စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 5, 2011

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေပြဌာန်းချက် ထုတ်ပြန်ခဲ့ကြောင်း သိရ



ကိုယ်ပိုင်ကျောင်းဥပဒေ(၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄) ကို ဒီဇင်ဘာလ ၄ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေတွင် အခန်း(၈)ခန်း ပါဝင်ပြီး အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ လုပ်ငန်းတာဝန်များ၊ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လတ်မှတ်ထုတ်ပေးခြင်း၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ခြင်းနှင့် အယူခံခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အထွေထွေဟူ၍ ပါရှိကြောင်း သိရသည်။

ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ရာတွင် ပြည်ပနိုင်ငံအကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရခြင်း နိုင်ငံခြားအဖွဲ့အစည်းမှ ဦးစီးတည်ထောင် ဖွင့်လှစ်သော (သို့မဟုတ်) ထိုအဖွဲ့အစည်း၏ အကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရခြင်း နှင့် သာသနာပြုကျောင်းမဖြစ်စေရဘဲ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်လိုသော ပုဂ္ဂိုလ်သည် တစ်ဦးတည်းက တည်ထောင်ဖွင့်လှစ်လိုခြင်းဖြစ်ပါက မြန်မာနိုင်ငံ သားဖြစ်ခြင်း၊ အဖွဲ့အစည်းက တည်ထောင်လိုခြင်းဖြစ်ပါက ထိုအဖွဲ့အစည်း၏ အုပ်ချုပ်မှု အဖွဲ့ဝင်အားလုံးသည် မြန်မာနိုင်ငံ သားဖြစ်ရမည်ဟု ဖော်ပြပါရှိသည်။

ထို့အပြင် ကိုယ်ပိုင်ကျောင်းတည် ထောင်ဖွင့်လှစ်နိုင်ရန်

(က) အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်းကို ဖွင့်လှစ်ရန် စီမံထားရှိခြင်း၊

(ခ) ကျောင်းပတ်ဝန်းကျင်၊ ကျောင်းဝင်း၊ ကျောင်းစာသင်ခန်း များသည် ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းစင်ကြယ်မှုရှိခြင်း၊

(ဂ) ကျောင်းအဆောက်အအုံသည် ကျောင်းအဖြစ်အသုံးပြုနိုင်သည့် အခြေအနေရှိခြင်း၊

(ဃ) ကျောင်းသားများ၏ အသက်အရွယ်နှင့် ကျောင်းသားဦးရေအလိုက် ကျောင်းသုံးပရိဘောဂ၊ သင်ကြားမှုအထောက်အကူကိရိယာ ပစ္စည်းများ၊ နေရာထိုင်ခင်းများ၊ ကျောင်းစုဝေးပွဲနှင့် အားကစားပြုလုပ်ရန်နေရာများ သင့်တင့်လုံလောက်စွာ ရှိခြင်း၊

(င) ထပ်ဆောင်း သင်ခန်းစာများကို ပြည့်စုံမှန်ကန်စွာ ပြုစုတင်ပြခြင်း၊

(စ) ကိုယ်ပိုင်ကျောင်း၏ အတန်းများတွင် ဘာသာရပ်အလိုက် သင်ကြားမည့် ကိုယ်ပိုင်ကျောင်းဆရာဦးရေ လုံလောက်မှုရှိခြင်း၊

(ဆ) ကိုယ်ပိုင်ကျောင်းတွင် သင်ကြား မည့် ရက်သတ္တပတ်သင်ကြားမှု အစီအစဉ်ကို စနစ်တကျရေးဆွဲထားခြင်း၊

(ဇ) ဘော်ဒါဆောင်ထားရှိပါက

၁။ ဘော်ဒါ ဆောင်အဆောက်အအုံသည် ဘော်ဒါ ဆောင်အဖြစ် အသုံပြုနိုင်သည့် အခြေအနေရှိခြင်း၊

၂။ အမျိုးသားဘော်ဒါဆောင်နှင့် အမျိုးသမီးဘော်ဒါဆောင်များကို သီးခြားစီထားရှိပြီး ဘော်ဒါဆောင်အား လုံခြုံစွာကာရံထားရှိခြင်း၊

၃။ ဘော်ဒါဆောင်အလိုက် အဆောင်မှူးထားရှိခြင်း

၎။ ကျန်းမာရေး စောင့်ရှောက်မှုအစီအမံများ ထားရှိခြင်း၊ ၅။ ကျန်းမာရေးနှင့် ညီညွတ်သည့် စားရိပ်သာစီစဉ်ထားရှိခြင်း စသည်တို့ လိုအပ်ကြောင်းဖော်ပြပါရှိ ပါသည်။

0 comments: