စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, December 15, 2012

မြန်မာပြည်မှာ စစ်အာဏာရှင်တွေ အမုန်းတီးဆုံး ပုဂ္ဂိုလ် နှစ်ယောက်


တစ်ယောက်ကတော့ သီတဂူဆရာတော် ဘုရားကြီး ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါဘဲ ။

သီတဂူဆရာတော်ဘုရားကြီးရဲ့ သာသနာတော် စည်ပင်ထွန်းကားရေး နှင့် လူမှုရေး လုပ်ငန်းများဟာ ကမ္ဘာမှာ ကျော်ကြားသလို ဆရာတော်ဘုရားကြီးရဲ့ ထူးချွန်ထက်မြတ်တဲ့ ဥာဏ်ပညာကြောင့် ပညာရှင်လို့ တကမ္ဘာလုံးက အသိအမှတ်ပြုထားသူပါ ။

 ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ် ၊ စွှန့်လွှတ် အနစ်နာခံမှု နှင့် ရဲစွမ်းသတ္တိ တို့ကြောင့် ကမ္ဘာတ၀ှမ်းလုံးက လူအများက သူရဲကောင်းလို့ချီးကြူးကြသလို ထူးချွန်ထက်မြတ်တဲ့ ဥာဏ်ပညာကြောင့် ပညာရှင်လို့ တညီတညွတ်တည်း လက်ခံထားကြပါတယ် ။

သူတို့ နှစ်ဦးလုံးရဲ့ မွန်မြတ်တဲ့ စိတ်ထားနှင့် ထူးချွန်ထက်မြတ်တဲ့ ဥာဏ်ပညာကို တကမ္ဘာလုံးက အသိအမှတ် ပြုသလို  ပြည်သူလူထုရဲ့ လေးစားချစ်ခင်မှု ရရှိနေမှုကလည်း တူညီနေပါတယ် ။ စစ်အာဏာရှင် အစိုးရကပေးအပ်တဲ့ ဆုတွေကို မရဘူးပေမယ့် နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုတံဆိပ်တွေကိုရဘူးတဲ့ အချက်လည်း တူညီနေပါတယ် ။

အာဏာရှင် စနစ်ကို မုန်းတီးပြီး ဒီမိုကရေစီ စနစ်ကို မြတ်နိုးတဲ့ စိတ်ဓါတ်လည်း တူညီနေကြပါတယ် ။ အာဏာရှင် စနစ်ကို မုန်းတီးပြီး အမြဲဆန့်ကျင်ကာ ပြည်သူလူထုဘက်က ထာဝဇဉ်ရပ်တည်ခဲ့ကြတဲ့ သူတို့ နှစ်ယောက်ဟာ အာဏာရှင် စနစ် ကို အားပေးတဲ့ စကားဘယ်သောအခါမှ ပြောကြားမှာ မဟုတ်သလို ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီးလည်းဘယ်သောအခါမှ လုပ်ဆောင်မှာ မဟုတ်ပါဘူး ဆိုတဲ့ ရပ်တည်ချက်ကလည်း တူညီနေပါတယ်.. ။

Burma Thwe ( Facebook မှ ကူးယူဖော်ပြသည်။)

Monday, October 15, 2012

KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော မင်္ဂလာဒုံ၌ ကွယ်လွန်


15 Oct, 2012

 ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုတရားရေးတာဝန်ခံ ပဒိုစောဒေးဗစ်ထောသည် အောက်တိုဘာလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန်ည (၁၀)နာရီခွဲ၌ ရန်ကုန်၊ မင်္ဂလာဒုံစစ်ဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်သည်။

 ပဒိုဒေးဗစ်ထောသည် ကွယ်လွန်ချိန်၌ အသက် (၇၅) နှစ်ရှိပြီဖြစ်ပြီး ၎င်း၏ သေဆုံးခန္ဓာအား ရန်ကုန်မှ ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်သို့ ပြန်လည်ပို့ဆောင်ရန် မြန်မာအစိုးရဘက်က စီစဉ်ခဲ့ကြောင်းကိုလည်း သိရသည်။

 ယမန်နေ့ညပိုင်းက ပဒိုမကွယ်လွန်မီ မင်္ဂလာဒုံစစ်ဆေးရုံကြီးသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း ၊ ဦုးစိုးသိန်းနှင့် ဦးခင်ရီတို့လာရောက်တွေ့ဆုံခဲ့ကြသည်။ ထိုသင်္ကန်းညီနောင်မှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ ဆက်လက်သယ်ဆောင်ရန် ကေအဲန်ယူဘက်မှ စီစဉ်ထားကြောင်းကိုလည်း ကေအဲန်ယူအသိုင်းအ၀ိုင်းက သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပဒိုစောဒေးဗစ်ထောကွယ်လွန်ချိန်၌ ဇနီးနော်ဂျင်းဂျာနှင့် သားနှစ်ဦးသမီးသုံးဦးကျန်ရှိသည်။ ပဒို့အား အဘ ဦးရွှေထော၊ နော်မေဖိုးတို့မှ ၁၉၄၈ခုနှစ်၊ မတ်လ (၁၀)ရက်နေ့၌ မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူတစ်ဦးဖြစ်သည်။ ပဒိုဒေးဗစ်ထောသည် KNU ဗဟိုတရားရေးဌာန တာဝန်ခံအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး မကြာသေးမီက ဘားအံမြို့ဆက်ဆံရေးရုံး ဖွင့်လှစ်မှုနှင့်ပတ်သက်၍ KNU က ရာထူးမှ ရပ်စဲခံထားရသူလည်းဖြစ်သည်။

အဆိုပါသဘောထားကွဲမှုများအား ပြန်လည် ညှိနှိုင်းဆဲကာလ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ ပဒို၏ ဈာပနအား KNUဌာနချုပ်ဖြစ်သည့် သေလေထ ၌စီစဉ်နေကြောင်းကိုလည်းသိရသည်။

 by Myit Makha Mediagroup 

ပခုက္ကူမြို့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်


မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့တွင် သံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဆန္ဒထုတ်ဖော်ကို ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင် စာသင်တိုက်မှ သံဃာ အပါး ၅၀၀ ခန့်က စတင်ခဲ့ခြင်းဖြစ်ကာ အမှတ်(၁) ရပ်ကွက် မဟာဝိဇယာ ရာမ ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ရောက်ရှိချိန်၌ အဆိုပါ စာသင်တိုက်မှ သံဃာ အပါး ၃၀၀ ခန့်က ထပ်မံပူးပေါင်းခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဆိုသည့် သမ္မတရုံး၏ တုန့်ပြန်မှုကြောင့် OIC နှင့် ပတ်သက်သည့်အကြောင်းအရာအား ရန်ကုန်မြို့တွင် ယနေ့၌ ဆန္ဒ ဖော်ထုတ်တော့မည် မဟုတ်ကြောင်း ဆန္ဒ ဖော်ထုတ်မည့် လှုပ်ရှားမှုအား ဆောင်ရွက်နေသည့် ဆရာတော် အရှင်ဦးခေမာစာရထံမှ သိရှိရသည်။

သို့ရာတွင် ဆန္ဒဖော်ထုတ်မည့် အချိန်နှင့် အစိုးရအဖွဲ့မှ တုန့်ပြန်သည့်အချိန်မှာ နီးကပ်နေသည့်အတွက်ကြောင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်းဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖတ်မှုများအားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားပါသည်။

 မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ခွင့်ပြုမည့် အရေးနှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာလ ၁၅ ရက်နေ့) တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ပါသည်။


 

OIC နှင့် ပတ်သက်သည့် အကြောင်းအရာအား ယနေ့တွင် ဆန္ဒထုတ်ဖော်တော့မည် မဟုတ်




မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဆိုသည့် သမ္မတရုံး၏ တုန့်ပြန်မှုကြောင့် OIC နှင့် ပတ်သက်သည့်အကြောင်းအရာအား ယနေ့တွင် ဆန္ဒဖော်ထုတ်တော့မည်မဟုတ်ကြောင်း ဆန္ဒဖော်ထုတ်မည့်လှုပ်ရှားမှုအား ဆောင်ရွက်နေသည့် ဆရာတော်အရှင်ဦးခေမာစာရထံမှ သိရှိရသည်။

သို့ရာတွင် ဆန္ဒဖော်ထုတ်မည့် အချိန်နှင့် အစိုးရအဖွဲ့မှ တုန့်ပြန်သည့်အချိန်မှာ နီးကပ်နေသည့်အတွက်ကြောင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်းဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖတ်မှုများအားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားပါသည်။

 အောက်တိုဘာလ ၁၄ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ထားခြင်းအား ခွင့်ပြုမထားဘဲ လက်ရှိလာရောက်ဖွင့်လှစ်မည့် ယာယီဆက်ဆံရေးရုံး(OIC ရုံးမဟုတ် ပါ) ကိုပင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်) က သူ၏ Facebook စာမျက်နှာ တွင် ဖော်ပြထားသည်။

 ''သမ္မတနဲ့ အစိုးရအဖွဲ့က အခုလိုတုန့်ပြန်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့် မန္တလေးကကျောင်းအပါအ၀င် အခြားမြို့တွေကကျောင်းတိုက်တွေကို OIC နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ မတောင်းဆိုဖို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အစိုးရကပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြုရင် ပြည်သူကလည်း အစိုးရကို အသိအမှတ်ပြုမှာပါ။ ရှေ့ဆက်ပြီး ပြည်သူရဲ့ဆန္ဒကို ဦးစားပေးတဲ့အစိုးရအဖြစ် ရပ်တည်သွားပြီး ဒီမိုကရေစီရေး ပိုမိုပီပြင်အောင် ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်'' မိန့်ကြားပါသည်။

 မြန်မာနိုင်ငံတွင် OIC ရုံးများ အခြေစိုက်ခွင့်မပြုရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁၅ရက်နေ့တွင် ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့များတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

Eleven Media Group

မြန်မာနိုင်ငံမှာ OIC ရုံး စိုက်ခွင့်မပြုထားကြောင်း ကြေညာထား

မြန်မာပြည်သူအများက လိုလားမှု မရှိသော အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ခေါ် ( Organization of Islamic Cooperation) ၏ မြန်မာနိုင်ငံရုံးစိုက်ခွင့်ကို မြန်မာအစိုးရ အနေဖြင့် ခွင့်ပြုမှု ရှိဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး၏ ( မှူးဇော် ဖေ့စ်ဘုတ်စာမျက်နှာ) မှာ ယနေ့ ညနေပိုင်း က ဖော်ပြထားပါတယ်။

 အောက်မှာ သူ၏ ဖေ့စ်ဘုတ်ပေါ်က သမ္မတရုံး၏ ကြေညာချက်အား ဖော်ပြထားတာ ကို ပြန် လည် ဖော်ပြပေးလိုက်ပါတယ်။

 မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်

 by Hmuu Zaw on Sunday, October 14, 2012 at 5:02pm ·

 ၁။  မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရဟန်းသံဃာများ အပါအဝင် ပြည်သူ အများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

၂။ နိုင်ငံအချင်းချင်း(သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့် နားလည်မှုစာချွန်လွှာ လက်မှန်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)  နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
    (ခ)    အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
    (ဂ)   နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
    (ဃ) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။

၃။ ၄င်းအပြင် နိုင်ငံတော်သမ္မတကြီးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ပြည်သူလူထုဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော မူဝါဒများ ချမှတ်ပေးထားပြီး ဖြစ်ပါသည်။

၎။ ပြည်သူများအကြားတွင် ဖြစ်ပေါ်လျက်ရှိသောဆန္ဒသဘောထားများကို ကောင်းစွာ သိရှိနားလည် ထားသော နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိကြစေရန် အသိပေးအပ်ပါသည်။

 ဤနေရာတွင်  သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာ ရှိပါတယ်။ 

နောက် ၁ နာရီခြားပြီး အောက်ပါ အသိပေးချက်ကို ဦးဇော်ဌေးက ရေးသား ထားပါတယ်။ 

မြန်မာနိုင်ငံတွင် OIC ရုံး ဟူ၍ ဖွင့်လှစ်ခွင့် ပေးမထားပါ

၁။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် OIC ရုံး (OIC Office, OIC Branch) ဟူ၍ ဖွင့်လှစ်ခွင့် ပြုမထားပါ။

၂။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် MoU ရေးထိုးထားသော ရုံးမှာ ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ရာတွင် ကာလသတ်မှတ်ချက်ဖြင့် ထားရှိမည့် ယာယီ ဆက်ဆံရေးရုံး (OIC ရုံး မဟုတ်ပါ) ဖြစ်ကြောင်း တွေ့ရှိရပါသည်။

၃။ ယင်းသို့ ယာယီရုံးဖွင့်လှစ်ခွင့် ကိစ္စကိုပင်လျှင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတကိုယ်တိုင် လမ်းညွှန်ထားပြီး ဖြစ်ပါသည်။



ယနေ့ ည ၈ နာရီက နိုင်ငံပိုင် သတင်းမီဒီယာများက ကြေညာမယ်လို့ ဆိုပေမယ့် မကြေညာခဲ့ပါဘူး။

မကြာသေးခင်က မြန်မာနိုင်ငံမှာ အဆိုပါ OIC အဖွဲ့ရုံးစိုက်မှု မကြာခင် လုပ်ဆောင်သွားမယ်လို့ OIC ၏ တာဝန်ခံတဦးနဲ့ BBC အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ သူ့အဆိုအရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ် သိန်းဌေးနှင့် OIC တို့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က OIC နှင့် ၂ ဖက် သဘောတူ နားလည်မှု စာချွတ်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဒေသ အနှံ့အပြားမှာ OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မှု မလုပ်ရန် ကန့်ကွက်မှုများ လုပ်ဆောင်နေခြင်း၊ အကယ်၍ ရုံးစိုက်မယ်ဆိုပါက တနိုင်ငံလုံး အတိုင်းအတာဖြင့် လူထု ကန့်ကွက်ပွဲများ ပြုလုပ်သွားကြရန် အစီအစဉ်များ ကို အဖွဲ့အစည်းအသီးသီးက ကြေညာထားပါတယ်။ 

ယနေ့ နံနက်ပိုင်းကလည်း မန္တလေးရှိ သံဃာတော်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက OIC ရုံး၊ မြန်မာ
နိုင်ငံမှာ ဖွင့်လှစ်ရန် ခွင့်ပြု ပေးမည် မဟုတ်ကြောင်း လာရောက် အသိပေး အကြောင်းကြားခဲ့ပါတယ်။

ပြည်တွင်း သတင်းဂျာနယ်များတွင်လည်း နယ်စပ်ရေးရာ ၀န်ကြီးဌာနက OIC ရုံးဖွင့်ခွင့် ပြုမှာ မဟုတ် 
ကြောင်း ပြောဆိုမှုများကို ထည့်သွင်းခဲ့ပါသေးတယ်။ ထိုမတိုင်မီက မန္တလေးမြို့ပြင် ၄ ရပ်မှာ မန္တလေး ရဟန်းတော်များ ဦးဆောင်ပြီး သံဃာ ၁ သောင်းဝန်းကျင်ခန့်၊ မြို့နေ လူထုတို့က ငြိမ်းချမ်းစွာဖြင့် OIC ရုံး မဖွင့်ရေး ဆန္ဒဖော်ထုတ်ခဲ့သေးပါတယ်။  


 

O I C အလိုမရှိ....



OIC အရေးမှာ Lobby တွေ အော်ကျီတွေ မလိုဘူး Negotiate တွေကလည်း Appropriate ဖြစ်တဲ့နည်းလို့မထင်ဘူး အရိုင်းအစိုင်းတွေကို How to approach တို့ Mutual Respect , Win Win Situation တို့သွားပြောနေရင် နွားပလာတာကျွေး ကျွဲပါးစောင်းတီးပဲ ... အဲဒီတော့

 ဒီနေ့ ဥပုသ်နေ့ ...

 နေ့ရက် ။ ။ ၁၅ . ၁၀ . ၂၀၁၂ 

အချိန်   ။ ။  နေ့လည် ၁ နာရီ 

စုရပ်နေရာ ။ ။ ရွှေတိဂုံ ဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးအနီး 

အမျိုးဘာသာ သာသနာအတွက် တိုင်းပြည်အတွက် လမ်းပေါ်ထွက်ကြမယ်............... အားလုံးပဲပူးပေါင်းကြပါ ...ညီညွှတ်ခြင်းသည် အင်အား..အောင်ပန်းဆွတ်နိုင်သား အရေးတော် ပုံအောင်ရမည် ....................

— with Htat Aung Rangoon

ျ

ကိုယ့်နိုင်ငံ..ကိုယ့်လူမျိုး အနာဂါတ်ဘ၀အတွက်... တိုင်းသူ ပြည်သားအားလုံ ( ပြည်တွင်း ပြည်ပ ) စည်းလုံး ညီညွတ်စွာဖြင့် စုပေါင်းကာကွယ်ကြ...။

ဦးနုရဲ့ တာတေ စနေသား နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြသုံးသပ်


တချိန်က ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ တာတေစနေသား ဆိုတဲ့ ကိုယ်တိုင်ရေး နိုင်ငံရေး အတ္တုပ္ပတ္တိ စာအုပ်နဲ့ ပတ်သက်ပြီး ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာရဲ့ စာပေကဏ္ဍမှာ စတင်ဖော်ပြ လာပါတယ်။ အခုလို ကလောင် ဟိန်းလတ်ရဲ့ တာတေစနေသား စာအုပ်အကြောင်း ရေးသား ဖော်ပြရာမှာ အိမ်ရှေ့ ရောက် လာတဲ့ ရဲဘော်လေးကို ဦးနုက "မင်းက ဘာလဲ" လို့ မေးလိုက်တော့ "ကျနော်တို့ တပ်မတော်က အာဏာသိမ်းလိုက်ပြီ" လို့ ဖြေလိုက်တယ်။

 ပြီးတော့ " လောက်ကောင် မိပြီ " လို့ သတင်းပို့တာကို လည်း ရေးသား ဖော်ပြထားပါတယ်။ ဦးနုခမျာ ၀န်ကြီးချုပ် ဘ၀ကနေ လောက်ကောင် လုံးလုံး ဖြစ်ရ တာကိုလည်း အဲဒီအခန်းရေးပြထားတာကို စာရေးသူ က ဖော်ပြထားပါတယ်။ နောက်မှ အကြောင်းစုံဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းလိုက်တယ်ဆိုတာ သိရတဲ့အခါ ဦးနုက " သြော် ဒီလိုကိုး' ဆိုပြီး ပြန်လည်ဖြေကြားခဲ့တဲ့အခန်းကိုလည်း ရေးသား ဖော်ပြထားပါတယ်။

 အခုလို နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာ တလျှောက်လုံး တားမြစ်ထားတဲ့ စာအုပ်ကို သုံးသပ်တင်ပြခွင့် ရ တာ ဒါဟာ ပထမ ဆုံး ဖြစ်ပါလိမ့်မယ်။ မြန်မာ့ သတင်းစာလောကရဲ့ ထူးခြားတဲ့ အပြောင်းအလဲ တခုလေ လား ဆိုတာ ဆက်လက်စောင့်ကြည့် ရအုံးမှာဖြစ်ပါတယ်။

Mizzima မှ စာဖတ်သူများအတွက် သတင်းများကို Mobile Phone Application အနေဖြင့် ထုတ်ဝေ


 


 

 
Mizzima မှ စာဖတ်သူများအတွက် မိမိတို့၏ Mobile Device များမှတဆင့် သတင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် Bagan Innovation Technology မှ Mobile Phone Application အနေဖြင့် ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ iPhone နှင့် Android Phone ဖုန်းများတွင် Mizzima News Applocation ကို အသုံးပြုနိုင်ပါသည်။

Mizzima News Android Application ကို အသုံးပြုခြင်းအားဖြင့်

- Mizzima News ၏ နေ့စဉ်သတင်းများကို ဖတ်ရှုနိုင်ခြင်း
- သတင်းများကို gmail မှတဆင့် share နိုင်ခြင်း
- သတင်းများကို offline အနေအဖြစ် ဖတ်ရှုနိုင်ခြင်း

အစရှိသည်တို့ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပါသည်။

DOWNLOAD : http://www.bitmyanmar.com.mm/kanaung/assets/apk/mizzima.apk

Sunday, October 14, 2012

လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ကိုကိုကြီး မိန့်ခွန်းပြောကြား

နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ပါဝင် ဆင်နွှဲနေတဲ့ ပြင်သစ်ရောက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး (ယာ)။( အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၂)။ (ဓာတ်ပုံ - ကိုထင်ကျော်၊ ပဲရစ်)။ 

13.10.2012 

လူ့အခွင့်အရေး ဆိုတာ နယ်နိမိတ် အကန့်အသတ် မရှိတဲ့အတွက် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ခြေလှမ်းတွေ ပိုပြီး မြန်ဆန် လာနိုင်တယ်လို့ ဥရောပနိုင်ငံ ၅ နိုင်ငံ စုပေါင်း ကျင်းပတဲ့ နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက မိန့်ခွန်း ပြောကြားခဲ့သလို မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ကြဖို့ပါ ပန်ကြားခဲ့ပါတယ်။

 ပြင်သစ်နိုင်ငံ ကို ရောက်နေတဲ့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့ အခါ အခုလို စပြောပါတယ်။ “ပြင်သစ်နိုင်ငံရောက်နေတဲ့ မြန်မာလူငယ်တွေ၊ သူတို့ကလည်း ကျနော်နဲ့ သီးခြားတွေ့ဖို့အတွက် စီစဉ်ထားတဲ့ တချိန်တည်းမှာ ရောက်ရောက်ချင်း နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲပေါ့လေ။ ၅ နိုင်ငံ စုပေါင်းလုပ်တယ်။ အဲဒီမှာ ကျနော့်ကို ဖိတ်တာနဲ့ အီဖယ် မျှော်စင်ရဲ့ရှေ့၊ လူ့အခွင့်အရေး ရင်ပြင်ကို လမ်းလျှောက်ပြီးတော့၊ စတာကတော့ လစ်ဘာတီ ရုပ်ထုရှေ့ကနေ စတာပေါ့။ စပြီးတော့ အဲဒီ အီဖယ် မျှော်စင်ရှေ့ လူ့အခွင့်အရေး ရင်ပြင်မှာ ကျနော်တို့ အလှည့်ကျပေါ့လေ၊ နိုင်ငံအလိုက် စကားပြောကြတဲ့ အစီအစဉ်ပါ။

အဲဒီမှာ ကျနော် ၀င်ပြီးတော့ ပါဝင်ခဲ့တာ။” ဦးကိုကိုကြီး အနေနဲ့ ပြည်ပကို ရောက်လာတဲ့ ပထမဆုံးလာတဲ့အချိန်၊ ဒီမှာ ပြည်ပက လူငယ်တွေနဲ့လည်း တွေ့ရတယ်၊ ဒီလိုအချိန်မှာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်အတွက် ဘာတွေ မိန့်ခွန်းထဲမှာ ပြောခဲ့လဲ သိပါရစေရှင့်။ - “ကျနော်တို့ နိုင်ငံမှာ လွတ်လပ်ခွင့်အတွက် တိုင်းရင်းသား ပြည်သူတွေရဲ့ လွတ်လပ်ခွင့် အတွက်၊ နောက်တခါ ကျနော်တို့ ပြည်သူတွေ ရင်ထဲမှာ၊ ကျနော်တို့ ကိုယ်တိုင် ရင်ထဲမှာကိုပဲ ထိန်လန့်စိုးရွံ့မှုတွေကို ဖယ်ရှားရင်းနဲ့ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ကြရတယ်။ ဆိုတော့ ဒီအကြောက်တရားတွေကို ဖယ်ရှားဖို့နဲ့၊ လူ့အခွင့်အရေး တွေအတွက် ဆောင်ရွက်ရင်းနဲ့ လက်ရှိလည်း ထောင်ထဲမှာ တချို့ ကျန်နေသေးတယ်။ တခါ ကျနော်တို့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့လည်း ခုချိန်ထိပေါ့လေ။

သူတို့ကို ပြန်လည် ထူထောင်ရေး ကိစ္စတွေ မလုပ်နိုင်သေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပြီဆိုရင် ချိုးဖောက်ခံရတဲ့သူတွေရော၊ ချိုးဖောက်တဲ့ ကိစ္စတွေမှာ ပါဝင်ခဲ့တဲ့ သူတွေ အားလုံးဟာ တနည်းမဟုတ် တနည်းနဲ့ စိတ်ပိုင်းဆိုင်ရာ အနာတရတွေ ဖြစ်ခဲ့ကြတယ်။ အဲဒါတွေကို ကျနော်တို့ ကုစားဖို့လည်း လိုတဲ့အကြောင်းပေါ့လေ။ နောက်တခုကတော့ လူ့အခွင့်အရေး ဆိုတာဟာ နယ်နိမိတ် အကန့်အသတ် မရှိဘူး။

အဲဒီတော့ လူ့အခွင့်အရေး ကိစ္စ ဆောင်ရွက်တဲ့အခါမှာ၊ လွတ်မြောက်ခြင်းအတွက် ဆောင်ရွက်တဲ့နေရာမှာ တယောက်နဲ့ တယောက် လက်ချင်းတွဲပြီးတော့ အခြား နိုင်ငံ အသီးသီးနဲ့ ချိတ်ဆက်ပြီး လုပ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ခြေလှမ်းတွေဟာ ပိုပြီးတော့ မြန်ဆန်လာမယ်၊ ပိုပြီးတော့ ခိုင်မာလာမယ် ဆိုတဲ့အကြောင်း နိုးဆော်ရင်းနဲ့ နိုင်ငံတကာမှာ လူ့အခွင့်အရေး၊ လွတ်လပ်ခြင်းနဲ့ ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ သူတွေအားလုံးကို လက်တွဲဆောင်ရွက်ကြဖို့ ကျနော် နိုးဆော်ခဲ့တာပါ။” အခု ကိုယ်တိုင် ကြုံလာရတဲ့ ပြည်ပက လူ့အခွင့်အရေး အနေအထားနဲ့ လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေနဲ့ ယှဉ်ပြီးတော့ ပြောပြပေးပါလား။

- “ဒီပွဲမှာ ထူးခြားတာက ပြင်သစ်နိုင်ငံရဲ့ ဒီမိုကရေစီ အခြေအနေကို ကျနော်ကိုယ်တိုင် လက်တွေ့ လေ့လာခွင့် ရခဲ့တာပေါ့လေ။ မိုးရွာထဲမှာပဲ ကျနော်တို့ လမ်းလျှောက်ပြီးတော့ ဆန္ဒထုတ်ဖော် ကြမယ်ဆိုတဲ့ အချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကနေ အားလုံးနဲ့ ဆန္ဒပြမယ့် သူတွေနဲ့ ရင်းရင်းနှီးနှီးပဲ ပြောဆို ဆက်ဆံကြပြီးတော့ သူတို့က တောက်လျှောက် လုံခြုံရေး ယူပေးတယ်၊ လမ်းကြောတွေကို ရှင်းပေးတယ်။ တားပေးတယ်။

အားလုံးကလည်း စည်းကမ်းတကျနဲ့ လူ့အခွင့်အရေး ရင်ပြင်အထိ ချီတက်သွားကြတယ်။ ကားတွေကလည်း သူတို့ကို တားထားရင် ရပ်ပြီးတော့ စောင့်ကြတယ်။ ဒီ လူအုပ် ဖြတ်သန်းပြီးတဲ့အထိ ပေါ့လေ။ လူငယ်တွေက သီချင်းတွေ၊ အကတွေနဲ့ performance တွေပါ ပါတာပေါ့လေ။

အဲဒါမျိုး သူတို့ ဆန္ဒပြတာဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့လိုလားချက်တွေကို သိသာမြင်သာအောင် ပြသသွားတာတွေဟာ ဒါ ကျနော်တို့အတွက်တော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကူညီစောင့်ရှောက်မှုရော၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြ လမ်းလျှောက်တဲ့သူတွေ ကြားမှာရှိတဲ့ ဆက်ဆံရေးကိုရော၊ ကျနော့်အနေနဲ့တော့ ကိုယ်တွေ့မျက်မြင်ပေါ့လေ ဒါ ကျနော် လေ့လာခွင့် ရခဲ့ပါတယ်။” ပြည်ပနိုင်ငံကို ပထမဆုံး ခရီးထွက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ပြင်သစ်ကနေ ချက်သမ္မတနိုင်ငံ ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

VOA 

မြန်မာရဲ့ နိုင်ငံတကာကြွေးမြီများ လျှော်ရေး ကမ္ဘာ့ဘဏ် ကူညီမည်

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim။ (ဧပြီလ ၁၁ ရက် ၂၀၁၂)။

13.10.2012

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံက ကြွေးမြီတွေ လျှော်ပစ်ရေးအတွက် ကူညီနေတဲ့အကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဘဏ် အနေနဲ့ လက်ရှိ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဒီ့ထက်မက ပိုပြီး ခရီးရောက်အောင် ထောက်ခံ အားပေးနေပါကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ ၂၀၁၃ ခုနှစ်ဆန်း ပိုင်းလောက်မှာ မြန်မာနိုင်ငံက ကြွေးမြီတွေ လျှော်ပစ်ရေးအတွက် အကောင်အထည် ဖော်နိုင်ဖို့ စတင် နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း လည်း ပြောပါတယ်။

 ပြုပြင် ပြောင်းလဲရေး အကောင်အထည် ဖော်နေတာကို ချီးကျူးလိုက်ပေမဲ့လို့ လုပ်စရာတွေ အများကြီး ရှိနေဆဲပါပဲလို့လည်း ဆိုပါတယ်။ မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကလည်း နိုင်ငံပိုင် စီးပွားရေးစနစ်ကနေ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို ဘက်ပေါင်းစုံကနေ အသွင်ကူးပြောင်းနေတာ မကြုံစဖူး အကောင်အထည်ဖော် ကြိုးစားနေတဲ့အကြောင်း ပြောဆိုသွားတယ်လို့ ဆိုပါတယ်။

 မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ် ဒေါ်လာ သန်း ၄၀၀ နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပေါ် ဒေါ်လာ သန်း ၅၀၀ အကြွေးတင်နေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကတော့ ဒေါ်လာ သန်းပေါင်း ၃,၈၀၀ ကို ဧပြီလတုန်းက လျှော်ပစ်ခဲ့ပါသေးတယ်။

ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်သမ္မတဟောင်းရဲ့ အဖွဲ့ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လေ့လာ

The Carter Center/Knudson Photos - အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ 

2012-10-13 

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ Jimmy Carter တည်ထောင်ထားတဲ့ The Carter Center က မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှုတွေကို ကူညီနိုင်မယ့်နည်းလမ်းတွေရှာဖွေနေတယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံကိုရောက်နေတဲ့ The Carter Center အဖွဲ့ရဲ့ အကြံပေးအရာရှိ Mrs. Sarah Levit- Shore နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် တို့ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က တွေ့ ဆုံဆွေးနွေးတဲ့အခါမှာ Mrs. Sarah ရဲ့ ပြောဆိုချက်တွေကို ကိုဂျင်မီက RFA ကို ပြန်ပြောပြပါတယ်။

“မြန်မာပြည်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ လေ့လာချင်တာတွေ သိချင်တာတွေ အများကြီး ရှိတယ်။ နောက်ပြီးတော့ သူတို့ဘာလုပ်ပေးနိုင်မလဲဆိုပြီးတော့ လာပြီးစုဆောင်းတာလည်း ရှိတယ်။ Election နဲ့ ပတ်သက်တဲ့ Monitoring မှာလည်း ဘာလုပ်ပေးနိုင်မလဲဆိုတာလည်း သိချင်တယ်” ဒါ့အပြင် သမ္မတဟောင်း ဂျင်မီ ကာတာ ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်လည်ပတ်သင့်ပြီလား ဆိုတာလဲ လေ့လာနေတယ်လို့ သိရပါတယ်။

 Carter Center ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေအပြင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ၀န်ကြီးဦးအောင်မင်း တို့နဲ့လည်းတွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေမှာ ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတဲ့ အကြောင်းတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာရဲ့ The Carter Center ဟာ ကမ္ဘာ့ နိုင်ငံအများအပြားမှာ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတွေနဲ့ ကျန်းမာရေးကိစ္စတွေမှာ အကူညီပေးနေတဲ့ လူမှုအဖွဲ့စည်းတခုဖြစ်ပါတယ်။

RFA


ABSDF မြောက်ပိုင်း မှတ်တမ်းဗီဒီယိုအပိုင်းအစ(ရုပ်/သံ) ဘာသာပြန်


"ကျန်ာတို့လို သူလျှိုတွေ စစ်အစိုးရက အများကြီးလွှတ်ထားပါတယ်..တချို့ကတော့ စစ်အစိုးရက အတင်းအကြပ်ခိုင်းလို့၊တချို့ကတော့ငွေပေးလို့ သူလျှိုလုပ်ခဲ့ရပါတယ်..တခြားနေရာတွေမှာလည်း သူလျှိုတွေအများကြီးလွှတ်ထားပါတယ် "(စမားညီညီ)

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ABSDF ကျောင်းသားတပ်မတော်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအချင်းချင်းပြန်လည် ဖမ်းဆည်းမှုကို ထိုစဉ်က ကျောင်းသားစခန်းသို့ ရောက်ရှိနေသာ ဂျပန်သတင်းထောက်တစ်ဦးရဲ့ မှတ်တမ်းဗီဒီယို ဖြစ်ပါသည်။

Video.. မင်းမင်း လတ် ကချင်ဒေသ Kioထိန်းချုပ်ထားတဲ့နေရာကို မြန်မာပြည်မှ ဒီမိုကရေစီအရေးလှုပ်ရှားသူများ မြောက်များလှစွာသော ကျောင်းသားများဟာ ပေါင်းစည်းရောက်ရှိလာကြပါတယ်..

တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ အင်အားတောင့်တင်းတဲ့ မြန်မာစစ်တပ်နဲ့ ဆန့်ကျင်တိုက်ပွဲဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ဌာနေမြေထဲမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများ ၈၀၀ခန့် နေထိုင်ခဲ့ပါတယ် မနက်၅နာရီဆိုရင် အားလုံး အိပ်ယာထပြီး စစ်ရေးလေ့ကျင့်နေခဲ့ပါတယ်..အဲဒီအချိန်မှာဘဲ စစ်အစိုးရဘက်က သူလျှိုဆိုပြီး ဖမ်းထားတဲ့ သူတွေကို အပြင်ထုတ်လိုက်ပါတယ်..

သူတို့တွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများထဲမှာ ရောနှောပါဝင်နေတဲ့ စစ်အစိုးရရဲ့ သူလျှိုတွေ..ပါဂျောင်ဒေသမှာ ပြီးခဲ့တဲ့နှစ်က သူလျှိုအယောက် ၈၀လောက်လွှတ်ခဲ့ပါတယ်။။ အဲဒီအယောက် ၈၀ထဲမှ ၁၅ ယောက်ဟာ ဒီနေရာကို မလာခင်မှာ အဖမ်းခံခဲ့ရတာပါ..ကျနော်တို့လို သူလျှိုတွေ စစ်အစိုးရက အများကြီးလွှတ်ထားပါတယ်..တချို့ကတော့ စစ်အစိုးရက အတင်းအကြပ်ခိုင်းလို့၊တချို့ကတော့ငွေပေးလို့ သူလျှိုလုပ်ခဲ့ရပါတယ်..တခြားနေရာတွေမှာလည့်း  သူလျှိုတွေအများကြီးလွှတ်ထားပါတယ် (စမားညီညီရဲ့ ပြောကြားချက်)

အဲဒီအချိန်အခါတုန်း ရော်နယ်အောင်နိုင်ပြောသွားတာကတော့ မြန်မာအစိုးရက ဂျပန်အစိုးရထံမှ ကူညီငွေအထောက်အပံအများကြီးရနေပါတယ်..အဲဒီငွေတွေဟာ ဂျပန်နိုင်ငံသားတွေရဲ့ အခွန်ပေးဆောင်ထားတဲ့ငွေတွေပါ..အဲဒီငွေတွေနဲ့ စစ်အစိုးရက မြန်မာပြည်သူတွေကို သတ်နေပါတယ်.ဒီဟာက ဂျပန်ပြည်သူတွေက မြန်မာနိုင်ငံသားတွေအပေါ် နှိပ်စက်နေတာနဲ့ တူတူပါဘဲ..ကျနော်တို့ဟာ ဂျပန်ပြည်သူပြည်သားတွေကို တောင်းဆိုချင်တာကတော့ မြန်မာစစ်အစိုးရ ကိုထောက်ပံနေတာတွေ လုံးဝရပ်တန့်သွားအောင် ဂျပန်အစိုးရထံ ဖိအားပေးတောင်းဆိုဖို့ပြောချင်ပါတယ် (ရော်နယ်အောင်နိုင်)

ဘာသာပြန်။။ ကိုထွဋ်
ဒီနေရာမှ ကူးယူဖေါ်ပြပါတယ်။

သူတို့က ချမ်းသာတာ မကြေညာရဲဘူး


ကာတွန်း ထင်လင်းကျော်က ချမ်းသာတဲ့သူတွေက ချမ်းသာတာကို မကြေညာရဲချိန်မှာ ဆင်းရဲတဲ့ သူတွေက ကြေညာချင်တဲ့ လူတွေက ဘယ်လို ကြေညာရမလဲ ဆိုတာ ကာတွန်းတကွက်နဲ့ ပုံဖော်ထားပါတယ်။

Tuesday, October 9, 2012

ပြည်သူလူထုကသာ ရွေးချယ်ခဲ့လျှင် သမ္မတအဖြစ်လက်ခံသွားမည် (သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၏ တခန်းရပ်ပြဇာတ် Animator Show(ရုပ်/သံ)

ပြည်သူလူထုကသာ ရွေးချယ်ခဲ့လျှင် သမ္မတအဖြစ်လက်ခံသွားမည် (သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၏ တခန်းရပ်ပြဇာတ် Animator Show(ရုပ်/သံ) 



'Aung San Suu Kyi could be president' (Animatorshow).


www.dawnmanhon.com/

အေးရှားဝေါလ်ကုမ္ပဏထံမှလုပ်ငန်းရှင်ဆယ်ဦးတို့က ကျပ်သန်းပေါင်းထောင်ကျော် ရရန်ရှိသေးသည့်အကြောင်း စာနယ်ဇင်းရှင်း



ရန်ကုန်-အောက်တိုဘာ၉

 အေးရှားဝေါလ်ကုမ္ပဏထံမှလုပ်ငန်းရှင်ဆယ်ဦးတို့က ၎င်းတို့ရရှိရန်ကျန်နေသေးသည့် ပစ္စည်းဖိုးနှင့်လုပ်အားခကြွေးငွေကျပ်သန်းပေါင်း၁၁၁၆.၀၁ကို ကုမ္ပဏီဖက်ကမပေးသေးသဖြင့် နိုင်ငံတော်သမ္မတအပါအ၀င်၊ အစိုးရရုံးဌာနများသို့ တိုင်ကြားစာ ပေးပို့ခဲ့ရာ ကုမ္ပဏီဖက်မှ တစ်နှစ်အတွင်းပေးချေမည်ဟု ကတိပြုခဲ့သော်လည်း လုပ်ငန်းရှင်တို့ဖက်မှကြွေးပူများရှိနေသဖြင့်ကျေနပ်သည် အထိဖြေရှင်းလာစေရန်အတွက်ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်းယနေ့နံနက်၁၀နာရီမှစတင်ကာစီတီးစတားဟိုတယ် တွင်ပြုလုပ်နေသော စာနယ်ဇင်းရှင်းပွဲတွင် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

လုပ်ငန်းရှင်၁၀ဦး က ၎င်းတို့ပါဝင်တည်ဆောက်ခဲ့သော ကင်းသာစီမံကိန်း၊ပုဗ္ဗသီရိကုတင်-၃၀၀စီမံကိန်း၊မုံရွာ၊မြတ်တော် ၀င်၊တိုင်းရင်းသာကျေးရွာ၊စသည့်စီမံကိန်းများတွင်စိုက်ထုတ်သုံးဆွဲခဲ့သောငွေများကိုမရရှိသေးခြင်းဖြစ်သည် ဟုဆိုသည်။

SK -
Popular Myanmar News Journal
 

ဒို့ပြည်သာကစားကွင်း တင်ဒါရပ်ဆိုင်းခံရစားသောက်ဆိုင်များသုံးရက်အတွင်းပြောင်းရွှေ့ရမည်အပြင်အလုပ်သမား၂၀၀ခန့်အလုပ်လက်မဲ့ဘေးရင်ဆိုင်နေရ




စူးရှ 

သစ်တောရေးရာဝန်ကြီး ဌာနပိုင် ဒို့ပြည်သာကစားကွင်း အား တင်ဒါထပ်မံလျှောက်ထားခွင့် ရပ် ဆိုင်းထားခြင်း ကြောင့် အလုပ်သ မား ဦးရေ ၂၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်မည့်အရေးကို ရင်ဆိုင် ရလျက်ရှိ ကြောင်း ဒို့ပြည်သာကစားကွင်း၏ Indoor Game  နှင့်ကစားကွင်းတာ ဝန်ခံ ကိုဇော်ဦးက ရန်ကုန်တိုင်းမ် သို့ ပြောသည်။

ဒို့ပြည်သာကစားကွင်း ဌားရမ်းထားသော သစ်တောရေးရာ ဝန်ကြီးဌာနပိုင် မြေကွက်တွင် Game City နှင့် စားသောက်ဆိုင် လုပ် ငန်း ရှင်များမှတစ်ဆင့်လုပ်ကိုင် လျက်ရှိပြီး ဒို့ ပြည်သာကစားကွင်းမှ ဝန်ထမ်း များလည်း  ကစားကွင်းဝန်ဆောင်မှုလုပ် ငန်းများလုပ်ကိုင် လျက်ရှိကြောင်းနှင့် အဆိုပါတင်ဒါ လျှောက်ထား ခွင့်ရပ်ဆိုင်းထားမှု အားဝန်ထမ်းများအနေ နှင့်အောက်တိုဘာလ (၅)ရက်နေ့မှ သာသိရှိခဲ့ ကြောင်း သိရသည်။

''သောကြာနေ့မနက် ရောက်တော့မှ ဒီလုပ်ငန်းကြီးပိတ် တော့မယ်ဆိုတာသိရတယ်၊ထပ်ပြီး ငှားရမ်းဖို့ အတွက် စာချုပ်ပြန်ချုပ်လို့ မရဘူး၊ အစိုးရကစာချုပ်ပြန်မချုပ်ပေး ဘူးလို့ သူဌေး ကပြောတယ်။ အခု လောလော ဆယ်တော့  သူတို့တင်ဒါ ခေါ်ထားတယ်၊ သူဌေးကလည်းဆက် မရတော့ ဘူး ဆိုရင်နစ်နာ ကြေးပေး မယ်။ဒါပေမယ့် နောက်လူက ဒီလုပ် ငန်းလုပ်မယ်၊ဒါမှမဟုတ် ကျွန်တော် တို့ကိုပြန် ခန့်မယ် မခန့်မယ်တော့ အာမမခံနိုင်ဘူးလို့ပြောတယ်'' ဟု ကိုဇော်ဦးကပြောသည်။

ဒို့ပြည်သာကစားကွင်း လုပ်ငန်းရပ်ဆိုင်းပါက ဒို့ပြည်သာ မှဝန်ထမ်းပေါင်း ၁၀၀ ကျော်ခန့်အ လုပ်လက်မဲ့ဖြစ် ပွားနိုင်ပြီး စားသောက် ဆိုင်များအနေဖြင့်လည်း ၎င်းတို့လုပ် ငန်းရပ်ဆိုင်းလိုက်သဖြင့် စီးပွား ရေး ထိခိုက်သွားနိုင်ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပက်သက် ၍ မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပါတီမှမြို့နယ်တာဝန်ခံဦးကျော်ဒင် က''မြို့နယ် ကကော၊ ရဲဌာနကဝန်ထမ်း တွေကပါ ဒီကိစ္စကို သိကျတယ်၊အဲဒီ မှာ ရှိတဲ့အလုပ်သမား တွေ၊ ဝန်ထမ်း တွေ အများကြီး အလုပ် လက်မဲ့ဖြစ်မယ့်ကိစ္စကို ဝင်းကိုပိုင်တဲ့ သစ်တောရေး ရာဝန်ကြီး ဌာန ကလည်း သိတယ်၊ဒါပေမယ့် အကုန်လုံးကဒီ အလုပ်သမားတွေကို လစ်လျူရှုထား တယ်၊ အာမခံပေး  နိုင်တဲ့ ဝန်ကြီး ဌာန မရှိဘူး။'' ဟု ဆိုသည်။

မင်္ဂလာတောင်ညွှန်မြို့ နယ်တွင် အဆိုပါကိစ္စဖြစ်ပွားခြင်း ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျအုန်း မှ လာရောက် ဖြေရှင်းစဉ် ၎င်းအနေဖြင့် အလုပ် လက်မဲ့ဖြစ် သွားနိုင်သောအလုပ်သ မားများ အား စိတ်မပူရန်၊ တိကျသော အဖြေတစ် ခုရရှိရန်နှင့် အလုပ်သမား များအား ကာကွယ်သော အလုပ်သမား  ဥပဒေ များရှိကြောင်း ပြောကြားသွားခဲ့သည် ဟု ဒို့ပြည်သာကစား ကွင်းဝန်ထမ်း ဖြစ်သူ ကိုဇော်ဦး က ထပ်မံ ပြောသည်။

အဆိုပါ  ရပ်ဆိုင်းမှုမှာ အောက်တိုဘာလ ၅ ရက်နေ့မှ  စ၍   ဒို့ပြည်သာက စားကွင်းအတွင်းရှိ Game  City  နှင့် စားသောက် ဆိုင်များအား (၃)ရက် အတွင်း  ရွှေ့ပြောင်းပေးရန် ဒို့ပြည် သာကစားကွင်းပိုင်ရှင် ဦးထွန်းမြင့်  မှညွှန်ကြားသွား ခဲ့ကြောင်း  သိရသည်။

 by Yangon Media Group

ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည် တွင်း စစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက် တွဲဘတ်ဂျက် တောင်းခံနိုင်

 
ဝေမာသိမ့်
ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည်တွင်းစစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက်တွဲ ဘတ်ဂျက်တောင်းခံ မှု ပြည်ထောင်စု အစိုးရအဖွဲ့မှနောက်ဆက် တွဲဘတ်ဂျက်တွင် တင်ပြလာမည်ဖြစ်ကြောင်း မကြာမီရက်ပိုင်း တွင်ဆွေး နွေးမည်ဖြစ် ကြောင်း ပြည်သူ့ ငွေ စာရင်းပူး ပေါင်းကော် မတီအဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးမန်းမောင်မောင် ဉာဏ်ထံမှ သိရ သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက ပြည်ထောင်စုအစိုးရမှတင် သွင်းမည့် ၂၀၁၂-၂၀၁၃ခုနှစ်နောက် ဆက်တွဲ ဘတ်ဂျက် များ လေ့လာစိစစ်ရန် အ တွက်အောက်တိုဘာ(၉)ရက်နှင့်(၁၀) ရက်နေ့များတွင် နေပြည်တော်ရှိ ကော်မတီရုံးခန်းတွင်အစည်းအဝေးပြုလုပ်ပြီးလေ့ လာစိစစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

''အခုလုပ်မယ့် ပူးပေါင်းကော်မတီ အစည်းအဝေးက ပြည်ထောင်စုအ စိုးရကတင်လာမယ့် နောက် ဆက်တွဲ ဘတ် ဂျက်ကိုဆွေးနွေးကြ မှာဖြစ်တယ်။ရခိုင်နဲ့ ကချင်ပြည်နယ်တွေအနေနဲ့ မမျှော်လင့်တဲ့ ကိစ္စတွေဖြစ်ပွား တဲ့ အခါမှာ နောက်ဆက် တွဲဘက်ဂျက်တွေကလိုမှာပဲ။ ဒီပြည်နယ် တွေကတော့ အဓိကခွင့်ပြုပေး ရမယ့် ဘတ် ဂျက်တွေပါ။ကချင်လိုစစ်ပြေးဒုက္ခသည် တွေရှိမယ်၊ရခိုင်လို ဒုက္ခသည်တွေ အတွက် နေ့စဉ်စောင့်ရှောက်မှုစရိတ်တွေက ဘယ် ဝန်ကြီးဌာနမှာမှ အပိုမရှိနိုင်ဘူး။ဒါတွေက နောက် ဆက်တွဲ ဘတ်ဂျက်တွေမှာတက်လာ နိုင်တဲ့ဟာတွေပေါ့။နောက်တစ်ခုတက် လာနိုင်တာက ငြိမ်းချမ်းရေး ကိစ္စ၊ငြိမ်းချမ်း ရေးအဖွဲ့ကလိုက်တာဆွေးနွေးနေတာ သူ့မှာဘတ်ဂျက်မရှိဘူး။ ဒါတွေတက် လာ နိုင်တယ်။''ဟုပြည်သူ့ငွေ စာရင်းပူး ပေါင်းကော်မတီ အဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ် ဦးမန်းမောင်မောင် ဉာဏ်ကဆိုသည်။

ပြည်နယ်တိုင်းအသီးသီးက တင်မှတင်ပြလာသည့်နောက်ဆက်တွဲဘက် ဂျက်များကိုစိစစ်ရမည့်အပြင် ပြည်ထောင် စုအစိုးရမှတင်ပြလာမည့် ဘတ်ဂျက်များ လည်းကို ယခုပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီအစည်း အဝေးတွင် လေ့လာစိ စစ်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ခုနှစ်အရ အသုံးဆိုင်ရာ ငွေစာရင်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးရာတွင်ဆွေးနွေးမည့်ကိုယ် စား လှယ်များ ပြားသည့် အတွက် အချိန်ကြာ မြင့်လာခြင်းကြောင့် ပြည်ထောင်စု နာယ ကမှပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မ တီသို့ဘတ်ဂျက်ဆိုင်တိုမြင့်တောင်းခံမှုများ ကိုဖျက်တောက်ရန် အထူး သဖြင့်မှာကြားခဲ့ ပြီး ထိုသို့မှာကြားခြင်းမှာ ဝန်ကြီးဌာန အချို့တွင် ယခုနှစ်အတွင်း ဆောင်ရွက် ရမည့် စီမံကိန်းထက် နှစ်ရှည်စီမံကိန်းများ ကိုတောင်းခံထားသည့်အတွက်ထိုကဲ့သို့ငွေ များကို ဖျက်တောက် ခဲ့ကြောင်း၊သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘတ်ဂျက်များမှာ ပထမအရအသုံးဆိုင်ရာ လျာထားချက်ခွင့်ပြုချက်ထက် (၆)လအ ပြီးတွင် နောက်ဆက်တွဲထပ်တိုး ဘတ်ဂျက် များတောင်းခံလာရသည့် အတွက် နိုင်ငံ တော်၏ ဝင်ငွေနှင့်ထွက်ငွေမညီ မျှမှုများ ရှိကြောင်း၊ထို့ကြောင့် နိုင်ငံတကာမှချေး ငွေများရယူနေရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဝင်ငွေအဖြစ်ရရှိနိုင်မည့်ကဏ္ဍာ များတွင် စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်ပြီး လိုက်နာကြရန်လိုအပ် ကြောင်းဆိုသည်။

''အခွန်ကရရှိမှု ရေးချိုးက တော်တော်နည်းတယ်။ အခွန်က လည်း တော်တော်များများက တိမ်းရှောင်ကြ တယ်။အခွန်ရတာ ကတော့ လယ်သမား တွေပဲရှိတယ်။ သူတို့ကရှောင်လို့လဲမရဘူး။ တကယ်တန်း တော့ သူတို့လယ်တွေမ အောင်မြင်ပေမယ့်လည်း အခွန်တော့ ဆောင်ကြတာပဲ။ အခွန်မဆောင်တာ က တော့ စီးပွားရေးသမားတွေပဲ''ဟုဆိုသည်။
 
Yangon Media Group
 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး ဥရုချောင်း တစ်ဖက်ကမ်းရှိ ဘုရားကုန်းနှင့် စစ်တပ်ကုန်း တစ်ဝိုက်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။ တိုက်ပွဲ စတင်ဖြစ်ပွားပြီး မိနစ် ၃၀ ကြာချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း လုံးခင်းဒေသခံ တစ်ဦးက ပြောပါသည်။

ယခုအချိန်တွင် စစ်တပ်ကုန်းအနီးတွင် ရှိနေသော စာသင်ကျောင်းမှ ကျောင်းသားများကို မိဘများ ကိုယ်တိုင် လာရောက် ခေါ်ဆောင်ကြရန် ဆရာများမှ အသံချဲ့စက်ဖြင့် ကြေညာနေသဖြင့် မိဘများ ကိုယ်တိုင် သွားရောက် ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား ၃၀၀၀ ကျော်ခန့် ပညာသင်ယူနေကြောင်း သိရသည်။
 

ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ်.

အမေရိကန်သံရုံးရှေ့တွင် လစ်ဗျားနိုင်ငံ၌ ကျဆုံးသွားခဲ့သော အမေရိကန်သံအမတ်အတွက် လွမ်းသူ့ပန်းခွေချစဉ် ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ် 


Source:7 Day news journal :Monks Protest against OIC (Organisation of Islamic Cooperation) Supporting Rohingyas-illegal Benghali Migrants Burmese Buddhists Monks expressed that they don't want OIC office opening in Burma and also requested to the Bangladesh Government to protect the Bangladesh Buddhist monks and Buddhist minorities' safety in Bangladesh. Around 300 Buddhist Monks participated in the protest. Earlier this month, around 1000 Buddhist Monks expressed their deep concerns in Magwe Monestry in Yangon. The demonstrations were held in front of the American Embassy and Bangladesh Embassies.

 ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များအား မွတ်စလင်ဘာသာဝင်များမှ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သတ်ပြီး တတိယနေ့အဖြစ် ရန်ကုန်မြို့ရှိ သံဃာတော်များ စုပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လမ်းလျှောက်မှုတခု့  အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပါတယ်။

 ရဟန်းသံဃာတော် အပါး ၁၂၀၀ ကျော်နှင့် ပြည်သူလူထု အယောက် ၅၀၀ ကျော် စုပေါင်းပြီး ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှ စတင်ကာ အမေရိကန်သံရုံးရှေ့သို့ ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့က လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သေဆုံးခဲ့ရမှုနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများမှ ၀မ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းများကို အမေရိကန်သံရုံးရှေ့ ဆိုင်းဘုတ်ရှေ့တွင် ချထားကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။

အဆိုပါ ချီတက်လမ်းလျှောက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံအသီးသီးမှ အစိုးရခေါင်းဆောင်များနှင့် ပါတီခေါင်းဆောင် ဘာသာရေးခေါင်းဆောင်များကို မြန်မာနိုင်ငံတိုင်းရင်းသားရှင်လူများမှ အချက် ၁၄ ချက်ပါ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ဆန္ဒဖော်ထုတ်သူများ တောင်းဆိုခဲ့သည့်အချက် ၁၁ ချက် 

အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲလုပ် (ရုပ်သံ)


မြန်မာနိုင်ငံပညာရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင် 

 မြန်မာနိုင်ငံ၏ ပညာရေးသည် နှစ်ပေါင်း ၅၀ ကြာ အင်မတန်မှ ညံ့ဖျင်းခဲ့ကြောင်းဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

ယခင်နှစ်ပေါင်းများစွာ ညံ့ဖျင်းခဲ့သည့်ပညာရေးကြောင့် မျိုးဆက်သစ်လူငယ်များကြားတွင် လုပ်နိုင်ကိုင်နိုင်သော အရည်အချင်းပြည့်ဝသည့် လူငယ်များရှားပါးသွားခဲ့ကြောင်း၎င်းကဆိုသည်။

 မြန်မာလူငယ်များမတော်မတတ်၍ မဟုတ်ဘဲ ပညာရေးညံ့ဖျင်းမှုကြောင့်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံပညာရေးသည် အင်မတန်မှပြုပြင်ပြောင်းလဲရန်လိုအပ်ပြီး လွန်စွာညံ့ဖျဉ်းသည့် အခြေအနေတွင်ရှိကြောင်း၊ အခြေခံပညာရေးစနစ်သည် ကလေးငယ်များအတွက် အမှန်တကယ်ပညာပေးသည့် အခြေအနေမဟုတ်ကြောင်း၊ ကလေးများမဖြစ်မနေကျောင်းသွာရေး ကိစ္စကို အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဆင့်မြင့်ပညာရေးနှင့် အခြေခံပညာရေးအပြင် အသက်မွေးဝမ်းကြောင်းပညာနှင့် ကျောင်းပြင်ပ ပညာရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းဆိုသည်။ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ဖို့ လုပ်ဆောင်ရန် လွန်စွာစိတ်အားထက်သန်လျှက်ရှိကြောင်းဆိုသည်။ ရန်ကုန်တက္ကသိုလ်အား ယခင်အချိန်များကကဲ့သို့ လျှမ်းလျှမ်းတောက် တက္ကသိုလ်ပြန်ဖြစ်လာရန် ၀ိုင်းဝန်းကြိုးစားရန်လိုအပ်ကြောင်းဆိုသည်။

 မိမိမဲဆန္ဒနယ် ကော့မှူးတွင် အသက်မွေးဝမ်းကျောင်းပညာသင်စခန်းတစ်ခုဖွင့်လှစ်ရန်စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းပုံစံအဆင်ပြေမည်ဆိုလျှင် အခြားသော မြို့နယ်များ၌လည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ယင်းသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စတင်လုပ်ဆောင်သည့် ကိစ္စဖြစ်ကြောင်းဆိုသည်။




ငတက်ပြား၏ စွန့်စားခန်း iOS ဗားရှင်းကို App Store မှတစ်ဆင့် download ရယူနိုင်ပါပြီ


ငတက်ပြား၏ စွန့်စားခန်း iOS ဗားရှင်းကို App Store မှတစ်ဆင့် download ရယူနိုင်ပါပြီ 






DOWNLOAD LINK - http://itunes.apple.com/us/app/adventures-of-nga-tat-pyar/id566541954?mt=8

RFA Facebook ဘာကြောင့် ပိတ်သွားရတာလဲ


RFA Facebook ဘာကြောင့် ပိတ်သွားရတာလဲ 
****************************** 

ကျွန်တော် RFA Facebook ရဲ့ ပရိတ်သတ်တစ်ဦးပါ ။ လွန်ခဲ့တဲ့ ၃- ၄ ရက်လောက်ကတည်းက ၀င်ကြည့်လို့မရတော့တာပါ။ ပရိတ်သတ် နှစ်သောင်းနီးပါးရှိတဲ့ RFA Facebook ကို အခုတော့ ပိတ်လိုက်ပြီတဲ့ဗျာ ။ အကြောင်းက ပြီးခဲ့တဲ့လတွေကတည်းက ပွထနေတဲ့ RFAဌာနတွင်း ကာမဖေါက်ပြန်သောင်းကျန်းမှု အရှုပ်တော်ပုံနဲ့ RFA ဌာနမှူးဒေါ်ငြိမ်းရွှေရဲ့ ဂျာနယ်လစ်ဇင်းကို ၀ိုင်းပြီးဝေဖန်ကြလို့ မခံနိုင်တဲ့အဆုံး RFA Facebook စာမျက်နှာပါ ရပ်လိုက်တာလို့ကြားရပါတယ်။

အချို့သော ဖဘ စာမျက်နှာတွေ FNGလို သတင်းစာမျက်နှာတွေမှာပါ ဒီအကြောင်းတွေရေးနေတာလဲ ဖတ်လိုက်ရပါတယ်။ ဒီလောက် လူပြောသူပြောများနေမှတော့ RFA မှာ ဘာတွေဖြစ်နေပြီလဲလို့ စိတ်ဝင်စားမိတာအမှန်ပါ။ RFA ဆိုတာက ကျွန်တော်တို့လူထုက အားထားရတဲ့ သတင်းဌာနထဲက တစ်ခုပါ။ သတင်းအမှောင်ချခံထားရတဲ့ ခေတ်ကတည်းက အဖိနှိပ်ခံပြည်သူတွေရဲ့အသံကို ကြိုးစားလွှင့်ပေးခဲ့လို့ RFAကို ကျေးဇူးတင်မိပါတယ်။ အခုတောာ့ RFA ဌာနတွင်းမှာ မကြားဝံ့ မနာသာ မကြားချင်စရာ ဖေါက်ပြန်မှုတွေဖြစ်နေတာ ကြားရ နားထောင်ရတော့ စိတ်ထဲ မသတီဖြစ်မိတာလည်းအမှန်ပါ။

RFA ဘာလဲ ဘယ်လဲဆိုတဲ့ မေးခွန်းတွေလည်း တသီတတန်းကြီး အတွေးထဲဝင်လာပါတယ်။ ဇတ်လမ်းကတော့ ရှင်းပါတယ်။ RFAအယ်ဒီတာ ဦးခင်မောင်စိုးက အသံလွှင့်သတင်းထောက် မခင်ခင်အိတို့ မသင်းသီရိတို့နဲ့ သုံးပင်လိမ် ရှုပ်ကြတဲ့ဇာတ်ပါ။ ဒါပေမယ့် ဦးခင်မောင်စိုးကတော့ သုံးပင်တောင် မကဘူးထင်ပါရဲ့။ မခင်ခင်အိရဲ့ စကားပြောသံတွေ တင်ထားတဲ့ အင်တာနက်စာမျက်နှာတွေမှာဆိုရင် ဒေါ်မြင့်မြင့်သန်းဆိုတဲ့ အမျိုးသမီးကိုလဲ ဦးခင်မောင်စိုးကကြံစည်ဖူးတယ်လို့ ရေးထားပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ သတင်းဌာနတခုမှာ အယ်ဒီတာလိုနေရာမျိုး လုပ်နေတဲ့ လူကြီးတစ်ယောက်အတွက် ဘယ်လိုမှမဖြစ်သင့်တဲ့ လုပ်ရပ်ဆိုပေမယ့် လက်တွေ့မှာ အခုလိုဖြစ်နေတာကြားရတော့ အဲဒီလောက်တောင်ပဲလားလို့ အံ့သြတုန်လှုပ်မိတာအမှန်ပါ။ SoundCloud မှာ Khin Maung Soeလို့ ရိုက်ထည့်လိုက်ရင် သူတို့နဲ့ပတ်သက်ပြီး မခင်ခင်အိပြောနေတဲ့ အသံတွေ ကြားရပါတယ်။ RFA ရုပ်မြင်သံကြားထဲမှာတော့ မခင်ခင်အိဆိုတဲ့ အမျိုးသမီးကို မကြာခဏတွေ့ရတတ်ပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် ရုပ်ရည်သနားကမားနဲ့ ဒီလိုဇာတ်ခင်းနေမယ်လို့ မထင်ရက်ပါဘူးဗျာ။ သတင်းအလုပ်ကို ဘာလို့အာရုံစိုက် မလုပ်ကြပဲ အခုလို လင်လုမယားလု အလုပ်တွေ လုပ်ဖို့အချိန်ရနေကြတာလည်းဆိုပြီး အံ့သြနေမိပါတယ်။ ဒါကြောင့်လည်း RFAရဲ့ ကွာလတီ ကျလာတာ သတိထားမိပါတယ်။ တခါလာလည်း ပေါချောင်ကောင်း အင်တာဗျူးတွေမေးပြီး လွှင့်နေတာ၊ အစိုးရအသံ ရရင်ပြီးရောဆိုပြီး အစိုးရကပြောချင်ရာပြောပါစေ ဘာမှဆန်းစစ်ဝေဖန်တဲ့ မေးခွန်းမျိုးတောင် မမေးတော့ပဲ ဒီအတိုင်းလွှင့်နေတာတွေက RFAလမ်းကြောင်းပြောင်းနေပြီဆိုတာကို ပြနေတာပါ။

 RFAကို အစိုးရက အိတ်ထောင်ထဲထည့်ထားလိုက်ပြီလို့ မိတ်ဆွေတချို့ဝေဖန်ခဲ့တာကို အရင်က လက်မခံနိုင်ခဲ့ပေမယ့် အခုတော့ လက်ခံရတော့မလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ RFAကို စနားထောင်ကတည်းက RFAဆိုတာ သူပုန်သတင်းဌာန အစိုးရကိုဝေဖန်စရာရှိရင် ဝေဖန်လွန်းတဲ့သတင်းဌာနပဲလို့ နားလည်ခဲ့ပါတယ်။ အခုတော့RFAဟာ အဲဒီရပ်တည်ချက်တွေကနေ သွေဖီသွားပြီလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဦးခင်မောင်စိုးဆိုရင် ၀န်ကြီးဦးစိုးသိန်းနဲ့မေးမြန်းခန်းမှာ ၀န်ကြီးတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လက်တွဲလုပ်ရတာ ဘယ်လိုသဘောရလဲလို့သာ မေးခဲ့တာပါ။ ၀န်ကြီးတို့စစ်အစိုးရ လက်ထက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် ဘယ်လိုတာဝန်ယူဖြေရှင်းပေးဖို့ရှိသလဲလို့ သတင်းသမားတဦးအတွက် တာဝန်ရှိတဲ့မေးခွန်းမျိုး ဘာလို့ထည့်မမေးတာလဲဆိုတာ တွေးနေမိပါတယ်။ လိင်သောင်ကျန်းဖို့ပဲ အကြံထုတ်နေရလို့များ ဒီလိုမေးခွန်းကောင်းတွေ ထွက်မလာတော့တာလားဆိုတာလဲ တဆက်ထဲတွေးမိပါတယ်။ RFA နဲ့ပတ်သက်ပြီး စိတ်မကောင်းစရာလဲ ကြားရပါတယ်။

 ဦးခင်မောင်စိုး မခင်ခင်အိ မသင်းသီရိတို့ရဲ့ ကာမအရှုပ်ကို တိုင်တန်းမိတဲ့အခြားဝန်ထမ်းတွေ အလုပ်ဖြုတ်ခံရမယ်ဆိုတာ ကျွန်တော်တော့ဖြင့် နားမလည်နိုင်ပါ။ ရုံးတစ်ခု ဌာနတစ်ခု သန့်စင်ရေးလုပ်တဲ့အခါ အဲဒီဌာနကို နာမည်ထိခိုက်စေတဲ့ အရှက်ရသိက္ခာကျစေတဲ့သူတွေကိုသာ ရှင်းထုတ်လေ့ရှိတယ်လို့ပဲ နားလည်ပါတယ်။ အခုကိစ္စမှာက ကျန်တဲ့ဝန်ထမ်းတွေထုတ်ပစ်မယ်ဆိုရင် သူတို့ကို ဘာအတွက် ထုတ်မှာလဲဆိုတဲ့မေးခွန်းက ၀င်လာပါတယ်။ ဘယ်လိုမှ နားမလည်နိုင်စရာပါ။ အကယ်၍ သူတို့မှာ ဘာအပြစ်မှမရှိပဲထုတ်တယ်ဆိုရင်တော့ RFAရဲ့ လုပ်ရပ်တွေဟာ အတော်ကို မနှစ်မြို့စရာပဲလို့ သတ်မှတ်ရမှာပါ။

 Aung Pan ဖဘ မှာဆိုရင် ဦးခင်မောင်စိုး လိင်သောင်းကျန်းနေတာကို ဌာနမှူးဒေါ်ငြိမ်းရွှေက အကာကွယ်တွေ ပေးထားတယ်လို့တောင် ရေးထားတာဖတ်လိုက်ရပါတယ်။ ဌာနမှူးတယောက်လုပ်နေပါလျှက်နဲ့ အဲဒီလိုလုပ်ပါ့မလားလို့ သံသယ၀င်မိတာလဲ အမှန်ပါ။ လိင်သောင်းကျန်းသူတစ်ဦးကို ဒီလိုတကယ်သာ အကာအကွယ်ပေးနေတယ်ဆိုရင်တော့ အဲဒီဌာနမှူးဆိုတာဟာလဲ သိမ်ဖျင်းတဲ့အတွေးအခေါ်တွေနဲ့ ဌာနကိုအုပ်ချုပ်နေသူလို့သာ ပြောရမှာပါ။ RFA Facebookကို ကြည့်လို့ရတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီဌာနမှူး အင်တာဗျူးလုပ်တာကို ကြည့်လိုက်ရပါတယ်။ အတော်အခြေနေဆိုးပါလားလို့ အတွေးဝင်မိပါတယ်။

လွှတ်တော်တွင်း အခြေအနေ အဖြစ်အပျက်တွေကို နားမလည်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေစိုးမိုးရေးကော်မတီနဲ့ လယ်သမားအခွင့်အရေးကော်မတီ ကွဲကွဲပြားပြား မသိပဲ မေးနေတာဟာလဲ သတင်းဌာနကြီးတခုရဲ့ ဌာနမှူးအနေနဲ့ မဖြစ်သင့်တဲ့ကိစ္စလို့ပဲ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က RFAဌာနမှူးရဲ့မေးခွန်းတွေကို စိတ်မရှည်တဲ့သဘော စကားဖြတ်ပြီး ပြန်ဖြေနေတာကိုလည်း သတိထားမိပါတယ်။

ဒီလိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို မေးမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့ ပစ်စလက်ခတ်လုပ်တာပါလဲ။ ဒါဟာ RFAရဲ့ စတိုင်များလားလို့တောင် တွေးမိပါတယ်။ ဒါ့ကြောင့်လည်း ဖဘ ပရိတ်သတ်က ဝေဖန်ကြတာပါ။ သတင်းဌာနတွေက ကျန်တဲ့သူတွေကျတော့ ဝေဖန်နေပြီး ကိုယ့်ကိုဝေဖန်တာကိုကြောက်လို့ အခုလို Facebookကို ပိတ်ပစ်လိုက်တာကတော့ သမိုင်းမှာ အရမ်းကိုအရုပ်ဆိုး အကျဉ်းတန်တယ်လို့ပဲ ပြောလိုက်ပြစေ။

တကယ်တော့ RFAဆိုတာ အများနဲ့ဆိုင်တဲ့ သတင်းဌာနတခုပါ။ RFA ထဲမှာ အခုလိုဖြစ်နေတာတွေအတွက် ကျွန်တော်တို့အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ၀ါရှင်တန်ကလူတွေ လုပ်ချင်ရာလုပ်ပြီး ဖြစ်ချင်ရာဖြစ်နေတာမျိုးကိုတော့ ဒီအတိုင်း လွှတ်မထားဖို့ စေတနာနဲ့ဝိုင်းပြီးဝေဖန်ကြဖို့ အသိပေးလိုက်ရပါတယ်။ လူမှန်နေရာမှန် ရှိနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ကိုထွန်းဝေ စာမျက်နှာ
9.10.2012

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်

ချက်သမ္မတနိုင်ငံ ပထမ လက်ထောက် ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးနှင့် သမ္မတ ဦးသိန်စိန်တို့ လွန်ခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်တွင်တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ရုံးစာမျက်နှာ 

 ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။ ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ဗားကလပ်ဗ် ဟာဗဲလ် ခေါင်းဆောင်ခဲ့တဲ့ ချက် သမ္မတ နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံမှုကြီးမားတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။

 ချက်ကိုစလိုဗက်ကီယား နိုင်ငံဖြစ်စဉ် ၁၉၅၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ချက်သမ္မတနိုင်ငံဖြစ်လာပြီး အခုတော့ မြန်မာနဲ့ သံတမန်ဆက်ဆံရေး မျက်နှာစာပြန်ဖွင့်လိုက်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချက်သမ္မတ နိုင်ငံဆိုင်ရာ သံရုံးက သံအမတ်ကြီး ဗစ်တီဇလပ်(ဖ်) ဂရိပဲလ် အား မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီမှု ကိစ္စကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လက ချက်သမ္မတနိုင်ငံ ပထမ လက်ထောက် ၀န်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေး ၀န်ကြီး လည်းဖြစ်တဲ့ Karel Schwarzenberg မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ပြီးနောက်ပိုင်း အခုလို သံတမန်အပြန်အလှန် ဆက်ဆံရေး မျက်နှာစာ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။

Sunday, October 7, 2012

မြန်မာပြည်အတွက် လက်မထောင်ချိန်ရောက်ပြီ

မြန်မာပြည်အတွက် လက်မထောင်ချိန်ရောက်ပြီ
 
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာပြည်အလှမယ်ကို ပြည်သူတွေက ဆု၂မျိုးရအောင် ကူညီနိုင်ပါတယ်။
 
၁. အင်တာနက်မယ် (Miss Internet) နဲ့
 
၂. ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) တို့ဖြစ်ပါတယ်။
 
ဒီဆု၂ခုလုံးကို အင်တာနက်မှာ မဲပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။
အင်တာနက်မယ် မဲပေးခြင်းကို အောက်တိုဘာလ ၈ရက်နေ့မှာ စပါမယ် 
 
 
အကျိုးအကြောင်း ထပ်မံအကြောင်းကြားပါမယ်။
အခုလောလောဆယ်တော့ ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) ဆုကို သင့်ရဲ့ အကူအညီကြောင့် မြန်မာမယ်မှ ရှေ့ပြေးဆွဲနေပါတယ်။ တရားဝင် နေ့တိုင်း မဲပေးခွင့်ရှိတယ်။ ယနေ့ သင် vote ပေးလိုက်ပြီလား။ သင့်ကြောင့် မြန်မာပြည် ဂုဏ်တက်ပါစေ။
 
 
အဲဒါကို နှိပ်ပါ။ Myanmar ကိုရွေးပါ။ vote ကိုနှိပ်ပါ။ ကျေးဇူး။
 
Miss International Beauty Pageant 2012
 
 နန်းခင်ဇေယျာသည် အသက် ၂၃ နှစ် ရှိ ပြီ ဖြစ် ပြီး အရပ် အမြင့် ငါး ပေး ခြောက် လက်မ ခွဲ
ဖြစ်သည်။

နောက်ဆုံးရ သတင်းများ အရ နန်းခင်ဇေယျာ သည် ပရိသတ် စိတ်ဝင်စား မှု ရှိသည့် ဆု စသည်
ဖြင့် အနည်းဆုံး တစ်ခု ရ နိုင်မည် ဟု ပြိုင်ဘက် အလှမယ် များ က ၎င်း တို့  ၏ FB စာမျက်နှာ များ တွင်
သုံးသပ်ထားသည် ယမန် နှစ် က ဆုရရှိ ခဲ့ သူ အီကွေဒေါ မှ ဖာနန်ဒါ ကော်နီ ဂျို က မြန်မာ တို့  ၏ အလှ
ကို ယခု မှ သူတွေ့ ဖူးသည် ဟု အိုကီနာဝါ ရုပ်သံ အစီအစဉ် တွင် ပြောကြား ခဲ့ သည်။

 
ယမန် နှစ် က ဆုရရှိ ခဲ့ သူ အီကွေဒေါ မှ ဖာနန်ဒါ ကော်နီ ဂျို က မြန်မာ တို့  ၏ အလှကို ယခု မှ သူတွေ့ ဖူးသည် ဟု အိုကီနာဝါ ရုပ်သံ အစီအစဉ် တွင် ပြောကြား ခဲ့ သည်။

နောက်ဆုံး ရ ဓာတ်ပုံများ နှင့် သတင်းများ ထပ်မံ ဖြည့်စွက် ပြီး
 

Wednesday, October 3, 2012

လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့


၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ အသက် ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားစေမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ သိရပါသည်။

တရုတ်နိုင်ငံတွင် နိုင်ငံခြားမှ အမျိုးသမီးများကို အဓမ္မထိမ်းမြား လက်ထပ်ထားသော နိုင်ငံသားများကို တရားမ၀င်နိုင်ငံခြားသား လက် ခံမှုဖြင့်သာ အရေးယူလျက်ရှိနေ၍ တရုတ်နိုင်ငံဘက်မှ အမျိုးသမီးဝယ်လိုအားမှ မြင့်တက်နေဆဲဖြစ်သောကြောင့် မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ ထိုသို့ များပြားနေရ ခြင်းဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ထိုသို့ အဓမ္မလက်ထပ်စေမှုများတွင် သမီးရည်းစားအဖြစ် ချစ်ကြိုက်ဟန်ဆောင်ကာ ယုံစားမိသော အမျိုးသမီးငယ်များကို ရောင်းစားခြင်း၊ စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံသားနှင့် အဓမ္မလက်ထပ်စေခြင်း စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်းသိရသည်။

၂၀၁၂ ခုနှစ် မေလက ရန်ကုန် မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင် သူ မ --- အား မဇင်(ခ) မဇင်မာထွေးနှင့် မဇင်မာထွေး၏မိခင်ဖြစ်သူ ဒေါ်ချယ်ရီတို့က တရုတ်နိုင်ငံရွှေလီမြို့တွင် Fancy နားကပ်ပြုလုပ်သည့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ တရုတ်နိုင်ငံ ကျန်းဝေ့ရုံမြို့တွင် တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၄၁၀၀၀ ဖြင့် ရောင်းစားခံခဲ့ရပြီး၊ ထိုမှတစ်ဆင့် အခြားတရုတ်အမျိုးသားတစ်ဦးထံ ထပ်မံရောင်းစား၍ အဓမ္မ လက်ထပ်စေသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဧပြီလကလည်း မိုင်းကိုင်မြို့နယ်နေ မ --- အသက် (၂၀)နှစ်အား သီပေါမြို့နယ်နေ စိုးသူမှ လက်ထပ်ထိမ်းမြားမည်ဟု လူကြီးစုံရာနှင့် ပြောဆိုတောင်းရမ်းခေါ်ဆောင်သွားပြီး တစ်ရွာတည်းနေ စိုင်းထွန်းကျော်၊ ချစ်ထွေးတို့နှင့် ပူးပေါင်းကာ မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်စေခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

အလားတူ ၂၀၁၁ ခုနှစ် နိုဝင် ဘာလတွင် လားရှိုးမြို့နေ မ --- ၏ သမီးဖြစ်သူ မ --- အသက် ၁၉နှစ်အား စန်းသီ(ခ)အောင်လှိုင်ဝင်းဆိုသူက သမီးရည်းစားဟန် ဆောင်၍ တရုတ်နိုင်ငံရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး စန်းသီ(ခ) အောင်လှိုင်ဝင်း၏ မိခင်မှတစ်ဆင့် တရုတ်လူပွဲစားများနှင့် ဆက်သွယ်ကာ တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၁၅၀၀၀ ဖြင့် ရောင်းစားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများမှာ အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန်ဆာမှု ၂၉ မှု၊ အဓမ္မစေခိုင်းမှု ၁၄ မှု၊ အဓမ္မကိုယ်ဝန်ဆောင်စေမှု ၁ မှု၊ ကလေးသူငယ်လူကုန်ကူးမှု ၁ မှု၊ အဓမ္မ တောင်းရမ်းစေခိုင်းမှု ၁ မှုနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ စေခိုင်းမှု ၁ မှု စုစုပေါင်း ၁၃၆ မှုတို့ ဖြစ်ကြောင်း သိရသည်။ ထိုသို့ လူကုန်ကူးမှုများမှာ တရုတ်နိုင်ငံသို့ ၆၉ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၁၄ ရာခိုင်နှုန်းနှင့် ပြည်တွင်း၌ ၁၇ ရာခိုင်နှုန်းဖြစ်ပွား ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု အမှုပေါင်း ၁၅၄ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၂၆၆ ဦးကို လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်းလည်း သိရသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၃၀၂၈၅ ဦးတို့ကို လမ်းခရီး၌ တားဆီး၍ မိဘထံ ပြန်လည်ပို့ဆောင်အပ်နှံခြင်း၊ လူမှောင်ခိုမှု ၁၁၀၂ မှုကို အမှုဖွင့်ပြီး တရားခံ ၂၇၄၄ ဦးကို အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ လူကုန်ကူးမှု အမှုစာရင်း


Eleven Media Group