စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, July 28, 2012

ကချင် စစ်ပြေးခြံများမှ ဒညှင်းသီး များကို မြန်မာအစိုးရစစ်သားများ ခူးယူ ရောင်းစားနေ


ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် လိုင်ဇာသွားလမ်းတစ်လျှောက်ရှိ ကျေးရွာဒေသခံများ၏ ဒညှင်းသီးခြံများတွင် မြန်မာအစိုးရစစ်သားများသည် အပင်ကိုခုတ်လဲပြီး အသီးများစိတ်ကြိုက် ခူးယူရောင်းစားနေကြောင်း ဒေသခံများ ပြောသည်။

အစိုးရထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ၀ိုင်းမော်မြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာသွားလမ်းရှိ ဂါးရာယန် (Ga Ra Yang)၊ ကစူးယန် (Katsu Yang)၊ ဒဘတ်ယန် (Dabak Yang)၊ ဂျာပူ (Ja Pu)၊ ဆမ်ပိုင် (Sambai)၊ အောင်ဂျာယန် (Awng Ja Yang) စသည့် ကျေးရွာ ၆ ခုမှ ဒေသခံများ စိုက်ပျိုးထားသော ဒညှင်းပင်များကို အိမ်ခြံဝင်းနှင့် ဒညှင်းခြံများမှ အပင်များကိုခုတ်လဲကာ ရောင်းစားနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပြသည်။

“သူတို့က အသေးစိတ်တော့ မခူးယူဘူး။ အသီးပိုသီးတဲ့ အကိုင်းတွေကိုခုတ် အပင်လိုက်လိုက် သူတို့ကြိုက်သလို ခုတ်ယူတယ်။ သူတို့အဲလိုလုပ်ပေးလိုက်တော့ အရမ်းနာတယ်လေ။ အပင် တစ်ပင်ကြီးလာအောင် ပျိုးထောင်ဖို့ ၇ နှစ် ၈ နှစ် စောင့်မှ အသီးသီးလာတာလေ။ အဲဒါတွေကို သူတို့ ပြန်ခုတ်ပေးလိုက်တော့။ အညောင့်ပြန်ထွက်လာရင်လည်း အသီးပြန်သီးဖို့ဆိုတာ မလွယ်တော့ဘူးလေ” ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုကျေးရွာများမှ ဒေသခံ ရွာသားများသည် ပြီးခဲ့သည့်နှစ်ဇွန်လ မြန်မာအစိုးရမှ KIO အား စတင်ထိုးစစ်ဆင်လာချိန်ကတည်းက လုံခြုံရာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်ဒေသများနှင့် ၀ိုင်းမော်မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသောကျေးရွာသားများဖြစ်သည်။

ထိုသို့ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများကို အာဏာပိုင်များက ၀ိုင်းမော်မြို့နယ်ရုံးမှ ထောက်ခံစာဖြင့် ၎င်းတို့၏ ကျေးရွာ အိမ်၊ ခြံများကို မကြာခန သွားကြည့်နိုင်ကြောင်းခွင့်ပြုထားခြင်းလည်းဖြစ်ကြောင်း ဒေသခံများပြောသည်။

သို့ရာတွင် မြန်မာအစိုးစစ်သားများသည် ဒညှင်းသီးပေါ်လာချိန်မှစ၍ ရွာသားများ၏ အိမ်ဝင်း၊ ခြံများမှ ကြိုက်နှစ်သက်သလို ခုတ်ဖြတ်ခူးယူခဲ့သောကြောင့် ဒေသခံများ မျှော်လင့်ထားသည့်အတိုင်း ဒညှင်းသီးပေါ်ချိန်ဖြစ်သော်လည်း ၀မ်းရေးအတွက် ထောက်ပံ့ပေးနိုင်ရန်မလွယ်ကူတော့ကြောင်း ခြံပိုင်ရှင်တစ်ဦးပြောသည်။

“တချို့က ၃-၄ ဧက လုပ်တယ်။ တချို့က ၄-၅ ဧကလုပ်တာလည်းရှိတယ်။ ကျနော်တို့ရွာဆို အိမ်ဝင်းမှာလည်း ပတ်ပတ်လည်စိုက်ထားတာလေ။ ဧက လိုက်စိုက်တဲ့သူတွေက သိန်း ၆၀နဲ့ ၇၀ ကြားရတယ်။ အိမ်ဝင်းမှာစိုက်တဲ့သူတွေတောင် အနည်းဆုံး ၄-၅ သိန်းရတယ်လေ။ အခုက သူတို့ခူးပြီး ကျန်နေတဲ့ တစ်လုံး နှစ်လုံးကို နည်းနည်ပါးပါး ရရင်ရဆိုပြီး သွားခူးယူတာကို ၂ သောင်းရဖို့တောင်မလွယ်တော့ဘူး” ဟု ဒဘတ်ယန် (Dabak Yang) ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများသည် မိမိတို့ကျေးရွာသို့ ထောက်ခံစာနှင့် နိုင်ငံသားကပ်ပြားများကို အစိုးရ ဂိတ် ၉ နေရာတွင်ပြကာ လက်မှတ်ထိုးပြီး ပြန်ခွင့်ရသော်လည်း တစ်ခဏသာအချိန်ရသောကြောင့် ဒညှင်းသီးများကိုခူး ရောင်းချနေမည့်အချိန်လည်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံများမရှိသည်ကို အခွင့်ကောင်းယူ၍ အစိုးရအကျိုးတူများကသာ ထိုကျေးရွာတွင် လွပ်လပ်စွာသွားလာ၍ ဒညှင်းသီးများကို ခူးယူရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံမျက်မြင်တစ်ဦးပြောသည်။

“မ၀င်းက စစ်သားတွေ ခူးထားတာကို လိုက်ဝယ်နေတယ်။ ဂါးရာယန် နဲ့ဆန်ပိုင်လမ်းခွဲက တိုက်အိမ်မှာတော့ ဒညှင်းသီးအိတ်တွေဆိုအများကြီးပဲ ပွဲရုံလိုပဲ။ ကျနော်တို့က ၃ နာရီခွဲကနေ ပြန်ရတော့မယ်။ ဂိတ်မှာ သတင်းလာပို့ရတော့မယ်။ နောက်မကျရဘူးပြောတယ်။ မ၀င်းကတော့ မိုးချုပ်ရင်လည်း ထော်လာဂျီတွေနဲ့ သွားလို့ရတယ်” ဟု ဒေသခံတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဒီချိန်တွင် ဒညှင်းသီး အမျိုးစားအလိုက် ၁ လုံးလျှင် ၁၀ ကျပ်နှင့် ၁၅ ကျပ်ကြားတွင် ဈေးရှိနေကြောင်းသိရသည်။ ထိုဒေသသည် ဒညှင်းသီး၊ လိမ္မော်သီးများကို အဓိကထားစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းနေသောဒေသဖြစ်၍ နှစ်စဉ် စိုက်ပျိုးမှုထွန်းကားသော ဒေသလည်းဖြစ်သည်။

KNG ကချင် သတင်းဌာန

ကချင်လူထု ကန့်ကွက်သံကြောင့် အမျိုးသမီးများ ဆန္ဒပြမည့်အစီစဉ် ရပ်လိုက်ရ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်းရေးလိုလားသည့် ကချင်အမျိုးသမီးများမှ ဆန္ဒပြမည့်အစီအစဉ်ကို ပြည်သူလူထုဖက်မှ အထင်လွဲမှားသည့် ဝေဖန်သံများကြောင့် ရပ်ဆိုင်းလိုက်ရကြောင်း ဦးဆောင်သူ ဒေါ်ဂျာခေါန် (Slgj. Ja Hkawn) ပြောသည်။

ငြိမ်းချမ်းရေးလိုလားသော အမျိုးသမီးများမှ စုဖွဲ့၍ ဆန္ဒထုတ်ဖော်စီတန်းလှည့်လည်မည်ဟု ပြင်ဆင်နေခြင်းကို ကချင်လူထုဖက်မှ ကန့်ကွက်သူများ၏ ဝေဖန်ပြစ်တင်သံများကြောင့် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆွမ်ပရာဘွမ်မြို့နယ် (Sumprabum) ပြည်သူ့လွှတ်တော် ဦးခမိုင်တန် (Slg. Hka Mai Tang) ၏ဇနီးဖြစ်သူ ဒေါ်ဂျာခေါန် (Slgj. Ja Hkawn) ရှင်းပြခဲ့သည်။

“အထူးသဖြင့် RFA (ကချင်အသံလွှင့်သတင်း) အားလုံးနားထောင်တော့ သတင်းထဲမှာ ကျမတို့က ကချင်တွေကို မကြိုက်လို့ လုပ်သလိုမျိုး အင်တာနက် (internet) သတင်းတွေမှာလည်း ကျမတို့ကို ကြံ့ခိုင်ရေးကပဲ လုပ်ခိုင်းလို့ လုပ်သလိုလို ဖြစ်နေတယ်။ ဘယ်သူခိုင်းပြီးမှ လုပ်တာမဟုတ်ဘူး။ ဘယ်သူ့ကိုမှ မနှစ်သက်လို့ လုပ်တာမဟုတ်ဘူး။ နှစ်ဖက်စလုံးမှ စစ်ငြိမ်းချမ်းခြင်းကိုလိုချင်တာ ရစေချင်တာ။ အဓိက က ငြိမ်းချမ်းရေး လိုချင်တာ။ သတင်းတွေထဲမှာက ခေါင်းစဉ်တွေ လွှဲနေတော့ ခုလုပ်လိုက်ရင် ပြည်သူလူထု က အထင်မှားသွားမှာ စိုးလို့ ရပ်ဆိုင်းလိုက်တာ” ဟု ဒေါ်ဂျာခေါန် (Slgj. Ja Hkawn) ကပြောသည်။

ထိုသို့ ပြည်သူဖက်မှ ကန့်ကွက်သူအချို့သည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ၏ ဇနီးများမှ ဦးဆောင်၍ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အား ရှုံ့ချဆန္ဒပြမည် ဟုပြောဆိုခဲ့ပြီး ဦးဆောင်မည့်နေရာတွင်ပါဝင်သည်ဟု ပြောဆိုထားသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း (Slg. Lajawn Ngan Seng) ညီမဖြစ်သူ ဒေါ်လဂျွန်ဆိုင်းတောင် (Lajawn Seng Tawng) အား “ခြိမ်းခြောက်ပြောဆိုမှုများ” ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဟိုညကတောင် ကျမကို သတ်မယ် ဖြတ်မယ်ဆိုပြီး ဖုန်းတခုဝင်လာတယ်။ ကချင်ဘာသာနဲ့ လူကြီးတဦး အင်္ဂါနေ့ည ၈ နာရီ ၄၅ မိနစ်မှာ မင်းနဲ့အတူ ဒီလုပ်ငန်းလုပ်တဲ့ လူတွေအားလုံး ရပ် တဲ့။ မရပ်ဘူးဆိုရင် မင်းအသက်ကို ရုတ်သိမ်းမယ်။ မင်းနဲ့အတူပါတဲ့ လူကြီးတွေအားလုံးလည်း သတ်မယ်ဆိုပြီး ဖုန်းဝင်လာလို့ ကျမအရမ်းအံ့သြသွားတယ်။ ဒီနံပါတ်ကို စုံစမ်းကြည့်တော့ အဲဒီညတော့ ခေါ်လို့မရခဲ့ဘူး။ နောက်နေ့ ပြန်ဆက်ကြည့်လိုက်တော့ ဖားကန့်၊ ဆိုင်းတောင် ဖားပင်က မရွှေ ဖုန်းဖြစ်တယ်ဆိုတာ စုံစမ်းလိုက်ရတယ်” ဟု ဒေါ်လဂျွန်ဆိုင်းတောင် (Lajawn Seng Tawng) ပြောသည်။

သို့ရာတွင် ၄င်းသည် ဆန္ဒဖော်ထုတ်မည့်အစီစဉ်ကို မသိရှိရကြောင်းနှင့် တစ်စုံတစ်ရာပါဝင်ပတ်သက်မှုလည်း မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမည့်အစီစဉ်ကို ၅ ယောက်ဦးဆောင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဒေါ်ဂျာခေါန် (Slgj. Ja Hkawn) ပြောဆိုခဲ့သော်လည်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း (Slg. Lajawn Ngan Seng) ၏ညီမဖြစ်သူ လဂျွန်ဆိုင်းတောင် (Lajawn Seng Tawng) နှင့် တိုင်ပင်ခြင်းမရှိခဲ့သလို ဦးခက်ထိန်နန် (Slg. Hkyet Hting Nan) ၏ ဇနီးနှင့်လည်း သဘောတူညီမှုမရှိခဲ့သောကြောင့် ပါဝင်ခြင်းမရှိကြောင်း ဇူလိုင် ၂၇၊ သောကြာနေ့က ပြောဆိုသည်။

အဓိကစီစဉ်သူများသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆွမ်ပရာဘွမ်မြို့နယ် (Sumprabum) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်တန် (Slg. Hka Mai Tang) ၏ဇနီးဖြစ်သူ ဒေါ်ဂျာခေါန် (Slgj. Ja Hkawn)နှင့် ဒေါ် ရှရာခေါန်ဘူ (Slgj. Shara Hkawn Bu) ၂ ဦးသာ ဖြစ်ကြောင်း ဒေါ်ဂျာခေါန်ပြောသည်။

ထိုသို့ အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားမှုကို ငြိမ်းချမ်းစေရန်ရည်ရွယ်ချက်ဖြင့် စီစဉ်ထားသော်လည်း ဝေဖန်သံများကြောင့် ဆန္ဒဖော်ထုတ်ခြင်းကို ရပ်ဆိုင်းလိုက်ရခြင်းအပေါ် ၀မ်းနည်းမိပါကြောင်းပြောဆိုသည်။

“မပြောပြတတ်လောက်အောင် ခံစားရတယ်။ ကျမတို့ ကချင်အမျိုးသမီးတွေစိတ်ထဲမှာ ငြိမ်းချမ်းရေး လိုချင်တယ်…ဒါကို ကျမတို့ စိတ်ခံစားမှုကို မဖော်ပြနိုင်တော့ စိတ်မကောင်းတာက အများကြီး ဟုတ်တယ်။”

ထိုသို့ ကချင်အမျိုးသမီးများ ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်သောနေ့မှစ၍ အင်တာနက်ပေါ်တွင် ၄င်းတို့အား ကြံ့ဖွံ့ပါတီဝင်ခေါင်းဆောင်များ ဇနီးများ ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ KIA အား ဆန့်ကျင်ဆန္ဒပြရန် ပြင်ဆင်နေသည်ဟု ဝေဖန်ပြစ်တင်မှုများကို ရေးသားဖြန့်ဝေခဲ့ကြသည်။

KNG ကချင် သတင်းဌာန

မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော




နယူးဒေလီ (မဇ္ဈိမ)။ ။ မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။

ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်သည့် TTP ၏ ရခိုင်ပြည်နယ် ရိုဟင်ဂျာ မူဆလင် အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက် ပြောဆိုမှုများကို
ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်ပြောမယ်။ တာလီဘန် မကလို့ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့က လုံးဝမကြောက်ဘူး။ ကျနော်တို့မှာရှိတဲ့ လက်နက်နဲ့၊ ရှိတဲ့ စိတ်ဓါတ်နဲ့ ခုခံမယ်။ မည်သည့်ဘာသာရေး အစွန်းရောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ မည်သည့် ခြိမ်းခြောက်
မှုမှ ကျနော်တို့ လက်မခံဘူး။ ကျနော်တို့မှာ အသက်ရှိနေသမျှ ကာလပါတ်လုံး ခုခံမှာပဲ။ ဒါပဲ။ ဒါဟာ ကျနော်တို့ လူမျိုး တခုလုံးရဲ့စိတ်ဓါတ်ကို ပြောတာ” ဟု မဇ္ဈိမကို ပြောုသည်။

TTP ၏ ခြိမ်းခြောက်စာတွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာ သံရုံးကိုလည်း ပိတ်ပစ်ရန်နှင့် ပိတ်မပစ်ပါက မြန်မာ့အကျိုးစီးပွား မှန်သမျှ ဖျက်ဆီးပစ်မည်ဟု ပါရှိသည်။

“ပါကစ္စတန်ရဲ့ တာဝန်ပဲလေ။ သံရုံး တရုံး ဆိုတာ နိုင်ငံတခုကို ကိုယ်စားပြုတယ်။ သံအမတ်ကြီး ခန့်အပ်လွာကို နိုင်ငံတကာ သံခင်းတမန်ခင်း ထုံးတမ်းစဉ်လာအရ သက်ဆိုင်ရာ နိုင်ငံ ကိုယ်စားပြုတဲ့ နယ်မြေအဖြစ် ခန့်အပ်ခြင်းခံရ
တဲ့ နိုင်ငံကို အသိအမှတ် ပြုပေးရတာကိုး။ အဲဒီနိုင်ငံမှာရှိတဲ့ သံရုံးလုံခြုံရေးကို တာဝန်ခံရမယ့်သူက အဲဒီ သက်ဆိုင်ရာ နိုင်ငံက တာဝန်ရှိတဲ့ လက်ရှိအစိုးရပါပဲ” ဟု ဒေါက်တာအေးမောင် က ဆိုသည်။

၎င်းတို့ တောင်းဆိုသည့်အတိုင်း မလိုက်လျောပါက မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ သတ်ဖြတ်ခံခဲ့ရသည်တို့ကို
ပြန်လည် ဂလဲ့စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု TTP အဖွဲ့က ဆိုသည်။ ၎င်းတို့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအား “သင်တို့ကျခဲ့ရတဲ့ သွေးတွေ အတွက် ကျွန်ုပ်တို့ လက်စားချေမည်” ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွါးခဲ့သည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် မူဆလင် ရိုဟင်ဂျာများ၏ ပဋိပက္ခများကြောင့် ဘက်နှစ်ဖက်မှ စုစုပေါင်း လူ ၇၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန်အစိုးရ အာဏာပိုင်များက တရားဝင်ပြောဆိုသည်။ သို့သော် ပြည်ပရှိ မွတ်ဆလင်ကမ္ဘာကမူ ထိုပဋိပက္ခအတွင်းနှင့် ဖြစ်ပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်ဟု ဆိုကြသည်။

ထို့ပြင် ရိုဟင်ဂျာ အများအပြား နေထိုင်သည့် ဒေသများတွင် နယ်မြေရှင်းလင်းရေး အတွင်း အမျိုးသားကြီးများနှင့် ငယ်ရွယ်သူကောင်လေး အများစု ပါဝင်သည့် ရာပေါင်းများစွာသော လူများအား ဖမ်းဆီး အကျဉ်းချထားသည်ဟု ဆိုခဲ့ပြီး ထိုလူအားလုံးအား ထီးတည်း တည်ရှိနေသည့် နေရာများတွင် အကျဉ်းချထားကာ မမျှမတ ဆက်ဆံခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ပြောဆိုထားသည်။

ရခိုင် ဗုဒ္ဓဘာသာများနှင့် လုံခြုံရေး တပ်ဖွဲ့များက ပြုလုပ်ခဲ့သည့် မုဒိမ်းမှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ အပါအဝင် နိုင့်ထက် စီးနင်းမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရလောက်သော အစီရင်ခံစာများ ရရှိထားသည်ဟု AI က ဆိုသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ထိုပဋိပက္ခများကို လေ့လာကြည့်ပါက ဘာသာရေး ပြဿနာ မဟုတ်ကြောင်း
ဒေါက်တာအေးမောင် က သုံးသပ်သည်။

“ဖြစ်ပျက်နေတာ အကုန်လုံးဟာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ဖြစ်တာမျိုး မဟုတ်ဘူး။ အစ္စလာမ်ဘာသာကလည်း
ငြိမ်းချမ်းမှုကိုလိုလားတယ်။ ဗုဒ္ဓဘာသာကလည်း လိုလားတယ်။ ဖြစ်နေတာက တိုင်းရင်းသားအခွင့်အရေးကို လိုချင်တဲ့၊ တိုင်းရင်းသား ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေက၊ တိုင်းရင်းသား မဟုတ်ပါဘဲလျက် အဆင့်ကျော်ပြီး လုပ်တဲ့
ဇာတ်လမ်းလေးတွေပါ။ အခုကိစ္စက ဘာသာရေးကို ခုတုံးလုပ်ပြီးကာမှ ဘာသာရေးကို အကြောင်းပြပြီးကာမှ ဒီဘက်မှာနေတဲ့ လူများစုကြီးက ပြင်ပက လာတဲ့ လူမျိုးနည်းစုတွေကို ဖိနှိပ်တယ်၊ သတ်ဖြတ်တယ်၊ မတော်မတရား လုပ်တယ်ဆိုပြီးတော့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာ” ဟု မဇ္ဈိမကို ပြောသည်။

သူက ဆက်လက်၍ “အပြင်မှာရှိတဲ့ အုပ်စုက အပြင်ကလာတဲ့ ပုံစံအတိုင်း နှစ်ပေါင်း ဘယ်လောက် ကြာပြီ၊ ဒီဘက်နိုင်ငံမှာရှိတဲ့ နိုင်ငံသား အခွင့်အရေးတွေကို အဆင့်ဆင့်ပေါ့ဗျာ၊ တရားဥပဒေကြောင်းအရ တောင်းတယ်ဆိုရင်
ပြည်ထောင်စုသားတွေက လက်ခံနိုင်ဖွယ် ရှိတယ်။ ဒါပေမယ့်လို့ ဒီဘက်မှာရှိတဲ့ လူမျိုးစုတစု ပုံသဏ္ဍာန်မျိုးနဲ့
နှစ်ပေါင်းများစွာက သမိုင်းအရနဲ့ နေလာခဲ့တယ်ဆိုပြီး ဇာတ်ကြောင်းထပ်နေတဲ့ လိမ်ထားတဲ့ဟာတွေကိုတော့ သမိုင်းကို ပြုပြင်ဖန်တီးပြီး လုပ်တာမျိုးကို ဒီဘက်က လူတွေကလည်း လက်မခံဘူး” ဟု RNDP ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှစ်သိန်းခန့်ရှိမည်ဟု ကုလသမဂ္ဂအဖွဲ့များက ခန့်မှန်းထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် ထွက်ပေါ်လာမည့် သန်းခေါင်စာရင်းတွင်လည်း ၎င်းတို့အား ထည့်သွင်းကောက်ခံမှု ပြု/မပြု ရေရာစွာ မသိရှိရသေးပေ။

ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ ခေါ် မူဆလင်များအကြား မေလ ၂၈ ရက်နေ့မှ ပြန်လည် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရရှိသူ ၁၁၁ ဦး၊ မီးရှို့ဖျက်ဆီးခံရသည့် အိမ်မြေ ၄,၈၂၂ လုံး၊ ဒုက္ခသည် ခုနှစ်သောင်းခန့်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ ညမထွက်ရ အမိန့်ကို ကျူးလွန်၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၈၇၂ ဦး ရှိကြောင်း ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က မဇ္ဈိမကို ပြောဆိုထားသည်။

အစိုးရတပ်များ တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာကြောင်း KIO ပြော


စံခလပူရီ (မဇ္ဈိမ)။ ။ ကချင်ဒေသသို့ အစိုးရတပ်များ တိုးချဲ့နေရာယူထားကြရန် ဇူလိုင်လ ၂၆ ရက်နေ့က စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီး အစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က လမ်းညွှန်ချက် ပေးခဲ့ပြီး ဆိုင်ရာတပ် အသီးသီးသို့ ညွှန်ကြားချက် ပေးခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အတွင်းရေးမှူး ဦးလနန်မှ မဇ္ဈိမကို ပြောကြားသွားသည်။

“အဲဒီ အစည်းအဝေးမှာ ဒေသ စစ်ဗျူဟာမှူးတွေလည်း ခေါ်ထားတယ်။ ကချင်ဒေသကို တပ်တွေ တိုးချဲ့နေရာယူထား
ကြဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်။ ကျနော်တို့ ဗဟိုဌာနချုပ် အနီးတဝိုက်မှာလည်း တပ်ဖွဲ့တွေ တိုးချဲ့ချထားတာ
တွေ့ရပါတယ်။ တိုင်းမှူးကနေ ဗျူဟာမှူးတွေကို အဆင့်ဆင့် ဆက်လက် ညွှန်ကြားနေတယ်လို့ ထပ်သိရတယ်” ဟု ဦးလနန် က ပြောသည်။

အဆိုပါ စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီးအစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ စစ်ရုံးတခု၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှာ ယခု၌ ကချင်ဒေသသို့ စစ်ဆင်နေသည့် တပ်များ အပါအဝင် မြောက်ပိုင်းတိုင်း၊ အနောက် မြောက်တိုင်း၊ အရှေ့ မြောက်တိုင်းတို့ အပါအဝင် စစ်တိုင်း သုံးတိုင်းအား တာဝန်ယူနေသည့် တပ်မတော် ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) မှူး တဦး ဖြစ်သည်ဟု ဆိုသည်။

ထိုတပ်ဖွဲ့များ တိုးချဲ့နေရာယူမှုသည် ကချင်ဒေသသို့ တိုးမြှင့် စစ်ဆင်ရေး ပြုရန် ဖြစ်နိုင်ဖွယ် ရှိသော်လည်း ရှေ့တန်း စစ်မျက်နှာတွင် ရောက်ရှိနေသည့် တပ်များမှာ တိုက်ခိုက်လိုဟန် သဘောထား ပြင်းထန်မှု မရှိကြောင်း ဦးလလန်မှ သုံးသပ် ပြောဆိုသည်။

“သူတို့တွေလည်း ရှေ့တန်းတွေမှာ ဒုက္ခတွေ အများကြီး ကြုံတွေ့ရတယ်။ နောက် ကျနော်တို့ သိထားရတာက မရှိတဲ့ တိုက်ပွဲတွေကိုလည်း အစိုးရ တပ်တွေက အထက်ကို သတင်း တင်နေတယ်လို့ ကျနော်တို့ ကြားရတယ်။ ဒါပေမယ့်လို့ ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ သူတို့တပ်တွေ တော်တော်များများ ဖြည့်တင်းထားတယ်။ စစ်ရေးအရ တင်းမာနေပေမယ့် တိုက်ပွဲကတော့ ပြင်းထန်မှု မရှိသေးဘူး။ နှစ်ဖက် တပ်တွေအကြား ပစ်ခတ်မှုတွေတော့ နေ့စဉ် ရှိနေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သို့သော်လည်း လာမည့် ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး Tomas Ojea Quintana မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိပြီး ကချင်ဒေသသို့လည်း သွားရောက်ရန် အစီအစဉ် ရှိသဖြင့် စစ်ဆင်ရေး လျော့နည်းနိုင်ဖွယ် ရှိသည်ဟု နယ်စပ် အခြေစိုက် နိုင်ငံရေး သမားများနှင့် စစ်ရေး အကဲခတ်များက သုံးသပ် နေကြသည်။

ထိုအချက်အား ဦးလနန်က “ သူလာ ရင်လည်း မြစ်ကြီးနားလောက်ပဲ ရောက်မှာပါ။ ကျနော်တို့ ရှေ့တန်း စစ်မျက်နှာနဲ့ ဌာနချုပ် လိုင်ဇာထိ လာနိုင်မယ် မထင်ပါဘူး။ ဒီတော့ စစ်ဆင်ရေးတွေ လျော့သွားမယ် ဆိုတာတော့ မဟုတ်နိုင်လောက်ပါဘူး” ဟု ဆိုသည်။

KIO နှင့် အစိုးရတပ်တို့ ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည့် တနှစ်ကျော် ကာလအတွင်း KIO ထံတွင် အစိုးရတပ်မှ သုံပန်း ၄၀ နီးပါးခန့် ရှိပြီဟု သိရှိရသည်။

နှစ်ဖက် တပ်များ အကျအဆုံး နှင့် အဖမ်းအဆီး သုံ့ပန်း စာရင်းများကို ဒေသတည်ငြိမ်မှု မရှိသေးသဖြင့် အချက်အလက် အပြည့်အစုံဖြင့် တိတိကျကျ မစုဆောင်း နိုင်သေးပေ။ KIO ဘက်မှ လက်လှမ်း မီသလောက်
ပြုစုထားသည့် စာရင်း များကိုလည်း သင့်တော်သည့် အချိန်တွင် ထုတ်ပြန်သွားမည်ဟု ဦးလနန် က ဆိုသည်။ တိုက်ပွဲအရေအတွက်နှင့်ပတ်သက်၍မူ ဇူလိုင်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ တိုက်ပွဲပေါင်း ၉၀ ကျော် ဖြစ်ပွားခဲ့ပြီး
ဖြစ်သည်ဟု ၎င်းက ပြောသည်။

စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံခြင်း နည်းလမ်းဖြင့် ဖြေရှင်းကြမှသာ ယခု ဖြစ်ပွားနေသည့် ကချင် ပြည်တွင်းစစ် အပါအဝင် တိုင်းရင်းသား အပစ်ရပ်များ၏ ရေရှည် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အာမခံချက်
ပေးနိုင်မည် ဖြစ်ကြောင်း KIO ဘက်မှ သုံးသပ်ထားသည်။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်၍ ကချင်အရေးကို အစိုးမှ မည်သို့ ကိုယ်တွယ်မည်မှာ အခရာကျသည့် အချက် ဖြစ်သည်ဟု နော်ဝေး အစိုးရမှ ကျောက်ထောက် နောက်ခံပြု၍ ဖွဲ့စည်းပေးထားသည့် Myanmar Peace Support Initiative (MPSI) မှ Ashley South က ပြောသည်။

“ကျနော်တို့ အနောက်ကမ္ဘာက မီဒီယာတွေမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ ဆွေးနွေးတာ ဖော်ပြလေ့ ရှိပါတယ်။ ဆိုတော့ အနောက်နိုင်ငံသားတွေ ဘာမြင်လဲဆိုတော့ မြန်မာ့ နိုင်ငံအရေး ပဋိပက္ခ ငြိမ်းချမ်းပြီလို့ ထင်နေကြတယ်။ ကျနော် မြင်တာကတော့ ဒီအပစ်အခတ် ရပ်စဲရေး တည်ဆောက်မှုဟာ အစိုးရနဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု တည်ဆောက်ရေးရဲ့ အစပဲ ရှိပါသေးတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရဲ့ အစပဲ ရှိပါသေးတယ်။ တိုင်းရင်းသားတွေ လိုချင်တာက ဥပဒေအရ အာမခံချက် ရှိတဲ့ စစ်မှန်တဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ပါ။ ဒါကို နိုင်ငံရေး နည်းလမ်းအရ အစိုးရနဲ့ ဆွေးနွေးကြတာပါ” ဟု Ashley South ပြောသည်။

ဇူလိုင်လ ၂၇ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ ပြုလုပ်သည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပွဲ၌ မဇ္ဈိမကို ပြောကြားသွားခြင်း ဖြစ်သည်။

အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြ

(photo: RFA - လွှတ်တော်အစည်းအဝေးတက်ရောက်နေသော ကိုယ်စားလှယ်များကို လွှတ်တော်အဆောက်အဦးရှေ့တွင် တွေ့ရစဉ်။)

နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဒီကနေ့ သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘ၀အခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း တင်ပြခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ အတူလိုက်ပါသွားတဲ့ ဇမ္ဗူသီရိမြို့နယ်ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျသော်ပြောပြတာက -

"လောလောဆယ် ဘာတွေအခက်အခဲရှိသလဲ၊ ဘာတွေလိုအပ်သလဲ ဆိုတာကိုပဲ အဓိက မေးမြန်းတာပါ။ ဒေသခံတွေ အဓိပြောတာကလည်း လယ်ယာမြေတွေ ၈၀ ရာခိုင်နှုန်းလောက် အသိမ်းခံထားရတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာက အများဆုံးပဲလို့ ပြောပြကြပါတယ်။"

တောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင်
ပြန်လည်ရရှိရေးဟာ အဓိက ဦးစားပေး ဖြေရှင်းရမယ့် အဆင့်ဖြစ်နေတယ်
လို့လည်း ဦးဇေယျသော်က ပြောပါတယ်။

"လယ်ယာမြေ ဆုံးရှုံးသွားတဲ့ လယ်သမားတွေရဲ့ နစ်နာမှု အတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်ဖို့ဆိုရာမှာ လွှတ်တော်ထဲမှာ
ကော်မရှင်တခုအနေနဲ့ ဖွဲ့ပြီး စတင်စုံစမ်းမယ် ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ အနေနဲ့က လယ်ယာမြေ ပြန်ရဖို့ပဲဖြစ်ဖြစ်၊ အစားပြန်ရဖို့ပဲ ဖြစ်ဖြစ် ဒီအရာတွေကို ဒုတိယတန်းစား ဦးစားပေး အနေနဲ့ ထားပြီး အလုပ်လက်မဲ့ ဖြစ်သွားတဲ့ တောင်သူတွေ လူငယ်တွေ အတွက် အလုပ်အကိုင် ရရှိမယ့် အခွင့်အလမ်းတွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေး မလဲ ဆိုတာကို အဓိက ဦးစားပေး အနေနဲ့ တိုင်ပင် ဆွေးနွေး ဖြစ်ပါတယ်။"

ပျဉ်းမနား နေပြည်တော်က လွှတ်တော် အစည်းအဝေးကို တက်ရောက်နေ
တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဌာနချုပ်ရုံးခွဲ ဖွင့်လှစ်မယ့် ဇမ္ဗူသီရိမြို့နယ်က ရုံးခန်း အခြေအနေကိုလည်း တဆက်တည်း သွားရောက်
ကြည့်ရှုခဲ့ပါတယ်။

RFA

လန်ဒန် အိုလံပစ် ၂၀၁၂ ဖွင့်ပွဲ အခမ်းအနား ရုပ်သံ မြင်ကွင်း


လန်ဒန် အိုလံပစ် ၂၀၁၂ ယမန်နေ့က ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း ရုပ်မြင်သံကြားမြင်ကွင်းလေးပါ။ မကြည့် လိုက်ရသူများ ပြန်လည်ကြည့်ရှု့ခံစားရနိုင်ဘို့ တင်ပေးလိုက်ပါတယ်။


လန်ဒန်အိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ဇော်ဝင်းသက်မှအလံကိုင်ဆောင်ပြီး မြန်မာအားကစားအသင်း တက်ရောက်လာစဉ်။

ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး


အကျယ်ဖတ်ရန် ဒီနေရာ ကို နှိပ်ပါ..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အပတ်စဉ်ထုတ်ဝေနေတဲ့ ဒီလှိုင်း စာစောင်ပါ NLD နာယကအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်ရေးသားတဲ့ဆောင်းပါးတစ်ပုဒ်နဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ကို ဒီကနေ့ခေါ်ယူသတိပေးခဲ့ပါတယ်။

Ref..Rfa

Friday, July 27, 2012

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် အကြီးစားမွမ်းမံပြင်ဆင်မည်




ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်ကို အကြီးစားမွမ်းမံပြင်ဆင်ဖို့ ကြိုးပမ်းနေရာမှာ နိုင်ငံတော် အစိုးရနဲ့ ဆရာကြီးကို ချစ်ခင်ကြည်ညိုလေးစားသူတိုင်း ၀ိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြရန် ဂူဗိမာန် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က နှိုးဆော်လိုက်ပါတယ်။၂၀၀၈ နာဂစ်မုန်တိုင်းကြောင့်ပျက်စီးခဲ့တဲ့ ဗိမာန်အမိုးနဲ့ အခင်းကြမ်းပြင်တို့ကို ဆရာကြီးကွယ်လွန်ခြင်း ၄၈နှစ်ပြည့်၊ဇူလိုင် ၂၃ရက်မတိုင်မီ ပြင်ဆင်နိုင်ခဲ့ပြီး၊ ဗိမာန်ဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အခုဆက်ပြီး သပ်ရပ်ခန့်ငြားပြီး ထင်ရှားလေးနက်တဲ့ဗိမာန်ဖြစ်ပေါ်ရေး ကြိုးပမ်းနေရာမှာ ငွေကျပ်သိန်းတထောင် လောက်ကုန်ကျနိုင်တာမို့ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့လိုအပ်တဲ့အကြောင်း၊ ဗိမာန်ထိမ်းသိမ်းစောင့် ရှောက်ရေးအဖွဲ့၊ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းငြိမ်းက ပြောပါတယ်။ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ ဖွဲ့စည်းနိုင်ခဲ့ပြီး ဂူဗိမာန် ရေရှည် တည်တံ့ဖို့ ကြိုးပမ်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဆရာကြီးရဲ့ဂူဗိမာန်ဟာ ရန်ကုန်မြို့၊ ရွှေတိဂုံ ဘုရားလမ်းမှာတည်ရှိပြီး၊ ကုလသမဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၊ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည် တို့ရဲ့ ဂူဗိမာန်တွေနဲ့ ဆက်စပ်တည်ရှိ နေတာလဲ ဖြစ်ပါတယ်။

By: DVB TV News

စမာဆည်ဖျက်သိမ်းရေးမြစ်သာမြို့မှာဆန္ဒပြ



မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့မှာ စမာဆည် ဖျက်သိမ်းပေးဖို့ မြို့ခံပြည်သူ ၁၀၀ လောက်က ဇူလိုင်လ ၂၅ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆည်ကြောင့် မြစ်သာမြို့မှာ နှစ်စဉ် ရေဘေးဒုက္ခ ကြုံနေရတာတွေ မြို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လယ်ယာမြေ ပျက်ဆီးဆုံးရှုံးတာတွေ မြေအောက်ရေညစ်ညမ်မှု ဖြစ်လာတာတွေ စတာတွေကြောင့် စမာဆည်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို တောင်းဆိုဆန္ဒပြဖို့အတွက် ဒေသခံအာဏာပိုင်တွေကို လူဦးရေ ၅၀၀ တင်ပြတောင်းဆိုခဲ့ပေမယ့်လည်း လူ ၁၀၀ သာခွင့်ပြု ခဲ့တာကြောင့် မြို့ခံပြည်သူအချို့ဟာ ဆန္ဒပြပြည်သူတွေရဲ့ ဘေးကနေလိုက်လံအားပေး ခဲ့ရပြီး ဆန္ဒပြည်သူ ၁၀၀ ဟာ နံနက် ၉ နာရီလောက်ကနေစတင်ပြီး ဆိုင်းဘုတ်ကိုယ်စီကိုင်ဆောင်ရင်း မြစ်သာမြို့ကို ၁ နာရီ လောက်သာ လှည့်လည် ဆန္ဒပြခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။



by

လောကနာထစေတီတော် ထီးတော်တင်ပွဲ

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်.

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၌ အသစ်ဆောက်လုပ်လှူဒါန်းပြီးသော ဓမ္မစေတီယကျောင်းဆောင်သစ် ကြီး ရေစက်ချပွဲနှင့် လောကနာထစေတီတော် ထီးတော်တင်ပူဇော်ပွဲကို မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၌ ဇူလိုင်လ ၂၆ ရက်နေ့မနက်(၇း၀၀)နာရီမှာ စတင်ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို မစိုးရိမ်တိုက်သစ် သင်္ဂဇာအင်းနံဘေး ကွင်းပြင်ကျယ်ကြီးအတွင်း ဝိသကြုံ မဏ္ဍပ်တော်ကြီးမှာ ကျင်းပခြင်းဖြစ်ပြီး ရွှေကျင်သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော်ကြီး၊ တောင်ပြင် ထီးလင်းတိုက်ဆရာတော် ဦးဇောတိကာဘိဝံသ၊ မြတောင်တိုက် ရွှေဝါဝင်းကျောင်းဆရာတော် ဘဒ္ဒန္တ သာသနာဘိဝံသ၊ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသနှင့် မန္တလေးမြို့ လေးပြင်လေးရပ်မှ စာချအကျော် ဆရာတော်များ၊ မြန်မာပြည်တစ်ဝှမ်းလုံးမှ မစိုးရိမ်ကျောင်းထွက် တပည့်ဟောင်းများ၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ မန္တလေးတိုင်း စစ်တိုင်းမှူှးဗိုလ်ချုပ်ရဲအောင်နှင့် အာဏာပိုင်အဖွဲ့အစည်းများ၊ ကျောင်းဒါယကာ ဒါယိကာမ မိသားစုများ၊ ဘုရားဒါယကာ ဒါယိကာမ မိသားစု များ၊ ပရဟိတအဖွဲ့အစည်းများ၊ ဧည့်ပရိသတ်များ စုံလင်စွာတက်ရောက်ကြကြောင်း သိရှိရပါတယ်။

မနက်(၇)နာရီတိတိအချိန်တွင် ၀န်ကြီးချုပ်ဦးရဲမြင့်က စိန်ဖူးတော်ပင့်ဆောင်ပြီး တိုင်းမှူး ဗိုလ်ရဲအောင် က ငှက်မြတ်နားတော်ပင့်ဆောင်ကာ ကျောင်းဒါယကာ ဒါယိကာမများ၊ ဘုရားဒါယကာ ဒါယိကာမများနှင့် ကုသိုလ်ရှင်များက ဓမ္မစေတိယကျောင်းဆောင်သစ်ကြီးကို သုံးပတ်လှည့်လည် ပူဇော်ခဲ့ကြပါတယ်။ ၀ိသကြုံမဏ္ဍပ်တော်ကြီးအရောက်မှာတော့ ခရိုင်သာသနာရေးမှူး ဦးကျော်လှိုင်က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ကာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးပြီး အခမ်းအနားကို စတင်ဖွင့်လစ်ခဲ့ကြပါတယ်။

(၇)နာရီ (၃၂)မိနစ်မှာ ရွှေကျင်သာသနာပိုင် သက်တော်ရှည် ၀ါဆိုဆရာတော်ဘုရားကြီးက ကိုးပါး သီလချီမြှင့်ပြီး ၀န်ကြီးချုပ်ဦးရဲမြင့်က စိန်ဖူးတော်ကို ၀ါဆိုဆရာတော်ဘုရားကြီးးအား ကပ်လှူပြီးကာ ဗိုလ်ချုပ်ရဲ အောင်က ငှက်မြတ်နားတော်ကို မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္ဓာဘိဝံသအား ကပ်လှူကြပါတယ်။ အခမ်းအနားမှူးက မင်္ဂလာအခါတော်ကြား စာတမ်းကို ဖတ်ကြားချိန်မှာ ရွှေတံဆိပ်ဆုရှင် စိန်မွတ္တာဆိုင်း အဖွဲ့က ရတုပိုဒ်စုံဖြင့် တီးခတ်သီဆို ပူဇော်ကြပြီး ရွှေထီးတော်ကို မင်္ဂလာရထားပျံဖြင့် ငြိမ့်ငြောင်းသာယာဆွဲယူ တင်လှူပူဇော်ကြပြီး ဆရာတော် သံဃာတော်များက ဇယန္တော ဗောဓိယာ မူလေ အစရှိသော အောင်ဂါထာ တော်ကို သုံးကြိမ်တိတိရွတ်ဆိုပူဇော်ကြပြီး ရွှေတံဆိပ်ဆုရှင် စိန်မွတ္တားဆိုင်းအဖွဲ့က ဓမ္မတေးများ ရွတ်ဆိုပူဇော် ခဲ့ကြပါတယ်။ မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ မထေရ်မြတ်ကြီးက စိန်ဖူးတော်ကို စေတီတော် အထွတ်သို့ ပင့်ဆောင်တင်လှူပြီး ရွှေထီးတော်အား အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပူဇော်ခိုက်မှာ ကျောင်း တော်ကြီးအလွှာအသီးသီးမှ ကျောင်းဒါယကာ ဒါယိကာမများ၊ အလှူဒါယကာ ဒါယိကာမများက ရတနာရွှေမိုး ငွေမိုး ရွာသွန်းဖြိုးပေးကြပါတယ်။

ထို့နောက်မှာတော့ ၀န်ကြီးချုပ်ဦးရဲမြင့်နှင့် ဗိုလ်ချုပ်ရဲအောင်တို့က မဟာနာယကချုပ်ဆရာတော်ကြီးရဲ့ လက်က်ျာလက်ဝဲဘက်မှာ အသီးသီးနေရာယူပြီး ဓမ္မစေတိယကျောင်းဆောင်သစ်ကြီး လှူဒါန်းပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ဆက်လက်ပြီး မဟာနာယကချုပ်ဆရာတော်ကြီးက စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ၊ ဘုရားအနေကဇာတင် အခမ်းအနား၊ ရေစက်ချအခမ်းအနား အပြီးမှာတော့ နန်းတော်ရှေ့ဆရာတင်၏မြေး စောင်းဦးအုန်းညွှန့် နန်းကြာ ၀တ်မှုံစောင်းအဖွဲ့က စောင်းဂီတဖြင့် ပူဇော်ပြီး လောကနာထစေတီတော် ထီးတော်တင်လှူပူဇော်ပွဲ၊ ဓမ္မစေတိ ယကျောင်းဆောင်သစ်ကြီးရေစက်ချလှူဒါန်းပွဲ မင်္ဂလာအခမ်းအနားဟာ စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွား ခဲ့ပါတယ်။

မစိုးရိမ်တိုက်သစ်၊ စာချစာသင်သံဃာတော်များအား ဆွမ်းလောင်းခြင်း၊ ပင့်သံဃာများအား ဆွမ်းကပ် ခြင်းကုသိုလ်ကို ဦးကျော်ကျော်လွင်+ဒေါ်ခင်ချောချောလွင် ရွှေပြည်သာကျောက်မျက်ရတနာမိသားစု၊ မန္တလေး မြို့မှ တစ်ဦးတည်းလှူဒါန်းရာ ယနေ့တစ်မနက်တည်းအတွက်ပင် သိန်း(၁၀၀)ကျော်ကုန်ကျခဲ့ကြောင်း၊ တစ်ခြား သောက်ရေသန့်ကုသိုလ်၊ပန်းဖလက်လက်ကမ်းစာစောင်ကုသိုလ်၊မုန့်ဟင်းခါးစတုဒိသာကုသိုလ်ရှင်များစွာတို့ကလည်း ၀မ်းပန်းတသာ ပေးလှူကြတာကို တွေ့ရပါတယ်။ ဓမ္မစေတိယကျောင်းဆောင်သစ်ကြီးနှင့် လောကနာထစေတီတော်ကြီး တည်ထားကိုးကွယ် ဆောက် လုပ်လှူဒါန်းကြရာတွင် သံဃာဆောင်မှ ပဋိပတ္တိဘာဝနာဌာနအထိ (၇)လွှာကို တစ်ဦးချင်းစီမှ ကုသိုလ်ယူကြပြီး၊ စေတီတော်နှင့် စေတီရင်ပြင်၊ ဂန္ဓကုဋိကျောင်းဆောင်တို့ကို အများပြည်သူတို့ စုပေါင်းကုသိုလ်ယူခြင်း ဖြစ်ကြောင်း၊ အခမ်းအနားကုန်ကျစရိတ်မပါ အဆောက်အအုံးသက်သက် လှူဒါန်းမှူ တစ်ခုတည်းဖြင့်ပင် ငွေကျပ်သိန်းပေါင်းခြောက်ထောင်ခန့် ကုန်ကျကြောင်း သိရှိရပါတယ်။








ရွေးကောက်ပွဲ ကျင်းပသည့်စနစ် ပြောင်းလဲရန် ဒီမိုကရေစီမိတ်ဆွေပါတီများက ရွေးကောက်ပွဲကော်မရှင် ဥက္ကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့အားတောင်းဆို

( NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း PR စနစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြနေစဉ်)

နေပြည်တော် ဇူလိုင် ၂၇

လက်ရှိရွေးကောက်ပွဲကျင်းပသည့်စနစ်ပြောင်းလဲရန် ဒီမိုကရေစိမိတ်ဆွေပါတီမျာ မှ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့အား တင်ပြတောင်းဆိုခဲ့ကြောင်း ယင်းပါတီများ၏ပြောကြားချက်အရသိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ ပါတီကြီးတွေကပဲအမြဲ ကြီးစိုးခဲ့တယ် ၂၀၁၀ မှာရော အခုကြားဖြတ်မှာရော ဒီလိုပဲပါတီကြီးတွေကပဲအနိုင်ရခဲ့တယ် ၊အဲဒီတော့ ဒီစနစ်ကိုကျွန်တော်တို့သေသေချာချာလေ့လာဖို့လိုပါအုံးပါ ဒီစနစ်ရဲ့အားသာချက်တွေ အားနည်းချက်တွေသိရအောင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုလည်းတင်ပြထားပါတယ် ပြီးတော့ သမ္မတရုံးကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးစာလည်းပို့ထားပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများအနေဖြင့် လက်ရှိကျင့်သုံးနေသောရွေးကောက်ပွဲများတွင် မဲအများဆုံးရရှိသူတစ်ဦးသာ အနိုင်ရကိုယ်စားလှယ်ဖြစ်သည့်စနစ်( First Past The Post- FPTP system) အစား မိမိတို့ရရှိသည့် ဆန္ဒမဲအနည်းအများအလိုက် လွှတ်တော်၌ကိုယ်စားပြုခွင့်ရစေမည့် အချိုးကျကိုယ်စားပြုစနစ် (proportional Representation –PR system) ကိုပြောင်းလဲအသူံးပြုရေးနှင့် ပတ်သက်၍ ကော်မရှင်ဥက္ကဌနှင့် လွှတ်တော်ဥက္ကဌတို့အားတင်ပြခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်အခုPRစနစ်နဲ့ပတ်သက်ပြီးတော့ စာတမ်းတင်ပြထားပါတယ် ကျွန်တော်တို့နိုင်ငံက ကျင်းပခဲ့တဲ့ေ၇ွးကောက်ပွဲတွေကိုကြည့်မယ်ဆိုရင် ပါတီကြီးတစ်ခုကပဲ အမြဲတမ်းအနိုင်ရတယ် ၊ဒါကြောင့် အချိုးကျတဲ့ကိုယ်စားပြုစနစ် PR စနစ်ကိုကျင့်သုံးမယ်ဆိုရင် စစ်မှန်တဲ့ပါတီစုံ စနစ်ထွန်းကားပြီးတော့ရွေးကောက်ခံ အာဏာရှင်စနစ်ကိုတားဆီးနိုင်မယ်။ ဒီစနစ်ကိုဆောင်ရွက်သွားဖို့အတွက် အားလုံးကိုတိုက်တွန်းချင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၅၂ ခုမှ ၂၀၁၂ အထိ ရွေးကောက်ပွဲခြောက်ကြိမ်တိုင်ကျင်းပခဲ့ပြီး အဆိုပါရွေးကောက်ပွဲတိုင်းတွင် မဲအများဆုံးရရှိသူက အနိုင်ရကိုယ်စားလှယ်ဖြစ်သည့်စနစ်( First Past The Post- FPTP system)ကို သာအသုံးပြုခဲ့သည်။

“ဒီစနစ်အတွက်ကျွန်တော်တစ်ယောက်ထဲဆုံးဖြတ်လို့မရဘူးအခုနိုင်ငံတော်အစိုးရကလည်း ပြည်သူကရွေးချယ်ထားတဲ့အစိုးရဖြစ်တယ် ဒီကိစ္စက လွှတ်တော်ကဆုံးဖြတ်ရမယ့်ကိစ္စပါ ကျွန်တော် ဒီစနစ်နဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုရော အမျိုးသားလွှတ်တော်ကိုရောတင်ပြသွားပါမယ်။”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။

ဒီမိုကေ၇စီမိတ်ဆွေပါတီများတင်ပြတောင်းဆိုသော ဆန္ဒမဲအနည်းအများအလိုက် လွှတ်တော်၌ ကိုယ်စားပြုခွင့်ရစေမည့် အချိုးကျကိုယ်စားပြုစနစ် (proportional Representation –PR system) ကို ဂျာမနီနိုင်ငံအပါအ၀င် ဥရောပနိုင်ငံ အချို့တွင်ပါကျင့်သုံးနေကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဒီမိုကရေစီမိတ်ဆွေများပါတီ(၁၀)ပါတီမှ ပါတီကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

ယနေ့ နေ့လည် ၂ နာရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒီမိုကရေစီ မဟာမိတ် (၁၀) ပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၌ တွေ့ဆုံကြစဉ်။

နေပြည်တော် ဇူလိုင်လ ၂၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဒီမိုကရေစီမိတ်ဆွေများပါတီ (၁၀)ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် လွှတ်တော် အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပြီး လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး နှင့် စီးပွားရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ရန်ကုန်မြို့ အမေရိကန် သံရုံးက နိုင်ငံရေးနဲ့ စီးပွားရေးဌာန ပထမ အတွင်းဝန် Mr. Douglas Sonnek နဲ့ Mr. Bob Bailey တို့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး

(Photo: 88 Generation Students)


ရန်ကုန်မြို့ အမေရိကန် သံရုံးက နိုင်ငံရေးနဲ့ စီးပွားရေးဌာန ပထမ အတွင်းဝန် Mr. Douglas Sonnek နဲ့ Mr. Bob Bailey တို့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တို့ကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရုံးခန်းမှာ ဒီနေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ပြီးတဲ့နောက်ပိုင်း အခြေအနေတွေနဲ့ ၈၈ အဖွဲ့ရဲ့ ၆ လ အတွင်း ဆောင်ရွက်ချက်တွေကို
ပြောဆိုကြတာဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စနဲ့ ပြန်လွတ်လာ တဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ပညာရေးအခက်အခဲတွေကိုလည်း ထည့်သွင်းပြောဆို
ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့
အရေးကြီးတဲ့အကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။

RFA

ကချင်ပြည်နယ် ဝန်ကြီးချုပ် ညီမ ခြိမ်းခြောက်ခံရ

မြစ်ကြီးနားမြို့ပေါ်၌ ဦးဘရန်ရှောင် လွတ်မြောက်ရေးအတွက် ဇူလိုင် ၆ ရက်နေ့က ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ – KDNG)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ်ငြိမ်းချမ်းမှုရရှိရေး ဆန္ဒပြတောင်းဆိုရန် ဦးဆောင်ပါဝင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဖုန်းမှတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ခံနေရကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ၏ ညီမ က ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်၏ ဆွေမျိုးများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ခေါင်းဆောင်များ၏ ဇနီးများက ဦးဆောင်၍ ယခုလ ၂၈ ရက်နေ့ မြစ်ကြီးနားတွင် ဆန္ဒပြမည်ဟု သတင်းမီဒီယာများတွင် ၎င်း၏ အမည်ပါဝင်လာပြီးနောက် ယင်းသို့ ခြိမ်းခြောက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း ၏ ညီမဖြစ်သူ ဒေါ်လဂျွန်ဆိုင်းတောင် က ရှင်းပြသည်။

“ကျမကို ဖုန်းသရဲတွေက အများကြီး ဆက်လာပါတယ်၊ မင်းတို့ လမ်းလျှောက်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးမှ ရှည်ရှည် ဝေးဝေး မပြောချင်ဘူး၊ ချက်ချင်း ရပ်လိုက်ပါတဲ့၊ မင်းနဲ့အတူ ခေါင်းဆောင်အားလုံးကို ပြောပါတဲ့၊ မရပ်ဘူးဆိုရင်တော့ မင်းတို့ကို ဟိုလို လုပ် မယ်၊ ဒီလိုလုပ်မယ်နဲ့ ခြိမ်းခြောက်ပါတယ်”ဟု ဒေါ်လဂျွန်ဆိုင်းတောင် က ဧရာဝတီသို့ပြောသည်။

ထိုကဲ့သို့ ခြိမ်းခြောက်မှုများကြောင့် ကြောက်ရွံ့တုန်လှုပ်မိကြောင်း၊ ရဲစခန်းသို့တိုင်ကြားခြင်း မပြုသေးသော်လည်း မြစ်ကြီးနား မြို့နယ် တရားရုံးနှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များကို အသိပေး အကူအညီတောင်းခံ ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

ခြိမ်းခြောက်သူများသည် ကချင်ဘာသာစကားများဖြင့် ပြောဆိုခြင်းဖြစ်ပြီး ဆက်သွယ်လာသော ဖုန်းနံပါတ်များမှာလည်း ပြည်တွင်း သုံး လက်ကိုင် ဖုန်းနံပါတ်များဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဟိုတနေ့က ဖုန်းဆက်လာတဲ့ လူကတော့ အသက်ခပ်ကြီးကြီးအသံနဲ့ပဲ ကချင်စကားနဲ့ ပြောလာတာရှင့်၊ ကျမလည်း ကြောက်လန့် ပြီးတော့မှ ညမအိပ်နိုင်အောင်ဖြစ်ရပါတယ်၊ အဲဒီအတွက် ဘုန်းတော်ကြီးတွေကို အကူအညီတောင်း၊ ဆုတွေ ဘာတွေ တောင်းပြီး မှ အိပ်ပျော်ရပါတယ်”ဟု ဒေါ်လဂျွန်ဆိုင်းတောင် က ပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် အမျိုးသမီးများက ဦးဆောင်ဆန္ဒပြကြရန် လုပ်ဆောင်နေမှု၌ ရန်ကုန်မြို့တွင် နေထိုင်သော ၎င်းအနေဖြင့် ပါဝင်ခြင်းမရှိကြောင်း၊ ၎င်းအမည် ပါဝင်လာခြင်းနှင့်ပတ်သက်၍လည်း ဆန္ဒပြရန် ဦးဆောင်လှုံ့ဆော်နေသူ ကြံ့ခိုင်ရေးပါတီ ဆွမ် ပရာဘွမ် ပြည်သူ့လွှတ်တော် အမတ် ဦးခမိုင်တန် ၏ ဇနီး ဒေါ်ဂျာခေါန် ကိုလည်း သတိပေးပြောဆိုခဲ့ကြောင်း ရှင်းပြသည်။

တချိန်တည်းမှာပင် မြစ်ကြီးနားတွင် ပြုလုပ်ရန်ပြင်ဆင်နေသောဆန္ဒပြပွဲကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထိုပွဲဖြစ် မြောက်ရေး ဦးဆောင်လှုံ့ဆော်သူ ဒေါ်ဂျာခေါန်က ဧရာဝတီသို့ ပြောသည်။

“အန်တီတို့ကတော့ ဆန္ဒပြပွဲမလုပ်ဖြစ်တော့ဘူး။ ဘာလို့လည်းဆိုတော့ လုံးဝ မထင်မှတ်ထားတဲ့ ခေါင်းစဉ်ကြီး ထိုးဝင်လာလို့ပေါ့၊ ဘယ်သူ့ကိုမှ ရှုတ်ချဖို့ မဟုတ်ဘူး၊ ဘယ်သူမှလည်း ခိုင်းစေတာ မဟုတ်ဘူး၊ မိမိသ ဘောဆန္ဒအရ ငြိမ်းချမ်းရေး ရဖို့အတွက် မိခင် တွေ ဆန္ဒထုတ်ဖော်ဖို့စီစဉ်ကြတာပါ”ဟု ဒေါ်ဂျာခေါန် က ဆိုသည်။

ယင်းသို့သတင်း ပျံ့နှံ့ မှုများကြောင့် ဆန္ဒထုတ်ဖော်ရန် မြို့ပေါ်ရှိရဲစခန်းသို့ ခွင့်မတင်မီ တရက်အလိုတွင် အစီအစဉ် ဖျက်သိမ်း လိုက် ရသည်သာမက မြို့ခံများ၏ အထင်လွဲမှားခြင်းကိုလည်း ခံခဲ့ရသည်ဟု ပြောသည်။ သို့သော် ပွဲစီစဉ်မှုနှင့် ပတ်သက်၍ ဒေါ်လဂျွန် ဆိုင်းတောင် ကဲ့သို့ ခြိမ်းခြောက်ခံရမှုမျိုး ကြုံတွေ့ရခြင်းမရှိဟု ဒေါ်ဂျာခေါန် က ပြောဆိုသည်။

“အန်တီတို့က KIA ကိုဆန္ဒပြမယ့် ပုံမျိုးပေါ့၊ ကြံ့ခိုင်ရေးက ခိုင်းစေတာတို့ ဘာတို့ အဲလိုမျိုး ပြောခံရတာပေါ့၊ အဲလိုမျိုး သတင်း ထွက် တော့ လူတွေကလည်း ဟာ ဒီလိုမျိုးလား ဆိုတဲ့ အတွေးနဲ့ အန်တီတို့ကို တမျိုးထင်သွားတာပေါ့၊ အန်တီတို့ကတော့ မိခင် စိတ် ဓာတ် အရင်းအမှန်နဲ့ လုပ်ဖို့ကြိုးပမ်းခဲ့တာပါ”ဟု ၎င်းက ဆက်ပြောသည်။

ဒုက္ခသည်များကို စာနာသောအားဖြင့် ပြည်နယ်ငြိမ်းချမ်းစေလိုသော စိတ်ဖြင့် ဆန္ဒပြရန် ရည်ရွယ်ခဲ့သော်လည်း ထိုပွဲသည် ကချင် ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ရှုတ်ချခြင်း၊ ပွဲဖြစ်မြောက်ရေးကို ကြံ့ခိုင်ရေးပါတီ က ကြိုးကိုင်ခြင်း စသည့် သတင်းမှာ မြစ်ကြီးနားမြို့ခံ များနှင့် သတင်းမီဒီယာများပေါ်တွင် လွဲမှားစွာပျံ့နှံ့ခဲ့သဖြင့် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟုလည်း ဒေါ်ဂျာခေါန် က ဆိုသည်။

ယခုလ ၆ ရက်နေ့က မြစ်ကြီးနားမြို့ပေါ်တွင် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) က ဖမ်းဆီးပြီး တရားစွဲဆိုထားသော ဦးဘရန်ရှောင် လွတ်မြောက်ရေးအတွက် ၎င်းနေထိုင်ခဲ့သော ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၅၀၀ ကျော် အပါအဝင် ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့ များနှင့် မြို့ခံလူထု ၁၅၀၀ ကျော်က မြို့တွင်းလမ်းမကြီးများပေါ်နှင့် စရဖ ရုံး၊ ရဲစခန်းနှင့် တရားရုံး ရှေ့များတွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သေးသည်။

ဧရာဝတီ

မြစ်ဆုံဆည် ဆက်ဆောက်နိုင်ရန် ကချင်အစိုးရအဖွဲ့ကို CPI ချဉ်းကပ်

ဧရာဝတီ မြစ်ဆုံဒေသ မြင်ကွင်းတခု (ဓာတ်ပုံ – Reuters)

ဧရာဝတီ မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ခွင့် ရနိုင်ရန်အတွက် တရုတ်ကုမ္မဏီ CPI (China Power Investment) က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံး ပြောဆိုမူများရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။

မြစ်ဆုံဆည် စီမံကိန်းသည် ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း လူထုအား ပြောပေးရန် တရုတ်ကုမ္ပဏီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံးကြောင်း ၎င်းက ဆိုသည်။

“CPI အနေနဲ့ လူထုဆက်ဆံရေး (PR) အားနည်းခဲ့လို့ စီမံကိန်းရပ်လိုက်ရတယ် ထင်ပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ နောက်ပိုင်း PR ဆက်တိုက် လုပ်လာတာ တွေ့ရတယ်” ဟု Eco Dov. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

စီမံကိန်း ရပ်ပြီးသည့်နောက်ပိုင်းတွင် CPI ကုမ္ပဏီသည် ဒုတိယ သမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် အရေးပါ သူများနှင့် ဆက်တိုက်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည့် အပြင် ယခုလ အစောပိုင်းတွင်လည်း မြစ်ကြီးနားရှိ စစ်ပြေးဒုက္ခသည် စခန်းများသို့ ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခြင်း ပြည်တွင်း ဂျာနယ်များနှင့် အဆက်အဆံ ပြုလုပ်ခဲ့ခြင်းများ ရှိကြောင်း သိရသည်။

စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်သော်လည်း စီမံကိန်းတွင် အသုံးပြုမည့် စက်ပစ္စည်းများ ပြန်လည် သယ်ဆောင် သွားရန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ဗဟိုအစိုးရ အမိန့် မရသေးသောကြောင့် သယ်ဆောင်သွားခြင်း မပြုနိုင်သေးကြောင်း ဒေါ်ဒွဲဘူ ကပြောသည်။

“စက်ပစ္စည်း တွေပြန်သယ်သွားဖို့ အခွင့်ကတော့ ကချင်ပြည်နယ် အစိုးရအနေနဲ့ ပေးလို့မရဘူး။ ဗဟိုအစိုးရ တာဝန် ဖြစ်တာကြောင့် ဗဟိုနဲ့ပဲ ဆက်သွယ်ပါလို့ ပြောထားတယ်။ ဗဟိုကလည်း ဘာမှမပြောသေးဘူး ဆိုတော့ ပစ္စည်းတွေ ဒီအတိုင်း ရှိနေသေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြစ်ဆုံ အပါအ၀င် မေခမြစ်တွင် ၁ ခု၊ မလိခ မြစ်တွင် ၅ ခု တည်ဆောက်သွားမည့် ဆည်စီမံကိန်းများအနက် မြစ်ဆုံ၌ တည်ဆောက်မည့် ရေကာတာသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်နိုင်ပါမှ စီမံကိန်း အမြတ်ထွက်နိုင် မည်ဖြစ်သောကြောင့် CPI အနေနှင့် လက်လွတ်မခံနိုင်ဘဲ ကြိုးစားနေခြင်း ဖြစ်ကြောင်း မြစ်ဆုံအရေး လှုပ်ရှားသူ ကိုမော်ထွန်းအောင်က ပြောသည်။

“မြစ်ဆုံမှာ လုပ်မယ့် ရေကာတာကပဲ Peak load (လျှပ်စစ်ဓာတ်အား တရှိန်ထိုးလိုအပ်မှု) ကို ဖြည့်ဆည်းပေး နိုင်ပါတယ်။ လျှပ်စစ်ဓာတ်အား အတင်အချကို မြစ်ဆုံမှာ ဆောက်မယ့် ရေကာတာကပဲ လုပ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် တခြားဟာတွေ မဆောက်ခင် မြစ်ဆုံကို အရင်ကိုင်တာပါ။ ချီဖွေငယ် ကတော့ စီမံကိန်းအတွင်းမှာ သုံးစွဲမယ့် လျှပ်စစ်ထုတ်ဖို့ပါ” ဟု သူက ရှင်းပြသည်။

မြစ်ဆုံအထက်ဘက် လာဆာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည့် မလိခ မြစ်ဝှမ်းဒေသသည် သစ်တော ဖုံးအုပ်မှု ၈၃ ရာခိုင်နှုန်း ရှိနေပြီး အဆိုပါ သစ်တောများသည် အစိုးရက ထိန်းသမ်းပါမည်ဟု ကတိပြုထားသော နေရာများဖြစ်သည် ဟု ဦးဝင်းမျိုးသူက ပြောသည်။

“မြစ်ဆုံရဲ့ အထက်ဘက်မှာတော့ ပူတာအို၊ ချီဖွေ၊ ဆော့လောဆိုတာ လျှပ်စစ် စီမံကိန်းလုပ်မှ ဖွံဖြိုးတိုးတက်မယ့် နေရာတွေ ရှိတယ်။ မလုပ်သင့်တဲ့အရာမှာ ခွင့်မပြုဖို့ တာဝန်ရှိသလို၊ လူထုကို မထိခိုက်စေဘဲ အကျိုးဖြစ်နိုင်မယ့် နေရာတွေမှာ မြစ်ဆုံလောက်မကြီးတဲ့ ခပ်သေးသေး ဆည်တွေ လုပ်သွားရင် လူထုအတွက်လည်း သင့်တော်မယ့် အရာတွေ ဖြစ်တယ်လို့ ထင်တယ်၊ ဒါက လွှတ်တော်အမတ် တယောက်အနေနဲ့ ပြောတာပါ” ဟု ဒေါ်ဒွဲဘူက ဆိုသည်။

ဧရာဝတီမြစ် ရှင်သန်ရေးအတွက် ထိန်းသိမ်းရမည့် မြစ်ဝှမ်းဒေသများတွင် မေခ၊ မလိခ မြစ်နှစ်သွယ်သည် အရေးအကြီးဆုံး နေရာမှ ပါဝင်နေသည်။

ရေကာတာ ၅ ခု တည်ဆောက်မည့် မေခ မြစ်ဝှမ်းတလျှောက် သည်လည်း ဧရာဝတီ ရေဝေရေလဲ ဒေသ၏ အထူးအရေး ပါသော ဒေသဖြစ်ပြီး ဗဟိုအစိုးရ အာဏာစက် သက်ရောက်ရန် ခက်ခဲသော နေရာဖြစ်သည်။ ၁၉၉၀ မှ ၂၀၀၅ ခုနှစ် အတွင်း ယင်းဒေသမှ သစ်တော ဧက ၇ သိန်း လျော့သွားခဲ့ပြီး ယခင် သမပိုင်းသစ်တောများမှ တောမီးလောင်သည် အထိ ခြောက်သွေ့ သွားခဲ့သဖြင့် အထူး ထိန်းသိမ်းရမည့်နေရာဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များ၏ အဆိုအရ သိရသည်။

“ဧရာဝတီကို ထိပါးခြင်းဟာ ပြည်ထောင်စုကို ထိပါးခြင်းလို့ သတ်မှတ်ပါတယ်။ နောင် ရွေးကောက်ပွဲကြီး ကျင်းပမယ့် ဆိုရင်တောင်မှ ဧရာဝတီမြစ်နဲ့ ပတ်သတ်လို့ ကတိပေးနိုင်တဲ့ သူမျိုးကိုသာ ရွေးကောက်ပွဲတင်မှာ တင်မြှောက်ဖို့ တိုက်တွန်း ပါမယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ပြောသည်။

ဧရာဝတီ

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် လူကြီး (၅) ဦးဟာ ဂီတ အစည်းအရုံးကနေ မနေ့က နုတ်ထွက်

ဂီတအစည်းအရုံးအလွှာ အသီးသီးမှ ရွေးချယ်ကာ စိစပ်ကြီးကြပ်မှု ကော်မတီဝင်များ ဖွဲ့စည်းနေစဉ် June 15, 2012

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် လူကြီး (၅) ဦးဟာ ဂီတ အစည်းအရုံးကနေ မနေ့က
နုတ်ထွက်လိုက်ကြပါတယ်။

နုတ်ထွတ်လိုက်ကြတဲ့ သူတွေကတော့ ဘိုကလေး ဦးတင့်အောင်၊ ဦးမင်းနောင်၊ ဦးမောင်မောင်ကြီး၊ စန္ဒရားဦးမောင်မောင်တုတ်နဲ့
ဒေါ်သင်းသင်းမြတ်တို့ ဖြစ်ကြပါတယ်။

အခုလို နုတ်ထွက်ပေးလိုက်တာဟာ ခေတ်သစ်ဂီတအလွှာနဲ့ မြန်မာနိုင်ငံ
ဂီတအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကြား နားလည်မှု လွဲမှားနေတာကို ပြန်လည် သင့်မြတ်လိုတာကြောင့် နုတ်ထွက်တာလို့ အဆိုတော် ဦးမင်းနောင်က ပြောပါတယ်။

လူငယ် ခေတ်သစ် ဂီတသမားတွေက ဂီအစည်းအရုံးကို အသစ်ပြန်လည် ဖွဲ့တဲ့အခါ လက်ရှိ နေရာရပြီးသား စတူရီယိုအလွှာလိုပဲ ခေတ်သစ် ဂီတသမားတွေကိုလည်း နေရာတနေရာ သတ်မှတ်ပေးဖို့
တောင်းဆိုခဲ့ကြပါတယ်။

အဲဒီတောင်းဆိုမှုအပေါ် ဂီတအစည်းအရုံး ရွေးကောက်ပွဲကော်မရှင် လူကြီးတွေက လက်မခံဘဲ ယခင် စစ်အစိုးရလက်ထက်က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံအတိုင်း ဂီတအစည်းအရုံးကို ဆက်လက် ဖွဲ့စည်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် လူငယ်ဂီတသမားတွေနဲ့ လူကြီးတွေကြားမှာ ပဋိပက္ခ ဖြစ်ကြတာ ဖြစ်ပါတယ်။

RFA Burmese
 

အသက်၁၀ နှစ်သား ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက် (ရုပ်/သံ)


ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို.နယ်အတွင်းမှာ အသက်၁၀ နှစ်အရွယ်သာရှိသေးတဲ. ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ.ပါတယ်။ ဒေါ်ညိုမာသက် က သတင်းပေးပို.ထားပါတယ်။


DVB TV News

သမ္မတတို့၏ ပါဝါ..။




သတင်းထောက်တစ်ဦး
“အယ်လ်ကိုင်းဒါး နဲ့ အစ္စလာမ် စစ်သွေးကြွတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ အမေရိကန်တွေဟာ ရက်စက်ကြမ်းကြုတ်လွန်းတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်” အဲဒါ ဟုတ်ပါသလား..။

အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်...
“နေစမ်းပါအုံး။ ဂျီနီဗာ သဘောတူညီမှုဆိုတာ နိုင်ငံရှိတဲ့ သူတွေက ရေးဆွဲထားတဲ့အချက်အလက်တွေပါ။ နိုင်ငံမရှိတဲ့ အယ်ကိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု့အန္တရာယ်တွေကို တားဆီးဖို့အတွက် ကျနော့နိုင်ငံရဲ့ လုံခြုံရေးဟာ အဓိက အရေးကြီးဆုံးဖြစ်တယ်။ သူတို့ကို လူ့အခွင့်ရေးပေးစရာ လိုလို့လား”

.......................................................................................................................

ဒီမိုကရေစီ ဘိုးအေနိုင်ငံများသည်ပင် နိုင်ငံတော်လုံခြုရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးစဉ်းစားလေ့ရှိသည်..။

.........................................................................................................................................
တာလီဘန်မှ ခွဲထွက်လာသော အစ္စလာမ်အစွန်းရောက် အယ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို သုတ်သင်ရာတွင် လူ့အခွင့်အရေးကို အလေးထားသည်ဟု နာမည်ကြီးသူ အစ္စလာမ်ဘာသာဝင်မျိုးရိုးမှလာသော အမေရိကန်သမ္မတ အိုဘာမားသည် ပါကစ္စတန်အာဏာပိုင်တို့ကို အသိမပေးပဲ ပါကစ္စတန်ပိုင်နက်တွင်း NAVY SEAL အထူးတပ်ဖွဲ့ကို လွှတ်ပြီး ၀င်သုတ်သင်စေသနည်း.....။

၎င်း၏ မဟာမိတ်ဟုပြောလို့ရသော ပါကစ္စတန်တပ်များမှ ကျုးကျော်သူခေါင်းစဉ်တပ်ကာ ဘင်လာဒင်ဘက်မှ အမေရိကန်အထူးတပ်ဖွဲ့ကို ၀င်တိုက်လျှင် ပါကစ္စတန်ကို ဗုံးကြဲပစ်ရန် ဗုံးကြဲလေယာဉ်များ ဘာ့ကြောင့် အဆင်သင့်ပြင်ထားသနည်း..။

ထိုစစ်ဆင်ရေးပြုလုပ်နေသော အထူးတပ်ဖွဲ့ဝင်များအား ဗီဒီယိုမှတစ်ဆင့် ကိုယ်တိုင် တိုက်ရိုက်ကြည့်ရှု အမိန့်ပေးကွပ်ကဲခဲ့သနည်း..။

ရှင်းပါသည်..။

ဘင်လာဒင်သည် မိမိနိုင်ငံလုံခြုံရေးနှင့် မိမိနိုင်ငံမှ ပြည်သူလူထု၏ အမျိုးသားအကျိုးစီးပွားကို နာလံမထူအောင် ဖန်တီးခဲ့သူတစ်ဦးဖြစ်ခဲ့သည် ထို့ပြင် ..မသေမချင်း ခြိမ်းခြောက်နေဦးမည်ဖြစ်သည့်အတွက် သမ္မတနှစ်ဆက်ပြောင်းသည်အထိ ....ဆယ်နှစ်တိုင်တိုင် လုံးဝလက်မလျှော့ပဲ လိုက်လံရှာဖွေကာ.....နည်းလမ်းပေါင်းစုံဖြင့် အင်အားသုံး လက်စတုံးသုတ်သင်ခြင်းဖြစ်သည်..။ ထိုသုတ်သင်သူအား အကာအကွယ်ပေးသူသည် သူ့ရန်သူဖြစ်သည်...။

...................................................................................................................

ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်လည်း ထို့အတူပင်..။

သူပြောခဲ့သောစကားတစ်ခွန်းအတွက် တစ်ဖက်က အကျိုးဆက်များဖြစ်လာမည်ကို သိရှိသော်လည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် သူ့စကား သူတာဝန်ယူကာ နိုင်ငံတကာအစ္စလာမ်အသိုင်းအ၀ိုင်း၏ အမုန်းခံကာ ဘင်္ဂလီကို လက်မခံဟု ကမ္ဘာသိ ပြောကြားခဲ့ခြင်းကို လှိုက်လှိုက်လှဲလှဲ လေးစားထောက်ခံပါသည်..။


“ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် ဘယ်လိုပြင်ဆင်ကြမလဲ ရွှေမြန်မာ ”

“ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် ဘယ်လိုပြင်ဆင်ကြမလဲ ရွှေမြန်မာ ”

ဒီခေါင်းစဉ်ဟာ Breaking news ဆိုတာထက်ပိုအရေးကြီးဆိုတာ ပထမဆုံးအနေနဲ့ ပြောပါရစေ ။ အခုရေးမယ့်ဆောင်းပါးဟာ တကယ့်ကို အရေးကြီးတဲ့အချက်တွေနဲ့စဉ်းစားစရာတွေ ၊ ပြင်ဆင်စရာတွေ ပါဝင်လာပြီဖြစ်တဲ့အတွက် စာဖတ်သူများရော တာဝန်ရှိသူများရော အစိုးရပိုင်းကပါ ဒီ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် မပေါ့မလျော့ပဲ အများကြီး သတိထား ပြင်ဆင်ထားကြရမယ်ဆိုတာ ပထမဦးဆုံးပြောလိုပါတယ် ။

တာလီဘန်အဖွဲ့ခေါင်းဆောင်ပိုင်းများ


TTP ဆိုတဲ့စကားလုံးသုံးလုံးရဲ့အရှည်ကောက်ကတော့ Tehreek-e-Taliban Pakistan ကို ရည်ညွှန်းပါတယ် ။ ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမေရိကလို နိုင်ငံကြီးမျိုးကိုတောင် ဒီ TTP အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ အသေခံ ဗုံးခွဲမှုတွေ ပြုလုပ်ခဲ့တဲ့လက်ရဲဇတ်ရဲ အစွန်းရောက်အဖြစ်ဖြစ်တယ် ။


ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်

TTP ဆိုတဲ့အဖွဲ့ဟာ ဘာလဲ

ဒီဆောင်းပါးရေးဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းက TTP ကြေငြာချက်နဲ့ တိုက်ရိုက်ပတ်သတ်တယ် ။ သူတို့ကြေငြာချက်ကို မဖော်ပြခင်မှာ အဲဒီအဖွဲ့အစည်းအကြောင်းအနည်းငယ်တင်ပြချင်ပါတယ် ။ TTP ဆိုတာ များစွာသော အစ္စလာမ် စစ်သွေးကြွအကြမ်းဖက်သူတွေ စုစည်းထားတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ပါကစ္စတန် ထဲက အာဖဂန်နယ်စပ်တလျှောက် အနောက်မြောက်ဖက် လူမျိုးစု ဧရိယာတွေမှာ အခြေချ ထားတာဖြစ်တယ် ။


၂၀၀၇ ခုနှစ် ဒီဇင်ဘာ မှာ Baitullah Mehsud ရဲဦးဆောင်မှုနဲ့ အုပ်စု ၁၃ ခုဟာ TTP အဖြစ်ဖွဲ့စည်းခဲ့တယ် ။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ Parkistani military ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက်ဖြစ်တယ် ။ TTP ရဲ့ပထမဆုံးခေါင်းဆောင်ဖြစ်တဲ့ Baitullah Mahsud ဟာ ၂၀၀၉ ခုနှစ် သြဂုတ်လ ငါးရက်နေ့က ပေါက်ကွဲမှုမှာ အသတ်ခံခဲ့ရပြီး နောက်ထပ်ခေါင်းဆောင် Hakimullah Mahsud ကတော့ အမေရိကမှာ အသေခံ စစ်စင်ရေးတွေကို စတင် တွင်ကျယ်စေခဲ့သူဖြစ်တယ် ။ ဒီအဖွဲ့အစည်းဟာ United state ကို အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် မေ ၁ ရက်နေ့က နယူယောက် မြို့မှ Times Square ကို မအောင်မြင်ခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှုကို ကြံစည်ခဲ့သူတွေလည်းဖြစ်တယ် ။ ၂၀၁၁ ခုနှစ် ဂျွန်လမှာ TTP ရဲ့ပြောဆိုခွင့်ရှိသူတစ်ဦးက အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုအတွက်လက်စားချေဖို့ အတွက် United States နဲ့ ဥရောပကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုခဲ့ပါတယ် ။


ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အစ္စလာမ်တွေကလည်း မြန်မာအစိုးရရဲ့ ဘဂါင်္လီအရေးကို ဆောင်ရွက်မှုအပေါ် ယခုလို ပုံတွေမှာမြင်ရတဲ့အတိုင်း စော်ကားစွာ တုံ့ပြန်ခဲ့ကြတယ် ။


TTP ဆို တာ အစွန်းရောက်အစ္စလာမ်တွေဖွဲ့စည်းထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အဖွဲ့အစည်းဖြစ်တာနဲ့အညီ အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ အသေခံ တိုက်ခိုက်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တဲ့ ကမ္ဘာပေါ်ရှိ လူမဆန်သော အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ် ။ သူတို့ပြောတာကတော့ အခုနောက်ပိုင်းဆက်လုပ်နေတဲ့ တိုက်ခိုက်မှုပေါင်းများစွာဟာ အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုတွေနဲ့ပတ်သတ်နေတယ်လို့ဆိုတယ် ။


ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်


သူတို့ ကြေငြာချက်ဟာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဘဂါင်္လီ - ရခိုင် အရေးအခင်းနဲ့ တိုက်ရိုက်ပတ်သတ်နေတယ် ။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကဘဂါင်္လီတွေနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ (UNHCR) မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံတုန်းကတိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လုံးဝလက်မခံနိုင်ဘူးဆိုတာပြောခဲ့တယ် ။ ဒါ့အပြင် နောက်ဆုံး ဖြေရှင်းသည့်နည်းလမ်းကတော့ ခိုးဝင်လာတဲ့ ဘဂါင်္လီတွေကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိဖို့နဲ့ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဆိုပြီးလည်းအတိအလင်းပြောခဲ့တယ် ။ သမ္မတကြီးက ဆက်လက်ပြီး တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းပြောခဲ့တယ် ။ အဲဒီလို သမ္မတကြီးပြောပြီးလို့ မှမဆုံးခင် TTP က နေကြေငြာချက်ထွက်ပေါ်လာခဲ့တယ် ။ အဲဒီကြေငြာချက်ထဲမှာ -



၁ ။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ



၂ ။ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန်



၃ ။ TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟုပြောကြားခြင်း ။ စတာတွေပါဝင်ပါတယ် ။ ဒါ့အပြင်TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟုပြောကြား စတာတွေလည်းပါဝင်ပါတယ် ။ ကမ္ဘာ့အကြီးဆုံး အစ္စလာမ်အဖွဲ့ဖြစ်တဲ့ Organization of Islamic Cooperation - OIC ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဆိုသူကလည်း သမ္မထံကို “ မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေး ရန် ” ဆိုတဲ့စာပေးပို့တိုက်တွန်းခဲ့တယ်လို့ သတင်းတစ်ခုမှာ ဖော်ပြထားတယ် ။


စည်းလုံးညီညွှတ်ကြတဲ့ အစ္စလာမ် များ နှင့် အားနာတတ်သော တို့ မြန်မာ


ဒီခေါင်းစဉ်တပ်ရတာ ကိုယ်ပေါင်ကိုယ်လှန်ထောင်းရသလိုဖြစ်နေခဲ့တယ် ။ သနားလို့ အားနာလို့ ကျွန်တော်တို့ ဟာ စိတ်ဓါတ်တွေကလည်း နဂိုကတည်းက သနားစိတ်အရင်းခံ ခပ်ပျော့ပျော့များ ရှိတဲ့နည်းတူ ကဲကဲ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေကြရယ်လို့ ဆိုပြီး မြန်မာနိုင်ငံအတွင်းနေထိုင်ခွင့်ပေးခဲ့ကြရာကအစ တစတစ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်က သတိထားမိလောက်တဲ့အချိန်မှာ ဆေးမှ မှီပါ့မလားဆိုပြီး ကိုယ့် အနာကို ကိုယ်ပြန်ကြည့်ရသလိုဖြစ်နေခဲ့တယ် ။ ဒီလို တာလီဘန်တွေရဲ့ခြိမ်းခြောက်မှုဟာ အစ္စလာမ် ဘာသာဝင်တွေရဲ့စည်းလုံးမှု အပေါ် ပြသရာလည်းရောက်ပြီး ငါတို့ ခြောက်လိုက်ရင်တော့ မြန်မာအစိုးရအနေနဲ့ ဘဂါင်္လီတွေကို တစ်ခုခုတော့စီစဉ်ပေးမှာပဲဆိုပြီးတွေးထားပုံလည်းပေါ်ပါတယ် ။ ခြိမ်းခြောက်တာကို မကြောက်ပေမယ့်လည်း ပြင်ဆင်စရာရှိတာတွေကို တော့ ပြင်ဆင်ထားရမယ်မဟုတ်လား ။ အားနာတတ်လွန်းလို့ ကိုယ့်တဲထဲပေးဝင်ရာက တဲထဲကပိုင်ရှင်ပါ အပြင်ထွက်ပေးလိုက်ရတဲ့ပုံပြင်လို အခုတော့ ကိုယ့်မြေကိုယ့်ရေထဲနေပြီး ကိုယ့်တိုင်းရင်းသာေးတွက မသင့်မမြတ်ဖြစ်ရာကစ လို့ မငြိမ်းသော မီးတွေတောက်လောင်နေကြရပြီ ။ တကယ်ဆိုရင် ဧည့်သည်ဆိုတာ အိမ်ရှင်ရဲ့အရိပ်အကဲကို တောင်ကြည့်ပြီး နေတတ်ထိုင်တတ်နေရမယ်မဟုတ်လား ။ ဘယ်လို အိမ်ရှင်မျိုးကမှ ဧည့်သည်က ပြန်စော်ကားတာမျိုးတော့လက်ခံမှာမဟုတ်ဘူး ။ တစ်ကမ္ဘာလုံးမှာလည်း အစွန်းရောက် အကြမ်းဖက် အစ္စလာမ် တာလီဘန်တွေရဲ့ ရိုင်းစိုင်းကြမ်းကြုတ်လို့ လူမဆန်စွာ သတ်ဖြတ်မှုတွေကိုလည်း စာမျက်နှာပေါင်းများစွာ ဓါတ်ပုံပေါင်းများစွာ ကျွန်တော်တို့ ကြည့်ခဲ့ကြပြီးဖြစ်တယ် ။


မြန်မာတွေအားလုံး ကျွန်တော်အပါအ၀င် ကိစ္စတစ်ခုကို လေးလေးနက်နက်ရေရှည်မတွေးပဲ ရေတိုပဲကြည့်တတ်ကြတယ် ။ အခုလို ဖြစ်ခဲ့တာဟာလည်း အကြောင်းအချက်ပေါင်းများစွာရှိတယ် ။



၁ ။ ဘဂါင်္လီ - ရခိုင်အရေးအခင်းမှာ နိုင်ငံခြားပြည်ပ မီဒီယာတွေရဲ့ သတင်းမှားတင်ပြီး သွေးထိုးလှုံ့ဆော်မှု

၂ ။ လူမျိုးခြားစိမ့်ဝင်မှုကို လစ်လျှူရှုလို့ ကိုယ့်စီးပွား တစ်ခုတည်းသာကြည့်တတ်တဲ့ ခရိုနီတစ်စုရဲ့ အတ္တကြီးမှု

၃ ။ သဘောကောင်းလွန်းလို့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေကြပါလို့ ရေရှည်မတွေးပဲ ဘာသာပါ ပျောက်ကွယ်ရလောက်အောင် သဘောကောင်းလွန်းတဲ့ မှားယွင်းမှုကြီး

၎ ။ အနီးအနားမှာရှိနေတဲ့ လူတွေကို ကိုယ့်လို စိတ်ဓါတ်မျိုးပဲရှိမှာပဲဆိုပြီး ပေါ့ပေါ့ဆဆတွေးထင်တတ်ကြလို့

၅ ။ တစ်ကမ္ဘာလုံးမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ထိရင်ဆတ်ဆတ်ထိမခံတတ်တဲ့ Organization of Islamic Cooperation-OIC ရဲ့ သွေးစည်းမှု ကို လျှော့တွက်ထားခြင်း

၆ ။ လုပ်ကြံဖန်တီးထားသော ဓါတ်ပုံပေါင်းများစွာဖြင့် အစ္စလာမ် တွေမြန်မာနိုင်ငံမှာ အသတ်ခံနေရပြီဆိုပြီး သတင်းမှားများအား အင်တာနက်စာမျက်နှာအနှံ့တွင်တင်လာခြင်း ။

၇ ။ နိုင်ငံရေးအတိုက်အခံ ပြည်ပရောက်အဖွဲ့အစည်းများက ဘဂါင်္လီများကိုရိုဟင်ဂျာအမည်ခံတိုင်းသားမျိုးနွယ်စုအဖြစ်သွတ်သွင်းရန် ပြည်ပ နိုင်ငံကြီးများအကူအညီယူ၍ ဖိအားပေးလာခြင်း ။



စတဲ့အချက်တွေဖြစ်တယ် ။



ဘာတွေပြင်ဆင်ထားသင့်တယ်လို့ထင်သလဲ



သူတို့ရဲ့ နည်းတွေက အကြမ်းဖက် တိုက်ခိုက်တဲ့နည်းတွေ ဖြစ်တဲ့နည်းတူ အသေခံဗုံးခွဲမယ် အသေခံ ဖောက်ခွဲမယ် စတဲ့ နည်းလမ်းတွေနဲ့အတူ ချောင်းမြှောင်းလုပ်ကြံမယ် ဆိုတဲ့ကိစ္စတွေလည်းပါလာနိုင်တယ် ။ ဒီတော့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေရဲ့ Security ကို အထူးမြှင့်တင်ထားဖို့လိုသလို အရေးကြုံရင် ကာကွယ်ပေးမယ့် ပြည်သူ့တပ်မတော်ကိုလည်း အရည်အသွေးပြည့်မီအောင် လိုအပ်တာနဲ့ အဆင်သင့် အင်တိုက်အားတိုက် ဖြိုခွဲနိုင်အောင် ပြုလုပ်ရပါမယ် ။ ရေတပ် အင်အားကို အများကြီးတိုချဲ့ဖို့လိုတယ်လို့မြင်မိသလို တခြားကြည်းတပ်နဲ့ လေတပ်ကိုလည်း အင်အားတွေထပ်ဖြည့်ထားလို့ လိုအပ်တယ် ။ ပြည်တွင်းမှာလည်း လျှို့ဝှက် သတင်းစုံစမ်းရေးတွေဖွဲ့ထားသင့်ပြီး သူတို့ရဲ့ခြေလှမ်းတွေကို ကိုယ်က ဦးအောင်ထောက်လှမ်းနိုင်ဖို့လိုတယ် ။ ဘယ်သူတွေက အဆက်အသွယ်တွေလုပ်လို့ ဘာတွေကြံစည်နေကြတယ်ဆိုတာ ပြည်သူနဲ့ စစ်သား ၊ ၇ဲ ၊ လုံခြုံရေး ၊ မီးသတ် ၊ ဆက်သွယ်ရေး ကစလို့ အကုန်လုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ် ။ အခုကိစ္စကတော့ခြိမ်းခြောက်စာ သဘောမျိုးဖြစ်တဲ့အပြင် သွေးတိုးစမ်းတဲ့သဘောမျိုးလည်းဖြစ်နိုင်တယ် ။ တကယ် သူတို့မကြံစည်ဘူးလို့လည်းမပြောနိုင်ဘူး ။ ကိုယ့်က ကာကွယ်ထားခြင်းသည်ဟာအ ထိရောက်ဆုံးမဟုတ်ပါလား ။



လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဆိုးကြီး



တကယ့်ကို အခြေအနေက Alert !!! ဆိုသလိုပါပဲ ။ အရင်ဆောင်းပါးတွေထဲမှာ ရေးခဲ့သလိုပါပဲ တကယ့်စီးပွားရေးလုပ်ငန်းကြီးတွေ ၊ ကုမ္မဏီကြီးတွေနဲ့ ထိပ်သီးနေရာတွေထိအောင် လူမျိုးခြားတွေ စိမ့်ဝင်ပျံ့နှံ့နေကြတယ် ။ အဲဒါကိုလည်း ကျွန်တော်တို့ မြန်မာစစ်စစ်တွေက မဟာဂရုဏာတွေထားလို့ သာယာနေကြတုန်း ။ အခုတော့ ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်အဖွဲ့ကြီးရဲ့ခြိမ်းခြောက်မှုကိုခံနေကြရပြီ ။ သွေးမနည်းပေမယ့် စစ်ဆိုတာ မဖြစ်ရင်အကောင်းဆုံးပဲ ။ ဘယ်သူကမှ သာသနာတော် ထွန်းကားတဲ့ မြန်မာပြည်ထဲ သွေးမြေကျ တာမြင်ချင်ကြမယ်မထင်ဘူး ။ ဒါပေမယ့်လည်း ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဘယ်သူကမှ အတိအကျ မပြောနိုင်သေးဘူး ။ တချို့ကလည်း ဒီသတင်းကြားတာတောင် အေးအေးလူလူ ရှိနေတဲ့သူတွေရှိသလို ဒီသတင်းကို ဘယ်လောက်ထိ အရေးကြီးပြီး အန္တရာယ်ရှိတဲ့သတင်းမှန်းလည်း သိတဲ့သူတွေလည်းရှိကြမှာပါ ။ ရခိုင်ပြည်နယ်ဖက်မှာ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တာ မနေ့တစ်နေ့ကမှမဟုတ်ပါဘူး ။ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ ။ ရခိုင်တင်ပဲလား မဟုတ်သေးဘူး ရန်ကုန်လို မြို့ကြီးတွေရဲ့ နေရာတွေ လမ်းတွေ အဆောက်အအုံတွေပေါ်မှာ လည်း လူမျိုးခြားတွေအများကြီး နောက်မန္တလေးလို မြို့ကြီးမှာလည်း လူမျိုးခြားတွေအများကြီး တချို့ဆို ဒီနေရာဟာ မြန်မာနိုင်ငံထဲက နေရာဟုတ်ရဲ့လားလို့ ထင်မိအောင်ကိုယ့်မြန်မာလူမျိုးတွေပျောက်ကွယ်လို့ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တယ် ။



ကျွန်တော်တို့ ယုံကြည်သက်ဝင်သော ဗုဒ္ဓဘာသာ


ဗုဒ္ဓဘာသာရဲ့ အဆုံးအမဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ဆိုတာကိုတော့ ကျွန်တော်လည်းလက်ခံယုံကြည်ပါတယ် ။ ကိုယ်ကိုယ်တိုင်က ဗုဒ္ဓဘာသာယုံကြည်သက်ဝင်သူဖြစ်တဲ့နည်းတူ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေကိုလည်း ယုံကြည်လေးစားကိုးကွယ်ပါတယ် ။ သို့သော် မြတ်စွာဘုရားရှင်လက်ထက်တုန်းက ပေါ်ခဲ့တဲ့ေ၀၀ဒတ် ထက်စာရင် အခုခေတ် တာလီဘန်တွေ ပိုပြီး ရိုင်းစိုင်းယုတ်မာကြတယ်ဆိုတာ တစ်ကမ္ဘာလုံးအသိဖြစ်တယ် ။ အခုလို ခြိမ်းခြောက်စာရေးတာကလည်းကောင်းတဲ့အလားအလာတစ်ခုတော့မဟုတ်ဘူး ။ ကြိုတင်ပြီး မြန်မာနိုင်ငံအနေနဲ့ပြင်ဆင်ထားလို့ တပ်လှန့်လိုက်တယ်လို့လည်းမြင်မိတယ် ။ အေးချမ်းစွာ နေထိုင်တဲ့ ငြိမ်းချမ်းရေးကိုသာ ရှေးရှုတဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ လူမျိုးခြားတွေရဲ့စိမ့်ဝင်မှုအန္တရာယ်ရဲ့ ၀ါးမြိုမှုကို စတင်ခံစားနေရတယ် ။ ဒါတွေကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင်တော့ အရင်ဆုံး လူဝင်မှုကြီးကြပ်ရေးကစလို့ သန်းခေါင်စာရင်း ၊ လူဦးရေစာရင်း ၊ မှတ်ပုံတင် နဲ့တကွ တစ်ပြည်လုံးကို စာရင်းအတိအကျပြုစုလို့ ဟာကွက်မရှိအောင်လုပ်ဆောင်သင့်တယ်လို့မြင်မိတယ် ။



သံဃာတော်တွေ ၊ တရားဒေသနာတော်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ မြန်မာပြည်ကို သွေးမြေကျအောင် မလုပ်ကြဖို့ ဆုတောင်းနေမိတယ် ။ အကယ်၍ ဆုတောင်းမပြည့်ခဲ့လို့ ခြိမ်းခြောက်စာထဲကအတိုင်း တာလီဘန်တွေက မြန်မာနိုင်ငံကို ရန်မူဖို့ကြိုးစားလာခဲ့ရင်လည်း တပ်မတော်နဲ့ပြည်သူ လက်တွဲလို့ အကောင်းဆုံး ကာကွယ် ကာ အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်ကြမယ်လို့ ယုံကြည်ရင်း အဆုံးသတ်လိုက်ပါတယ် ။



သက်တန့်ချို

References

  • 1.Eleven Media Group

  • 2.wikipedia

  • 3.nctc.gov/site/groups/ttp.html

  • 4.tribune.com.pk/story/413231/taliban-threaten-myanmar-over-rohingya/

  • Photos : Facebook , thargithway
 by သက်တန့်ချို

တချိန်တုံးက နာမည်ကြီး အရိုင်းဇာတ်ကောင်ရုပ်ပြတွေကို ရေးဆွဲဖန်တီးခဲ့တဲ့ ကွယ်လွန်သူ ကာတွန်း သော်က အမှတ်တရ ကာတွန်းပြပွဲ




တချိန်တုံးက နာမည်ကြီး အရိုင်းဇာတ်ကောင်ရုပ်ပြတွေကို ရေးဆွဲဖန်တီးခဲ့တဲ့
ကွယ်လွန်သူ ကာတွန်း သော်က အမှတ်တရ ကာတွန်းပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ Gallery (65) ပြခန်းမှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီပြပွဲမှာ ကာတွန်း သော်က ရဲ့ ကာတွန်းတွေကို ပြသထားသလို အမှတ်တရ တီရှပ်အင်ကျီတွေ၊ ကာတွန်းပန်းချီကားချပ်တွေကို
ရောင်းချကြပြီး ရရှိလာတဲ့ ငွေကြေးတွေအားလုံးကို သူမိသားစုတွေကို
ထောက်ပန့်ပေးအပ်မှာဖြစ်ပါတယ်။

ကာတွန်းသော်က အမှတ်တရ ကာတွန်းပြပွဲကို ဇူလိုင်လကုန် အထိ
နေ့စဉ်ပြသသွားမယ်လို့ သိရပါတယ်။

RFA Burmese
 

Burma Freedom and Democracy Act နဲ့ဆိုင်တဲ့ ပိတ်ဆို့ထားမှု အားလုံးကို ရုပ်သိမ်းပေးဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် အစိုးရတာဝန်ရှိသူတွေကို စာရေးသား မေတ္တာရပ်ခံ


လူ့အခွင့်အရေးချိုးဖေါက်မှုအတွက် မြန်မာနိုင်ငံကို စီးပွါးရေးပြစ်ဒဏ်ခတ်
ပိတ်ဆို့ဖို့ ၊ ၂၀၀၃ခုနှစ်မှာ အမေရိကန်အစိုးရက ပြဌာန်းထားတဲ့ Burma Freedom and Democracy Act နဲ့ဆိုင်တဲ့ ပိတ်ဆို့ထားမှု အားလုံးကို ရုပ်သိမ်းပေးဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန်
အစိုးရတာဝန်ရှိသူတွေကို စာရေးသား မေတ္တာရပ်ခံလိုက်ကြောင်း
ပြည်သူ့လွှတ်တော် အင်တာနက် စာမျက်နှာမှာ ဒီကနေ့
ဖေါ်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင်
ဆီးနိတ်လွှတ်တော် အမတ်တွေဖြစ်တဲ့ Mitch McConnell, John McCain, Joe Liberman, Jim Webbနဲ့ အမေရိကန်သံအမတ် Derek Mitchell တို့ဆီကို မေတ္တာ ရပ်ခံစာ ပေးပို့ခဲ့တာပါ။

အခုလို မေတ္တာရပ်ခံစာရေးတာဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တဦးရဲ့ လုပ်ပိုင်ခွင့်အရ လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရရဲ့ စီးပွါးရေးပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေရုပ်သိမ်းသွားရေး
အတွက်`မည်သည့်ပုဂ္ဂိုလ်မဆို မည်သည့် နည်းလမ်းဖြင့် ဖြစ်စေ
ဝိုင်းဝန်းကြိုးပန်းပေးဖို့` ဆိုတဲ့ အရေးပေါ်အဆိုတရပ်ကို ကျားဖြူပါတီ
ကွန်ဟိန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက
ဇူလိုင်(၁၃)ရက်နေ့ လွှတ်တော်မှာတင်သွင်းခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် အစိုးရတာဝန်ရှိသူတွေကို စာရေးသားလိုက်တာပဲ ဖြစ်ပါတယ်။

RFA Burmese

" နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများ အစည်းအဝေး ဖိတ်ခေါ်ခြင်း”


" နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသား နှင့် ဒီမိုကရေစီအင်အားစုများ

(ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီ-) အစည်းအဝေး ဖိတ်ခေါ်ခြင်း”


ကမ္ဘာ့နိုင်ငံသီးသီးတွင် ပြန့် ကျဲရောက်ရှိနေကြရသော ၁၉၈၈ ခု၊ မတ်လ ၊ ဇွန်လ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော

၈၈ မျိုးဆက်ကျောင်းသား ရဲဘော်များ “က ယခုလာမည့် ဇူလိုင် (၂၈ ) ရက် ၊ စနေ နေ့  အွန်လိုင်း (အင်တာနက်) ပေါ်မှနေ၍

လက်ရှိမြန်မာ့နိုင်ငံရေးနှင့် ပြည်တွင်း-ပြည်ပ အထွေထွေလုပ်ငန်းရပ်များနှင့် စပ်လျဉ်းပတ်သက်ပြီး တွေ့ ဆုံအစည်းအဝေးတရပ်ကို

စိတ်ပါဝင်စားသူများ၊ အကြံပေးလိုသူများ၊ ပူးပေါင်းဆောင်ရွက်လိုသူများ တက်ရောက်ပါဝင် ဆွေးနွေးနိုင်ရန်

ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဆက်သွယ်ရန်E-mail: 88transitorycommittee@gmail.com, ( မိမိတို့ ၏ Skype name များပေးပို့ ထားပါရန် )

ဇူလိုင်လ ၂၈ ရက် ၊( စနေနေ့ ) ၊ ၂၀၁၂ ခုနှစ်။



တကာရောက် ၈၈မျိုးဆက်ကျောင်သားများနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ သည်

စစ်အာဏာရှင်စနစ် ဘက်ဆီနောက်ကြောင်းပြန်မလှည့်ရန်နှင့် စစ်မှန်သောဒီမိုကရေစီနိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးအလို့ငှာ

ဆက်လက်တိုက်ပွဲဝင်းရေး လမ်းကြောင်း သစ်ချမှတ်နိုင်ရေးကိုဦးတည်၍အောက်ပါ ရည်ရွယ်ချက်၂ ရပ်ဖြင့် ကြိုးစား အကောင်အထည်

ဖေါ်ဆောင်ရွက်လျှက်ရှိသည်။


(၁)စစ်မှန်သောဒီမိုကရေစီနှင့်လူ့အခွင့်အရေးများပြန်လည်ရရှိရေးအတွက်ပြည်တွင်း/ပြည်ပအင်အားစုများ
    ပူး ပေါင်းဆောင်ရွက်နိုင်ရေး၊

(၂)ဲမြန်မာနိုင်ငံ၏ ရှေ့အနာဂတ်နှင့်ပတ်သက်၍ ပြည်တွင်းနှင့်ပြည်ပအင်အားစုများ     မျက်နှာစုံညီတွေ့ဆုံဆွေးနွေးနိုင်ရေး၊


နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း Channel News Asia သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ဇူလိုင်လ ၃၀ရက် (တနင်္လာနေ့) ညနေ ၈နာရီ၃၀မိနစ်( စင်္ကာပူစံတော်ချိန်) တွင် ထုတ်လွှင့် သွားမည်


နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း Channel News Asia သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ဇူလိုင်လ ၃၀ရက် (တနင်္လာနေ့) ညနေ ၈နာရီ၃၀မိနစ်( စင်္ကာပူစံတော်ချိန်) တွင် ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း CNA ကကြိုတင်ကြော်ငြာထားသည်။ CNA က မြန်မာနိုင်ငံသမ္မတ၏ ပထမဆုံးသော ရုပ်သံအင်တာဗျုးအဖြစ်ဖော်ပြထားပြီး ဦးသိန်းစိန်အား မြန်မာနိုင်ငံကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းေ ကြာင်း ပေါ် သို့ ခေါ်ဆောင်ပေးလာသူတစ်ဦးဟု ရည်ညွှန်းထားကာ သူ့အနေနှင့် အသွင်ကူးပြောင်းရေးကို မည်သို့ ကိုင်တွယ်ခဲ့သည် ကို အင်တာဗျူးတွင် စောင့်ကြည့်ပါရန် CNA က ကြိုတင် ကြော်ငြာထားခြင်းဖြစ်သည်။


နိုင်ငံတကာမှ ကြည့်ရှုလိုသူများ CNA Live အား အောက်ပါလင့်ခ်အတိုင်း ကြည့်ရှုနိုင်ပါသည်။

http://www.channelnewsasia.com/live/

7Day News Journal

ကုန်ပစ္စည်းများအား အမေရိကန်သို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား သက်တမ်း တိုးလိုက်ပါက မြန်မာနိုင်ငံအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း International Crisis Group ပြောကြား




မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား သက်တမ်းတိုးလိုက်ပါက မြန်မာနိုင်ငံအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း သုတေသန အဖွဲ့အစည်းကြီးဖြစ်သည့် International Crisis Group က ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ပိတ်ပင်ထားမှုကို သက်တမ်းတိုးလိုက်ခြင်းသည် အလုပ်အကိုင် ဖန်တီးပေးသည့် ကုန်ထုတ်လုပ်ရေး လုပ်ငန်း ဖွံ့ဖြိုးမှုကို ဟန့်တားနှောင့်ယှက်ရာ ရောက်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး အပေါ် သက်ရောက်မှု အကြီးအကျယ် ရှိနိုင်ကြောင်း၊ အမေရိကန်၏မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား ဆက်လက်ထားရှိခြင်းသည် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် မည်ကဲ့သို့ ကောင်းကျိုးရှိမည်ကို နားလည်ရန် ခက်ခဲကြောင်း International Crisis Group က ပြောကြားခဲ့သည်ဟု bloomberg သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် ဖိအားပေးရန် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ တင်ပို့မှုပိတ်ပင်ထားမှုကို နောက်ထပ်သုံးနှစ် သက်တမ်းတိုးရန် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဇူလိုင်လ ၁၈ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် The Burmese Freedom and Democracy Act of 2003 သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီဖြစ်သည်။

အဆိုပါဥပဒေအား အမေရိကန် ကွန်ဂရက်တွင် နှစ်စဉ်သက်တမ်း တိုးရသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက အဆိုပါဥပဒေအား သက်တမ်းတိုးမှုမှာ လုပ်ရိုးလုပ်စဉ်အဖြစ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ထူးခြားလျက်ရှိနေသည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်နိုင်ရန် အမေရိကန် ကုမ္ပဏီများအား ခွင့်ပြုကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် အမေရိကန် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏လုပ်ဆောင်မှုများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အစီရင်ခံ တင်ပြရမည်ဖြစ်ပြီး အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံခြားရေးဌာနသို့ ရက်ပေါင်း ခြောက်ဆယ်အတွင်း အကြောင်းကြား ရမည်ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများသည် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်အစီရင်ခံအကြောင်းကြားရမည် ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရသည်။

ထိုသို့ ကြေညာပြီးနောက် ဇူ လိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်းများ လေ့လာရန် Boeing, Chevron, Google, General Motors, IBM, Dell, Time Warner, Visa, MasterCard ,World wide, ExxonMobil, Coca-Cola, Federal Express,GE အစရှိသည့် နာမည်ကျော် အမေရိကန်ကုမ္ပဏီများ ပါဝင်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။

အမေရိကန် ကုမ္ပဏီများသည် အာရှနှင့် ဥရောပမှ ပြိုင်ဘက်များ မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက် အား လက်ဦးရယူသွားမည်ကို စိုးရိမ်ကြောင့်ကြသည့် အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စိတ်ထက်သန်လျက် ရှိနေသည်။

အလားတူ အမေရိကန် အခြေစိုက် GE ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ဗဟိုရ်စည်ဆေးရုံ၊ ပန်းလှိုင်ဆေးရုံတို့သည် အမေရိကန်ဒေါ်လာ နှစ်သန်းဝန်းကျင် တန်ဖိုးရှိ ခေတ်မီရောဂါ ရှာဖွေရေးနှင့် ကုသရေးစက်ပစ္စည်းများ ၀ယ်ယူခြင်းအတွက် ရန်ကုန်မြို့၌ ဇူလိုင်လ ၁၄ ရက်နေ့က အရောင်းအ၀ယ် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခု အမေရိကန်မှ စီးပွားရေးပိတ်ဆို့ ဖြေလျှော့မှုများသည် အမေရိကန်ကုမ္ပဏီ လုပ်ငန်းရှင်များအတွက် သာဖြစ်ပြီး မြန်မာနိုင်ငံသားများ၊ ပို့ကုန်နှင့်ငွေကြေးလဲလှယ်မှုများ အတွက် မပါရှိသေးပါ၍ တစ်လမ်းသွား၊ တစ်ဖက်သတ်ဆန် နေပါကြောင်း၊ ၎င်းကိစ္စအား ပြန်လည်သုံးသပ်၍ မြန်မာပြည်သူများအကျိုး၊ မြန်မာတိုင်းရင်းသားများ၏ အကျိုးကိုသာ စဉ်းစားဆောင်ရွက်ပေးရန် လိုပါကြောင်း ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။

Eleven Media Group

ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ??????


"မြန်မာနိုင်ငံတွင် မိမိတို့အစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်
ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်နေ"

ဒီကနေ့ မြန်မာ့အလင်းမျက်နှာဖုံးက သတင်းခေါင်းစဉ်တခုပါ။
ဒုတိယစာကြောင်းက အဆင်ပြေပါတယ်။
ပထမစာကြောင်းကတော့ အတင်းကြီး ကြော်ငြာဝင်တာပါပဲ။

တမတ်သားအစိုးရ၊ ကြိုတင်မဲအစိုးရ ဆိုတဲ့ အသံတွေ တိတ်သွားပေမယ့် မိမိတို့ကို ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည် ဆိုတဲ့ ကြော်ငြာကတော့ မပြတ် ထွက်နေပါတယ်။

မဟုတ်တာတခုကို အကြိမ်ကြိမ်ပြောရင် အဟုတ်ထင်သွားကြတာပဲ ဆိုတဲ့ ပုံသေနည်းက ခုချိန်ထိ အလုပ်ဖြစ်နေတုန်းမဟုတ်လား။

ဖြစ်တတ်တာတခုရှိပါတယ်။
မဟုတ်တာကို အဟုတ်လို့ ၀ါဒဖြန့်ပါများရင် တဖြည်းဖြည်းနဲ့ ကိုယ်ကိုယ်တိုင်လည်း အဟုတ်ထင်သွားတာတတ်တယ် ဆိုတာပါပဲ။

ဧ၇ာဝတီ