စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ၆ ရက် အစီအစဉ်


(ဓာတ်ပုံ - AP)

မေ ၂၉ အင်္ဂါ - ဘန်ကောက်လေဆိပ်ကို ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပါတယ်။ (အပေါ်ပုံ)

မေ ၃၀ ဗုဒ္ဓဟူး - ဒီမနက် မြန်မာပြည်အငယ်စား (little Burma) လို့ လူသိများတဲ့ ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသကို သွားပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံ ခရီးရဲ့ ပထမဆုံး အစီအစဉ် ဖြစ်ပါတယ်။ ဒီနေရာဟာ မြန်မာပြည်သားတွေ ထောင်သောင်းချီ ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ နေရာ ဖြစ်ပါတယ်။

နေ့ခင်းပိုင်း ဘန်ကောက်မြို့ Shangri-La ဟိုတယ်ကို ပြန်ပါမယ်။ ဟိုတယ်မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ/World Economic Forum ကို တက်ရောက်မှာပါ။

မေ ၃၁ ကြာသပတေး - ညီလာခံကျင်းပရာ ဟိုတယ်မှာ ရှိပါမယ်။

ဇွန် ၁ သောကြာ - ညီလာခံအစီအစဉ်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ Klaus Schwab နဲ့ ပြောဆိုဆွေးနွေးမှု ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်က World Economic Forum ကို အစပြု စီစဉ်ခဲ့သူပါ။
Asian Women as the Way Forward ဆိုတဲ့ အစီအစဉ်မှာ ၀င်ရောက်ဆွေးနွေးပါမယ်။ (မနက် ၁၁ နာရီ )

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လာရောက်ခဲ့ဖူးတဲ့ ထိုင်းအတိုက်အခံခေါင်းဆောင် အဖိဆစ်ဝေ့ချာချီဝ နဲ့တွေ့ပါမယ်။ (အချိန် မသိရသေး)

ဇွန် ၂ စနေ - ကရင်ပြည်နယ် မြ၀တီမြို့နားမှာ တည်ရှိတဲ့ မယ်လ/ဘဲကလော် ဒုက္ခသည်စခန်းကို သွားမှာပါ။
မဲဆောက်မြို့ ဒေါက်တာစင်သီယာဆေးခန်းကိုလည်း အရောက်သွားဖို့ အစီအစဉ်ရှိပြီး နယ်စပ်က တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့လည်း တွေ့ပါမယ်။

ဇွန် ၃ တနင်္ဂနွေ - ရန်ကုန်ကို ပြန်ပါမယ်။

ညွှန်း - The Nation - http://www.nationmultimedia.com/business/Full-four-days-for-Aung-San-Suu-Kyi-30183050.html

ဧရာဝတီဘလောက်

The Nation သတင်းစာဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုဖိုင်ကို ဒီမှာ ကြည့်နိုင်ပါတယ်။

Photo Gallery


Myanmar's democracy icon Aung San Suu Kyi arrived in Bangkok on Tuesday night, the first foreign trip in 24 years.

She is here to attend World Economic Forum scheduled Thursday until Friday. Here are the pictures of her arrival at Suvarnabhumi Airport
Nation Photo : Charnnarong Porndilokrad/Suphakit Khumkun/Thanis Sudto/Nanthasit Nitmatha and EPA





http://www.nationmultimedia.com/politics/Photo-Gallery-30183142.html

လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ လျှပ်စစ်မီးဓာတ်အားကြိုးများ သွယ်တန်းထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က တာဝါတိုင်များကို ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) က စုံစမ်းနေကြောင်း သိရသည်။

“လူထုအကျိုးပြုပစ္စည်းတွေကို KIA က သီးသန့်လိုက်ပြီးဖျက်ဆီးတာမျိုးတော့ မရှိဘူး။ အခု တာဝါတိုင်တွေပျက်စီးတယ်ဆိုတာ ကြား သိရတယ်။ ဒါကို ဘယ်အဖွဲ့ကနေ လုပ်သလဲ၊ ကျနော်တို့ ရှေ့တန်းက အဖွဲ့တွေကပဲ လုပ်သလားဆိုတာ မပြောနိုင်သေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ”ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီသို့ ပြောသည်။

KIA လက်ချက်ဟု စွပ်စွဲထားသော ပျက်စီးသွားသည့် ၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၂၀၇)(ဓာတ်ပုံ - မြန်မာ့အလင်း)
ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ကနိုင်းကျေးရွာအနီးရှိ ၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာ ဓာတ်အားလိုင်းမှ အမှတ် ၇၃၊ ၂၀၆၊ ၂၀၇၊ ၂၀၈ တာဝါတိုင်များ ယခုလ ၁၈ ရက်နေ့က မိုင်းခွဲဖျက်ဆီး ခံခဲ့ရပြီး လက်သည်မပေါ်ဘဲဖြစ်နေသည့် ထိုဖောက်ခွဲမှုအား အများ သိစေရန် KIO က စုံစမ်းနေခြင်းဖြစ်သည်။

ထိုနယ်မြေအတွင်း၌ အစိုးရတပ်များ၊ KIA ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) နှင့် အခြားလူမျိုးစု တပ်ဖွဲ့များလည်း လှုပ်ရှားနေကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်တာဝါတိုင်များ ပျက်စီးမှုနှင့် ပတ်သက်၍ အစိုးရက KIO လက်အောက်ခံ KIA တပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများကတဆင့် တိုက်ရိုက် စွပ်စွဲ ရေးသားထားသည်ကို တွေ့ရသည်။

အစိုးရအနေဖြင့် ပေါက်ကွဲမှုဖြစ်စဉ်တိုင်းအား KIA သို့ လွှဲချပြောဆိုခြင်းသည် လုပ်ထုံးလုပ်နည်းကဲ့သို့ ဖြစ်နေသော်လည်း“ဒီနယ်မြေ က တပ်တွေ အများကြီး လှုပ်ရှားနေတဲ့ နယ်မြေဆိုတော့ ဘယ်သူလုပ်တယ်ဆိုတာ ပြောရခက်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ထို့အတူ မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား၂ စီးကို ဆက်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ် ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် KIA ၏ လက်ချက်ဖြစ်ကြောင်း မေ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် စွပ်စွဲ ဖော်ပြ ခဲ့ပြန်သည်။

အဆိုပါ ကားကြီး၂ စီးသည် လက်နက်ငယ် ကျည်ဆန်များ ထိမှန်ခဲ့မှုကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့သော်လည်း ကားသမားများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ ထိုနေရာတွင် မပေါက်ကွဲသေးသည့် သံကိုယ်ထည် လက်ပစ်ဗုံးတလုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ မေ ၂၀ ရက်နေ့ နံနက်မှ စတင်၍ ယာဉ်များ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း သတင်းစာက ဖော်ပြထားသည်။

တိုက်ပွဲများကြောင့် မူဆယ် လားရှိုးလမ်း အပါအဝင် ကချင်ပြည်နယ်အတွင်း ဖြတ်သန်းသော လမ်းတချို့ကို KIA လက်အောက်ခံ နယ်မြေခံ တပ်ရင်းတချို့က ရှေ့တန်းစစ်မြေပြင် တပ်မှူးများ၏ တင်ပြချက်များအရ လုံခြုံရေးအရ ယာယီပိတ်ထားလိုက်ပြီဖြစ် ကြောင်း ပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရနှင့် KIA တို့ တရက်လျှင် တိုက်ပွဲ ဖြစ်ပွားမှု ၅ နေရာခန့် နေ့စဉ် ရက် ဆက် ပုံမှန်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ကချင်ဒေသ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်တွင် တွေ့ဆုံခဲ့ကြသည်။

မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို အစိုးရက အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIO ခေါင်းဆောင်များ ပထမအကြိမ် တွေ့ဆုံ ခဲ့ခြင်း လည်း ဖြစ်သည်။

အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဂွမ်မော်က “တွေ့ဆုံဖို့အတွက် အစီအစဉ်လုပ်တာ လောက်ပဲ ရှိသေးတယ်။ ဆွေးနွေးပွဲအဆင့်ကို မရောက်သေးဘူး။ အခုမှ အလွတ်သဘော တွေဆုံမှုတွေ လုပ်ဖို့ ကျနော်တို့ ညှိနှိုင်း နေပါတယ်”ဟု ပြောသည်။

အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၁၁ နိုဝင်ဘာ၊ ၂၀၁၂ ဇန်န၀ါရီနှင့် မတ်လတို့တွင် ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြသော် လည်း ရေရာသည့် သဘော တူညီချက် တစုံတရာမရရှိသေးပေ။ ထိုတွေ့ဆုံပွဲများတွင်လည်း ဒေသတွင်း တိုက်ခိုက်ရေး ဘက်မှ အရေးပါသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ကိုယ်တိုင် တက်ရောက်ခြင်းမရှိကြောင်း KIO က ပြောသည်။

ရွှေလီမြို့ တွေ့ဆုံဆွေးနွေးမှုတွင်လည်း KIO ဘက်က တောင်းဆိုထားသည့် ထိုးစစ်ဆင်နေသော တပ်များကို ရုပ်သိမ်းပေးရန်နှင့် နှစ် ဖက် သဘောတူ လက်မှတ်ရေးထိုးရာတွင် အခိုင်မာဖြစ်စေရန် နိုင်ငံတကာ၏ စောင့်ကြပ်မှုအောက်တွင် သက်သေထူ လက်မှတ် ရေးထိုးကြရန် တောင်းဆိုမှုကို အစိုးရဘက်က လိုက်လျောမှုမပြုနိုင်သဖြင့် ငြိမ်းချမ်းရေး အလှမ်းကွာနေခြင်းဖြစ်ကြောင်း ကချင်ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် KIO တို့က ပြောဆိုကြသည်။

ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ကို ရောက်ရှိလာ


(ဓာတ်ပုံ - Eleven Media Group - Facebook)


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီမနက် ထိုင်းစံတော်ချိန် ၉း၄၅ မီနစ် တွင် မြန်မာအလုပ်သမားများဆုံး လုပ်ကိုင်နေတဲ့ မဟာချိုင် ပုဇွန်းဈေးကို ရောက်ရှိလာခဲ့ပါတယ်။
ဈေးမှ လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားများရဲ့ ကြိုဆို မှုများကတော့ တကယ်ကို ၀မ်းသာစရာမြင်ကွင်းလေးပါဘဲ။

(ဓာတ်ပုံ - Eleven Media Group - Facebook)
လုံခြုံရေးအစောင့်များကလဲ စနစ်တကျ နေရာယူပေးထားပါတယ်။ နိုင်ငံတကာ သတင်းထောက်များနှင့်အတူ ထိုင်းနိုင်ငံ သတင်းထောက်များကလဲ သတင်းယူကာ ထိုင်း PBS TV လိုင်းကနေထုတ်လွှင့်ပေးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အချိန်မှာတော့ ထိုင်းနိုင်ငံရောက်မြန်မာများက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို ဟစ်အော်ကြွေးကြော်၍ ဓာတ်ပုံများကိုင်ဆောင်ပြီ ကြိုဆိုနေကြတာကိုလဲ တွေမြင်၇ပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ပုဇွန်းဈေးက အဆောက်အဦး တစ်ခုကနေ မိန့်ခွန်းပြောဆိုပါတယ်။ ကြိုဆိုသူ တွေများပြားတဲ့အတွက် လုံခြုံရေးကလဲ အထူးယူထားတာကိုလဲတွေမြင်နေရပါတယ်။

(ဓာတ်ပုံ - Eleven Media Group - Facebook)
(ဓာတ်ပုံ - DVB TV News - Facebook)
(ဓာတ်ပုံ - Prachatai - facebook)
(ဓာတ်ပုံ - Eleven Media Group - Facebook)
(ဓာတ်ပုံ - Prachatai - facebook)
(ဓာတ်ပုံ - Prachatai - facebook)
(ဓာတ်ပုံ - Eleven Media Group - Facebook)


ဧရာဝတီ

မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်


(ဓာတ်ပုံ- RFA- မင်္ဂလာဒုံလေဆိပ်၌ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည့် အကြောင်း လဝက ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက သတင်းထောက်များအား ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်တွင် ရှင်းလင်းပြောကြားနေစဉ်။)
2012-05-29

ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စေဖို့အတွက် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ နိုင်ငံပေါင်း ၂၀ ကျော်က လုပ်ငန်းရှင်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီ့း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ဆက်သွယ်မေးကြည့်ရာမှာ -

" Business visa နဲ့ဆိုရင် ကျွန်တော်တို့က အခုပေးတဲ့ ဥစ္စာက အာဆီယံ ၁၀ နိုင်ငံနဲ့ပေါင်းလို့ရှိရင် စုစုပေါင်း နှစ်ဆယ့်ခြောက်လေ။ အဲတာကို ကျွန်တော်တို့က ဆိုက်ရောက်ဗီဇာ ရန်ကုန်လေဆိပ်မှာ ပေးမယ်။ ဒီ Business visa တစ်ခုပဲပေးမယ်။ ကျန်တဲ့ ဗီဇာတွေ သူတို့မနိုင်သေးဘူးလေ၊ ဖြေးဖြေးချင်း ဖြစ်လာမယ်"

အခုအစီအစဉ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ သြစတေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဆိုက်ရောက်ဗီဇာ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဗီဇာကြေးက အမေရိကန် ဒေါ်လာ ၅၀ ဖြစ်ပြီး ရက်ပေါင်း ၇၀ နေထိုင်ခွင့်ရရှိမယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က အလားတူ ဆိုက်ရောက်ဗီဇာကိစ္စ စီစဉ်ခဲ့ပေမယ့် အဲဒီနှစ် ရွေးကောက်ပွဲ မတိုင်မီမှာဘဲ ဖျက်သိမ်းခဲ့ပါတယ်။

 RFA

၂၄ နှစ်အတွင်း ပထမဦးဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ရောက်ရှိ (ရုပ်သံ)


ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ TG 306 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဒေသစံတော်ချိန် ည ၉နာရီ မိနစ် ၃၀ အချိန်တွင် ရောက်ရှိခဲ့ပါသည်။

ထိုသို့ ရောက်ရှိစဉ် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည်သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နောက် သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသော ဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့၌
နေထိုင်စဉ်ကာလအတွင်း World Economic Forum on East Asia 2012 ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာ ဟိုတယ်၌ပင် ခေတ္တတည်းခိုမည် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ TG 306 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဒေသစံတော်ချိန် ည ၉နာရီ မိနစ် ၃၀ အချိန်တွင် ရောက်ရှိခဲ့ပါသည်။ ထိုသို့ ရောက်ရှိစဉ် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ပြီး နောက် သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသော ဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့၌ နေထိုင်စဉ်ကာလအတွင်း World Economic Forum on East Asia 2012 ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာ ဟိုတယ်၌ပင် ခေတ္တတည်းခိုမည် ဖြစ်ပါသည်။

မေလ ၂၉ ရက်နေ့ညပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ဘန်ကောက်လေဆိပ်မှာ စောင့်မျှော်နေကြသူ ကြိုဆိုသူတွေ၊
Bay Dah
မြန်မာပြည် က စတုတ္ထ မဏ္ဏိုင် ဆိုပြီး သတင်းထောက် မာန် တက် နေ တဲ့ မနေ့တနေ့၊ ဒေါ်စု စည်းရုံးရေး ဆင်း မှ နာမည်လေး ရ လာ တဲ့ Paparaza အဆင့်လောက် ရှိ တဲ့ ဓါတ်ပုံဆရာ ယောင် ကိုယ့်ကို ကိုယ် သင်းထောက် နာမည် ယူ ထား သူ တွေ၊ တွေ့ပြီလား ၊ သူများတိုင်း ပြည် က၊ သတင်းထောက်တွေ၊ လုံခြုံရေး အစီအစဉ် ကို ဘယ်လို အလေးထား တယ် ဆို တာ၊ ဒေါ်စု သွားမဲ့ လမ်းကြောင်း ကို ပိတ်ပြီး ဓါတ်ပုံ မ ရိုက် ဘူး၊ လုံ ခြု ရေး စည်း အပြင် က ဘဲ ဓါတ်ပုံ ရိုက် ကြ တယ်။ သူတို့နေရာ သူတို့ သိ တယ်။

အဲဒီတော့ မြန်မာပြည် က သတင်းထောက် အမည်ခံ ဓါတ်ပုံဆရာ တ္မေ ၊ ကိုယ်နေရာ ကိုယ် သိ ကြ ပေါ့။ တခုခုဖြစ်ရင် ကျီးတွေလို ဝိုင်းအာ မ နေ နဲ့။


43 minutes ago · Like · 4
Bay Dah Thai women secret agent!! great!!!
42 minutes ago · Like · 2

NyiToe Aung အဲဒီကောင်မလေး ညာဘက်ခါးမှာ ၉ မမ ပစ္စတိုတလက်ပါတယ်။
36 minutes ago · Like · 5

Philosophermg Myathar
အမေစုကို ထိုင်းအထူးလုံခြုံရေးအဖွဲ့က အထူးအစီအစဉ်နဲ့စောင့်ရှောက်ပေးတာတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းကပုဂ္ဂိုလ်တွေက အထူးအလေးထားစောင့်ရှောက်ပေးတာ ..ပြည်တွင်းက မီဒီယာတွေ lobbyလုပ်ထားသလားမှ မသိတာ ..အဟီးဟီး သိပ်ရီရတယ်... ဒါကြောင့်ကျနော်ပြောခဲ့ပါတယ်..ပေါက်စ လေးတွေကို ..ဘ၀မမေ့နဲ့ ..ဘ၀င်မမြင့်နဲ့လို့.. ဘ၀မေ့ပြီးဘ၀င်မြင့်ရင် ရူး တတ်တယ်လို့ ...ကျနော်အဲလို ဘယ်သူကိုပြောခဲ့လည်းသိချင်ရင် ပြည်တွင်းကပေါက်စ သတင်းမီဒီယာလေးများကို မေးမြန်းကြည့်တော်မူပါ..

EMG မှ ကွန်မင့်များကို အများသိစေရန်ဖော်ပြအပ်ပါသည်.။


ဖယောင်းတိုင်မီး သံလျင်ကို ကူးပြီ


ရန်ကုန်မြို့က ဖယောင်းတိုင်မီးထွန်း ဆန္ဒပြမှုဟာ တဘက်ကမ်းမှာရှိတဲ့ သန်လျင်မြို့ကိုလည်း ကူးစက်သွားပါတယ်။



လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် တနင်္ဂနွေနေ့ညက ငြိမ်းချမ်းစွာ လမ်းလျှောက်တောင်းဆိုခဲ့ကြပုံကို ဧရာဝတီ ရုပ်သံမှာ တင်ဆက်ထားပါတယ်။

ဧရာဝတီ

Tuesday, May 29, 2012

အစာငတ်ခံ ဆန္ဒပြနေသော သံရည်ကျို စက်ရုံလုပ်သားများကို အကူအညီပေးနေသည့် အဖွဲ့အစည်းများက မေတ္တာရပ်ခံခဲ့သဖြင့် အစာငတ်ခံဆန္ဒပြမှုကို ၈၄ နာရီအကြာတွင် ယာယီဆိုင်းငံ့ခဲ့ကြောင်း သိရ


အစာငတ်ခံ ဆန္ဒပြနေသော မြောင်းတာကာစက်မှုဇုန်၊ သံရည်ကျိုစက် လုပ်သားများအနေဖြင့်  အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်၏ ညှိနှိုင်းပေးမှုကြောင့် စက်ရုံဘက်မှ လုပ်ခလစာအား တစ်နေ့ ကျပ် ၂၁၀၀ အထိ ပေးအပ်ခဲ့ပြီး လုပ်သားများဘက်မှ သဘောတူလက်ခံလိုသည့် ဆန္ဒမရှိသော်လည်း ယင်းတို့အား ကူညီမှုပေးနေသည့် အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံမှုကြောင့် ဆန္ဒပြမှုအား ယာယီရပ်ဆိုင်းလိုက်ကြောင်း မေလ ၂၈ရက်နေ့တွင် သတင်းရရှိပါသည်။

အလုပ်သမားများ အနေဖြင့် စက်ရုံဘက်မှ တိုးမြှင့်ပေးသော ကျပ် ၅၈၀၀၀ အား လက်မခံရသည့် အကြောင်းရင်းမှာ စက်ရုံဘက်မှ လစာတိုးမြှင့်ပေးသော်လည်း ယခင်ကဲ့သို့ နေစရာ၊ စားစရာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးများအား လုံးလုံးလျားလျား မပေးတော့သည့် အပြင် ကျပ်ငါးသိန်းကျော် လစာရရှိသည့် အလုပ်သမားခေါင်းဆောင်များ၏ လစာကိုပါ အခြေခံဝန်ထမ်း များနည်းတူ တပြေးညီ သတ်မှတ် ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

“လုပ်ခလစာတိုးပေးပေမဲ့ နေစရာ ၊စားစရာ ၊ အချိန်ပိုကြေး ၊ ရက်မှန်ကြေးမပေးတော့ ကျွန်တော်တို့ မိသားစုဝင်တွေ ဘာနဲ့ ရပ်တည်မလဲ။ အားလုံးကဆက်လက်ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပေမဲ့အလုပ်သမား ညွှန်ချုပ် ၊ရွှေည၀ါဆရာတော်၊၈၈ မျိုး ဆက်အဖွဲ့တွေရဲ့ မေတ္တာရပ်ခံမှု ကြောင့် ဆန္ဒပြမှုကိုယာယီရပ်ဆိုင်း ပြီး ကျွန်တော်တို့ရဲ့တောင်းဆိုမှုကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ သုံးရက်ကြာ ညှိနှိုင်းပါမယ်၊ပြီးရင် ခုံသမာဓိရုံးမှာတင်ပြပါမယ်။ ဒီဆုံးဖြတ်ချက်ကိုမှ အားလုံးကသဘောမတူနိုင်ရင် ဆန္ဒပြမှုပြန်လည် စတင်ပါမယ်၊ အခုအချိန်မှာတော့ စက်ရုံ လုပ်သားအားလုံး စက်ရုံထဲ ပြန်ရောက်သွားပါပြီ”ဟု အလုပ်သမားခေါင်းဆောင် ကိုနော်အောင်က ပြောသည်။

အစာငတ်ခံဆန္ဒပြသူ တစ်ဦးအား ဆိုင်ကယ်ဖြင့် တင်ဆောင်လာစဉ်

ဆန္ဒပြမှုအား မေလ ၂၈ ရက်နေ့ ည ၇ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သော်လည်း အစာငတ်ခံ ဆန္ဒပြသူ ၄၁ ဦးမှာ မေလ ၂၈ ရက်နေ့ ည ၉ နာရီအချိန်တွင်မှ ရုတ်သိမ်းခဲ့ခြင်းဖြစ်ကာ အစာငတ်ခံ ဆန္ဒပြချိန် ၈၄ နာရီ ကြာမြင်ခဲ့ ကြောင်း သိရှိရပါသည်။

၈၄ နာရီကြာ အစာငတ်ခံဆန္ဒပြသူများထဲမှ တစ်ဦးကို တွေ့မြင်ရစဉ်

မှော်ဘီမြို့နယ်၊မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန်သရဖူသံမဏိ သံရည်ကျိုစက်ရုံတွင်မေလ ၂၀ ရက် နေ့မှစတင်၍ လုပ်သားအင်အား၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ ပြီး လုပ်သားများ၏ တောင်းဆိုချက်အား စက်ရုံတာဝန်ရှိသူများမှ လိုက်လျောမှု မပေးသဖြင့်မေလ ၂၅ ရက်တွင် စက်ရုံလုပ်သား ၂၅ ဦးမှစတင်၍ အစာငတ်ခံ ဆန္ဒပြခဲ့ပြီးလုပ်သားများ ၏ဆန္ဒအရ အစာငတ်ခံဆန္ဒပြ လုပ်သားဦးရေ ၄၁ဦးအထိ တိုးမြှင့်လာခဲ့ကာ လက်ရှိကာလတွင် အစာငတ်ခံ ဆန္ဒပြမှုနှင့် ဆန္ဒပြမှုများအား ယာယီရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။ စတင် အစာငတ်ခံဆန္ဒပြသူ လေးဆယ့်တစ်ဦးအနက် လုပ်သား အများစုမှာ ကျန်းမာရေး ချို့ယွင်းလာနေပြီး ဆေးကုသမှုခံယူသူ ၁၃ဦးအထိ ရှိလာနေပြီဖြစ်ကာ အလုပ်သမားသုံးဦးမှာ ရန်ကုန် ဆေးရုံကြီးသို့ သွားရောက်ကုသမှု ခံယူနေကြောင်း သတင်းရရှိပါသည်။

Eleven Media Group

မြန်မာ့လျှပ်စစ်လိုအပ်ချက်အတွက် ဂျပန်က ၁၂၀ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင်သုံးလုံးကို ငှားရမ်းရန် သဘောတူ လိုက်ပြီ




ဂျပန်နိုင်ငံ တိုကျိုမြို့၌ အာရှ၏ အနာဂတ်ရေးရာ (၁၈) ကြိမ်မြောက်နိုင်ငံတကာ ကွန်ဖရင့်သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလို အပ်မှု အထောက်အကူပြုနိုင်ရန် ၁၂၀ မဂ္ဂါဝပ်ဓာတ်ငွေ့ တာဘိုင်သုံးလုံးကို ဂျပန်က ငှားရမ်းရန် သဘောတူညီ ကြောင်း သိရှိရသည်။

တိုကျိုမြို့၌ ၂၄-၅-၂၀၁၂ ရက်မှ ၂၅-၅-၂၀၁၂ ရက်ထိ ကျင်းပသော ယင်းကွန်ဖရင့်၌ ပြည် ထောင်စုဝန်ကြီး တက်ရောက်ပြီးနောက် ၂၄-၅-၂၀၁၂ ရက်တွင် ၈ျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ၀န်ကြီးနှင့်လည်းကောင်း၊ ၂၅-၅-၂၀၁၂ ရက်တွင် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်လည်းကောင်း တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် လတ်တလောကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကို ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ဂျပန်နိုင်ငံမှ 120 MW ဓာတ်ငွေ့တာဘိုင်သုံးလုံးကို မြန်မာ နိုင်ငံအနေဖြင့် ငှားရမ်းအသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ သဘောတူညီမှုကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 ပြည်မြန်မာသတင်းဂျာနယ်

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ်
မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)


ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။

Yangon Press International


ဝန်ကြီးဦးခင်ရီက ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ကြောင်း ပြောကြားခဲ့တဲ့အတွက်..။ ကျေနပ်ဝမ်းသာပါတယ်..။

သို့သော် အောက်ပါမေးခွန်းများ၏ အဖြေများကြောင့် ..မလေးစားနိုင်ပါ။

ဒါပေမယ့် .. ယခင်စစ်အစိုးရက ထိပ်တန်း ရဲချုပ်ရာထူးရှိခဲ့သူတစ်ဦးဖြစ်ခဲ့သူ ဦးခင်ရီကို တစ်ခုမေးစရာရှိပါတယ်..။

ယခင်စစ်အစိုးရလက်ထက်မှာ ကော့ဘဇား၊ စစ်တကောင်းဘက်က ဘင်္ဂလီ (ရိုဟင်ဂျာ) တွေ မြန်မာပြည်တွင်းကို စိမ့်ဝင်ပျံနှံ့ပြီး မည်သူ့ထောက်ခံချက်နဲ့ နေထိုင်အခြေချပြီး ရန်ကုန်မှာ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေအဖြစ် ဘယ်သူ့အကာအကွယ်နဲ့ ရပ်တည်ခဲ့ကြပါသလဲ..။

ယခင် အစိုးရလက်ထက်၊ ဦးခင်ရီ ရဲချုပ်အဆင့်ရှိချိန်မှာ ဘင်္ဂလီလူမျိုးများ ရှယ်ယာပိုင်ဆိုင်တဲ့ ကုမဏီတစ်ခုဖြစ်တဲ့ Naing Group ဆောက်လုပ်ရေးက ကုန်သည်လမ်းရှိ လမ်းမတော်ရဲစခန်းကို ဘာ့ကြောင့် ခမ်းနားစွာ တည်ဆောက်လှူဒါန်းခဲ့ပါသလဲ..။ (Naing Gruop မှ လှူဒန်းသည်ဟုသော ကဗည်း ယခင်က ရှိပါသည်။ ယခုမသိပါ။)

ပြည်တွင်းက လောက်လုပ်ရေးလုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ လျှပ်စစ်ပစည်းနှင့် ကွန်ပျူတာပစ္စည်းတင်သွင်းခြင်း အစရှိသော စီးပွားရေးလုပ်ငန်းများကို ၄င်းတို့မှ မည်ကဲ့သို့ နိုင်ငံသားခံယူပြီး လုပ်ကိုင်ခဲ့ပါသလဲ..။ အဘယ့်ကြောင့် လုပ်ပိုင်ခွင်များစွာ ရရှိနေပါသလဲ..။

ယခု ၀န်ကြီးဖြစ်နေစဉ်အတွင်း ရိုဟင်ဂျာ (ဘင်္ဂလိ) နှင့်ပတ်သတ်သည့် Immigration Issue ဆိုင်ရာ ပြဿနာများကို ပြည်သူနှင့် နိုင်ငံတကာသို့ သို့ မည်သည့်အချိန်တွင် ပွင့်လင်းမြင်သာစွာ ရှင်းလင်းထုတ်ပြန်ပေးမည်နည်း..။

အစရှိသော မေးခွန်းများကို မေးလိုကြောင်းပါ ခင်ဗျား..။


Yan Aung

မေ ၃၀ ရက် (ဗုဒ္ဓဟူး) ညတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ CDMA 450MHz နှင့် CDMA 800MHz မိုဘိုင်းဖုန်းများ ဆက်သွယ်မှု မိနစ် ၂၀ ခန့် ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း


မေ ၃၀ ရက် (ဗုဒ္ဓဟူး) ညတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ CDMA 450MHz နှင့် CDMA 800MHz မိုဘိုင်းဖုန်းများ ဆက်သွယ်မှု မိနစ် ၂၀ ခန့် ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းက အသိပေးထုတ်ပြန်ထားသည်။
မြန်မာ့ဆက်သွယ်ရေး၏ အသိပေးထုတ်ပြန်ချက် အပြည့်အစုံကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

Photo by Myo Min Twin

ဆန္ဒပြအလုပ်သမားတွေရဲ.အခြေအနေပါ -By/ Myo Min Thwin

အစာအငတ်ခံဆန္ဒပြနေတဲ. အလုပ်သမားနှစ်ဦးရဲ. ကျန်းမာရေးအခြေအနေတွေပါ
By: Myo Min Thwin

ရန်ကုန် တိုင်း မှော်ဘီ မြို့ မြောင်းတကာ ရှိ ဆန္ဒပြ စက် က်ရုံမှ အလုပ်သမားများ အစာငတ်ခံဆန္ဒပြနေခြင်းသည် ယနေ့  နာရီပေါင်း ၈၀
ရှိ သွား ပြီ ဖြစ်ပါသည်။

ညစဉ်ဆန္ဒထုတ်ဖော်သူတွေထဲက လူငယ်ခေါင်းဆောင် ၁၁ ဦးကို မနေ့က မွန်းလွဲ တစ်နာရီမှာ ခရိုင်ရဲမှူးကြီးအပါအ၀င် မြို့နယ်အာဏာပိုင်တွေက ပုသိမ်ဝန်ကြီးရုံးကို ခေါ်ယူခဲ့ပြီး ၃ နာရီကြာ မေးမြန်း




ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ပုသိမ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီးအချိန်ပြည့် ရရှိရေးအတွက် ညစဉ်ဆန္ဒထုတ်ဖော်သူတွေထဲက လူငယ်ခေါင်းဆောင် ၁၁ ဦးကို မနေ့က မွန်းလွဲ တစ်နာရီမှာ ခရိုင်ရဲမှူးကြီးအပါအ၀င် မြို့နယ်အာဏာပိုင်တွေက ပုသိမ်ဝန်ကြီးရုံးကို ခေါ်ယူခဲ့ပြီး ၃ နာရီကြာ မေးမြန်းခဲ့တာဖြစ်တယ်လို့ မိသားစုဝင် တစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။

"၁၁ ယောက်ကို ခေါ်တာကကြတော့ သူတို့မှာ တကယ်ကို မရှိလို့ မပေးရတာပါပေါ့ နောက် တခြားကိစ္စတွေလည်း ဆွေးနွေးတယ်၊ ခင်ဗျားတို့ပေါ့ ဒီလို ဆန္ဒဖော်ထုတ်နေပြီဆိုလို့ရှိရင် ကျနော်တို့က ဘယ်လိုပံ့ပိုးပေးရမလဲ ဘယ်လိုလုပ်ပေးရမလဲ၊ သူတို့ကို တစ်ယောက်ချင်းခေါ်ပြီးတော့ ဘာကြောင့် ဒီလိုမျိုးလုပ်ရတာလဲ၊ သူများမြို့လုပ်လို့လုပ်တာလား၊ခင်ဗျားတို့ဆန္ဒတကယ်ပါလို့လုပ်တာလား၊ ဘယ်လိုဖြစ်လို့လုပ်တာလည်းဆိုတာကို ခရိုင်ရဲမင်းကြီးရယ်၊ လျှပ်စစ်ရုံးက အရာရှိတွေရယ်၊ နောက်တခါကြတော့ စီအိုဘီ ရယ် ဒန ရယ်၊ အရာရှိတွေပဲ ပါတာ။ ဘာကြောင့် အခုလိုမျိုး ဆန္ဒပြတာလည်း၊ ဘယ်သူက ပြခိုင်းလို့ပြတာလဲဆိုတော့ဆန္ဒပြတာမဟုတ်ဘူးတဲ့ ပြည်သူရဲ့ဆန္ဒကို ဖော်ထုတ်တာပါတဲ့၊ ကျနော်တို့ကနေဆိုပြီးတော့ အဲ့ဒီ ၈၈ ကျောင်းသားခေါင်းဆောင် တစ်ယောက်ကနေ ထပြောတယ်။"

မေးမြန်းခံခဲ့ရသူ ၁၁ ဦး ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အဖွဲ့ဝင် ကိုချစ်အေး ကိုဇော်မိုး ကိုဝင်းနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကျော်စွာ တိုပါဝင်ခဲ့ ပြီးမီးအချိန်ပြည့်ရရှိဖို့ရက်သတ္တနှစ်ပတ်စောင့်ဖို့ ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

ညပိုင်းမှာတော့ ခေါ်ယူမေးမြန်းခံခဲ့ရတဲ့လူငယ်ခေါင်းဆောင်တွေနဲ့ ဒေသခံပြည်သူတွေဟာ နေ့စဉ်ပုံမှန်
ဆန္ဒထုတ်ဖော်နေကြအတိုင်းပုသိမ်မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီးအချိန်ပြည့်ရရှိရေး ဆက်လက်ဆန္ဒထုတ်ဖော်ဖို့ ထပ်မံသွားရောက်ချိန်မှာတော့ အရာရှိတစ်ဦးထွက်လာပြီး တောင်းပန်ခဲ့သလို နှစ်ပတ်အတွင်း မီးလင်းရေးဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့လို့ လူစုခွဲလိုက်တဲ့အကြောင်း ခုနက အမျိုးသမီးကပဲ ဆက်ပြောပါတယ်။

"မနေ့က ညနေ ၆ နာရီခွဲလောက်တော့ရှိပြီပေါ့ သူတို့အုပ်စုတွေ အဲ့ဒီ EPC ရုံးရှေ့ကို ထွက်ပြီးတော့ ဆန္ဒပြဖို့လုပ်တယ်၊ လုပ်တဲ့အခါကြတော့ အဲ့ဒီအရာရှိကထွက်လာပြီးဆက်ပြီးတော့ဆန္ဒမပြနဲ့အုံးပေါ့၊ နှစ်ပတ်အတွင်းကို သူတို့ရအောင်လုပ်ပေးမယ် အဲ့ဒီလိုကတိပေးလိုက်တာ၊ အရာရှိတစ်ယောက်က ထွက်လာပြီးတော့ ပြောတာ။"

ပုသိမ်မြို့နယ်မှာ မေ၂၅ရက်နေ့ညကစပြီးလျှပ်စစ်မီးအချိန်ပြည့်ရရှိရေးအတွက် ဒေသခံပြည်သူ၅၀ခန့်
ကစတင်ပြီးညစဉ်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
 

ရေဓာတ်ငွေ့ကားကို ဆိုလာပြားဖြင့် မောင်းနှင်မည့် သုတေသန မြန်မာနိုင်ငံတွင် စတင်




ရေဓာတ်ငွေ့ကားကို ဆိုလာပြားနှင့် စမ်းသပ်မောင်းနှင်ခြင်း သုတေသနအား အာရှတိုက်တွင် မြန်မာနိုင်ငံမှ ပထမဆုံး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရေဓာတ်ငွေ့စက်ကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့် မောင်းနှင်ခြင်း သုတေသနကို စင်ကာပူ သိပ္ပံပညာရှင် Mr.Andraelin နှင့်အတူ မြန်မာနိုင်ငံရှိ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်၏ အရှေ့ဒဂုံခြံတွင် ဧပြီလအတွင်း စမ်းသပ်သုတေသနပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံထုတ် Light Truck 2000CC မော်တော်ယာဉ်အား သုတေသနပြုလုပ်ထားသော ဆိုလာပြားများနှင့် တွဲဖက်၍ ရေဓာတ်ငွေ့ကို စမ်းသပ် မောင်းနှင်ခဲ့ကြောင်း သိရသည်။ “ကားငယ်တွေမှာတော့ ဆိုလာပြားအရွယ် သေးငယ်ပြီး ပါဝါပိုမြင့်တဲ့ ဆိုလာပြားနဲ့ အသုံးပြုသင့်ပါတယ်။ လက်ရှိစမ်းသပ်တဲ့ Light Truck မှာ ၉၀ ဝပ်ရှိတဲ့ ဆိုလာပြားလေးချပ်နဲ့ မောင်းနှင်လို့ ရပါတယ်။ မြန်မာနိုင်ငံက နေရောင်ခြည်ပေါတဲ့အတွက် သင်္ဘောတွေ၊ မီးရထားတွေပေါ်မှာလဲ ဆိုလာပြားတပ်ပြီး အဲဒီကရတဲ့ စွမ်းအားနဲ့လည်ရင် အကျိုးရှိတယ်။ အဲဒါတော့ လုပ်သင့်တယ်” ဟု သိပ္ပံပညာရှင် Mr. Andraelin က အကြံပြုပြောကြားသည်။ ထိုကဲ့သို့ စမ်းသပ်မောင်းနှင်ရာတွင် မော်တော်ယာဉ်စွဲအားမှာ မော်တော်ကားဘက်ထရီကို အသုံးပြု မောင်းနှင်ခြင်းထက် များစွာ မြင့်တက်သွားကြောင်း၊ အင်ဂျင်အပူချိန်မှာ ယခင်အတိုင်း ကျဆင်းသွားပြီး ဒီဇယ်စားနှုန်းမှာ ယခင်ထက် လျော့ကျသွားကြောင်း သိရသည်။ ညဘက် နေရောင်ခြည်စွမ်းအင် မရှိတော့သည့်အချိန်တွင် မောင်းနှင်နိုင်ရန်အတွက် သီးခြားဘက်ထရီကို ဆိုလာပြားဖြင့် အားသွင်းထားရမည် ဖြစ်သည်ဟု သိရသည်။



“မြန်မာဆိုလာဆဲလ်၊ စင်ကာပူဆိုလာဆဲလ် Dry Cell နှစ်ခုကို ယှဉ်ပြီး စမ်းသပ်ခဲ့ပါတယ်။ စင်ကာပူဆိုလာဆဲလ်နဲ့ စမ်းတဲ့အခါ HHO ဓာတ်ငွေ့ 300CC ကို စက္ကန့် ၉၀ နဲ့မှ ရတယ်။ မြန်မာဆိုလာဆဲလ်နဲ့ စမ်းတဲ့အခါမှာ HHO ဓာတ်ငွေ့ 300CC ကို ၈ စက္ကန့်နဲ့ ရတယ်။ မြန်မာဆဲလ်က ဆယ်ဆကျော် ပိုထွက်သွားတယ်” ဟု သုတေသနပညာရှင် အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။ Light Truck ကားများတွင် ဆိုလာပြားတပ်ဆင်ပြီး မောင်းနှင်ပါက ဆိုလာပြားတစ်ပြား၏ တန်ဖိုးမှာ ကျပ်တစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။ “ဒီစမ်းသပ်မှုပြီးတဲ့ နောက်ပိုင်းမှာ ပညာရှင်တွေရော၊ အလုပ်သမားတွေရော မြန်မာနိုင်ငံကို လာရောက်ကြမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ရဲ့ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍမှာ အချိန်ပိုင်း ကထိကအနေနဲ့ ဆောင်ရွက်ပေးချင်ပါတယ်” ဟု Mr. Andraelin က ပြောကြားသွားကြောင်း သုတေသနပညာရှင် ဦးကျော်ကျော်က ဆိုသည်။

ထို့ပြင် တက္ကသိုလ်ဘွဲ့ရများကို ပြန်ပြည့်မြဲစွမ်းအင် ဘာသာရပ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘာသာရပ်များအား ပညာရှင်တစ်ဦးက သင်ကြားပို့ချပေးရန် အတွက်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံမှ သိပ္ပံပညာရှင် Mr.Andraelin နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း ဒဂုံတက္ကသိုလ်နှင့် ဆူးလေဘူတာအကြား မြို့ပတ်ရထားကိစ္စ၊ ရေညှိပိုင်းဆိုင်ရာကိစ္စ၊ ဇီဝလောင်စာကိစ္စ၊ ရေဆိုးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ ထို့ပြင် လှိုင်သာမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံသို့ သွားရောက်၍ ရေဆိုးစွန့်ပစ်ကန်အား သွားရောက်လေ့လာခဲ့ပြီး လှိုင်သာယာမြို့ရှိ စွန့်ပစ်အမှိုက်ကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

Ohn Mar Oo -facebook မှ

ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ရက်ရွေ့ဆိုင်း



ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၃၀ရက်နေ့မှာ စတင်မယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို သမ္မတ ဦးသိန်းစိန် တက်ရောက်မယ့် ခရီးစဉ်ကို ရက်အနည်းငယ် ရွှေ့ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Thani Thongpakdi က မနေ့က အတည်ပြု
ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ မူလအစီအစဉ် အတိုင်း ဒီညီလာခံကို တက်ရောက်မယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် သမ္မတ ဦးသိန်းစိန်ဟာ အရင် သတ်မှတ်ခဲ့တဲ့ရက် အစား ကမ္ဘာ့စီးပွားရေး ညီလာခံကို ဇွန်လ ၄ ရက် နဲ့ ၅ရက်နေ့တွေမှာသာ တက်ရောက်မယ်လို့ ဆုံးဖြတ်ကြောင်း သိရပါတယ်။ ဘန်ကောက်မြို့မှာကျင်းပမယ့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို သမ္မတ ဦးသိန်းစိန်ဟာ မူလက လာမယ့် ကြာသပတေးနေ့နဲ့
သောကြာနေ့တွေမှာ တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ အနာဂါတ်ရေးရာနဲ့
ပတ်သက်လို့ မိန့်ခွန်းတခု ပြောကြားဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒီညီလာခံကို တက်ရောက်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မူလအစီအစဉ် အတိုင်း မနက်ဖန် ည ၉ နာရီမှာ ထိုင်းလေကြောင်းလိုင်းနဲ့ ဘန်ကောက်မြို့ကို ရောက်ရှိမှာ ဖြစ်ပြီး ဇွန်လ ၃ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာရှိနေစဉ် အတွင်း ကမ္ဘာ့စီးပွားရေး ညီလာခံ တည်ထောင်သူ Klaus Schwab နဲ့တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပြီး “အာရှမှအမျိုးသမီးများ၏ အခန်းကဏ္ဍ” ဆိုတဲ့ဆွေးနွေးပွဲမှာလည်း စကားပြောကြားမှာ ဖြစ်ပါတယ်။

အဲဒီနောက် မြန်မာအလုပ်သမား အများအပြား နေထိုင်ကြတဲ့ မဟာချိုင်ဒေသနဲ့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည် စခန်းတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ မယ်လဒုက္ခသည်စခန်း အပြင် တခြားစခန်းတချို့ကိုလည်း သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံက ပြန်ပြီးမှ သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံကို သွားရောက်ပြီး ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တွေ တော်တော်လေး ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ခေါင်းဆောင် ၂ ဦး ထိုင်းနိုင်ငံကို ပြိုင်တူ
မသွားဘဲ တလှည့်စီသွားတာ ဖြစ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည် အပေါ် သူ့ထက် ပိုမိုအာရုံစိုက်ကြမှာကို သမ္မတကြီးက ထည့်တွက်ချက်တာမျိုးလည်း
ဖြစ်နိုင်တယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။


မခက်မာရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။

 RFA Burmese

တတိယအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုနဲ့  ဂုဏ်ထူးရှင်ဆုကို ကချင်လူမျိုး လဖိုင်နော်ဖိန်း ရရှိသွား


တတိယအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုကို အမေရိကပြည်ထောင်စု နယူးယောက်မြို့  မှာ မေလ-၂၇-၂၀၁၂ ရက်နေ့  ကျင်းပပါတယ်။ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ( ပထမအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုရှင် ) က လူဆိုတာ ဗြဗ္မာစိုးရ် တရားရှိမှ ဆိုတာကို တိုတိုရှင်းရှင်း ပြောသွားပါတယ် ။ ကဗျာဆရာကြီးမောင်စွမ်းရည်က ငရဲလားချင်ရင် စစ်တပ်ထဲဝင် ၊ ကုသိုလ်ယူချင်ရင် ကျော်သူနဲ့ တိုင်ပင် ၊ ကြောက်မွှေးပါရင် ဇါဂနာနဲ့  နုတ် ဆိုတဲ့  ကဗျာ တိုတိုလေးကို ရွတ်ပြယင်း ပြည်သူ့ ဂုဏ်ရည်ဆုပေးပွဲကို ဂုဏ်ပြုကဗျာ ဆိုပြသွားတာပါ ။ ဒီနှစ်မှာ ပြည်သူ့ ဂုဏ်ရည်ဆုရှင်တွေကို ပထမ ဆုရှင် ( ၂၀ ) ရွေးချယ်ခဲ့ ပြီး ဒုတိယအကြိမ်မှာ ဆန်ကာတင် ( ၅ ) ဦးကို ရွေးချယ်ထားတာပါ ။ ဒီနေ့ မှာတော့ ဆန်ကာတင် ( ၅ ) ဦးထဲက ပြည်သူ့ ဂုဏ်ရည်ဆုရင် တဦးကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ် ။ ဒီလိုရွေးချယ်ရာမှာ ဆန်ကာတင်( ၅ ) ဦးနဲ့  ဂုဏ်ထူးရှင် တဦးဖြစ်တဲ့  ကချင်မိန်းခလေး ဆုမိုင်အကြောင်းကို ဗွီဒီိယို ရိုက်ထားတာ ပြသပေးပါတယ် ။

ဒီနှစ် ပြည်သူ့ ဂုဏ်ရည်ဆုရှင်ကတော့ ကချင်စစ်မြေပြင်အတွင်းမှာ သတင်းများရယူနေရင်း ကျည်ဆံထိမှန်လို့  ဒဏ်ရာရနေတဲ့  ကချင်လူမျိုး လဖိုင်နော်ဖိန်း ရရှိသွားတာပါဘဲ ၊ ပြည်သူ့ ဂုဏ်ရည်ဆုရင် လဖိုင်နော်ဖိန်းဟာ အမေရိကန် ဒေါ်လာငွေ ( ၁၀၀၀၀ ) ကို ရရှိဆွတ်ခူးသွားသူဖြစ်ပါတယ် ။ ထူးခြားနေတာကတော့ ပြည်သူ့ ဂုဏ်ရည်ဆု ရရှိသွားသူနှစ်ယောက် စလုံးဟာ ကချင်ပြည်နယ်ဖက်မှာ လူမှုရေးလုပ်ငန်းကို လုပ်ကိုင်ကြတဲ့  အတွက် ရရှိသွားသူများဘဲ ဖြစ်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )


၂၀၁၂ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် Kachinland News သတင်းဌာနရဲ့ သတင်းထောက်ချုပ်လည်းဖြစ် လူမှုရေးနဲ့ဖွံဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်နေသူ ကချင်လူမျိုး လဖိုင်နော်မိန်း ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာ တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးကို ပြည်သူအများ လိုလားနေကြောင်းပြသလိုက်တာဖြစ်တယ်လို့ ဆုရှင်လဖိုင်နော်မိန်းက RFA ကိုပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြထားပါတယ်။

ဦးခင်ရွှေကို လယ်သမားများ တရားစွဲပြီ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများက ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ အား လိမ်လည်ပြောဆိုမှုဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ယနေ့ တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။

၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)

“ဦးခင်ရွှေက လယ်သမားတွေ လက်ငုပ် လုပ်ကိုင်နေတဲ့ လယ်တွေကို နိုင်ငံတော်က သိမ်းတယ်ဆိုပြီး လိမ်တယ်၊ နိုင်ငံတော် က သိမ်းတာ မဟုတ်ဘဲ လိမ်ပြောတဲ့အတွက် လိမ်လည်မှုနဲ့ ပါ”ဟု လယ်သမားများ ၏ အကျိုးဆောင်ဖြစ်သူ ဦးနေမျိုးဝေ က ဧရာဝတီ ကို ပြောသည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ သည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အပေါင် ၊ ရွှေနံ့သာ ၊ ပေါင်းကူ စသည့်ကျေးရွာများမှ လယ် သမား ၈၀ ကျော် ၏ လယ်မြေဧက ၈၅၀ ကျော် ကို ၂၀၁၀ ပြည့်နှစ်အတွင်း သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းလယ်မြေများအား နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန် နိုင်ငံတော်က သိမ်းယူခြင်းဖြစ်၍ လျော်ကြေး ပေး ရန်မလိုအပ်ဟု ဦးခင်ရွှေက ပြောဆိုကြောင်း၊ သို့သော် ၎င်းက သဒ္ဓါကြေး အဖြစ် ကျပ် ၃ သိန်း ပေးခြင်းဖြစ်သည်ဟုလည်း ပြော ဆိုခဲ့ကြောင်း လယ်သမားများ က ပြောပြသည်။

လယ်ယာမြေ သိမ်းခံရသည့် လယ်သမားများ ကိုယ်စား လယ်သမားကြီး ဦးကျော်စိန်က တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ ထို ကိစ္စ ကို ဥပဒေ ပုပ်မ ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှု တို့ဖြင့် စွဲဆိုမည်ဖြစ်ကြောင်း ကူညီဆောင် ရွက်ပေးသူ ရှေ့နေ ဦးဟန်ရှိန်ဝင်း က ဧရာဝတီ ကို ပြောသည်။

၎င်းက“လယ်သမားတွေရဲ့ သဘောတူညီမှု မရဘဲ နိုင်ငံတော်က သိမ်းတယ်လို့ ပြောတာက လိမ်လည်မှု မြောက်ပါတယ်၊ ဒီလို မပြောရင် သိန်းဆယ်ချီတန်တဲ့ လယ်မြေတွေကို ကျပ် ၃ သိန်း လျော်ကြေးနဲ့ ဘယ်ရောင်းမလဲ”ဟု ဦးဟန်ရှိန်ဝင်း က ဆိုသည်။

လယ်သမားများသည် မိမိတို့လယ်မြေများ ပြန်လည် ရရှိရေးအတွက် ရန်ကုန်တိုင်း အစိုးရထံ တင်ပြခဲ့ရာ ထိုလယ်မြေသည် နိုင်ငံတော်က သိမ်းယူထားခြင်း မရှိဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သီးစားစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးရန်အတွက် ရန်ကုန်တိုင်း အစိုးရထံ ဇေကမ္ဘာ ကုမ္ပဏီနှင့်လယ်သမားများက ပြီးခဲ့သည့် ဧပြီလ အတွင်း အပြိုင်လျှောက်ထားခဲ့ကြရာ ဦးခင်ရွှေ ကို အနိုင်ပေးလိုက်ကြောင်း လယ်သမားများ က ပြောပြကြသည်။

“အသိမ်းခံထားရတဲ့ လယ်တွေကို သီးစားစနစ်နဲ့ ပြန်လုပ်ခွင့်ရရေး လျှောက်ထားခဲ့ပေမယ့် မရခဲ့ပါဘူး၊ ကျနော်ပိုင်တဲ့ လယ်ဧက ၅၀ အကုန် ပါသွားတယ်၊ ဒီတော့ လယ်လုပ်စရာမရှိတော့တဲ့ အတွက် တရားစွဲဖို့ ပြင်ဆင်ရတာပါ”ဟု ဦးကျော်စိန် က ဧရာဝတီ သို့ ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ က ထိုလယ်မြေများအား ၎င်းတို့ ကုမ္ပဏီက သိမ်းယူခြင်း မဟုတ်ကြောင်း၊ အိုးအိမ် ဦးစီး ဌာနက သိမ်းယူခြင်းဖြစ်၍ ၎င်းနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် ထိုမြေပေါ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းသာ လုပ်ဆောင်ခြင်း ဖြစ် ကြောင်း တုံ့ပြန် ပြောဆိုသည်။

“တရားစွဲချင်းစွဲရင် ကျနော်တို့ကပဲ စွဲရမှာလေ၊ ဒီမြေတွေက ပြီးခဲ့တဲ့ ၂ နှစ်လောက် ကတည်းက ကျနော်တို့ သီးစားရထားတဲ့ လယ်တွေပါ၊ အခုမှ သူများပိုင်တဲ့ မြေကို အတင်း လိုချင်လို့ ဘယ်လိုလုပ်ရတော့ မလဲ”ဟု ဦးခင်ရွှေ က ဆိုသည်။

ရန်ကုန်တိုင်း အစိုးရအနေဖြင့် လယ်သမားများနှင့်ဇေကမ္ဘာကုမ္ပဏီတို့အား မျက်နှာချင်းဆိုင် ဖြေရှင်းဆောင်ရွက်ပေးသင့် ကြောင်း၊ တဖက်သတ်ဆုံးဖြတ်ပေးခဲ့သည့် တိုင်းအုပ်ချုပ်ရေးအဖွဲ့ကို ယုံကြည်မှု နည်းသွားပြီဖြစ်ကြောင်း၊ ထိုကိစ္စအား အောင်မြင် သည် အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဦးနေမျိုးဝေ က ပြောသည်။

“ဒီကိစ္စကို လယ်ယာမှုခင်း ဖွင့်ပြီးတော့ နှစ်ဦး နှစ်ဘက် ကြားနာဖို့လိုအပ်တယ်၊ အခုက ဦးခင်ရွှေကို တဖက်သတ် အနိုင်ပေး လိုက်တဲ့ တိုင်းအုပ်ချုပ်ရေးအဖွဲ့ကို ယုံကြည်မှု မရှိဘူးလို့ ပါတီအနေနဲ့ သုံးသပ်တယ်”ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ၏ ဥက္ကဋ္ဌ ဦးနေမျိုးဝေ က ပြောသည်။

ဦးခင်ရွှေ က“ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ဦးနေမျိုးဝေရဲ့လုပ်ဆောင်ချက်တွေဟာ လယ်သမားတွေအတွက် အကျိုးမရှိတဲ့အပြင် ပိုမိုနစ်နာမှု ဖြစ်စေတယ်၊ တရားစွဲလည်း မရပါဘူး”ဟု ဆိုသည်။

၂၀၁၁ ခုနှစ်အတွင်းကလည်း ဇေကမ္ဘာ ဦးခင်ရွှေသည် ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် မွန်ပြည်နယ်အတွင်းရှိ လယ်သမား
များ၏ လယ်မြေများကို လျော်ကြေးငွေ အနည်းငယ်ပေး၍သိမ်းယူခဲ့ရာ အစိုးရထံ တိုင်ကြားသော်လည်း ထိရောက်မှု မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဇေကမ္ဘာ ဦးခင်ရွှေသည် ယခင် န၀တ၊ နအဖ စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်ပြီး စစ်အစိုးရ ၏ တတိ ယ အဆင့် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နှင့် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ခမည်း ခမက် တော် စပ်သူလည်း ဖြစ်သည်။

ဧရာဝတီ

တရုတ်ရွာတည်ဖို့ ကြိုးစားနေပြီလား??????


စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ဒုတိယမောင်းကုန်း (တရုတ်ရွာတည်ဖို့) လုပ်ဖို့
ကြိုးစားနေကြပြန်ပြီ.....

ပြီးခဲ့တဲ့နှစ်က အင်တာနက်တွေထဲမှာ ထီးချိုင့်မြို့နယ်မောင်းကုန်းကျေးရွာမှာ ပြည်ပက တယုတ်တွေ
ကြီးစိုးလာမှုအကြောင်းလေး ဖတ်မိလိုက်ပါတယ်၊ဒီဆောင်းပါးလေး
ဖတ်ရတဲ့(အမျိုးချစ်တဲ့သူတိုင်း)တက်တခေါက်ခေါက်နဲ့ ခံပြင်းကြတယ်၊ မကျေမနပ်ဖြစ်ကြရပါတယ်။

အဲဒီတယုတ်တွေဘယ်လိုရောက်လာတာပါလဲ၊ကျွန်တော်တို့သိချင်တယ်၊ဒါပေမယ့် ဘဲဥအစရှာမရသလို ပါပဲ၊ ဘယ်လိုလုပ်ပြီးအုံနဲ့ကျင်းနဲ့ရောက်လာတာလဲ မသိ၊ဒါနဲ့ ဒေသခံတွေကိုစုံစမ်းကြည့်တော့
တယုတ်တွေ မရောက်လာခင်မှာ မန္တလေးက လုပ်ငန်းရှင်ကြီးတစ်ဦး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ သကြားစက်စတည်တယ်၊ အဲဒီလုပ်ငန်းရှင်က စစ်ကိုင်းတိုင်းဒေသကြီးတိုင်းမှူး (ယခုစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်) ကိုသူကအတော်ပိုင်ပါတယ်။

ပိုင်အောင်ကလည်း ရက်ရက်စက်စက် ပေးကမ်းထားတာကိုဗျ၊ သူ့ရဲ့ကုမ္မဏီမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ရဲ့သားကို ငွေထည့်စရာ မလိုပဲ ရှယ်ယာ ၀င်လုပ်ပေးထားလိုက်တယ်၊ နောက် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် သမီးကိုလည်း မန္တလေး ရတနာပုံဈေးအနားမှာရှိတဲ့ ၃ထပ် တိုက်တစ်လုံး အလကားပေးထားလိုက်သေးတယ်။

တိုက်နံပါတ်(C3)ပါ၊ ကပ်လျှက်(C2)ကတော့ အဲဒီအချိန် မန္တလေးမြို့တော်ဝန်လုပ်နေတဲ့ ဗိုလ်မှူးချုပ် ရန်သိမ်းကိုပေးထားတာပါ၊ သူအလကားပေးတဲ့ တိုက်တစ်လုံးရဲ့ တန်ဘိုးဟာ သိန်း၃၀၀၀လောက်တန်ပါတယ်။

အဲဒီလောက်ပေးထားတော့ မန္တလေးက လုပ်ငန်းရှင်ကြီးကလည်း တန်အောင်
ဆိုပြီး စစ်ကိုင်းတိုင်းထဲမှာ ဒေသခံတွေအပေါ် နည်းအမျိုးမျိုးနဲ့ခေါင်းပုံဖြတ်တော့တာပါပဲ။

အဲဒီလိုခေါင်းပုံဖြတ်တာကို မခံနိုင်တဲ့ ဒေသခံတွေကတော့ တုတ်နဲ့ ဓါးနဲ့ဖြေရှင်းကြပါတယ်၊သူ့ရဲ့ လူယုံ ဗိုလ်မှူးတစ်ယောက်ကို မောင်းကုန်းရွာနားက မြန်မာ တစ်ယောက်က ဓါးနဲ့ခုတ်ခဲ့သလို ကျောက်ထုံးကြီးကျေးရွာနားက ရွာသားတစ်ယောက်ကလည်း အဲဒီလုပ်ငန်းရှင်ကြီးရဲ့ ယောက်ဖကို ဓါးနဲ့ခုတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီလုပ်ငန်းရှင်ကြီးရဲ့ ယောက်ဖကို နိုင်ငံခြားပို့ပြီး ကုပေမယ့် အခုအချိန်အထိ လူစင်မမှီတော့ပါဘူး၊
ဒါတွေကို စစ်ကိုင်းတိုင်းက လူတွေအကုန်သိကြပေမယ့်မပြောဝံ့ကြပါဘူး။

လုပ်ငန်းရှင်ကြီးကိုကြောက်ကြတာကိုး၊အဲဒီလုပ်ငန်းရှင်ကြီးလုပ်ငန်းရှင်ကြီးကလည်း
ဘယ်လောက်များ လက်စောင်းထက်သလဲဆိုရင် ထီးချိုင့်မြို့မှာနေတဲ့ စာပေဗိမာန်(၄)ဆုရဖူးပြီး
ပြန်ဆက်က ခရိုင်ဦးစီးမှူးအနေနဲ့ ပစ်စင်ယူထားတဲ့ အသက်(၆၀)အရွယ် မောင်ချစ်ထွေး(မဟာဝိဇ္စာ)
ဆိုတဲ့ စာရေးဆရာကြီးကိုတောင် လိမ်လည်မှုနဲ့မနှစ်က ထီးချိုင့်မြို့နယ် တရားရုံးက ထောင်ချပစ်လိုက်ဖူးပါတယ်။

နောက်ဆုံး အယူခံတွေ အဆင့်ဆင့်တက်တော့ မှ (ကသာခရိုင်တရားရုံးကနေ ဦးချစ်ထွေးမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီးတရားသေလွှတ်လိုက်ပါတယ်) ဆရာမောင်ချစ်ထွေး ကသာထောင်ကနေပြန်လွှတ်လာပါတယ်။

ဒါပေမယ့်ဆရာ မောင်ချစ်ထွေး(မဟာဝိဇာ) ထောင်ထဲမှာ (၃)လနေလိုက်ရပါတယ်၊အဲဒါ
မနှစ်ကမှ ဖြစ်ထားတာ၊ဒီလိုလူမျိုးကိုတောင် အပြစ်မရှိ အပြစ်ရှာပြီး
ထောင်ချနိုင်တဲ့ လူကြီးသူကြီးပိုင် လုပ်ငန်းရှင်ကြီးဆိုတော့ ကြောက်ကြရတာပေါ့၊ ထားပါတော့၊အရင်က ကိစ္စတွေကို၊ပြောချင်တာကအခုကိစ္စ၊ ကသာမြို့နယ်အပိုင်ကျောက်ထုံးကြီးကျေးရွာမှာ မြေယာပေါင်းများစွာကို
အပြောင်ရှင်းနေပြန်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်လာကြည့်ပြီးမြေနေရာပေးတာတဲ့၊ကျောက်ထုံးကြီးကျေးရွာမှာ အပိုင်မှာလည်း စက်ရုံထောင်မယ်တဲ့။

ကျောက်ထုံးကြီးကျေးရွာကိုလည်း မီးလင်းအောင် လုပ်ပေးမယ် ဆိုတဲ့ မြူဆွယ်ချက်တွေနဲ့ ဆိုတော့ ကျောက်ထုံးကြီးကျေးရွာက လူတွေကလည်းသူတို့ရွာကို
တရုတ်တွေ လွှမ်းမိုးတော့မယ် ဆိုတာ ဘာသိမှာတဲ့လဲပျော်နေကြတာပေါ့။

သူတို့ရွာလေး ဒုတိယမောင်းကုန်းဖြစ်တော့မယ်ဆိုတာ မသိကြရှာသေးဘူး၊ ဒီတော့ သူတို့ရွာကလေး
မြန်မာရနံ့နဲ့ ဝေးတော့မယ့် ကိစ္စကို သိတဲ့ ဧရာဝတီဝက်ဆိုက်ကပဲ ပညာတွေပေးပေးပါဦး၊ ကူညီပေးပါဦး။

နောက်ပြီး နိုင်ငံတော်သမ္မတဆီက တားပေးဆီးပေးဖို့ ကိုလည်း လူထုလိုလားနေကြပါတယ်.ခင်ဗျား...
(ခရီးသွား ဧရာဝတီ)

Sunday, May 27, 2012

လျှပ်စစ် (၁) ကအခုလိုပွင့်လင်းတာကို ကြိုဆိုပါတယ်..


လျှပ်စစ် (၁) ကအခုလိုပွင့်လင်းတာကို ကြိုဆိုပါတယ်..။ ဒါပေမယ့် ယခု မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လောပိတ၊ ရဲရွာအပါအ၀င် ရေအားလျှပ်စစ်စက်ရုံတွေက ထွက်တဲ့ မီဂါဝပ်ပေါင်း..။ စက်လည်ပတ်မှုအခြေအနေနဲ့ စုစုပေါင်း ဓာတ်အားထုတ်ယူရရှိမှုစုစုပေါင်းကို အခုလို သတင်းစာထဲမှာဖော်ပြနိုင်ရင် ပိုပြီးကောင်းသလို အချက်အလက်နဲ့ ရေးသားထောက်ပြတတ်တဲ Eleven Media Group လို မိဒီယာတွေအနေနဲ့ ဘယ်လိုတုန့်ပြန်လာမလဲဆိုတာ စောင့်ကြည့်ရပါ့မယ်..။
ဒါပေမယ့် အဲဒီဝန်ကြီးပြောခဲ့သလို လျှပ်စစ်ဟာ ပိုလျှံလို့ရောင်းတာ ဆိုတဲ့ စကားနဲ့ အပေါ်က ဌာနဆိုင်ရာကထုတ်ပြန်တဲ့ အချက်အလက်နဲ့က . ဘာမှမဆိုင်သလိုပဲ..။

Yan Aung

စောင်းသံခါးခါး

စောင်းသံခါးခါး
(ကဗျာရှင် နေပြည်တော်သား)

(ဖယောင်းတိုင် ထွန်းသူများသို့)
ဝန်ကြီး.......တဲ့
တိုင်းပြည်အတွက် ထမ်းဆောင်ရတဲ့
တာဝန်တွေ ကြီးလေးလွန်းလို့
ဝန်ကြီး လို့ခေါ်တာနေမှာ......

ဗူးပေါက်တာ မလိုချင်ဘူး
ရေပါတာပဲ လိုချင်တယ်ဆိုတဲ့
ကြီးမားတဲ့ ၀င်ငွေတွေနဲ့
ဝင်ကြီး ဖြစ်တဲ့ ခေတ် ဟာ
ဥာဏ်ပညာ သည် အရည်အချင်း မဟုတ်လေတော့ ....

ခုတ်တဲ့သူက ခုတ်.....
စိုက်တဲ့သူက စိုက်....
ရိုက်တဲ့သူက ရိုက်....
မိုက်တဲ့သူက မိုက်.....

ရသမျှအချိန်တိုတို အတွင်း ၀င်ကြီး ဘ၀ မှာ.......
တပည့်တပန်းများစွာ ....
အိမ် ခြံ မြေ များစွာ ....
စိန် ရွှေ ရတနာ များစွာ ...
စီမံကိန်း များစွာ ....
မီးဖိုချောင် ယဉ်ကျေးမှုရဲ့ တံစိုးလက်ဆောင်များစွာ ....
အကြံပေးသူများစွာ ........

ရှေးစကားပုံတစ်ခုရှိရဲ့
ကံမရှိ၊ ဥာဏ်ရှိတိုင်း မွဲ သတဲ့ ....

ဘုန်းရှင် ကံရှင် တွေ စိုးမိုးအုပ်ချုပ်
မင်းကြိုက်ရာ မင်း လုပ်သွားတော့
ကြည့်စမ်းပါအုံး....
ကျုပ်တို့ တိုင်းပြည်
ဥာဏ်မရှိဘဲ မွဲခဲ့ရတာနှစ်ပေါင်း အတော်ကြာ .......

ဒါ့ကြောင့် ရွှေပြည်ဝန်ကြီးကပြောတာ
အစ်မ နှစ်မ၊ သမီးက ကို
စ၍ ဆက်နှင်း၊ လက်ဆောင်နှင်း၍၊ စိုးမင်း ချစ်မြတ်
...........................................
တော်ဘီဗျာ......
ဒီကျွဲတွေရဲ့ နားမှာ
ကျုပ်စောင်းသံ ဟာ ခါးချင်ခါးနေလိမ့်မယ် .........

နေပြည်တော်သား


ဓာတ်ပုံ .... ၂၀၀၉ခုနှစ် ရွှေလီလျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနားမှာ တွေ့ရတဲ့ ယနေ့ ပြည်သူတွေရဲ့ ဖယောင်းတိုင်မီးဒဏ်ကို မခံနိုင်တဲ့ ပိုးဖလံ အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း (တရုတ်ကုမ္ပဏီနှင့် အပြန်အလှန် လက်ဆောင် ရယူစဉ်)

 ဒီမိုဝေယံ

ကိုဇာဂနာ ဗြိတိန်နိုင်ငံကို မကြာခင် သွားမည်.....


Amnesty International အဖွဲ့ရဲ့ဖိတ်ခေါ်ချက်အရ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုဇာဂနာ ဗြိတိန်နိုင်ငံကို မကြာခင် သွားရောက်မယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံမှာ ရှိနေစဉ်အတွင်း ကိုဇာဂနာဟာ ဝေလနယ်မှာ ကျင်းပမယ့် Hays festival ခေါ် အနုပညာ ပွဲတော်မှာ နိုင်ငံတကာက ဟာသပညာရှင်တွေနဲ့ အတူ ပရိသတ်ကို ဖျော်ဖြေမယ်လို့လည်း သိရပါတယ်။

ကိုဇာဂနာရဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ်ဟာ တစ်လလောက် ကြာမြင့်မယ်လို့ ကိုဇာဂနာရဲ့ခယ်မဖြစ်သူ မငြိမ်းက RFA ကို ပြောပါတယ်။

“ ၃၁ ရက်နေ့ ထွက်မယ်။ တစ်လလောက် ကြာမယ်လို့တော့ ပြောပါတယ်။ ဖိတ်တာက Amnesty International ကပါ။ အခမ်းအနားတက်ဖို့ အဓိကပေါ့နော်”

Hays festival ကို မေလ (၃၁) ရက်ကနေ ဇွန်လ (၁၀) ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီ ပွဲတော်ဟာ ကမ္ဘာတ၀ှမ်းက ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ လူရွှင်တော်၊ ဂီတပညာရှင်တွေ၊ ဥယျာဉ်မှူးတွေ နဲ့ သိပ္ပံပညာရှင်၊ သမိုင်းပညာရှင်တွေကို ဖိတ်ကြားပြီး စကားဝိုင်းတွေနဲ့ စကားစစ်ထိုးပွဲတွေ အပါအ၀င် အနုပညာနဲ့ ဘာသာရပ်အထွေထွေဆိုင်ရာ ဆွေးနွေးပွဲတွေကို (၁၀) ရက်ကြာ ကျင်းပပေးတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်..


နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။

အဆိုပါ အကြံပေးကောင်စီရဲ့လျာထားစာရင်းမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမော်သန်းက နာယက အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် ဦးတင်ထွဋ်ဦး၊ ဒု-ဥက္ကဋ္ဌ အဖြစ် ဒေါ်ခင်စမ်းရီ၊ အတွင်းရေးမှူးအဖြစ် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးဆက်အောင်၊ တွဲဘက်အတွင်းရေးမှုး အဖြစ် ပောာင်ကောင် စီးတီးယူနီဗာစတီမှ ဒေါက်တာကျော်ရင်လှိုင်တို့အားလည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ် MyanmarEgress မှ ဥက္ကဋ္ဌ ဦးတင်မောင်သန်း၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ဖွံဖြိုးရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦး၊ ဥပဒေပညာရှင် ဦးသီဟန်မျိုးဥာဏ်၊ ဒိုင်းမွန်းစတား ကုမ္မဏီ ပိုင်ရှင် ဦးကိုကိုကြီး၊ KMD ဦးသောင်းတင်၊ဦးမိုးကျော် (MMRD)၊ ဒေါက်တာသန့်မြင့်ဦး၊ ဦးသန်းလွင်(ကမ္ဘောဇဘဏ် -ဒုတိယဥက္ကဋ္ဌ)၊ ဦးခင်မောင်အေး (CB Bank) နဲ့ ပါမောက္ခ ဦးအောင်ထွန်းသက်တို့ ပါဝင်ကြောင်း သိရပါတယ်။

အကြံပေးကောင်စီ ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးက တရားဝင် ထုတ်ပြန်ကြေငြာခြင်း မပြုရသေး ပေမယ့် နိုင်ငံတော် သမ္မတနဲ့ အကြံပေးအဖွဲ့ဝင်တို့ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးသည့် အပြင်၊ အကြံပေး အဖွဲ့ဝင် တစ်ချို့ဟာလည်း အကြံပေးကောင်စီနဲ့ သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အကြံပေးကောင်စီကို တရားဝင် ဖွဲ့စည်းကြောင်း အမိန့်စာ ထုတ်ပြန်တဲ့ အခါမှာတော့ လက်ရှိ လျာထား စာရင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်ဦးရေဟာ လျော့သွားနိုင်တာ ရှိသလို၊ တိုးလာနိုင်တာလည်း ရှိကြောင်း ယင်းအကြံပေး အဖွဲ့လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

RFA-Burmese

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်..



ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်သွားရန်
စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စက်ရုံတည်ဆောက်မည့်နေရာမှာ
ကလေးမြို့နယ် အင်ဒိုင်းကြီးရွာနှင့် ပေ(၃၅၀၀) ခန့်ရှိ
ထုံးကျောက်တောင်နေရာတွင်ဖြစ်ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများ၊
ခရိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊
ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ကွက် ဧရိယာ
(၂၀၀၀)ခန့်ရှိကြောင်း သိရသည်။

၎င်းစက်ရုံနယ်နိမိတ်အတွင်းတွင် တောရိုင်းမြေနှင့် သစ်တောကြိုးဝိုင်းမြေ
ဧက (၁၀၀၀)ခန့် ပါဝင်နေပြီး အင်ဒိုင်းကြီးနှင့် အင်ဒိုင်းလေးကျေးရွာတို့မှ
တောင်သူ (၄၀)ဦးတို့၏ စိုက်ပျိုးမြေ (၄၆)ဧကလည်း ပါဝင်နေကြောင်း သိရသည်။

( ဒီထုံးကျောက်တောင်ကို အမှီပြုပြီး ဒီဒေသခံတွေက
ထုံးလုပ်ငန်းတွေလုပ်ကိုင်နေတာရှိတယ်။ ကုမ္ပဏီက
ဝင်ပြီးလုပ်ကိုင်မယ်ဆိုရင်တော့ ဒေသခံတွေအတွက် အလုပ်တွေ
ပျောက်သွားနိုင်တာပေါ့။) ဟု အင်ဒိုင်းကြီးရွာသားတစ်ဦးမှ ပြောခဲ့သည်။

မြို့နယ်သစ်တောဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ( အစ်ကိုတို့ဌာနက သူတို့
ကုမ္ပဏီ)ရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာပါ။
မလုပ်နဲ့လို့တားပိုင်ခွင့်မရှိပါဘူး။ သူတို့ရဲ့ လုပ်ကွက် ဧရိယာထဲမှာတော့
စီးပွားဖြစ် အပင်ကြီးတွေ မရှိပါဘူး။ အပင်ငယ်တွေပဲ ရှိပါတယ်) ဟု
ပြောခဲ့သည်။

( စက်ရုံဆောက်တာ ကောင်းပေမယ့် ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။
အထင်ရှားဆုံးက တောင်ကြီးပျောက်သွားမယ်။ အနီးအနားက ကျေးရွာတွေအတွက်
သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်မှု ပိုများလာမယ်။
ကာကွယ်နိုင်စွမ်းအားနည်းသွားမယ်။) ဟု
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက
ပြောပြခဲ့သည်။တောင်သူများ၏ စိုက်ပျိုးမြေများအတွက် လျော်ကြေးငွေများ ပေးသွားမည်ဟု
သိရပြီး တရားဝင်သတ်မှတ်ထားသော လျော်ကြေးနှုန်းထားများ မရှိသေးကြောင်းလည်း
သိရသည်။ နိုင်ငံအ၀ှမ်း ဘိလပ်မြေစက်ရုံတည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားသော
ကုမ္ပဏီများမှာ ထွန်းသွင်ကုမ္ပဏီအပါအ၀င်
( ၂၁ ) ခုခန့်ရှိပြီး လည်ပတ်နေသော ဘိလပ်မြေစက်ရုံပေါင်းမျာ
(၁၄)ရုံရှိသည်ဟု သိရသည်။

မောင်မောင်(ကလေး)

စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ...


အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ် စက်ရုံ ၂ ရုံမှာ အလုပ်ရှင်က လိုက်လျောတဲ့အတွက် ဒီနေ့ ပြေလည်မှုရသွားပြီလို့ သတင်းရရှိပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ အလုပ်သမများ မေလ ၁၆ ရက်နေ့က ဆန္ဒပြနေစဉ်။
အဲဒီလို ပြဿနာပြေလည်သွားတဲ့ စက်ရုံတွေက တရုတ်အမျိုးသားပိုင် ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ကူညီနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမာမာဦးက ပြောပါတယ်။

"ပုလဲအထည်ချုပ်စက်ရုံရယ်၊ စပယ်ပွင့် အထည်ချုပ်စက်ရုံရယ် အဲဒီ စက်ရုံ နှစ်ရုံကို ပိုင်တာက တရုတ် သူဌေးမတယောက်ထဲပဲ။ သူပိုင်တဲ့ စက်ရုံ ၂ ရုံစလုံးကို အရင်ရက်က ကလေးမလေးတွေက ပိုက်ဆံတိုးပေးဖို့ တောင်းဆိုချက်ကို သူက ပြေလည်အောင်ညှိနှိုင်းပေးလိုက်ပြီ။ အခြေခံလစာက မတူဘူး။


အနိမ့်ဆုံးက ၈ ထောင်။ အများဆုံးက တသောင်း နှစ်ထောင်။ အခု ၂သောင်းစီပေါ့နော်။ ၈ ထောင်သမားကိုလည်း တိုးပေးတယ်။ တသောင်း၂ ထောင်သမားကိုလည်း တိုးပေးလိုက်တယ်။"

ပုလဲနဲ့စပယ်ပွင့်အထည်ချုပ်စက်ရုံအလုပ်သမားတွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ စလို့ တောင်းဆိုနေ ခဲ့ပြီး အခုပြေလည်သွားတာပါ။ ဒါပေမယ့် အခြားစက်ရုံတွေမှာတော့ ဒီနေ့အထိ ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် နေမင်းအောင်စက်ရုံ အလုပ်သမားတွေ အတွက်ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုအောင်သူက စက်ရုံတာဝန်ရှိသူတွေနဲ့ ဒီနေ့ သွားရောက် ညှိနှိုင်းနေတယ်လို့ မမာမာဦးက ပြောပါတယ်။

အလုပ်သမား ၂၅ ဦး အစာငတ်ခံ ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Crown သံမဏိစက်ရုံမှာ ပြေလည်မှု မရသေးဘူးလို့ ကြားရတဲ့အပြင် အဲဒီစက်ရုံကို သွားရာလမ်းက ဆိုက်ကယ်ကယ်ရီတွေ၊ အငှားယဉ်တွေကို ကန့်သတ်ထားလိုက်တယ်လို့ သိရပါတယ်။

RFA-Burmese