိုးဖြစ်လာတာက ပထမဆုံး ပွင့်လင်းလာတဲ့ မီဒီယာကို အနှောက်အယှက် ဖြစ်စေတယ်။ နောင် အတိုက်ခိုက်မခံရအောင် ဥပဒေအရပဲဖြစ်ဖြစ်၊ သတင်းမီဒီယာကောင်စီ ကနေပဲဖြစ်ဖြစ်၊ မီဒီယာလောကတစ်ခုလုံး စုပြီးကာကွယ်နိုင်ဖို့အတွက် ညီညီ ညွတ်ညွတ် လုပ်သင့်ပါတယ်။
ကျွန်တော်တို့ ၀က်ဘ်ဆိုက်ဆိုရင်လည်း ၂၀၀၇ ခုနှစ်လောက်က စပြီး တိုက်ခိုက်ခံရတယ်။ကျွန်တော်တို့အနေနဲ့ အတွေ့အကြုံတွေ ဖလှယ်ဖို့ရှိသလို ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ Web Master တွေကလည်း ကူညီပေးဖို့ ရှိပါတယ်''ဟု ဧရာဝတီသတင်းဌာနမှ မြန်မာပိုင်းတာဝန်ခံ ကိုရဲနည်က ပြောပါသည်။ ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းသည် စာဖတ်ပရိသတ်များနှင့် မီဒီယာကို အားကိုးသူများအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်စေခဲ့ကြောင်း NHK သတင်းဌာန၏ မြန်မာနိုင်ငံအခြေစိုက် သတင်းထောက် ကိုသီဟက ပြောပါသည်။ ''ဒီလို တိုက်ခိုက်မှုတွေက စာဖတ်ပရိသတ်တွေ၊ မီဒီယာကို အားကိုးတဲ့သူတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ သတိပေးချက်ပဲ။ ဒီလိုအလုပ်ခံ ရရင် ကျွန်တော်တို့ သတင်းရင်းမြစ်တွေက ရပ်သွားတတ်တယ်။ ကမ္ဘာကြီးနဲ့ အလှမ်းဝေးသွားမယ်။ အမှောင်ကျသွားမယ်။ ဒီတော့ ဒီကိစ္စကကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။ ဒါဟာ message တစ်ခုပဲ။ အနာဂတ်အတွက် ဘယ်လို ကြိုတင်ပြင်ဆင်မလဲ ဆိုတာအတွက် message တစ်ခုပါ''ဟု ကိုသီဟက ပြောသည်။ ပြည်တွင်း မီဒီယာများကို နည်းပညာသုံး တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာချိန်တွင် နည်းပညာသုံး တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစိုးရ တွင် တာဝန်ရှိနေပြီး ထိုကိစ္စရပ်များ အပေါ် အစိုးရအနေဖြင့် ကိုင်တွယ်မှု အားနည်းနေကြောင်း ဝေဖန်မှုများ ရှိနေပါသည်။ ''အစိုးရပိုင်းက ဒီလိုကိစ္စရပ်တွေကို ကိုင်တွယ်ဖို့ အားနည်းနေတယ်။ လမ်းကြောင်းတစ်ခု မပေါ်သေးဘူး။ အဖွဲ့အစည်း အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားနည်းနေတယ်လို့ ယူဆပါတယ်''ဟု Myanmar's Net ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြောသည်။ ''အခု နောက်ပိုင်းမှာ Electronic ကို သုံးပြီး ပုဂ္ဂိုလ်ရေး စော်ကားတာ၊ Personality ကို တိုက်ခိုက်တဲ့သူတွေ တော်တော် များလာပါတယ်။ ဒါတွေက International Direct Dialing ကို အသုံးများလာတာနဲ့အမျှ ဖြစ်လာနေဦးမယ်။ ဒါတွေကို ကာကွယ်နိုင်အောင် ဥပဒေကောင်းတွေ လိုတယ်။ စနစ်တကျ စုံစမ်းနိုင်တဲ့ Cyber Police တွေ လိုမယ်။ Cyber Crime တွေ ကို နှံ့နှံ့စပ်စပ်နားလည်တဲ့ တရားရေးဌာနတွေ Cyber Police တွေလိုမယ်။ အခု Voice အဟက်ခံရတယ်။ ဘယ်တိုင်ရမယ်မသိဘူး။ ရဲဌာနကလည်း ဒါတွေကို နားမလည်ဘူး။ စုံစမ်းနိုင်တဲ့ နည်းပညာကလည်း မရှိဘူး။ ဒါမျိုး ပြစ်မှုတွေကို နားလည်တဲ့ တရားရေးဌာနတွေ၊ Cyber Police တွေ၊ ဥပဒေတွေ ခိုင်ခိုင်မာမာ ရှိဖို့လိုတယ်''ဟု MIDO အဖွဲ့၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဘလော်ဂါ နေဘုန်းလတ်က ပြောပါသည်။ နည်းပညာသုံး တိုက်ခိုက်မှု၊ ကွန် ရက်ဆိုင်ရာ အရေးပေါ်အခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် mmCERT (Myanmar Computer Emergency Response Team) အဖွဲ့ကို ၂၀၀၄ ခု နှစ်အတွင်းက ဖွဲ့စည်းထားသော်လည်း အဆိုပါအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှု များမှာ သိသာထင်ရှားမှု မရှိသေးကြောင်း သိရသည်။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနမှ ပညာရှင်များအပြင် အခြားသော ကွန်ပျူတာပညာရှင်များ ဖြင့် ဖွဲ့စည်းထားသော mmCERT အနေဖြင့် နည်းပညာသုံး တိုက်ခိုက်မှုများ၊ကွန်ရက်ဆိုင်ရာ အရေးပေါ်အခြေအနေများ အပါအ၀င် ပြည်တွင်း မီဒီယာ ၀က်ဘ်ဆိုက်များ၊ Facebook များ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး analysis ပြုလုပ်၍ သက်ဆိုက်ရာ အဖွဲ့အစည်းများထံသို့ Report ပေးလေ့ရှိသော်လည်း ထို Report ၏ နောက်ဆက်တွဲ အရေးယူမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း သိရပါသည်။ mmCERT ၏ လုပ်ဆောင်မှုများ နှင့် ပတ်သက်၍ သိရှိနိုင်ရန်အတွက် mmCERT ၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်ခင်ဆွေဋ္ဌေး(ဒုတိယအင်ဂျင်နီယာချုပ်၊ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန) ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေသောကြောင့် လတ်တလောအနေဖြင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ''ကျွန်တော်တို့လည်း အလုပ်ကို မြန်မြန်လုပ်ချင်တယ်။ ဒါပေမယ့် နှေးနေတယ်။ အခု Cyber Crime ကို ကျူးလွန်နေတဲ့လူတွေက ကျွန်တော်တို့ ခြေလှမ်းတွေ ဦးနေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ ကိုယ်တိုင်တောင် အမြုတေဖွဲ့နိုင်အောင် ကြိုးစားနေရဆဲ ကာလပဲရှိသေးတယ်။ hacked လုပ်ခံရတာတွေ၊ ဒေတာတွေ ခိုးယူခံရတာတွေ၊ ဒေတာတွေ ပွားပစ်တာတွေကို cover လုပ်နိုင်တဲ့ ဥပဒေတွေကလည်း မရှိသေးဘူး။ တည်ဆဲဥပဒေတွေနဲ့ပဲ လုပ်နေရတော့ အားနည်းချက်တွေ ရှိနေတယ်။ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ အကူကိရိယာတွေကလည်း ကျွန်တော်တို့ဆီမှာ မရှိသေးဘူး။ နိုင်ငံတကာကနေ လေ့လာနေရဆဲပဲ ဖြစ်နေတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ပြစ်မှုကျူးလွန်နေတဲ့ လူတွေကို ပြန်တုံ့ပြန်ခွင့် နှေးနေတာကို အားမရဘူးဖြစ်နေတယ်''ဟု နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတစ်ဦးက Eleven Media Group သို့ ပြောပါသည်။ ''ဒါတွေက အွန်လိုင်းပြစ်မှုကျူးလွန်တဲ့ ကိစ္စတွေ၊ ချိုးဖောက်တာတွေ ဖြစ်တယ်။ လူတစ်ဦးရဲ့ ကိုယ်ကျင့်တရား သိက္ခာကို တမင်ကျဆင်းအောင်ရယ်၊ တခြားသူတွေကို အနှောင့်အယှက်ပေးတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာ ဖြစ်တယ်။ ဒီလိုမျိုးကို အကြိမ်ကြိမ် လုပ်လာတာကို ဒေါက်တာဆိတ်ဖွားဆိုတဲ့သူလည်း လုပ်ခဲ့တာတွေ့တယ်။ ဒါက ဘာပဲပြောပြော ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ကို လုပ်တာတော့ ကန့်လည်း ကန့်ကွက်တယ်။ ဆန့်လည်းဆန့်ကျင်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးလည်း လွှတ်တော်မှာ ပြောခဲ့တာတွေ ရှိတယ်။ ဒီလိုမျိုး မကောင်းတာလုပ်တဲ့သူတွေကို မွေးထားတာ တိုင်းပြည်အတွက် အန္တရာယ်ပဲ။ သတ္တိရှိရင် ကိုယ်ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ပြပြီး ပွင့်လင်းတဲ့မီဒီယာမှာ ကြိုက်တာပြောလို့ရတယ်။ မီဒီယာလွတ်လပ်ခွင့်ကို ကောင်းမွန်တဲ့ အသုံးချမှုနဲ့ အသုံးချပြီး လုပ်ကိုင်ဆောင်ရွက်တာကတော့ သိက္ခာရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလို သိက္ခာမဲ့တဲ့ လုပ်ရပ်ကိုတော့ ဘယ်နည်းနဲ့မဆို ဆန့်ကျင်တယ်။ ရှုတ်ချတယ်''ဟု ဦးခိုင်မောင်ရည်က ပြောပါသည်။ ''ကျွန်တော်ဒီမနက် အင်တာနက် ကြည့်ဖြစ်တော့ The Voice Facebook hacked ခံရတယ်ဆိုတာ တွေ့ရတယ်။ ဒီလို တိုက်ခိုက်ခံရတာ တွေ့တဲ့အခါ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အထူးသဖြင့်တော့ Myanmar Express လိုပေါ့။ ဒီအဖွဲ့တွေက လုပ်နေတာလည်းကြာပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တိုက်ခိုက်နေတယ်။ ဒါက ထောက်လှမ်းရေးတွေလား၊ ရဲတွေလား၊ အစိုးရကနေ လွှတ်ထားတဲ့ အထူးသတင်းအဖွဲ့တွေလား၊ ဒီအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့အတွက် လွှတ်ထားတဲ့ အဖွဲ့တွေလား။ စဉ်းစားစရာ ဖြစ်လာပါတယ်။ အခုချိန်မှာက သတင်းမီဒီယာတွေ လွတ်လပ်လာတဲ့ အချိန်ဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ကတော့ အခုလို သတင်းမီဒီယာကြီး နှစ်ခုကို ၀င်ရောက် တိုက်ခိုက်တာကို လုံးဝမကြိုက်ပါဘူး။တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ သတင်းအချက်အလက် ပေးနေတဲ့ မီဒီယာကြီးတွေကို လိုက်နှောင့်ယှက်နေတဲ့ သဘောမျိုးဖြစ်နေတာပေါ့လေ။ အမှန်တရားကို ဖော်ထုတ်နေတဲ့၊ ပြည်သူလူထု သိသင့်တဲ့အချက်အလက်တွေကို တင်ပြနေတဲ့ မီဒီယာကြီးတွေကို လုပ်တယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူး'' ဟု သတင်းမီဒီယာကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ပြောပါသည်။ တရားဝင် ရပ်တည်နေသော မီဒီယာများကို နည်းပညာသုံး တိုက်ခိုက်နေမှုများအား ဖြေရှင်းပေးရန် မေတ္တာရပ်ခံ တိုင်ကြားစာကို သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်အေးမှတစ်ဆင့် အစိုးရ တာဝန်ရှိသူများထံသို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် Eleven Media Group မှ ပေးပို့ခဲ့သည်။
Eleven Media မှ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌထံ ပေးပို့ခဲ့သည့်စာ 
Eleven Media Group
၈၈ ရုံးက တဆင့် ဥပဒေရေးရာ ကူညီပေးမယ်
ဓာတ်ပုံ-88 Generation Students~~
 ယနေ့ နေ့နံနက်(၁ဝး၃ဝ မှ ၁၁း၄၅ )နာရီအထိ၊ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်း၌ မဏ္ဍိုင် ဥပဒေ အကယ်ဒမီမှ တရားလွှတ်တော်ရှေ့နေဦးမောင်မောင်ဝင်းဦးဆောင်သော ရှေ့နေများနှင့် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် များတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံရာတွင် မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ စေတနာ့ဝန်ထမ်းရှေ့နေ(၁၈)ဦး တက်ရောက်ခဲ့ကြပြီး၊ ၈၈ မျိုးဆက် ကျောင်းသားများမှ ကိုကိုကြီး၊ ဥပဒေ ရေးရာတာဝန်ခံ ကိုမာကီ၊ရုံးအဖွဲ့မှူးကိုဇော်မင်းနှင့်ရုံးအဖွဲ့ဝင် ကိုဥာဏ်လင်းတို့ တက်ရောက်ပါဝင် ဆွေးနွေး ခဲ့ကြပါတယ်။
 ထိုဆွေးနွေးပွဲ၌ လက်ရှိပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် လိုအပ်နေသော ဥပဒေများ ပယ်ဖျက်ရေး၊ ပြုပြင်ရေး၊ ပြဋ္ဌာန်းရေးအတွက်လည်းကောင်း၊ ၈၈မျိုးဆက်ကျောင်းသားများ ရုံးသို့ ရောက်ရှိလာကြသော ပြည်သူ လူထု၏ နစ်နာမှုများကို ဥပဒေကြောင်းအရ အကူညီပေးနိုင်ရေးအတွက်လည်းကောင်း အပြန် အလှန် ဆွးနွေးညှိနှိုင်း ခဲ့ကြပါတယ်။
ပဏာမ သဘောတူညှိနှိုင်းချက်များအရ စေတနာ့ဝန်ထမ်းဥပဒေအကျိုးဆောင်ရှေ့နေများသည် ၈၈ မျိုးဆက် ကျောင်းသားများ၏ ရုံးခန်၌ တနင်္လာ၊ ဗုဒ္ဓ္ဓဟူး၊ သောကြာနေ့များတွင် အလှည့်ကျရုံးထိုင်ပေးပြီး၊ လာရောက် တိုင်ကြားသော ပြည်သူများ၏နစ်နာမှုများကို လက်ခံကြားနာ၍ ဥပဒေအကြံပေး အဖြစ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လိုအပ်ပါက သက်ဆိုင်ရာတရားရုံးများသို့ စေတနာ့ဝန်ထမ်း အကျိုးဆောင် ရှေ့နေအဖြစ် အခမဲ့ လိုက်ပါ ဆောင်ရွက် ပေးသွားမှာ လည်းဖြစ်ပါတယ်။
 လောလောဆယ်တွင် စေတနာ့ဝန်ထမ်း အကျိုးဆောင် ရှေ့နေအဖြစ် ဆောင်ရွက် ပေးရန် အဆိုပြုထားသူ ရှေ့နေ (၂၅)ဦး ပါဝင်ထားကြပါတယ်။
Sunday, February 3, 2013
မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲ တစ်ရပ် ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း
အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခု ဖြစ်စေပါတော့မယ်။
ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့ တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေစိုက် ဖေါ်ဆောင် လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကို အခြေချပါတော့မယ်။ အရှည်အားဖြင့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ တရုတ်-မြန်မာ ရေနံနဲ့ ဓါတ်ငွေ့ ပိုက် လိုင်းဟာ တရုတ်ပြည်ရဲ့ အနောက် ဘက်ပိုင်း ယူနန်ပြည်နယ် မြို့ တော်ကူမင်းကို မြန်မာမှတဆင့် ဘင်္ဂလားပင်လယ်အော်အထိ သွယ် တန်းကာ တည်ရှိ လာတော့မယ်ဖြစ်ပါတယ်။
 နောက်နှစ်ဆိုရင်တော့ ဓါတ်ငွေ့  ပိုက်လိုင်းအပြင် ရေနံပိုက်လိုင်းကလည်း အဲဒီလမ်းကြောင်း အတိုင်း စတင်ဖွင့်လှစ်ပြီး ရေနံတွေ ပို့ လွှတ်ပါတော့မယ်။ ပိုက်လိုင်းတွေနဲ့အတူ ကားလမ်းနဲ့ ရထားလမ်းတွေကလည်း လိုက်လာပါတော့မယ်။ တရုတ်ဟာ ပထဝီအနေအထားအရ အမေရိကန်လို တစ်ဖက်စီမှာ ပစိဖိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာတွေ တည်ရှိနေပြီး ပင်လယ်ထွက် ပေါက် အတွက် ပူစရာမရှိတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ တရုတ်ဟာ နောက်ထပ်အကောင်းဆုံးတစ်ခုလို့ ဆိုရမယ့် ပင်လယ်ထွက်ပေါက်တစ်ခုကို မြန်မာထံမှ ရရှိတော့မှာ ဖြစ်ပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဖြစ်ပြီး မြန်မာ အစိုးရရဲ့ အကြံပေးတစ်ဦးလည်း ဖြစ်သူ ဦးသန့်မြင့်ဦး ကတော့ “တရုတ်မှာ ချို့တဲ့နေတာကတော့ သူ့ကိုယ်ပိုင် ကာလီဖိုးနီးယားပဲ ဖြစ်ပါတယ်။ အဲဒါက နောက်ထပ် ပင်လယ် ကမ်းရိုးတန်း တစ်ခုဖြစ်ပြီး ဟိုးအတွင်းပိုင်းက ဝေးလံခေါင်ဖျားတဲ့ ပြည်နယ်တွေဆီကို ကုန်စည်ဆက်သွယ် ပို့ဆောင်နိုင်ဖို့ ပါ” လို့ ပြောပါတယ်။ မြန်မာရဲ့ ပထဝီနိုင်ငံရေးအရ ထူးခြားစွာတည်ရှိမှုကို ၎င်း၏ Where China Meet India စာအုပ်တွင် ရေး သားဖေါ်ပြခဲ့သော ဦးသန့် မြင့်ဦးက တရုတ်-မြန်မာ ရေနံ၊ဓါတ်ငွေ့ ပိုက်လိုင်းဟာ ပေကျင်းရဲ့ “ပင်လယ်နှစ်ခု ပေါ်လစီ” မှာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း ဆိုပါတယ်။
 ထို့ အတူပင် သြဇာကြီးမားတဲ့ ပညာရှင်၊ စာရေးဆရာ ရောဘတ် ကတ်ပလန်က ကမ္ဘာကြီးရဲ့ တတိယအကြီးဆုံးရေပြင်ဖြစ်သော အိန္ဒိယ သမုဒ္ဒရာ တွင် တည်ရှိရေးတရုတ် တို့ စွမ်းဆောင်မှသာ ယင်းအချက်က တရုတ်တို့ ကမ္ဘာ့အင်အားကြီး စစ်အင်အား နိုင်ငံဖြစ်လာမည်လား၊ သို့မဟုတ် ပစိဖိတ်သမုဒ္ဒရာနဲ့သာ ထိတွေ့ နေရသည့် ဒေသတွင်းအင်အားကြီးနိုင်ငံ အဆင့်ဖြင့်သာ ရှိနေမလားဆိုတာကို ဆုံးဖြတ်လိမ့်မယ်လို့ ပြောထား ပါတယ်။ ကတ်ပလန်က ၎င်းရဲ့ခန့်မှန်းမှုကို နိုင်ငံခြားရေးရာမဂ္ဂဇင်းကြီး Foreign Affairs မှာ စိတ်ဝင်စားစရာ ဆောင်းပါးအမည် နှစ်ဆယ့်တစ် ရာစုအတွက် ဗဟိုချက်နေရာ-အိန္ဒိယသမုဒ္ဒရာ ထဲမှာ ကစားရမယ့်ပါဝါ "Center Stage for the 21st Century: Power Plays in the Indian Ocean " ဖြင့်ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
 နှစ်ပေါင်းများစွာ ကြာအောင်ပဲ အနောက်တိုင်းဟာ မြန်မာကို လူ့အခွင့်အရေး၊ဒီမိုကရေစီ ရှုထောင့်များကသာ ကြည့်ခဲ့တာ ပါ။ဒီဇာတ်လမ်းထဲမှာ အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင် စနစ်ကနေ တိုင်းပြည်ကို ကယ်တင်ဖို့ ရုန်းကန်နေခဲ့တာ ပါဝင် ခဲ့ပါတယ်။ ဒါကလည်း လူဦးရေ သန်း ခြောက်ဆယ် ပမာဏရှိတဲ့ မြန်မာပြည်အတွက် အထူးအရေးကြီးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမယ့် ဒီလိုကိစ္စကြီးက နောက်ထပ်အရေးပါတဲ့ အချက်တစ် ချက်ဖြစ်တဲ့ အာရှရဲ့ မဟာဗျူဟာအမြောက်ဆုံး နိုင်ငံတွေထဲက တစ်ခုကို အလုအယက် ဖြစ်နေကြတဲ့ပွဲကြီးကို အမြင်မှုန်ဝါးအောင် လုပ်ထားပါတော့တယ်။
 တရုတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးထားတဲ့ ဒီပိုက်လိုင်းဟာ ဘယ်လို ဖြစ်ပေါ်လာခဲ့သလဲ ဆိုတာ သတိရသင့်ပါတယ်။ ၁၉၉၀နှစ် များ အတွင်းမှာပဲ မြန်မာဟာ ပြင်သစ်တိုတယ် ရေနံကုမ္ပဏီက တည်ဆောက်ပေးတဲ့ ပိုက်လိုင်း ကတဆင့် ထိုင်းဆီကို ၎င်းရဲ့ကမ်းလွန်ဓါတ်ငွေ့ တွေကို စတင် ပေးပို့ခဲ့ပါတယ်။ အဲဒီတုန်းက အိန္ဒိယ၊ တောင်ကိုရီးယားနဲ့  တရုတ်တို့ဟာ နောက်ထပ် ပိုကြီးတဲ့ လုပ်ကွက်တစ်ခုကိုလည်း ထပ်ရ ခဲ့ပါသေးတယ်။ ၂၀၀၆ မှာတော့ ပေကျင်းဟာ ကုလ လုံခြုံရေးကောင်စီမှာ မြန်မာရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေကို ရှုတ်ချကြောင်း ဆုံး ဖြတ်ချက်ကို ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။ ဒီနောက် အချိန်တိုလေးအတွင်းမှာပဲ ယူနန်ပိုက်လိုင်းစာချုပ်ကို တရုတ်တို့ ရရှိသွားပါတော့တယ်။ အခုလို အိန္ဒိယသမုဒ္ဒရာဆီ မြန်မာကို ဖြတ်လို့ လမ်းပေါက်သွား တာဟာ အခုရာထူးကအနားယူတော့မယ် သမ္မတ ဟူကျင်တောင် ပြောတဲ့ “တရုတ်ရဲ့  မာလက္ကာရေလက်ကြား ပြဿနာ” ကို ဖြေရှင်းဖို့ စတင်နိုင်ခဲ့တာပဲ ဖြစ်ပါတော့တယ်။
တရုတ်ဟာ ၎င်းတင်သွင်းသမျှ ရေနံ စုစု ပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို အခု အချိန်ထိ အမေရိကန်ရေတပ်က ထိန်းချုပ်နိုင်စွမ်းရှိတဲ့ မလေး ရှားနဲ့ ဆူမတြားကျွန်းတို့ကြားက ကျဉ်းမြောင်းတဲ့ အဲဒီ ရေလက် ကြားလေးကို အသုံးပြုနေရတာပါ ။ဒါ့ကြောင့် သူ့အတွက် အန္တရာယ်ရှိတဲ့ ဒီလမ်းကြောင်းလေးကို ရှောင်လွှဲချင်နေတာ သဘာဝ ကျပါတယ်။ အခု မြန်မာကဖြတ်မယ့် ပိုက်လိုင်းသစ် ကတော့ တရုတ်တို့ အရှေ့အလယ်ပိုင်းက သင်္ဘောနဲ့ သယ်လာတဲ့ ရေနံတွေကို ရခိုင်ကမ်း လွန်ကနေ မြန်မာကိုဖြတ်ပြီး ပို့မှာဖြစ်လို့ မာလက္ကာရေလက်ကြားကို မှီခိုရမှုမှာ သုံးပုံတစ်ပုံလောက် လျော့ကျသွားမှာ ဖြစ်ပါတယ်။ မြန်မာကပို့ မယ့် ဓါတ်ငွေ့ပိုက်လိုင်းဟာ တစ်နှစ်ကို ကုဗမီတာ ၁၂ ဘီလီယံ ပို့နိုင်ပြီး ဒါဟာ တရုတ်ပြည်အနေနဲ့ တင်သွင်းနေသမျှ ဓါတ်ငွေ့စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းအထိ ရှိနေတာပါ။ မြန်မာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကလည်း ဆက်ရှိနေ ပါဦးမယ်။ မြန်မာနိုင်ငံတွင်းမှာ တရုတ်နိုင်ငံသား သန်းချီပြီး ပြောင်းရွှေ့ဝင်ရောက်လာခဲ့ ပြီး နိုင်ငံရဲ့ဒုတိယမြို့တော် မန္တလေးဟာ ဆိုရင်လည်း တရုတ်မြို့လို့ လူတွေခံစားနေ ကြရတယ်။ ဝ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်ကြတဲ့ နယ်ဟာ တရုတ်နဲ့ ကပ်လျက်ရှိနေပြီး မြန်မာဘက်က သွားရင် တော့ စစ်တပ်ကင်းစခန်းတွေကနေသာ ဖြတ်သွားနိုင်မှာ ဖြစ်တယ်။
ဒါပေမဲ့ တရုတ် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံထဲ နှစ်ပါင်းများစွာကြာအောင် ဝင်လာခဲ့တာမို့  အခုဆို သတ္တုတွင်း တွေနဲ့ ဆည်မြောင်းတွေ တည်ဆောက် ရေး လုပ်ငန်းတွေမှာ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားနေပြီးပါပြီ။ ဒါ့ကြောင့် မြန်မာမှာ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ သိပ်ကြီး နေတာကို ၂၀၁၀ တုန်းက အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦး ဖြစ်တဲ့ ဂျင်မ်ဝက်ဘ်က တချိန်က ဗြိတိသျှ အိန္ဒိယပြည်ရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်ခဲ့တဲ့ မြန်မာဟာ “တရုတ်ရဲ့ ပြည်နယ်တစ်ခု ဖြစ်ဖို့ အန္တရာယ် ရှိလာနေပြီ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
 တကယ်တော့ မြန်မာမှာ တရုတ်လွှမ်းမိုးမှုကို ကြောက်တဲ့ အကြောက်တရားတွေဟာ ဗိုလ်ချုပ်ကြီးတွေနဲ့ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရတို့ကို အပေးအယူလုပ် ညှိနှိုင်းမှုတွေ ရအောင် ပြုလုပ်ပေးလိုက်တာပါပဲ။ မြန်မာရဲ့ ၂၀၁၁ မှာ အစိုးရသစ်တက်လာပြီး အပြောင်းအလဲအတွက် လမ်း ဖွင့်ပေးလာတာတွေဟာ အာရှကို ဦးတည်ချဉ်းကပ်လာနေတဲ့ အမေရီကန်ရဲ့ အလှည့်အပြောင်းနဲ့ လာတိုက်ဆိုင်နေပါတယ်။ ဒီအချက်က ရုတ်တရက် အောင်မြင်မှု ရသွားတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေထက် ပထဝီနိုင်ငံရေးအရ စဉ်းစားမှုတွေက ပိုပြီးအဆုံးအဖြတ်ကျနေတာကို ပြ သနေတာလည်း ဖြစ် ကောင်းဖြစ်နိုင်ပါတယ်။
ဗိုလ်ချုပ်ကြီးတွေရဲ့ ပထမဆုံးသော အချက်ပြမှုကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး လိုက်တာမဟုတ်ပါဘူး။ တန်ဖိုးငွေ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိတဲ့ တရုတ်တို့ ဆောက်လုပ်နေတဲ့ မြစ်ဆုံဆည် ကြီးကို ရပ်ဆိုင်းခိုင်းလိုက် ခြင်းပါပဲ။ အဲဒီကစလို့  မြန်မာကို ယှဉ်ပြိုင်လွန်ဆွဲလုရတဲ့ ပွဲကြီးဟာ စတင်လာခဲ့ပါတော့တယ်။ အမေရိကန်နဲ့ ဥရောပတို့ဟာ လက်ရှိအချိန်ထိတော့ မြန်မာ မှာ ထောက်ပံ့ရေးအေဂျင်စီ တွေ၊ အဖွဲ့ အစည်းပေါင်းစုံတွေကတဆဆင့်သာ ဝင်ရောက် နေပါတယ်။ ဒီကာလအတွင်း ဆန်ရှင်တွေလုပ် ပြီး မြန်မာကို ပိတ်ဆို့ထားတဲ့အချိန်တွေ အတွင်းကတောင် တစ်ခါမှထွက် မသွားဖူးတဲ့ ဂျပန်ဟာ ကြွေးမြီ ဒေါ်လာ ခြောက်ဘီလီယံခန့်ကို လျှော်ပစ်ကာ မြန်မာနဲ့ ထိတွေ့ဆက်သွယ်မှုတွေ လျင်လျင် မြန်မြန် ပြန်လုပ်လာနေပါတော့တယ်။ ဒါဟာ ပြည်တွင်းမှာ ဂျပန်အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်တော့မယ်ဆိုတဲ့ သဘောကို ပြသနေတာပါ။ ဒါ့အပြင် ဒီတစ်ပတ် အတွင်းမှာပဲ ပါရီကလပ်ကနေ မြန်မာကို ကြွေးမြီတွေ လျှော်ပစ်ဖို့နဲ့ နောက်ထပ် ငွေစီးကြောင်းအသစ်တွေဝင်လာဖို့ လမ်း ဖေါက်ပေးတာတွေ ဖြစ်လာခဲ့ပါပြီ။ အခုအချိန်မှာ ဘယ် အနောက်နိုင်ငံကမှရော၊ ဂျပန် ကပါ ရင်းနှီးမြုပ်နှံမှု ကြီးကြီး မားမားတွေကို အသစ်စတင်လုပ်ဆောင်ဖို့ မရှိသေးပေမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ ကိုတော့ စိတ်ဝင်စားမှုတွေ ရရှိနေပါတယ်။ သံတမန်ရေး အဝန်းအဝိုင်းမှာလည်း အမေရိကန်ဟာ မြန်မာကို ၎င်းရဲ့ အရှေ့တောင်အာရှ ကော်ဘရာဂိုးလ်မှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ် ထားပါတယ်။
ဒီလိုဖြစ်စဉ် တွေထဲမှာ တရုတ်ကတော့ နောက်ကျကျန်နေပါတယ်။ နေပြည်တော်ဟာ ပြည်တွင်းမှာ အကြီးမားဆုံး ကြေးနီမိုင်း ဖြစ်တဲ့ လက်ပတောင်းတောင် စီမံကိန်းတည်ဆောက်မှု နောက်ကွယ်က မြေယာသိမ်းယူမှုတွေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို ကော်မရှင်ဖွဲ့ စုံစမ်းနေပြီး မကြာမီက တရုတ်နယ်စပ်မှာ ကချင်တပ်တွေကို ဗုံးကြဲတိုက်ခိုက်ရင်း တရုတ်နယ်စပ်ထဲ အမြောက်ဆံတွေ ကျရောက်စေကာ စိတ် အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ နိဂုံးချုပ်အနေနဲ့  လက်ရှိဖြစ်ပေါ်မှု အခင်းအကျင်းများကို သုံးသပ်ရရင် နေပြည်တော်ဟာ တရုတ်ကို စွန့်လွှတ်ပစ် လိုက်မှာတော့ မဟုတ်သေးပါ ဘူး။ အခြေအနေက အရှေ့ ကို လွှင့်ပစ်ပြီး အနောက်ကိုဖက်တွယ်လိုက်ဖို့ကလည်း အများကြီး ဖြစ်နိုင်သေးပါဘူး။
 ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တစ်ဦးကတောင်မှ အခုအနေအထားကို မဟာဗျူဟာကျကျ ကောင်းကောင်းကြီး သိထားနေပါတယ်။ သူမက “တရုတ်ဟာ မြန် မာနဲ့ ကပ်လျက်မှာရှိနေပြီး အမေရိ ကန်ကတော့ ခပ်လှမ်းလှမ်းမှာ ရှိနေတယ်ဆိုတာကို မေ့ပစ် လို့ မရပါဘူး”လို့ ပြောထားတာပါ ။တကယ်လို့ သူမသာ သမ္မတဖြစ်လာခဲ့ရင်တော့ သူမဟာ အမေရိကန်နဲ့ တရုတ် ကြားက မြန်မာရဲ့အနေအထားကို ပထဝီနိုင်ငံရေးကစားပွဲ တစ်ခုအဖြစ်ရော၊ ဒီမိုကရေစီရေး ကစားပွဲတစ်ခုအဖြစ်ပါ ဘယ်လို ကစားသွားမလဲဆိုတာကို စောင့်ကြည့်ရမှာ စိတ်ဝင်စားစရာ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။
 ကိုသွင်
 Ref: David Pilling, Pipeline marks scramble for Myanmar. Fanicial Times,30 th Janaury. 
မူရင်းဆောင်းပါးရှင် ဒေးဗစ်ပေးလင်းသည် Financial Times သတင်းစာ၏ အာရှအယ်ဒီတာဖြစ်ကာ ၎င်း၏ ပင်တိုင်ကဏ္ဍတွင် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသူ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြင်ဆင်ရမည့် အချက်များရှိနေ၍ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအနေဖြင့် ပြင်ဆင်သင့်သည့် အချက်များကို ကောက်ယူနေပြီး အခွင့်သင့်ပါက ပြင်ဆင်မည်ဟု ဆို
တရားစီရင်ရေးနှင့် ဥပဒေရေးရာဆွေးနွေးပွဲ၌ သူရဦးအောင်ကိုအား တွေ့ရစဉ် 
 ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြင်ဆင်ရမည့် အချက်များ အများအပြားရှိနေပြီး အဆိုပါပြုပြင်ရမည့် အချက်များအား ပြန်လည်ပြင်ဆင်နိုင်ရန် စစ်တမ်းများ ကောက်ယူထားပြီး အခွင့်သာသည့်အချိန်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည် သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြောကြားခဲ့သည်။
အဆိုပါ ပြောကြားချက်အား ဖေဖော်ဝါရီလ ၂ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် ရှေ့နေများကွန်ရက်တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် တရားစီရင်ရေးနှင့် ဥပဒေရေးရာများအကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းပြီးနောက် အဓိကအကျဆုံးဥပဒေအဖြစ် ရပ်တည်နေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ သူရဦးအောင်ကိုက ''ဖွဲ့စည်းပုံအ ခြေခံဥပဒေထဲမှာ ပြင်ဆင်ရမယ့် ဥပဒေတွေ အများကြီးရှိနေပါတယ်။ ဒီလို မဖြစ်မနေ ပြင်ဆင်သင့်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို စုပေးပါ။ စုပြီး ပြင်ဆင်နိုင်အောင် ကြိုးပမ်းပါ့မယ်''ဟု ပြောကြားခဲ့သည်။ အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြင်ဆင်မည်ဆိုပါက ဒီမိုကရေစီနိုင်ငံများ၌ အဓိကကျသည့် မဏ္ဍိုင်သုံးရပ်အပြင် အဆိုပါမဏ္ဍိုင်သုံးရပ်အား စောင့်ကြည့်သည့် အခန်းကဏ္ဍ နေရာတွင် ရှိနေသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်မှုမရှိသည့် စတုတ္ထမဏ္ဍိုင်ဆိုသည့် စကားစုနှင့် တာဝန်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ပင် ထည့်သွင်းသင့်ကြောင်း တက်ရောက်သူတစ်ဦးက ဆွေးနွေးခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်နေသည့်အချက်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အား ပြန်လည်သုံးသပ် ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောကြားခဲ့သည်။
 အဆိုပါပုဒ်မတွင် နိုင်ငံသားများအနေဖြင့် မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် စသည့်အချက်များနှင့် အခြားအချက်များအား ထည့်သွင်းဖော်ပြထားသော်လည်း ၂၀၁၂ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေပါပုဒ်မအချို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ဦးကိုနီက ဆိုပါသည်။ ''ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ အခွင့်ပေးထားပေမယ့် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေမှာက ဆန္ဒပြချင်ရင် မြို့နယ်ရဲတပ်ဖွဲ့မှူးဆီ တင်ပြရတယ်။ ဒီလိုကိုယ့်ကို ဖမ်းမယ့်သူတွေကို တင်ပြရတော့ ဘယ်လိုပဲဥပဒေနဲ့အညီပဲတင်တင် ခွင့်မပြုဘူး။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာဆို ငြိမ်းချမ်းစွာ လမ်းလျောက်တဲ့ လူငယ်တွေကို မြို့နယ် ၁၀ မြို့နယ်က အမှုဖွင့်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာပဲပါတယ်။
ရဲမှူးဆီတင်ပြရမယ်လို့ မပါပါဘူး''ဟု ဦးကိုနီက ပြောကြားခဲ့သည်။ ထိုသို့ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေပါ ပုဒ်မအချို့အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့စဉ်က ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးအတွက်သာ ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိသည့် ပုဒ်မအချို့အား ပြင်ဆင် နိုင်ရန် ပြန်လည်တင်ပြမည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမိုကရက်တစ်တန်ဖိုးများနှင့် ကိုက်ညီမှုမရှိသည့် ပုဒ်မများ အား ပြင်ဆင်လိုကြောင်းနှင့် ပြင်ဆင်လိုသည့် ပုဒ်မများရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၂၅ ရက်က အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်ရှိ East-West Center တွင် ပြောကြားခဲ့သည်။
 ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တစ်ဦးတစ်ယောက်အား ရည်ရွယ်ရေးဆွဲထားသည့် မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုမဆို တရားမျှတသည်ဟု မထင်ကြောင်းနှင့် ဒီမိုကရက်တစ် မဖြစ်ကြောင်းလည်း ပြော ကြားခဲ့သည်။ ''ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါနေတဲ့ နိုင်ငံသား တိုင်းရင်းသား အခွင့်အရေးတွေ အပြည့်အ၀မရ ဖြစ်နေတာတွေကိုလည်း အပြည့်အ၀ရရှိအောင်ဆောင်ရွက်ပါမယ်။ အခြေခံဥပဒေပါ အချက်တွေကို ပြင်နိုင်ဖို့အတွက် ပြင်သင့်တာအားလုံး စုစည်းပေးကြပါ''ဟုလည်း သူရဦးအောင်ကိုက ပြောကြားခဲ့သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်ဆိုပါက ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရန် လိုအပ်ပြီး လွှတ်တော်တွင်း ဆွေးနွေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာ ခိုင်နှုန်း၏ ထောက်ခံမှုရရှိရန် လိုအပ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေများထဲမှ အခန်း ၁ ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း ၂ ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း ၃ ပုဒ်မ ၅၉၊ ၆၀၊ အခန်း ၄ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း ၅ ပုဒ်မ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း ၆ ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း ၁၁ ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ၊ အခန်း ၁၂ ပုဒ်မ ၄၃၆ ရှိ ပြဋ္ဌာန်းချက်များအား ပြင်ဆင်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင် နှုန်းကျော်က ပြင်ဆင်ရန် သဘောတူရမည်ဖြစ်ကာ ပြည်လုံးကျွတ်ဆန္ဒ မဲခံယူ၍ မဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ထောက်ခံမဲရရှိမှသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရသည်။
 Eleven Media Group 
Friday, February 1, 2013
လှိုင်သာယာမြို့နယ် အောင်ဇေယျတံထားအဆင်း ပီမိုးနင်းလမ်းမကြီးနံဘေး ရှိ Star Light ကုမ္ပဏီပိုင်မြေတွင် ဖေဖော်ဝါရီ ၁ ရက်ညပိုင်းကစတင်ကာ လူအုပ်စုလိုက်မြေနေယာဝင်ရောက်ဦးယူမြေကွက်ရိုက်မှုများဖြစ်ပွားလျက်ရှိ..
လှိုင်သာယာမြို့နယ် အောင်ဇေယျတံထားအဆင်း ပီမိုးနင်းလမ်းမကြီးနံဘေး ရှိ Star Light ကုမ္ပဏီပိုင်မြေတွင် ဖေဖော်ဝါရီ ၁ ရက်ညပိုင်းကစတင်ကာ လူအုပ်စုလိုက်မြေနေယာဝင်ရောက်ဦးယူမြေကွက်ရိုက်မှုများဖြစ်ပွားလျက်ရှိရာ ယနေ့ညနေပိုင်းအထိ သက်ဆိုင်ရာကုမ္ပဏီဝန်ထမ်းများနှင့် မြေလာရောက်ဦးယူသူများကြား ပြသာကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ယင်းနေရာသို့သွားရောက်သတင်းယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။
 မြေဦးသူများက ကိုယ့်သဘောနှင့်ကိုယ် တဲတစ်ကွက်စာ ၀ါးတိုင်များစိုက်ထူကာ ကြိုးများသွယ်တန်းနေရာယူထားခြင်းဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများက ၀ါးတိုင်းများကိုပြန်စွဲနှုတ်သဖြင့် အပြန်အလှန်အညင်းပွားနေခြင်းဖြစ်သည်။
"ခုလေးပဲ ဓားတွေနဲ့ထခုတ်ကြတယ်။ လူတွေလည်းရုတ်ရုတ်ဖြစ်နေယ်။ ရဲတွေတော့ထပ်ရောက်လာပြီ။ ရဲတွေစည်ပင်တွေကတော့ရပ်ကြည့်နေတာပဲ" ဟု 7 Day သတင်းထောက်ကပြောသည်။
 မြေနေရာလာဦးနေသူများအားမေးမြန်းရာတွင် "မနေ့ညတုန်းက လိုင်းခန်းတွေဘက်မှာသတင်းကြားလို့ တစ်နေရာလောက်ရမလားလာယူကြတာ။
ဒီနေရာမှာဘယ်သူလာစဦးလဲဆိုတာမသိဘူး။ အကွက်ကလည်းကိုယ်တွေအဆင်ပြေသလိုပဲရိုက်လိုက်ကြတာလေ။ ခဏလောက်ဖြစ်ဖြစ်ဒီမှာတဲထိုးနေရရင် အိမ်လခများသက်သာမလားလို့" ဟု ဆိုသည်။
ဓာတ်ပုံ- ငြိမ်းငြိမ်းနိုင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက် ၆/၂၀၁၃ ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနများမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါ ကြေညာချက်တွင် KIO ဗဟိုကော်မတီမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ကို သိရှိရပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့နေဖြင့်လည်း အများပြည်သူ လိုလားတောင်းတနေသည့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု အလေးအနက် ယုံကြည်ထားပါကြောင်း ဖော်ပြပါရှိသည်။
 ထို့အပြင် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား ညီနောင် လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် အခြားသော အဖွဲ့အစည်းများမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် ကူညီလုပ်ဆောင် ကြိုးပမ်းနေမှုများကို အသိအမှတ်ပြု ကြိုဆိုပြီး ယင်းအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်၍ KIO/KIA နှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်းလည်း ကြေညာချက်တွင် ပါဝင်သည်။
အဲပုဂံ လေယာဉ်မတော်တဆမှုမှာ လေယာဉ်မှူး၏ တဒင်္ဂဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်ဟု ကောက်ချက်ချ
ရန်ကုန် (မဇ္ဈိမ)။ ။ အဲပုဂံ လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူး၏ တဒင်္ဂ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း က ထုတ်ဖော် ပြောဆိုလိုက်သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး အဲယားပုဂံ လေကြောင်းလိုင်း F-28 MK 0100, XY-AGC လေယာဉ်မတော်တဆ ထိခိုက်ပျက်စီးခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီက လေကြောင်းသိပ္ပံ ပညာဦးစီးဋ္ဌာန ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဖြစ်ပွားစဉ်တွင် လေဆိပ်၌ မြူနှင်းများ အနည်းငယ်ရှိပြီး လေယာဉ်မှာ အမြင့်ပေ ၅၀၀ အောက်တွင် ပျံသန်းခြင်း ကြောင့် လေယာဉ်မှူး၏ တဒင်္ဂ ဆုံးဖြတ်ချက် မှားယွင်းသည့်အပြင် ၎င်းမှာ လေယာဉ် တစီးလုံးတွင် တာဝန်အရှိဆုံး သူ တဦးဖြစ်ကြောင်း ဦးဝင်းဆွေထွန်း က ပြောသည်။ “သူဟာ မြင်နိုင်တဲ့ နေရာမှာ လုံလောက်တဲ့ လုပ်ဆောင်မှုကို မလုပ်နိုင်ခဲ့ပါဘူး။ လုပ်သင့်တဲ့ အနေအထားမျိုးလည်း မလုပ်နိုင်ခဲ့ပါဘူး။ Captain (လေယာဉ်မှူး)ရဲ့ သုံးသပ်ချက် အားနည်းသွားတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောသည်။ အဆိုပါ လေယာဉ်မှူး၏ လေယာဉ်မောင်းနှင်သည့် အတွေ့အကြုံ နာရီပေါင်းမှာ ၅,၉၃၇ နာရီ ရှိပြီး အဲပုဂံလေယာဉ်၌ မောင်းနှင်သည့် အတွေ့အကြုံမှာ ၂,၅၄၇ နာရီ ရှိသည်ဟု စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌက ပြောသည်။ လေယာဉ်ပျံသန်းချိန်တွင် လေကြောင်းညွှန်ကြားရေးဋ္ဌာန၏ ညွှန်ကြားမှု မရရှိသည့် အပြင် လေယာဉ် ပထမဆုံး ဝင်ရောက်တိုက်ခိုက်ခဲ့သည့် လေကြောင်းပြေးလမ်းပေါ်ရှိ ဓါတ်တိုင်မှာ အမြင့်ပေ ၅၀၀ ခန့် ရှိခြင်းမှာ ပြောဆိုစရာ ဖြစ်နေကြောင်း ဦးဝင်းဆွေထွန်း က မှတ်ချက်ချသည်။ “လေယာဉ်က ပြေးလမ်းအမှန်နဲ့ လာတာပါ။ ပြီးတော့ တောင်ဘက်ကပဲ ဆင်းသက်လို့ ရတယ်။ လေကြောင်းလမ်းက တလမ်းသွား ဖြစ်နေတာပါ” ဟု ၎င်းက ပြောသည်။ Black Box ကို စကာင်္ပူနိုင်ငံတွင် သွားရောက်စစ်ဆေးခဲ့ရာ FDR (Flight Data Recorder) မှာ မီးလောင်ဒဏ်များ ကြောင့် ခွဲစိတ်ရန် ခက်ခဲနေသဖြင့် ဒီဇင်ဘာလ ၁၈ ရက်တွင် သြစတေးလျ နှင့် ချိတ်ဆက် ခွဲစိတ်ပြီး ဆင်းကတ် ဖတ်မှု များပြု လုပ်ခဲ့ရကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့က ဆိုသည်။ မှားယွင်းမှုရှိသည်ဟု ယူဆခံရသော လေယာဉ်မှူးအနေဖြင့် အရေးယူခံရပါက အများဆုံး လေယာဉ်မောင်း လိုင်စင် ပိတ်သိမ်းခံရခြင်း ဖြစ်၍ အနည်းဆုံး ပြစ်ဒဏ်မှာ လေယာဉ်မောင်း ပညာအား ပြန်လည်သင်ယူခြင်း ဖြစ်သည်။ “လေယာဉ်မှူးကလည်း တကယ်စည်းကမ်းရှိပြီး အရည်အချင်းပြည့်ဝသူ တယောက်ပါ။ အခုဟာက သူ တခဏလေး အတွင်းမှာ ဆုံးဖြတ်ချက် လွဲသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးမြင့်မောင် က ပြောသည်။ ယခုစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လတ်တလော အဖြေအရ လေယာဉ်၏ စက်ချို့ယွင်းမှုလည်း မရှိကြောင်း၊ ရာသီဥတု အခြေအနေမှာလည်း အသင့်အတင့် ရှိကြောင်း သို့သော် လေယာဉ်ပျံသန်းမှု မလုံလောက်သည့် အမြင့်ပေတွင် ပျံသန်းခဲ့ခြင်းကြောင့် ယခုလိုဖြစ်သည် မှတ်ချက်ပြုသည်။ ယခု ရှင်းလင်းပွဲသည် Black Box သွားရောက် စစ်ဆေးပြီးနောက် ရရှိလာသော အချက်အလက်ပေါ် အခြေခံကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး စစ်ဆေးတွေ့ရှိချက် ရလဒ်ကို ထုတ်ပြန်ရန်အတွက် လိုအပ်သော စစ်ဆေးမှု များ ဆက်လက် ပြုလုပ်ရဦးမည် ဖြစ်သည်ဟု ဦးဝင်းဆွေထွန်း က ပြောသည်။ ရန်ကုန်မှ ဟဲဟိုးသို့ ပျံသန်းသည့် အဲပုဂံလေကြောင်းလိုင်းပိုင် ဖော်ကာလေယာဉ်သည် ဟဲဟိုးလေဆိပ်အဆင်း လမ်းကြောင်းမှားယွင်းဆင်းသက်ကာ မြေပြင်ပေါ်မှ ဓါတ်တိုင်များ၊ သစ်ပင်များနှင့် ကားလမ်းပေါ်မောင်းနှင်လျှက် ရှိသည့် မော်တော်ဆိုင်ကယ်တစီးတို့ကို တိုက်မိပြီးနောက် မီးလောင်ကျွမ်းခဲ့သည်။ ယင်းလေယာဉ် ပျက်ကျ၍ ခရီးသည် နှစ်ဦး သေဆုံးပြီး နိုင်ငံခြားသားများအပါအ၀င် ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့ သည်။
သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယို မိန့်ခွန်း အပြည့်အစုံ
သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီက ပြောကြား တဲ့ ရေဒီယို မိန့်ခွန်းဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက် 
အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန စာမျက်နှာကနေ ပြန်လည် ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီ အစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁ - ၂ - ၂၀၁၃) မိဘပြည်သူများခင်ဗျား- နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့် သင့်တိုင်းဆက်သွယ် ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက် သွယ် ပြောကြားခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ် အတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကတစ်ဆင့် အောက်ခြေအဆင့်ပြည်သူလူထုအားလုံးအထိ သက်ရောက်မှု ရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အ ထည်ဖော် ဆောင်ရွက် လျက်ရှိ ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။
၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာငွေကြေးဈေးကွက်များနှင့် စီးပွားရေး အသိုက်အဝန်းထဲကို ပြန်လည် ဝင်ရောက် နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ လို့ပဲဖြစ် ပါတယ်။ လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေးအကူအညီရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါး ဟာ သန်းထောင် ပေါင်းများစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။
တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ တို့ဟာလည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီလို အကူအညီတွေမရနိုင်သလို ရှေ့ကိုတိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ ဟာ (၁ဝ)စုနှစ်များစွာ စီးပွားရေးပိတ်ဆို့ မှုတွေကြောင့် နိုင်ငံတကာချေးငွေ အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ယခုအခါမှာ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်း လဲရေး ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်မှု ဘဏ်အပါအဝင် နိုင်ငံတကာ ချေးငွေအကူအညီအတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှုများကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
 ခေတ်အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင် ကျော် ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီဆိုတဲ့ သတင်း ကောင်းကို လည်းပြောကြား လိုပါတယ်။ ယခုလို အရေးကြီးတဲ့အချိန်အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံအပါအဝင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများရဲ့ အကူ အညီ များကို ပြန်လည်ရရှိနိုင်ပြီဖြစ်ပါတယ်။ ဒီလိုရရှိနိုင်မယ့် သန်းပေါင်းများစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများအလယ်မှာ တာဝန်သိတဲ့၊ ဂုဏ် သိက္ခာ ရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲ နွမ်းပါး မှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ် ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။
 ယခုလိုဆောင်ရွက်ခဲ့ မှုများဟာ ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြားခဲ့သည့် အဆင်းရဲဆုံးLDC နိုင်ငံများစာရင်းမှ ရုန်ထွက်နိုင်အောင် ဆောင်ရွက် မည်ဆိုတဲ့ ကိစ္စ ရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်းအဖြစ် ရရှိနေပြီဖြစ်တဲ့တိုးတက်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့အ ကျိုး စီးပွား အတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဦးမော့လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကိုလည်းအားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်း ခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံ ဉာဏ်တွေကို နိုင်ငံ တကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီဖြစ်ပါတယ်။ ယခုလည်း လိုအပ် သော ချေးငွေ များကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြု လုပ်ပေး နေပြီဖြစ်ပါ တယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက် သွားမှာဖြစ် ပါတယ်။
ထိုအတူမွေးမြူရေးကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက် အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉-၁-၂ဝ၁၃ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့နဲ့အတူပြည်တွင်းပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့ ပထမ အကြိမ်မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ကျင်းပနိုင်ခဲ့ပြီးစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးထိရောက်ဖို့အတွက် နေပြည်တော် သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေ လည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ် ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက်ကြရပါတယ်။
ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံ စေမယ့် ကိုယ်ပိုင်အိတ်တစ်လုံးကိုယ်တောင်မှ မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေ အနေမျိုး တွေရှိ ပါတယ်။ ဒီလိုအိမ်ပိုင်ယာပိုင်မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်းဖိုးနည်း အိမ်ရာ စီမံကိန်း များကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။ တခြား ပြည်နယ်နဲ့ တခြား မြို့နယ်များမှာလည်း တန်းဖိုးနည်းအိမ်ရာမျာကို ဆက်လက်ဖော်ဆောင် သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အဓိကလုပ်သားအင်အားအများစုဖြစ်တဲ့ တောင်သူ လယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ နှုန်းအထိ တိုးမြှင့်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧကကိုလည်း ကျပ် ၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်းအထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန် တကယ် လိုအပ်မည့် စိုက်ပျိုး စရိတ်အတွက် ပြည့်မီနိုင်ခြင်းမရှိတာကိုသတိပြုမိပါတယ်။ တည်ဆဲဥပဒေများအရ လယ်ယာ မြေပိုင် ဆိုင်ခွင့်များကို ခွင့်ပြုထားပြီဖြစ်တဲ့အလျှောက်မိမိတို့ရဲ့လယ်ယာမြေများကို အာမခံထား၍ လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်းအနှီးများချေးယူစုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေ ပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ လယ်ယာမြေလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာကတော့ လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့် ငွေကြေးစီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့် အလမ်းတွေကို အမိအရဆုပ်ကိုင်ကြိုးပမ်းလုပ်ကိုင်ကြရန်ဖြစ်ပါတယ်။မိမိတို့၏ အဓိက ကုန်ထုတ် အရင်း အနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက်လာရန်လည်း မိမိတို့၏ လယ်မြေများကို ပြုပြင်ကြစေလိုပါတယ်။ ရေတိုစီမံခန့်ခွဲမှုများဖြင့် မိမိတို့၏ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက် တည်းမှာပင် လယ်ယာ ကဏ္ဍဍကို ဈေးကွက်စီးပွားရေးစနစ် နှင့်အညီ တိုးတက်စေမယ့် ခေတ်မီ လယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော် ၊ တက်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ လူထုအားလုံးက ကဏ္ဍဍအသီးသီးကနေ အားလုံးပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒီမိုကရေစီ ဆိုတာ ဟာ ရွေးကောက်ပွဲတွေကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ အသိ အမြင်ကြွယ်ဝတဲ့ ပြည်သူ လူထုတစ်ရပ်လုံးက ပြည်သူတို့ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ် နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက် လာဖို့လည်း အလွန်အရေးကြီးပါတယ်။
ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာအရေးပါတဲ့ အခန်းကဏ္ဍဍမှာရှိခဲ့တဲ့ အရပ်ဘက် လူအဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီမှာပဲ လည်း တာဝန်ရှိ ပါတယ်။ ကျွန်တော်အနေနဲ့အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ် လာစေ ဖို့အတွက် ၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက်လူ့အဖွဲ့အစည်း များနဲ့ ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ၂၇-၁-၂ဝ၁၃ ရက်နေ့ကလည်းသက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့ အစည်းများနှင့ ကျွန်တော်တို့အစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးများနှင့် လည်း စားပွဲဝိုင်း ဆွေးနွေး မှုများကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံ မှုတွေကနေအစပြုပြီး ပြည်ထောင်စုအဆင့် ၊ ပြည်နယ်၊ တိုင်းဒေ သကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူ လူထုတွေ ပါဝင်တဲ့ အုပ်ချုပ်မှုဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး များ အောင်မြင် စေဖို့ အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှု တို့ကိုလည်း အလေးထားဆောင်ရွက်ရမယ့် အချိန်ကာလလည်းဖြစ်ပါတယ်။ ယခုဖြစ်ပွား နေတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွား ရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများအားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူ အညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင်လုပ်ကိုင်လျက်ရှိပါတယ်။
သင့်တော်သော နိုင်ငံတကာအဖွဲ့ အစည်းများ နှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာ လည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်း နိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့ အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်း သို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ကြိုးပမ်း တည်ဆောက် လျက်ရှိတဲ့ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ် ရှလွယ် အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင်ကြိုးပမ်းလုပ်ဆောင်နေ သူများ နဲ့ ပြည်သူ လူထု တစ်ရပ်လုံး အနေနဲ့ တညီ တညွတ်တည်းသဘောထားကြီးကြီးနဲ့ ရုန်ကန်လုပ်ကိုင်မှသာ ဒီအကျပ် အတည်းကို ကျော်လွှားအောင် မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့် အနေနဲ့ အလေး အနက် ပြောကြား လိုပါတယ်။
 နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက် အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလ အတွင်းမှာ မရဖူးသေတဲ့ အခွင့်အလမ်းတွေကိုလည်း ရရှိနေပါတယ်။ ပြည်သူ တစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့ အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်ကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။ မကြာ ခင်မှာ ကျရောက်တော့မယ့် (၆၆)နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုး သားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်းနှိုးဆွပြီး ပြည်သူတစ်ဦးချင်းစီ အနေနဲ့ နိုင်ငံ တည်ဆောက် ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်အပ်တယ်။
 မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ။---