စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 18, 2012

စစ်အာဏာ မသိမ်းတော့ပါဘူးလို့ သူရရွှေမန်းပြောကြား


ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက သူ့အမြင် အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ နောက်ထပ် စစ်အာဏာသိမ်းတာ မဖြစ်နိုင်တော့ဘူးလို့ ပြင်သစ် သတင်းဌာန AFP နဲ့ တနင်္လာနေ့က တွေ့ဆုံမေးမြန်းခန်း တခုမှာ သူရ ဦးရွှေမန်းက အခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီစနစ် ပြောင်းလာဖို့ ဘယ်လောက် ကြာမယ် မပြောနိုင်ပေမယ့် အစားထိုး ကျင့်သုံးစရာ တခြားစနစ် မရှိဘူးလို့ ဦးရွှေမန်းက ပြောခဲ့သည်ဟု သိရပါသည်။ ဦးရွှေမန်းသည်၊ ၂၀၀၄ခုနှစ် န၀တခေတ်တုန်း ကလည်း ဥပဒေအပေါ် ဘယ်သူမှ မရှိစေရဆိုပြီး၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကိုဖြုတ်ချခဲ့စဉ် ပြောကြားခဲ့ဘူးပါသည်။

ဒီမိုကရေစီ ပြောင်းလဲရေးကို လက်မခံနိုင်သည့် စစ်တပ်တွင်းက အင်အားစုတချို့  အာဏာ ပြန်သိမ်းတာမျိုး ဖြစ်မလာဖို့ မျှော်လင့်တယ်လို့ မကြာသေးခင်ကပဲ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါ သည်။

ဝေဖန်အကြံပြုရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်


(ဓာတ်ပုံ - ဧရာဝတီ)

NLD ၏ နိုင်ငံရေး လုပ်ငန်းစဉ်များကို အမြဲတမ်း ထောက်ခံနေခြင်း မပြုဘဲ လိုအပ်လျှင် ဝေဖန်အကြံပြုရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၁ နှစ်က အကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့သည့် ရန်ကုန်တိုင်း NLD ၏ ခေါင်းဆောင်တဦး ဖြစ်သူ ဦးတင်မောင်ဝင်း နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်လာသော ပရိသတ်များကို ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဝေဖန်ပါ အကြံပြုပါ တိုင်းပြည် တိုးတက်ရေးမှာ အားလုံး အဘက်ဘက်ကနေ တာဝန်ယူ အလုပ် လုပ်ဖို့ ပြောတယ်” ဟု ဦးတင်မောင်ဝင်း မိသားစုဝင်တဦးဖြစ်သည့် ကိုအောင်ဇင်သက် ဧရာဝတီကို ပြောပြသည်။

မကြာခဏ ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ဦးတင်မောင်ဝင်း အမှတ်တရ အစီအစဉ်ကို အခွင့်အရေးရတိုင်း သွားရောက်လေ့ရှိသည်။

ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၂၁ နှစ်မြောက်နေ့ အစီအစဉ်ကို ဗဟန်းမြို့နယ် ဗိုလ်ဉာဏလမ်းရှိ သူ၏ မိသားစု နေအိမ်တွင် နံနက်ပိုင်းက ကျင်းပခြင်း ဖြစ်ပြီး NLD ၏ နာယကများ ဖြစ်သည့် သူရဦးတင်ဦး၊ ဦးဝင်းတင်တို့ အပြင် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ တက်ရောက်ကြောင်း သိရသည်။

ဦးတင်မောင်ဝင်းသည် ဖဆပလ အစိုးရလက်ထက် အထက်တန်းကျောင်းသား ဘ၀ကတည်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ကျောင်းသား လှုပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင် ထောင်ဒဏ် ၇နှစ် ချမှတ်ခံခဲ့ရသည်။

ရှစ်လေးလုံး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဦးတင်မောင်ဝင်းသည် ထိုလှုပ်ရှားမှုအပြီး ပေါ်ပေါက်လာသည့် NLD ၏ ထိပ်တန်း စည်းရုံးရေးတဦး ဖြစ်လာသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ၀င်ရောက်ယှဉ်ပြိုင်ရာ ထိုနယ်မြေတွင် သူ၏ အဓိက ပြိုင်ဘက်မှာ အစ်ကိုအရင်းဖြစ်သူ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ပါတီ၏ ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီးဟောင်း ဇော်ဝင်း ဖြစ်သည်။

ဦးတင်မောင်ဝင်းသည် ရွေးကောက်ပွဲ အနိုင်ရပြီး မကြာမီ ထိန်းသိမ်းခံရကာ နာမည်ကျော် အင်းစိန်ထောင်တွင် ၀မ်းကိုက် ရောဂါဖြင့် သေဆုံးသွားခဲ့သည်။

ဇနီးဖြစ်သူ ဒေါ်ခင်လှိုင်ကြူက“ အဲဒီတုန်းက ထောက်လှမ်းရေးခေတ် ဆိုတော့ အရမ်း တင်းကျပ်ထားတယ်။ အစားအသောက်၊ ဆေး၊ ပါဆယ်တောင် ပို့မရဘူး။ ဆုံးပြီးတော့မှ လာ အကြောင်းကြားတာ၊ အလောင်းကို ကြံတောသုဿန်မှာ ပြတယ်” ဟု ဆိုသည်။

၁၉၉၀ ၀န်းကျင်က ဦးတင်မောင်ဝင်း၏ လုပ်ဖော်ကိုင်ဘက်တချို့သည် စစ်ထောက်လှမ်းရေးတို့၏ နှိပ်စက်မှု နှင့် ထောင်တွင်းအခြေအနေဆိုးများကြောင့် ထိန်းသိမ်းခံရစဉ် သေဆုံးသွားခဲ့သည်။

ဧရာဝတီ သတင်း

ဦးတင်မောင်ဝင်း (ခရမ်း) ၏ သေဆုံးခြင်း ၂၁ နှစ်ပြည့်



၁၈-၁-၂၀၁၂ နံနက် ၉း၀၀ နာရီ တာမွေမြို့နယ် ဗိုလ်စိန်မှန် ရပ်ကွက်မှာ ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်
ဦးတင်မောင်ဝင်း (ခရမ်း)၏ ၂၁နှစ်မြောက် နှစ်ပတ်လည်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က
‘ရဲဘော် ရဲဘက်တွေ အချင်းချင်း တဦးနှင့်တဦး သစ္စာတွေ မေတ္တာတွေ ထားပြီး အလုပ်လုပ် လာကြတာပါ၊ အဲ့တာကြောင့် အခုအထိ ကျမတို့ ရပ်တည်
နိုင်တာပါ၊ ကျမတို့ကို ထောက်ခံတဲ့ သူတွေကို အမြဲပဲ ကျေးဇူး တင်ပါတယ်’ လို့ နှစ်ပတ်လည် ပွဲကို ရောက်ရှိလာတဲ့ ပရိတ်သတ်တွေနဲ့ ပြည်တွင် ပြည်ပ
သတင်းထောက်တွေကို ပြောဆို ခဲ့ပါတယ်။ ဦးတင်မောင်ဝင်း (ခရမ်း) ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ်
ဝင်ရောက် အရွေးခံခဲ့ရပြီးနောက် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက် ထောင်သွင်း အကျဉ်းကျခံရပြီး ထောင်တွင်း လပိုင်းမျှသာ နေခဲ့ရပြီး ရုတ်တရက်
သွေးကင်ဆာ ရောဂါဖြင့် သေဆုံးသွားပြီဟု အာဏာပိုင်တွေ ဘက်မှ မိသားစုဝင်တွေကို အကြောင်းကြား ခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်း (ခရမ်း)
ဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကွယ်လွန် ခဲ့တာဖြစ်ပြီး အခု ၂၀၁၂ ခုနစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ဟာ ကွယ်လွန်ခဲ့တာ ၂၁ နှစ်ပြည့်
မြောက်တဲ့ နေ့ပဲ ဖြစ်ပါတယ်။




BURMA VJ MEDIA NETWORK

ဇေယျာသော် ရွေးကောက်ပွဲဝင်မည်


မြန်မာပြည် ဟစ်ပ်ဟော့ပ် ရေစီးကြောင်း ပထမ မျိုးဆက်များဖြစ်သော ကိုဇေယျာသော်(၀ဲဘက်)နှင့် ရန်ရန်ချန်း၊ အနဂ္ဂတို့ကို မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရစဉ်(ဓာတ်ပုံ - ဇေယျာသော် Facebook fan page)

နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ် ဟစ်ပ်ဟော့ပ် အဆိုတော် ကိုဇေယျာသော်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြု၍ လာမည့် ဧပြီ ၁ ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ရွေးချယ်ခံမည် ဖြစ်သည်။


“ကျနော်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ၀င်ရောက်ရွေးချယ်ခံမှာပါ”ဟု ကိုဇေယျာသော်က ဧရာဝတီကို ပြောသည်။

ပုဗ္ဗသီရိမြို့နယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယခု သမ္မတ ဦးသိန်းစိန် ၀င်ရောက်အရွေးချယ်ခံခဲ့သော မဲဆန္ဒနယ်မြေဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် ဇန်န၀ါရီ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြောင်းမြအကျဉ်းထောင်က လွတ်မြောက်လာခဲ့ သော မစန္ဒာမင်း က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ မန္တလေး အိုးဖိုအကျဉ်းထောင်မှပြန်လည် လွတ်မြောက်လာသူ မိုးကုတ်မြို့က ကိုမင်းသူက ဥတ္တရ သီရိမြို့နယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနိုင်ငံလင်းက ဒက္ခိဏ သီရိ မြို့နယ်တို့က NLD ပါတီ ကိုယ် စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မည့် ထိုလူငယ် ၄ ဦး၏ အမည်စာရင်းကို ကြေညာချက်အမှတ် ၆ -၀၁/ ၁၂ ဖြင့် NLD က ယနေ့ ထုတ်ပြန်ထားသည်။

“ကျနော့်အနေနဲ့ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါပဲ။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဆိုတာ ကတော့ ဧပြီ ၁ ရက်နောက်ပိုင်းမှ သိရမှာပါ”ဟု ကိုဇေယျာသော်က ဆိုသည်။

ကျင်းမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတပြီးလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် အားလုံးတွင်တာဝန်ရှိ သောကြောင့် ၀ိုင်းဝန်း လုပ်ဆောင်သွားကြရမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။

ကိုဇေယျာသော်သည် သမ္မတ ဦးသိန်းစိန်၏ ၁ နှစ် လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယမန်နှစ် မေလက တနင်္သာရီ တိုင်း ကော့သောင်း အကျဉ်းထောင်မှ လွတ်မြောက်လာသူ ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကိုဇေယျာသော် အား အာဏာပိုင်များက နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းဖွဲ့စည်းမှု ပုဒ်မ ၆/၈၈ ဖြင့် ၅ နှစ် စုစုပေါင်းထောင်ဒဏ် ၆ နှစ်ကို ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၂ဝ ရက် နေ့ က စွဲဆိုချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ အကျဉ်းထောင်တွင်း၌ ၃ နှစ် နေခဲ့ရပြီး နောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ကိုဇေယျာသော်သည် ယခင်က မြေအောက် လူငယ်ဂီတအဖွဲ့တခုဖြစ်သည့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)ခေါင်း ဆောင်တဦးလည်း ဖြစ်သည်။

ဧရာဝတီ

ပြည်​ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ A နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ငြိမ်းချမ်းရေးဆွေးနွေး

ဦးအောင်သောင်း ခေါင်းဆောင်သော ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ A နှင့် ဦးဆွမ်လွတ်မန် ဦးဆောင်​သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် ယနေ့ နေ့လည် ၁ နာရီတွင် တရုတ်နိုင်ငံနယ်စပ်မြို့ ရွှေလီရှိ ကျင်းချိန် ဟော်တယ် တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဆွေး​နွေးပွဲ မစတင်မှီ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ က KIO အဖွဲ့သို့ ပေးပို့သော ငြိမ်းချမ်းရေး စကားသဝဏ်လွှာများကို တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။ နိုင်ငံတော် သမ္မတကြီးပြောကြားသော ငြိမ်းချမ်းရေး သဝဏ်လွှာကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ A ဒုတိယခေါင်းဆောင် ဦးသိန်းဇော်ကလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောကြားသော စကား သဝဏ်လွှာကို ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ A ခေါင်းဆောင် ဦးအောင်သောင်းကလည်းကောင်း KIO အဖွဲ့သို့ တဆင့်ပြန်လည်၍ အသိပေးပြောကြားခဲ့သည်။

ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ A တွင် အဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းထွန်း၊ သမဝါယမ ဝန်ကြီးဌာန နှင့် မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်း နှင့် အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြပြီး KIO ဘက်မှ ဦးဆွမ်လွတ်မန် အပါအဝင် ၁၂ ဦးတက်ရောက်ခဲ့ကြသည်။

ယင်းနောက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် အခြေခံရမည့် အချက်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် KIO အဖွဲ့က အဆိုပြုချက် တစ်ချက်ကို ဆွေးနွေးခဲ့ရာ ယင်း အဆိုပြုချက်သည် နက်နဲသည့် အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ A ဘက်မှ အသေးစိတ် ပြန်လည် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ကြပြီး ညနေ ၅ နာရီ တွင် ဆွေးနွေးပွဲကို ခေတ္တရပ်နားခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၉ ရက် (မနက်ဖြန်) မနက်တွင် ဆက်လက်ဆွေးနွေးမည် ဟု သိရသည်။

Yangon Media Group

သာကေတရှိ အစ္စလာမ်စာသင်ကျောင်း နှစ်ကျောင်းကို ပိတ်ပင်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာရေး ဝတ်ပြုနည်း အာရဗီဘာသာ စာသင်ကျောင်းများကို အာဏာပိုင်များက ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာ ရီခန့်က ပိတ်ပင်လိုက်သည်။

သာကေတမြို့နယ် အမှတ် ၂/တောင်ရပ်ကွက် ရန်ပြေ ၁ လမ်းရှိ ကျောင်းနှင့် အမှတ် ၄/တောင်ရပ်ကွက်
အောင်သစ္စာလမ်းတို့မှ ကျောင်းများ အပိတ်ခံရခြင်း ဖြစ်သည်။

“တနေ့ကပဲ ဝတ်ပြုကျောင်းတွေကို ကြိုတင်ပြီးနှုတ်နဲ့ ပြောထားတယ်။ လုံးဝ ဆက်လက်ပြီးတော့ စာမသင်ဖို့ပေါ့။ ဘာကြောင့်ပိတ်လဲ ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ၁၇.၁.၂၀၁၂ ရက်နေ့က ကျတော့ လာပြီးတော့ ချိတ်ပိတ် သွားတယ်” ဟု ကျောင်းတာဝန်ရှိသူ တဦးက ပြောသည်။

သာကေတမြို့နယ် မာန်ပြေ အမှတ် ၂ နှင့် ၄ ရပ်ကွက်မှ အစ္စလာမ်ဘာသာရေး ဝတ်ပြုနည်း အာရဗီစာသင်ကျောင်းများအား အာဏာပိုင်များက ၁၇.၁.၂ဝ၁၂ ရက် အင်္ဂါနေ့တွင် လာရောက်ပိတ်ပင်လိုက်သဖြင့် အမှတ် ၃ ကျောင်းမှ ကလေးများက ဆန္ဒပြနေကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

အမှတ် ၃ ရပ်ကွက်ရှိ ဝတ်ပြုကျောင်းကိုလည်း ပိတ်ရန် ခရိုင်သာသနာရေးမှ ဦးအောင်ထူး၊ ဦးညွန့်ဝေနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင့်နိုင်တို့ လာရောက်စဉ် ကျောင်းမှ စာသင်သားကလေး ၁၅၀ ခန့်က ကျောင်းရှေ့တွင် မတ်တပ်ရပ်ကာ လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ မပိတ်ရန် ဆန္ဒပြကြသည်။

ထို့နောက် ကျောင်းတာဝန်ရှိသူများနှင့် အာဏာပိုင်တို့ ညှိနှိုင်းနောက် အဆိုပါ အမှတ် ၃ ကျောင်းကိုမူ မပိတ်ဘဲ
ပြန်သွားကြကြောင်း သိရသည်။


သာကေတမြို့နယ် မာန်ပြေ အမှတ် ၂ နှင့် ၄ ရပ်ကွက်မှ အစ္စလာမ်ဘာသာရေး ဝတ်ပြုနည်း အာရဗီစာသင်ကျောင်းများအား အာဏာပိုင်များက ၁၇.၁.၂ဝ၁၂ ရက် အင်္ဂါနေ့တွင် လာရောက်ပိတ်ပင်လိုက်သဖြင့် အမှတ် ၃ ကျောင်းမှ ကလေးများက ဆန္ဒပြနေကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)


အပိတ်ပင်ခံလိုက်ရသည့် အမှတ် ၂ နှင့် အမှတ် ၄ ကျောင်းများ ပြန်လည် ဖွင့်ပေးရန်အတွက် အာဏာပိုင်များနှင့်
ဆွေးနွေးမည်ဟု အမှတ် ၄ ရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ကိုစိန်မြင့် က မဇ္ဈိမကို ပြောသည်။

“ဆွေးနွေးလို့သာ အဆင်မပြေရင် သောကြာနေ့မှာ အပိတ်ခံရတဲ့ (စာသင်ကျောင်းမှ) လူတွေ ရန်ကုန်ဆူးလေက ဘင်္ဂါလီဗလီကို ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြပါမယ်”ဟု အစ္စလာမ်ဘာသာဝင် ကိုစိန်မြင့်ဆိုသူက ပြောသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် တိုင်းပြည် တည်ငြိမ်ရန် အရေးကြီးကြောင်း၊ ဒီမိုကရေစီ အခွင့်အရေး များကို လေးစားသင့်ကြောင်း ကမန်အမျိုးသားလူငယ် ကွန်ယက်မှ ကိုညီညီက မဇ္ဈိမကို ပြောသည်။

“အခုလို အေးချမ်းစွာ ပညာသင်ကြားနေတဲ့ ကလေးသူငယ်တွေကိုရော၊ ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်နေတဲ့ အရပ်သားပြည်သူတွေကိုရော လွတ်လပ်စွာ စာသင်ခွင့်၊ ဝတ်ပြုခွင့် ပေးသင့်တယ်”ဟု ကမန်အမျိုးသားလူငယ် ကွန်ယက် မှ ကိုညီညီ က မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ - မင်းသက်

၈၈ မျိုးဆက် ရွှေည၀ါဆရာတော်အား အားပေးစကားပြောကြားရန်သွားရောက်

ယနေ့ညနေက ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ကြည့်မြင်တိုင် သာဓုကျောင်း ရွှေည၀ါ ဆရာတော်ထံ အားပေးစကား သွားရောက်ပြောကြစဉ်







ရွှေည၀ါကျောင်းတွင် ဆရာတော်နှင့် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များ




အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ မန္တလေးတိုင်းကရုံးမှာ သြဝါဒပေးမိတဲ့အတွက် တိုင်းသံဃာ့မဟာနာယက အဖွဲ့က ရွှေညဝါဆရာတော် ဦးပညာသီဟကို အရေးယူဆောင်ရွက်မယ်ဆိုတာကြောင့် အကျဉ်းထောင်ကနေ ပြန်လွတ်လာသူတွေအပါအဝင် ၈၈ မျိုးဆက် ကျောင်းသားတွေ စုဝေးပြီး ဆရာတော်ကြီးထံကို ဝန်းရံဖို့အတွက် ဒီကနေ့မှာ သွားရောက်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရားဟောခွင့် ၁ နှစ်ပိတ်ပင်ခံထားရတဲ့ ရွှေညဝါ ဆရာတော်ဟာ မန္တလးတိုင်း၊ NLD ရုံးက ဖိတ်ကြားတဲ့အတွက် သြဝါဒပေးမိခဲ့တာကြောင့် တိုင်းသံဃာ့မဟာနာယက အဖွဲ့က အရေးယူ ဆောင်ရွက်ဖို့ လာမယ့် ၁၉ ရက်နေ့၊ နေ့လည် တနာရီမှာ ဆရာတော်ကို ဆင့်ခေါ်ထားတာပါ။

ဒီလို အခြေအနေတွေဖြစ်လာတဲ့အတွက် ဆရာတော်ကြီးထံ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်တွေ သွားရောက်တွေဆုံခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောပါတယ်။

“ရွှေညဝါဆရာတော်ကို သွားဖူးတာပေါ့နော်။ ကျနော်တို့ ဆရာတော်ကို အေးအေးဆေးဆေး တွေ့မယ်လို့ အောက်မေ့တာ။ အခု မအေးဆေးသေးဘူးဆိုတော့ အကျိုးအကြောင်းလေးလည်း မေးမြန်းရင်းပေါ့”

အခုလိုမျိုး တိုင်းပြည်မှာအမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာချိန်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုတွေ ခွင့်ပြုလာချိန်မှာ အရေးယူဆောင်ရွက်မှုတွေ မလုပ်သင့်ဘူးလို့ ၈၈ မျိုးဆက်တွေကဆိုပါတယ်။

“လွတ်လပ်စွာ တရားဟောပြောခွင့်တွေအတွက်၊ လွတ်လပ်စွာစာပေဟောပြောခွင့်၊ စုရုံးခွင့်၊ ဆန္ဒပြခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်-ဒါတွေရော အခု မီဒီယာလောကမှာလည်း ပွင့်လင်းလာသလို နယ်ပယ်အသီးသီးမှာလည်း စာပေဟောပြောပွဲတွေလည်း လုပ်ခွင့်ရတာ ရှိပါတယ်။ ဆရာတော်ကို အရေးယူတယ်ဆိုတာကလည်း တရားဟောပြောခွင့် ပိတ်ပင်ခဲ့တယ်လို့ ကျနော်တို့သိရတယ်ပေါ့နော်။ တရားဟောခွင့်ပိတ်ထားတာကို သွားပြီးဟောပြောတဲ့အတွက် အရေးယူဆောင်ရွက်တယ်လို့ ပြောတယ်ပေါ့။ အဓိကအချက်က။

ဆရာတော်ဟောတယ်ဆိုတာကလည်း ဘာသာရေးတရားပါပဲ။ တရားဟောတယ်ဆိုတာကလည်း ဆရာတော်ကို သြဝါဒလာပေးပါဆိုလို့ လူထုပရိသတ် အများကြီး နဲ့လည်း ဟောတာမဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သွားပြီးတော့ သြဝါဒပေးပေးပါဆိုလို့ သွားရတာဖြစ်တဲ့ အတွက်ကြောင့် တရားဟောတာလည်းမဟုတ်ဘူးလို့ ကျနော်တို့ ဖြေရှင်းထားတယ်။

အဲဒီအပေါ်မှာ ပြန်လည် လျှောက်ထားတောင်းပန်ချက်တွေကိုတော့ ပြန်လည်စဉ်းစားသင့်တယ်၊ ဒီအပေါ်မှာ အေးအေးဆေးဆေးဖြစ်လိမ့်မယ်လို့ ယုံကြည်ပြီးတော့ ကျနော်တို့ မျှော်လင့်နေတယ်ပေါ့။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘဲနဲ့ အခုလို တိုင်းသံဃာ့မဟာနာယက အဖွဲ့က ပြန်ဆုံးဖြတ်မယ်ပေါ့နော်- ဆရာတော်ရဲ့တောင်းပန်ချက်၊ လျှောက်ထားချက်ကို ပ,လပ်ပြီးတော့ အရေးယူဖို့ ဆုံးဖြတ် ဆောင်ရွက်မယ်ဆိုရင်တော့ ဒါတွေက မဖြစ်သင့်ဘူး-ဆရာတော်ကြီးတွေအနေနဲ့ ဒါကို အလေးအနက်ထား စဉ်းစားဖို့ကိုလည်း ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံပြီးတော့ လျှောက်ထားချင်ပါတယ်”

ဆရာတော်ကြီးကို အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်း ဝန်းရံမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောသွားပါတယ်။

“တိုင်းပြည်မှာ အားလုံး ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အခုအချိန်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်နေတယ်ပေါ့နော်-ကျနော်တို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာမှာ ငြိမ်းချမ်းရေးအတွက် အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ စည်းစည်းလုံးလုံးနဲ့ သွားချင်တဲ့ဆန္ဒရှိတယ်။ အဲဒီတော့ အဲဒီအပေါ်မှာ အကောင်းဆုံးဖြစ်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ”

ရွှေညဝါ ဆရာတော်ဦးပညာသီဟဟာ နိုင်ငံရေးနဲ့ပတ်သက်သူတွေရဲ့ အထိမ်းအမှတ် ဆွမ်းကျွေး၊ အလှူဒါနတွေကို လက်ခံခဲ့ပြီး သာဓုကျောင်းတိုက်မှာလည်း အထိမ်းအမှတ်ပွဲတွေကို ကျင်းပခွင့် ပေးခဲ့တာပါ။

ဆရာတော်ဟာ ဘာသာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ချိန်မှာ ဒုက္ခသည်တွေကို အကူအညီပေးခဲ့တဲ့ ဆရာတော်လည်းဖြစ်ပါတယ်။

ခရိုင်ကော်မရှင်ရုံးရောက် NLD ခေါင်းဆောင်




ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးကို ဒီမနက် သွားရောက်ပြီး အမည်စာရင်းတင်သွင်းလွှာ ပေးပို့ပါတယ်။

က်ာမရှင်ရုံးရှေ့မှာ စောင့်ဆိုင်းနေသူတဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ပူးပေါင်းဆောင်ရွက်တာကို ထောက်ခံကြိုဆိုပါတယ် လို့ ဆိုပါတယ်။ (ဓာတ်ပုံများ-ဧရာဝတီ)









ဧရာဝတီ Blog

ကိုယ်စားလှယ်လောင်း မဖြူဖြူသင်း


ဖြူဖြူဟာ တကယ်ပဲ ပြည်သူ့အကျိုးကို ထမ်းဆောင်ချင်တဲ့စိတ် ရှိရုံတင်မက ထမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိတယ် ဆိုတာကို သက်သေနဲ့ကို ပြနိုင်တာကြောင့်မို့လို့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွက်ကို ကျမတို့ ရွေးချယ်လိုက်တာဖြစ်ပါတယ်...
ဖြူဖြူ အတွက်တော့ ရဲရဲကြီး အာမခံပါတယ်...
မဲပေးတဲ့အခါ ကျမကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်.. ဖြူဖြူ့ကိုပဲ မဲပေးကြပါ..


ဒေါ်အောင်ဆန်းစုကြည်
(မင်္ဂလာတောင်ညွန့် မြို့နယ်ရုံး ဖွင့်ပွဲ မိန့်ခွန်းမှ)

ပန်းချီ မင်းကျော်ခိုင်ရဲ့ Facebook မှာ တွေ့ရတဲ့ ပုံနဲ့ ကောက်နှုတ်ချက် ဖြစ်ပါတယ်။

မဖြူဖြူသင်းရဲ့ ဆောင်းပါးတွေ ဧရာဝတီမှာ ဖော်ပြခဲ့ဖူးပါတယ်။

ဖတ်ရှုလိုသူများ အဆင်ပြေဖို့ စုစည်းပေးလိုက်ပါတယ်-


တွန်းအားများ ...




အမူအကျင့် မပြောင်းလဲကြသူများ




အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး




လူနာကွန်ရက် မြို့ကလေး




အိတ်ခ်ျအိုင်ဗီနဲ့ အခွင့်အရေးယူရောဂါ


အနာဂတ်ကို ထိန်းသိမ်းခြင်း




အနာခံရဲကြသူများ ...




ဂုဏ်ယူတယ်ဆို ကူကြပါ


ဧရာဝတီ Blog

ဘာဖြစ်လို့ ဒီမိုကရေစီကို ကျနော်တို့ တောင်းကြသလဲ?

ဟော့ဒီလို ပြောဆိုမှုမျိုးတွေကို ကြားဘူးကြလိမ့်မယ် ထင်ပါတယ်။

`ဟာ တိုင်းပြည် ဘာစနစ်နဲ့အုပ်ချုပ်သည်ဖြစ်စေပါကွာ၊ အရေးကြီးတာ တိုင်းပြည်ချမ်းသာဖို့ပဲ´

`ဘယ်သူ အုပ်ချုပ်အုပ်ချုပ် တိုင်းပြည်ကောင်းရင်ပြီးတာပဲ´

`အရေးကြီးတာ ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့ပဲ၊ ဒီမိုကရေစီ မဟုတ်ဘူး´

... စသဖြင့်ပေါ့လေ။

တိုင်းပြည် ချမ်းသာရင် ကောင်းသလား? တစ်ခွန်းတည်းမေးမယ်။
ဘယ်သူမှ ငြင်းမှာမဟုတ်ဘူး။ ဟာ ... ဘယ့်နှယ့်မေးပါလိမ့် လွှတ်ကောင်းပေါ့ဗျာလို့ မဆိုင်းမတွ ဖြေရလိမ့်မယ်။
ဒါဆို ပြန်မေးစရာရှိတယ်။ ကျနော်တို့ ခေါင်းဆောင်တွေကအစပြုလို့ ကျနော်တို့လို စာပဲ ရေးတတ်တဲ့ ပါမွှားလေးတွေအဆုံး ဘာလို့ ဒီမိုကရေစီကို တွင်တွင်တောင်းနေကြသလဲ?
ထပ်ပြီး ရှင်းအောင်ပြောရရင် ဒီမိုကရေစီရရှိရေး ဒို့အရေးဆိုပြီးသာ လမ်းပေါ်ထွက်အော်ခဲ့ကြပြီး
တိုင်းပြည်ချမ်းသာရေး တို့အရေးလို့ ဘာလို့ မအော်ကြသလဲ။
ထပ်ပြီး အသေးစိတ်ပြောပါဦးမယ်။
တစ်ပြည်လုံး လမ်းတွေ တံတားတွေ ကောင်းရေး၊ ဆည်တွေ တာတမံတွေ ကောင်းမွန်စွာ တည်ဆောက်နိုင်ရေး။
လူတစ်ဦးချင်း ၀င်ငွေတိုးတက်ရေး စတာတွေကို အဓိက မကြွေးကျော်ပဲ ဘာဖြစ်လို့ ဒီမိုကရေကိုသာ တွင်တွင်တောင်းနေကြသလဲ?

အရှင်းဆုံးနဲ့ အပြတ်သားဆုံး ဖြေရရင်တော့ ဗုဒ္ဓဘာသာမှာ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာလိုပါပဲ။
ကျနော်တို့ဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် အမြင်သာဆုံးမို့လို့ တရားတော်လာ စကားနဲ့ရှင်းပါ့မယ်။
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ အစရှိတဲ့ ပဋိစ္စသမုဒ်ပါတ်လာ စကားကို လူတော်တော်များများ ကြားဖူးကြပါလိမ့်မယ်။
အမှန်တရားကို မသိမှုအ၀ိဇ္ဖာကြောင့် သံသရာလည် ဒုက္ခတွေ မဆုံးတမ်းဖြစ်နေကြရတာပါတဲ့။
သိပယ် ဆိုက်ပွားဆိုသလိုပဲ အမှန်ကို မြင်တဲ့နေ့မှာ အားလုံး ပြီးသွားမှာပါတဲ့။
အဓိက ချက်ဖြစ်တဲ့ အ၀ိဇ္ဇာတရားကို ပယ်နှုတ်ဖို့ ကြိုးစားကြရမယ်လို့ နားလည်ရပါတယ်။
ကျနော်တို့ ဒီမိုကရေစီ တောင်းကြတာလဲ အဲဒီလိုအတိုင်းပါပဲ။ သော့ချက်ကို ကိုင်ဖို့ ကြိုးစားတာပါ။

ဒီမိုကရေစီ ရှိရင် ဘာဖြစ်လဲဆိုတာ မပြောခင် ဒီမိုကရေစီ မရှိရင် ဘာဖြစ်လဲဆိုတာ နည်းနည်းလေးပြောခွင့်ပြုပါ။
အတိတ်ကို ပြန်မလှန်လိုပေမဲ့ ဥပမာနဲ့မှ ရှင်းမှာမို့ မဆလခေတ်ကအကြောင်းလေး နည်းနည်းပြောခွင့်ပြုပါ။
မဆလခေတ်ကလဲ တိုင်းပြည်ကောင်းအောင် (ဆိုပြီး) လုပ်ခဲ့ကြတာပါပဲ။
လမ်းတွေဖောက် တံတားတွေ ဆောက်၊ ဆည်တွေ ဘယ်နှစ်စင်း ဖော် ဆိုတာ ကျနော်တို့ ခေတ်အဆက်ဆက် စာရင်းပြနေကျ ကိစ္စလေ။
ဒါပေမဲ့ တကယ်တမ်းမှာ ဘာဖြစ်ပါသလဲ? တကယ့်တကယ်တမ်းမှာ ဘာဖြစ်ပါသလဲ?
လမ်းက ဖောက်တော့ဖောက်ပါရဲ့။ နိုင်လွန်ကတ္တရာလမ်းသာပြောတာ ပေါင်မုန့်ထောပတ်သုတ်သလို
နိုင်လွန်ကတ္တရာလမ်းဖြစ်နေတယ်။
အပေါ်ယံလေး ကတ္တရာလောင်းသွားတာ။ ပါးပါးကလေး။ တစ်မိုးလောက်ကျော်တာနဲ့ ပျက်ကရော။
ဆည်တွေဆိုတာလဲ စာရင်းတွေ တင်လို့ရအောင်သာ လျှောက်လုပ်။ တကယ့်တကယ်တမ်းကျတော့ မရောင်ရာဆီတွေလူး။ မလိုတဲ့နေရာတွေ လျှောက်လုပ်တော့ မြစ်ကြောင်းပျက်ကရော။
တံတားတွေမှာလည်း စာရင်းတွေသာ တိုးတိုးလာ။ ဒီ့အတွက်တာဝန်ယူရသူတွေက အိတ်တွေ ဖောင်းဖောင်းလာ။ အခြေအနေက ဒုံရင်းက ဒုံရင်း။
ဒါတွေ ဘာလို့ ဖြစ်ရတာပါလဲ။ ထိပ်ဆုံးက အကြီးအကဲက တကယ့်စေတနာနဲ့ တိုင်းပြည်ကောင်းအောင်ဆိုပြီး ဘက်ဂျက်တွေ ချပေးလိုက်တယ် ထားဦး။
အဆင့်ဆင့် အိတ်ထဲ ထည့်ကြတော့ နောက်ဆုံး ဘာဆိုဘာမှကိုမကျန်။

ဒီနေရာမှာ အလျဉ်းသင့်လို့ ဟာသလေးတစ်ခုပြောချင်ပါတယ်။ အရင်ခေတ်ကအကြောင်းလေးပါ။
အိမ်နီးချင်းနိုင်ငံတစ်ခုကို ကျနော်တို့ဆီက လမ်းတံတားဆိုင်ရာ အရာရှိကြီးတစ်ပါးသွားလည်သတဲ့။
အဲဒီက လမ်းတံတားဆိုင်ရာ အရာရှိကြီးကကြို။ သူ့အိမ်ကြီးကို လိုက်ပြတယ်။
ဟာ၊ စံအိမ်က ရဲတိုက်ကြီးတမျှပဲ။ တယ်ကောင်းပါလား တယ်ခမ်းနားပါကလားလို့
ကျနော်တို့အရာရှိကြီးစိတ်ထဲဖြစ်မိတော့ မနေနိုင်ဘူး ဖွင့်ထုတ်မေးမိရော။
`ခင်ဗျားဝင်ငွေနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အိမ်ကြီးမဟာနဲ့ နေနိုင်သလဲ´ ဆိုတော့
ဟိုက ခပ်ပြုံးပြုံးလေးလုပ်နေတယ်။ မဖြေဘူး။
`လုပ်ပါ ကျနော်သိချင်လွန်းလို့ပါ။ ဒီကိစ္စဘာယ်သူမှ ပြန်မပြောဘဲ ၀မ်းထဲ ထားပါ့မယ်´ ဆိုမှ သူ့အိမ်ပြတင်းပေါက် အသာခေါ်သွားသတဲ့။
ဟိုက ပြတင်းပေါက်လိုက်ကာကို လှပ်လိုက်တော့ အရာရှိကြီး အံ့သြနေတာပေါ့။ ဘယ့်နှယ့် ငါမေးတာက တခြား ဒီငနဲဘာလုပ်ပြနေပါလိမ့်လို့ တွေးတုန်း
လိုက်ကာ ဖယ်သွားတဲ့အခါ အဲဒီနေရာနဲ့ မလှမ်းမကမ်းက တံတားကြီးတစ်စင်း အမြင်အာရုံထဲ ၀င်လာတယ်။ ဟိုလူက ခပ်ပြုံးပြုံးပဲ မေးတယ်။
`ခင်ဗျား၊ ဟိုးက တံတားကြီး မြင်လား´ တဲ့။ မြင်တာပေါ့ ဒီလောက်ကြီးတဲ့ဟာကြီး မမြင်ရအောင် ငါက ကန်းနေတာမှ မဟုတ်ဘဲ ငါမေးတာတော့ မဖြေပဲ ဘာတွေလာပြနေမှန်းမသိလို့
ကျနော်တို့ဆီက လူကြီး ကျွဲမြီးတိုသွားပေမဲ့ ယဉ်ကျေးမှုအရ ပြန်ဖြေပေးတယ်။
`ဟုတ် မြင်ပါတယ် ပေါ့´ ဆိုတော့ ဟိုက ချက်ချင်း ဆက်ပြောတယ်။
`အင်း ... ၂၀ရာခိုင်နှုန်း´ တဲ့။ အရာရှိကြီး ရုတ်တရက် နားမလည်ဘူး။ နောက်မှ သူမေးထားတာ သူပြန်သတိရလိုက်တယ်။ ဒီအိမ်ကြီး ဟိုလူ ဘယ်လိုလုပ်နေနိုင်သလဲလို့ မေးထားတာလေ။
သဘောပေါက်သွားချင်းပဲ သူပြုံးသွားတယ်။ နေနှင့် ဦးပေါ့ကွာလို့ စိတ်က တေးလိုက်တယ်။ ပါးစပ်ကတော့ ဘာမှ ပြန်မပြောလိုက်ဘူး။

ဒီလိုနဲ့ နောက်တစ်ကြိမ်မှာတော့ ကျနော်တို့ဆီက အရာရှိကြီးက ဟိုဘက်က အရာရှိကြီးကို ကိုယ့်ဆီ ဖိတ်ရတဲ့အလှည့်ပါ။ ၂နှစ်လောက် ကြာအပြီးမှာ ဆိုပါတော့။
ဟိုအရာရှိကြီးရောက်လာ။ ကျနော်တို့ အရာရှိကြီးက သူ့အိမ် တန်းခေါ်သွားတာပဲ။ ဘယ်ရမလဲ အငြှိုးကြီးတယ်လေ။
ဟိုအရာရှိကြီးခမျာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အရမ်းအံ့သြသွားရတယ်။ ဒီလူက သူနဲ့ အဆင့်တူတူလေ။
ဒါပေမဲ့ အခု သူမြင်နေရတဲ့အိမ်က နန်းတော်ကြီးတမျှပဲ။ သူ့အိမ်ဆိုတာက ဒီအိမ်နဲ့ ယှဉ်လိုက်ရင် တိုက်နဲ့ တဲပုတ်ကွာသလို ကွာသွားတယ်။
ကဲ ဘယ့်နှယ့်ရှိစဆိုတဲ့ အကြည့်မျိုးနဲ့ ပြုံးပြုံးကြီး ကြည့်နေတဲ့ ကျနော်တို့ဆီက အရာရှိကြီးကို သူ လှည့်မေးလိုက်တယ်။
`ခင်ဗျားလခနဲ့ ဘယ်လုပ်လုပ်ပြီး ဒီလောက် လမ်းပေါ်မှာ နန်းတော်ဆောက်နေနိုင်သလဲဗျာ´
ဆိုတော့ ကျနော်တို့ဆီက လူကြီးက တစ်နေရာကို လက်ညှိုးထိုးညွှန်ပြတယ်။
`ဟိုမှာတံတားကြီးတွေ့လား´
ဟိုလူလှည့်ကြည့်ပေမဲ့ ဘာမှ မမြင်ဘူး။ အဝေးမှာ မြစ်ကြီးက တငြိမ့်ငြိမ့် ညင်ညင်သာသာ စီးဆင်းနေဆဲ။
`ဘယ်မလဲ မတွေ့ပါဘူး´ ဆိုတော့ ... ကျနော်တို့ဆီက အရာရှိကြီးက ... ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောချလိုက်တယ်။
`အင်း ၁၀၀ ရာခိုင်နှုန်း´ တဲ့။။

ဟာသကလေးပါ။ တကယ်ဖြစ်ခဲ့တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဟာသကို ဟာသလိုပဲ မှတ်လိုက်ပါ။ ဒါပေမဲ့ သင်ခန်းစာယူစရာတွေတော့ ရှိနေပါတယ်။
တကယ့်အပြင်မှာေ၇ာ ဒီလို ငါ့ဖို့ လုပ်တာတွေ ဘယ်လောက်များခဲ့ပါသလဲ။
သေချာတာတော့ မဆလခေတ်မတိုင်ခင်က ... မြန်မာဟာ ကမ္ဘာမှာ မဟုတ်တောင် အာရှမှာ လက်မတစ်ထောင်ထောင်နေခဲ့ရာက အခုတော့ ဘယ်လိုဖြစ်နေပြီလဲ လူတိုင်းသိပါလိမ့်မယ်။

ဒီတော့ ဆိုလိုချင်တာက တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့အရေးမှာ ဆန်စင်ရာ ကြည်ပွေ့လိုက်ဖို့ရာ မလွယ်လှပါ။
ကိစ္စတစ်ခုချင်းကို လိုက်ပြောနေရင် မောရုံသာရှိပါလိမ့်မယ်။
လမ်းတွေ ကောင်းအောင်လုပ်ပေးပါလို့တောင်းရင် ... လမ်းတွေ ကောင်းသွားမယ်ဆိုပါတော။ ဒါနဲ့ ပြီးပြီလား။
ဟင်အင်း မီးတွေ မှန်ဖို့လိုက်သေးတယ်လေ။ မီးတွေမှန်ရင်ရော ပြီးပြီလား။ ဘယ်ပြီးဦးမလဲ?
ကျန်းမာရေး ကိစ္စတွေ ရှိသေးတယ်လေ။ ဆေးရုံ ဆေးပေးခန်းတွေ အဆင့်မြင့်ဖို့။ အိုကေ ဆေးရုံတွေ ဆေးပေးခန်းတွေ အဆင်မြင့်ပြီဆိုပါတော့။ ပြီးပြီလား။
ဟင်အင်းလေ၊ ပညာရေး ... ပညာရေး။ စသဖြင့် ဆုံးနိုင်တော့မှာ မဟုတ်ပါဘူး။ လူ့အလို နတ်မလိုက်နိုင် ဆိုတယ် မဟုတ်လား။

ဒါပေမဲ့ ကျနော် တစ်ခုတော့ပြောကြည့်မယ်။
တိုင်းပြည် ဆင်းရဲတာ မှန်တယ်။ တိုင်းပြည်တိုးတက်အောင် ကျနော်တို့အားလုံး တူတူကြိုးစားကြမယ်။ အဲဒီလို ကြိုးစားနေဆဲကာလမှာ အားလုံး အခွင့်အရေးတန်းတူရှိကြမယ်။
ဟိုးထိပ်ဆုံးကနေစပြီး အောက်ဆုံးအထိ ဘယ်သူ့ကိုမှ မျက်နှာသာပိုမပေးဘူး။ ပိုလုပ်နိုင်ရင် ပိုရ၊ မင်း ပျင်းနေရင် မင်း ဘာမှမလုပ်ရင် မင်း မရနဲ့ အဲဒါမျိုးဆို မအိုကေဘူးလား။
ဆင်းရဲတောင် အတူတူဆင်းရဲကြမယ်လေဗျာ။ ဗီအိုင်ပီတွေ မရှိဘူး။ ဥပဒေအရ အခွင့်ထူးခံတွေ မရှိဘူး။
အတူတူအားလုံး ညီညာရုန်းကြမယ်ဆိုရင် မတွက်ကပ် မခိုကပ်ဘူးဆိုရင် တိုင်းပြည် မတိုးတက်ပေဘူးလား။ ကျနော်တို့လိုချင်တာတွေ မရပေဘူးလား။
အိုကေ ... အဲဒီလိုဖြစ်ဖို့ရာ ဒီမိုကရေစီလိုပါတယ်။

ဒီမိုကရေစီဆိုတာ အခွင့်အရေးတန်းတူရှိတာ လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိတာ၊ ပွင့်လင်းမြင်သာမှုရှိတာဖြစ်ပါတယ်။
ဟိုအပေါ်က ဟာသလေးထဲကလို ကိုယ့်အိတ်ထဲ ကိုယ်ထည့်တာမျိုးကို တားဆီးဖို့ဟာ တကယ်ဒီမိုကရေစီရှိရင် ဖြစ်ပါတယ်။
အဆိုအမိန့်တစ်ခုရှိတယ်။ အာဏာဆိုတာ ပျက်ဆီးစေတတ်တယ်။ အကြွင်းမဲ့ အာဏာဆိုတာ အကြွင်းမဲ့ ပျက်ဆီးစေတတ်တယ် ... တဲ့။
အခွင့်အာဏာရှိသူတွေ ဘာလုပ်နေလဲမသိရပဲ အပြန်အလှန် စစ်ဆေးထိန်းကွပ်မှု မရှိရင်၊ ပွင့်လင်းမြင်သာမှုမရှိရင် ... လူဆိုတာ အတ္တသမားမို့ အမှားတွေ ပြုမိတော့တာပါပဲ။
တခါတစ်လေမှာ စေတနာအမှားရှိတယ်။ စီမံခန့်ခွဲပုံညံ့ဖျင်းတာမျိုး။ စကားပမာ ဆည်မဆောက်ရမယ့်နေရာ ဆည်ဆောက်လို့ မြစ်ကြောင်းပြောင်းကုန်တာ ကောသွားတာမျိုး။
ပိုဆိုးတာက ဝေဒနာအမှားဖြစ်တယ်။ ကိုယ့်အိတ်ထဲ ကိုယ်ထည့်ဖို့ ကြိုးစားရင်းတိုင်ပြည်နာရတာမျိုးပါ။

ဒီ့အတွက်ကြောင့် ဒီမိုကရေစီကို ကျနော်တို့တောင်းပါတယ်။ လိုလားပါတယ်။ ရှေးရှုပါတယ်။
တိုင်းပြည်စီးပွားေ၇းတိုးတက်ဖို့ရာလုပ်ကြတဲ့နေရာမှာ ဦးဆောင်တဲ့သူတွေက အရေးကြီးလှပါတယ်။
တိုင်းပြည်ကို လှေတစ်စင်းနဲ့ ပမာထားကြည့်ပါ။ လှေကောင်းကောင်းထွက်ဖို့ အဓိက လှော်ခတ်နေသူတွေ ကောင်းဖို့လိုပါတယ်။ အဲဒီလို တကယ်လှော်နိုင်မဲ့သူတွေ ရွေးရအောင် ဒီမိုကရေစီက ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။
လှော်ဖို့ ရွေးပြီးထားသူတွေက ကောင်းကောင်းမလှော်ရင်လဲ ဒီမိုကရေစီမှာ လွတ်လပ်စွာ အော်လို့ ရပါတယ်။
မတရားတာကို မတရားဘူးလို့ မှားတာကို မှားတယ်လို့ ပြောခွင့်ရရင် မှားတာတွေ မတရားတာတွေ အတော်နည်းသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ တစ်ချို့ရဲ့ အမြင်လွဲပုံလေးတွေကို ပြောချင်ပါတယ်။
ဟိုလူတော်တယ် ဟိုလူအုပ်ချုပ်ရင် ကောင်းမယ်ဆိုတာထက် ဘယ်သူက ပွင့်လင်းမြင်သာမှုရှိသလဲ။ ဘယ်သူက ပြောင်းသာပြင်သာရှိသလဲဆိုတာမျိုး ပိုအလေးထားသင့်ပါတယ်။
တိုင်းပြည်ကို အကြောက်တရားနဲ့ ထိန်းကွပ်ဖို့ ကြိုးစားခဲ့သူမျိုးဆိုရင်တော့ ဒီမိုကရေစီနဲ့ လားလားမှ မထိုက်တန်ပါ။
စကားလေးတစ်ခု ကိုးကားချင်ပါတယ်။ ပြည်သူတွေက အစိုးရကို ကြောက်နေရရင် အာဏာရှင်စနစ်တဲ့။ အစိုးရက ပြည်သူတွေကိုကြောက်နေရရင် ဒီမိုကရေစီတဲ့။

ဒီမိုကရေစီဆိုတာ အရှင်းဆုံးပြောရရင်တော့ ကိုယ့်တာဝန်ကိုယ်ယူတဲ့ လွတ်လပ်မှုပါပဲ။
လူဆိုတာက ကိုယ့်ကံကြောင့်ကိုယ် ဆင်းရဲတာမျိုး မပြည့်စုံတာမျိုး ဖြေသာပေမဲ့ ခံနိုင်ပေမဲ့ သူများက မတရားဖိနှိပ်ထားလို့ ဆင်းရဲနေရရင် ဒုက္ခတွေ့နေကြရင် ဆတ်ဆတ်ထိမခံ နာတတ်ကြတာ မဟုတ်လား။
သေချာတာကတော့ ကျနော်တို့နိုင်ငံဟာ ရေခံမြေခံမဆိုးလှပါ။ အခုပဲ ရွှေကြောကြီး တွေ့ပြန်ပြီတဲ့။ သယံဇာတတွေလည်း အရင်လို များများမရှိတော့ပေမဲ့ ကျန်သင့်သလောက်တော့ ကျန်ပါသေးရဲ့။
သူငါအားလုံးညီညာရုန်းကြရင် မုချ တိုးတက်နိုင်မယ် ထင်ပါတယ်။
ဒီလို ညီညာကြဖို့ရာမှာ ကိုယ်လုပ်သမျှ ကိုယ်ရမယ်။ အားလုံးတန်းတူ အခွင့်ရေးပေးထားတယ်ဆိုတဲ့ လူသားအခွင့်အရေးနဲ့တိုင်းပြည်ကောင်းအောင် အကောင်းဆုံးနည်းလမ်းကို အတူရွေးချယ်ဆုံးဖြတ်နိုင်ခွင့်ဆိုတဲ့ ဒီမိုကရေစီသာလျှင် တစ်ခုတည်းသော နည်းလမ်းလို့ ထင်မိပါတော့တယ်။


သွန်းနေစိုး Thorn Nay Soe

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှု ကြီးထွားနေကြောင်း နိုင်/ကျဉ်းဟောင်းများပြော

ယခုလ ၁၃ ရက်နေ့က သာယာဝတီ အကျဉ်းထောင်ရှေ့ မြင်ကွင်း


မြန်မာနိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုကြီးထွားလျက်ရှိကြောင်း မကြာမီက လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။

ပခုက္ကူအကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးချစ်ကိုလင်းက “အကျဉ်းထောင်တိုင်းမှာ လာဘ်ပေးလာဘ်ယူမှုရှိတယ်။ ကျွန်တော့်အထင်ပြောရရင် လာဘ်ပေးလာဘ်ယူမှု အကြီးမားဆုံးနေရာက အကျဉ်းထောင်တွေပဲဖြစ်မယ်” ဟုပြောသည်။

၎င်းကထပ်မံပြီး အကျဉ်းသားများအနေဖြင့် လာဘ်ပေးရာတွင် အကျဉ်းထောင်ဝန်ထမ်းများ သာမက အခွင့်အရေးပေးခံထားရသော အကျဉ်းသားများကိုပါ လာဘ်ပေးနေရကြောင်း၊ အကျဉ်းထောင် အောက်ခြေ ၀န်ထမ်းများမှစကာ ထောင်ပိုင်အထိ လာဘ်ပေးလာဘ်ယူမှု မကင်းကြောင်း ၀ိုင်ပီအိုင်သို့ပြောကြားသည်။

“ထောင်ထဲမှာ နေရာကောင်းလိုချင်ရင် လာဘ်ပေးရတယ်။ လိုင်းကြေးပေးရတယ်။ ပင်ပင်ပန်းပန် မလုပ်ချင်ရင် လာဘ်ပေးရတယ်။ နောက်ဆုံး ရဲဘက်စခန်း မလိုက်ချင်ရင်တောင် လာဘ်ပေးပြီးလုပ်လို့ရတယ်၊ မပေးနိုင်တဲ့သူကတော့ ပေးနိုင်တဲ့သူတွေအစား သွားပေတော့ပဲ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုလ ၄ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းနိုင်ဦးက လည်း လက်ရှိတွင် အကျဉ်းထောင်များနှိုက် လာဘ်ပေးရသည့် နှုန်းထားများ ပိုမိုမြင့်မားလာကြောင်း၊ လာဘ်ပေးရာတွင် ကော်ဖီမစ်အထုတ်သေးတစ်ထုတ်နှစ်ထုတ်မှစပြီး ငွေသိန်းဂဏန်းအထိ ပြုလုပ်ကြကြောင်း ပြောကြားသည်။

“အရင်က ရေချိုးရင် လူတစ်ယောက်ကို ကော်ဖီမစ် သုံးထုပ်နှုန်းနဲ့ ရေကန်ဘုတ်ကိုင်ကိုပေးရတယ်။ အခု တစ်လ သုံးထောင်ပေးရတယ်။ ဘာလို့လဲမေးကြည့်တော့ ထောင်ပိုင်ကိုပိုက်ဆံပိုပေးရလို့ဆိုပြီးပြောတယ် ” ဟု ၎င်းကဆိုသည်။

ယခုလ ၁၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းမြင့်အောင်ကလည်း အကျဉ်းထောင်ဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူမှုပြုရာတွင် နိုင်ငံရေးအကျဉ်းသားများထက် သာမာန်အကျဉ်းသားများအပေါ်တွင် ပိုမိုပြုလုပ်ကြောင်း ပြောကြားသည်။



“ သာမာန်အကျဉ်းသားတွေက အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုဒဏ်ကို တော်တော်ခံရတယ်။ ကျန်းမာရေးပိုင်း၊ လူမှုရေးပိုင်းတွေအစ စားဝတ်နေရေးအဆုံး သူတို့တွေမှာ လိုအပ်ချက်တွေရှိနေတယ်။ ထောင်အခေါ် ဘောင်ချာအပ်ရတာ (ပိုက်ဆံပေးရတာ) ကို ၀န်ထမ်းတင်မက အကျဉ်းသားအချင်းချင်းပါ အပ်နေရတယ် ”ဟု ၎င်းကဆိုသည်။

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်းရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားခဲ့ပြီး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကျဉ်းထောင်များအတွင်း လာရောက် လေ့လာမှုကိုလည်း အပြသဘောပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်လိုက်ကြသည်။

အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်တွင် အကျဉ်းထောင်တွင်းရှိ ပြဿနာများမှာ အကျဉ်းသားဦးရေက အဆမတန်များပြားသည့် အချက်ကြောင့်ဟု ဖေါ်ပြထားသည်။ မြန်မာနိုင်ငံတွင် စုစုပေါင်း အကျဉ်းထောင် ၄၂ ထောင်ရှိသည်။

လက်ရှိအစိုးရမှ ဖွဲ့စည်းပေးထားသော အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကမူ မြစ်ကြီးနား အကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်များသို့ သွားရောက်လေ့လာအပြီးတွင် အကောင်းမြင်သော သဘောထားများကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ သဘောထားထုတ်ပြန်ချက်များမှာ အကျဉ်းသားများ၏ လက်တွေ့ဘ၀နှင့် ကွာခြားမှုများရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ဆိုသည်။ ။

Yangon Press International Facebook မှ

သက်ကြီးရွယ်အို တစ်ထောင်ကျော်ကို အိမ်တိုင်ရာရောက် စောင့်ရှောက်ပေး


အိမ်တိုင်ရာရောက်သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးစီမံကိန်းအရ သက်ကြီးရွယ်အိုဦးရေ တစ်ထောင်ကျော်ကို အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးလျက်ရှိသည်။

National YMCAs၊ World Vision၊ Global Vision၊ HelpAge International၊ Caritas Thailand၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ နှစ်ခြင်းခရစ် ယာန်အသင်းချုပ်တို့မှ စောင့်ရှောက်ပေးလျက်ရှိသည်ဟု သိရသည်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်များတွင် ဆာင်ရွက်ပေးလျက်ရှိသည်။

Eleven Media Group

“ရွှေဂက်စ်က ထွက်တဲ့ လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်”

(ရခိုင်ပြည် ၂၄ နာရီ မီးလင်းရေး ဦးဆောင်လှုပ်ရှားသူ မမာမာကျော်ဇော နှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ရေးအတွက် သမ္မတ ဦးသိန်စိန်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့ထံ အိတ်ဖွင့်ပေးစာ တစောင်ကို ရက္ခအလင်းတန်းအဖွဲ့မှ ဇန်နဝါရီ ၁၆ ရက်နေ့က ပေးပို့ခဲ့သည်။ မီးလင်းရေး လှုပ်ရှားမှုတခုကို ထိုနေ့ မနက်ပိုင်းတွင် ရခိုင်ကျောင်းသား လူငယ်များက စတင်ပြုလုပ်ခဲ့သည်။

ရခိုင်ကမ်းလွန်ဒေသ ရွှေဂက်စ် သဘာဝဓါတ်ငွေ့မှ ထွက်ရှိသည့်စွမ်းအင်များမှ ရခိုင်ပြည်နယ်တွင်း ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနှင့် မီတာခ သက်သက်သာသာဖြင့် သုံးစွဲခွင့် ရရှိရေး တောင်းဆိုကြသည်။

ပြည်ထောင်စုလွှတ်တော်တွင် ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့များ ရခိုင်ပြည်နယ်အတွက်လည်း အသုံးချရေးအတွက် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ တင်ပြခဲ့သော်လည်း နှစ်ကြိမ်တိုင်တိုင် ပယ်ချခြင်းခံခဲ့ရသည်။

ရက္ခအလင်းတန်းအဖွဲ့ လျှပ်စစ်မီးလင်းရေး လှုပ်ရှားမှုတွင် ဦးဆောင်လှုပ်ရှားခဲ့သူ တဦးဖြစ်သည့် မမာမာကျော်ဇော အား မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။

ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်မီးရရှိရေး T- Shirt ၀တ်တဲ့ campaign ပြုလုပ်နေသည့် လူငယ်တစုကို မြင်တွေ့ရစဉ် (photo : ရက္ခအလင်းတန်းအဖွဲ့)

ဘယ်အချိန်မှာ campaign ကို စတင်တာလည်းခင်ဗျ။

မနေ့က ညနေက စတယ်ရှင့်။ sticker campaign ရယ်၊ T- Shirt ဝတ်တဲ့ campaign ရယ်ပေါ့။ ပြီးတော့ ဝန်ကြီးနဲ့ သမ္မတကိုပေးတဲ့ အိတ်ဖွင့်ပေးစာ။

ဘယ်နေရာတွေမှာ လုပ်တာလဲခင်ဗျ။

မြောက်ဦးမှာ ည ၁၁ နာရီလောက်မှာ စတစ်ကာ လိုက်ကပ်တယ်။ ၁ နာရီလောက်မှာ သူတို့ လိုက်ခွာတာ
တွေ့ရတယ်ရှင့်။ တဘက်က ခွာနေချိန်မှာ တဘက်က တမြို့လုံး အနှံ့ လိုက်ကပ်တယ်ရှင့်။ စစ်တွေမှာလည်း လုပ်ပါတယ်ရှင့်။

အိတ်ဖွင့်ပေးစာကို သမ္မတနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ဖက်စ်နဲ့ ပို့လိုက်တယ်။ မြို့ခံလူတွေ အကုန်လုံးကို အိတ်ဖွင့်
ပေးစာတွေ ဝေတယ်ရှင့်။ ပြီးတော့ T-Shirt တွေ အကုန်လုံး လိုက်ပြီးတော့ ဝေတယ်ရှင့်။ အခုလည်း အဲဒီ အင်္ကျီကို မချွတ်ကြဘူး။ သူတို့ တနေကုန် ဝတ်ကြတယ်။

အနှောက်အယှက် ရှိသလားခင်ဗျ။

အခုအချိန်ထိတော့ ကျနော်တို့လူတွေကို ကိုယ်ထိလက်ရောက် လိုက်နှောက်ယှက်တာတော့ မရှိသေးဘူးရှင့်။

ရက္ခအလင်းတန်းအဖွဲ့ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထားလဲခင်ဗျ။

ရက္ခအလင်းတန်း အနေနဲ့ ကျောင်းသား တက္ကသိုလ်ကျောင်းသားလည်း ပါတယ်။ တခြား အလုပ်လုပ်နေသူတွေ လည်း ပါတယ်ရှင့်။

တနေ့တာ လျှပ်စစ်မီးသုံးစွဲနိုင်ချိန် ဘယ်လောက်ရှိသလဲခင်ဗျ။

မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) နောက်ပိုင်းမှာဆိုလို့ရှိရင် ကျနော်တို့ဆီမှာ မီးဆိုတာ လာရုံလောက်ပဲပေါ့။ တနေ့ခြားလာတာ ရှိတယ်။ ထူးခြားတာ တခုကတော့ မီးတချက် ပွင့်လာတယ်ဆိုလို့ရှိရင် တမြို့လုံးကို အသံတွေ ဆူသွားတယ်ရှင့်။ လက်ခုပ်လက်ဝါး တီးပြီး သြဘာပေးတယ်ရှင့်။ လျှပ်စစ်မီးကို ကြိုဆိုကြတဲ့အသံပေါ့၊ ညနေ ၇ နာ၇ီလောက် မီးလာပြီး ည ၉ နာရီ၊ ၁ဝ နာရီလောက် မီးပျက်ရင် ပျက်တယ်။ မီးအားနည်းတဲ့အတွက် ဘာမှကို သုံးစားလို့ မရဘူး။ အဲလိုအခြေအနေရှိတဲ့အတွက် ကျနော်တို့ ၂၄ နာရီ မီးရှိရေးကို တော်တော့်ကို တောင့်တ
နေကြတယ်ရှင့်။ ၂ဝ၁ဝ ခုနှစ်ကဆိုလို့ရှိရင် ကျနော်တို့ အိမ်ထောင်ရှင် အမျိုးသမီးတွေက လမ်းပေါ်ထွက်ပြီး ၂၄ နာရီ မီးရရှိရေးကို တောင်းဆိုခဲ့တယ်။

ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်မီးရရှိရေး T- Shirt ၀တ်တဲ့ campaign ပြုလုပ်နေသည့် လူငယ်တစုကို မြင်တွေ့ရစဉ် (photo : ရက္ခအလင်းတန်းအဖွဲ့)


မြောက်ဦးမြို့မှာ ပုဂ္ဂလိက မီးပေးစက်တွေနဲ့ ၂၄ နာရီ မီးပေးလာခဲ့တယ်။ ဒါပေမယ့် အဲဒီမီး၊ မီတာခက တမိနစ်ကို ၄၄ဝ နှုန်း ကောက်တယ်ဆိုတော့ ကျနော်တို့ မီတာခကို မပေးနိုင်ကြဘူးရှင့်။

အဲဒီအတွက် ကျနော်တို့ အမျိုးသမီးတွေ ၂၄ နာရီ မီးရရှိရေး တောင်းဆိုလိုက်တဲ့ အချိန်မှာ မီတာခက ၂၅ဝ အထိ လျော့ကျသွားတယ်။ ပုဂ္ဂလိက ပေးတဲ့အတွက် ၂၄ နာရီ ရနေခဲ့တယ်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှာ မီတာခက ၄၆ဝ ကို ပြန်တက်သွားတယ်ရှင့်။ ဒါပေမယ့် ဒီနေ့လုပ်တဲ့ campaign မှာ ရွှေဂက်စ်က ထွက်တဲ့ စွမ်းအင်ကို သုံးစွဲခွင့်ရရှိဖို့အပြင် မီတာခကို ဈေးသက်သက်သာသာနဲ့ သုံးစွဲခွင့်ရရှိရေးပါ ပါဝင်တယ်ရှင့်။

ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို သိပါရစေခင်ဗျ။

ပြည်သူလူထု အကုန်လုံးက ဒီဟာကို အားထားနေကြတာရှင့်။ တခြား campaign နဲ့ မတူဘူးရှင့်။ ရခိုင်ပြည်နယ် တခုလုံးကလည်း ဒီလျှပ်စစ်မီးရရှိရေးကိုပဲ လုံးပမ်းနေရတာရှင့်။ ရခိုင်ပြည်မှာရှိတဲ့ လူတွေဟာ လက်လုပ်လက်စား ဆင်းရဲသားများတယ်ရှင့်။ အဲဒါကြောင့် ရွှေဂက်စ်က ထွက်တဲ့လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်။ ပြည်သူတွေ အကုန်ပါတယ်ရှင့်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ပါတီတွေက campaign ကို ပူးပေါင်းသလားခင်ဗျ။

၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ မှာ campaign ကို အကြီးအကျယ် လုပ်မယ်လို့ စီစဉ်တုန်းက သတင်းပေါက်သွားလို့ ရဲကနေ တားဆီးတာ ခံခဲ့ရဖူးတယ်။ ပါတီထဲက RNDP ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီပေါ့၊ သူတို့အနေနဲ့ ရှေ့ကနေ
ပြီး ဦးဆောင်ပြီး မပါဝင်နိုင်ရင်တောင်မှ ရခိုင်တမျိုးသားလုံး ရပိုင်ခွင့်မို့ သူတို့အနေနဲ့ အားပေးတယ်ဆိုတဲ့ စကားကို ပြောဆိုခဲ့တယ်။ ပြီးတော့ ဒီလုပ်ရပ်ဟာ ရခိုင်ပြည်သူတွေ တင်မကဘူး မြန်မာနိုင်ငံ တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုလည်း ရခိုင်ပြည်သူတွေက ခံယူထားတယ်ရှင့်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သမ္မတက တောင်းဆိုချက်တွေကို ဖြည့်ဆည်း ပေးမယ်လို့ မျှော်လင့်သလား ခင်ဗျ။

မျှော်လင့်တယ်ရှင့်။ ဘယ်လောက်အထိမျှော်လင့်သလဲဆိုရင် အဆိုးဆုံး အခြေအနေ ကနေပြီးတော့၊ အခု ၁ဝ ရာခိုင်နှုန်း သုံးစွဲခွင့် ပေးမယ်ဆိုပြီး လိုက်လျောခဲ့တာ ရှိတယ်လေ။ အခုလို ဆက်ပြီး တောင်းဆိုလာကြတယ် ဆိုလို့ရှိရင် သူတို့အနေနဲ့ အကောင်းဆုံး လုပ်ပေးမယ်လို့ ယူဆတယ်။ အကောင်းဆုံးအခြေအနေ ဖြစ်လာလိမ့်လို့ ယူဆထားပါတယ်။

မဇ္ဈိမ - နေမျိုး

ဇာဂနာပြောတဲ့ ဇာဂနာ ဘာကြောင့် ဦးခင်ညွှန့်နဲ့ တွေ့ရလဲ

(ဇာဂနာနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာသည် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများကြဖြစ်သော ဇင်ဝိုင်း၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်တို့နှင့်အတူ စစ်အစိုးရလက်ထက် ထောက်လှမ်းရေးညွှန်မှူး၊ အတွင်းရေးမှူး-၁ နှင့် ဝန်ကြီးချုပ်တာဝန်များ ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ဇန်နဝါရီလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

တနင်္လာနေ့က ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်ကိုလည်း ကိုဇင်ဝိုင်းနှင့်အတူ တွေ့ဆုံခဲ့သေးသည်။

ဦးခင်ညွန့်သည် ၂ဝဝ၄ ခုတွင် အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးခံရပြီးနောက် ၂ဝဝ၅ ခုတွင် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံခဲ့ရသည်။ ဦးစန်းပွင့်မှာလည်း သူနှင့်အတူ အမှုတွဲအဖြစ် အဖမ်းခံခဲ့ရသည်။

ဦးခင်ညွန့်တို့အား သွားရောက်တွေ့ဆုံခဲ့ရသည့် အကြောင်းများနှင့်ပတ်သက်၍ ကိုဇာဂနာအား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်။
-------------------------------
ဦးခင်ညွန့်နဲ့ သွားတွေ့တယ် ကြားလို့ပါ။

“၁၅ ရက်နေ့က သွားတွေ့တာ။ ညနေ ၅ နာရီ။ သူ့အိမ်မှာလေ။”


သွားတွေ့ရတဲ့ အကြောင်းရင်းလေး ပြောပြပေးပါ။

“ကျနော် ထောင်က လွတ်လာကတည်းက ကျနော်က ‘ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုလည်း လွှတ်ပေးသင့်ပါတယ်’ ဆိုပြီးတော့ တောင်းပေးသေးတယ်လေ သမ္မတကို။”

“အဲဒီတော့ သူလွတ်လာတဲ့အခါကျတော့ ကျနော် ဒီလိုမျိုးတောင်းပေးခဲ့တဲ့အတွက်၊ ရဲရဲရင့်ရင့်နဲ့ သူ့အတွက်
ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ကျေးဇူးတင်စကား ပြောချင်လို့ပါ သူ့တူမ တယောက်လွှတ်ပြီး
ပြောခိုင်းတယ်။ သူက သူကိုယ်တိုင်ပဲ ပြောချင်ပါတယ်ဆိုတော့၊ သူက လူကြီးဆိုတော့ မဟုတ်ဘူး ကျနော် လာခဲ့ပါမယ်ဆိုပြီး အဲဒီအချိန်မှာ ကျနော်က ဖြူးကို ရောက်နေတယ်။ ရန်ကုန်ပြန်ရောက်တော့ ကျနော်ရယ် ဇင်ဝိုင်းတို့ပါ ကျနော်တို့က အဖွဲ့အလိုက် အစည်းအဝေးလုပ်နေတဲ့အချိန် သွားမယ်ဆိုတော့ သူတို့ကလည်း ဒါဆို ဦးခင်ညွန့်နဲ့တွေ့ချင်တယ် ဆိုတော့ သူတို့ပါ ရောပြီး ပါလာတဲ့သဘောပါ”



The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ကိုသူရ (ဇာဂနာ) ကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

ဦးခင်ညွန့်က လွတ်လွတ်ချင်း မီဒီယာနဲ့တွေ့တယ်။ ပြီးတာနဲ့ ကိုသူရနဲ့ တွေ့တယ်ဆိုတော့ မထူးခြားဘူးလား။

“မထူးခြားပါဘူး။ တကယ့်တကယ်ပြောမယ်ဆိုရင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကျနော်က ဘာကိစ္စနဲ့မှ ကျနော်တို့ မတွေ့ခဲ့ဖူးဘူးဗျ။ ဘယ်တုန်းကမှ။ သူ အင်မတန် သြဇာတိက္ကမ ကြီးမားနေတဲ့အချိန်မှာ သူ့ရဲ့ အထောက်အပံ့ သူ့ရဲ့အကူအညီတွေ ရခဲ့ကြတဲ့ ရုပ်ရှင်သမားတွေထဲမှာ ကျနော်မပါဘူးဗျ။ ရုပ်ရှင်သမား အားလုံးလောက်နီးပါးက သူပေးလို့ တယ်လီဖုန်းရတယ်၊ မြေကွက်ရတယ်၊ မော်တော်ကား ဝယ်ခွင့်ရတယ်၊ အဲဒီထဲမှာလည်း ကျနော် မပါခဲ့ဘူးဗျ။ အဓိကပြောရရင်တော့ သူ သြဇာတိက္ကမ ကြီးတဲ့အချိန်တုန်း က ကျနော်က အဖမ်းခံရတာပဲရှိတယ်။ သူ့လက်ထက်မှာကို ကျနော် နှစ်ခါ အဖမ်းခံရတာကိုး။”

“အခု သူတင်မှ မဟုတ်ပါဘူးဗျာ။ ထောက်လှမ်းရေး-၆ ထဲမှာ ကျနော့်ကို တကယ် ဖမ်းဆီးခဲ့တဲ့ ဦးစန်းပွင့်လည်း အခုလွတ်လာတာပဲ။ ကျနော် သွားနှုတ်ဆက်ပါတယ်။ ဒီအချိန်မှာ ဘာလုပ်ရမှာတုန်းဗျာ၊ ဒီစိတ်တွေ မရှိပါဘူး ကျနော့်မှာ။ အာဃာတတွေ အငြိုးအတေးတွေ မရှိပါဘူး။ ဦးစန်းပွင့် ကိုယ်တိုင်ပင်လျှင် ကျနော့်ကိုဖမ်းခဲ့တာ
ထောက်လှမ်းရေး-၆ ထဲမှာ နှစ်ခါလုံးလုံး၊ ဗိုလ်မှူးခင်မောင်ထွေးတို့ ဘာတို့။ သူတို့တွေတောင် ကျနော် နှုတ်ဆက် တာပဲ။”

“ဘာလို့လဲဆိုတော့ သူတို့လည်း တိုင်းပြည်အတွက် တချိန်တုန်းကတော့ လုပ်ခဲ့ကြတာပဲ။ ထိုနည်းတူ ကျနော်တို့ကို လည်း လုပ်ခဲ့တယ်ဆိုတဲ့ အငြိုးတို့ အာဃာတတို့ ကျနော့်မှာ တစက်မှ မရှိပါဘူး။ အခု သူတို့ ထောင်ကလွတ်လာ တယ်၊ လွတ်လာတဲ့အတွက် ကျနော် သွားပြီးတော့ နှုတ်ဆက်တယ်၊ ထောင်ကလွတ်လာတဲ့ လူတယောက်ကို ကျနော် ကြိုဆို နှုတ်ဆက်တဲ့ သဘော ပါပဲ။ ဒီထက်ကို ဘာမှမရှိပါဘူး။”

“သို့သော် တချို့ကတော့ ထင်မှာပေါ့လေ ဘာဖြစ်လို့ သူတို့ကို ဒီလောက်တောင် ခွင့်လွှတ်နိုင်ရ တာလဲဆိုပြီး။ ခံရတာ ကျနော်ပါ။ ကျနော်ကိုယ်တိုင်တောင် ခွင့်လွှတ်နိုင်သေးတာပဲ။ ”

“ဘာဖြစ်လို့လဲ ဆိုတော့ ဦးခင်ညွန့်ဆိုတာ တခါမှ မတွေ့ဖူးဘူး။ သူ့ပါးစပ်ကတောင် ပြောခဲ့တယ် အဲဒီနေ့က သူအလုပ်လုပ်ပေးနိုင်ခဲ့တဲ့အချိန်တုန်းကတဲ့ မောင်သူရနဲ့ အန်ကယ်နဲ့ တခါမှ မဆုံနိုင်ခဲ့ ဘူးနော်တဲ့ ခုလိုအချိန် ကျတော့လည်း သူဘာမှ မကူညီနိုင်ပြန်ဘူးတဲ့။ ရပါတယ် အဲဒီဟာတွေ ကျနော့်စိတ်ထဲမှာ မရှိဘူးလို့။”

ဦးစန်းပွင့်နဲ့က ဘယ်တုန်းက သွားတွေ့လိုက်လဲ။

“မနေ့က မနက်က။”


တချို့ကလည်း ဦးခင်ညွန့်က သူသြဇာရှိနေတုန်းက ဒီမိုကရေစီဘက်သားတွေကို ဖမ်းတယ်ပေါ့။ သူနဲ့ သွားတွေ့တာကို ဝေဖန်နေကြတာတွေရှိပါတယ်။

“အဲဒီလိုတွေ ပြောနေလို့လည်း ပြီးမှာလည်း မဟုတ်ပါဘူးဗျာ။ ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဦး။ အဲဒီတုန်းကဖမ်းလို့ ဆီးလို့ ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရော မပါဘူးလားလို့၊ ဦးရွှေမန်းရောမပါ ဘူးလားလို့။ ဒီလူတွေနဲ့တောင် အခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲ နှုတ်ဆက်နေကြပြီ မဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေ မွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပါယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူ တွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှ မခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။”


ဦးခင်ညွန့်နဲ့တွေ့တော့ရော ဘာတွေများပြောဖြစ်လဲ။

“ရုပ်ရှင်အကြောင်းပေါ့ ကျနော်တို့ Freedom Film festival လုပ်တာကို သူ ဂျာနယ်တွေမှာ ဖတ်ရလို့ အရမ်း
ကျေနပ်မိတဲ့အကြောင်း။ နောက် အဲဒီဇာတ်ကားတွေ တကယ်လို့များ ကျနော်တို့ က အခွင့်ရှိတယ်ဆိုရင်တော့ သူကြည့်ချင်ပါတယ်ဆိုတဲ့အကြောင်း၊ သူ့ကို ကူညီပါဆိုတဲ့အကြောင်း ပေါ့ဗျာ။ အဲဒါက တစ်ပေါ့။ နှစ်ကတော့ သူ့အနေနဲ့ကတော့ သူ ၇ နှစ်လုံးလုံး ဒီထဲမှာ နေနေရတဲ့ အချိန်မှာ ထောင်ထဲမှာ နေရတဲ့လူလိုပါပဲပေါ့။ အင်မတန် ကျဉ်းကျပ်တယ် ဆိုတဲ့အကြောင်း။ သူ့မှာ တနေ့တနေ့လည်း တရားထိုင်လိုက်၊ ဘဝနာပွားလိုက်။ အခုဆို သူ့စိတ်ထဲ မှာလည်း ဘာမှမရှိတော့ ဘူး ဆိုတဲ့အကြောင်းပေါ့ဗျာ။ အရင်တုန်းက လုပ်ခဲ့ကိုင်ခဲ့တဲ့ဟာတွေထဲမှာလည်း သူ့မှာလည်း တာဝန်အရသာ လုပ်ခဲ့ရပေမယ့် သူ့မှာလည်း ဘာစိတ်မှ မရှိပါဘူးဆိုတဲ့ အကြောင်းတွေပေါ့ဗျာ။ အဲဒါမျိုးတွေ ပြောဖြစ်ကြတာပါ။”

သူလွတ်လာတော့ နိုင်ငံရေးမလုပ်ဘူးပြောတယ်။ ငြိမ်းချမ်းရေးတို့ လူမှုရေးကိစ္စတို့ စိတ်ဝင်စားမှု ပြောဖြစ်သေးလား။

“ကျနော်တို့ အဲဒီအကြောင်းတော့ မပြောဖြစ်ဘူးပေါ့။ သို့သော် ငြိမ်းချမ်းရေးကိစ္စတွေကတော့ သူတို့ အရင်တုန်း ကဗျာ ဗိုလ်ချုပ်မြတို့ ရှိတဲ့အချိန်တုန်းက သူကိုယ်တိုင်သွားတွေ့ခဲ့တာ ရှိခဲ့တာကိုး။ အဲဒီတုန်းက အဆင့်တဆင့်
ရောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး ဆိုတာကိုလည်းပဲ ပြောဖြစ်ကြတာ ပေါ့ဗျာ။ အဲဒီကိစ္စမှာက ဦးစန်းပွင့်နဲ့ သူနဲ့
နှစ်ယောက် လုပ်ခဲ့ကြတာလေ။ ကျနော်တို့မှာ ဗီဒီယိုတွေ ဘာတွေ ရှိပါတယ်။ အဆင့် တဆင့်ရောက်ပေမယ့် အဲဒီအချိန်မှာ သူတို့အဖမ်းခံရပြီးတဲ့အခါ ကျတော့ အဲဒီလုပ်ငန်းစဉ်က ပျက်ခဲ့ကြရတယ်ပေါ့ဗျာ။ သူတို့ တကယ် လုပ်ခဲ့တာရှိပါတယ် ခွန်ဆာနဲ့ သွားပြီးတော့ ဦးစန်းပွင့်နဲ့ သူနဲ့ နှစ်ယောက်ထဲ သွားပြီး တွေ့ဆုံခဲ့တာလေ။ ဒါလေးတွေ
ပြောဖြစ် တာပေါ့ဗျာ။ ကျနော်က ပြန်မေးတာပေါ့ဗျာ ကျနော်သိချင်တာလေးတွေ။ ခွန်ဆာကိစ္စ သူတို့ အောင်မြင် တယ်ပေါ့။”


သူ့သား နှစ်ယောက်လုံး တွေ့ခဲ့လား။

“ကိုရဲနိုင်ဝင်းရော၊ ကိုဇော်နိုင်ဦးရောတွေ့ပါတယ်။”


ဦးစန်းပွင့်နဲ့ တွေ့တော့ရော ဘယ်သူတွေပါသေးလဲ။ ဘာတွေပြောဖြစ်ကြလဲ။

“ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်ထဲ။ ခဏတဖြုတ်ပဲ။ သွားနှုတ်ဆက်တဲ့သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်က ထောက်လှမ်းရေး-၆ ထဲမှာ အတူတူဖမ်းခံခဲ့ရတုန်းက ဗိုလ်မှူးစန်းပွင့်က ကျနော်တို့ကို ဖမ်းခဲ့တာလေဗျာ။ အဲဒါကြောင့် ကျနော်တို့ နှစ်ယောက်က သွားနှုတ်ဆက်တာပါ။ စကားတောင်
သေချာမပြောနိုင်ပါဘူးဗျာ။ လူတွေက သိပ်များနေလို့။”


ထောက်လှမ်းရေး-၆ မှာ ဘယ်တုန်းက အဖမ်းခံရတာလဲ။

“ရှစ်လေးလုံးပြီးပြီချင်း ဗမာပြည်မှာ ပထမဦးဆုံး ဖမ်းခံရတာ ကျနော်နဲ့ ဇင်ဝိုင်းပဲ။”

မဇ္ဈိမ-ကိုဝိုင်း

နိုင်ငံခြားဘဏ်လုပ်ငန်းစနစ် လာမည့်ဧပြီလနှင့် မေလတွင် စတင်နိုင်ဖွယ်ရှိပြီး အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန်၊ အီးယူနိုင်ငံအချို့နှင့်စတင်ချိတ်ဆက်ဆောင်ရွက်မည်


ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် Foreign Banking အား ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ခွင့်ပြုပေးခဲ့ပြီး ယင်းနိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်မှုမှာ လာမည့်ဧပြီ လနှင့်မေလ လောက် တွင် စတင်လည်ပတ်နိုင်ဖွယ်ရှိကြောင်း၊ အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန်နှင့်အီးယူနိုင်ငံအချို့နှင့် စတင်ကာ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်းရှိပုဂ္ဂလိကဘဏ်များအနက် ဘဏ်ကြီးများအပါအ၀င် စုစုပေါင်း ဘဏ် ၁၁ ခုအား မြန်မာနိုင်ငံရှိ အစိုးရဘဏ်များဖြစ်သော မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် စသည့်ဘဏ်များကဲ့သို့ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်အား ၂၀၁၁ ခုနှစ်နှောင်းပိုင်းကာလတွင် စတင်ခွင့်ပြုပေးခဲ့သော်လည်း လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

''အခု (Foreign Banking) အတွက် အွန်လိုင်းစနစ် တပ်ဆင်ဖို့ လျောက်လွှာတင်ထားပြီးပါပြီ။ ဧပြီလ ဒါမှမဟုတ် မေလလောက်မှာ စတင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပြီးမှ နိုင်ငံခြားဘဏ်နှင့် ချိတ်လို့ ရမှာပါ။ နောက် တစ်ခုက (Full Foreign banking) စနိုင်မှ နိုင်ငံခြားဘဏ်လုပ်ငန်း အပြည့်အ၀ လည်ပတ်လို့ ရမှာပါ။ အခုက စီးပွားရေးပိတ်ဆို့မှုလည်း ရှိနေသေးတယ်ဆို တော့ လုပ်လို့မရသေးတဲ့အပိုင်းလည်း ရှိပါတယ်။ အခု သြစတြေးလျ၊ နယူးဇီလန်နှင့်ချိတ်လို့ရပြီး အာဆီယံနိုင်ငံတွေနဲ့ ချိတ်မယ်ဆိုရင်လည်း ရပါတယ်။ အခုနော်ဝေကလည်း ရင်းနှီးမြှုပ်နှံမှုအတွက် ပြန်လာခွင့် ပြုပေးတာတွေ လုပ်လာပြီဆိုတော့ အီးယူနိုင်ငံတွေအနေနဲ့ကတော့ ပြဿနာမရှိတော့ပါဘူး။ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုပဲ ကျန်ပါတော့တယ်။ ဒါကလည်း Sanction ကို မဖြုတ်သေးသည့်တိုင် အရင်လိုတော့ မပြင်းထန်တော့ပါဘူး။ အရင်တုန်းကတော့ ဒေါ်လာနဲ့ LC (ငွေလွဲ စာတမ်း)ဖွင့်မယ်ဆိုရင်တောင် ကိုယ်ဖြစ်ကိုယ်ခံသဘောမျိုးဆိုတော့ မဖွင့်ရဲကြဘူး''ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့သည်။

''အခုက (Foreign exchange Licence) ပေးထားပေမယ့် တခြားတစ်ဖက်ကလည်း ပြည်တွင်းမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ အရည်အသွေးကို ဒါထက်မြှင့်တင်နိုင်ဖို့ လိုပါတယ်။ အခုလည်း တခြားပြည်ပနိုင်ငံတွေကလာပြီး သင်တန်းပေးတာတွေရှိပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ချိတ်ပြီး လက်တွေ့လုပ်ရမယ့်အပိုင်းတွေလည်း ရှိပါတယ်''ဟု ၎င်းကဆက် လက်သုံးသပ်ပြောကြားသည်။

အလားတူ အာဆီယံနိုင်ငံများအပြင်(အာဆီယံ+၃) နိုင်ငံများ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့်လည်း စတင်နိုင်ဖွယ်ရှိကြောင်း၊ ယင်းကဲ့သို့ နိုင်ငံခြားဘဏ်လုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့်ရရှိပြီး စတင်ချိတ်ဆက်လည် ပတ်နိုင်ပါက LC ဖွင့်၍ လည်ပတ်ရသည့် လုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်နိုင်ကြောင်း၊ ထို့အတူ လတ်တလောတွင် သက်ဆိုင်ရာပုဂ္ဂလိကဘဏ်များက ATM များ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

ဆရာ ဒဂုန်တာရာ အသက် ၉၃နှစ်ပြည့် အကြို အလှူပွဲ





ပါတီအသုံးစရိတ်အခက်အခဲကြောင့် NDF ၀င်ပြိုင်မည့် နေရာလျှော့

ပါတီအသုံးစရိတ်ကြောင့် NDF ပါတီမှ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နေရာ လျှော့ချလိုက်ကြောင်း ပါတီအတွင်းရေးမှူး ဦးဝင်းနိုင်က YPI သို့ပြောသည်။

NDF (အမျိုးသားဒီမိုကရေစီအင်အားစု) ပါတီ အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင်က ၁၈ နေရာ ၀န်းကျင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ယခုအခါ ၁၂ နေရာသာ ၀င်ရောက် ယှဉ်ပြိုင်တော့မည်ဟု ဆိုသည်။

“အခုပါတီရပ်တီဖို့အတွက်တောင် တော်တော်လေးကြိုစားနေရတယ် ၊၀င်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေ ကို ငါးသိန်းပဲ (တဦးလျှင်) ထောက်ပံ့နိုင်တယ်။ ယှဉ်ပြိုင်ဖို့အတွက် အခြားကုန်ကျစရိတ်တွေ မထောက်ပံ့ပေးနိုင်ဘူး၊ ဒါကြောင့်လျှော့ လိုက်တာပါ ” ဟုဆိုသည်။

ထို့ပြင်ယခင်က ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ပြိုင်ရန်စီစဉ်ထားသည့် ကိုယ်စားလှယ်လောင်းအချို့၏ မိသားစုကျန်းမာရေး အခြေအနေကြောင့် လျှော့ချလိုက်ခြင်းလည်း ပါသည်ဟု ဆိုသည်။

ယခုလ ၁၇ ရက်နေ့တွင် NDF ပါတီပါဝင်သည့် ဒီမိုဆယ်ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် ညှိုနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါညှိုနှိုင်းမှုတွင် NDF မှ၁၀ နေရာကျော်၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ၁ နေရာ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ ၁ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၃ နေရာ နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ၄ နေရာဝင် စုစုပေါင်း ၁၉ နေရာဝင်ရောက်ယှပြိုင်ရန် ဒီမိုဆယ်ပါတီမှ သဘောတူညီမှုရရှိခဲ့သည်။

လက်ရှိတွင်NDF အနေဖြင့် ကြားဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ၉ နေရာ အတည်ပြုပြီးဖြစ်၍ ကျန်သည့် သုံးနေရာကို ဆက်လက် အတည်ပြုနေဆဲဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက်အလှူရှင် ရရှိမည့်အခြေအနေလည်း ယခင်ထက်ခက်ခဲလာသည်ဟု ၎င်းကဆက်ပြောသည်။

“အခုကပါတီစုံလာတဲ့ အတွက် နိုင် နိုင်ခြေက အပြတ်အသတ်ပြောလို့မရဘူး၊အခုက NLD လည်းပါတယ်၊ပြည်ခိုင်ဖြိုးလည်းပါတယ် အပြတ်တွက်လို့မရဘူးပေါ့ ဒေါ်စုနဲ့ NLD ကိစ္စကလည်း ကြီးတယ်လေ” ဟုဦးဝင်းနိုင်ကပြောသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှလစ်လပ်နေရာ ၄၈ နေရာစလုံး ၀င်ပြိုင်မည်ဖြစ်သည်။ ။

Yangon Press International Facebook မှ

ဘောင်ဘင်မခတ်တဲ့ အိုးများ


ထောင်ထဲမှာ နှစ်အများဆုံးနေခဲ့ရဖူးတဲ့ ကိုသူရ က ဦးခင်ညွန့်ကို လူကြီးလူကောင်းတစ်ယောက်လို လေးစားခင်မင်စွာ ကြိုဆိုခဲ့တာ သူ့ရဲ့သဘောထား ပြည့်ဝမှု ဘယ်လောက် အတိုင်းအတာရှိတယ် ဆိုတာ ထင်ရှားပါတယ်

ကိုသူရ နဲ့ ဦးခင်ညွန့် (ကိုဇင်ဝိုင်း နှင့်အတူ) ကျစ်နေအောင် လက်ခြင်းဆုပ်ထားတဲ့ မြင်ကွင်းဟာ ပကတိခွင့်လွှတ်နားလည်ခြင်း ဆိုတဲ့ လှပလွန်းတဲ့ သင်္ကေတ တစ်ရပ်ပါဘဲ

ဒါဟာ ယောကျာ်းကောင်း တစ်ယောက် ရဲ့ နှလုံးသား ...

ကြီးမားတဲ့ မေတ္တာတရားပြည့်ဝတဲ့ လူတစ်ယောက် ...

Congratulations ကိုသူရ

လေးစားပါတယ်

ဒါပေမယ့် ဒီပုံကိုမြင်ရင် လူတွေစိတ်ထဲ နှစ် ခုဖြစ်လာပါလိမ့်မယ်

ပညာတတ်ပြီး အသိဥာဏ်ရှိတဲ့ သဘောထားပြည့်ဝတဲ့ သူတွေကတော့ …

ကိုသူရရဲ့ အတိတ်ကို ပစ္စုပ္ပန် ထဲ မရောတတ်တဲ့ ပြည့်ဝမြင့်မြတ်တဲ့ စိတ်ထားကို နှစ်ချိုက်ပါလိမ့်မယ်

ပညာမဲ့ IQ နိမ့်ပြီး တစ်ဖက်သတ်ဆန်တဲ့ အဆိုးမြင် မျက်ကန်းဝါဒီသမားတွေက တော့ …

ကိုသူရကို ရူးနေပြီလားလို့ ကဲ့ရဲ့ကြပါလိမ့်မယ် …

သေချာတာကတော့ ...

ကိုသူရ လုံးဝ မမှားပါဘူး

ဒီလိုစိတ်ထားမျိုးတွေ ရှိမှ …

ကျင့်သုံးနိုင်တော့မှ …

တစ်ကယ် စစ်မှန်တဲ့ … ဒီမိုကရေစီ နိုင်ငံတော် အစစ် ကို ထူထောင်နိုင်မှာမို့ပါဘဲ

လုံးဝ ထောက်ခံ ကြိုဆိုပါတယ် ကိုသူရ နဲ့ ဦးခင်ညွန့် ။။။။။

Myo Chit Myanmar Facebook မှ ကူးယူဖော်ပြပါသည်။

ဇာဂနာ စင်္ကာပူရောက်၊ မြန်မာဌာနချုပ်ကိုသွား

စင်္ကာပူမှာပြုလုပ်မယ့် ရုပ်ရှင်ပြပွဲနဲ့ အနုပညာဟောပြောပွဲအတွက် ဇာဂနာ စင်္ကာပူကို ရောက်နေပါပြီ၊ အခုပဲ မြန်မာပြည်သားတွေ စုဝေးတဲ့၊ မြန်မာပြည်သား လုပ်ငန်းရှင်တွေ ဆိုင်ခန်း၊ ရုံးခန်းဖွင့်ကြတဲ့ ပင်နီဆူလား ပလာဇာကို ရောက်သွားပြီလို့ သိရပါတယ်။

ဇာဂနာနဲ့အတူ ဟောပြောမယ့်ပုဂ္ဂိုလ်ကတော့ မှတ်တမ်းရုပ်ရှင်တွေနဲ့ထင်ရှားတဲ့ မင်းထင်ကိုကိုကြီး ဖြစ်ပါတယ်။

ဓာတ်ပုံ၊ ကြော်ငြာတို့ကို ပြပွဲနဲ့ဟောပြောပွဲ Facebook ကနေ ယူပါတယ်

မကြာမီ ပြဌာန်းမည့် အွန်လိုင်း ဥပဒေသစ်ကြောင့် Wikipedia နှင့် Wordpress က ၂၄ နာရီကြာ ဆိုဒ်ကိုပိတ်၊ ကမ္ဘာ့နာမည်ကျော် ဆိုဒ်များလဲ ဆန္ဒထုတ်ဖော်


အမေရိကန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်မှစပြီး ၂၄ နာရီကြာ ဆိုဒ်ကိုရပ်ထားပြီး လွှတ်တော်မှာ တင်သွင်းမည့် Stop Online Piracy Act (SOPA) နှင့် Protect IP Act (PIPA) ဥပဒေ နှစ်ခု ကို သပိတ်မှောက်တာဖြစ်ပါတယ်။

ဒါကြောင့် online research လုပ်ချင်တဲ့ ကျောင်းသားကျောင်းသူများကို ညသန်းခေါင်မတိုင်မှီ ဝီကီပီးဒီးယားကို ဝင်ပြီး မိမိတို့လိုချင်တာများကို ကြိုတင်ရှာဖွေထားရန် Wikipedia founder Jimmy Wales က ပြောထားပါတယ်။




PROTECT IP / SOPA Breaks The Internet from Fight for the Future on Vimeo.



A rapidly growing community

Opposition to the Protect IP Act (PIPA) and the Stop Online Piracy Act (SOPA) grows with each day. This brief list is just a sampling of businesses. Visit the Center for Democracy and Technology’s list for a more complete look at the individuals, organizations, experts and legislators that know how bad this legislation could be.




  1. American
    Express Company



  2. AOL


  3. Boing Boing



  4. BuzzFeed


  5. CloudFlare



  6. Copyblogger


  7. ConsumerBell


  8. Creative Commons



  9. Curse


  10. Daily
    Kos





  11. deviantART



  12. Discover




  13. Disqus



  14. DreamHost


  15. Dyn



  16. eBay


  17. Embedly



  18. Engine Advocacy



  19. ESET



  20. Etsy



  21. Facebook



  22. Fantagraphics



  23. foursquare



  24. Gandi




  25. Google


  26. GreenHostIt


  27. HostGator



  28. Hover



  29. I Can Has Cheezburger?



  30. IndieGoGo

  31. Internet Archive


  32. Irregular Times



  33. Jive Software



  34. Kaspersky
    Lab





  1. Kickstarter


  2. LinkedIn



  3. MetaFilter


  4. Mozilla



  5. Name.com


  6. Namecheap


  7. OpenDNS



  8. O’Reilly
    Radar



  9. Pastebin.com



  10. PayPal


  11. Quora



  12. Rackspace




  13. Reddit


  14. ReferralCanday




  15. Riot Games



  16. ServInt




  17. Scribd



  18. Teachers
    Pay Teachers



  19. Techdirt



  20. Torrentfreak


  21. Tucows



  22. Tumblr


  23. Twitter


  24. Ubu
    Web





  25. Uservoice



  26. Vimeo



  27. Webs, Inc.



  28. Wikipedia



  29. WordPress


  30. Yahoo!



  31. Y Combinator




  32. Zopim


  33. Zynga Game
    Network





ဧရာဝတီ

Tuesday, January 17, 2012

အသနားခံစာ ပယ်ချခံရတဲ့အတွက် အံ့သြမိပါတယ်လို့ ရွှေညဝါ ဆရာတော် ဆို

ရွှေညဝါ ဆရာတော် ဦးပညာသီဟ

ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အတွက် အံ့သြမိပါတယ်လို့ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ က မိန့်ကြားလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာမှ အခုလို ပယ်ချခံရတဲ့သတင်းကို သိရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မဟန ဆရာတော် ၄၇ ပါး စုံညီက ရွှေညဝါဆရာတော်ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီမှာ ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ကြီး တည်ရာဌာနသို့ ကိုယ်တိုင် လာရောက် တွေ့ဆုံဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲပါ စာနဲ့ ဆင့်ခေါ်ထားတယ်လို့ သိရှိရပါတယ်။

အဆိုပါ ဆင့်ခေါ်စာအတွက် ရွှေညဝါ ဆရာတော် အနေနဲ့ အယဉ်ကျေးဆုံး၊ အသိမ်မွေ့ဆုံးနဲ့ တည်တည်ငြိမ်ငြိမ် အခြေအနေပေါ် မူတည်ပြီး ရင်ဆိုင်မယ်လို့ မိန့်ကြားပါတယ်။

ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်အတွင်း ဖွင့်လှစ်ထားတဲ့ ဗုဒ္ဓတက္ကသိုလ်မှာ ပညာတက်ရောက် ဆည်းပူးနေတဲ့ သံဃာတော် အပါး တထောင်ကျော် ရှိတဲ့အတွက် သံဃာ့မဟာနာယက ဆရာတော်တွေထံသို့ အသနားခံ တင်ပြမယ်လို့ ရွှေညဝါ ဆရာတော်က မိန့်ကြားပါတယ်။

ရွှေညဝါ ဆရာတော်အနေနဲ့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကမ္ဘာ့ဒီမိုကရေစီနေ့အတွက် သြဝါဒစကား မိန့်ကြားခဲ့ပြီး အနာဂတ် မျိုးဆက်သစ်တွေ ညီညွတ်ဖို့ ဆိုတဲ့ ကဗျာကို ရွတ်ဆိုခဲ့တာသာ ရှိတဲ့အတွက် အခုလို ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်လိုက်တဲ့အပေါ် ထေရ်ကြီးဝါရ်ကြီး သံဃာ့မဟာနာယက အဖွဲ့အနေနဲ့ ဆိုဆုံးမတာကို ခံယူဖို့ အသင့်ရှိပါတယ်လို့ အသနားခံ တင်ပြထားပေမဲ့ အခုလို ပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။


ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့မှ ရွှေညဝါဆရာတော်အား ဆင့်ခေါ်စာ

ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အပေါ် ရွှေညဝါ ဆရာတော် ဦးပညာသီဟကို ဘားမားဗီဂျေ မီဒီယာမှ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ပါသည် ။



ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အပေါ် သာဓု ပရိယတ္တိ စာသင်တိုက် ဒုတိယတိုက်အုပ်ဆရာတော် ဦးသူရိယကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါသည် ။



By ဇာဏီ ( Burma VJ Media Network)

“ပြိုင်တူ တွန်းလျှင်ရွေ့နိုင်သည်” DVD တေးစီးရီး အယ်လ်ဘမ် အသစ်ထွက်ရှိ


“ပြိုင်တူ တွန်းလျှင်ရွေ့နိုင်သည်” DVD တေးစီးရီး အယ်လ်ဘမ်

“ပြိုင်တူ တွန်းလျှင်ရွေ့နိုင်သည်” DVD တေးစီးရီး အယ်လ်ဘမ် အသစ်ကို ယနေ့ ဇန်နဝါရီလ ၁၇ ရက်တွင် နိုင်ငံတကာသို့ စတင် ဖြန့်ချီ လိုက်ကြောင်း
သိရပါသည်။ ဒီအခွေကို ဦးဇော်ဝင်း (နော်ဝေ) နဲ့ စိန်သွား (တေးရေး၊တေးဆို) တို့မှ စီစဉ်တာ ဖြစ်ပြီး သီးလေးသီး အဖွဲ့မှ ကြယ်သီး နှင့် ပန်းသီး တို့ကလည်း
ပါဝင် ကူညီ ပေးထားကြောင်း သိရှိရသည်။ဦးဇော်ဝင်း (နော်ဝေ) ၊ ရာမည ၊ စကားဝါမြေ ဖိုးဇော် ၊ မိုးစက်နီ နှင့် စိန်သွား တို့က တေးသီးချင်းများကို ရေးစပ်
ထားကြပြီး တေးဆိုများ အဖြစ် ကြယ်သီး ၊ စိန်သွား ၊ ရွှေရည်ဝင်း နှင့် မြစံပါယ်ငုံ တို့က သီဆိုထားကြပါသည်။ ဒီတေးစီးရီး အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်း
တွေဟာ မြန်မာပြည် ငြိမ်းချမ်းရေးကို အဓိက ရည်ရွယ်ပြီး စပ်ဆို ထားကြကြောင်းလည်း သိရှိရပါသည်။



BURMA VJ MEDIA NETWORK

LCCI သင်တန်းဖွင့်လှစ်တော့မည်။


နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် လူ့ဘ၀မှ ထွက်ခွာသွားသူများအတွက် (အခမဲ့) ကူညီပေးဆပ်မှုများကိုလုပ်ဆောင်နေကြသလို လူ့ဘ၀တွင် ကျန်းမာရေးချို့တဲ့သောလူနာများအတွက်လည်း (အခမဲ့) ဆေးဝါးကုသမှုများကိုလည်း လုပ်ဆောင်ပေးလျှက်ရှိသည်။ ထို့ပြင် လူ့ဘ၀ထဲသို့ ရောက်ရှိလာပြီး ဘ၀ရပ်တည်မှုအတွက် မရှိမဖြစ် သင်ကြားရသောပညာရေးကဏ္ဍာအားလည်းဖွင့်လှစ်သင်ကြားပေး လျှက်ရှိသလိုဘွဲ့ရပညာတက်များအား ဘ၀တွင် ရပ်တည်မှုခိုင်မာလာအောင် အသက်မွေးဝမ်းကြောင်း၊ အများအကျိုးသယ်ပိုးထမ်းရွက်နိုင်သောပညာရပ်များကိုပါ ဖွင့်လှစ်သင်ကြားပို့ချပေးလျှက်ရှိသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အသိပညာ၊ အတတ်ပညာရှင်များ၊ စေတနာရှင် ဆရာ/မများတို့မှ မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များအားအများပြည်သူလူထုတို့အား ပြန်လည်ဝေမျှပေးရာလိုသည့် ဆန္ဒများကြောင့် မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ပညာရေးအခန်းကဏ္ဍတစ်ရပ်အား ၂၀၁၀ ခုနှစ်၊ မေလဆန်းပိုင်း၌ တိုးချဲ့ဖွင့်လှစ်ကာပညာဒါန (အခမဲ့) သင်တန်းများအဖြစ် အခြေခံအင်္ဂလိပ်စာသင်တန်း၊ 4 Skills သင်တန်း၊ Computer သင်တန်း၊ Hotel သင်တန်းအစရှိသည့် သင်တန်းတို့ကိုလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးသည့်အနေဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးလျှက်ရှိပေသည်။

ပြည်တွင်း/ပ အလုပ်အကိုင်၊ အခွင့်အလမ်းများကောင်းမွန်မှုကြောင့် LCCI စာရင်းကိုင်သင်တန်းအား၂၃.၁.၂၀၁၂ ရက်မှစ၍ ဆရာဦးနေလင်းအောင် (LCCI သင်တန်းကျောင်း)၊ ဆရာမဒေါ်ယုယုနိုင်နှင့် ဒေါ်အေးအေးစုတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် (အခမဲ့) သင်ကြားပေးမည် ဖြစ်ပါသည်။ Level 1,2တွင်Book Keeping and Accountsဘာသာရပ်အား (၆) လ သင်ကြားပေးသွားမည်ဖြစ်ပြီးစိတ်ပါဝင်စား၍ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရှာဖွေလိုသူများအနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၊ အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ ပတ်စပို့ဓါတ်ပုံ (၂) ပုံနှင့်အတူလူကိုယ်တိုင်လာရောက်၍ ပုံစံများဖြည့်စွက် လျှောက်ထားနိုင်ပါသည်။

LCCI ဘာသာရပ်ကိုအဆင့်မှီတတ်မြောက်ထားပါကကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်ကြီးများနှင့် နိုင်ငံခြားတိုင်းပြည်များရှိ အလုပ်အကိုင်များတွင် အလုပ်အကိုင် အခွင့်အလမ်းကောင်းစွာ ရရှိနိုင်ခြင်း၊ အသက်မွေးဝမ်းကြောင်း ဘာသာရပ်သာမကအဆင့်မြင့်ပညာရေးကိုပါ ဘွဲ့၊ ဒီဂရီ ရရှိစေနိုင်သည်အထိမိမိတို့ဆက်လက် သင်ယူလေ့လာစေနိုင်ပြီး၊ အုပ်ချုပ်မှုပိုင်းများ တာဝန်ယူရသော စာရင်းကိုင်၊ စာရင်းစစ်များနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်ခြင်း၊ စာရင်းကိုင်လုပ်ငန်းသည် ဘာသာရေးအဖွဲ့အစည်းမှအစ NGO များအထိလိုအပ်ကာလုပ်ငန်းငယ်များတွင် လုပ်ကိုင်ကြသူများအတွက် LCCI Level 1,2 တတ်မြောက်ထားခြင်းဖြင့် လုပ်ငန်းပိုင်းပိုမိုအဆင်ပြေလျှက်ရှိပြီး ပြည်တွင်း၌ အလုပ်အကိုင် ခေါ်ယူမှုများတွင် စာရင်းကိုင်ရာထူးအတွက် တောင်းဆိုသောအရည်အချင်းတွင် B.com, LCCI စသဖြင့် ခေါ်ဆိုလာလျှက်ရှိပေသည်။ ဖြေဆိုသူပေါင်းမြောက်မြားစွာရှိနေသည့် ဘာသာရပ် စာမေးပွဲတစ်ခုလည်းဖြစ်သည်။ LCCI စာမေးပွဲများကိုလည်း နှစ်စဉ် ကျင်းပပေးလျှက်ရှိရာတစ်နှစ်တွင် ဧပြီလ၌ Series 2 ၊ ဇွန်လတွင် Series 3 စာမေးပွဲများကိုဖြေဆိုခြင်း၊ Series 4 စာမေးပွဲများကို နိုဝင်ဘာလတို့တွင် ကျင်းပပြုလုပ်ပေးလျှက် ရှိကြသည်။ ထိုစာမေးပွဲများအားဖြေဆိုလိုသူများသည် LCCI ဘာသာရပ်များအားသင်ယူတတ်မြောက်ထားသူများအနေဖြင့် အဆင့်လိုက် ၀င်ရောက်ဖြေဆိုနိုင်သည်။



လျှောက်လွှာလက်ခံမည့်နေ့ရက် - (၁၇.၁.၂၀၁၂) မှ (၂၀.၁.၂၀၁၂) အထိ

ပို့ချမည့် ဘာသာရပ်များ - LCCI Level 1, 2 (Book Keeping and Accounts)

သင်တန်းကာလ - (၆) လ

တက်ရောက်ရမည့်နေ့ရက် - ၂၃.၁.၂၀၁၂ (တနင်္လာနေ့)

ုKYAW THU - FACEBOOK မှ

ဒေါ်အောင်ဆန်းစုကြည်၏ ရုတ်တရက်စကား လူထုသဘောကျ

အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် လာရောက် နားထောင်ကြသော ပရိသတ်ထဲမှ ထိုင်ခုံ ကျိုးကျသည်ကို မြင်၍ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လူထုပရိသတ် လက်ခုပ်သြဘာ ပေးခဲ့ကြသည်။

“ဒီလောက်အများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်ရွှန်း မှတ်ချက် ပေးလိုက်သည့်အတွက် ပရိသတ်က နှစ်သက် သဘောကျသွားခြင်း ဖြစ်သည်။

ဤသို့ ပရိသတ်သြဘာပေးကြသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ရိုးရိုးပြောတာပါ။ ပြည်သူတွေက ……. အရမ်းဉာဏ်ပြေးတာပဲ” ဟု ထပ်မံမှတ်ချက်ပြုလိုက်သေးသည်။

နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် မြို့နယ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ခန့်ကြာ အမှာစကား ပြောကြားခဲ့ရာ “ဒီလို မြို့နယ်ရုံးခန်းတွေ ဖွင့်တာဟာ ပြည်သူတွေနဲ့ နီးနီးစပ်စပ် ဆက်ဆံနိုင်ဖို့ ပါပဲ” ဟု ပြောသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မဖြူဖြူသင်း အား NLD မှ ရွေးချယ်ထားခြင်းနှင့် ပတ်သက်၍လည်း “နေ့တိုင်းနေ့တိုင်း ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ အလုပ်တွေ လုပ်သွားကြတဲ့ လူငယ်တွေထဲက တယောက်ပါပဲ” ဟု မိတ်ဆက်
ပေးပြီး ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြောင်း သက်သေပြနိုင်တဲ့ အရည်အချင်းနှင့် ပြည့်စုံသည့် အတွက်
ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

ပြည်သူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ထားရှိသင့်သည့် သဘောထားမှာ “သူတို့ကံကြမ္မာ ဟာ ကိုယ့်လက်ထဲမှာရှိတယ်။ ကိုယ့်ကံကြမ္မာဟာ သူ့လက်ထဲမှာ ရှိတာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့မှ တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးနောက် ဗဟိုနှင့် မြို့နယ် NLD ပါတီရုံးခန်းများ ပြန်လည် ဖွင့်လှစ်လာခဲ့ကြသည်။

“အနယ်နယ် အရပ်ရပ်မှာ ရှိကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိမိတို့ရဲ့အလံတော်ကို မြို့နယ်အသီးသီးမှာ ဖွင့်လှစ်သွားမယ် ဆိုတဲ့အတိုင်း တနိုင်ငံလုံးဟာ နီရဲသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု နာယက ဦးတင်ဦး က ပြောသည်။

ထို့နောက် “ကိုယ်စားလှယ်လောင်းတွေ ရွေးကြပြုကြတဲ့အခါ၊ နေရာ ပေါ်လာတဲ့အခါကျတော့ လူတို့ရဲ့သဘာဝ အတိုင်းပဲ ပူညံ ပူညံ ပူညံ ဖြစ်လာတာပဲ” ဟု ပါတီ နာယကကြီးက ပြောလိုက်ရာတွင်လည်း ပရိသတ် နှစ်သက် သဘောကျကြသည်။

ဇန်နဝါရီ ၁၇ ရက် နေ့စွဲဖြင့် ပြည်နယ်နှင့်တိုင်း ၆ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၂၂ ဦးစာရင်းကို ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်ကြေညာလိုက်ရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအတွက် ၄၄ နေရာ ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကိုလည်း အင်္ဂါနေ့ နံနက်က ပြုလုပ်ခဲ့ရာ ဖိတ်စာ ၅၀၀ ဝေခဲ့သော်လည်း ပရိသတ် နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပါတီဝင် ကိုမင်းမင်း က မဇ္ဈိမကို ပြောသည်။

“အရင်ပါတီ ရုံးနေရာမှာပဲ လုပ်ပါတယ်။ မင်းကင်း (ဒေါ်ခင်မွှေးလွင်) အောင်နိုင်ရေးအတွက် ကလေးမြို့၊ တမူး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝတို့က ပေါင်းပြီး ၂၁ ဦး စည်းအဖွဲ့ ဖွဲ့စည်းလှုပ်ရှားနေပါတယ်”

တမူးမြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲသို့ ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီ၊ ချင်းအမျိုးသား တိုးတက်ရေးပါတီတို့ကလည်း လှိုက်လှိုက်လှဲလှဲ တက်ရောက်ခဲ့ကြကြောင်း၊ စသုံးလုံး၊ SB နှင့် ရဲတပ်ဖွဲ့များက သတင်းလာရောက် ယူခဲ့သော်လည်း အနှောက်အယှက် တစုံတရာမရှိဘဲ ပြုလုပ်နိုင်ခဲ့ကြောင်း ကိုမင်းမင်းက ပြောသည်။

(မဇ္ဈိမ)

အာစီယံဂျီးဒေါ်

နောက်ကြောင်းပြန်မလှည့်ကြေး နော် ဗိုလ်ဖင်တွန့်
(စိန်)ဂျော်ဒီး



“ဟဲ..ဟဲ နေကောင်းကြတယ်နော်..။ ကျနော် လမ်းပြပေးရဦးမလား”

ကန်းစွန်းရွက်က တစ်စည်းတစ်ရာကနေ နှစ်ရာဖြစ်သွားတယ်။ ဆီ၊ ဆား၊ ငရုတ်ကြက်သွန် အကုန်ဈေးတက်တာချည်းပဲ။ ဆီသည်ကို မေး ကြည့်တော့လဲ အာစီယံစံနှုန်းနဲ့အညီ တက်တာတဲ့။ ကားတွေကို အာစီယံစံနှုန်းနဲ့အညီ တန်ချိန် သတ်မှတ်လို့ ကားခတွေ ဈေးကြီးလို့ သယ်ယူပို့ ဆောင်ခတွေ တက်လို့ပါတဲ့။ မြတ်စွာဘုရား .... တို့ရွှေပြည်ကြီး အာစီယံဥက္ကဌ အလှည့်ကျကာမှ ဂျီးဒေါ်တို့ ကုန်ဈေးနှုန်းတွေလဲ အကုန်အာစီယံနေပါလား။ နေပါဦး ဒေါ်ဆိတ်မရယ်.. ကန်စွန်းရွက်ကကော အာစီယံစံနှုန်းနဲ့အညီဈေးတက်တာလား ဆိုတော့ မီတာခတွေ ဈေးတက်လို့ မီးရထားခတွေဈေးတက်လို့တဲ့တော်။

ဂျီးဒေါ်တယောက် အာစီယံစံနှုန်းနဲ့ အညီ စားသောက်နေထိုင်နေရတဲ့... သူ့အာစီယံခန္ဓာကိုယ်ကြီးကို အာစီယံစံနှုန်းဖြင့်အညီ တလိမ့် လိမ့် လျှောက်လာတုံး ရှေ့တည့်တည့်မှာ ဘယ်ခွေးမှ လူမထင်ဟန်၊ တင်းမာခက်ထန်သောမျက်နှာထားဖြင့်  ခပ်ကြွားကြွားလျှောက်လာသူ တဦးကိုတွေ့လိုက်ရာ ကမန်းကတန်း လမ်းဖယ်ပေးလိုက်ရတယ်။ အလို .. မကြာသေးခင်ကမှ လွတ်ငြိမ်းသက်သာလား၊ ချမ်းသာလား ဘာမှန်းမသိသော နိုင်ငံတော်သမတကြီးရဲ့စေတနာနဲ့လွတ်လာတဲ့ ထောက်လှမ်းရေးဗိုလ်ပြုတ်မှူးကြီး ဖင်တွန့်ပါလား။ ထောက်လှမ်းရေးပီပီ မျက်လုံးက ဂျီးဒေါ်လက်ဆွဲခြင်းထဲမှာပါလာတဲ့ပစ္စည်းတွေကို မလိုတမာကြည့်ရင်း အကျင့်မပျောက်သေးတဲ့ လေသံမာမာနဲ့ ....

“ဂျီးဒေါ် .. ဘာတွေဝယ်လာတာလဲ။ ဓာတ်ခဲတွေက ဘာလုပ်ဖို့လဲ။ ဖောက်ခွဲရေးသင်တန်းတက်လာတာလား။ ဟို ..ရေဒီယိုတွေက ထုပ် တဲ့လေပုပ်ထုပ်ဆေးတွေ နားထောင်မလို့လား”

သူ့လေသံနဲ့အချိုးကိုကြည့်ပြီး ဂျီးဒေါ် နဲနဲတင်းသွားတယ်။

“ဟေ့ ငါ့ဘာသာ ဓာတ်ခဲဝယ်လာတာကို ဘာစာရင်းလာရှုပ်တာလဲ။ နာရင်းအအုပ်ခံချင်လို့လား။ စစ်အာဏာရှင်ခေတ်လို ကလိမ်စေ့ငြမ်းဆင် ပြီး ဓာတ်ခဲတွေ့တာနဲ့ ဖောက်ခွဲရေးသမားလုပ်၊ အမှုဆင်မလို့လား။ ခေတ်ပြောင်းသွားပြီ။ ဒီမိုကရေစီခေတ်ကွ။ လွှတ်တော်နဲ့ သမတနဲ့ နေတာ။ နိုင်ငံတော် သမတကြီးကတောင် ပြည်သူ့အသံကို တလေးတစားနားထောင်တဲ့ခေတ်။ နင်တို့ ဆရာတောင် အခု ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးချင်ဟန်ဆောင် ...အဲလေ ... ကျိုးနေပြီ။ တရားစခန်းဝင်တော့မယ်တဲ့။ သိလား ..။ သွားးးးး နင်တို့က သူများထက် အကုသိုလ်ပို များတယ်။ တရားများများထိုင်။ ဒါမှ ငရဲကြီးရှစ်ထပ်မှာ အဆင့်မြင့်မြင့်လေးနေနိုင်မှာ” လို့ ဟောက်ပစ်လိုက်တယ်။

ဘာရမလဲ ... ဂျီးဒေါ်ကို လာစမ်းလို့။ အရင်လို ရိုးရိုးအအ အဖိနှိပ်ခံပြည်သူ့နင်းပြား ဂျီးဒေါ်မဟုတ်တော့ဘူးနော်။ ပြည်သူကို လေးစားရတဲ့ အာစီယံဒီမိုကရေစီစံနှုန်းနဲ့နေတဲ့ အာစီယံဂျီးဒေါ်ဟေ့ ...။ ထိုစဉ် တူတော်မောင်သာဂိရောက်လာပြီး ....
“ဟာ ဂျီးဒေါ်ရာ ဒီကောင်မျိုးတွေ ဆေးဖော်ကြောဖက်လုပ်မနေနဲ့။ စကားလေးတောင် သွားမဟနဲ့ဗျ။ သူတို့အကုသိုလ်တွေက ကြီးတယ်။ လာလာ အရှိန်ဟပ်ပြီး ပါနေဦးမယ်။ အဖော်ကောင်းလို့ ငရဲလိုက်ချင်သူတွေသာ သူတို့နဲ့ပေါင်းလိမ့်မယ်။ တိုင်းသူပြည်သားတွေကို ထင်သလို လူမဆန်အောင် နှိပ်စက် ဖမ်းဆီး၊ သတ်ဖြတ် အကောက်ကြံထားတဲ့ အကုသိုလ်တွေက နဲမှတ်လို့”

ဂျီးဒေါ်တို့တူအရီးနှစ်ယောက်စကားကြောင့်  ဗိုလ်ပြုတ်မှူးဖင်တွန့် သုတ်ခြေတင်သွားလေပြီ..။ ဂျီးဒေါ်တို့ တူအရီး .. စကားတပြောပြော နဲ့ လျှောက်လာရင်း ဂျီးဒေါ်က ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြရာ ...

အေးဗျာ ...သူတို့ထောက်လှမ်းရေးတွေ မိုးကောင်းတဲ့ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ ပြည်သူတွေကို ထင်သလို နှိပ်စက်သတ်ဖြတ်၊ အမှုတွေဆင်ပြီးဖမ်းခဲ့တာ။ အခုကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အထဲမှာ သူတို့မတရားအမှုဆင်ပြီး ဖောက်ခွဲရေးအမှုတွေနဲ့ ဖမ်းခံရသူတွေ မပါသေးဘူးဗျ။ သူတို့ကတော့ အကုန်ပြန်လွတ်နေတာ သိပ်တော့တရားနည်းလမ်းမကျသေးဘူး။ တကယ်ခေတ်ပြောင်းပြီဆို ရင် အပြစ်မဲ ဖမ်းဆီးခံနေရသူတွေကို လွှတ်ပေးသင့်တယ်ဗျ။”
“အေးလေ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေကို ထောက်ဒဏ်ချခဲ့တာရော၊ ဘာတဲ့ ကွန်ပျူတာနဲ့ရေးတဲ့စတစောင်ကို ၁၅ နှစ်နှုန်းနဲ့ စာလေးစောင်အတွက် နှစ် ၆၀ ချခဲ့တယ်တဲ့။ သတင်းထဲမှာ မနေ့က နားထောင်လိုက်ရတာ။ မတရားပြစ်ဒဏ်တွေချတာမို့ ကမ္ဘာကတောင် မနေသာပဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေရယ်၊ ပြည်သူတွေရဲ့တောင်းဆိုမှုတွေရယ်ကြောင့် ပြန်လွှတ်ပေးလိုက်ရတာ။ ဒီမိုကရေစီအစိုးရလို့ နာမည်ခံပြီး လူလူသူသူ အသိအမှတ်အပြုခံချင်ရင်တော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်တာတွေကို ရပ်ပြီး ပြုပြင်သင့် လုပ်သင့်တာတွေ ဆက်လုပ်ရမှာပေါ့နော်”

“အလဲ့ ... တို့ဂျီးဒေါ်လဲ အာစီယံစံနှုန်းနဲ့အညီ အတော်တိုးတက်လာပြီကွ”
“အံမယ် ငါက နင်ပြောလို့ ဂျာနယ်တွေလဲဖတ်တယ်၊ သတင်းတွေလဲ နားထောင်တယ်။ ကွန်ပျူတာသင်တန်းတက်ပြီး အင်တာနက်တောင် သုံးမလားလို့။ တော်ကြာ စစ်အာဏာရှင်လက်အောက်က တရားစီရင်ရေးမှာ တရားသူကြီးတွေက အီးမေးလ်အကောင့်ဆိုတာ ဘာမှန်းမသိပဲ တရားစီရင်သလိုဖြစ်နေမှာစိုးလို့ ... ဟဲ ဟဲ”
“တကယ်တော့ အဲဒါလဲ စစ်အာဏာရှင်တွေရဲ့ ထောက်လှမ်းရေးကွန်ယက်တွေနဲ့ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကို ခွစီးခံရတဲ့ဖြစ်ရပ် ပဲလေ။ တရားဥပဒေရဲ့အထက်မှာ စစ်ထောက်လှမ်းရေးတွေ ကြီးစိုးခဲ့လို့ ဖြစ်ခဲ့တာတွေဗျ။ ပြီးတော့ ထောင်တွေထဲမှာလည်း နိုင်ငံရေးအ ကျဉ်းသားမရှိပါဘူးသာပြောတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို “သီးလုံ” ဆိုပြီး သာမန်အကျဉ်းသားတွေထက် အခွင့်အရေးတွေ ကန့်သတ်ဖိနှိပ်ခဲ့တာတွေ၊ ဒါတွေအားလုံး ဒင်းတို့လက်ချက်တွေချည်းပဲ”
“အင်းနော် ... ဟိုနေ့ ရေဒီယိုသတင်းတခုထဲမှာ ကျောင်းသားခေါင်းဆောင်ကိုကိုကြီးပြောသွားတာ ကြားလိုက်တယ်။ သူတို့ကို ထောင်နှစ်ရှည်ချခဲ့တဲ့ အီလက်ထရွန်းနစ်ဥပဒေဆိုတ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ စီရင်ထုံးတခုဖြစ်တယ်တဲ့”

“အေးပေါ့ဗျာ ... မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို အမည်းစက်စွန်းထင်းခဲ့တဲ့ စီရင်ထုံးတခုပဲဗျ။ အဲဒီလို မတရားစီရင်ထုံးတွေဟာ စစ် အာဏာ ရှင်အဆက်ဆက်မှာ အများကြီးရှိခဲ့တယ်။ ခံရသူတွေအတွက် အသက်စွန့်ခဲ့ရတယ်။ ဘ၀တွေပျက်ခဲ့ရတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေ အဖက်ဖက်က နစ်နာခဲ့ရတယ်”

“အင်းနော် ..။ ဒီအဖြစ်အပျက်တွေကို တော်ရုံတန်ရုံလူတွေ ဘယ်လို သင်ပုန်းချေနိုင်ပါ့မလဲ။ ဒါပေမယ့် ကိုမင်းကိုနိုင်တို့ ရှစ်လေးလုံးမျိုးဆက် ခေါင်းဆောင်တွေကတော့ သဘောထားကြီးပါတယ်။ ဘယ်တုန်းကမှ သူတို့ရဲ့နာကျင်မှုတွေကို ဗန်းတင်မနေကြဘူး။ တိုင်းပြည်ကောင်းကျိုး ရှေးရှုပြီး စွန့်လွှတ်စွန့်စားခဲ့ကြတယ်။ ဒါကြောင့်လည်း ပြည်သူတွေက သူတို့ကို တခဲနက်ထောက်ခံကြတာပေါ့”

“အင်းးးးးးးခံရတဲ့လူတွေက တိုင်းပြည်အကျိုး ရှေ့ရှုပြီး သင်ပုန်းချေတယ်ပဲထားဦး။ မြန်မာ့တရားစီရင်ရေးရဲ့ အမည်းစက်တရားစီရင်ထုံးမျိုး တွေကိုတော့ ဒီမိုကရေစီအစိုးရရဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ပြန်လည်သုံးသပ်သင့်ပြီ။ ပြင်ဆင်သင့်တာတွေ ပြန်လည် ပြင်ဆင်သင့်ပါပြီဗျာ။ ဂျီးဒေါ်ပြောတဲ့ အာစီယံစံနှုန်းနဲ့လဲ မညီ၊ ရှက်စရာကောင်းပါတယ်ဗျာ”

“ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးကို လွှတ်တော်ထဲကနေ ပြန်လည်ပြင်ဆင်နိုင်ဖို့ ကြားဖြတ်ရွေးကောက်ပွဲဝင် တာလို့ပြောတာနော်။ လွှတ်တော်တွင်း နိုင်ငံရေးဆိုလား ...၊ တို့ပြည်သူတွေက သူ့ကို ၀ိုင်းရံရမယ်ပေါ့ ...။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အောင်နိုင်ရေးအတွက် ထောက်ခံရမယ်ပေါ့ ဟုတ်လား”
“အင်းးးး ကျနော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို မထောက်ခံတဲ့အတွက် ဒီဖွဲ့စည်းပုံကို အခြေပြုတဲ့ ဒီရွေးကောက်ပွဲကိုတော့ သိပ်အားမပေးချင် ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့က ဒီနည်းလမ်းနဲ့ ဒီအခြေခံဥပဒေကိုပြင်ဖို့ ရွေးချယ်ခဲ့တာဆိုတော့လဲ တိုင်းပြည်ကောင်းကျိုး ဆောင်မယ့် ဒေါ်စုရဲ့လုပ်ရပ်တွေကို ၀ိုင်းရံရဦးမှာပေါ့ဗျာ။ နောက်ပြီး ဒီတခါမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေနဲ့ မသာမှုတွေ မရှိအောင်လည်း အားလုံးသတိရှိရမယ် ထင်တယ်ဗျ”

“ငါတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အနိုင်ရသွားတဲ့အခါ အာဏာခွဲဝေမပေးချင်တာနဲ့ နောက်ပြန်လှည့်တာမျိုး မလုပ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”
“အဲဒါကို ကျနော်တို့ပြည်သူတွေရယ်၊ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းမီဒီယာတွေရယ်၊ ကမ္ဘာ့ပြည်သူတွေရယ်၊ မျက်ခြည်မပြတ်စောင့်ကြည့်ရမှာပေါ့။ လိုအပ်ရင် ပြည်သူတွေရဲ့အသံကို ပြည်သူတွေကိုကိုယ်စားပြုထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေသိအောင် သတ္တိရှိရှိ တာဝန် သိသိ လုပ်ပေးရမယ်”

“ဒါဆို တို့ပြည်သူတွေကလည်း လွှတ်တော်ပြင်ပကနေပြီး တိုင်းပြည်အကျိုး ပြည်သူလူထုရဲ့အကျိုးတွေအတွက် လွှတ်တော်ပြင်ပနိုင်ငံရေး ဆိုလား လုပ်ဖို့တာဝန်ရှိတာပေါ့နော်”
“ဟုတ်တာပေါ့ဗျာ။ ဒါနဲ့ဟိုတနေ့က ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသုံးသွားတဲ့ အသုံးအနှုန်းလေးတခု ဂျီးဒေါ်သတိထားမိလား”

“ဘာလဲ ပြောပါဦးသာဂိရဲ့”
“သူက ပြောနေကျ လွှတ်တော်တွင်းနိုင်ငံရေးဆိုတာကို ကိုယ်စားပြု ဒီမိုကရေစီတဲ့။ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာကို တိုက်ရိုက်ဒီမိုက ရေစီတဲ့။ သူဆိုလိုချင်တာက ပြင်ပဆိုတဲ့စကားလုံးကို သုံးချင်ဟန်မတူဘူးဗျာ။ ပြင်ပဆိုရင် ဥပဒေပြင်ပကလိုလို သဘောထား တင်းမာ သူတွေလိုလို တင်တတ်ကြ သတ်မှတ်ကြတာကိုး။ နောက်ပြီး ပြီးခဲ့တဲ့ ဧရာဝတီမြစ်ဆုံဆည်ကိစ္စမှာ ပြည်သူတရပ်လုံးရဲ့ တက်ညီလက်ညီ လှုပ်ရှားကြတာကို လွှတ်တော်ပြင်ပက နိုင်ငံရေး၊ တနည်းအားဖြင့် ပြည်သူက တိုက်ရိုက်သက်ဆင်းတဲ့ တိုက်ရိုက်ဒီမိုကရေစီ အဖြစ် ဥပမာ ပေးပြောသွားတာဗျ”

“ဒါဆို..တို့ပြည်သူတွေကလည်း ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေကို အသုံးပြု ပြီး တိုက်ရိုက်ဒီမိုကရေစီနဲ့ တိုင်းပြည်အကျိုးကို ၀ိုင်းဝန်းနိုင်တာပေါ့နော်..”

ဂျီးဒေါ်တို့တူအရီး စကားကောင်းနေစဉ် .. ဗိုလ်ပြုတ်မှူး ဖင်တွန့်က.. ခုနနဲ့မတူတဲ့ အပြုံးအတုတခုတပ်ဆင်ပြီး ဂျီးဒေါ်တို့အနားကို ပြန် ချဉ်းကပ်လာပြန်ပါတယ်..။

“ဟဲ..ဟဲ နေကောင်းကြတယ်နော်..။ ကျနော် လမ်းပြပေးရဦးမလား”

သူ့အချိုးက နဲနဲပြောင်းလာပုံရလို့ ဂျီးဒေါ်က အားနာယောင်ယောင်ပြုပေမယ့် သာဂိကတော့
“ကဲ..ကိုယ့်လူ..အချိုသပ်ပြီး ဒီမှာလာရှုပ်မယ်မကြံနဲ့။ ဂျီးဒေါ်နော် ယောတောယောင်တောင် သွားလုပ်မနေနဲ့။ အဖော်ကောင်းလို့ ငရဲပါ သွားဦးမယ်။ ခင်ဗျားလဲ သွားဗျာ။ ဘာလမ်းမှပြစရာမလိုတော့ဘူး။ ခင်ဗျားဒုက္ခပေးခဲ့တာတွေများပြီ။ ကိုယ့်ဘာသာ တရားပဲအားထုပ်ထုပ်။ တရုတ်ပဲ အားထားထား။ သွားဗျာ...သွား...သွား”

ဗိုလ်ဖင်တွန့်က သနားစရာမျက်နှာပေးလေးနဲ့
“အိုးးး မရှုပ်ပါဘူး..ဗျာ။ ရှုပ်မယ်ဆိုရင်လည်း မီဒီယာကတဆင့်ရှုပ်မှာပါ။ အခုလောလောဆယ် Linkရုပ်ရှင်မင်းသားလုပ်မလားလို့ အိုက်တင် ကျင့်နေတာပါ´´

“ခင်ဗျားကာရိုက်တာနဲ့ဆို ဗီလိန်ခန်းကပဲရမယ်ဗျို့။ ဗီလိန်ခန်းကပါရင်တောင် အဲဒီရုပ်ရှင်ကြည့်မယ့်သူ့ရှိမှာမဟုတ်ဘူး။ ပြည်သူ့ရဲ့ဒဏ် ခတ်မှုကို ဒီထက် ပိုမခံရခင်...စိတ်လျှော့ ..စိတ်လျှော့ ..”

မိုးမခ http://moemaka.blogspot.com/ မှာ ဖော်ပြထားတဲ့ သရော်စာ