စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 26, 2011

ရထားပေါ်မှာပဲ ဘဝဆုံးတဲ့ ရထားချစ်သူ

ဒီဇင်လဘာလ ၁၇ ရက်နေ့က ရထားပေါ်မှာပဲ နှလုံးရောဂါနဲ့ အနိစ္စသဘော ကိစ္စချောသွားတဲ့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးလ် အခုတော့ ပန်းတွေနဲ့ ဝေနေပါပြီ။လာမယ့် ဒီဇင်လာ ၂၈ ရက်နေ့မှာတော့ နိုင်ငံတော် ဈာပနနဲ့ သူ့ကို သင်္ဂြိုဟ်ပါတော့မယ်။

မြောက်ကိုရီးယားမှ ၂၀၀၂ ခုနှစ်တွင် ထွက်ပြေးလာပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ခိုလှုံနေသော ရုပ်ပြောင်ရေးသူ Song Byeok က သူ၏ စတူဒီယိုတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ရေးဆွဲထားသည်များကို ပြသစဉ် (ဓာတ်ပုံ - AP)

ကင်ဂျုံအီးလ်ဟာ ဖခင်ဖြစ်သူ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်အီဆွန်း ကွယ်လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက မြောက်ကိုရီးယားရဲ့ အာဏာရှင်ကြီးအဖြစ် ဖခင်အရိုက်အရာကို ဆက်ခံခဲ့တဲ့သူပါ။

မြောက်ကိုရီးယားမှာ သိကြတဲ့ သူ့ကိုယ်ရေးရာဇ၀င်အရ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြောက်ကိုရီးယား တောင်တန်းဒေသမှာ ထူးခြားတဲ့နက္ခတ်တွေနဲ့ ယှဉ်ပြီး ဘုန်းတန်ခိုးကြီးသူအဖြစ် မွေးတယ်ဆိုပါတယ်။ ဒါပေမယ့် ဘီဘီစီ သတင်းတပုဒ်မှာတော့ သူ့ဖခင် ကင်အီဆွန်း ပြည်ပြေးစဉ် ဆိုက်ဘေးရီးယားမှာ သူ့ကိုမွေးခဲ့တယ်လို့ ဆိုထားပါတယ်။

ငယ်စဉ်ကတည်းက တကိုယ်ကောင်းဆန်တဲ့ ကင်ဂျုံအီးလ်ဟာ တရုတ်ပြည်မှာ အနေများခဲ့ပြီး ပညာလည်း တရုတ်နိုင်ငံမှာ သင်ခဲ့ပါတယ်။ တိုင်းပြည်မှာ အာဏာအရှိဆုံး ဖြစ်လာတဲ့အချိန်မှာ တရုတ်နိုင်ငံ ခေါင်းဆောင်တချို့ရဲ့ အကြံဉာဏ်ကလွဲရင် ဘယ်သူ့ဆီကမှ မယူဘူး။

သူခရီးသွားတဲ့ အခါမှာ အချိန်မီ သွားလာနိုင်ဖို့ လေယာဉ်နဲ့ခရီးသွားခြင်းဟာ အလွန်သင့်တော်တယ်လို့ အကြံပြုတာကို လုံးဝ ပယ်ချခဲ့တယ်။ ကင်ဂျုံအီးလ်ဟာ လေယာဉ်စီးရမှာကို အလွန်ကြောက်လန့်သူဖြစ်ပြီး အမြင့်တက်ရမှာလဲ အလွန်ကြောက်တတ်တဲ့သူပါ။ ပိုဆိုးတာက လေယာဉ်စီးသွားချိန်မှာ အချိန်မရွေး ပျက်ကျတာဖြစ်ဖြစ်၊ ဖျက်ချတာဖြစ်ဖြစ် အသက်ဆုံးရှုံးသွားရမှာကို သူက အကြောက်ဆုံးလို့ ဆိုပါတယ်။

တဖက်ကလည်း မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ တခြားလေယာဉ်တွေကို ဖောက်ခွဲဖျက်ဆီးရေးတွေ လုပ်ခဲ့ရာမှာ ပတ်သက်နေတာကြောင့် သူ့အလှည့် ပြန်ခံရမှာကို ကြောက်နေပုံလည်း ရပါတယ်လို့ ဝေဖန်ကြတယ်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံ အာဇာနည်ကုန်း ဗုံးခွဲလုပ်ကြံဖို့လည်း သူက အမိန့်ပေးခဲ့တာလို့ ကျွမ်းကျင်သူတွေက ဆိုထားတယ်။ သမ္မတ ချန်ဒူးဝမ် အသက်ဘေးလွတ်ပေမယ့် တောင်ကိုရီးယား အစိုးရအရာရှိ ၁၇ ဦး သေဆုံးခဲ့တယ်။

လက်နက်မှောင်ခိုနဲ့ မူးယစ်ဆေးဝါးကိစ္စတွေလည်း ပတ်သက်သလို ဂျပန်တွေကိုလည်း ပြန်ပေးဆွဲတာတွေ သူစီမံလုပ်ခဲ့ပါတယ်။

ဒါတွေကြောင့် ကင်ဂျုံအီးလ်ဟာ သူ့ကို ပြန်လည်လုပ်ကြံခံရမှာကို သတိထားလေ့ရှိတယ်။ လေယာဉ်စီးပြီး ခရီးမထွက်တာလည်း ဒါကြောင့်ဖြစ်တယ်။ သူ့နောက်ဆုံးအချိန်အထိ ကျေကျေနပ်နပ်လက်ခံပြီး ခရီးသွားဖို့ ခင်တွယ်တာ တခုပဲရှိတယ်။ ဒါကတော့ ရထားနဲ့ ခရီးသွားခြင်းပါ။

သူစီးလေ့ရှိတဲ့ ရထားဟာ နန်းတော်တခုလို ပြင်ဆင်ထားပြီး ရထားထဲမှာ အလွန်နှစ်လိုဖွယ် ကတ္တီပါတွေ၊ ကော်ဇောတွေ၊ လက်မှုပစ္စည်းတွေ၊ တံဆိပ်အမျိုးမျိုးနဲ့ ထောင်ချီတဲ့ ၀ိုင်အရက်ပုလင်းတွေ၊ အီတလီ၊ ဂျပန်နဲ့ ဥရောပ စားဖိုမှူးတော်တော်များများလည်း သူ့ရဲ့ရထားကြီးမှာ ပါလေ့ရှိပါတယ်။ အမွှေးအကြိုင်လည်း ရထားတွဲတိုင်း သင်းပျံ့နေလေ့ရှိတယ်။

သူသေတော့လည်း ရထားပေါ်မှာပဲ သေပါတယ်။

သူ့အကြောင်း မြန်မာပြည်မှာ စာအုပ် ရေးသားထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဟိန်းလတ်က “ဟင်းကောင်းကြိုက်တယ်၊ ဆူရှီကြိုက်တယ်။ ဒါပေမယ့် ဧည့်ခံပွဲကျရင်တော့ ဆန်ပြုတ်လောက် စားတယ်ဆိုတာလောက်ပါတာပါ။ ဒီထက်ဆက်ရေးရင် အများကြီးပဲ။ သူ့ဆီမှာ အီတာလျှံ စားဖိုမှူးတွေ၊ ဂျပန်ထမင်းချက်တွေ၊ အင်္ဂလိပ်ထမင်းချက်တွေထားပြီး ကောင်းကောင်းစားတယ်။ လူရှေ့သူရှေ့မှသာ ဆန်ပြုတ်စားပြတယ်လို့ အဲဒီစာအုပ်တွေမှာ ရေးထားတယ်” လို့ ပြောပါတယ်။

မြောက်ကိုရီးယား ပြည်သူတွေကတော့ ငတ်နေပါတယ်။ ကလေးငယ်တွေဆိုရင် အဟာရချို့တဲ့တဲ့ဒဏ် အပြင်းအထန်ခံစားကြရပါတယ်။

အလွန်ခမ်းနားတဲ့ ကင်ဂျုံအီးလ်ရဲ့ ရထားတွဲ ဖြတ်သွားလိုက်တိုင်း မြောက်ကိုရီးယား ပြည်သူတွေရဲ့ ဘ၀အမော ငိုချင်းချ ညည်းတွားသံတွေကို သူနဲ့အတူပါနေကျ တတိယသားတော်၊ အခုငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာရှင်ဖြစ်လာသူ ကင်ဂျုံအန်းလည်း မကြားခဲ့ကြဘူး။ မြောက်ကိုရီးယား ကွန်မြူနစ်နန်းတော်မှာ သြဇာညောင်းတဲ့ ညီမနဲ့ ယောက်ဖဖြစ်သူတို့ စုံတွဲကလည်း မမြင်ခဲ့ကြဘူး။

မြောက်ကိုရီးယားနိုင်ငံမှာ အာဏာရှင် နန်းဆက်ရှည်နိုင်ရေးအတွက် ကင်ဂျုံအီးလ်ဟာ သူ မကွယ်လွန်ခင်ကတည်းက သားဖြစ်သူ ကင်ဂျုံအန်း ဆက်ခံနိုင်စေဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒါကြောင့်လည်း မနှစ်က စက်တင်ဘာလထဲမှာ ကင်ဂျုံအီးလ်ဟာ ကျန်းမာရေး မကောင်းတဲ့ကြားက ကင်ဂျုံအန်းကို ဗိုလ်ချုပ်ကြီး ရာထူးပေးခဲ့တာပါ။ ညီမနဲ့ ယောက်ဖတော်တွေကိုလည်း အရေးပါတဲ့ နေရာတွေကို ပေးထားခဲ့တယ်။

ကင်ဂျုံအန်းဟာ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့မှာ ပညာသင်ခဲ့တယ်။ ကင်အီဆွန်းတက္ကသိုလ်က ဘွဲ့ရခဲ့တယ်။ ဘတ်စကက်ဘော ၀ါသနာထုံသလို နှင်းလျှောစီးလည်း ကျွမ်းကျင်တယ်။ ဖခင်နဲ့ တူတာကတော့ ၀ိုင်အရက်နဲ့ ရုပ်ရှင်ကို အလွန်ကြိုက်တာပါပဲ။

ကင်ဂျုံအန်းက သွားလေရာ ဗီဒီယို ကင်မရာယူသွားလေ့ရှိပြီး မိန်းမလည်း ကြိုက်ပါသေးတယ်။ ဘီယာချစ်သူလည်း ဖြစ်တယ်။

ဒီသားတော်မောင်နဲ့ ချစ်ညီမ စုံတွဲအတွက် ကင်ဂျုံအီးလ်က အစစအရာရာ အနာဂတ်ရေး စိတ်အေးချင်လို့ ပြင်ခဲ့ဆင်ခဲ့တယ်။

ကင်ဂျုံအီးလ်ဟာ သူကြိုက်တဲ့ ၀ိုင်ခွက်ကို မြှောက်မြှောက်ပြီး ၀ိုင်ရနံ့ကို ခေါင်းဝှေ့ ခံစားလိုက်တိုင်း မြောက်ကိုရီးယား ပြည်သူတယောက် အသက်ရှုရပ်သွားတာကိုတော့ ကြိုတင်မခံစားခဲ့ပါဘူး။ သူကြိုက်တဲ့ စီးကရက် မီးခိုးငွေ့များထဲ အနာဂတ်မဲ့ မြောက်ကိုရီးယား ကလေးငယ်များရဲ့ ၀ိဉာဉ်တွေလူးလွန့်နေတာ သူ ဂရုမစိုက်ပါဘူး။

ဝင်ရိုးတခုတည်း ကမ္ဘာမှသည် ဝင်ရိုးစုံကမ္ဘာကြီးအဖြစ် ပုံဖော်နေတဲ့ အချိန်မှာ မိစ္ဆာနိုင်ငံတွေကို မွေးဖွားပေးလေ့ရှိတဲ့ ပေါက်ဖော်ကြီး ရှေ့ကျားအဖြစ် မြောက်ကိုရီးယားဟာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့တာ ကြာပါပြီ။

ကမ္ဘာကြီးကို ခါးစောင်းတင်ဖို့ ရည်ရွယ်ချက်နဲ့ မြောက်ကိုရီးယားကို ကမ္ဘာ့နိုင်ငံတွေက လေးစားကြောက်ရွံ့ခြင်း ခံရအောင် နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားရင်း ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံလည်း ဖြစ်လာသလို လူဦးရေ ၆ သန်းကျော်ဟာ ငတ်မွတ် ခေါင်းပါးမှုဒဏ်ကို အလူးအလှိမ့် ခံစားနေရတာပါ။

တောင်ကိုရီးယားနဲ့ နိုင်ငံတကာက ငတ်မွတ်မှုခံစားနေရတဲ့ မြောက်ကိုရီးယား ပြည်သူတွေအတွက် အစားအစာနဲ့ ဆေးဝါး၊ အ၀တ်အထည်တွေကို လူသားချင်းစာနာပြီး ကူညီပေးခဲ့ကြတာတောင် အာဏာရှင်ကြီးက ကန့်သတ်ခဲ့ပါ တယ်။

နျူကလီးယား လက်နက်စမ်းဖို့ မြေကျင်းကြီးတွေတူး၊ ပြင်းထန်တဲ့ဖောက်ခွဲမှုတွေစမ်းသပ်နေချိန်မှာ ထောင်နဲ့ချီတဲ့ အသက် ၅ နှစ်အောက် မြောက်ကိုရီးယား ကလေးငယ်တွေဟာ အာဟာရဓာတ်ချို့တဲ့လို့ သေဆုံးကြရတယ်။ ငိုသံတွေဟာ ဗုံးခွဲသံတွေကြား ပျောက်ကွယ်သွားတယ်။

စစ်တပ်အင်အားကြီးမားရေးနဲ့ နျူကလီးယားကို စစ်ရေးအတွက်သာ အမြဲစဉ်းစားခဲ့တဲ့ ကင်ဂျုံအီးလ်ဟာ လျှပ်စစ်ဓာတ်အား အလုံအလောက် ထုတ်ပေးနိုင်စွမ်းရှိလျက်နဲ့ ကွန်မြူနစ်နန်းတော်ကလွဲလို့ တိုင်းပြည်ကတော့ ညတိုင်း မှောင်မည်းနေတတ်ပါတယ်။

ဒီလို နျူကလီးယားလက်နက် စမ်းသပ်တဲ့ပေါက်ကွဲသံနဲ့ တာဝေးပစ် ဒုံကျည်စမ်းသပ်လို့ ပေါ်ထွက်လာတဲ့ အသံတွေ၊ မြောက်ကိုရီးယား အများပြည်သူတွေရဲ့ အငတ်ဘေးကြောင့် ငိုကြွေးသံတွေကို ကင်ဂျုံအီးလ်ကတော့ ၀ိုင်အရက်နဲ့ မြည်းနေခဲ့တယ်။

နျူကလီးယားရပ်တန့်ရေး ၆ နိုင်ငံဆွေးနွေးပွဲကို ကင်မ်ဂျုံအီလ်ဟာ မြောက်ကိုရီးယား နိုင်ငံသားတွေရဲ့ သွေးသားတွေ၊ ဘ၀တွေနဲ့ အပေးအယူလုပ် ဈေးဆစ်နေလေ့ရှိတယ်။

မြောက်ကိုရီးယား ပြည်သူတွေအတွက် စနစ်ရဲ့ကျိန်စာကြောင့်လား၊ သူတို့ အာဏာရှင်မျိုးဆက်များရဲ့ မိုက်မဲမှုကြောင့်လား ဝေခွဲ သိခွင့်မရဘဲ အဓိပ္ပာယ်မဲ့ အသက်ဆက်ရှင်သန်နေရတယ်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ် စစ်ပွဲကြီး ရပ်နားပြီးတော့ မြောက်ကိုရီးယားနိုင်ငံရယ်လို့ ပေါ်ထွန်းလာခဲ့တဲ့ အချိန်မှာ ခေါင်းဆောင်ကြီး ကင်အီဆွန်ရဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ ကွန်မြူနစ်စနစ်ကို ကျင့်သုံးခဲ့တာဟာ မြောက်ကိုရီးယား နိုင်ငံသားတွေအတွက် ကျိန်စာသင့်မှု စခဲ့တာလားလို့ ပြောရမလိုပါပဲ။

လင်းသန့်

EPS စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အရ လာမည့် ၂၀၁၂ ခုနှစ်တွင်လည်း ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ စစ်ဆေးမှု ပြုလုပ်


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင် နှင့် အလုပ်သမားဝန်ကြီးဌာနတို့အကြား EPS စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) အရ လာမည့် ၂၀၁၂ ခုနှစ် အတွင်းတွင်လည်း ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS- KLT) စစ်ဆေးမှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ သိရသည်။

EPS စနစ်ဖြင့် အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)အား ၂၀၀၈ ခုနှစ် က ရေးထိုးခဲ့ပြီး အဆိုပါအချိန်က ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် ရွှေအင်းဝ ၀န်ဆောင်မှုအေဂျင်စီတို့ ပူးပေါင်း၍ ၂၀၀၈ ခုနှစ် အောက်တိုဘာလလ ၁၉ ရက်နေ့တွင် ပထမအကြိမ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS- KLT) စစ်ဆေးခဲ့ပြီး အောင်မြင်သူအချို့ကို လုပ်သား အဖြစ် ကိုရီးယားသို့ စေလွှတ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ လ ၂၉ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနှင့် ကိုရီးယားသမ္မတ နိုင်ငံ အလုပ်အကိုင်နှင့်အလုပ်သမား ၀န်ကြီးဌာနတို့ အကြား EPS စနစ် ဖြင့်အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ပြန်လည် လက်မှတ်ရေးထိုးခဲ့ပြီး ကိုရီးယားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“ကိုရီးယားနိုင်ငံက အလုပ်သမားခေါ်ယူမှုအတွက် EPSစာမေးပွဲကို တစ်နှစ်တစ်ကြိမ် အနည်းဆုံးတော့ လုပ်မှာဖြစ်တဲ့အတွက် လာမယ့် ၂၀၁၂ ခုနှစ်မှာလည်း EPS စာမေးပွဲ လုပ်သွားမှာပါ။ စာမေးပွဲပြုလုပ်မယ့် အချိန်နဲ့ လာမယ့်နှစ်အတွက် မြန်မာဘက်က ခွဲတမ်းဘယ်လောက် ရမယ်ကတော့ အခုအထိ မသိရသေးပါဘူး” ဟု အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦး က ရှင်းပြပါသည်။

မိုဘိုင်းဖုန်း Sim Card အသစ် ပြန်လည်လျှောက်ထားခြင်းအား ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်း၍ One Stop Service စနစ်ဖြင့် လုပ်ဆောင်သွားရန်ရှိ


ပျောက်ဆုံး၊ ပျက်စီးသွားသည့် မိုဘိုင်းဖုန်း Sim Card များပြန်လည်လျှောက်ထားရာတွင် လွယ်ကူလျင် မြန်စေရန်အတွက် ပုဂ္ဂလိကလုပ်ငန်း များနှင့် ပူးပေါင်း၍ One Stop Service စနစ်သို့ မကြာခင် ပြောင်းလဲ လုပ်ဆောင်သွားရန် ရှိကြောင်း သတင်းအချက်အလက်နှင့် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။

“ Sim Card တွေပျက်ရတဲ့ အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။ ကတ်ရဲ့ အရည်အသွေး မကောင်းတာကြောင့်လည်း ပါသလို အရည်အသွေးမကောင်းတဲ့ ဟန်းဆက်တွေ ကြောင့်လဲ ဖြစ်တတ်တယ်။ Sim Card တစ်ကတ်ရဲ့တန်ဖိုးကလည်း ဘယ်လောက်မှမရှိပါဘူး။ တကယ်တန်း သုံးစွဲသူတွေ လိုလားကြတာက ဘယ်လောက် လွယ်လွယ်နဲ့ ပြန်လဲပေးမလဲဆိုတဲ့ Service ပဲလို့ ထင်တယ်။ အဲဒီအပိုင်းကို ကောင်းအောင်လုပ်ပေးဖို့အတွက် ပုဂ္ဂလိကနဲ့ပေါင်းပြီး လုပ်ပေးသွားမယ်။ အခုဆိုကတ်ပျက်တာကို ငါးသောင်းချတယ်။ လဲ တာကိုလည်း မြန်မြန်လုပ်ပေးနေတယ်။ တစ်ဆင့်ပြန်ဝယ်ထားတဲ့ ဖုန်းတွေမှာဆိုရင် အရင်ပိုင်ရှင်ရဲ့မှတ်ပုံတင်မိတ္တူ တောင်းတာမျိုးတွေကို ဖြေလျှော့ပေးသွားမယ်။ ဒါတွေမလိုတော့ အောင်လုပ်ပေးမယ်။ နောက်ပြီး ပန်းဆိုးတန်းရုံးတို့ ဘာတို့ကို လာစရာမလိုတော့ဘဲ Private မှာတင် One Stop Service နဲ့ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတာမျိုးတွေပေါ့။ အခုလည်း မိုဘိုင်း ဖုန်းတွေနဲ့ပတ်သက်လို့ One Stop Service စနစ်တွေ အောင်မြင်ရေးအတွက် Work Shop တွေ လုပ်နေပါပြီ”ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။

လတ်တလော ကာလတွင် မိုဘိုင်းဖုန်း Sim Card အသစ်လျှောက်ထားရာ၌ တယ်လီဖုန်းဌားရမ်း သုံးစွဲခြင်း ကတိပဋိညာဉ်စာချုပ်မူရင်းနှင့် မိတ္တူ၊ ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ ကိုယ်စားလှယ်ဖြင့် လျှောက် ထားပါကပိုင်ရှင်၏ မှတ်ပုံတင်မိတ္တူ နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူများလိုအပ်ပြီး ကတ်ပျက်ဖြစ်ပါကSim Card အပျက်ပါတင်ပြရမည်ဟု သိရသည်။ Sim Card အသစ် ထုတ်ပေးခြင်းအတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ ငွေကျပ် ငါးသောင်းပေးသွင်းရမည် ဖြစ်သည်။

အဆိုပါကတ်ပျက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး၌ ကတ်ပျက် လာရောက် လျှောက်ထားသူတစ်ဦးက “Sim Card ပျက်လို့ ပြန်လျှောက်ဖို့လာတာ ဖောင်ကုန်နေပြီဆိုလို့ပွဲစား ဆီက၀ယ်ရတယ်။ လျှောက်ရခက်တယ်။ နှစ်ပတ်လောက်ကြာတယ်ဆိုလို့ ပွဲစားနဲ့လျှောက်ဖို့ ဈေးမေးတော့ နှစ်သောင်းကျမယ်ဆိုလို့ ကိုယ့်ဟာကိုယ်ပဲ ဘယ်လောက်ခက်ခက် လျှောက်ဖို့ပဲလုပ်ခဲ့တယ်။ ကတ်ဖိုးကလည်း ငါးသောင်းပြန်သွင်း ရဦးမယ်ဆိုတော့ အကုန်အကျ အရမ်းများသွားလိမ့်မယ်။ ကတ်ဖိုးပြန်သွင်းငွေ ဒီထက်ပိုလျှော့ ပေးရင် ကောင်းမယ်”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ လိုင်းရင်း ကချင်ဒုက္ခသည်စခန်း လိုအပ်ချက်များပြားနေဆဲ

ကချင်ပြည်နယ် လွယ်ဂျယ်နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံ လိုင်းရင်းမြို့ဒုက္ခသည် စခန်းတွင်ခိုလှုံနေသည့် ကချင်စစ်ပြေးဒုက္ခသည်များ အတွက် အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု ဒုက္ခသည်စခန်း တာဝန်ခံများ ကပြောသည်။

ဒုက္ခသည် ၂ ထောင်ကျော်ကို လက်ခံထားရှိသည့် လွယ်ဂျယ်မြို့ စိန်ပေါလ် ဘုရားကျောင်း ဒုက္ခသည်စခန်းမှ တာဝန်ခံတဦးက ပြောရာတွင် “အကူအညီကတော့ တကယ်ကို အများကြီး လိုအပ်နေပါတယ်။ ကျွန်မတို့အဓိက လိုအပ်တာကတော့ စားစရာ ဆန်၊ ဆီ၊ ဆား ပေါ့ ။ ဒါပေမယ့် လိုအပ်တာတွေက အများကြီးပဲ။ ရေဆိုရင်လည်း အခက်အခဲရှိတယ်” ဟု ပြောသည်။

တရုတ်ပြည်နယ်စပ်ရှိ လိုင်းရင်းမြို့ ဒုက္ခသည်စခန်းမှ တာဝန်ခံတစ်ဦးက '' အခု ဆောင်းတွင်းဆိုတော့ နှင်းကလည်းကျ အိပ်ယာခင်းတွေကလဲ မပြည့်စုံနဲ့ ဒုက္ခအရမ်းရောက်ပါတယ်။ ဒီနေရာကိုလည်း နေစရာမရှိတဲ့အတွက် တရုတ်ဆီကို သွားတောင်းထားတာပါ။ ဒီတန်းလျားတွေကိုလည်း ကိုယ့်ဟာကို ဆောက်လုပ်နေရတာပါ။ ၀ါးကိုလည်း ကိုယ့်ဟာကိုဝယ်တာ။ ၀ါးတစ်လုံးကို တရုတ်ငွေ ၁၀ယွမ် ပေးပြီး ၀ယ်ရပါတယ် ” ဟု စခန်းတာဝန်ခံကပြောသည်။


တရုတ်နိုင်ငံဘက်အခြမ်းရှိ လိုင်ရင်းကချင်ဒုက္ခသည်စခန်း


ထို့ပြင် ရေအခက်အခဲ ကြုံတွေ့နေရကာ တရုတ်နိုင်ငံ ဒေသခံများက နံနက်နှင့် ညနေ တကြိမ်ရေပေးဝေသည်ကို သယ်ယူကာ သုံးစွဲနေရကြောင်း၊ ရေတွင်းတူးရန် ငွေကြေးအခက်အခဲကြောင့် ကိုယ်တိုင်မတူးနိုင်သေးဟုလည်း ၎င်းကရှင်းပြသည်။
ဆောင်းရာသီ ဖြစ်သဖြင့် အိပ်ယာ၊ စောင် အမိုးအကာ အဓိက လိုအပ်လျှက်ရှိပြီး သောက်သုံးရေ ရရှိရေးသည်လည်း အခက်အခဲတခုဖြစ်နေသည်ဟု ယခုရက်ပိုင်းအတွင်း ဆန် ဆီနှင့် အသုံးအဆောင် ဆေးဝါးများ သွားရောက်လှုဒါန်းခဲ့သည့် မူဆယ်မြို့ ကုန်သည်ကြီးများ အသင်းနှင့် အခြားသော စေတနာရှင်များအဖွဲ့မှ ကိုသိန်းဝင်း ကပြောသည်။

တရုတ်နိုင်ငံ လိုင်းရင်းမြို့ရှိ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ ၁၆၀၀၀ ကျော်ရှိနေပြီး အများစုမှာ လွန်ခဲ့သည့် ၆ လခန့် ကေအိုင်အေနှင် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲစတင်စဉ် ကတည်းက ရောက်ရှိနေသူများ ဖြစ်သည်ဟု စခန်းတာဝန်ရှိသူက ဆိုသည်။ တရုတ်နိုင်ငံဘက်အခြမ်းတွင် ဆွေမျိုးသားချင်း ရှိသဖြင့် စခန်းတွင်လာရောက် မနေထိုင်သည့် စစ်ပြေးဒုက္ခသည်များလည်း ရှိသည်ဟု ၎င်းကပြောသည်။


ဒုက္ခသည်စခန်းမှ မိသားစုတစ်စု


စခန်းတွင် အဓိက ကျွေးမွေးသည့် အစားအစာမှာ ဆန်၊ ဆီ၊ ဆားနှင့် ပဲပုတ်သာဖြစ်သဖြင့် ကလေးငယ်များ အဟာရချို့တဲ့မှုဒဏ် ခံစားနေရသည်ဟုလည်း စခန်းတာဝန်ခံက ပြောပြသည်။ ရာသီဥတု အအေးဒဏ်နှင့် ပတ်သက်၍ ယင်းတာဝန်ခံကပင် “ လူကအရမ်းများတော့ အချို့ဆိုရင် မြေကြီးမှာပဲ အိပ်နေရပါတယ်။ အခုဆိုရင် ၀မ်းလျှောရောဂါဖြစ်လို့ လူ ၃ ယောက် သေသွားပါပြီ။ တန်းလျားကြီးနဲ့ လူအများကြီးစုနေရတော့ ကူးစက်ရောဂါအတွက် ကျွန်မတို့စိုးရိမ်နေရပါတယ် ” ဟုလည်း ကျန်းမာရေး နှင့် ပတ်သက်၍ တွေ့ကြုံနေရသည့် ပြဿနာများကို ပြောပြသည်။

ထို့ပြင် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် ကလေးငယ်များ ပညာသင်ကြားရေး အခက်အခဲလည်း ရှိနေကြောင်း စခန်းတွင် ရှိနေသည့် ကလေး ၄ ထောင်ကျော်မှာ စစ်ဘေးဒဏ်ကြောင့် စခန်းသို့ရှောင်တိမ်းလာပြီး ယနေ့အချိန်ထိ ပညာမသင်ကြားနိုင်ကြကြောင်းလည်း စခန်းတာဝန်ခံက ပြောသည်။ ။

စင်ကာပူ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော မြန်မာကုန်ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်ရှင်အမျိုးသမီးတစ်ဦးက လွှဲငွေများကို အလွဲသုံးစားပြု တိမ်းရှောင်

စင်ကာပူနိုင်ငံ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော မြန်မာကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့်ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်အမျိုးသမီးမှ လွှဲငွေများကို အလွဲသုံးစားပြုပြီး တိမ်းရှောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စင်ကာပူနိုင်ငံရှိ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပေါ်လစီချမှတ်ခြင်းနှင့် စီးပွားရေးခိုင်မာမှုတို့အတွက် စိစစ် ဆောင်ရွက်ပေးလေ့ရှိသော အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် Monetary Authority of Singapore (MAS) မှလည်း ပင်နီစူလာပလာဇာ အခြေ စိုက် စီပွားရေးလုပ်ငန်းများသို့ ၀င်ရောက်ကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားဖွယ်ရှိနေကြောင်းလည်း စင်္ကာပူအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် များအကြားတွင် သတင်းထွက်ပေါ်လျက်ရှိပါသည်။

ပင်နီစူလာပလာဇာအတွင်းရှိ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများအကြားမှ ထွက်ပေါ်လာသောသတင်းအရ အဆိုပါဆိုင်ပိုင်ရှင် အမျိုးသမီးမှာ ခန့်မှန်းငွေ အမေရိကန် ဒေါ်လာ ၁၅ သန်းခန့်ကို အလွဲသုံးစားပြု လုပ်သွားခြင်းဖြစ် ကြောင်းနှင့် ပင်နီစူလာရှိ အခြားလွှဲငွေလုပ်ငန်း လုပ်ကိုင်သောကုမ္ပဏီအချို့မှ တစ်ဆင့်ခံ လွှဲအပ်ငွေများလည်း အပါအ၀င်ဖြစ်ကြောင်း သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ပင်နီစူလာပလာဇာ တတိယထပ်တွင် မြန်မာကုန်ပစ္စည်းမျိုးစုံရောင်းချသည့် လုပ်ငန်းနှင့် ဟွန်ဒီလုပ်ငန်းလုပ်ကိုင် နေသူတစ်ဦးက ''ဒီဖြစ်စဉ်က ကျွန်တော်တို့လို လုပ်ငန်းတူအချင်းချင်းရော စီးပွားရေးလုပ်နေတဲ့သူတွေရော မြန်မာပြည်ကို ငွေပြန်ပို့နေတဲ့အလုပ် သမားတွေပါ ထိခိုက်နစ်နာသွားတာပါ။ ဒါက စလုံးကလွှဲတဲ့ငွေတွေ တင်မဟုတ်ပါဘူး။ တရုတ်၊ မလေးရှားဘက်တွေကလာတဲ့ လွှဲငွေတွေ၊ အပ်ငွေ တွေလည်း ပါတယ်လေ။ ကျွန်တော့်အသိ လုပ်ငန်းရှင် တစ်ယောက်က ဒေါ်လာ သုံးသိန်း၊ အချို့က လေး၊ ငါးသိန်း၊ တချို့က ၁၀ သိန်းပေါင်းလိုက်တော့ သန်းချီ ဖြစ်သွားတာပေါ့ဗျာ။ သူ့လက်ထဲမှာ အချိန်တစ်ခု ရသွား လို့လည်း ငွေတွေ ဒီလောက်အထိများများ ပါသွားတာပေါ့။ အရှင်းဆုံးပြောရရင် ကျွန်တော် တို့အသိုင်းအ၀ိုင်းမှာ တော်တော်ထိခိုက်သွားတယ်ဗျ။ ကစားဝိုင်းထဲမှာ၊ ဈေးကွက်ထဲမှာ ငွေမကျန်တော့သလိုပေါ့။ သူ့ဆီ ငွေအကုန်ပါသွားတော့ လုပ်ရကိုင်ရ ခက်သွားတာပေါ့။ အတိအကျ amount တစ်ခုကို မပြောနိုင်ကြပေမယ့် လက်ကြီးသမားတွေ လက်ကားဖြန့်နေတဲ့သူတွေ အကုန်နီးပါး ဒုက္ခရောက်သွားတယ်လို့ ကျွန်တော်ထင်တယ်။ ငွေပုံမှန်လွှဲနေတဲ့ လက်လီသမားတွေဆိုလည်း အယုံအကြည် ပျက်သွားတာပေါ့။ ကျွန်တော်တို့လုပ်ငန်းက ယုံကြည်မှုနဲ့လုပ်ကြတာ၊ ကျွန်တော်တို့အချင်းချင်းလည်း ယုံကြည်မှုနဲ့လုပ်ရတာ။ ပင်နီစူလာမှာရှိတဲ့ ကုမ္ပဏီ အတော်များများက ငွေတွေပါသွားမယ်လို့ ကျွန်တော်ထင်တယ်။ အခုဆိုင်ကို ဟန်မပျက်ဖွင့်နေတဲ့သူကတော့ ဘယ်လိုဆက်ရှင်းမယ် မသိသေးပါဘူး။ ဒီလုပ်ငန်းက လိုင်စင်လည်းရှိတာ မဟုတ်ဘူး။ လိုင်စင်အောက်မှာ လည်း လုပ်လို့မရဘူး။ လက်တလောမှာလည်း ယုံကြည်မှုနဲ့ အရင်လိုငွေလွှဲမယ့်သူတွေလည်း ရှားသွားပြီပေါ့။ ပင်နီစူလာမှာ ပုံမှန်အတိုင်းဖြစ်အောင် ကိုယ့်ဘာသာကိုယ်လုပ်နေ ကြရတာပေါ့။ MAS တို့လို အဖွဲ့အစည်း တွေကပါ လာစစ်မယ်၊ စုံစမ်းမယ်ဆိုတဲ့သတင်းတွေပဲ ကြားနေရလို့ ကျွန်တော်တို့လည်း စိတ်ပူနေရတာပေါ့ဗျာ''ဟု ရှင်းပြခဲ့သည်။

အဆိုပါဆိုင်မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်မှစတင်ကာ ပင်နီစူလာပလာဇာတွင် အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပင်နီစူလာပလာဇာတွင် ရုံးခန်းဖွင့်လှစ်ပြီး လွှဲငွေလုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများမှာ စုစုပေါင်းခန့်မှန်းခြေ ကုမ္ပဏီ ၃၀ ခန့်ရှိကြောင်းသိရသည်။

ဝက်နားရွက်ပြာရောဂါကို ကူးစက်ရောဂါအဖြစ် တရားဝင်သတ်မှတ်သွားမည်ဖြစ်ပြီး ထိန်းချုပ်ရေးလုပ်ငန်းများကို အဆင့် ၇ ဆင့် ရေးဆွဲဆောင်ရွက်သွားမည်

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ဖြစ်ပွားခဲ့သော ၀က်နားရွက်ပြာရောဂါ (PRRS) ကို ကူးစက်ရောဂါအဖြစ် တရားဝင် သတ်မှတ်သွားမည်ဖြစ်ပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အဆင့်ခုနစ်ဆင့် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ၀က်နားရွက်ပြာရောဂါနှင့် ပတ်သက်သည့် ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

''တိရစ္ဆာန်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးဥပဒေအရ 'က' စာရင်းဝင် ကူးစက်ရောဂါ၊ 'ခ' စာရင်းဝင် ကူးစက်ရောဂါဆိုပြီး ရှိပါတယ်။ ကူးစက်ရောဂါအမျိုးအစား အလိုက်ဘာတွေလုပ်ရမလဲဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ အခုနောက်ဆုံး HPAI (အပြင်းစား ကြက်ငှက်တုပ်ကွေး)နဲ့ BSE (နွားရူးရောဂါ)ကို ကူးစက်ရောဂါအဖြစ် ထပ်ထည့်ခဲ့ပါတယ်။ အခု PRRS ကို ထပ်ထည့်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုကူးစက်ရောဂါအဖြစ် သတ်မှတ်ပြီးရင်တော့ သတင်းပို့ရမယ့် ရောဂါဖြစ်သွားပါပြီ။ သတင်းမပို့ရင် အရေးယူလို့ ရပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

''ကြက်ငှက်တုပ်ကွေးမှာတော့ ဆောင်ရွက်ရမယ့် အစီအစဉ်တွေ လုပ်ဆောင်ပြီးဖြစ်ပေမယ့် ၀က်နားရွက်ပြာရောဂါကတော့ ၂၀၁၁ မှာ စဖြစ်လာတဲ့အတွက် အခုမှ Road Map ဆွဲပြီးဆောင်ရွက်နေပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် ၀က်နားရွက်ပြာရောဂါအတွက် ကာကွယ်ဆေးမထိုးရန် မူချမှတ်ထားသော်လည်း သက်ဆိုင်ရာဌာန၊ ပညာရှင်များ၊ မွေးမြူသူများ ကျယ်ကျယ်ပြန့်ပြန့် ၀ိုင်းဝန်းဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ကာကွယ်ဆေးထိုးသင့် . .


အဆိုပါ Road Map တွင် Policy ၊ Management ၊ Surveillance & Reporting ၊ Outbreak Responding ၊ Restocking ၊ Farm Biosecurity ၊ Trade Biosecurity ၊ Research တို့ပါဝင်မည်ဖြစ်ပြီး လာမည့်ခြောက်လအတွင်း ဆောင်ရွက် သွားရမည့်ကိစ္စရပ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။

ဝက်နားရွက်ပြာရောဂါမှာ ၀က်မွေးမြူရေးကို ထိခိုက်မှုအများဆုံးဖြစ်စေသည့် ၀က်ရောဂါတစ်ခုဖြစ်ကာ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီးခြောက်ခု၏ ခရိုင် ၁၂ ခုမှ မြို့နယ် ၃၄ မြို့နယ်တွင် ကူးစက်ဖြစ်ပွားခဲ့ကာ ၀က်ကောင်ရေ ၁၈၇၅ ကောင်သေဆုံးခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တရားဝင်စာရင်းများအရ သိရှိရသည်။

ဝက်နားရွက်ပြာရောဂါ ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတော်မှ ၀က်နားရွက်ပြာရောဂါဖြစ်သည်ဟု ခန့်မှန်းနိုင်သည့် သဏ္ဌာန်လက္ခဏာများကို သတ်မှတ်ပေးရန်၊ ၀က်နားရွက်ပြာ ရောဂါဟု သံသယဖြစ်ဖွယ် ရောဂါဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ် ပေးရန်၊ ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားလျှင်မှန်ကန်သည့် သတင်းအချက်အလက်များ မြန်ဆန်စွာထုတ်ပြန်ပေးရန် လိုအပ်ကြောင်း သိရသည်။ လက်ရှိတွင် ၀က်နားရွက်ပြာရောဂါအတွက် ကာကွယ်ဆေးမထိုးရန် မူချမှတ်ထားသော်လည်း သက်ဆိုင်ရာဌာန၊ ပညာရှင်များ၊ မွေးမြူသူများ ကျယ်ကျယ်ပြန့်ပြန့် ၀ိုင်းဝန်းဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ကာကွယ်ဆေးထိုးသင့်သည်ဟု ဆုံးဖြတ်လာပါက မွေးမြူရေးနှင့်ကုသရေးဦး စီးဌာနအနေဖြင့် ကန့်ကွက်စရာ မရှိကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

၂၀၀၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် Koichiro Gemba လာရောက်



၂၀၀၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် Koichiro Gemba သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ ရောက်ရှိလာသည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များ တိုးတက်မှုများအတွက် အားတက်မိကြောင်း မြန်မာနိုင်ငံသို့ မလာရောက်မီ ပြောကြားထားသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရာတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ထပ်မံလွှတ်ပေးရန်နှင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပရန်တို့ကိုလည်း ပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၄၅ မိနစ်ခန့် ကြာမြင့်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့သည် ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် တွေ့ဆုံပြီး ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က "ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တာဟာ လွန်ခဲ့တဲ့ ကိုးနှစ်ကာလအတွင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးတို့နဲ့လည်း တွေ့ဆုံဖြစ်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် အစရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ နောက်ပြီး ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စကို တိုးတက်အောင် လုပ်နေတဲ့ကိစ္စ ဒါတွေကို လုပ်နေတာ ကောင်းကောင်း အကဲခတ်ခွင့် တန်ဖိုးထားနေပါတယ်။ မြန်မာအစိုးရရဲ့ ဒီလိုလုပ်ဆောင်မှုကို တတ်နိုင်သမျှ ဂျပန်အစိုးရအနေနဲ့ ၀ိုင်းဝန်းပြီးတော့ ကူညီအားပေးချင်တဲ့ ဆန္ဒရှိပါတယ်။ ဂျပန်ပြည်က ဒီလိုအားပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြတာ ဖြစ်ပါတယ်။ ပထမအချက် လူသားချင်းဖလှယ်မှုကဏ္ဍနဲ့ ပတ်သက်ပြီးပြောရရင် သမ္မတဦးသိန်းစိန်ကို ဂျပန်ပြည်ကို ဖိတ်ခေါ်ဖို့၊ လာမယ့်နှစ်မှာ ဂျပန်ပြည်မှာ ကျင်းပမယ့် ဂျပန်-မဲခေါင်ထိပ်သီး အစည်းအဝေးကို သမ္မတတက်ရောက် ပါဝင်အောင် ဖိတ်ခေါ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်ပြည်ကို လာရောက်လည်ပတ်အောင် ဖိတ်ခေါ်တာဖြစ်ပါတယ်။ သမ္မတကလည်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှေ့ကို ကျွန်တော်တို့ မျှော်လင့်ချက်ထားလို့ရတဲ့ အဖြေရရှိပါတယ်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကဏ္ဍနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိနိုင်တဲ့ အခြေခံလူနေမှုကဏ္ဍကို ဗဟိုပြုပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲမှု ပပျောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့ကို အလေးအနက်ထားပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားပြည်သူတွေကို တိုက်ရိုက်အကျိုးပြုအောင် ဆိုပြီးတော့၊ သူတို့ရဲ့အနေအထိုင်ကို အလေးအနက် စဉ်းစားပါဆိုပြီးတော့ အကြံဥာဏ် ပေးပါတယ်။

ကျွန်တော်တို့ ဂျပန်နိုင်ငံအနေနဲ့လည်း human security ဆိုတဲ့အယူအဆကို တန်ဖိုးထားပါတယ်။ အဲဒါကြောင့် လူသားတွေကို အင်မတန်လေးစားပြီးတော့ သူတို့ကို ထိထိရောက်ရောက်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာကို ကောင်းကောင်းလုပ်ဆောင်မှာ ဖြစ်ပါ တယ်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး နောက်တစ်ချက်ပြောရရင် အထွေထွေဖွံ့ဖြိုးမှုအတွက် လေ့လာမှုဆိုတာကို လုပ်ဆောင်တဲ့နေရာမှာ သီလ၀ါဆိပ်ကမ်း ရန်ကုန်နားမှာရှိတဲ့ အဲဒီဆိပ်ကမ်းကိုလည်း ပါဝင်ပြီးတော့ လေ့လာသုံးသပ်မှာ ဖြစ်ပါတယ်။ ဒါတွေကို သမ္မတဦးသိန်းစိန်ကနေပြီးတော့ အထူးမျှော်လင့်ချက်ထားပြီး တောင်းဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေကို အကူအညီနဲ့ ပတ်သက်ပြီး အရေးကြီးတယ်၊ မျှော်လင့်ချက်ထား တယ်ဆိုတဲ့ စကားရှိပါတယ်။ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြားမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ချုပ်နိုင်အောင်ဆိုပြီး စတင်ပြီးညှိနှိုင်းဖို့ကို အစိုးရနဲ့ ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ သဘောတူညီချက် ရရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ စောစောကအကြံဥာဏ် ပေးတာက ဒီရင်းနှီးမြှုပ်နှံမှုတို့ကို အင်မတန်အရေးကြီးပေမယ့် ဒီမိုကရေစီရေးက ဆက်ပြီးတော့ တိုးတက်မှု ရှိတယ်ဆိုတာက capitalist ဆိုတာ မရှိအောင် အင်မတန်အရေးကြီးတယ်ဆိုတာ ဒါတွေဆွေးနွေးပြီး ကျွန်တော်လည်း အဲဒီလို စဉ်းစားနေတာကို ပြောချင်ပါတယ်။ ယဉ်ကျေးမှုကဏ္ဍနဲ့ ပတ်သက်ပြီး ပြောရရင် ပုဂံမှာရှိနေတဲ့ ဗုဒ္ဓဘာသာ ပုထိုးစေတီတွေကို ပြုပြင်ဖို့ ကောင်းကောင်းထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေကို မကြာခင် ဖေဖော်ဝါရီလမှာ စေလွှတ်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အချိန်က ဒီလိုတိုတိုလေးဖြစ်ပေမယ့် ကျွန်တော် စိတ်ထဲမှာ အထူးခံစားမိတာ တစ်ခု ရှိပါတယ်။ မြန်မာပြည်သူလူထု ရဲ့ မျက်နှာအနေအထားက အင်မတန်ကို ပျော်ပျော်ရွှင်ရွှင် ရှိပါတယ်။ အနာဂတ်ရည်မှန်းချက်လည်း ရှိတယ်လို့ ကျွန်တော်ကိုယ်တိုင် ခံစားမိတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်သူလူထု လူနေမှုဘ၀မြှင့်တင်ရေးအတွက် ထိထိရောက်ရောက်ကို အဲဒါအကျိုးရှိဖို့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဂျပန်အစိုးရအနေနဲ့လည်း သင့်သင့်တော်တော်နဲ့ ၀ိုင်းပြီးတော့ ကူညီချင်တဲ့ဆန္ဒရှိပါတယ်။ နိဂုံးချုပ်အနေနဲ့ ဒီနှစ် မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်အရှေ့ပိုင်း မြေငလျင်ကြီးလှုပ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ စာနဲ့အင်မတန်နွေးထွေးတဲ့ စိတ်မကောင်းစွာ နောက်ပြီး အားပေးတဲ့စကားကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုကျွန်တော်တို့ ဂျပန်နိုင်ငံက အရှိန်ရှိရှိနဲ့ ပြန်လည်ထူထောင်လျက်ရှိတာဆိုတာကို တကယ်လက်တွေ့လည်း လာရောက်ပြီးတော့ တွေ့ဆုံနိုင်တာ ဆိုတာကို ကျွန်တော်တို့ မျှော်လင့်ပြီးတော့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ အဲဒါကို မျှော်လင့်ရင်းနဲ့ နိဂုံးချုပ်ပါတယ်"ဟု စကားပြန်မှတစ်ဆင့် ပြောကြားခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မကလည်း ဒီလို ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ရတာ အင်မတန်မှ ၀မ်းသာပါတယ်။ ကျွန်မတို့ နိုင်ငံနှစ်နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးခဲ့တာကလည်း အင်မတန်မှ ကြာပါပြီ။ ဒါကြောင့်မို့လို့ နောင်လည်း အနာဂတ်မှာ ဆက်ပြီးတော့ ဒီချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းသွားနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဂျပန်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်မို့လို့ ကျွန်မတို့ မြန်မာနိုင်ငံက ဒီမိုကရေစီ ထူထောင်မှု ကြိုးပမ်းမှုတွေကိုလည်း အင်တိုက်အားတိုက်နဲ့ ထောက်ပံ့ပေးမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ကျွန်မ၀န်ကြီးကို ရှင်းပြခဲ့တာဟာ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက်ရေးအတွက် လိုအပ်တဲ့ကိစ္စတွေထဲမှာ ကျွန်မတို့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ငြိမ်းချမ်းရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ တိုင်းရင်းသားလူမျိုးများအားလုံးကြားမှာ သွေးစည်းညီညွတ်ရေး ရှိဖို့အတွက်ကို လူသားမှုဆိုင်ရာဖွံ့ဖြိုးမှု အကူအညီတွေ ပေးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေမှာလည်း တန်းတူညီတူပေးဖို့လိုတယ်ဆိုတာ ကျွန်မရှင်းပြခဲ့ပါတယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအရေးနဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးဟာ ဆက်နွှယ်နေတယ်ဆိုတဲ့အကြောင်း ကျွန်မထောက်ပြပါတယ်။ ဒီမိုကရေစီအဆောက်အအုံတွေက ခိုင်မာမှလည်း ကျွန်မတို့ရဲ့ စီးပွားရေးတိုးတက်မှုမှာ ခိုင်မာနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်နိုင်ငံအနေနဲ့ ကျွန်မတို့ကို လူသားချင်းစာနာရေးနဲ့ ပတ်သက်လို့၊ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်လို့၊ စီးပွားရေးနဲ့ ပတ်သက်လို့ ကူညီတဲ့အခါမှာ ကျွန်မတို့ရဲ့ ဒီမိုကရေစီအဆောက်အအုံတွေ ခိုင်မာရေးကို ထည့်သွင်းပြီးတော့ စဉ်းစားသွားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံ အချင်းချင်းကြားမှာလည်း ရင်းနှီးချစ်ကြည်မှုကို ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်နိုင်ငံသူ နိုင်ငံသားများ ဒုက္ခနဲ့ တွေ့ရတဲ့အခါကြရင် ကျွန်မတို့ကနေပြီးတော့ ထပ်တူပဲ ခံစားရပါတယ်။ ဒါကြောင့်မို့လို့ ဘယ်နိုင်ငံကပဲလာလာ နောက်ဆုံးကြတော့ အားလုံးက လူသားတွေပါ။ ဒါကြောင့်မို့လို့ လူသားအချင်းချင်းပေါ်မှာ မေတ္တာစေတနာထားပြီးတော့ ကျွန်မတို့ လက်တွဲပြီးတော့ ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မကို ဂျပန်နိုင်ငံကို လာလည်ဖို့ ဖိတ်ခေါ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဂျပန်နိုင်ငံကို မရောက်တာ ကြာပါပြီ။ နောက်ထပ်လည်း သွားချင်တဲ့ ဆန္ဒအများကြီး ရှိပါတယ်။ ကျွန်မတို့ ဂျပန်နိုင်ငံကို ဒီတစ်ခါသွားပြီးလို့ရှိရင် နောက်မကြာမီကာလအတွင်းမှာ ကျွန်မတို့ မြန်မာနိုင်ငံလည်း ဒီလိုတိုးတက်နိုင်မယ်ဆိုတဲ့ အမြင်မျိုးနဲ့ ကျွန်မသွားပြီး ကြည့်ချင်တာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ယုံကြည်မှုအပြည့်နဲ့ ဒီမိုကရေစီလမ်းကို လျှောက်ဖို့ ကျွန်မတို့က သန္ဓိဋ္ဌာန်ချထားပြီး ဖြစ်ပါတယ်။ ဒီလိုလမ်းကို လျှောက်တဲ့အခါမှာ ကျွန်မတို့ရဲ့ မိတ်ဆွေနိုင်ငံများ အားလုံးက ၀ိုင်းဝန်းပြီးတော့ မြန်မာနိုင်ငံကို ကူညီတဲ့နေရာမှာ ဂျပန်နိုင်ငံကလည်း ရှေ့ကနေ ရှိနေမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်မပြောချင်တာကတော့ ကျွန်မတို့ ဒီမိုကရေစီ လှုပ်ရှားမှုကို နှစ် ၂၀ ကျော်ကာလအတွင်းမှာ ဂျပန်နိုင်ငံသူ နိုင်ငံသားတွေက အများကြီးအားပေးခဲ့ပါတယ်။ ဒီလို အားပေးမှုတွေအတွက် ကျွန်မတို့ အမြဲပဲ ကျေးဇူးတင်လျက်ရှိနေမှာပါလို့ ကျွန်မပြောချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်မှ ၂၈ ရက်အတွင်း လေးရက်ကြာမြင့်မည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံ ခရီးစဉ်အရ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် မြန်မာနိုင်ငံသို့ လာရောက်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ၏ ခရီးစဉ်သည် ၂၀၀၂ ခုနှစ် သြဂုတ်လတွင် လာရောက်ခဲ့သည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoriko Kawaguchi ၏ ခရီးစဉ်ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး၏ ခရီးစဉ်ဖြစ်သည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော်လည်း တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ကို ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဇွန်လတွင် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) အသစ်ပေးမှုအား တားမြစ်ထားမှုကို ဖယ်ရှားခဲ့သော်လည်း အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အကူအညီအပြည့်အ၀ မပေးနိုင်သေးကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ထောက်ပံ့မှုကို ပေးခဲ့ရာတွင် ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစသည့် နည်းလမ်းများဖြင့် ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအား ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) အပြည့်အ၀ ပြန်လည်ပေးနိုင်ရေးအတွက် တရားဝင်ဖွံ့ဖြိုးရေး အကူအညီ မူဝါဒဆိုင်ရာ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို နေပြည်တော်၌ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးညှိနှိုင်းပွဲ၌ မြန်မာအစိုးရသစ်၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေး အကူအညီမူဝါဒများအပြင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ လက်ရှိစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒအရ အကောင်အထည်ဖော်နိုင်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်း နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အရပ်သားအုပ်ချုပ်သည့်စနစ်သို့ မကြာသေးမီက ပြောင်းလဲခဲ့သည့် မြန်မာနိုင်ငံအတွက် ဈေးကွက်စီးပွားရေးနှင့် တည်ငြိမ်သည့်လူမှုရေးကို အခြေခံသည့် ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးသည် အရေးကြီးသည်ဟု ဂျပန်နိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ဖြစ်ပေါ်လာမှုကို စောင့်ကြည့်နေစဉ်အတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရန် ရည်ရွယ်ပါကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၉ သန်း ရှိကြောင်း သိရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများစာရင်းတွင် အဆင့် ၁၂ ၌ ရပ်တည်နေသည်။

Monday, December 19, 2011

နိုင်ငံတကာလေဆိပ်သစ် နေပြည်တော်မှာ စတင်ဖွင့်လှစ်

မြန်မာမြို့တော်သစ် နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီကနေ့ တနင်္လာနေ့မှာ ဖွင့်လှစ် လိုက်ပါတယ်။ တရုတ်ဆီက ချေးငွေနဲ့ Asia World ကုမ္ပဏီက ဆောက်လုပ်ခဲ့တဲ့ လေဆိပ်ဟာ နိုင်ငံတကာ အဆင့်မီဖြစ်တယ်လို့ လေဆိပ်ကို မြင်တွေ့ခဲ့ရသူတွေက ပြောကြပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တွေအတွက် ဝင်ငွေ ပြန်ရနိုင်ဖို့ နိုင်ငံတကာ လေယာဉ်တွေ များများဆင်းသက်ဖို့ လိုတဲ့အကြောင်း မစုမြတ်မွန်က တင်ပြထားပါတယ်။

Asia World ကုမ္ပဏီက ၂၀၀၉ ခုနှစ်မှာ စတင်ဆောက်လုပ်နေတဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီကနေ့ တရားဝင် ဖွင့်လိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဆီက ချေးငွေ ခန့်မှန်းချေ ဒေါ်လာသန်း ၃၇၀ လောက်အကုန်ခံ ဆောက်လုပ်ထားတဲ့ လေဆိပ်သစ်ဟာ နိုင်ငံတကာ အဆင့်မီတယ်လို့ လေဆိပ်ထဲကို ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်က ပြောပြပါတယ်။

“ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေ ယိုးဒယားတို့၊ စင်ကာပူတို့ လေယာဉ်ပျံကွင်းတွေနဲ့ အဆင့်အတန်း မီအောင် တည်ဆောက်ထားတာကို တွေ့ရတယ်။ soft infrastructure ရော၊ hard infrastructure ရော အကုန်လုံး တပ်ဆင်ပြီးဖြစ်နေပြီပေါ့ ဒီလေယာဉ်ကွင်းအသစ်ကြီးမှာ။ baggage handling တို့ဘာတို့ကအစ တကယ့်ကို နိုင်ငံခြားအဆင့်အတန်မီ အကုန်လုံး လုပ်ထားတယ်။ လူတွေ အကြိုအပို့အတွက်လည်း ဘက်စ်ကားတွေကအစ တကယ့် နိုင်ငံခြားအဆင့်မီကားတွေ သုံးပြီး လုပ်ထားတာကို တွေ့ရတယ်။ လေယာဉ်ပျံ ဆိုက်ပြီးတော့ sky bridge တွေကအစ တော်တော်လေး အဆင့်အတန်း ကောင်းကောင်းမွန်မွန် လုပ်ထားတာ တွေ့ရပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ဆင်းနိုင်တာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ပဲ ရှိနေချိန်မှာ ခုလို နေပြည်တော်မှာ လေဆိပ်သစ်ဖွင့်တဲ့အတွက် မြန်မာနိုင်ငံကို လာကြမယ့်သူတွေအတွက် ရွေးစရာရသွားတယ်လို့ သူက မြင်ပါတယ်။

“ရန်ကုန်လေယာဉ်ပျံကွင်းဆိုရင်လည်း တော်တော်လေး ကျပ်နေတာကို ကျနော်တို့ တွေ့ကြုံရတယ်။ Immigration ဖြတ်တာကအစ ကျနော်တို့ စောင့်ရတဲ့လိုင်းတွေ အရမ်းရှည်နေပြီးတော့ အခက်အခဲတွေ မျိုးစုံနဲ့ ကြုံတွေ့နေရတယ်ပေါ့။ မြန်မာပြည်ကလည်း အခု ဖွင့်တဲ့အနေအထားရှိတော့ ဧည့်သည်တွေလည်း များတော့ နောက်ဆိုရင်တော့ ရန်ကုန်လေယာဉ်ကွင်းက တော်တော်လေး traffic များမယ့်သဘောမှာရှိတယ်။ အဲဒီတော့ အခု ဒီနေပြည်တော်လို လေယာဉ်ပျံကွင်း ပေါ်ပေါက်လာတယ်ဆိုရင်တော့ ကျနော်တို့ လာတဲ့ဧည့်သည်တွေ အတွက် အဆင်ပြေပြီးတော့ ချောမွေ့မယ်လို့ ထင်ပါတယ်။”

တစ်ခုရှိတာကတော့ အစိုးရဝန်ကြီးဌာနတွေ၊ ရုံးတွေပဲ ရှိသေးတဲ့ နေပြည်တော်ကို နိုင်ငံခြားက ကမ္ဘာလှည့် ဧည့်သည်တွေလာဖို့ စိတ်ဝင်စားပါ့မလား ဆိုတာက မေးခွန်းထုတ်စရာပါ။ ခရီးသည်လိုအပ်ချက်အပေါ် ဝန်ဆောင်မှုပေးရတဲ့ လေကြောင်းလိုင်းတွေအနေနဲ့ကလည်း နေပြည်တော်လေဆိပ်ကို လာဖို့ တွက်နိုင်ပါတယ်၊။ ဒီတော့ ကုန်ကျစရိတ် မြောက်များစွာ အကုန်ခံပြီး ဖွင့်ထားတဲ့ လေဆိပ် လည်ပတ်နိုင်ဖို့က ဝန်ဆောင်ခရဖို့ လိုအပ်တာမို့ ခရီးသည်များများ လာဖို့တော့ လိုအပ်ပါတယ်။

Asia World ကုမ္ပဏီကတော့ တစ်နှစ်ကို ခရီးသည် ၃ သန်းကျော်ကို ဝန်ဆောင်မှုပေးနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဆင့် ၃ ဆင့်ခွဲ ဆောက်လုပ်နေတဲ့ နေပြည်တော်လေဆိပ်က တပြိုင်တည်း လေယာဉ် ၁၀ စင်း ဆင်းသက်နိုင်တဲ့ ပထမအဆင့်ပြီးသွားတဲ့အတွက် ဖွင့်လှစ်လိုက်တာပါ။ ဒီကနေ့ နေပြည်တော်မှာစတင်တဲ့ GMS မဟာမဲခေါင်ဒေသခွဲ စည်းဝေးပွဲနဲ့ အချိန်ကိုက် ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် GMS ထိပ်သီး စည်းဝေးပွဲအတွက် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ်၊ တရုတ် နိုင်ငံတော်ကောင်စီဝင် ဒိုင်ဘင်ဂေါ် အပါအဝင် ကျန်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ နေပြည်တော်မှာ ရောက်နေကြပါတယ်။ ဒီကနေ့ လေဆိပ်ဖွင့်ပွဲကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တရုတ် နိင်ငံတော်ကောင်စီဝင် ဒိုင်ဘင်ဂေါ်တို့က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

KIO နှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဖွဲ့ပြီး

ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်ထောင်စုအဆင့် 'နိုင်ငံရေး ဆွေးနွေးရန်' ဦးအောင်သောင်း ခေါင်းဆောင်သော ၁၁ ဦးပါ အဖွဲ့ ဖွဲ့စည်းထားကြောင်း အသိပေးစာအား ကချင်လွတ် မြောက်ရေးအဖွဲ့ KIO ကို ယမန်နေ့က လက်ခံ ရရှိကြောင်း KIO ပြောခွင့်ရ ဦးလနန်က ပြောသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးရေး အဖွဲ့အား သီးသန့်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်စာကို KIO ကို ယမန်နေ့က အီးမေးလ်မှတဆင့် တရားဝင် အသိပေးလာခြင်း ဖြစ်သည်။

“နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အကြောင်းကြားခြင်းဆိုကာ ဦးအောင်သောင်း၏ လက်မှတ်
ရေးထိုးထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တာဝန်
ပေးအပ်ပြီး ဖြစ်ပါကြောင်း”ဟု ဦးလနန်က ပြောသည်။


မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးကြစဉ် Photo:: KIO။

အစိုးရဘက်မှ တရားဝင်အကြောင်းကြားလာသဖြင့် KIO အဖွဲ့အနေဖြင့်လည်း ဗဟိုကိုယ်စားလှယ်အဖွဲ့ ပြန်လည် ဖွဲ့စည်းပြီးနောက် အစိုးရထံ တရားဝင် ထပ်မံစာပို့မည်ဟု ဦးလနန်က ပြောသည်။

လက်ရှိ ရှေ့တန်းနေရာများတွင် နှစ်ဘက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီးရဘက်မှ လက်နက်နှင့် စစ်အင်အား များကို ဆက်လက် ပို့တောင်နေသည်ဟု ဦးလနန်က ပြောသည်။

“အင်အားလျော့သွားတာ မရှိဘူး။ နဂိုရှိပြီးသား အခြေစိုက်နေတဲ့နေရာကို လက်နက်တွေ ရိက္ခာတွေ ယာဉ်တန်းနဲ့ ပို့နေပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ၁ ဖြစ်သည့် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုတိယ
ခေါင်းဆောင် ဝန်ကြီး ဦးသိန်းဇော်တို့က ပြီးခဲ့သည့် သောကြာနေ့က ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပခဲ့ပြီး မြန်မာပြည် မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း၊ ထို့ကြောင့် ယခုအစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးကို ရအောင်လုပ်မည်ဖြစ်ကြောင်း
ပြောဆိုသွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ဒီဇင်္ဘာ ၁ဝ ရက်နေ့က ထုတ်ပြန်လိုက်သော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဦးအောင်သောင်းက ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ စစ်ရေးသဘောအရ ဖြစ်နေခြင်း သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဘယ်လိုဟာမျိုးလဲဆိုတော့ ဥပမာ ဝေးလံတဲ့နေရာမှာ သူက ရိက္ခာ ခုနစ်ရက်စာလောက် ရှိတယ်။ ခုနစ်ရက် စာ ကုန်ပြီဆိုရင် ကျနော်တို့က ရိက္ခာကို ငါးရက်မြောက်တဲ့နေ့မှာ စပို့တယ်။ အဲဒီပို့တဲ့အခါမှာ လမ်းခရီးမှာ သူကလည်း မသိဘူး၊ ကိုယ်ကလည်း မသိဘူး ဒီအမိန့်တွေ ထုတ်ပြန်တာ။ အဲဒီအခါမှာတော့ မှားယွင်း ပစ်ခတ်မှု ရှိနိုင်ပါတယ်။ ဒီလိုပစ်ခတ်နေလို့ အမိန့်ပေးတာက တမျိုး၊ ဒီလို ပစ်ခတ်မှုက ရှိနေပါသေးတယ်ဆိုတာ သူတို့ ဝေဖန်လို့၊ အပြစ်တင် လို့ မရပါဘူး။ စစ်ရေးစစ်ရာသဘောမှာ ဒီလို ရှိပါတယ်”ဟု ဦးအောင်သောင်းက သတင်းထောက်များကို ပြောခဲ့ သည်။

“ကိုယ်က သိသော်ငြားလည်းပဲ သူက မသိရင် ခက်တယ်။ အဲဒီတော့ ဒီလို အနေအထားလေးတွေ ရှိတယ်။ ဒီလိုလုပ် လို့ သမ္မတ အမိန့်ပေးပါလျက်နဲ့ ဒီလိုချည်း လုပ်နေတယ်၊ ဒါ မုန့်တမျိုး တုတ်တမျိုးဖြစ်နေတယ်လို့ ဒီလို ပြောလို့မရ ဘူး၊ ဒီလို ဝေဖန်လို့ မရဘူး။ ဒါက သဘာဝရဲ့၊ စစ်ရေးစစ်ရာသဘောဝနဲ့ စစ်ဆင်ရေး နယ်မြေရဲ့ သဘော သဘာဝလေးကို သိဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတာ ဖြစ်ပါတယ်ဆိုတာကို ကျနော် ပြောလိုပါတယ်”ဟု ဆက်ပြောသည်။

ငြိမ်းချမ်းရေးအရ တဆင့်ချင်း ဆောင်ရွက်နေသည့် လုပ်ငန်းများအရ ခန့်မှန်းခြေ ၃ နှစ်၊ ၄ နှစ် ကြာမြင့်နိုင်မည်ဟု ဦးအောင်သောင်းက ပြောဆိုသွားသည်။

သို့သော် ထိုသတင်းစာရှင်းလင်းပွဲတွင် ဒုတိယခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ပါဝင်ခြင်း မရှိခဲ့ပေ။

KIO နှင့်အစိုးရခေါင်းဆောင်များ ယခင်လ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့စဉ် KIO ဘက်က အပစ်အခတ် ရပ်ဆိုင်းရေး မဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလိုကြောင်း စာပို့ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရသော စစ်ပြေး ဒုက္ခသည်ပေါင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာ၊ မိုင်ဂျာယန်၊ ဗန်မော်၊ မိုးမောက်၊ မန်စီ စသည့်မြို့နယ်များအတွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၄၆ဝဝဝ ကျော်ရှိနေသည်ဟု KIO က ထုတ်ဖော်ပြောဆိုထားသည်။

အလားတူ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် စသည့်မြို့နယ်များအတွင်းရှိ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ခဲ့ သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၏ ရန်ကုန်အခြေစိုက် နာရေးကူညီမှုအသင်းမှ သိန်းပေါင်း ၂ဝဝ ကူညီခဲ့မှုခြင်း အား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက် ကူညီမည်ဆိုပါက ကြိုဆိုကြောင်းလည်း KIO ဒုက္ခသည်များ ကူညီရေး
ကော်မတီက ဒီဇင်ဘာ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

စဉ်ငြိမ်းချမ်းရေးအဖွဲ့ဝင် နာမည်များရာဝူး
၁ဦးအောင်သောင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)အဖွဲ့ခေါင်းဆောင်
၂ဦးအောင်မင်း (မီးရထားဝန်ကြီး)ဒု - အဖွဲ့ခေါင်းဆောင်
၃ဦးသိန်းဇော် (တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ)ဒု - ခေါင်းဆောင်
၎ဦးအုန်းမြင့် (သမဝါယမနှင့် မွေးမြူရေးဝန်ကြီးဌာန)အဖွဲ့ဝင်
၅ဦးဝင်းထွန်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး)အဖွဲ့ဝင်
၆ဦးလဂျွန်ငံဆိုင်း (ကချင်ပြည်နယ် ဝန်ကြီးချုပ်)အဖွဲ့ဝင်
၇ဗိုလ်ချုပ် ဇေယျအောင် (တိုင်းမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)အဖွဲ့ဝင်
၈ဗိုလ်ချုပ် ဇော်ဝင်း (ဒု - ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန)အဖွဲ့ဝင်
၉ဦးထွန်းသိန်း (ခ) ဦးထွန်းထွန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မန်စီ)အဖွဲ့ဝင်
၁၀ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြစ်ကြီးနား)အဖွဲ့ဝင်
၁၁ဗိုလ်မှူးကြီး ကျော်စိုးဝင်း (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အဖွဲ့ဝင်)အဖွဲ့ဝင်

CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ရွေးချယ်ပြီးစီး

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်နယ်အစိုးရနှင့် ဆွေးနွေးရန် ချင်းအမျိုးသားတပ်ဦး CNF ၏ ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို အရေးပေါ်ပါတီညီလာခံမှ ရွေးချယ်ပေးလိုက်သည်။

၂ဝ၁၂ ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ဟားခါးမြို့၌ ပြည်နယ်အစိုးရနှင့် ဆွေးနွေးရန်အတွက် လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါက်တာဆလိုင်းရွှေခါး ဦးဆောင်သည့် ၁ဝ ဦးပါ အဖွဲ့အား စေလွှတ်မည်
ဖြစ်ကြောင်း ပြောခွင့်ရ ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန် က မဇ္ဈိမကို ပြောသည်။

“ဒီဆွေးနွေးမှုမှာ စာချုပ်စာတမ်းကြီးတွေချုပ်ပြီးတော့ လုပ်နိုင်ကောင်းမှ လုပ်လိမ့်မယ်။ မလုပ်နိုင်ဘဲလည်း ဖြစ်နိုင် တယ်။ Talk about talk စကားပြောနိုင်ဖို့အတွက် ပြည်နယ်အစိုးရနဲ့ ပထမဦးဆုံးအကြိမ် ပဏာမအဖြစ်နဲ့ ပြောတာ
ဖြစ်တယ်။ တူနိုင်တဲ့ကိစ္စကို သဘောတူလိုက်မယ်။ တူနိုင်သလောက် တူအောင် ပြောကြည့်မယ်။ နောက်တခါ
ပြန်တွေ့နိုင်ဖို့ ရှေ့ပြေး ပဏာမအနေနဲ့ ညှိနှိုင်းတာ ဖြစ်ပါတယ်။ ဟိုကိစ္စ ဒီကိစ္စ ဆွေးနွေးမယ်ဆိုတာ ခုချိန်မှာ အသေးစိတ်ပြောဖို့ စောလွန်းတယ်ထင်ပါတယ်” ဟု ပြောသည်။

နိုဝင်္ဘာလအတွင်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရထားဝန်ကြီး ဦးအောင်မင်းနှင့် CNF မှ ဥက္ကဋ္ဌ ပူးဇင်ကျုံးနှင့်
ဒေါက်တာရွှေခါးတို့ တွေ့ဆုံရာမှ ရလဒ်တခုဖြစ်ပြီး ပြည်ထောင်စုအဆင့် တာဝန်ရှိသူများလည်း လေ့လာသူအဖြစ် တက်ရောက်မည်ဟု သိရသည်။

CNF ၏ ပထမအကြိမ် အရေးပေါ် ပါတီညီလာခံကို အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ဒီဇင်္ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ ခေါ်ယူကျင်းပခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံး ခေါင်းဆောင်သည့် ၅၅ ဦးပါ ဗဟိုကော်မတီ အား ရွေးချယ်တာဝန်ပေးလိုက်သည်။

“စတုတ္ထအကြိမ် ပါတီညီလာခံ ကျင်းပပြီးတာ ၃ နှစ်ရှိပါပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အခင်းအကျင်းသစ်
တွေလည်း ပေါ်လာတယ်။ ကျနော်တို့ပါတီထဲက စည်းရုံးရေးကိစ္စနဲ့ တခြားအားလုံးကိစ္စတွေ ကြည့်လိုက်တော့ အရေးပေါ်ညီလာခံ ခေါ်ပြီးတော့ အလွှာပေါင်းစုံ၊ ဒေသပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်လာနိုင်အောင် ပြုပြင်ပြောင်းလဲ
ရေး လုပ်သင့်တယ်ဆိုပြီး ခေါ်ရတာဖြစ်ပါတယ်” ဟု ပူးငွန်ကျုံးလျန်က ရှင်းပြသည်။

အသစ်ဖွဲ့စည်းလိုက်သည့် အဓိပတိ ကောင်စီ (Supreme Council)တွင် ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ်များ
ဖြစ်ကြသည့် ဒေါက်တာဇလှယ်ထန်းနှင့် ဦးလျန်အုတ်တို့လည်း အလှည့်ကျ ဥက္ကဋ္ဌများအဖြစ် ပါဝင်လာသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ခေါင်းဆောင် ဦးအောင်သောင်းက သောကြာနေ့က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် “ဒီအစိုးရ သက်တမ်းမှာ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်လို့ ခိုင်ခိုင်မာမာ ပြောခြင်း
ဖြစ်ပါတယ်” ဟု ပြောဆိုလိုက်ခြင်းအပေါ် ကြိုဆိုသော်လည်း ဖြေရှင်းစရာများအတွက် စိတ်ရှည် သည်းခံကြရမည်
ဖြစ်ကြောင်း ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်က မဇ္ဈိမကို ပြောသည်။

“နှစ်ပေါင်း ၆ဝ ကျော် ပဋိပက္ခကြီးကို တရက်တည်း၊ တလတည်း၊ တနှစ်တည်းနဲ့ ပြီးနိုင်မှာ မဟုတ်ပါဘူး။ သုံးနှစ် အတွင်းမှာ အားလုံးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်ရင်တောင်မှ ကျန်ရှိနေသေးတဲ့ ရှင်းစရာ လင်းစရာတွေက အများကြီး ရှိပါဦးမယ်။ အဲဒီအတွက် စိတ်ရှည်ဖို့လိုတယ်။ သည်းခံကြဖို့လိုတယ်။ နားလည်ကြဖို့လိုတယ်။ အဲလိုမှ မဟုတ်ရင် ပြီးခါနီးကျမှ ဆင်ပြောင်ကြီး အမြီးကျမှ တစ် ဆိုတာမျိုး ဖြစ်သွားမှာ စိုးရိမ်ပါတယ်”

နအဖ စစ်ကောင်စီလက်ထက် ၂ဝဝ၇ ခုနှစ်က အစိုးရနှင့် CNF ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသော်လည်း မည်သည့်အကောင်အထည်မှ မပေါ်ခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် သီးသန့်တွေ့မည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝါထရာသည် တနင်္လာနေ့က နေပြည်တော်၌ စတင်
သော မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ အစည်းအဝေးခရီးစဉ်အပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် တွေ့ဆုံမည်ဟု သိရသည်။

“မနက်ဖြန်မှ။ အချိန် မသိသေးဘူးခင်ဗျ။ နေရာက ကျနော်တို့ဆီမှာတော့ မဟုတ်ဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က မဇ္ဈိမကို ပြောသည်။ မည်သည့်ကိစ္စများ ဆွေးနွေးမည်ကိုမူ မသိရသေးပေ။

ယင်းလပ်သည် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ လာအို မဲခေါင်ဒေသ ၆ နိုင်ငံ ၄ ကြိမ်မြောက် အစည်းအဝေးအပြီး အင်္ဂါနေ့ ညနေ ၅ နာရီကျော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ ထိုင်းသံရုံးတွင် တွေ့ဆုံ မည်ဟု ထိုင်းသတင်းအေဂျင်စီ TNA က တနင်္လာနေ့တွင် ဖော်ပြထားသည်။

မဲခေါင် ၆ နိုင်ငံ ထိပ်သီး အစည်းအဝေးကို ၂ဝဝ၂ ခုနှစ်မှစ၍ သုံးနှစ်တကြိမ်ကျင်းပခြင်းဖြစ်ကာ ကမ္ဘောဒီးယား (၂ဝဝ၂)၊ တရုတ် (၂ဝဝ၅) နှင့် လာအို (၂ဝဝ၈) တို့ ကျင်းပခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံရန်ရှိသည်ကို NLD က ကြိုဆိုပြီး မြန်မာနိုင်ငံတွင်း ထိုင်းနိုင်ငံ၏ စီးပွားလုပ်ငန်းကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်အား ချပြဖွယ်ရှိသည်ဟု သုံးသပ်နေသည်။

“နိုင်ငံတခုရဲ့အကြီးအကဲ လာတာတော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုခွင့်ပြုရမှာပေါ့။ သူတို့က စီးပွားရေးသမားတွေပဲ။ စီးပွားရေးကိစ္စနဲ့ပတ်သက်တာ မြန်မာနိုင်ငံမှာ ဘယ်လို လုပ်ထားတယ်။ သူတို့ဘက်က ဒါကို ပြေလည်အောင် ဘာတွေ လုပ်ပေးရမလဲ ဒေါ်အောင်ဆန်းစုကြည်ကို မေးပြီးတော့ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမှာပေါ့” ဟု NLD ဒုဥက္ကဌ ဦးတင်ဦးက ဆိုသည်။

မစ္စစ်ယင်းလပ်၏ အောက်တိုဘာလ ၅ ရက်နေ့ ပထမခရီးစဉ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း မရှိဘဲ သမ္မတဦးသိန်းစိန်အပါအဝင် ထိပ်တန်းဝန်ကြီးများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ထားဝယ်ရေနက်ဆိပ်ကမ်း၌ လုပ်ပိုင်ခွင့်များရထားသည့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်
နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ ၄ ကြိမ်မြောက် အစည်းအဝေးသို့ တရုတ်နိုင်ငံမှ နိုင်ငံတော်ကောင်စီဝင် ဒိုင်ဘန်ဂေါင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်း၊ ဗီယက်နမ် ငုရင်တန်ဒေါင်း၊ လာအို ဝန်ကြီးချုပ် ထောင်ဆင် ထမ်မာဗေါင်း Thongsing Thammavong တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

အစည်းအဝေးတွင် ခေါင်းဆောင်များက မဲခေါင် ၆ နိုင်ငံအကြား စီးပွားရေး ကိစ္စများ ဦးစားပေး ဆွေးနွေးကြမည်
ဖြစ်ပြီး မဲခေါင်စီမံကိန်းတွင်ပါဝင်သည့် တရုတ်-ထိုင်း၊ မြန်မာ-ထိုင်း-ဗီယက်နမ် လမ်းဖောက်ရေးကိစ္စလည်း ပါဝင် မည် ဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စလည်း ထည့်သွင်း ဆွေးနွေးဖွယ်ရှိကြောင်း နှင့် ၂ဝ၁၂-၂ဝ၂၂ အထိ လာမည့် ၁ဝ နှစ်အတွက် မဟာဗျူဟာအစီအစဉ်များ ချမှတ်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ နှစ်လာကျော်အတွင်း ဒုတိယကြိမ်သွားရောက်မည့် ယင်းလပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီး ဆူရာဖုံ တိုဝိကျတ်ချိုင်းကွန်၊ စွမ်းအင်ဝန်ကြီး ဖီချိုင်း နာရစ်ဖထာဖန်တို့ လိုက်ပါသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့မှ ထွက်ခွာကာ နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့မည်ဟု ထိုင်း TNA သတင်းဌာနတွင် ပါရှိသည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးများအကြား ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ကိစ္စများ ဆွေးနွေးနိုင်ဖွယ် ရှိသည်ဟုလည်း မြန်မာ့စွမ်းအင်ဝန်ကြီးဌာနထံမှ သိရှိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကွက်သစ် ၁၈ ကွက်အချို့ကို လုပ်ကိုင်ခွင့်ရလိုနေပြီး၊ ထိုင်းစွမ်းအင် ကုမ္ပဏီ PTTEP မှ မုတ္တမ ပင်လယ်ကွေ့တွင် အသစ်တွေ့ရှိသည့် M-3 လုပ်ကွက်မှ ဓာတ်ငွေ့များကို ကုန်းပေါ် သွယ်တန်းရေးကိစ္စများလည်း ပါဝင်နိုင်ကြောင်း ခန့်မှန်းနေကြသည်။

လုပ်ကွက်အသစ် M-3 အောင်သိင်္ခ-၂ စီမံကိန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တွေ့ရှိကြောင်း PTTEP က ၂ဝ၁၁ ခုနှစ် မေလက ကြေညာခဲ့သည်။

“ကုန်းတွင်းလုပ်ကွက်ပေါ့ အဲဒါတွေ သူတို့တောင်းထားတာရှိတယ်။ ရှာဖွေရေးလုပ်ရမယ့်လုပ်ကွက် ပေါ့။ M-3 ကတွေ့တဲ့ ဓာတ်ငွေ့ကို ကုန်းတွင်းပိုင်းယူဖို့ ကိစ္စတွေလည်း ပါနိုင်တာပေါ့လေ” ဟု မြန်မာစွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

M-3 လုပ်ကွက်မှ တွေ့ရှိသည့် ဓာတ်ငွေ့အားလုံးကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်မှုကဏ္ဍများသို့ တိုးမြှင့် ဖြန့်ဖြူး
ပေးသွားရန်ရှိသည်ဟု အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေး၌ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောဆိုထားသည်။

သို့သော် ထိုင်းဝန်ကြီးချုပ်၏ ယခုခရီးစဉ်သည် မဲခေါင် ၆ ခြောက်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွက်သာ အဓိက သွားခြင်းဖြစ်သည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။

“ထိုင်းနဲ့မြန်မာ ဆက်ဆံရေးတလျှောက်မှာ ဒီမိုကရက်ပါတီက စစ်အစိုးရကို ဝေဖန်တာ ပိုရှိခဲ့တယ်။ (ယင်လပ်၏ ဖူရာ့ထိုင်းပါတီ) က အရင်တုန်းက ဝန်ကြီးချုပ်ဟောင်း တာ့ဆင်ဦးဆောင်တဲ့ပါတီ။ သူတို့က အမြဲတန်း စီးပွားရေး ဘက်ကိုပဲ အလေးပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့က အခြေအနေပေးလို့ ဝင်တွေ့လိုက်တဲ့ သဘောပဲလို့ ထင်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

ထိုင်းနိုင်ငံသည် ၁၉၉၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန်လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူခြင်း ဖြစ်သည်။ ယင်းအပြင် အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ကုန်စည်များ တင်သွင်းရန် ရည်ရွယ်၍ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၈ ဘီလျံ ကုန်ကျခံ တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်စီမံကိန်းကိုလည်း လုပ်ကိုင်ခွင့် ရထားသည်။

ယင်းစီမံကိန်းမှာ BOT (ဆောက်လုပ်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်ရမည်ဖြစ်ကာ နှစ်ပေါင်း ၆ဝ စီမံခွင့်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင် အဖွဲ့ဝင်များအား မဲပေးစနစ်ဖြင့် အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်းမည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်အဖွဲ့ဝင်များအား မဲပေးစနစ်ဖြင့် အသစ်ပြန်လည် ရွေးချယ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိပါသည်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ လက်ရှိတာဝန် ထမ်းဆောင်နေကြသူများမှာ ဒုတိယသက်တမ်း ကျော်လွန်နေပြီဖြစ်သည့်အပြင် အနုပညာရှင်များကလည်း အသစ်တစ်ဖန်ပြန်လည် ရွေးချယ်ပေးပါရန် တင်ပြလာခြင်း တို့ကြောင့်ဖြစ်ကြောင်းသိရသည်။

“ရုပ်ရှင်အစည်းအရုံး အမှုဆောင်တွေရဲ့ ဒုတိယသက်တမ်းက အခုဆို တော်တော်လေး ကျော်လွန်နေပါပြီ။ ဒါကြောင့် တခြားသော လုပ်ကိုင်လိုသူ လုပ်ကိုင်နိုင်သူတွေကို ပြန်လည်ရွေးချယ်သွားဖို့ စီစဉ်ပေးသွားမှာပါ။ ရုပ်ရှင်အစည်းအရုံးရဲ့ လက်ရှိအမှုဆောင်ကာလမှာ ရရှိထားတဲ့ ဘဏ္ဍာငွေစာရင်း အားလုံးနဲ့ ဆောင်ရွက်ဖို့ရှိတဲ့ ကိစ္စရပ်တွေကို ပြန်လည်လွှဲပြောင်း ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်”ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ဆင်ဆာမူဝါဒ လျှော့ချပေးခဲ့သည့် အစည်းအဝေးတွင် ရှင်းလင်းပြောဆို ခဲ့ပါသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆင်ဆာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အနုပညာရှင်များက ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရန် တင်ပြခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးသည် NGO အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း ရုပ်ရှင်လောကသားများ၏ အကျိုးအတွက် ကိုယ်စားပြုဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များသည်လည်း မိမိကိုယ်ကျိုးထက် ရုပ်ရှင်လောကသားများ၏ အကျိုးကိုရှေ့ရှု ဆောင်ရွက်သွားမည့်သူကို ရွေးချယ်တင်မြှောက် လိုကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိဆောင်ရွက်လျက်ရှိသည့် ရုပ်ရှင်အစည်းအရုံးအနေဖြင့် လုပ်ဆောင်ခဲ့သည့် သက်တမ်းကာလအတွင်း ဘဏ္ဍာငွေကျပ် သိန်းကိုးထောင်ကျော်အထိ ရရှိနိုင်ရန် ရှာဖွေထားခဲ့သည်ဟု သိရသည်။

Iron Cross တီးဝိုင်း၏ နှစ်သစ်ကူးည ဖျော်ဖြေပွဲ မျှော်စင်ကျွန်းတွင် ပြုလုပ်မည်


Iron Cross တီးဝိုင်း၏ နယူးရီးယားည ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ပြုလုပ်သွားမည် ဖြစ်ပြီး Planet Grand Royal Rocks On To 2012 အမည်ဖြင့် ပြုလုပ်သွားမည်ဟု သိရှိရသည်။ ယင်းဖျော်ဖြေပွဲတွင် Iron Cross တီးဝိုင်းနှင့်အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ Rဇာနည်၊ ၀ိုင်းစုခိုင်သိန်း၊ ခင်ဘုဏ်း၊ ဂျင်းနီတို့ ပါဝင်သီဆိုသွားမည်ဟု သိရှိရသည်။

“ဒီနှစ်နယူးရီးယားပွဲကို အရင်နှစ်တွေနဲ့မတူ ပိုမိုထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ဖြတ်သန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းတော့မယ့် အချိန်မှာ ဒီပွဲကို ရောက်နေတဲ့ ပရိသတ်တွေအနေနဲ့ နယူးရီးယားညရဲ့အရသာကို အပြည့်အ၀ခံစားရပြီး စိတ်ကျေနပ်မှုရရှိစေ မှာဖြစ်ပါတယ်”ဟု ပွဲစီစဉ်တင်ဆက်သူ Stars & Models Int'l မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နယူးရီးယားည ဖျော်ဖြေပွဲကို ညနေ ၆ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး နိုင်ငံခြားမှ အကပညာရှင်များနှင့် မီးမှုတ်သမား၊ မျက်လှည့်၊ ကုလားမခြေထောက်တို့နှင့် ဖျော်ဖြေမှု များအပြင် အခြားအစီအစဉ်များ ပါဝင်မည်ဟု သိရပါသည်။

ကြက်ရိုးဗေဒင် မေးကြည့်မယ်

နတ်တော်လဆုတ် လမင်းရဲ့ အလင်းရောင်က မနက်အာရုဏ်ဦးမှာ နို့ဖိုးတောင်ကိုကျော်ပြီး ဆင်းလာတယ်။ ဒီလို ဆိုရင် ကျမတို့တဲအိမ်ထဲကို လမင်းရဲ့အလင်းရောင်က အင်ဖက်အမိုးတွေကြားကနေ ထိုးဖောက်ပြီးအလည် ရောက်လာ တတ်တယ်။ ကျမတို့ ဒုက္ခသည်စခန်းကို ကာဆီးပေးထာတဲ့ တောင်တွေပေါ်မှာ လမင်းက မေးတင်နေတဲ့ အချိန်ဆို
ရေဒီယို ခလုတ်ဖွင့်လိုက်ယုံပဲ။ နာရီကြည့်စရာမလိုဘူး။ ရေဒီယိုသတင်းတွေကို နားထောင်ပြီး ပြင်ပကမ္ဘာ ဆီ ကျမတို့ နားနဲ့ လှမ်းကြည့်ကြတယ်။

VOA ရဲ့ တိုက်ရိုက်လေလှိုင်းမျာ ဦးကျော်ဇံသာက ကိုမိုးသီးဇွန်ကို မေးလိုက်တယ် “ကိုမိုးသီးရေ ၈၈ အပြီး ပြည်ပမှာ လှုပ်ရှားနေသူတွေကြောင့် ဘာတွေများ အောင်မြင်မှုရသလဲလို့ သောတရှင်တဦးက မေးထားပါတယ် ခင်ဗျာ” တဲ့။

ကိုမိုးသီးဇွန်အသံက ဆောင်းလေနဲ့ဆန့်ကျင်လို့ တက်ကြွနွေးထွေးနေတယ် “ကျနော်တို့ လုပ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီးလုပ်ခဲ့တယ်။ အဲဒီထဲက အောင်မြင်မှုလို့ ပြောရရင်တော့ တိုင်းရင်းသားတွေရဲ့ အခက်အခဲ
တွေကို ကမ္ဘာကသိအောင် ကျနော်တို့လုပ်ပေးနိုင်ခဲ့တယ်။” လို့ ဖြေခဲ့ပါတယ်။ ဘဝတွေကို ပျော်စရာတွေနဲ့ စတင် လာတာမဟုတ်ဘဲ စစ်ပြေးဒုက္ခသည်အဖြစ် ကလေးဘဝကနေ မိခင်၊ဖခင် အရွယ်။ အဲဒီကနေ အဘိုးအဘွား အရွယ်အထိ စစ်ပြေးပြီး ကိုယ့်ဇာတိမြေမှာ မဟုတ်ဘဲ တောတောင်ထဲ၊ ဒုက္ခသည် စခန်းထဲ၊ ခေါင်းချသွားတာတွေကို
မြင်ရတော့ ကျမရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရတာ အမှန်ပါပဲ။ ဒီအဖြစ်တွေကို ကိုမိုးသီးဇွန်က ကျမထက်စောပြီး မြင်ခဲ့ သူကိုး။

တည်မြဲမှု၊ တည်ငြိမ်မှု၊ ပြည့်စုံမှုဆိုတာတွေကို သိခွင့်မရတဲ့ စစ်ပြေးဒုက္ခသည်တွေ။ ဒါက မတော်တဆ ဖြစ်တာ မဟုတ်ဘူး ကံတရားကြောင့်မဟုတ်ဘူး။ တည်ဆဲလူနေမှုစနစ်ကြောင့် ဖြစ်ရတာပါ။ စစ်ပြေး ဒုက္ခသည်တွေက သူတို့ဘဝတွေကို ရဲရဲရင်ဆိုင်ကြတယ်။ ဒါကြောင့်လည်း မျက်ရည်နဲ့ ရဲရင့်တဲ့အပြုံးကို ကျွမ်းကျွမ်းကျင်ကျင် ပေါင်းစပ်
နိုင်ခဲ့ကြတာလို့ ကျမခံစားမိတယ်။ သူတို့ရဲ့ ဘဝရှင်သန်မှုအတွက် ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေနဲ့ တွဲဖက် နေထိုင် ကျသူတွေလည်း ဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း ကိုးခုရှိတယ်လို့ ပြောကြပါတယ်။ အဲဒီစခန်းတွေက မဲဟောင်ဆောင် ဒုက္ခသည်စခန်းမှာ ဆယ်နှစ်ကျော်ကျော်နေခဲ့ရပြီး ယခုလက်ရှိ ဒုက္ခသည်စခန်းမှာ ငါးနှစ်ကျော် နေထိုင်ဆဲဖြစ်တဲ့
တော်လှန်ရေးသမားတယောက်ဖြစ်လည်း ဝါရင့်ဒုက္ခသည် ကိုဝင်းကိုနဲ့ ကျမ စကားတွေ ပြောဖြစ်တယ်။

ကိုဝင်းကို ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီး ကြမ်းကြမ်းပါ။ ၁၉၉ဝ မှာ တော်လှန်ရေးနယ်မြေထဲကို ရောက်ခဲ့သူ ဖြစ်ပါတယ်။ ကိုဝင်းကိုက အသားဖြူဖြူ ကိုယ်ဟန်က ပါးပါးလျလျရှိပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တယ် စကားပြော တိုးတိတ်ညင်သာ
ပေမယ့် သတ္တိကောင်းတယ်။ အမှန်တရားကို မြတ်နိုးတတ်သူမို့ အမှန်တရားနဲ့ ခါးသီးမှုကို အမြဲခံရသူဖြစ်ပါတယ်။ ဒါပေမယ့် သူကိုကြည့်ရတာ ခရီးကြမ်းကို ဖြတ်ခဲ့ရတဲ့လူလို့ မထင်ရဘူး။ လက်ရှိဒုက္ခသည်ဘဝရဲ့ ထွက်ပေါက်ကို စာရေးခြင်းနဲ့ လမ်းရှာသူဖြစ်ပါတယ်။ ဒီလိုကြမ်းတမ်းတဲ့ ကိုယ့်အနာဂတ်ကို ကိုယ်မပိုင်တဲ့ဒုက္ခသည်ဘဝကို ကိုဝင်းကိုရော တခြားတိုင်းရင်းသား စစ်ပြေးဒုက္ခသည် တွေရော ဘယ်လိုရှင်သန်အောင် နေနိုင်ခဲ့သလဲ ဘာတွေက ထွန်းအားပေးခဲ့သလဲလို့ ကျမကမေးတော့ “အမရေ ဇာတိစိတ်နဲ့ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက ကျနော်တို့ကို ရှင်သန်စေခဲ့တာ။ ဒါ့အပြင် တနေ့ ကျနော်တို့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရမယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း ကျနော်တို့ကို ရှင်သန်စေတာပါပဲ။ တနေ့ကိုယ့်ဇာတိကိုပြန်ပြီး ငြိမ်းချမ်းတဲ့ ကိုယ်ပိုင်ဘဝတွေကို တည်ဆောက်နိုင် ရမယ်ဆိုတဲ့ စိတ်လည်း ပါတာပေါ့ အမရယ်” တဲ့။

မဲ့ဟောင်ဆောင်မှာနေခဲ့တဲ့ ကိုဝင်းကိုက ကယား(ကရင်နီ) လူမျိုးတွေရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုအကြောင်း ကျမမေးကြည့်တော့ နို့ဖိုးမှာနေတဲ့ ကိုဝင်းကို စိတ်တွေ မဲ့ဟောင်ဆောင်ဆီ တဒင်္ဂ ထွက်ပြေးသွားတယ်။

“မဲ့ဟောင်ဆောင်မှာ ကယား(ကရင်နီ) ၊ ကယော၊ ကယန်း၊ ဂေခို၊ ဂေဘား၊ မနူး၊ မနော၊ ယင်းဘော၊ ယင်းတလဲ၊ ဆိုတဲ့ လူမျိုးစုတွေရှိတယ်။ ကိုးကွယ်ကျတာတော့ မိရိုးဖလာ ဗုဒ္ဓဘာသာ ရှိတယ်။ နတ်ဗုဒ္ဓဘာသာ ရှိတယ်။ ခရစ်ယာန် ဘာသာရှိတယ်။ မဲ့ဟောင်ဆောင် ဒုက္ခသည်စခန်းက တောင်စောင်းတွေမှာပဲ အိမ်လေးတွေ ဆောက်နေကြတာပဲ။ ကယား(ကရင်နီ)လူမျိုးတွေက တောင်ယာ လုပ်ငန်းနဲ့ အသက်မွေးနေကြတဲ့သူတွေပဲ။ တောင်စောင်းတွေမှာပဲ
တောင်ယာ စိုက်ကြတယ်။ စပါးစိုက်တော့ ဆူးထိုးစိုက်ကြတယ်။”

“ကျနော်တို့ အဲဒီတုန်းက လူပျိုဘဝနဲ့ တော်လှန်ရေးထဲမှာ ရှိနေကြတဲ့အချိန်ပေါ့။ ပန်းပွင့်ဆိုတာ အချိန်ရှိတုန်း ပွင့်ကြ တာပါ။ အခါရာသီတုံးသွားရင် ဘယ်မှာပန်းပွင့်ရှိတော့မှာလဲ။ ဒီလိုပဲ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာ ဆိုတာလည်း ပန်းပွင့်တွေလိုပဲပေါ့ အမရယ်။”

“လူပျိုတွေက အပျိုအိမ်သွားရင် အပျိုရဲ့ ညီအကိုမောင်နှမတွေက တခြားအိမ်ကို သွားလည်ကြတယ်။ အပျိုက လက်ခံရင် မိုးလင်းပေါက် စကားထိုင်ပြောလို့ရတယ်။ ညဘက်ဆိုတော့ မီးအလင်းရောင်ရဖို့် ထင်းရူးဆီနဲ့ မီးထွန်းတာ လူပျိုကလည်း သုံးလေးယောက်ဆိုတော့ စကားပြောတဲ့သူကပြော၊ မီးထွန်းဖို့ ထင်းရူးဆီ ခုတ်တဲ့သူကခုတ်နဲ့၊ မီးငြိမ်းလို့မရဘူး။ မီးငြိမ်းရင် ရိုးရာအရ ဆေးကြောရတယ်။ ကံမကောင်းဘူးလို့ အဓိပ္ပါယ်ရတယ်။ ရိုးသားမှု ပွင့်လင်းမှု ရှိရမယ်။ အပျိုရဲ့အိမ်လုပ်ငန်းတွေကို ဝိုင်းကူးရင်း လူပျိုက အပျိုပေါ်ထားတဲ့မေတ္တာကို ခွန်အားနဲ့လည်း ဖော်ပြကြ တယ်။”

“မြေပဲပေါ်ချိန်ဆိုမြေပဲ နုတ်ပေးရတယ်။ မြေပဲကိုနေလှန်းထားပြီး ညဘက်ဆိုလူပျိုလှည့်ရင် အပျိုကတချက်ခုတ်
နှစ်ချက်ပြတ် မြေပဲပုံပေးထားတယ်။ မြေပဲကိုဝါးကြမ်းပြင်ပေါ်ကို ထိုးထိုးပြီးအခွံခွာရင်း စကားပြောတာလေ။ ဒီလိုမျိုးနဲ့ လူပျိုလှည့်သလို တချို့ကြတော့လည်း ငွေကြေးအသင့်အသင့် ပြည့်စုံသူ လူပျိုက ကက်ဆက်လေး ပုခုံးထမ်းပြီး အိမ်ရှေ့ကနေ လူပျိုလှည့်တာပဲ အဲဒီလူပျိုက ပိုပြီးမျက်နှာပွင့်တာပေါ့။ အပျိုကလက်ခံလို့ ကြိုက်ပြီဆိုရင် အပျို အတွက် လက်ဆောင်တင်ရတယ်။ အပျိုမိဘတွေဆီမှာ လူပျိုက ကတိပြုပြီး ပစ္စည်းနဲ့တင်တောင်းတာ စေ့စပ်တာပေါ့။ အပျိုဘက်ကလည်း ပျက်ကွက်ရင် လူပျိုကို နှစ်ဆပြန်လျှော်ရတယ်။ လူပျိုဘက်က ပျက်ကွက်ရင်တော့ လျှော်စရာ မလိုဘူး။”

မင်္ဂလာဆောင်တာကတော့ ကျနော်တို့မြေပြန့်နဲ့ သိပ်မကွာဘူး။ ကလေးမွေးဖွားရင်တော့ ကလေးမိခင်ဝမ်းက ကျွတ်တာနဲ့ ဖခင်ကတူမီးသေနတ်ထမ်းပြီး တောလည်ရတယ်။ သားကောင်လိုက်ပစ်ရတယ်။ သားကောင်ကြီးကြီး ရရင် ဒီကလေးက အကျိုးပေးတယ် လာခြင်းကောင်းတယ်လို့ ပြောကြတယ်။ ဒီတော့ တောထဲက သားကောင် ကြီးကြီး မရရင်တော့ ဖခင်ဖြစ်သူက ငှက်ပဲဖြစ်ဖြစ် ရအောင်ပစ်လာတယ်။ သူတို့ဓလေ့မှာ သင်္ကြန်ဆိုတာ ရှိတယ်။ “ကူထိုးဘိုး” ဆိုတာ တံခွန်တိုင်ကို တန်ခူးလမှာ စိုက်ထူကြတယ်။ တံခွန်တိုင်ကို သွားခုတ်ရင် အဲဒီသစ်ပင်က အပြစ်အနာအဆာ မရှိရဘူး။ သန့်ရှင်းပြီးတော့ သစ်ကောင်း၊ သစ်မြတ် ဖြစ်ရမယ်။ တံခွန်တိုင်ထမ်းလာတဲ့သူတွေကို အပျို အအို မိန်းမ
တွေက အောင်သပြေပန်းနဲ့ ရေပက်ဖြန်းကြတယ်။ တံခွန်တိုင်ထိပ်မှာ သစ်သား ဒါမှမဟုတ် ဝါးနဲ့ ထီးပုံ လုပ်ထားတယ်။ တံခွန်တိုင်ကို အဖွဲ့လိုက် ကကြတယ်။ ဒါကလည်း ပွဲတခုပဲ။”

“ဒီးကူး ပွဲဆိုတာကလည်း ယွန်းပဒေရာဇ်တွေကို ကရင်နီတွေက သူတို့ကိုယ်ပိုင်မြေပေါ်က မောင်းထုတ် နိုင်တဲ့ပွဲ။ အဲဒီတိုက်ပွဲကာလမှာ ရိက္ခာအတွက် ကောက်ညင်း သုံးထုပ်ကို ပေါင်းချည်ထားတယ်။ စည်းလုံး၊ ညီညွတ်မှုကို အဓိပ္ပါယ်ဖွင့်ဆိုတယ်။ ရန်သူကို အောင်နိုင်တဲ့အထိမ်းအမှတ်အနေနဲ့ နှစ်စဉ် ဆင်နွဲကြတာပါ။”

“ကောက်သစ်စားပွဲကတော့ တခြားရိုးရာပွဲတော်တွေလောက် မထင်ပေါ်ဘူး။ တောင်ယာပိုင်ရှင်က ကောက်သစ် စပါးကို မောင်းထောင်းပြီး ရလာတဲ့ဆန်ကို ချက်တယ်။ ဝက်သားကို ကျောက်ဖရုံသီးနဲ့ ရောပြီး ချက်ကျွေးမွေးကြ တယ်။ ခေါင်ရည်သောက် ထမင်းစားပြီးရင် ကယား နပမ်းလုံးကြတယ်။ နပမ်းလုံးမယ့်သူက ပေါင်နဲ့ခါးမှာ ပုဆိုး ချည်ထားရတယ်။ တဘက်လူက ပုဆိုးဆွဲပြီး နပမ်းလုံးကြတယ်။ လှဲကြသူက အရှုံးပဲ။ အားချင်းပြိုင်တဲ့ ရိုးရာ အားကစားပွဲပေါ့။”

“ကယား(ကရင်နီ)တွေမှာ သေဆုံးရင် ရိုးရာအရ အဘိုးအဘွားတွေက ဧယဉ်ကျူးတယ်။ သေဆုံးသူရဲ့ ဘေးမှာပေါ့။
သေဆုံးသူရဲ့ဘဝနဲ့ သေဆုံးသူရဲ့ကောင်းကြောင်းကို သိစေချင်လို့လေသေလို့ မြုပ်ရင် သေဆုံးသူ နောင်ဘဝမှာ အသုံးပြုဖို့ ပေါက်ပြား၊ ဓား၊ မျိုးစေ့နဲ့ သူ့ရဲ့အသုံးအဆောင်ပစ္စည်းတွေပါ ထည့်ပြီး မြေမြုပ်ပေးလိုက်တယ်။ ထမင်းနဲ့ ကြက်သားဟင်းပါ ထည့်ပေးသလို ကြက်ကိုသတ်ပြီး ဆန်ပါ ထည့်ပေးတယ်။”

“ကယားတွေ ယုံကြည်တဲ့ ဗေဒင်နှစ်မျိုးရှိတယ်။ “ဖိုးထီးခရီ”ဆိုတဲ့ အဖိုးတောင်းနတ်နဲ့ ကြက်ရိုးဗေဒင်ဆိုတာ ရှိတယ်။ ဖိုးထီးခရီ ဆိုတာကတော့ တန်ခူးလ တံခွန်တိုင်ထူတဲ့ ပွဲတော်ချိန်အတွင်းမှာပဲ မေးလို့ရတာ။ ကြက်ရိုးဗေဒင်ကတော့ အချိန်ရာသီမရွေး အသုံးပြုလို့ရတဲ့ ဗေဒင်။”

“ဖိုးထီးခရီ အဖိုးတောင်းနတ်ဆိုတာ ဝါးကိုဖြာပြီး ယက်ထားတဲ့တောင်းကို လူနှစ်ယောက်ကိုင်ပြီး မေးချင်တဲ့ မေးခွန်း ကိုမေးလို့ရတယ်။ ဥပမာ ဒီနှစ်တောင်ယာ စပါးကောင်း၊ မကောင်း မေးမယ်ဆိုရင် တောင်ယာစပါး ကောင်းမယ်ဆို
တောင်းရိုက်ပြပါဆို လူနှစ်ယောက်ကိုင်ထားတဲ့ တောင်းကထိန်းမနိုင်အောင် ကြမ်းနဲ့ ရိုက်ပြတာ။”

“ကြက်ရိုးဗေဒင်အတွက် အသုံးပြုမယ့် ကြက်အရှင်က အထီးဆို တွန်ပြီးရမယ်။ အမဆို ဥ,ဥပြီးရမယ်။ ဗေဒင်ဆရာက ကြက်အရှင်ကို ပေါင်းကြားမှာညှပ်ပြီး လက်နဲ့ပေါင်ရိုးကို ဆောင့်ထိုးလိုက်တယ် အရိုးပေါ်လာတော့ ကြက်ရဲ့ပေါင်မှာ ကပ်နေတဲ့အသားကိုခြစ်လိုက်တယ်။ တင်ပါးဆုံအရိုး အောက်နားကို နှီးဖျားလေးနဲ့လိုက်ထိုးတယ် အဲဒါကိုကြည့်ပြီး
ဗေဒင်ထွက်တာ။ မှန်တယ်လို့ ပြောတာများတယ်။ ဗေဒင်ဆရာပြောတာ လွဲခဲတယ်လို့ ပြောကြတာပဲ။ အမကော
မေးကြည့်ချင်လား” တဲ့။

ကိုဝင်းကိုပြောတဲ့ ကြက်ရိုးဗေဒင်က လွဲခဲတယ်ဆိုရင် ကျမ မေးကြည့်ချင်တယ်။ ကျမတို့ တိုင်းရင်းသားတွေနဲ့ မြန်မာ
ပြည်ကြီး အတွက်ပါ။ “စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေး ဘယ်တော့ရမလဲ။” လို့။


နှင်းပန်းအိမ်

'ဥပစ္ဆေဒကံနဲ့ သေရမယ့်ဇာတာ ပါတော့လည်း ဘယ်တတ်နိုင်ပါ့မတုန်း'

(ရွှေညဝါဆရာတော် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကျောင်းတိုက်မှ ဖယ်ရှားရန် ဖိအားပေးခံနေရသည့် ရွှေညဝါဆရာတော် ဦးပညာသီဟ မှာ ၁၉၈၈ အရေးအခင်း ကာလအတွင်း ရန်ကုန်မြို့ ကုန်သွယ်ရေးရုံး အပေါ်ထပ်တွင် လူထုကြီး၏ ဝိုင်းဝန်း ညှပ်ပိတ် မှုကို ခံနေရသည့် စစ်သားများအား ကယ်ထုတ်ပေးခဲ့သည့် ကိုယ်တော်တပါး ဖြစ်သည်။

နှစ်ဖက်အထိအခိုက် မရှိစေရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သူ ဆရာတော်မှာ ယင်းစစ်သားများအား သံဃာဟန်ဆောင်စေ၍ ခေါ်ထုတ်ခဲ့ပြီး ယင်းကာလ စစ်တပ် အထိုင်ချရာ အောင်ဆန်းကွင်း သို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

ကုန်သွယ်ရေးရုံး အဖြစ်အပျက်အတွင်း စစ်သားများအား ကူညီခဲ့ပုံများနှင့် ပတ်သက်၍ ဆရာတော်အား မဇ္ဈိမ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။


ရွှေညဝါဆရာတော် ဦးပညာသီဟ


၈၈ အရေးအခင်းတုန်းက အရှင်ဘုရား ကုန်သွယ်ရေးရုံးမှာ စစ်သားတွေကို ကယ်ခဲ့တယ်လို့ ကြားပါတယ်။ အဲဒီကိစ္စ သေချာအောင်လို့ တပည့်တော် မေးကြည့်တာပါ ဘုရား။

“ဟုတ်တယ်လေ။ ပြည်သူနဲ့ တပ်ကြားမှာ ဘယ်သူ့ဘက်ကအနေနဲ့ သေကြေပျက်စီးမှာစိုးလို့ ဘုန်းကြီးနဲ့ ဘုန်းကြီး သံဃာတွေ အကုန်လုံးက ကြားက ဝင်ဖြန်ဖြေပေးတာလေ။ ဝင်ဖြန်ဖြေပြီးတော့ သူတို့တပ်တွေကို သူတို့ ပြည်သူ
တွေ၊ အောက်က လူထုတွေ မသိအောင် သင်္ဃန်းကြို၊ သင်္ဃန်းကြားထဲ ပတ်ပြု၊ ခေါင်းရိတ်၊ သင်္ဃန်းပတ်ခေါ်သွားပြီး
အောင်ဆန်းကွင်းထဲ သွားအပ်ထားတာ”


အဲဒီတုန်းက စစ်သား ဘယ်နှယောက်ရှိသလဲ ဘုရား။

“အများကြီးပေါ့”


အဲဒီတုန်းက အဖြစ်အပျက်ကို ပြန်ပြောပြပါလား ဘုရား။ လူထုက သူတို့ကို ဘာလို့ ဒေါသထွက်သလဲ၊ ဘယ်လိုဖြစ်သလဲဆိုတာ။ နောက်ပြီးတော့ အရှင်ဘုရားတို့ ဘယ်လို တက်ပြီး ဆောင်ရွက်ခဲ့ရသလဲဆိုတာ။

“သူတို့က ကုန်သွယ်ရေးရုံးအပေါ်ကနေ စီးထားတာလေ။ လက်နက်တွေနဲ့ ချိန်ထား တာလေ။ အောက်ကလည်း လူထုက ပုရွက်ဆိတ်အုံကြီးလိုပဲလေ။ အဲဒီအခြေအနေ တင်းမာမှုတွေကို ဘုန်းကြီးက ရွှေတိဂုံဘုရားမှာ အထိုင်ချ
တော့… ဟို အကြောင်းကြားတော့ ဘုန်းကြီးက သွားပြီးတော့ အဲဒီရုံး ပေါ်ကို တက်လို့တောင် မပြီးသေးဘူး လူထုတွေက နောက်ကနေပြီးတော့ ကျုပ်တို့တောင်မှ မလိုလားတဲ့ စကားသံတွေနဲ့ အော်သေးတယ်လေ”


မလိုလားဘူးဆိုတာ ဘယ်လိုအော်တာပါလဲ ဘုရား။

“သြော်...မလိုလားဘူးဆိုတာ ကျုပ်တို့က ဖြန်ဖြေဖို့၊ ဒုက္ခမရောက်ဖို့၊ သေကြေမပျက်စီးဖို့၊ သွေးချောင်းမစီးဖို့ အတွက်
ပြည်သူတွေလည်း တောင်းပန်၊ တောင်းပန်ရင်း အဲဒီအပေါ်လည်း တက်သွားဆိုတော့ ကျုပ်တို့ကို အထင်လွဲတာ
ပေါ့ဗျ။ တပ်ဘက်က လိုလို၊ သစ္စာဖောက်လိုလို ဘာလိုလို အထင်လွဲတာပေါ့”


တက်သွားတော့ အရင်ဆုံး ဘယ်လိုတွေ့ရသလဲ ဘုရား။

“တက်သွားတော့ မတက်ခဲ့နဲ့ ပြောတာပေါ့ဗျ။ လောင်ချာကြီးတွေ၊ သေနတ်ကြီးတွေနဲ့ ချိန်ထားတာပေါ့ဗျ။ မင်းတို့ကို ရန်လုပ်ဖို့ တက်လာတာ မဟုတ်ဘူးလို့။ မင်းတို့လည်းပဲ ပြည်သူကြားက တပ်သားတွေပဲလို့။ ပြည်သူ မွေးထားတာ လို့။ အဲဒါမှ မင်းတို့ လူလို နားမလည်ရင်လည်း ပစ်ချလိုက်ကွာလို့။ သိပ်တော့ မင်းတို့ကိုလည်း ငါက မကြောက်လို့ တက်လာတာပေါ့ကွာလို့။ မင်းတို့ကို ရန်လုပ်ဖို့ တက်လာတာ မဟုတ်ဘူးလေကွာ။ တို့လက်ထဲ ဘာပါလို့တုန်းလို့”

“အောက်မှာ ပြည်သူတွေက ပုရွက်ဆိတ်အုံကြီးလို ဖြစ်နေတာ မင်းတို့ ဘာလုပ်မလဲ၊ ပစ်မှာလား။ တက်လာရင်တော့ ပစ်မှာ။ အေး မတက်အောင် ငါတို့ လုပ်ပေးမယ်။ မင်းတို့လည်း မပစ်နဲ့ပေါ့။ ဒီလိုပြောရ တာပေါ့ဗျ”


ကုန်သွယ်ရေးရုံး အပေါ်ထပ်တွင် လူထုကြီး၏ ၀ိုင်းဝန်းညှပ်ပိတ်မှုကို ခံနေရသည့် စစ်သားများ (ဓါတ်ပုံ - နိုင်ငံပိုင်ရုပ်သံ)


အဲဒီတုန်းက သူတို့ကကော ဘာပြန်ပြောသလဲ ဘုရား။

“နောက်ကျတော့ ဖြန်ဖြေရေးတရား ဟောတာပေါ့ဗျာ။ ရွှေပြည်အေးတရားပေါ့၊ ငြိမ်းချမ်းရေးတရားလေး ဘာလေး
ပြောဆိုပြီး ခင်ဗျားတို့ကို ကျုပ်တို့ သွားရမယ့်နေရာ၊ သွားလိုတဲ့နေရာကို ရအောင် ကဲ့ပြီးတော့ နောက်ဖေးပေါက်က ခင်ဗျားတို့ အသွင်သဏ္ဌာန်တူ ပုံစံလုပ်ပြီးတော့ ထုတ်ပေးမယ်ဆိုပြီး ကျုပ်ရဲ့ လက်အောက်ကိုယ်တော်တွေကို အမြန်ဆုံး ခေါင်းရိတ်သင့်တဲ့ ရိတ်ပေး၊ သင်္ဃန်းပတ်သင့်တဲ့သူ၊ ခေါင်းရိတ်ဖို့ အချိန်မရတဲ့သူကို သင်္ဃန်းခေါင်းမြီးချုံ ပြီးတော့ ထုတ်ပေးရတာပေါ့။ အဲဒီတုန်းက တပ်မတော်ဗျူဟာမှူး အောင်ဆန်းကွင်းမှာ အထိုင်ချတယ်။ အဲဒီကို သွားအပ်လိုက်တာ။ ကျုပ်ရဲ့ မှတ်တမ်းစာအုပ်တွေက မရှိတော့ဘူးလေဗျာ။ အဲဒီတုန်းက အဖမ်းခံရတော့ သူတို့ပဲ သိမ်းသွားတာ”


ဒါဆိုရင် သူတို့ကို အောင်ဆန်းကွင်းမှာ သွားအပ်လိုက်တာပေါ့ ဘုရား။

“သွားအပ်လိုက်တာပေါ့။ ဘယ်နှယောက် အပ်တယ်၊ လက်ခံရရှိတယ်၊ လက်မှတ်တွေ ဘာတွေလည်း ဘယ်ရှိတော့ မလဲဗျ။ အဖမ်းခံရတော့ အကုန်ပါသွားတာပေါ့။ ခင်ဗျားတို့ Press တွေက ရေးတယ် ဆိုရင်လည်းပဲ ကျုပ်တို့ကို မလိုလားအပ်တဲ့ ချဲ့ကားမှုတွေ မပါဘဲနဲ့ပေါ့လေ။ အဲဒီတုန်းက ပြည်သူနဲ့ အရပ်သားနဲ့ တပ်သားကြားမှာ ကြားဝင်ပြီး
ဖြန်ဖြေခဲ့တဲ့ ငြိမ်းချမ်းရေးရဲ့အစ ပုံဖော်ခဲ့တယ်လေ ကျုပ်။


အဲဒီတုန်းက အပေါ်မှာ နေနေတဲ့စစ်သားတွေကို ပြည်သူတွေက ဘာကြောင့် ဒေါသထွက်နေတာလဲ ဘုရား။

“အာ…ကုန်သွယ်ရေးအရေးအခင်းက ကျုပ်တို့က နောက်မှ ရောက်သွားတာလေ။ တင်းမာမှုတွေ ဖြစ်နေမှ ရောက် သွားတာလေ။


သူတို့ကကော ပစ်ခတ်မှုတွေ ရှိနေလား ဘုရား။

“မရှိပါဘူး အဲဒီတုန်းက။ ပစ်မယ့်ဆဲဆဲကြီး ဖြစ်နေတာ။ အထက်အမိန့်ပေးလိုက်ရင်တော့ ဆော်ပြီပေါ့။ ဆော်ရင်
တော့လည်း အဲဒီမှာ ပိုးလို့ပက်လက်တွေ သေကုန်ပြီ။ ကျန်တဲ့သူတွေလည်း ပြေးမှာပေါ့ဗျ။ မပစ်သေးတဲ့ အတွက်
ကြောင့် အောက်ကနေပြီး နင်လား၊ ငါလားနဲ့ ဆဲဆိုနေကြတာ။ အဲဒီလို အဲဒီလို။ အထက်ကသာ အမိန့်ပေးလိုက်ရင် ပြီးပြီပေါ့”


အရှင်ဘုရားကိုကော သပိတ်ကော်မတီကနေ အကူအညီတောင်းတာလား ဘုရား။

“သတင်းတွေက လာပို့တာလေဗျာ။ ကျုပ်တို့မှာလည်း အဲဒီတုန်းက ဒီလို ဟမ်းဖုန်းတွေ ဘာတွေ မရှိပေမယ့် ခြေမြန် တပ်သားတွေ၊ ခြေမြန်ကိုယ်တော်တွေ၊ နောက် အကျိုးလိုလားတဲ့သူ တချို့ကလည်း ဒီလို တရားမဝင်နဲ့ ဖုန်းတခု
ပေးထားတယ်။ အဲဒီတုန်းက ဟမ်းဖုန်းက မရှိသေးတာကိုး။ အဲဒီလို အဲဒီလို။ အကြောင်းကြားတော့ သွားရတာပေါ့။ ဆက်သွယ်မှုတွေ ဘာတွေလေ”


ကုန်သွယ်ရေးရုံး အပေါ်ထပ်တွင် လူထုကြီး၏ ၀ိုင်းဝန်းညှပ်ပိတ်မှုကို ခံနေရသည့် စစ်သားများ (ဓါတ်ပုံ - နိုင်ငံပိုင်ရုပ်သံ)

“အဲဒီတုန်းကလည်း ကျုပ်တို့ကလည်းဗျာ… အသက်က ၂၃ နှစ်စွန်းစွန်းပဲ ရှိသေးတာ။ မကြောက်မရွံ့နဲ့ ဒီလိုပဲ အခု Trader ပေါ့ဗျာ။ ပပဝင်းရုံနား ဟိုဘက်ကဆို ရဲရင့်ရုံပေါ့။ ဟိုဘက်ကဆို ဘူတာရုံပေါ့။ အဲဒီနေရာမှာ၊ လေးပွင့်ဆိုင်
တွေမှာလည်း ကျုပ်တို့ ဝင်ရှင်းရတာပဲ… ဒီလိုပဲ။ မလုပ်ပါနဲ့ဗျာ၊ မပစ်ပါနဲ့ဗျာ…ဒီလိုပဲ ပြောရတာ။ အဲဒီလိုနဲ့ ယောင် ကန်းကန်းနဲ့ အဲဒီလို ကယ်ဆယ်ရေးတွေနဲ့၊ တပ်နဲ့ ပြည်သူအကြား ဖြန့်ဖြေရင်းနဲ့ နောက်ဆုံး အာဏာသိမ်းသွားပြီး ဘုမသိ ဘမသိနဲ့ အဖမ်းခံရတာလေ။ ပြီးသွားတာပဲ။ ကျုပ်ရဲ့ ၈၈ နိုင်ငံရေးသမိုင်း အကျဉ်းချုပ်ကတော့ အဲဒါပဲ။ ရှင်းတယ်နော်”


ခုချိန် စစ်တပ်က ပစ်မယ်ခတ်မယ်၊ အဲဒီလိုလုပ်မယ် ဆိုရင်ကော အရှင်ဘုရားစိတ်ထဲမှာ ဘယ်လိုဆန္ဒ ရှိပါသလဲ ဘုရား။

“ဟား ဟား ဟား ဟား။ ခင်ဗျား တကယ့်အရေးမှ မရောက်သေးတာ။ ကျုပ်ကလည်း မပစ်သေးခင်တော့ လုပ်မယ်၊ ချမယ်ပဲ ပြန်ဖြေမှာပေါ့ဗျ။ ချမယ်ဆိုတာက ဖြန်ဖြေရေး လုပ်ငန်းကို လုပ်မှာပေါ့ဗျ။ အကယ်၍မှ ကံဆိုးလို့ ဥပစ္ဆေဒကံနဲ့ ရင်ဘက်ပွင့်ပြီး သေရမယ့်ဇာတာပါတော့လည်း ဘယ်တတ်နိုင်ပါ့မတုန်းဗျ။ ကျုပ်လည်းပဲ အလုပ်တခု လုပ်မယ်ဆိုရင် ဗေဒင်လေးဘာလေး သေသေချာချာ၊ ကျကျနန မေးပြုပြီး တွက်ကြည့်ရသေးတယ်။ သေနိုင်သလား၊
ထောင်ကျနိုင်သလားဆိုတာ၊ အဲဒီလိုလေး မေးမြန်းပြီးမှ လုပ်ရတယ်”

“အခုတောင် ကျုပ်က မေးထားသေးတယ်။ ဇာတာနဲ့ သေသေချာချာ၊ ကျကျနန မေးထားတယ်။ ၁၆ ရက်နေ့ ညနေ ၅ နာရီ ဒီဘက်ကို လက်မထောင်လို့ ရပြီတဲ့။ အဆိုးတွေက လွတ်သွားပြီတဲ့။ ကျုပ် မေးနေကျပုဂ္ဂိုလ်ကို မေးထားတာ”


အခု လောလောဆယ်ကော အခြေအနေ ဘယ်လိုရှိပါသလဲ ဘုရား။

“ကျုပ်နေရာ ကျုပ်နေပြီး ကျုပ်သာသနာပြုလုပ်ငန်း ယန္တရားတွေ ပုံမှန် လည်ပတ်နေတယ်လေ။ သက်ဝင် လှုပ်ရှား
နေတယ်လေ။ အဲဒါမှ မကျေနပ်လို့ အဓမ္မနည်းနဲ့ သုံးမယ်ဆိုရင်တော့လည်း လာခဲ့ပေါ့ဗျာ။ မကြောက်လို့ကို စည်းဝိုင်း ထဲမှာကို ကျုပ်က ပြောင်ပြောင်တင်းတင်း တွယ်နေတာလေ။ ကျုပ် မှန်နေသရွေ့ မကြောက်ဘူး။ ကျုပ်မှားရင်တော့
ကြောက်ရမှာပေါ့ဗျ”

“ကျုပ်က တရားဥပဒေလည်း ချိုးဖောက်ထားတာ မဟုတ်ဘူး။ ရာဇဝတ်မှုလည်း ကျူးလွန်တာလည်း မဟုတ်ဘူး။
နိုင်ငံတော် ပုန်ကန်တာလည်း မဟုတ်ဘူး။ အကြမ်းဖက်တာလည်း မဟုတ်ဘူး”

မွေခံထိုက်စေ




ကာတွန်း ဟန်လေး

မြန်မာ့ အကျင့်ပျက်ခြစားမှု ရှင်းတမ်း (အပိုင်း ၁)

ဒေါက်တာ ဦးမြင့်နှင့် ဒေါက်တာ ဦးလှမြင့်

အကျင့်ပျက်ခြစားမှုဆိုတာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး အားနည်းပြီး အလုပ်မဖြစ်တာတွေကို ပြနေတာလို့ ဦးမြင့်ပြောတာကို ကျနော်သဘောတူပါတယ်။ ဒီလိုအလုပ်မဖြစ်ရတာဟာ အစိုးရရဲ့ စီးပွားရေးမူဝါဒကြောင့်လို့ ကျနော်က ဆိုချင်တယ်။ တလက်စတည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့တွေ ဖွဲ့ပေမယ့် အကြောင်းရင်းကို ထုတ်ဖော်ကိုင်တွယ်မှု မလုပ်ရင် အကျိုးသက်ရောက်မှာ မဟုတ်လို့ သူပြောတာကိုလည်း သဘောတူပါတယ်။

ဒါ့ကြောင့် မဖွံ့ဖြိုးတဲ့နိုင်ငံတနိုင်ငံမှာ ဖြစ်တတ်တဲ့ ခြစားမှု ၂ မျိုး အကြောင်း ပြောချင်ပါတယ်။ (၁) လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုတွေကို ဖြစ်စေတဲ့ ချိနဲ့တဲ့တရားစီရင်ရေး၊ အစွမ်းမထက်တဲ့ အုပ်ချုပ်ရေး၊ မဖွံ့ဖြိုးတဲ့ လူ့ဘောင်အုတ်မြစ်တွေက ပေါက်ဖွားလာသူတွေနဲ့ (၂) အစိုးရပေါ်လစီကြောင့် နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ခွင့်တွေ ပိုရသွားသူတွေ အကြောင်းပါ။

ပထမ အမျိုးအစားက လွယ်လွယ်နဲ့မပျောက်။ လာဘ်ပေးလာဘ်ယူ လုပ်တတ်တဲ့ အကျင့်ဆိုးကို ပြောင်းပစ်ဖို့နဲ့ ဝန်ထမ်းတွေ ဖူလုံဖို့ အချိန်ယူရမယ်။ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးလာအောင် အခြေခံကောင်းတွေ တည်ဆောက်ရပါလိမ့်မယ်။ ဒုတိယ အမျိုးအစားကတော့ မြန်မြန်ထက်ထက်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံ့စီးပွားကို လက်ဝါးကြီးအုပ်ထားတဲ့ ဗျူရိုကရေစီနဲ့ ကြိုးနီစနစ်ကို လျှော့ချပစ်ရုံပါပဲ။

သို့သော် မြန်မာပြည်လို နိုင်ငံမျိုးမှာက စီးပွါးရေးမူဝါဒ ဖြေလျှော့ဖို့၊ ချုပ်ကိုင်မှု လျှော့ချဖို့ ဆိုတာ မလွယ်လှဘူး။ နိုင်ငံ့စီးပွားရေးမှာ တင်ပို့မှုစရိတ် (Transaction cost) တွေ လျှော့ပစ်ဖို့ဆိုတာ မလွယ်ဘူး။ ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အစိုးရက ဘာကြောင့် နှောင့်နှေးနေတာလဲဆိုတဲ့ မေးခွန်းပဲ မေးရတော့မယ်။

နိုင်ငံလွတ်လပ်ရေးရပြီး အစောပိုင်းနှစ်တွေတုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မျှော်ကိုးတဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေး (Free trade)၊ တံခါးဖွင့် စီးပွားရေး (Open-door policy)၊ အစိုးရက ဝင်မစွက်တဲ့ Laissez-faire ကိုလိုနီစီးပွားရေးပုံစံကို နိုင်ငံခြားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတော်က ထိန်းချုပ်မှုလုပ်၊ သွင်းကုန် အစားထိုးဖို့ နိုင်ငံပိုင် စက်ရုံတွေထောင်ရင် ဖွံ့ဖြိုးမှုမြန်မယ်ဆိုတဲ့ ယုံကြည်မှုက လွှမ်းမိုးခဲ့တာ လက်ခံနိုင်စရာပါ။ အခုခေတ်မှာ အဲဒီပုံစံက အလုပ်သိပ်မဖြစ်တာ အိမ်နီးချင်းနိုင်ငံတွေက နမူနာပြပြီးပါပြီ။ သူတို့ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့၊ နိုင်ငံခြားကို ထုတ်ကုန်တွေ ပို့နိုင်အောင် ဦးစားပေးတဲ့ ပေါ်လစီနောက်ကိုပဲ လိုက်ခဲ့ကြတယ်။

ဆိုတော့ ပြုပြင်ပြောင်းလဲမှု ဘာကြောင့် အစိုးရက လက်နှေးနေရသလဲဆိုတာ ရှင်းပြဖို့ လက်ခံနိုင်စရာ အကြောင်းတွေရှိရမှာပေါ့။ ကျနော့်အမြင် မြန်မာလို သဘာဝ သယံဇာတ ချမ်းသာတဲ့ နိုင်ငံမျိုးမှာ နှေးကွေးမှုဟာ သယံဇာတ ကြွယ်ဝမှုကြောင့်လို့ပဲ ထင်ပါတယ်။ လက်ခံနိုင်စရာ မဟုတ်တဲ့ စီးပွားရေးပေါ်လစီကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတော်ငွေစာရင်း ရှင်းတမ်းကွာဟချက် ပြဿနာ (Balance of payments problems) တွေကို ရှောင်လွှဲဖို့ နိုင်ငံဟာ သယံဇာတတွေ ရောင်းလို့ရတဲ့ နိုင်ငံခြားဝင်ငွေကို သုံးရတော့တယ်။ ငွေစာရင်းပြဿနာပေါ်တိုင်း ပြုပြင်ရေး ရှေးရှုစေမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သို့မဟုတ် နိုင်ငံခြားအစိုးရတွေဆီက တည်ငြိမ်မှုထိန်း ချေးငွေကို ယူမယ့်အစား သယံဇာတ ရောင်းရငွေကို အစားထိုးသုံးဖို့ပဲ လုပ်လာတော့တယ်။ မြန်မာနိုင်ငံလို စစ်အရာရှိကြီးတွေက နိုင်ငံရဲ့ သယံဇာတတွေကို ကိုယ်ပိုင်သဖွယ် အသုံးပြုခွင့်ရှိတဲ့ နိုင်ငံမှာ ပိုနေမြဲ ကြားနေမြဲ (Status quo) က သူတို့အတွက် အင်မတန်ကို အကျိုးအမြတ် ဖြစ်စေပါတယ်။ ပြုပြင်ပြောင်းလဲလို့ ပြဿနာတွေကို ရင်ဆိုင်မယ့်အစား ငြိမ်ငြိမ်နေတာ သူတို့ပိုလိုလားပါတယ်။

ဒီနေရာမှာ သယံဇာတ ချမ်းသာကြွယ်ဝမှု (Rich endowment of natural resources)၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ နိုင်ငံရေးစိတ်ဓာတ် ကင်းမဲ့မှု (Lack of political will to undertake economic reforms) နဲ့ အကျင့်ပျက်ခြစားမှု (Corruption) တို့ ဆက်စပ်နွယ်ငင်နေတာကို ကျနော်တို့ တွေ့ရပါပြီ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နောက်ခံ Context ထဲ ဒီဆက်နွယ်မှုကို ဆက်ခြေရာခံဖို့ ဦးမြင့် အိုင်ဒီယာကို ဆက်သုံးကြစို့ရယ်။

သူ့ရဲ့ အထက် (High level) က ခြစားမှုနဲ့ အောက်ခြေ (Low level) က ခြစားမှု ဆိုတာနဲ့ စကြတာပေါ့။ အထက်က ခြစားမှုဆိုတာ ဩဇာအာဏာကြောင့် အခွင့်ထူးခံရပြီး ကြွယ်ဝနေတဲ့ နိုင်ငံရေး ထိပ်ဆုံးတန်းက သူတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့ခြစားမှုဟာ လစာဝင်ငွေ နည်းတာကြောင့် မဟုတ်ပါ။ လစာဝင်ငွေနည်းတဲ့ စာရေးစာချီ အစိုးရဝန်ထမ်းတွေကတော့ ငွေကြေးဖောင်းပွမှု (Inflation) ကြောင့် လူနေမှုစရိတ် မကာမိရာက အကျင့်ပျက် လာဘ်စားရတာလို့ ဖြေလေ့ရှိပါတယ်။ အထက်က ခြစားမှုနဲ့ ပတ်သတ်လို့ နိုင်ငံတော်ဆိုင်ရာ စီးပွားရေး အငှားချထားမှု (Economic rent) သို့မဟုတ် ပါမစ်ချပေး စီးပွားရေး (လက်မှတ်ထိုးရင် ငွေဖြစ်တဲ့ စီးပွားရေး သဘောမျိုး၊ လူ့ဘောင်သစ် ကိုဇော်မင်းကတော့ ဘောပင်စီးပွားရေးလို့ ရေးဖူး) တို့ ဆက်စပ်ပုံ နောက်မှာဆွေးနွေးပါမယ်။
အခုတော့ လစာတိုးပေးလို့ အောက်ခြေခြစားမှု ပျောက်သွားမှာမဟုတ်လို့ ပြောကြတာကို ထောက်ခံ ဆွေးနွေးပါရစေ။ တကယ်တော့ လစာအစစ်အမှန် (Real wages) တိုးသွားတာ မဟုတ်ဘဲ ဂဏန်းတွေ ပုံပျက် မြင့်တက်သွားတာပါ။ လစာ အစစ်အမှန် တိုးသွားရင်တောင် လာဘ်ယူလို့ ရသေးတဲ့အထိ လာဘ်ယူကြဦးမှာမို့ ဒီဟာက ရပ်သွားမယ်လို့ ကျနော်မထင်ပါ။ တကယ်က အောက်ခြေခြစားမှု လျော့သွားဖို့ဆို ငွေဖောင်းပွမှု ထိန်းဖို့၊ လူနေမှုစရိတ်ကြီးစေတဲ့ ကုန်တွေ တင်သွင်းမှု လျှော့ချဖို့နဲ့ လာဘ်ယူတာတွေ ကျဆင်းသွားစေမယ့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်မှုတွေ တပြိုင်တည်း လုပ်ဖို့လိုပါတယ်။

ဦးမြင့်ဆွေးနွေးတဲ့ ခြစားပုံ ၃ မျိုးကို ဆက်ဆွေးနွေးပါ့မယ်။ (၁) အရိုးစွဲနေတဲ့ အကျင့်ပျက် ခြစားမှု (“Systemic” corruption)။ ဒါက တိုင်းပြည်ရဲ့ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအပိုင်းတွေမှာသာမက လူတွေရဲ့ အကျင့်စရိုက်ထဲအထိ လှိုက်စားနေလို့ ခြစားမှုဟာ ဘဝနေနည်းပါ ဖြစ်လာတယ်။ (၂) စနစ်တကျ ကြံစည်ထားတဲ့ အကျင့်ပျက် ခြစားမှု (Well-organized system of corruption)။ စီးပွားရေးသမားတွေက ဘယ်သူ့ ဘယ်လောက်ပေးရင် ဘာပြန်ရမယ်ဆိုတာ သိသလို အစိုးရအရာရှိတွေဘက်ကလည်း ရေရှည် စို့စို့ပို့ပို့ စားရအောင် လုပ်တယ်။ ရွှေဥဥနေတဲ့ ငန်းကိုမွေးထားသလိုပေါ့။ (၃) ကျီးကန်းတောင်းမှောက် ခြစားမှု (Chaotic corruption)။ ပေးမယ့်သူက ဘယ်သူ့ ဘယ်လောက်ပေးရမလဲ၊ ဘယ်လောက်ပြန်ရမလဲ မသိသလို ယူတဲ့သူကလည်း “နေပူတုန်း မြက်လှန်း” သိမ်းကြုံးယူပါတယ်။ အဲဒီအခြေအနေမှာ ငန်းဟာ စိတ်ရှုပ်သွားပြီး ရွှေဥ ပုံမှန်ဥဖို့ ခက်သွားတယ်လို့ ဦးမြင့်က ဆိုခဲ့တယ်။

စိတ်ဝင်စားစရာ မေးခွန်းတွေ ကျနော့်ခေါင်းထဲ ပေါ်လာတယ်။ အကျင့်ပျက်ခြစားတာ မြန်မာမှ မဟုတ်ပါ၊ အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းတို့၊ အိန္ဒိယတို့လည်း ထိုနည်းလည်းကောင်းပါပဲ။ အိန္ဒိယဆို တလောလေးက အကျင့်ပျက် ခြစားမှုဆန့်ကျင်ရေး အစာငတ်ခံ ဆန္ဒပြတာတွေတောင် ဖြစ်သွားသေး။ ဒါပေမယ့် ဒီနိုင်ငံတွေ တိုးတက်မှုနှုန်း ကောင်းနေပြီး ကိုယ်တွေနိုင်ငံက ဘာကြောင့် ဖွံ့ဖြိုးမှုနှုန်း နည်းရသတုန်း (အစိုးရရဲ့ တရားဝင်နှုန်းကို စာရွက်ပေါ်မှာပဲ ထားလိုက်ပါ)။

ကျနော့်အတွက်တော့ နိုင်ငံတနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မူဝါဒနဲ့ လုပ်ဆောင်ချက်ကောင်းတွေ ရှိနေရင် စနစ်တကျ ကြံစည် ခြစားမှု (Organized corruption) ကို အတိုင်းအတာတခုအထိ သည်းခံနိုင်တယ်လို့ မြင်တယ်။ သို့သော် ဒီဟာက အလားအလာ အပြည့်ရှိတဲ့ ဖွံ့ဖြိုးမှု (Full potential growth) ကို ပိတ်ဆို့ထားသလိုဖြစ်နေပြီး ဖွံ့ဖြိုးမှုနှုန်းကိုပါ ဆွဲချနေတာက အမှန်ပါပဲ။ အလားအလာ အပြည့်ရှိတဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်း (Full potential growth path) နဲ့ နိမ့်ကျနေတဲ့ဖွံ့ဖြိုးမှုလမ်းကြောင်း (Lower growth path) ကြားက ကွာဟချက်ဟာ အကျင့်ပျက် ခြစားမှုတန်ဖိုး (Costs of corruption) ပါပဲ။ ဒီဟာက အကြမ်းအားဖြင့် ဥပမာပြရရင် ထိုင်းနိုင်ငံပေါ့။

စင်ကာပူကတော့ အင်မတန် ထူးခြားတဲ့ ဥပမာဖြစ်တယ်။ အကျင့်ပျက်မှုကို တိုက်ဖျက်ရာမှာ နာမည်ကောင်းရပြီး ဖွံ့ဖြိုးမှုကိုလည်း အရှေ့တောင်အာရှမှာ အမြင့်ဆုံးရောက်အောင် ထိန်းထားနိုင်တယ်။ နိုင်ငံသေးသော်ငြား သယံဇာတမရှိဘဲ ထောင်တက်လာနိုင်ခဲ့တဲ့ သူ့အောင်မြင်မှုဟာ အတုယူစရာပါ။ သဘာဝသယံဇာတ ခေါင်းပါးတော့ အကျင့်ပျက်မှုကို တိုက်ဖျက်ရမှာ တာဝန်ဖြစ်လာတယ်။ ဒါမှ နိုင်ငံကို အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးမှာ ကုန်တင်ကုန်ချလုပ်နေတဲ့ သင်္ဘောတွေ မကြန့်ကြာရအောင်၊ တင်ပို့မှုစရိတ်တွေ လျှော့ချနိုင်တဲ့ အကောက်ခွန်မဲ့ ဆိပ်ကမ်းကြီး (Entrepôt) အဖြစ် ချဲ့ထွင်တည်ဆောက်နိုင်မှာ ဖြစ်လို့ပဲ။ မြန်မာပြည်ကတော့ ဒီဥပမာနဲ့ ဆန့်ကျင်ဘက်ပဲ။

မြန်မာပြည်မှာ ကျီးကန်းတောင်းမှောက် ခြစားမှု စတာ လွတ်လပ်ရေးရအပြီး စီးပွားရေးကို နိုင်ငံတော်က စထိန်းချုပ်ကတည်းကပါ။ စီးပွားရေးထိန်းချုပ်မှု ပိုကြာလာ၊ ပိုတင်းကျပ်လာတာနဲ့အမျှ ခြစားမှု ပိုကျယ်ပြန့် နက်ရှိုင်းလာပါတယ်။ လူတွေလည်း အကျင့်ပျက်လာတော့တာပါပဲ။ ကိုလိုနီခေတ်မှာတုန်းက မြန်မာ့ရွှေဥဟာ ဆန်နိုင်ငံခြားတင်ပို့မှုက လာပါတယ်။ ဆန်တင်ပို့မှုမှာ မြန်မာဟာ ပထမ၊ ဆန်နိုင်ငံခြားတင်ပို့မှုက တိုင်းပြည်ဖွံ့ဖြိုးမှုရဲ့ အဓိကမောင်းနှင်အားပါ။ လွတ်လပ်ရေးရအပြီး ဆန်စပါးလုပ်ငန်း အစိုးရချုပ်ကိုင်မှုအောက်ရောက်၊ အဲဒီချုပ်ကိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ခြစားမှုတွေက ရွှေဥ ဥပေးနေတဲ့ငန်းရဲ့ လည်မျိုကို ညှစ်သတ်ခဲ့ပါတော့တယ်။

ပေါ်ပြူလာဖြစ်ခဲ့တဲ့ အကြောင်းပြချက်က နိုင်ငံခြားသားပိုင် ဆန်စက်တွေက ကိုယ်စားလှယ်ပွဲစားတွေရဲ့ လယ်သမားတွေအပေါ် အမြတ်ထုတ်တာ ကာကွယ်ဖို့လို့ဆိုတယ်။ တကယ့်အကြောင်းက အစိုးရဝင်ငွေ မြှင့်ဖို့ပါ။ ဒီကဏ္ဍက ဝင်ငွေဟာ အစိုးရအသုံးစရိတ်ကို ပြည့်မီရုံမက စီးပွားဖွံ့ဖြိုးမှုစီမံကိန်းတွေကို ငွေကြေး မ တည်နိုင်တဲ့ထိပါ။ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ စီးပွားရေး တိုးတက်မှုနှုန်းမြှင့်ဖို့ စိုက်ပျိုးရေးကဏ္ဍပိုငွေကို နှုတ် (Extraction of the “agricultural surplus”)၊ နိုင်ငံပိုင် စက်မှုထုတ်ကုန် လုပ်ငန်းတွေကို ပံ့ပိုး (Subsidize the state-owned manufacturing industries) ဆိုတဲ့ သီအိုရီကို အခြေခံခဲ့ပါတယ်။ ဒီလိုနဲ့ လယ်ယာစိုက်ပျိုးမှု ရောင်းဝယ်ရေး ဘုတ်အဖွဲ့ရဲ့လက်ထဲ နိုင်ငံတကာ ပေါက်ဈေးထက် လယ်သမားတွေကို ဈေးနှိမ်ပေးနိုင်တဲ့ လက်ဝါးကြီးအုပ် အာဏာရောက်လာခဲ့တယ်။

၁၉၆၃ မှာတော့ စိုက်ပျိုးရေးကဏ္ဏပိုငွေကို ထပ်ထွက်လာအောင် လုပ်ပြန်ပါတယ်။ အဲဒါက လယ်သမားတွေကို အစိုးရက တာဝန်ကျေစပါး သတ်မှတ်ပြီး ပြည်တွင်းပေါက်ဈေးထက် နှိမ်ဝယ်တယ် (ပြည်တွင်းပေါက်ဈေးက နိုင်ငံတကာ ပေါက်ဈေးထက် နိမ့်အောင် ဈေးသတ်မှတ်ထားပြီးသား)။ တာဝန်ကျေစပါးကို ဝန်ထမ်းတွေနဲ့ စက်ရုံအလုပ်ရုံက အလုပ်သမားတွေအတွက် ခွဲတမ်းပေးပါတယ်။ ဒါမှလည်း လူနေမှုစရိတ်မြင့်မားမှုကို အလုပ်သမားတွေ ထေမိမယ်။ ဆန္ဒပြမှုကို ရှောင်နိုင်မယ် မဟုတ်လား။

ဒီလုပ်ထုံးလုပ်နည်းတွေက အကျင့်ပျက်ခြစားမှုကို တသီကြီးဖြစ်စေတော့တယ်။ (၁) အစိုးရဟာ လက်ဝါးကြီးအုပ် ဝယ်သူဖြစ်တာမို့ စပါးပေါ်ချိန်မှာ ဒိုင်တွေဖွင့်ပြီး ဝယ်ရတယ်။ ဒိုင်တွေမှာ ယာယီခန့် စာရေးတွေက ဆန်ကုန်သွယ်ရေးမှာ အတွေ့အကြုံလည်းမရှိ၊ နားလည်းမလည်။ အဲဒီတော့ လယ်ထဲကနေ အဝယ်ဒိုင်ထိရောက်အောင် တိုင်းတာချိန်တွယ်ရာမှာ အလေအလွင့်နဲ့ အချိန်ကြာတာတွေဖြစ်တဲ့အပြင် လာဘ်ပေးလာဘ်ယူမူတွေကို ဖြစ်ပွားစေတယ်။ မရိုးသားတဲ့ လယ်သမားတွေကလည်း စာရေးတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အထွက်နှုန်းပိုရအောင် ရေဖြန်းတာတို့၊ သဲခဲရောတာတို့ လုပ်ကြတယ်။ (၂) ယာယီဂိုဒေါင် သိုလှောင်မှုကလည်း သက်ကယ်မိုး၊ ဝါးထရံဆိုတော့ သူခိုးအားပေး ဖြစ်နေပြန်ပြီး မီးလောင်လည်းလွယ်လို့ အပျောက်အဆုံးစာရင်းပြရ ကောင်းပါတယ်။ (၃) တာဝန်ကျေစပါး ဝယ်ယူရေး၊ ဆန်ခွဲတမ်းဖြန့်ဖြူးရေးကို တာဝန်ယူကြတဲ့ အရာရှိတွေ ခြစားမှုကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတော့ သတိပေး အရေးယူတာလောက် အပျော့ပေါ့။

အဲဒီ ခြစားမှုတွေအပြင် လယ်သမားတွေအတွက် ဘာမက်လုံးမှ မပေးတဲ့ အစိုးရရဲ့မူဝါဒကြောင့် မြန်မာ့ဆန် နိုင်ငံခြားတင်ပို့မှုဟာ ပုံမှန်ကျဆင်းနေရာက ၁၉၉၇-၉၈မှာ ကျပ်ငွေ ၃၈ သန်းပဲ ဝင်တော့တဲ့ထိ အနိမ့်ဆုံး ထိုးဆင်းခဲ့တယ်လို့ မြတ်သိန်းက သူ့ရဲ့ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု (Economic Development of Myanmar) စာအုပ်မှာ ရေးခဲ့တယ်။ ဆန်တင်ပို့မှုထိုးကျတော့ နိုင်ငံခြားအရံငွေတွေ အလျင်အမြန် ခမ်းလာမယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။ The River of Lost Footsteps: A Personal History of Burma ကို ရေးတဲ့ သမိုင်းဆရာ သန့်မြင့်ဦးက “၁၉၈၈ နှစ် နှောင်းပိုင်းလများတွင် နိုင်ငံခြားအရံငွေ မရှိသလောက် ခမ်းပြီ။ စစ်တပ် ဆက်ရပ်တည်ရေး လောင်စာ၊ အပိုပစ္စည်းနဲ့ လက်နက်ဝယ်နိုင်ရေး ငွေမာလိုသည်။ နိုင်ငံခြားအကြွေး ၆ ဘီလီယံ ဒေါ်လာ ဆပ်ရမည့်အပြင် နိုင်ငံတော်ဝန်ဆောင်စရိတ် တနှစ် ဒေါ်လာ ၂ သန်းကျော်လိုသည်” လို့ ရေးပါတယ်။

ဒီအခြေအနေမှာ တခြားနိုင်ငံ တနိုင်ငံဆို IMF မှာ တည်ငြိမ်ရေးရန်ပုံငွေ ချေးမယ်။ ရန်ပုံငွေနဲ့ တွဲပါလာတဲ့ ပုံမှန် လုပ်စရာရှိတာတွေကို လုပ်မယ်။ လုပ်ရမှာတွေက နိုင်ငံခြားကုန်သွယ်မှု ထိန်းချုပ်ထားတာ ဖယ်ပစ်၊ ငွေလဲလှယ်မှုနှုန်း အဆမတန် မြှင့်ထားတာ ပြင်၊ ငွေဖောင်းပွမှု ထိန်းချုပ်ဖို့နဲ့ အစိုးရဘတ်ဂျက် လိုငွေပြနေတာ လျှော့ဖို့ ငွေကြေးနဲ့ ဘဏ္ဍာအခွန် စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ဖို့ပါပဲ။ မြန်မာပြည် အဲဒါတွေလုပ်ပြီး စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲရင်၊ ထိန်းချုပ်မှုတွေ လျှော့ပစ်ရင် အကျင့်ပျက် ခြစားမှုနည်းလာမယ်။ ဆန်တင်ပို့မှုလုပ်ငန်း ခေါင်းပြန်ထောင်လာမယ်။

သို့သော် မြန်မာပြည်ဟာ သယံဇာတတွေကိုပဲ အားကိုးနေခဲ့တယ်။ ထိုင်းနိုင်ငံရေးသမားတယောက်နဲ့ ညှိပြီး သစ်တွေကို ထိုင်းကုမ္ပဏီတွေဆီ ရောင်းစားတယ်။ မတန်မရာဈေးနဲ့ ခုတ်သွားခဲ့တဲ့ သစ်တောကြီးတွေရဲ့ တန်ဖိုးဟာ နိုင်ငံခြားအရံငွေ လိုနေတာကို ဖြည့်တော့ပေးခဲ့တာပေါ့။ ဒါပေမယ့် ဒီ ကတိုက်ကရိုက်တန်ဖိုးဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်တဲ့ တကယ်လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ရှောင်လွှဲဖို့သာ ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ဆီ မကူးပြောင်းနိုင်ခဲ့ဘဲ ဖြစ်သလို မျောနေခဲ့တယ်။ နိုင်ငံတော်ငွေစာရင်း ပြဿနာကလည်း နာတာရှည်ဖြစ်ခဲ့တာ သဘာဝဓာတ်ငွေ့တွေ့ပြီး နိုင်ငံခြားပို့ရလို့ ခံသာသွားတယ်။ ၂၀၀၂-၂၀၀၃ မှာ ကုန်သွယ်မှု ပိုငွေပြလာရာက ဆက်ထိန်းထားနိုင်နေပါပြီ။

ကျနော့်ဆောင်းပါး အဆုံးမှာ အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေး ပါမစ် အငှားချမှု ဆက်စပ်ပုံကို ဆွေးနွေးတဲ့အခါ ကြီးထွားလာတဲ့ သဘာဝဓာတ်ငွေ့ နိုင်ငံခြားတင်ပို့မှုက ခြစားမှုကို ပိုကြီးလာစေကြောင်း ပြောပါ့မယ်။ အခုတော့ မြန်မာပြည်မှာ အလွန်အရေးပါတဲ့ ခြစားမှုတခုအကြောင်း ဆွေးနွေးချင်ပါတယ်။ ဦးမြင့်ကလည်း ဒီအကြောင်း ဆွေးနွေးထားပါတယ်။ မှောင်ခိုဈေးကွက် (Black market) နဲ့ ယူဂျီစီးပွားရေး (Underground economy) တို့ ကျယ်ပြန့်လာတဲ့အကြောင်းပါ။

(ဆက်ရန်)

(ယခုဆောင်းပါးသည် သမ္မတဦးသိန်းစိန်၏ စီးပွားရေး အကြံပေးခေါင်းဆောင် ဒေါက်တာဦးမြင့် ရေးသားသော “Corruption: Causes, Consequences and Cures” စာတမ်းအပေါ် ပါမောက္ခဟောင်း ဒေါက်တာဦးလှမြင့်၏ သဘောထားအမြင်ဖြစ်သည်။ ဒေါက်တာဦးလှမြင့်သည် ၁၉၄၅ မှ ၁၉၅၂ ခုနှစ်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခ၊ ၁၉၅၈ မှ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၀ ဝန်းကျင်တွင် မြန်မာအစိုးရ၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ်လည်း တာဝန်ယူခဲ့သည်။ လန်ဒန်စီးပွားရေး တက္ကသိုလ်တွင် ပါမောက္ခအဖြစ် ၁၉၆၆ မှ ၁၉၈၅ ထိ တာဝန်ယူခဲ့ပြီး သူ၏ ဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေး သီအိုရီများမှာ စီးပွားရေးပညာရှင် အသိုင်းအဝိုင်းအကြား အလွန်ဩဇာကြီးသည်။ ယခု အသက် ၉၁ နှစ်ရှိပြီဖြစ်သော ဒေါက်တာဦးလှမြင့်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အငြိမ်းစားယူ နေထိုင်လျက်ရှိသည်။ ယခုဆောင်းပါးကို ရဲနည်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

မှတ်ပုံတင်ကိစ္စ NLD ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့မည်

NLD မှတ်ပုံတင်မည်ဟု ကြေညာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတ်ပုံတင်ခြင်း အပြီးသတ်အစီအစဉ်အတွက် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမကြာမီ သွားရောက်မည်ဟု သတင်းရရှိသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့တွင် သွားရောက်မည့် အဆိုပါ တွေ့ဆုံမှုအတွက် NLD ပါတီ၏ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့မှ ဦးဆောင်ရန် ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ယနေ့ ပြုလုပ်သည့် အစည်းအဝေးက ဆုံးဖြတ်ချက်ချခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

“ပါတီရဲ့ မူဝါဒလမ်းစဉ်၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ အလံ၊ တံဆိပ် စတာတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် စတာတွေကို ကော်မရှင်မှာ ရှင်းပြဖို့ သွားမှာပါ” ဟု ၎င်းက ဆိုသည်။

NLD ပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က ပါတီဝင်အများစု ဆန္ဒအရ ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်ခဲ့သည်။ ပါတီဦးဆောင် ၂၁ ဦး၏ စာရင်းကို ကိုယ်ရေးရာဇ၀င်အကျဉ်းနှင့် တကွ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပါတီတည်ထောင်ရန် ခွင့်ပြုချက်ရရှိခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်မှ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဥပဒေအရ ယခု ပါတီခေါင်းဆောင်များက ပါတီ၏ ရည်ရွယ်ချက် မူဝါဒများကို သွားရောက်ရှင်းလင်းရမည်ဖြစ်သည်။

လောလောဆယ်တွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်နေပြီး NLD ပါတီ ရုံးအဖွဲ့မှူး ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လျာထားထာသည်ဟု သိရသည်။

ဦးဝင်းထိန်က “တရားဝင်တော့ မကြေညာသေးဘူး။ ဒါပေမယ့် ဇာတိဆိုတော့ အားလုံးက ၀င်ဖို့တောင်းဆိုနေတယ်” ဟု ပြောသည်။

အဆိုပါနေရာအတွက် ယခင်က မိတ္ထီလာမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်အား လျာထားထားသော်လည်း ကျန်းမာရေးအခြေအနေအရ အစားထိုးရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်သည် တပ်မ ၉၉ နှင့် လေတပ်စခန်းရှိသည့် တပ်နယ်မြေ ဖြစ်သည့်အပြင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အားကောင်းသည့် နယ်မြေဖြစ်ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် အနိုင်ရရှိခဲ့သည့် နယ်မြေဖြစ်သည်။

အတည်မပြုနိုင်သေးသော သတင်းများအရ NLD လူငယ်တာဝန်ခံ မဖြူဖြူသင်းသည်လည်း ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကို မည်သည်အချိန်တွင် ပြုလုပ်မည်ဆိုသည်ကိုမူ သမ္မတ ဦးသိန်းစိန် အစိုးရက ကြေညာခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများကို ထိန်းချုပ်ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ပြုသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင် ကြိုဆိုကြောင်းလည်း ပြောဆိုခဲ့သည်။

ရွှေည၀ါ ဆရာတော် သတင်း ဆင်ဆာဖြတ်

ရွှေညဝါ ဆရာတော်

ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟ အား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အရေးယူမည့်စာ ပို့သော သတင်းနှင့် ပတ် သက်ပြီး ပြည်တွင်း သတင်း ဂျာနယ်များတွင်ဖော်ပြခွင့်မရကြောင်း သတင်း မီဒီယာ အသိုင်းအ၀ိုင်းက ပြောသည်။

“စာပေစိစစ်ရေးက အဲဒီသတင်းကိုလုံးဝ မဖော်ပြဖို့ တားတယ်။ ခွင့်ပြုချက်မရှိဘဲ ဖော်ပြရင်တော့ ထိထိရောက်ရောက် အရေးယူ ရ လိမ့်မယ်လို့ ပြောတယ်”ဟု သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦး က ပြောပြသည်။

ယင်းသတင်းသည် ပြည်သူအများက စိတ်ဝင်စားသောကြောင့် ပြည်တွင်း သတင်းမီဒီယာ အများစုက ဖော်ပြရန် ကြိုးစားကြသော် လည်း စိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့ရှိ ဂျာနယ် အယ်ဒီတာ တဦးကလည်း“ဆရာတော် ကျောင်းမှာလုပ်တဲ့ အခမ်းအနားသတင်းတွေ ကျနော်တို့ ရေးပြီး တင် ဖူးတယ်၊ မပေးဘူး၊ ညွှန်ကြားထားတာမျိုးတော့ မရှိဘူး၊ သွားတင်တော့မှ မပေးတာ၊ ဆရာတော် ဘွဲ့အမည်ပါရင်ကို စိစစ်ရေးက အရင်ကတည်းက ခွင့်မပြုခဲ့ဘူး၊ တခြားဟာတွေ ခွင့်ပြုတာတော့ ရှိတယ်”ဟု ပြောဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့(မဟန)၏ ၄၇ ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက် အကြောင်းကြား စာ ကို ရွှေည၀ါ ဆရာတော် ဦးပညာသီဟ ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

မဟန ၏ စာတွင် တရားဟောခွင့် ပိတ်ပင်ထားသည်ကို မလိုက်နာဘဲ တရားဟောခဲ့သောကြောင့် လက်ရှိ သီတင်း သုံးနေသော ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်ရှိ သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်(သံဃာအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသူ)အဖြစ် သတ်မှတ်ရန်နှင့် ခွင့်ပြုချက်မရဘဲ သာဓုကျောင်း အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ပါဝင်သည်။

တရားဟောခွင့် ပိတ်ပင်ထား၍ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးတွင် သြ၀ါဒ ဆုံးမစကားကိုသာ ပြောခဲ့ခြင်း ကို တရားဟောပါသည်ဟု မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန)သို့ မှားယွင်းစွာတင်ပြခဲ့ခြင်း ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က ဧရာဝတီသို့ မိန့်ကြားထားသည်။

မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံး၌၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ် ကျင်းပစဉ် ရွှေည၀ါ ဆရာတော်က သြ၀ါဒ ဆုံးမစကား ပြောကြားခြင်းဖြစ်သည်။

ရွှေည၀ါ ဆရာတော်သည် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားနှင့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား များကိုလည်း သာဓု ကျောင်းတိုက်တွင် ကျင်းပခွင့်ပေးခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ရွှေည၀ါဆရာတော်ကို အရေးယူသော သတင်းသည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရဟန်း သံဃာများ၊ ပြည်သူများထံသို့ ပျံ့နှံ့သွားပြီး အများစုက စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိကြောင်း သိရသည်။

“ဆရာတော်အတွက် အရမ်းကို စိတ်ပူတယ်။ ဆရာတော်ကတော့ သူ့အတွက် မပူဖို့ အမြဲပြောတယ်။ ဒါပေမယ့် ဆရာတော်လို သီလ၊ သမာဓိပြည့်စုံတဲ့ ရဟန်းတော် တပါး ဒုက္ခကြုံမှာကို မလိုလား ပါဘူး”ဟု ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင် တိုက်မှ စာသင်သား ရဟန်းပျိုတဦးက ပြောသည်။

ရွှေည၀ါ ဆရာတော်က ၎င်းအား အရေးယူမှုကို ပြင်ဆင်ပေးရန်အတွက် ရဟန်းနှင့်ပြည်သူ တသောင်းကျော်၏ လက်မှတ်များနှင့် အသနားခံစာကို နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့သို့ ဒီဇင်ဘာ ၁၆ ရက်က တင်ပြထားသည်။

ထို ရွှေည၀ါဆရာတော်၏ သတင်းသာမက အစိုးရအရာရှိကြီးများ၏ လာဘ်ပေးလာဘ်ယူမှုများအား စုံစမ်း ရေးသားထားသော သတင်းများကိုလည်း သတင်းမီဒီယာများတွင် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ဖြုတ်ပယ်သည်ဟုလည်း ရန်ကုန် သတင်း မီဒီယာ အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ဂျာနယ် သတင်းထောက် တဦးက“သတင်း လွတ်လပ်ခွင့်ပေးမယ်လို့ ဘယ်လောက်ပဲပြောပြောပါ၊ လက်တွေ့မှာတကယ်မရဘူး။ သတင်းတွေကို ဖြတ်တောက်တယ်။ စိစစ်တယ်။ မနာခံရင် အရေးယူမယ့်ပုံစံပြတယ်”ဟု ပြောသည်။

ဆင်ဆာဖြတ်ကြမယ်









အဲ့ဒီအခန်းဖြတ်

အစိုးရသစ် လက်ထက်မှာတော့ ခေတ်စနစ်ကို အမြန်ဆန်ဆုံး ထင်ဟပ်ပြနိုင်မယ့် အနုပညာ လက်နက်တွေနဲ့ ဖော်ထုတ် ပြသလာပြီလို့ ပြောရမလိုပါပဲ။ မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့ကိုသရော်ထားတဲ့ “အဲ့ဒီအခန်းဖြတ်” ဆိုတဲ့ ဇာတ်လမ်းတိုလေးကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်တာနက်စာမျက်နှာတွေမှာ လက်ဆင့်ကမ်း နေကြပြီး အင်မတန် လူကြိုက်များနေတာကို တွေ့ရပါတယ်။

အင်မတန် ပြောင်မြောက်တဲ့ ဒီဇာတ်လမ်းတိုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကဲဖြတ်မယ့် လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရိုက်ကူးထားတာပါ။

ရုပ်ရှင်ပွဲတော် ကျင်းပမယ့် ဇန်န၀ါရီလ ၄ ရက်နေ့  မတိုင်ခင် အင်တာနက်မှာ အကြီးအကျယ် အောင်မြင်နေပါပြီ။ အင်တာနက်မှာ ဘယ်သူ စပြီး ဖြန့်သလဲ ဆိုတာကို ဒီကား ရိုက်ကူးတဲ့ ဒါရိုက်တာ ၀ိုင်းက ဧရာဝတီကို အခုလို ရှင်းပြပါတယ်။

“ကျနော်က ဒါကို celebrity တွေကို ပေးတာတွေလည်း ရှိတယ်။ ကျနော့် သူငယ်ချင်းတွေက ကြိုက်လို့ ယူသွားတာတွေလည်း ရှိတယ်။ တယောက်ယောက်ကနေပြီး ကြိုက်လွန်းလို့ တင်ပေးတာလည်း ဖြစ်မှာပါ၊ (အင်တာနက်မှာ) ဒီဟာ ရောက်သွားတာနဲ့ ပတ်သက် ပြီးတော့ ကျနော်ကတော့ တကယ် မသိပါဘူး”

ဆင်ဆာအဖွဲ့များရဲ့ မှားယွင်းနေတဲ့ စနစ်နဲ့ လုပ်ထုံး လုပ်နည်းတွေအကြောင်း ပွင့်ပွင့် လင်းလင်း ရိုက်ပြထားတာကို ပရိသတ် လက်ခံ အားပေးတဲ့ အတွက် အားရ ကျေနပ်မိတယ်လို့လည်း ၀ိုင်းက ပြောပါတယ်။

ဆင်ဆာလူကြီးမင်းများ ဇာတ်ကားတကား ကြည့်ရှု အကဲဖြတ်ရာမှာ လုပ်လေ့လုပ်ထ၊ ပြောလေ့ ပြောထရှိတဲ့အတိုင်း ပေါ်လွင်အောင် ရိုက်ပြထားတဲ့ အတွက် ပါဝင် သရုပ်ဆောင်ပေးသူ နာမည်ကျော်များ အင်မတန် ရဲဝံ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါပြီ။

“တချို့ မရိုက်ရဲတဲ့ သရုပ်ဆောင် နည်းနည်းပါးပါးလည်း ရှိပါတယ်။ သို့သော်ငြားလည်း အများစုကတော့ ကိုယ့်ကို နားလည်တာရယ်၊ စနစ်တခု ဒီလိုရှိတယ်ဆိုတာ ကမ္ဘာက သိအောင် ပြချင်တဲ့ စိတ်နဲ့ ရိုက်ကြတာပါ။ သူတို့ကိုလည်း တကယ်ကို ကျေးဇူးတင်တာပါ။ သူတို့သာ တကယ် သရုပ်မဆောင်ပေးရင် အခု ဒီကားက ရိုက်လို့ မရပါဘူး။ သရုပ်ဆောင် ရွေးတဲ့အခါမှာလည်း အခက်အခဲ ရှိပါတယ်” လို့ ၀ိုင်းက ဇာတ်ကားရိုက်ကူးရေး အတွေ့အကြုံကို ရှင်းပြပါတယ်။

“အဲ့ဒီအခန်းဖြတ်” မှာ ပါဝင်တဲ့ အခြေအနေတွေဟာ ဘယ်လောက် မှန်ပါသလဲ။ “အဲ့ဒီအခန်းဖြတ်” ဟာ သူတို့ လောကရဲ့ ပကတိ ဖြစ်ရပ်များနဲ့ ကွက်တိပဲ လို့ ရုပ်ရှင်/ဗီဒီယို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဆိုပါတယ်။

“ကျနော်တို့ တကယ်ခံနေရတဲ့ ကိစ္စပဲ။ အဲ့ဒီအတိုင်း တကယ် ဖြစ်နေတဲ့အတွက် ဒီဇာတ်ကားကို ကျနော်တို့ အရမ်း ကြိုက်တယ်။ တကယ် ဖြစ်နေတဲ့ အတွက် ကိုဝိုင်းကို တခုခု ဖိအားပေးမယ် ဆိုရင် ကျနော်တို့က အဲ့ဒါကို အမှန်တကယ် ဆိုတာ ထောက်ခံဖို့ အဆင်သင့် ရှိတယ်”

မောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ ရင်တွင်းဖြစ် စကားတွေပါ။

ဒီဇာတ်ကားတိုရဲ့ အပိတ်မှာ သုံးထားတာဟာ ရွှေပြည်အေး ရေးစပ်ခဲ့တဲ့ “အမှုထမ်း အရာထမ်း” ဆိုတဲ့ တေးသီချင်း ဖြစ်ပါတယ်။ ၀န်ထမ်းများ လာဘ်စားမှု မရှိသင့်ကြောင်း ပွင့်ပွင့် လင်းလင်း ရေးစပ်ထားတဲ့ ဒီသီချင်းဟာ ၁၉၅၀ နောက်ပိုင်း ထုတ်လွှင့်ခွင့် ပိတ်ခံထားရတဲ့ သီချင်းလည်း ဖြစ်ပါတယ်။

ကဲ … ဒီဇာတ်ကား ဇာတ်ဝင်ခန်း၊ ဇာတ်ဝင်သီချင်းတွေလိုပဲ မြန်မာပြည်က ၀န်ထမ်းများ အကျင့်ပျက်မှု အမြန်ဆုံး ပပျောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

င၀န်မြစ်တိုက်စားသဖြင့် ရွာလုံးကျွတ် ရွှေ့ရမည့် အခြေအနေရောက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းရွာတွင် င၀န်မြစ်တိုက်စားသဖြင့် ကမ်းပါးပြိုကျမှုကြောင့် တစ်ရွာလုံးရွှေ့ပြောင်း ရမည့်အခြေအနေရှိနေသည်ဟု ဒေသခံအာဏာပိုင်အဖွဲ့အစည်းများက ပြောသည်။

ယခုလ ၆ ရက်မှစတင်ကာ မြစ်ကမ်းစပ်တစ်လျှောက် အက်ကြောင်းကြီးများဖြစ်ပေါ်ခဲ့ပြီး မြစ်ကမ်းပါးအရှည် ပေ ၆၈၀ ကျော်ခန့်နှင့် အကျယ် ၁၁၄ ပေခန့် င၀န်မြစ်ထဲသို့ ပြိုကျခဲ့သည်။

ကျေးရွာတွင် အိမ်ခြေ စုစုပေါင်း ၇၂ လုံးရှိပြီး အန္တရာယ်ရှိနိုင်သောအိမ်ခြေ ၄၆ လုံးကို ယခုလ ၁၆ ရက်နေ့ကတည်းက ဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း ဇီးဖြူကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကပြောသည်။

အရေးပေါ်အခြေအနေတွင် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်နိုင်စေရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

"အခုဖြစ်တာက ၀ုန်းကနဲပြိုကျတာမဟုတ်ဘူး။ တအိအိပဲကျတာ။ တစ်နေ့တစ်ခြား အက်ကြောင်းကြီးတွေများလာတယ်" ဟု ရွာသားတစ်ဦးကပြောပြသည်။

ကမ်းစပ်မှစတင်ကာ ကျေးရွာအတွင်းထဲထိ မြေကြီးပေါ်တွင် အက်ကြောင်းကြီးများဖြစ်ပေါ်နေကာ အကျဉ်းဆုံးနေရာတွင် ၆ ပေခန့် နှင့်အကျယ်ဆုံး ၁၀ ပေခန့် ရှိနေပြီဖြစ်သည်။

သဘာဝဘေးဒဏ်ရင်ဆိုင်နေရသောမိသားစုများ ပြန်လည်ထူထောင်ရန်အတွက် တစ်အိမ်ထောင်လျှင်ကျပ် နှစ်သိန်းနှုန်းဖြင့် World Vision မှ ထောက်ပံ့ပေးသွားရန်စီစဉ်လျှက်ရှိကြောင်းနှင့် အိမ်ခြေမည်မျှပေးရမည်ကို လေလောဆယ်တွင်မသိနိုင်သေးကြောင်း World Vision မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ကမ်းပါးပြိုကျရာသို့ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးကော်မတီဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း ဇီးဖြူကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ကပြောသည်။

၎င်းကျေးရွာတွင် ၂၀၀၄ ခုနှစ်က ဤကဲ့သို့တစ်ကြိမ်ဖြစ်ခဲ့ပြီး ကမ်းနားရှိအိမ် လေးလုံးနှင့် ကမ်းနဖူးရှိ သစ်ပင်ကြီးပြိုလဲကျခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်တော့ အဆိုးဆုံးဖြစ်ကြောင်း ဒေသခံရွာသားများက ပြောသည်။

Yangon Press International