စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, February 27, 2012

ကိုမင်းကိုနိုင် (ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ Eleven Media Group သို့ ဖြေကြားချက်မှ ကောက်နှုတ်ချက်)

 ကိုမင်းကိုနိုင် (ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ Eleven Media Group သို့ ဖြေကြားချက်မှ ကောက်နှုတ်ချက်)

တစ်ချိန်တုန်းကတော့ ပိတ်ဆို့ခံထားရတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ လူတွေ အားလုံးဟာ ဂုတ်ပေါ်မှာ ဓားဝဲထားရတဲ့ အကြောက်တရားအောက်မှာပဲ နေကြရတာပါ။ ပွင့်လင်းလာတဲ့ လူ့အဖွဲ့အစည်းမှာတော့ ပညာကို တန်ဖိုးထားကြပါလိမ့်မယ်။ ပညာနဲ့အတူ အသိတရားနဲ့ မောင်းနှင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာပါလိမ့်မယ်။ ပညာဆိုတဲ့ နေရာမှာ စိတ်စေတနာတစ်ခု တည်းနဲ့ မပြီးဘူးဆိုတာ ပြပါလိမ့်မယ်။ ဆိုလိုတာကတော့ လူတစ်ယောက် ရှေ့မှာ ရောဂါတစ်ခု ဖြစ်လို့ သောက်သုံးလိုက်တဲ့ ဆေးဟာ ဒီလူအတွက် ပျောက်သွားပေမယ့် နောက်တစ်ယောက်ကို ဒီဆေးတိုက်လို့ ရချင်မှ ရမယ်ဆိုတဲ့ ဒီအသိတရား မျိုးပါ။ မြင့်မား လာပါတယ်။

နောက်တစ်ခါ ပြည်သူလူထုရဲ့ နစ်နာမှုတွေကို ဖော်ထုတ်ဖို့ အတွက် ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ တရားမျှတရေးဆိုတဲ့ အသင်းအဖွဲ့တွေ ပေါ်ဖို့ လိုပါတယ်။ ဆိုလိုတာကတော့ တရား ဥပဒေ အောက်မှာ အားလုံး ညီမျှစွာ ရှိရေးပါပဲ။ အဲဒီအတွက် ဥပဒေ တတ်ကျွမ်းထားတဲ့ ဥပဒေ တတ်ကျွမ်းနားလည်ထားတဲ့ လူငယ်တွေများစွာဟာ တရားမျှတရေး အသင်းအဖွဲ့တွေ ဖွဲ့ပြီးတော့ လှုပ်ရှား ကြပါလိမ့်မယ်။ ပြည်သူတွေ ဘက်ကလည်း နစ်နာဆုံးရှုံးချက်တွေကို စုပေါင်းပြီးတော့ ပြောဆိုခြင်း ၊ စုပေါင်းပြီးတော့ လက်မှတ်ရေးထိုးခြင်း၊ တောင်းဆိုခြင်းတွေလည်း လုပ်မှာပဲ။ ဒါတွေ အားလုံးဟာ တရားဝင်ပါတယ်။ ဥပဒေ ဘောင်ထဲကနေပြီးတော့ လှုပ်ရှားတယ်ဆိုတဲ့ အသိကိုလည်း တစ်ဆက်တည်းမှာ ပေးသွားရမှာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချီတက်ကြတဲ့ နေရာမှာ လူ့အဖွဲ့အစည်းဟာ ပွင့်လင်း မြင်သာမှုလိုသလို တာဝန်ယူမှုတွေလည်း လိုပါတယ်။ အဲတာတွေကတော့ ပြည်သူ ပြည်သားတိုင်းဟာ တိုင်းပြည် တည်ဆောက်ရေးအတွက် အားလုံးလုပ်အားများ ပါဝင်ခွင့် ရဖို့ပါ။ အဲဒီအတွက်က လူထု လှုပ်ရှားမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဒါဟာ စိုးရိမ်ကြောင့်ကြရှိစရာ မလိုဘူးဆိုတာကို ကြိုပြီးတော့ ပြောချင်တာပါ။ ကျွန်တော်တို့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းက တစ်ဆင့် အနာဂတ်မျိုးဆက်တွေ အတွက် အာမခံချက်ရှိတဲ့ ခေတ်စနစ်တစ်ခုကို ချီတက်သွားနိုင်မှာပါ။ ကျွန်တော်တို့ မျိုးဆက်တွေဟာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို ဖော်ဆောင်ကြမှာပါ။ အဲဒီ ပွင့်လင်းလူ့အဖွဲ့အစည်းကပဲ ခေတ်အဆက်ဆက်မှာ ရယူနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရအောင်တည်ဆောက်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးဟာ ဟောဒီပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ အရေးကြီးဆုံး လုပ်ငန်း ဖြစ်ပါတယ်။ အဲတာ အသက်သွေးတမျှ အရေးကြီးပါတယ်။ အာဏာပိုင်အဆင့်၊ အဖွဲ့အစည်း အဆင့်ဆင့်နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေခွင့်ဆိုတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးဟာ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ အခြေခံ ပြယုဂ်ပဲ ဖြစ်ပါတယ်။ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ
ပြည်သူ ပြည်သားတိုင်းဟာ မိမိတို့ရဲ့ အခက်အခဲ မိမိတို့ အပေါ်မှာ မတရားသဖြင့် ပြုတယ်လို့ ခံစားရတဲ့ ကိစ္စ မှန်သမျှကို ပွင့်လင်း လူ့အဖွဲ့အစည်းက ဖော်ထုတ်ပါလိမ့်မယ်။ အဲဒီမှာ ဥပမာ အားဖြင့် ပြရမယ်ဆိုလို့ရှိရင် ပြည်သူတွေ အခွန်အခတွေ တက်တဲ့ အခါမှာ ပြည်သူတွေ အတွက် ၀န်ထုပ် ၀န်ပိုး ဖြစ်တာမျိုးကို စပြီး ထောက်ပြတာမျိုးက စပါတယ်။ တစ်ဆက် တည်းမှာပဲ ပညာရေးမှာ ဆိုရင်လည်း ပညာရေးရဲ့ ပေါ်လစီတွေ ဖြစ်တဲ့ တစ်ချိန်လုံး ကျွန်တော်တို့ တစ်သက်မှာ ဆိုရင် အပြောင်းအလဲတွေ အင်မတန် များလွန်းတဲ့
ကပြောင်းကလဲ ပညာရေးစနစ်ကြောင့် နိုင်ငံရဲ့ ပညာအဆင့်အတန်းဟာ
နိုင်ငံတကာမှာ နောက်ကျခဲ့ရတာမျိုးကို ထောက်ပြတာတွေလည်း ရှိပါလိမ့်မယ်။

-ကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသားများ ကချင်၊ မန္တလေး၊ တောင်သာ၊ မြင်းခြံ အစရှိသော ဒေသများသို့ ခရီးထွက်ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Media Group သို့ ဖြေကြားချက်)

အဓိက ကတော့ ကျွန်တော်တို့ ပြည်သူတွေနဲ့ ကျွန်တော်တို့ ကင်းကွာနေတဲ့ နှစ်တွေက အပြင်မှာ နေတဲ့ ကာလနဲ့ စာကြည့်လို့ရှိရင် နှစ် ၂၀ နီးပါးလောက် ကင်းကွာနေတော့ ကျွန်တော်တို့ အခုလိုမျိုး လွတ်လာတဲ့ အချိန် နိုင်ငံတော်မှာလည်း ဒီ သမ္မတ အပါ အ၀င်ပေါ့လေ။ နိုင်ငံရေး အဆောက်အအုံတွေ ပြောင်းလဲမှုတွေ စတင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ဒေသ အသီးသီးမှာ ရှိတဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ ထိတွေ့ချင်တယ်၊ နောက်ပြီးတော့ ပြည်သူတွေရဲ့ ရင်ခုန်သံတွေကို ကျွန်တော်တို့ နားထောင်ချင်တယ်။ ပြည်သူတွေ ခံစားနေရတာတွေကို ကျွန်တော်တို့ မျှဝေပြီး ခံစားချင်တယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ နယ်တွေ ထွက်လာခဲ့တာပါ။ ကျွန်တော်တို့ နယ်တိုင်း နယ်တိုင်း သွားတဲ့ အခါမှာ ကျွန်တော်တို့ ပြည်သူတွေက အပြောင်းအလဲကို ဘယ်လောက် မျှော်လင့်နေတယ်။ တောင့်တနေတယ်ဆိုတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့ရှိရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အပေါ်မှာလည်း တာဝန်တွေ ပိုပြီး ကြီးလာတယ်လို့ ခံစားရပါတယ်။

Eleven Media Group

မန္တလေး ဈေးချိုနှင့် ၈၈မျိုးဆက် ကျောင်းသားများ (ဖေဖော်ဝါရီ ၂၇ရက်)

မန္တလေး ဈေးချိုသို့ ၈၈မျိုးဆက် ကျောင်းသားများ ရောက်ရှိလာစဉ်။



မန္တလေး ဈေးချိုမှ ဈေးသူ ဈေးသားများကို နှုတ်ဆက်နေသော ၈၈မျိုးဆက် ကျောင်းသားများ။

ဈေးချို ဈေးအကျိုးတော်ဆောင်အဖွဲ့ ရူံးခန်းအတွင်းမှ တစ်ဈေးလံးရှိ ဈေးသူ ဈေးသားများကို ကျေးဇူးတင်စကား ပြောကြားနေသော ကိုမင်းကိုနိုင်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဈေးချိုမှ ပြန်လည် ထွက်ခွာလာစဉ်။

- ကိုမင်းကိုနိုင် (မန္တလေး ဈေးချို သို့ ရောက်ရှိစဉ် ပြောကြားခဲ့သော
ကျေးဇူးတင်စကားမှ ကောက်နုတ်ချက်)
 ဈေးချိုသူ ဈေးချိုသားများ ခင်ဗျာ၊ ကျွန်တော်တို့ ရန်ကုန်မြို့ကနေ ရောက်ရှိလာတဲ့ ၈၈မျိုးဆက် ကျောင်းသူ ကျောင်းသားများ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မန္တလေးခရီးစဉ်မှာ ဈေးချိုဟာ မဖြစ်မနေ ၀င်ကို ၀င်ရမယ့် ခရီးတစ်ခုဖြစ်ပါတယ်။ ဈေးချိုကို ကျွန်တော်တို့ ၀င်ရတဲ့ အကြောင်းက ဈေးချိုရဲ့ အင်မတန် ကြီးမားလှတဲ့ အစဉ်အလာ ဂုဏ်ရောင်ကို ဦးညွတ်ချင်လို့ ၀င်လာတာပါ။ ကိုလိုနီခေတ် နယ်ချဲ့ ဆန့်ကျင်ရေး ခေတ်ကတည်းက အာဇာနည် ၁၇ဦး အသက်ပေးခဲ့ရတဲ့ မန္တလေးမြို့က ဂုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲတွေမှာ ဈေးချိုသူ ဈေးချိုသားတွေ ဘယ်လောက်ကူညီ ပံ့ပိုးခဲ့တယ်ဆိုတာ ကျွန်တော်တို့ မကြုံခဲ့ပေမယ့် သမိုင်းမှာ အထင်အရှား ရှိပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ဈေးချိုသူ ဈေးချိုသားတွေ အားပေးရုံမက ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်ဆင်နွှဲခဲ့လို့ မန္တလေးမြို့ရဲ့ သမိုင်းကို ပြောမယ်ဆိုရင် ဈေးချိုရဲ့ သမိုင်းဟာ ချန်ထားလို့ မရအောင် အမျိုးသားရေး လှုပ်ရှားမှုတွေမှာ အစဉ်အလာ ကြီးခဲ့တာကို ကျွန်တော်တို့ သိပါတယ်။
ရှေ့ဆက်ပြီးတော့ လူ့အဖွဲ့အစည်းကို ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆိုတာ ကျန်ခဲ့တဲ့ ခေတ်ကလို ပိတ်ဆို့ခံထားရတဲ့ လူ့အဖွဲ့အစည်း မဟုတ်တာမျိုးကို ပြောချင်တာပါ။ ပိတ်ဆို့ခံထားရတဲ့ လူ့အဖွဲ့အစည်းက ဘာလဲဆိုတော့ ၂၆နှစ် ကြာသွားတဲ့အခါမှာ ကမ္ဘာမှာ အဆင်းရဲဆုံး ဖွံ့ဖြိုးမှုအနည်းဆုံး တိုင်းပြည် အဖြစ် ဒေ၀ါလီခံလိုက်ရတဲ့ စနစ်မျိုးကို ပြောတာပါ။ အဲတာဟာ ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းပါ။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းပါ။ အဲတာက ဘာလဲဆိုတော့ လွတ်လွတ် လပ်လပ် ပွင့်ပွင့်လင်းလင်း ကျွန်တော်တို့ အခွင့်အရေးတွေကို ပြောကြ ဆိုကြဖို့ပါ။
Eleven Media Group

နှုတ်ခမ်းမွေး ပါပါလေး၊ ၈၈မျိုးဆက်ကျောင်းသားများ (ဖေဖော်ဝါရီ ၂၇)

လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး၏ နေအိမ်ထက်မှာ လူထုအား နှုတ်ဆက်နေသည့် ကိုမင်းကိုနိုင်။


လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေးနှင့် သဘင်ပညာသည်များက ၈၈မျိုးဆက် ကျောင်းသားများကို ကြိုဆိုနေစဉ်။


လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေးနှင့် သဘင်ပညာသည်များက ၈၈မျိုးဆက် ကျောင်းသားများကို ကြိုဆိုနေစဉ်။

ဒီကနေ့ မန္တလေးကို ကျွန်တော်တို့လာတာ အမှန်အတိုင်းပဲ ပြောပါမယ်။ အုပ်ချုပ်ရေးဘက်က လူတွေ ကျွန်တော်တို့ ဘက်ကို မျှမျှတတနဲ့ သဘောထားကြီးကြီး ခွင့်ပြုတာ၊ ပူးပေါင်းဆောင်ရွက်တာတွေ တွေ့ရလို့ ကြိုဆိုပါတယ်။ ဒီပုံအတိုင်းဆို ဒီမိုကရေစီကို ရောက်ပါ တယ်။ သေချာပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ အနာဂတ်အတွက် လူရွှင်တော် ပါပါလေးတို့ဆိုရင် အကျဉ်းထောင်တွေ ကျောက်မိုင်းတွေမှာတောင်မှ
ကျောက်ခွဲခဲ့ရတဲ့အထိ ဘ၀တွေ ကြမ်းခဲ့ရပါတယ်။ ကျွန်တော်တို့ရင်ထဲမှာ ခါးသီးမှုတွေ များစွာ ရှိပါတယ်။ သို့သော် အခါးတွေကို မပြောတော့ပဲနဲ့ ပိုကောင်းတဲ့ အနာဂတ်အတွက် ကျွန်တော်တို့ ပြီးခဲ့တာတွေ ထားခဲ့ပြီးတော့ ကျွန်တော်တို့အားလုံးက အောင်ပွဲရဖို့အထိ အနာဂတ်နိုင်ငံရော ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့အထိ ကျွန်တော်တို့ အားလုံး လက်တွဲချင်ပါတယ်။ အဲဒါ အာဏာပိုင်တွေ ရော ကျွန်တော်တို့က ပြီးခဲ့တဲ့ အာဃာတတွေအားလုံး စွန့်လွှတ်ပြီးတော့ စတင်ပြီးတော့ လက်ကမ်းလိုက်တယ်ဆိုတာကို ကြေညာပါတယ်။

- ကိုမင်းကိုနိုင် (လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး၏ နေအိမ်ရှေ့ ၀ရန်တာမှာ လူထုသို့ ပြောကြားသော နှုတ်ခွန်းဆက်စကားမှ ကောက်နှုတ်ချက်)

အပြည်ပြည် ဆိုင်ရာ မိခင် ဘာသာစကား နေ့ (International Mother Language Day) အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ


မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးနှင့် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ (International Mother Language Day)အခမ်းအနားကို ဖေဖော်ဝါရီ လ ၂၁ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားဘာသာ တက္ကသိုလ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာလွင်လွင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီးက အဖွင့်မိန့်ခွန်းနှင့် ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံယူနက်စကို Programme Manager Mr. Sardar Umar Alam က ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms. Irina Bo- kova ၏သ၀ဏ်လွှာကိုဖတ်ကြား ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးမှ Minister and Deputy Chief of Mission, Ms. Rezina Ahmed က ‘The Historical Background of The International Mother Language Day’ ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ပြီး ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မြန်မာဘာသာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ရင်ရင်သန်းက ‘မြန်မာဘာသာစကားနှင့် မြန်မာစာပေ’ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက် ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ် ဘွဲ့ကြိုကျောင်းသား ၁၆ ဦးက မြန်မာစာပေဆိုင်ရာ ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးမှ တေးသီချင်းသရုပ်ဖော် အစီအစဉ်များဖြင့် လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၌ မြန်မာဘာသာ စကား အထူးပြု တက်ရောက်နေသည့် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်ကျောင်းသား ကျောင်းသူများက တေးသီချင်းများ၊ သက်ဆိုင်ရာ နိုင်ငံများ အကြောင်းနှင့် ယဉ်ကျေးမှုစာပေများ စသည့် အစီအစဉ်များဖြင့် တင်ဆက်ပြသခဲ့ကြောင်း သိရှိရသည်။

Eleven Media Group

Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းနှင့် ဂျပန်နိုင်ငံသားတို့ အပြန်အလှန် တရားစွဲဆိုထားသည့် အမှုကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်စစ်ဆေးမည်

ဖေဖော်ဝါရ်ီလ ၂၂ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးမှ ပြန်လည် ထွက်ခွာလာသော ဂျပန်နိုင်ငံသားအား တွေ့ရစဉ်

Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ဂျပန်နိုင်ငံ သားတို့နှစ်ဦး အပြန်အလှန် အမှုဖွင့်ပြီး တရားစွဲဆိုထားသည့် ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပုဇွန်တောင် တရားရုံးမှ စတင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ပုဇွန်တောင် တရားရုံးမှ အဆိုပါဖြစ်စဉ်မှ တရားခံ၊ တရားလိုများ ကိုတရားရုံးသို့ ဖေဖော်ဝါရီလ ၂၂ ရက်ကခေါ်ယူခဲ့သော်လည်း နှစ်ဖက်အကျိုးဆောင်မည့် ရှေ့နေ့များ က ကိုယ်စားလှယ်အဖြစ်လိုက်ပါ ဆောင်ရွက်ရန် တရားရုံးသို့ လျှောက်ထားခဲ့ ခြင်း၊ စကားပြန်များ ထားရှိရန်နှင့် ပတ်သက်သည့် အကြောင်းရင်းများကြောင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ စတင်စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း ပုဇွန်တောင်တရားရုံးနှင့် ရှေ့နေ့ထံမှ သိရှိရသည်။

မြန်မာအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်.... (၂၄)နှစ်မှ ဂျပန်နိုင်ငံသား ....(၅၇)နှစ်ကို အမှုဖွင့်ပြီး၊ တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ အဆိုပါ ဂျပန်နိုင်ငံသားက ဟိုတယ်သို့ ပြင်ပ မှမိန်းကလေးငယ်တစ်ဦးကို ခေါ်ဆောင်လာသည့် အတွက် ဟိုတယ်စည်းကမ်း အရ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ရာ မှ၊ ဂျပန်နိုင်ငံသား . . .က မကျေနပ် ၍ ဒေါ်. . . အား ပါးရိုက်သည့်အတွက် ဒေါ်. . . မှ ဂျပန်နိုင်ငံသား . . . အပေါ် အမှုဖွင့်တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဂျပန်နိုင်ငံသားဘက်မှ ဟိုတယ်သို့ ပြန်လာစဉ် ဧည့်ကြို ကောင်တာတွင် အပ်ထားသော အခန်းသော့အား တောင်းရာ မပေးသည့်အပြင်၊ ဟိုတယ်အပြင်သို့ အတင်းမောင်းထုတ်သည့် အကြောင်းရင်းများဖြင့် အမှုဖွင့်ပြီး တိုင်ကြားထားခြင်းဖြစ်ကြောင်း တိုင်ကြားချက်မှ သိရှိရပါသည်။

Eleven Media Group

ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ရန်ကုန်ရောက်ရှိ

ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ရန်ကုန်ရောက်ရှိ
ဖေဖေါ်ဝါရီ ၂၇ ရက်၊ ၂၀၁၂ / Yangon Press International
ယခင်ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့မှ စတင်တည်ထောင်ခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ညွန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင် မြန်မာနိုင်ငံသို့ ဒီကနေ့ မနက်ပိုင်းမှာ ရောက်ရှိလာပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရတာဖြစ်ပြီး ငါးရက်ဗီဇာနဲ့ လာရောက်ခွင့်ရတာလည်းဖြစ်ပါတယ်။

ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိသလို၊ ပြည်တွင်းက မီဒီယာ အဖွဲ့အစည်းများ မီဒီယာနယ်ပယ်ကို ဦးဆောင်နေသူများနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ဒီဗွီဘီ သတင်းဋ္ဌာနရဲ့ ယာယီညွှန်ကြားရေးမှူး တာဝန်ယူထားတဲ့ ဦးဟန်ညောင်ဝေလည်း ယမန်နှစ်နှောင်းပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ န၀တအစိုးရလက်ထက် တလျှောက်လုံး ပြည်ပအခြေစိုက် မြန်မာမီဒီယာများကို လေလှိုင်းပေါ်က လူသတ်သမားများလို့ အစိုးရပိုင် သတင်းစာ၊ ရုပ်သံများမှာ ခေါ်ဆို သုံးစွဲနေခဲ့ရာမှ ယမန်နှစ် သြဂုတ်လမှာ ရပ်ဆိုင်းလိုက်ပြီးနောက် လအနည်းငယ်အကြာမှာ မြန်မာနိုင်ငံထဲ ပြန်လာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ ဧရာဝတီ၊ မဇ္ဈိမ၊ အာရ်အက်ဖ်အေ သတင်းဋ္ဌာနတို့ ယခင်လပိုင်းများမှာ အသီးသီး လာရောက် ခဲ့ကြပါတယ်။

YPI

နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည်

NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတို့ကို မတ်လ ၃ ရက်နေ့မှာ ပါတီစည်းရုံးရေးခရီးစဉ် စတင်မယ်လို့ NLD ပါတီက ထုတ်ဖေါ်ပြောဆိုပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စောစောပိုင်းက မန္တလေးမြို့မှာ လူထုဟောပြောပွဲပြုလုပ်မယ့် ကွင်းနေရာ မသေချာသေးတာကြောင့် အစီအစဉ်အတိအကျ မရေးဆွဲသေးတာဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။ အခုအခါ အာဏာပိုင်တွေက မန္တလေးမှာ ဟောပြောပွဲလုပ်မဲ့ကွင်းအတွက် ခွင့်ပြုလိုက်တာကြောင့် မန္တလေးမြို့ကို မတ်လ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မတ်လ ၃ ရက်နေ့စတင်ပြီး မတ်လ ၅ ရက်နေ့ နေပြည်တော်မှာ ပါတီစည်းရုံးရေးပြုလုပ်ပြီးနောက် ရန်ကုန်ကို ပြန်လည်ထွက်ခွာမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

RFA

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးခွမြို့နယ် ခရီးစဉ်



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်တိုင်း သုံးခွမြို့နယ် ခရီးစဉ်မြင်ကွင်း နဲ့ မိန့်ခွန်း

Sunday, February 26, 2012

NLD ပါတီအား အမြစ်ပြတ် ခြေမှုန်းပစ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့


Than Shwe ordered to destroy NLD

NLD ပါတီအား အမြစ်ပြတ် ခြေမှုန်းပစ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့

မိုးမခအထောက်တော် အမှတ် ၀၀၇

ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၂

စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရ NLD ပါတီဝင်များကို အပြစ်ရှာ နှိမ်နင်းခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေးတပ်ဖွဲ့တွင် အရာရှိတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို မကြာသေးမီက ပြောလိုက်သည်။

၁၉၈၈ နှင့် ၂၀၁၀ အတွင်း နိုင်ငံရေးသမားများ ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်ကွပ်ခံရပုံကို စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ်တိုင် မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး” ဟု ဦးအောင်လင်းထွဋ်က ပြောဆိုကြောင်း VOA သတင်းဌာန ၀က်ဆိုက်တွင် ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ဖော်ပြထားသည်။

၁၉၉၆ နောက်ပိုင်းတွင် ထိုသို့ နှိမ်နင်းရန် အမိန့်ရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရမယ် ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောသည်။

ထိုသို့ ချေမှုန်းခံရသော်လည်း NLD ပါတီဝင်များ၊ နိုင်ငံရေးသမား အများအပြား ဒီမိုကရေစီလှုပ်ရှားမှုတွင် တစ်စိုက်မတ်မတ် ပါဝင်ခဲ့ကြသည်။

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆက်လက် ပြောကြားရာ မြန်မာပြည်တွင် စစ်သားများက အနိုင်ကျင့်တတ်သည့် စရိုက်ရှိသည်ဟု ဆိုသည်။

“စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင်တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ” ဟု သူက ရှင်းပြသည်။

သို့သော်လည်း စစ်တပ်တွင် တိုးတက်ဖြစ်ထွန်းမှုတခုရှိကြောင်း သူက ထောက်ပြသည်။

“ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ” ဟု သူက ပြောသည်။

“တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်” ဟုလည်း သူက ပြောပြသည်။

ဦးအောင်လင်းထွဋ်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။

ဝါရှင်တန်ရှိ မြန်မာသံရုံးတွင် သံတမန်တစ်ဦးအဖြစ် ဦးအောင်လင်းထွဋ် တာဝန်ယူစဉ် စစ်ထောက်လှမ်းရေးအရာရှိများကို မြန်မာပြည်တွင် ဖမ်းဆီးအကျဉ်းချသည့် ၂၀၀၅ ခုနှစ်တွင် ဦးအောင်လင်းထွဋ်က အမေရိကန်တွင် ခိုလှုံခွင့် တောင်းလိုက်သည်။

ဇနီး၊ သား တစ်ဦး၊ သမီး နှစ်ဦး၊ နှမ (သို့မဟုတ် အစ်မ) တဦး တို့နှင့် အတူ ခိုလှုံခွင့် တောင်းခံခြင်း ဖြစ်ကြောင်း၊ သူ၏ အတိတ်ကာလ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများကြောင့် ခိုလှုံခွင့် ငြင်းပယ်ခံထားရကြောင်း၊ သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပြုထားကြောင်း Asia-Pacific Defense Forum စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

မိုးမခ

5.9-magnitude earthquake strikes southern Taiwan(ထိုင်ဝမ်မှာ ၅.၉ ပြင်အား အဆင့် ရှိ ငလျှင် လှုပ်)

ထိုင်ဝမ်မှာ ၅.၉ ပြင်အား အဆင့် ရှိ ငလျှင် လှုပ် (ထိုင်ဝမ်မှာ မြန်မာ နဲ့  မြန်မာ ပြည်ဖွား-တရုတ် တစ်သောင်း ခန့် ရှိ )

5.9-magnitude earthquake strikes southern Taiwan
By the CNN Wire Staff
February 26, 2012 -- Updated 0305 GMT (1105 HKT)

(CNN) -- A 5.9-magnitude earthquake struck southern Taiwan on Sunday, the U.S. Geological Survey reported.

The quake's epicenter was located 35 miles east of Kaohsiung and had a depth of 2.9 miles, according to USGS.

There were no immediate reports of injuries.

ပြင်လို့ရတာအကုန်ပြင်

ကမ္ဘာ့နိုင်ငံအသီးသီးက သူတွေ မျက်နှာ၊ ခန္ဓာကိုယ် စတဲ့ ပြုပြင်မှုတွေ အကြောင်း ကိုကျော်ကျော်သိန်းနဲ့ အတူ ပြောပြထားပါတယ်၊



လျှပ်စီးမီးခ ပေးနေရပြီး လျှပ်စစ်မီး ပုံမှန် မရရှိသည့် ရွှေတိဂုံ စေတီတော် နှစ် ၂၆၀၀ ပြည့် ပွဲတော်ကြီးမှ ဈေးသည်များ

ရွှေ့တိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်


ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလဆန်း တစ်ရက်မှ တပေါင်း လပြည့်နေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ
မတ်လ ၇ ရက်နေ့အထိ ရွှေတိဂုံ စေတီတော်၏ အနောက်မုခ်တွင် ရှိသော ပြည်သူ့ရင်ပြင်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ နေပါသည်။ အဆိုပါပွဲတော်တွင် ဈေးရောင်းသူများကို အခ
ကြေးငွေယူပြီး ဆိုင်ခန်းများ ရောင်းချပေးနေသည့် ရွှေတိဂုံ ဂေါပက အဖွဲ့က စီစဉ်ပေးသော လျှပ်စစ်မီးမှာ ပုံမှန်မလာခြင်း၊ ဗို့အားများ မပြည့်ခြင်း စသည့် အခက်အခဲများ ရှိနေပါသည်။
သို့သော် ဈေးရောင်းချ နေရသူများသည် ဆိုင်ခန်းခ ပေးရသည့် အပြင် လျှပ်စစ်မီးခကိုလည်း သပ်သပ်စီ ထပ်မံ ပေးဆောင်ရပြီး မီးပုံမှန် မရရှိသည့် အတွက် တပိုင်တနိုင် မီးစက်များ
ဖွင့်ကာ ဈေးရောင်းချနေရသဖြင့် အဆင်မပြေမှုများ တွေ့ကြုံ နေရပါသည်။



တောင်သူ လယ်သမားများ ဘဝ တိုးတက်ရေးနှင့် လယ်ယာစီးပွား ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ

တောင်သူလယ်သမားများ ဘဝ တိုးတက်ရေးနှင့် လယ်ယာစီးပွားဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ


တောင်သူ လယ်သမားများ ဘဝ တိုးတက်ရေးနှင့် လယ်ယာစီးပွား ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ တစ်ခုကို ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာရှိတဲ့ အိုင်သပြုကျေးရွာမှာ ကျင်းပ ပြုလုပ်
ခဲ့ပါတယ်။ ဒီပွဲကို တောင်သူ လယ်သမားများ ဘဝ တိုးတက်ရေး အင်အားစုမှ ကြီးမှူး ကျင်းပခဲ့တာဖြစ်ပြီး လေးမျက်နှာမြို့နယ် အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေမှ လယ်သမားအင်အား
၈၀၀ ခန့် တက်ရောက် ခဲ့ကြပါတယ်။ ဒီ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာပြည် အနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ဥပဒေမဲ့ လယ်ယာမြေ
သိမ်းဆည်း ခံရမှုတွေနဲ့ လယ်ယာမြေ စိုက်ပျိုးရေး အခက်အခဲတွေ အတွက် အခုလို ပညာပေး ဟောပြောပွဲတွေကို ကျင်းပ ပြုလုပ် နေကြတာ ဖြစ်ပါတယ်။



ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရနဲ့ KNPP တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု

စစ်တပ်ကျောထောက်နောက်ခံရှိထားတဲ့ ဗမာအစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ နောက်တကြော့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် ၁၉၉၅ ခုနှစ်က အဖြစ်အပျက်တွေကို အခြေခံပြီး KNPP ကရပ်တည်သွားဖို့ လုပ်ဆောင်သွားဖို့လိုပါလိမ့်မည်။

ဗမာအစိုးရဘက်က လက်မခံရင်လည်း မိမိတို့အတွက်အကျိုးယုတ်စေမှာမဟုတ်သလို KNPP ရဲ့ နိုင်ငံရေးလမ်း စဉ်နှင့်လည်း ကိုက်ညီမှာဖြစ်ပြီး ကရင်နီပြည်သူတွေအတွက်လည်း အကျိုးရှိစေလိမ့်မည်။

တကယ်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးတဲ့နေ့မှာ တက်ရောက်ရမယ့်လူတွေက...

၁၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ သမားတွေ တက်ရောက်သတင်း ယူခွင့်ရှိရမည့်အပြင်၊ KNPP ဖက်လိုက် သည့် ရှေ့နေများလည်း တက်ရောက်ခွင့်ရှိစေရမည်။

၂၊ ကရင်နီပြည်ရှိ ခရိုင် ၃ ခရိုင် အတွင်းရှိ မျိုးနွယ်စု တစုလျှင် (ကနီပြည်တွင်းမှာနေထိုင်သော - ရှမ်း၊ ပအို့၊ အင်းသား၊ ဓနု အပါအဝင်) ကိုယ်စားလည် ၃၀ ဦးစီ တက်ရောက်နားထောင် ပြောဆိုခွင့်ရှိစေရမည်။

၃၊ နေရာအားဖြင့်ကရင်နီပြည်၏ အလယ်ဗဟိုလ် ချက်မြှုပ်ရာ ဒီးမော့ဆိုကွင်းတွင် ပြုလုပ်သွားရမည်။

ကြွရောက်လာတဲ့ ကိုယ်စားလှယ်တွေကို KNPP မှ ထုတ်ရမည့်မေးခွန်းနဲ့ တင်ပြတောင်းဆိုချက်များ…

၁ ၊KNPP အနေနဲ့ သိန်းစိန်အစိုးရနဲ့အပစ်ရပ်စဲရေးလုပ်တာကို ကရင်နီပြည်သူတရပ်လုံးအနေနဲ့ လက်ခံမခံ။

၂၊ အပစ်ခတ်ရပ်စဲရေးကာလ မှာ နအဖ တပ်ရင်းတွေတပ်စွဲတဲ့မြို့များကလွဲရင် မြို့ပြင်ရှိ တောရွာဒေသများ၏ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝတို့ကို KNPP အား ကရင်နီပြည်သူတရပ်လုံးက လုပ်ဆောင်စေချင်တဲ့ဆန္ဒ သဘောထားရှိ၊ မရှိ၊ လုပ်ဆောင်ပေးမှာကို လက်ခံ၊ မခံ။

၃၊ အပစ်ခတ် ရပ်စဲရေး သဘောတူပြီးပြီ ဖြစ်သဖြင့်၊ ကရင်နီတပ်မတော်သားများတို့သည် တာဝန်အရ ကရင်နီပြည်အတွင်း သွားလာရာတွင် (နအဖ -တပ်ရင်းများတပ်စွဲထားသည့်မြို့များမှအပ) လက်နက်ကိုင် ဆောင်ခွင့်ရှိစေရမည်။

၎၊ နအဖ တပ်သားများ တမြို့နဲ့တမြို့ လမ်းမကြီးအတိုင်း သွားလာရာတွင် လက်နက်ကိုင်ဆောင်ခွင့်ရှိသည်၊ သို့သော်တောရွာသို့ ဝင်တွက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်းမပြုစေရ။

၅၊ ကရင်နီပြည်သူများအား နအဖ က မည်သည့်ငွေကြေးမျိုးကိုမဆို မကောက်ခံစေရ၊ မည်သည့်အခမဲ့ လုပ်အားပေးခြင်း ၊ ပေါ်တာထမ်းစေခြင်းကို မခိုင်းစေရ၊

၆၊ သမ္မတ ဦးသိန်းစိန် တက်စဉ်ကာလ တပ်စခန်းတည်ဆောက်ရေးအတွက်ဆိုပြီး သိမ်းဆည်းထားသည့် ပြည်သူတို့၏ ယာမြေ၊ လယ်မြေများအား ချွင်းချက်မရှိပြန်ပေးရေး။

၇၊ နအဖ အနေနဲ့မည်သည့် စီမံကိန်းမျိုးမဆိုလုပ်လိုရင် KNPP နဲ့ ကရင်နီပြည်သူတရပ်လုံး၏ သဘောတူ ညီမှုရယူရမည်။

၈၊ ကရင်နီပြည်အတွင်း တပ်ရင်းသစ်များမတိုးချဲ့ရ ၊ ဦးသိန်းစိန် သမ္မတ စဖြစ်သည့်ကာလအတွင်း တိုးချဲ့လာ တဲ့ တပ်ရင်းသစ်များကို ပြန်လည်ရုတ်သိမ်းရေး၊ တပ်စခန်းသစ်များထပ်မံ မတိုးချဲ့ရေး။

၉၊ ဖဆပလ ခေတ်မှဒီနအဖ ခေတ် အထိ KNPP အား “တရားမဝင်အသင်း” အဖြစ်ထုတ်ပြန်ချက်ကိုပြန်လည် ရုတ်သိမ်းပြီး တရားဝင်အသင်းအဖြစ် အသိအမှတ်ပြုသွားရန်။

၁၀၊ တတိုင်းတပြည်လုံးအတိုင်းအတာဆောင်သည့်အပစ်ခတ်ရပ်စဲရေးထုတ်ပြန်ကြေငြာရန်။

ထိုကဲ့သို့လက်မှတ်ရေးထိုးကြပြီးချိန်မှစပြီး... တိုင်းရင်းသားအားလုံးနှင့် ပြေလည်ရာပြေလည်ကြောင်း နိုင်ငံပြဿနာဆွေးနွေရန်အတွက် အစိုးရမှ အချိန်ကာလအတိုင်းအတာ ( ၆ ) လထက်မကျော်စေဘဲ အတိအကျ ဂတိအာမခံချက်ပေးရမည်။

“နှောင်မှ”ဆိုသည့်မရေမရာ မသေချာ သည့်စကားမျိုးဖြင့် လှည့်စားမှုမျိုးမပြုလုပ်ရ။ ဒီတင်ပြချက်များကို မေးခွန်းအသွင်ဖြင့်မေးခဲ့သော် ပြည်သူတွေက ဒါတွေကို “လက်ခံသည်” ဟု ဖြေလိုက်သည်နှင့် KNPP ၏ တင်ပြတောင်းဆိုချက်များသည် ကရင်နီ ပြည်သူတို့၏ တောင်းဆိုချက်ဖြစ်သွားပေလိမ့်မည်။

ဒီတင်ပြချက်များအားလုံးက အခမ်းအနားကို တက်ရောက်လာကြတဲ့ ကရင်နီပြည် ပြည်သူတွေကငြင်းမယ် မဟုတ်သလို လက်ခံကြမည်သာဖြစ်တယ်။

ထိုသို့ ပြည်သူများရဲ့သဘောထားရပြီးသည်နှင့် KNPP ကြေငြာရမှာက...

“ကရင်နီပြည်သူတရပ်လုံး၏ ဆန္ဒနှင့်အညီ ဒီနေ့ဒီအချိန်အခါကစပြီး KNPP သည် ဦးသိန်းစိန်တို့နှင့် အပစ်ခတ်ရပ်စဲပြီး တိုင်းပြည်အေးချမ်းသာရာရေးရှိစေမည့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ အများပြည်သူအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်”

ပြီးလျှင်သဘောတူညီမှု လက်မှတ်ရေးထိုးသည့် အစီအစဉ်လုပ်ရမည်။ ဒီတောင်းဆိုမှုများကို နအဖ ဦးသိန်းစိန်အုပ်စုတို့က လိုက်လျောမယ်ဆိုရင် ၁၉၉၅ ခုနှစ်တွင် ဖြတ်သန်းလာရခဲ့သည့် အတွေ့အကြုံအရ ကရင်နီပြည်သူရှေ့မှောက်က ရှေ့နေများရှေ့မှောက်တွင် နအဖ သိန်းစိန်အုပ်စုနဲ့ KNPP သဘောတူညီမှု လက်မှတ်ရေးထိုးရမည်။

သက်သေအဖြစ် အခမ်းအနားတက်ရောက်လာတဲ့ ကိုယ်စားလှယ်ထဲမှ မျိုးနွယ်တခုစီမှ ကိုယ်စားလှယ်တဦးစီ သက်သေအဖြစ်ဖြစ်စေရမယ်၊ ဦးသိန်းစိန်အုပ်စုမှ လူမဖြစ်စေရ။

အစိုးရဘက်ကမလိုက်လျှောနိုင်ဘူးဆိုရင် KNPP က အပစ်ခတ်ရပ်စဲရေးလုပ်ရင်လည်း ကရင်နီပြည်သူအတွက် ဘာမှအကျိုးရှိမှာမဟုတ်ပါ။

KNPP အနေနဲ့ လုပ်ပိုင်ခွင့်အာဏာလည်းရှိမှာမ ဟုတ်ပါ။ ဒီတောင်းဆိုချက်အားလုံးဟာ နိုင်ငံရေးဆွေးနွေး မှုပြေလည်ပြီးရင် အလိုအလျှောက်အခြေအနေနှင့် လိုက်လျှောညီထွေစွာပြောင်းလဲသွားစေရမည်။

၁၉၈၀ ခုနှစ် က စပြီး ၁၉၉၅ ခူနှစ်အတွင်း တချိန်က မဆလ/နဝတ/နအဖတို့က အင်အားအလုံးအရင်းနဲ့ အကြိမ်ကြိမ်အခါ အခါ လာတိုက်ပေမယ့် သိမ်းလို့မနိုင်တဲ့တောင်ကုန်းများ၊ နေရာများကို KNPP က အပစ်ခတ်ရပ်စဲရေး လုပ်သွားတဲ့ကာလ ၃ လအတွင်းကျမှဘဲ နအဖ က အခွင့်ကောင်းယူပြီးကျည်တ တောင့်မှမကုန် ၊ ရဲဘော်တယောက်မှမသေဘဲ သူတို့လိုချင်တဲ့ နေရာ ၊ တောင်ကုန်း တွေမှာနေရာယူ ပြီး

တပ်စွဲခဲ့တယ်မဟုတ်လား ၊၊ ခုတဖန် ကျနော်တို့မှာကျန်ရှိတဲ့ တောင်ကုန်း၊ နေရာ များကို နအဖတို့က အချောင်ထပြီးမယူမိဖို့ KNPP အနေနဲ့အထူးစဉ်းစားဖို့လိုမည်။

KNPP ရဲ့မူလမူလမ်းစဉ်သည် ဆုံးရှုံးသွားသောကရင်နီပြည်၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တာဖြစ်ပြီး ၊ အခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်အဆင့်သို့ ရှောကျပြီးဖြစ်တယ် ခုတခါလ ကိုယ်ပိုင်ပြဌန်းခွင့်အဆင့် တောင်မှ မရရှိနိုင်တဲ့လုပ်ရပ်မျိုးကို မလုပ်မိဖို့ဘဲလိုတယ်။ ဆက်သွယ်ရေးရုံးထားခွင့်ရရုံလေးနဲ့၊ လက်နက်မပါ သွားလာခွင့်ရရုံမျိုး၊ စီးပွါးရေးလုပ်ခွင့်ရရုံမျိုးနဲ့တော့ကျနော်တို့မကျေနပ်သင့်ပါ။

တချိန်က ကရင်နီပြည်ရဲ့လွတ်လပ်ရေးကို ဦးနုလက်ထက် ဦးစိန် က ၆ ပုံးဝင်ဆန်အိတ်ပေါင်း ၅၀၀ နှင့် ပိသာ ၁၀၀ ဝင်ဆားအိတ်ပေါင်း ၂၀၀ အိတ် လှဲလည်ခဲ့တယ်။ ခုကျနော်တို့ရရှိလိုတဲ့ ကိုယ်ပိုင်ပြဌန်းခွင့်လေးကို အိမ်ဆောက်ဖို့လောက်ဘဲ ရနိုင်တဲ့ဘိလပ်မြေအိတ်နဲ့တော့ မလဲသင့်ပါ။

ယခင်ကရင်နီတို့ရဲ့ ညီနောင်အဖွဲ့အစည်းတချို့မှ ပုဂ္ဂိုလ် တချို့က သူတို့ရဲ့သံမဏိလမ်းစဉ်ကို အဆုံးတနေ့မှာ သူတို့အိမ်ဆောက်ဖို့ ဘိလပ်မြေဘဲ နအဖ ပေးခဲ့တယ်မဟုတ်လား။ ဒီ့ထက်ပိုပြီးသူဘာများရခဲ့သေးလဲ။

သူတို့ပြောပြောနေတဲ့ ပြည်သူ့အတွက် တိုက်ပွဲဝင်တယ် ဆိုတာတွေ ဘယ်မှာလဲ။ ကျနော်တို့ KNPP အနေနဲ့ နှစ်ပေါင်း ၆၄ နှစ်လုံးလုံး တိုက်ပွဲဝင်လာခဲ့ပြီးခါမှ ဘာတခုမှ အဖတ်ဆည်လို့မရနိုင်တဲ့ လုပ်ရပ်နဲ့ဘဲ အရှုံးခံသွားတော့မှာလား။

ခုချိန်ခါမှာ ဦးသိန်းစိန်အုပ်စုဟာ ကျနော်တို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ဖြစ်နေရမှာကို တအားကြောက်နေရတဲ့ အချိန်ဖြစ်လေတော့ ငြိမ်းချမ်းရေးစကားကိုဆိုပြီး သူတို့အတွက်သာ အကျိုးရှိစေပြီး တိုင်းရင်းသားတွေအဖို့ ဘာတခုမှအကျိုးမရှိနိုင်သော အပစ်ခတ်ရပ်စဲရေးကို ကမ်းလှမ်းတာဖြစ်တယ်။

ဦးသိန်းစိန်အုပ်စုက တိုင်းရင်းသားတွေကို တိုက်လေလေ ကျနော်တို့အဖို့ ပိုကောင်းလေလေဖြစ်နေတဲ့ အခြေအနေမျိုးမှာရှိနေပြီး သူတို့အဖို့ နာမည်အဆိုးနဲ့ နိုင်ငံတကာရဲ့ ကဲ့ရဲ့ ပြစ်တင်ဝေဖန်မှုကို ခံရပေလိမ့်မယ်။

အရေးကြီးတာက ကျနော်တို့ရဲ့လိုချင်တဲ့တောင်းဆိုမှုများမရမချင်းတင်းခံထားနိုင်ဖို့ဘဲ။ ကျနော်တို့ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ရဲ့ လိုအပ်ချက်တွေကို တောင်းဆိုမယ်။ မရမချင်းတင်းခံမယ်ဆိုရင် သိန်းစိန်အုပ်စုတို့က မပေးဘဲ၊ မလိုက်လျောဘဲနေလို့ရမယ်မဟုတ်ပါ။

ရီမာန်ထူးဟာ ကရင်နီအမျိုသား တိုးတက်ရေးပါတီ KNPP အမြဲတမ်းဗဟိုကော်မီဝင်တဦး ဖြစ်ပါတယ်။

ကန္တာရ၀တီတိုင်း(မ်)

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ

မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)

ညစာစားပွဲတွင် ဒေါ်အင်ဖန်ဂျာရာနှင့် စကားပြောဆိုလျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-YPI)

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက

ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။

ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။

အဲဒါတွေက

၁- KIA က ဘာလို့ဖြစ်လာတာလဲ

၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။

ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ်

နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊

ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။

ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊
ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊

ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊

ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။

ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ
မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊ ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊

၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့

အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊

အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။

၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။

ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က

ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊

ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊

အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။

အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ် ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊

ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။

အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။

ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။

အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ

“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့

“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။

Yangon Press International

တိုးတက်လာသော မြန်မာ့ ဘန်း စကားများ

Facebook မှ

ကားပါကင်အကျပ်အတည်းကြောင့် ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် လေးထပ်နှင့်အထက် အဆောက်အအုံများတွင် ကားပါကင်များထည့်သွင်းရန် ညွှန်ကြား

ရန်ကုန်မြို့ရှိ အနော်ရထာလမ်းမပေါ်တစ်နေရာကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်

ကားပါကင်အကျပ်အတည်းကြောင့် ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် လေးထပ်နှင့်အထက် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင်းနေရာအများစုတွင် ကားရပ်သည့် ကားပါကင်အခက်အခဲများရှိနေခြင်းကြောင့် ယင်းအခက်အခဲပြေလည်စေရန် အသစ်ဆောက်လုပ်မည့် အထပ်မြင့်အဆောက်အအုံများတွင် ကားပါကင်များထည့်သွင်းရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ ကားပါကင် နေရာကိုဆောက်လုပ်မည့် အဆောက်အအုံ၏ အ၀န်းအ၀ိုင်းအတွင်း မည်သည့်နေရာတွင်မဆို ထည့်သွင်းနိုင်ကြောင်း သိရှိရသည်။

''ဒီလိုမျိုးညွှန်ကြားတာက ရန်ကုန်မြို့ဧရိယာအတော်များများမှာ ကားရပ်စရာနေရာမရှိလို့၊ ကားရပ်ဖို့ နေရာအခက်အခဲတွေကြောင့် ပြေလည်စေဖို့ ဖြစ်ပါတယ်။ အသစ်ဆောက်လုပ်မဲ့ လေးထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံတွေမှာ ဒီပုံစံလုပ်ရမှာပါ။ လေးထပ်အောက် အထပ်နိမ့်တွေမှာတော့ ဒီပုံစံမလုပ်ရပါဘူး။ ကားရပ်ဖို့နေရာက ဆောက်မယ့်အဆောက်အအုံရဲ့ မြေအောက်ထပ် (Basement) ထဲမှာပဲ လုပ်လုပ်၊ အရှေ့မှာပဲလုပ်လုပ်၊ အဆောက်အအုံ ဆောက်လုပ်မယ့်မြေနေရာ အ၀န်းအ၀ိုင်းထဲမှာ ထည့်သွင်းရင်ရပါပြီ''ဟု ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့၌ ကားရပ်နားရန် အခက်အခဲအဖြစ်သော နေရာများနှင့် ကားကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားသော နေရာများမှာ မြို့တွင်း (Down Town) ဧရိယာများနှင့် လမ်းဆုံမီးပွိုင့်များဖြစ်သော ရွှေဂုံတိုင်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းတို့တွင်လည်း အလားတူဖြစ်ပွားနေသည်။ ထို့ပြင် ယခုလက်ရှိတွင် ရန်ကုန်မြို့၌ ကားအသစ်များ ရောက်ရှိလာမှုကြောင့် ကားရပ်နားရန်နေရာ အခက်အခဲများနှင့် ကားကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနေပြီး လက်ရှိအသုံးပြုနေသော လမ်းများမှာလည်း အများအပြား ချဲ့ထွင်၍ မရနိုင်တော့ကြောင်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။

''ဒီညွှန်ကြားချက်က ကောင်း တဲ့ညွှန်ကြားချက်ပါ။ ဘာပဲပြောပြော လမ်းမကြီးတွေ၊ လမ်းသွယ်တွေထဲက အဆောက်အအုံတွေမှာ ကိုယ်ပိုင်ကား ရပ်နားဖို့ လုံလောက်တဲ့ ကားပါကင်ရှိရင် လမ်းပေါ်မှာ ကားတွေမရပ်တော့ဘူးပေါ့။ ဒါဆိုရင် ယာဉ်ကြောပိတ်တာတွေလည်း နည်းသွားမယ်။ ဒီညွှန်ကြားချက်က ကားရပ်နားဖို့ အခက်အခဲရှိတဲ့နေရာတွေမှာ အဓိကလုပ်သင့်ပါတယ်။ ပြီးတော့ ရန်ကုန်မြို့က ကားကြောရှုပ်တတ်တဲ့ လမ်းဆုံဧရိယာအနီးတစ်ဝိုက်မှာ စီးပွားရေးအဆောက်အအုံတွေကိုလည်း လုံလောက်တဲ့ကားရပ်ဖို့ နေရာရှိမရှိ စိစစ်ပြီးမှ ခွင့်ပြုသင့် တယ်''ဟု ရန်ကုန်မြို့နေ အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့သည်။

Eleven Media Group

အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ တင်သွင်းခွင့်ပြုရန်ပြင်ဆင်


အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများအား ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ပြန်လည်တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ထုတ်ပြန်ထားချက်အရ အရက်၊ ဘီယာ၊ စီးကရက်၊ ကပ်စေးနှဲဖြင့်ပြုလုပ်သော မုန့်များ၊ ကိတ်၊ ချောကလက်၊ ဝေဖာနှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားသော ကုန်ပစ္စည်းများကို လက် ရှိတွင် ကန့်သတ်ထားသည်ဟုဆိုသော်လည်း နောက်ပိုင်းတွင် ဈေးကွက်လိုအပ်ချက်အရ တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း သိရသည်။

တင်သွင်းခွင့် ကန့်သတ်ထားသော ကုန်စည် ၁၅ မျိုးမှ ယခင်ကလည်း အချိုမှုန့်၊ အချိုရည်၊ ဘီစကွတ်မျိုးစုံ၊ စည်သွတ်ဗူးများ(အသားနှင့်သီးနှံ)နှင့် ခေါက်ဆွဲခြောက်အမျိုးမျိုးအား တင်သွင်းခွင့်ကန့်သတ်ထားရာမှ ပြန်လည်တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါကျန် ရှိနေသည့် အရက်၊ ဘီယာ၊ စီးက ရက်အပါအ၀င် ကန့်သတ်ထားသည့် ကုန်စည်များကို တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
''ကန့်သတ်ကုန် ၁၅ မျိုးမှာ အချိုမှုန့်အပါအ၀င် ၅ မျိုးကို ခွင့်ပြုပေးခဲ့ပြီးပါပြီ။ ထပ်ပြီးတော့ ကန့်သတ်ထားတဲ့ အရက်၊ ဘီယာ၊ စီးကရက်အပါအ၀င် ကန့်သတ်ကုန် ၈ မျိုးကို ဈေးကွက်လိုအပ်ချက်အရ နောက်ပိုင်းမှာ ပြင်ဆင်ခွင့်ပြုသွားဖို့ ရှိပါတယ်။ ခွင့်ပြုဖို့ရှိကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားတာပါ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

အရက်၊ ဘီယာ၊ စီးကရက်အပါအ၀င် ကန့်သတ်ထားသော ကုန်စည်များမှာအမည်အရသာ ကန့်သတ်ထားသည်ဟု ပါရှိသော်လည်း ဈေးကွက်အတွင်း၌မူ တရားမ၀င် ၀င်ရောက်ကာ တရားဝင်နီးပါး ရောင်းချနေသည့်အတွက် နိုင်ငံတော်မှ အခွန်ရရှိမှု နစ်နာခြင်းသာဖြစ်ပေါ်နေကြောင်းကိုလည်း သွင်းကုန်လုပ်ငန်းရှင်များက ထောက်ပြခဲ့ကြပါသည်။

''ပထမတစ်ကြိမ်တုန်းက အချို မှုန့်အပါအ၀င် ကန့်သတ်ထားတဲ့ ကုန်စည် ၅ မျိုးတင်သွင်းခွင့်ပေးတယ်။ အခု အရက်၊ ဘီယာ၊ စီးက ရက်အပါအ၀င် ကန့်သတ်ထားတဲ့ ကုန်စည် ၈ မျိုးကို ဈေးကွက်လိုအပ်ချက်အရ ခွင့်ပြုဖို့ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။ အချို့မှုန့်အပါအ၀င် ကန့်သတ်ကုန် ၅ မျိုးကလည်း ကန့်သတ်ထားတာပဲရှိတယ်။ အခွန်မဲ့ မှောင်ခိုဝင်ပြီး တရားဝင်ရောင်းနေတာပဲ။ ဒီလိုပဲ အရက်၊ ဘီယာ၊ စီး ကရက်လည်း တရားမ၀င်သွင်းပြီး တရားဝင်ဆိုင်တွေမှာ ရောင်းနေတာပဲ။ ဒီတော့ တကယ်တမ်း နိုင်ငံတော်က အခွန်မရတာပဲရှိတယ်။ ကျန်တာက ဘာမှမထူးဘူးလေ။ အခုလိုခွင့်ပြုဖို့ ပြင်ဆင်တာကမှ နိုင်ငံတော်အခွန်ရဦးမယ်''ဟု စားသောက်ကုန်တင်သွင်းသူလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

Eleven Media Group

ပြည်တွင်းဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်း ကျပ်ခုနှစ်သိန်းငါးသောင်း အထက်သို့ရောက်ရှိ

photo- google image
ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစ၍ ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်း ကျပ်ခုနစ်သိန်းငါးသောင်းအထက်သို့ စတင်ရောက်ရှိကာ အရောင်းအ၀ယ်ပြုနေကြောင်း သတင်းရရှိပါသည်။



ယခု ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေဈေးနှုန်းမှာ ဇန်န၀ါရီလ ဒုတိယပတ်မှစတင်၍ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းအထက်သို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဇန်န၀ါရီလ ၁၁ ရက်နေ့မှစ၍ ကျပ်ခုနစ်သိန်း နှစ်သောင်းအထက်သို့ လည်းကောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ကျပ်ခုနစ်သိန်း သုံးသောင်းအထက်သို့ လည်းကောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ကျပ်ခုနစ်သိန်း လေးသောင်းအထက်သို့ လည်းကောင်း ဈေးနှုန်းအသီးသီးရောက်ရှိခဲ့ကြကာ အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြသည်။

သို့ရာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်၍လည်း အခေါက် ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျင် ကျပ်ခုနစ်သိန်းငါးသောင်းအထက်သို့ ထပ်မံဈေးနှုန်းတက်ကာရောက်ရှိခဲ့ပြီး ယင်းနေ့နံနက်ပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ်ခုနစ်သိန်း ငါးသောင်း လေးထောင့်ငါးရာကျပ်ဖြင့် ဈေးကွက်၌ ရွှေဈေးနှုန်းစတင်ဖွင့်ခဲ့ရာမှ ညနေပိုင်းတွင်မူ ကျပ်ခုနစ်သိန်းရှစ်ထောင်ဖြင့် ဈေးပိတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း ယင်းဈေးနှုန်းဖြင့်ပင် ဆက်လက်အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြသည်။

အလားတူ နိုင်ငံတကာဈေးကွက်တွင်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နယူးယောက်ပေါက်ဈေးမှာ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၃၄ ဒသမ ၁၀ သာရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ရွှေတစ်အောင်စလျင် အမေရိကန် ဒေါ်လာ ၁၇၀၀ အထက်သို့ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်မူ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၈၀ ဒသမ ၁၀ ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်း၌ ယခုကဲ့သို့အခေါက် ရွှေတစ်ကျပ်သားဈေးနှုန်း ကျပ်ခုနှစ်သိန်း ငါးသောင်းအထက် ရောက်ရှိခဲ့သည့်အပေါ် ရွှေလုပ်ငန်းရှင်များက နိုင်ငံတကာ ရွှေဈေးနှုန်းများမြင့်
တက်ခြင်းကြောင့် သက်ရောက်ခြင်းဖြစ်ကြောင်း သုံးသပ်ပါသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်း ငါးသောင်းရှစ်ထောင်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်း တစ်သောင်းဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

Eleven Media Group

အင်းလေးကန်အတွင်း ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ်အသုံးပြုရန် မသင့်လျော်သည့် အခြေအနေတွင် ရှိနေ

အင်းလေးကန်တစ်နေရာကို ၂၀၁၁ ခုနှစ်အတွင်းက တွေ့ရစဉ်

အင်းလေးကန်အတွင်း ရေပြင်ဧရိယာ ကျဉ်းမြောင်းလာကာ တစ်နှစ်ထက်တစ်နှစ် ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြုရန် မသင့်တော်သည့်အခြေအနေတွင်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။

''အင်းလေးကန်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကန်ရေပြင် တဖြည်းဖြည်း ကျဉ်းမြောင်းလာသလို ရေအရည်အသွေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အရင်နှစ်တွေတုန်းက အခြေအနေက သောက်ဖို့မသင့်တော်ပေမယ့် သုံးလို့ရနိုင်တဲ့ အနေအထားရှိသေးတယ်။ ခုနောက်ပိုင်းမှာ ကျန်းမာရေးရှုထောင့်အရ သုံးဖို့တောင် မသင့်တော်တော့တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီရေမှမသုံးရင် သုံးစရာရေမရှိလို့ မဖြစ်မနေသုံးနေရတယ်ဆိုရင်လည်း ဒီရေကိုသုံးနေရတဲ့အတွက် အကျိုးသက်ရောက်မှုက တိုက်ရိုက်မဟုတ် ရင်တောင် သွယ်ဝိုက်ပြီးလာနိုင်ပါတယ်။ ဒါတွေကို ဒေသခံတွေ သတိပြုသင့်ပါတယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါသည်။

ရေအရည်အသွေးကျဆင်းရ ခြင်းဖြစ်ပေါ်စေသည့်အကြောင်းရင်း များမှာ ပိုးသတ်ဆေးများအလွန်အ ကျွံသုံးစွဲလာခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှု များပြားလာခြင်း၊ ရေမှော်၊ ဗေဒါ၊ဒိုက်စသည်များ ဖွံ့ဖြိုးလာခြင်း၊ ရေခြံ(floating gardens) အဟောင်းများ စနစ်တကျ မဖယ်ရှားနိုင်ခြင်း၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားများ၏ စွန့်ပစ်ပစ္စည်းများ ပေါများလာခြင်း၊ မိလ္လာစနစ်များ ခေတ်မမီခြင်းနှင့် လက်ရက်ကန်းများတွင် အသုံးပြုသော ဆိုးဆေး(Dye)များအား ကန်အတွင်းစွန့်ပစ်ခြင်းများကြောင့်ဖြစ်ကြောင်းလည်း သိရသည်။

''အင်းလေးဝန်းကျင်က ဒေသခံတွေမှာ သဘာဝနဲ့မကိုက်ညီတဲ့ အသက်မွေးမှုတွေ ရှိနေတယ်။ စားဝတ်နေရေးက ခေတ်နဲ့လိုက်လျောညီထွေရှိအောင် မလုပ်တာလည်းပါတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးတယ်။ ခရမ်းချဉ်သီးအတွက် ဓာတ် မြေသြဇာတွေ အသုံးများလာတယ်။ အမှိုက်တွေ စည်းကမ်းမဲ့ပစ်တယ်။ စတဲ့အကြောင်းအရာတွေကြောင့် ရေအရည်အသွေး ကျကျလာတယ်။ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဒီရေတွေကို ဒေသခံတွေ သောက်သုံးနေတာဟာ သက်ရောက်မှုတွေ လာနိုင်တယ်။ ဒါကြောင့် ဒီရေတွေကို သောက်သုံးရေအဖြစ် မသုံးသင့်တဲ့အခြေအနေမှာ ရှိနေပါတယ်''ဟုလည်း UNDP မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်းလေးကန်သည် ၁၉၃၄ ခုနှစ် မြေတိုင်းမြေပုံများအရ ကန်အကျယ်အ၀န်းမှာ ၁၀၄ စတုရန်းမိုင်၊ ၂၀၀၅ ခုနှစ်တွင် ၈၇ ဒသမ ၅၄ စတု ရန်းမိုင်၊၂၀၀၇ ခုနှစ်တွင် ၆၃ စတု ရန်းမိုင်သာရှိတော့ကြောင်း ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနမှရရှိသော သတင်းများအရ သိရှိရသည်။

အင်းလေးကန်အတွင်း ရေ၀င်ချောင်း စုစုပေါင်း ၂၉ ချောင်းရှိကာ အဓိကစီးဝင်သည့်ချောင်းများမှာ နမ့်လတ်ချောင်း၊ နယ်ခြားချောင်း၊ ကလောချောင်းနှင့် ဘီလူးချောင်းတို့ဖြစ်ကာ ရေဆင်းဧရိယာစုစုပေါင်း ၁၄၂၂ စတုရန်းမိုင်ရှိကြောင်းလည်း သိရှိရသည်။

Eleven Media Group

ကြွေး တင်ရင်ပြည်သူတွေ ဆပ်မယ်

ကြွေး တင်ရင်ပြည်သူတွေ ဆပ်မယ်...


.ပုံ - ဘိုရှုပ်မူးကြီး ငသန်းရွှေ

photo- Mirror

Saturday, February 25, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ မန္တလေးသို့ ရောက်ရှိ






မန္တလေးမြို့မှ နာမည်ကျော်လူရွှင်တော် နှုတ်ခမ်းမွှေးဦးပါပါလေးက ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို လာရောက်ကြိုဆိုနေသည်ကို တွေ့ရစဉ်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်အပါအ၀င် အဖွဲ့ဝင် ၃၀ ကျော် မန္တလေးမြို့သို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရောက်ရှိနေပြီး လူမှုရေးလုပ်ငန်းများ ကို ၃ ရက်ကြာပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

၈၈မျိုးဆက်ကျောင်းသားများ၏ မန္တလေးခရီးစဉ်အတွင်း လူမှုရေး ပရဟိတလုပ်ငန်းများလုပ်ဆောင်ခြင်း၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်သွားမည်ဖြစ်ရာ ၈၈မျိုးဆက်ကျောင်းသားတစ်ဦးက''ကိုဂျင်မီနဲ့ကျွန်တော်တို့က ကြိုပြီးရောက်နှင့်နေ တာပါ။ ကိုမင်းကိုနိုင်အပါအ၀င် ကိုးဦးက မြစ်ကြီးနားကနေ လာကြတာ။ ကိုလှမျိုးနောင်က ရန်ကုန်ကနေလာတာ။ လူဦးရေစုစုပေါင်း ၃၀ ကျော် ၃၅ ယောက်လောက် ရှိပါမယ်။ ခရီးစဉ်အနေနဲ့ ဒီနေ့ရောက်တာနဲ့တောင် မြို့မဟာဂန္ဓာရုံကျောင်းတိုက် သွားမယ်။ နောက် ဘ၀အလင်းဆရာတော်နဲ့ တွေ့ပါမယ်။ ၂၆ ရက်နေ့မှာ ရမည်းသင်းနဲ့ မြင်းခြံဘက်သွားပြီး မန္တလေးမှာ ပြန်အိပ်မှာပါ။ ၂၇ ရက်နေ့မှာ မန္တလေးတောင်၊ ဘုရားကြီး၊ ကံတက်ကုန်း၊ မြ၀တီမင်းကြီးကျောင်းတိုက် စတဲ့နေရာတွေသွားပြီး နေ့လယ်ပိုင်းမှာ လူရွှင်တော်နှုတ်ခမ်းမွှေးပါပါလေးနဲ့ တွေ့ဆုံပါမယ်။ ၂၈ ရက်နေ့မှာတော့ ၃၄ လမ်း ရာပြည့်စာအုပ်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲ စာအုပ်အမှတ်တရလက်မှတ်ထိုးရောင်းချပွဲ လုပ်ပါမယ်။ အဲဒီနေ့ညနေပိုင်းမှာ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပွဲကို အိုရီယမ်တယ်လ်ဟောက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါ တယ်''ဟု ပြောကြားခဲ့သည်။

အောင်နိမိတ် ကို ဆောင်

အောင် နိမိတ် ကို ဆောင်

ဆန်း သစ် တဲ့ အတွေးတွေနဲ့

စု စု စည်း စည်း

ကြည် ကြည် ဖြူ ဖြူ မဲ ပေးကြ ပါ စို့။  ။


2015 ရွေးကောက် ပွဲ ကို နေရွှေသွေးအောင် က နေပြည်တော် က ၀င်ရောက် ယှဉ်ပြိုင်မည်

2015 ရွေးကောက် ပွဲ ကို ဗိုလ်ချုပ်မှုးကြီး (ငြိမ်း) သန်းရွှေ ၏ မြေး ဖြစ်သူ
နေရွှေသွေးအောင် က နေပြည်တော် က ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ၊ မည်သည့် ပါတီကို ကိုယ်စား ပြု ယှဉ်ပြိုင် မယ် ဆိုတာ ထုတ်ဖော်ပြောဆိုခြင်းမ ရှိ သေး လို့  သူ့ မိသား စု ၀င် တစ်ဦး က FNG ကို ပြောပါတယ်။


Freedom News Group(Burma)

ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ တို့ပဏာမသဘော တူညီမှု (၅)ချက် လက်မှတ် ရေးထိုး

ပြည်နယ် အဆင့်ငြိမ်း ချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် မွန် ပြည်သစ်ပါတီ တို့ မွန်ပြည်နယ်၊မော်လမြိုင်မြို့ Strand ဟိုတယ်တွင် ဖေဖော် ဝါရီ ၂၅ရက် က တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း သိရသည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲမှ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမသဘော တူညီမှု အတည်ပြုချက်(၅)ချက်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။


အဆိုပါအချက်(၅)ချက် သည်

(၁)နှစ်ဦးနှစ်ဘက်ပစ်ခတ်တိုက် ခိုက်မှုရပ်ဆိုင်းရန်ကိစ္စ၊

(၂)ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့်ဆွေးနွေးရန်အတွက် ကိုယ်စားလှယ် အဖွဲ့တရားဝင် ဖွဲ့စည်းပေးရန် နှင့် ဆွေးနွေးမည့် နေ့ရက်၊အချိန်နှင့် နေရာ တို့ကိုညှိနှိုင်း ရန်ကိစ္စ၊

(၃)ဆက်ဆံရေးဇုန်ကို နှစ်ဘက်သဘောတူ သည့်သင့်တော်ရာနေရာ၌ (လက်နက် မပါ) ထားရှိရန်ကိစ္စ၊

(၄)နှစ်ဖက်သ ဘောတူညီထားသော နယ်မြေများမှ အပ နယ်မြေကျော်လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးဆောင်ရွက်မည် နှင့်

(၅)နှစ်ဘက် သဘောတူညီမှု ညှိနှိုင်း ရရှိထားသည့် သတ်မှတ်နေရာများ တွင် နေထိုင်ရန်ကိစ္စ တို့ဖြစ်ကြောင်း သိရသည်။

အထက်ပါ အချက်(၅) ချက်ကို ဗိုလ်မှူးကြီးဌေးမြင့်အောင် ဦးဆောင်သည့်မွန်ပြည်နယ်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့်မွန်ပြည် သစ်ပါတီငြိမ်ချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးနိုင်ဒလမြေ တို့လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

Yangon Media Group