စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, September 25, 2012

လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနှင့်ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ရပ်တည်ချက်၊လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတို့နှင့်ပတ်သက်၍ (ABSDF) လက်ရှိဥက္ကဌ ရဲဘော် ကိုသံခဲ နှင့် တွေ့ဆုံဆွေးနွေးပွဲ (ရုပ်/သံ)

သဘောတူညီ သည် ဆိုတာ ဆက်လက်ဆွေးနွေးရန် သဘောတူသည်များရှိကြောင်း၊သံသယတွေနဲ့ ချဉ်းကပ်နေရခြင်း အဆင့် တွင် ရှိနေသေးကြောင်း ၊မြောက်ပိုင်းပြသနာ ဖြေရှင်း ရန် ...အကြံပြုကြောင်း ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများနှင့်အဖွဲ့ဝင်များ ၊ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိနေသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ရဲ့ လက်ရှိဥက္ကဌ ရဲဘော် ကိုသံခဲ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးပွဲ တွင် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနှင့် ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ရပ်တည်ချက်၊လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ­တို့ဆွေနွေးရာတွင် ပြောကြား

KIA တပ်နှင့် တိုက်ပွဲများ ဆက်တို က်ဖြစ်ပွားနေပြီး အစိုးရတပ်ဖက်မှ အနည်းဆုံး ၅ ဦးကျ

ဲမြန်မာအစိုးရတပ်မှ ကေအိုင်အေ သိမ်းယူခဲ့သော လက်နက်များ။ ဓါတ်ပုံ-ကေအိုင်အေ 

ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြားတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ အစိုးရတပ်များအား ပြောက်ကျားစနစ်ဖြင့် ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးသွားခဲ့ကြောင်း KIA ရှေ့တန်းမှသိရသည်။

 KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄)မှ နံနက် ၈ နာရီခန့်တွင် မြန်မာအစိုးရတပ် အင်အား ၄၀ကျော်ရှိ သည့် ခြေလျင်တပ်ရင်း ခလရ (၁၄၂) များလှုပ်ရှားနေစဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်းဌာနသို့ပြောသည်။

“အဲဒီနေရာရောက်တော့ ကျနော်တို့ဘက်မှ တစ်ခါတည်း မိုင်းနဲ့ ပစ်လိုက်တာ ချက်ချင်း ၃ ယောက်လဲသွား တယ်။ ဒဏ်ရာရတဲ့သူလည်းပါမယ်။ ဘယ်နှစ်ယောက်ဆိုတာတော့ အတိကျမသိလိုက်ဘူး” ဟုဆိုသည်။ အဆိုပါ KIA တပ်နှင့် ဘွမ်ဆောန်ဘွမ်အနီး လွယ်မောက်ရွာ (Loi Mawk mare) တွင်လည်း အင်အား ၉၀ ကျော်ရှိ ခြေလျင်တပ်ရင်း ခလရ (၁၄၂) မှ တပ်သား ၇ ယောက်ကို ယမန်နေ့ ညနေတွင် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှဆိုသည်။

ထိုတပ်သား ၇ ဦးသည် မုန်လိုင်ခ (Mung Lai Hka) ရှိ ၎င်းတို့တပ်သို့ ပြန်လာချိန်တွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄င်းအစိုးရတပ်သည် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ မှ ဝိုင်းထားသည့်နေရာတွင် ရှိနေသောကြောင့် အနည်းငယ်မျှလှုပ်ရှား၍ မရသောအခြေအနေဖြစ်နေကြောင်းသိရသည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါအစိုးရတပ်မှ လက်နက်ကြီး (၁၂၀ မမ) ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမြှောက်ဆံ တစ်လုံးသည် ဒိန်ခန်ရွာ (Dinghkang mare) ရှိ အိမ်တအိမ်တွင် ကျရောက်ပေါက်ကွဲ ပျက်စီးသွားပြီး တစ်လုံးသည် အလယ်တန်းကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲကြောင်းသိရသည်။

 ထိုကျေးရွာရှိ ရွာသားများသည် ၄င်းတို့ပတ်ဝန်းကျင်အနီး အစိုးရနှင့်တိုက်ပွဲများဖြစ်ပွားချိန်တွင် လိုင်ဇာစစ်ပြေး ဒုက္ခသည် စခန်းများသို့ ၀င်ရောက်နေထိုင်ပြီး တိုက်ပွဲ မရှိသည့်အချိန်တွင် မိမိနေအိမ်များကိုကြည့်ရှုနေကြောင်း လည်းသိရသည်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ သေဆုံးထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းရှေးတန်းမှ အရာရှိပြောသည်။ ယနေ့ ညနေ ၃ နာရီ ခွဲခန့်တွင် အစိုးရတပ်မှ ရဟတ်ယာဉ်တစ်စီးဖြင့် ခလရ (၁၂၄)တပ်စခန်းရှိရာ ခန်းကိုင်ဘွမ် (Hkang Kai Bum) သို့ရောက်ရှိလာကြောင်း အရာရှိတဦး ကချင်သတင်းဌာနသို့ ပြောသည်။
ဲမြန်မာအစိုးရတပ်မှ ကေအိုင်အေ သိမ်းယူခဲ့သော လက်နက်များ။ ဓါတ်ပုံ-ကေအိုင်အေ

 “ခုတလော အစိုးရတပ်က သေဆုံး ဒဏ်ရာရတာ အရမ်းများသွားပြီ ဒါတွေကိုလာသယ်တယ်ထင်တယ်။ ၁၀ မိနစ်လောက်နားပြီး ဗန်းမော်ဘက်ကို ပျံသွားတယ်” မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၁၂၄) တပ်စခန်းရှိ ခန်းကိုင်ဘွမ် (Hkang Kai Bum) သည် ယခင်က ဒေါ့ဖုန်းယန် ခရစ်ယာန် ရိုမန် ကက်သလစ်ဘာသာဝင်များ၏ ဆုတောင်းတောင်ဖြစ်ကြောင်းသိရသည်။

 အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကြား KIO ဌာနချုပ်နယ်မြေဖြစ်သော လိုင်ဇာဒေသ တပ်မဟာ (၅)ဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး အစိုးရဖက်မှ ကျဆုံး ဒဏ်ရာရသူ များနေကြောင်း KIO ရှေ့တန်းမှစုံစမ်းသိရခြင်းဖြစ်သည်။ သို့သော် ခံစစ်ဖြစ်သော KIO ဖက်မှ ကျဆုံးထိခိုက်မှုမရှိကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောအစိုးရဖက်က ကျဆုံးမှုများကြောင်းကို သက်ဆိုင်ရာ တပ်များမှအတည်ပြုခြင်းပြောဆိုခြင်းကို တိကျစွာမရရှိသေးပေ။

အစိုးရနှင့် ပဋိပက္ခဖြစ်နေချိန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖက်မှ နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေး၍ အဖြေရှာရန်လိုလားသောကြောင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်းလက်တွေ့တွင်ပဏာမဆွေးနွေး မှုများသာဖြစ်ပြီး KIO ကိုအပစ်ခတ်ရပ်စဲငြိမ်းချမ်းရေးယူရန်ကိုသာ ဖိအားပေး ကမ်းလှမ်းခဲ့သည်။

 နှစ်ဖက်သဘောထားထုတ်ပြန်ကြေငြာချက်တွင်ပါဝင်သည့် အဓိကအချက်ဖြစ်သော ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသောနေရာများတွင် နှစ်ဖက်တပ်မှဆွေးနွေးညှိနှိုင်းကာ စစ်ရေးတင်းမာမှုလျှော့သွားအောင် လုပ်ဆောင်ရန် သဘောတူထည့်သွင်းထားသော်လည်း အစိုးရဖက်မှလျစ်လျူရှုကာ ဆက်လက်၍ထိုးစစ် ဆင်လာပြီး စစ်အင်အားများလည်း ထပ်မံတိုးချဲ့လာသောကြောင့် ကချင်ပြည်နယ်တွင်း နေ့စဉ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့်ထပ်မံတွေ့ဆုံမှုပြုလုပ်ရန် ညှိနှိုင်းရာတွင်လည်း အခြေအနေတင်းမာ မှုကြောင့် ကြံ့ကြာနေကြောင်း သိရသည်။

ကချင်သတင်းဌာန
 

ဖားကန့်-တာမခန်လမ်းပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံအချို့ တိမ်းရှောင်ထွက်ပြေး

မောင်တာ၊ မန္တလေး၊ စက်တင်ဘာ ၂၄

ဖားကန့်မြို့တောင်ဘက် ၂၁မိုင်ခန့်အကွာတွင်တည်ရှိ သည့် တာမခန်ရွာသို့သွားရာ ဖားကန့်-တာမခန်လမ်းပေါ်တွင် စက်တင်ဘာ ၂၁ရက် နေ့လယ် ၁၁နာရီခန့်မှ စ၍ KIA နှင့် မြန်မာတပ်မတော်ကြား ပစ်ခက်တိုက်ခိုက်မှုအချို့ရှိခဲ့ရာ အဆိုပါလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့နှင့် ဆက်လျက်ရှိသည့် ဆိုင်းတောင်ရွာနှင့် တာမခန်ရွာများသို့ ပြောင်းရွှေ့တိမ်းရှောင် နေကြကြောင်း ဖားကန့်မြို့နှင့် ဆိုင်းတောင်ရွာ ဒေသခံများထံမှ သတင်းရရှိသည်။

 စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီဝန်းကျင်ခန့်က ဆိုင်းတောင်ရွာနှင့် ဆယ်မိုင်ခန့်အကွာ၊ ဖားကန့် တာမခန်လမ်းအလယ်ဗဟိုတွင်ရှိသည့် ကသိုဏ်းတောင်တွင် လက်နက်ကြီးလက်နက်ငယ်ပစ်ခက်တိုက်ခိုက်သံ များ ကြားခဲ့ရပြီး ညပိုင်းတွင်တစ်ကြိမ်၊ ၂၃ရက် နံနက်ပိုင်းနှင့် ညပိုင်းအထိတိုက်ခိုက်သံများ ဆက်လက်ကြားခဲ့ ကြောင်း၊ စက်တင်ဘာ ၂၄ရက်နေ့လယ် ၂နာရီအချိန်ခန့်တွင်လည်း ဆိုင်းတောင်ရွာမှ နှစ်မိုင်ခန့်ဝေးသည့် မှော်ရကင်တွင်လည်း တောင်ယာသွားသည့် ဒေသခံ ၃ဦး မိုင်းနင်းမိပြီး ဖားကန့်ဆေးရုံသို့ တင်ပို့ထားရကြောင်း၊ လွန်ခဲ့သည့် ၄ရက်ခန့်မှစ၍ ဖားကန့်-တာမခန်လမ်းကို ပိတ်ဆို့ထားကြောင်း၊ ဆိုင်းတောင်ရွာမှဒေသခံ တစ်ဦးက ပြောသည်။

 စက်တင်ဘာ ၂၂မှ ၂၄ရက် နံနက်အစောပိုင်းအထိ ကသိုဏ်းတောင်ကုန်းမှ ထွက်ပေါ်လာသော လက်နက် ကြီးလက်နက်ငယ် ပစ်ခက်သံ၊ တိုက်ပွဲသံများကြောင့် အနီးအနားပတ်ဝန်းကျင်ရှိ မှော်ရွာများမှ ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားရာ နေရာ၏ တစ်ဖက်ဆီတွင် ရှိသည့် တာမခန်နှင့် ဆိုင်းတောင်သို့ ပြောင်းရွှေ့သွားကြကြောင်း ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။

“မော်မောင်းလယန်မှာ အလှူရှိလို့သွားကြတာ။ ပစ်ခက်တိုက်ခိုက်သံတွေကြားလို့ ပြန်ပြေးလာကြ တယ်” ဟု စက်တင်ဘာ ၂၂ရက်နေ့က ကသိုဏ်းတောင်အနီးရှိ မော်မောင်းလယန်ရွာသို့ အလှူပွဲသွားရောက်ခဲ့ သည့် ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။ ဆိုင်းတောင်ရွာအနီး မှော်ရကင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းကွဲမှုနှင့် တိုက်ခိုက်သံများ ကြားခဲ့ရခြင်းကြောင့် မှော်ရကင်နှင့် သုံးဖာလုံခန့်ဝေးသည့် နန့်မှော်ရွာမှ ဒေသခံများ ဆိုင်းတောင်ရွာသို့ ထွက်ပြေးတိမ်းရှောင်လာ ကြောင်း ဆိုင်းတောင်ရွာခံများထံမှ သိရသည်။

“စက်တင်ဘာ ၂၄ရက် ညနေ ၆နာရီမှာ ဆိုင်းတောင် ဆုတောင်းကုန်း ချက်ကျောင်းကို လူ၈၀နဲ့ ဆိုင် ကယ်အစီး၅၀ရောက်လာတယ်။ မော်ရကင်မှာ မိုင်းကွဲပြီး ကြောက်လို့ ပြောင်းလာကြတာတဲ့” ဟု ဆိုင်းတောင် ရွာသားတစ်ဦးက ပြောသည်။

တိုက်ပွဲများဖြစ်ပွားရခြင်းမှာ ၄င်းဒေသတွင် အမြင်ဆုံးတောင်ဖြစ်သည့် ကသိုဏ်းတောင်တွင် တပ်ဆွဲထားသည့် မြန်မာတပ်မတော်ကို KIA တပ်များမှ နှစ်ဖက် ညှပ်တိုက်၍ ဖြစ်နိုင်ကြောင်း၊ လမ်းကြောင်း ပိတ်ထား၍အပျက်အဆီးအကျအဆုံး မသိရကြောင်း ဖားကန့်နှင့် ဆိုင်းတောင်မှ ဒေသခံများမှ ပြောသည်။

"အသင်းအဖွဲ့များရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အနာဂတ် မြန်မာပြည်" လို့ အမည်ပေးထားတဲ့ ဟောပြောပွဲတခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခမ်းမမှာ စနေနေ့က ပြုလုပ်

photo by KYAW ZAW 

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသည် စက်တင်ဘာလ၊(၂၂)ရက် မွန်းလွဲ(၂း၀၀)နာရီမှညနေ(၄း၀၀)နာရီထိ ရန်ကုန်မြို့ရွှေဂုံတိုင်ရှိတော်ဝင်နှင်းဆီခန်းမ၌ အပတ်စဉ် စနေနေ့တိုင်းကျင်းပပြုလုပ်လျှက်ရှိသော အသင်းအဖွဲ့များ၏ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည်ဟောပြောဆွေးနွေးပွဲသို. တက်ရောက်၍ နိုင်ငံတော်သစ်နှင့်အမျိုးသား အမှတ်သရုပ် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
ရန်ကုန် စက်တင်ဘာ(၂၂)မွန်းလွဲ(၁း၀၀)နာရီက ရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ကျင်းပပြုလုပ်ခဲ့သော အစိမ်းရောင်ကွန်ယက်တို့၏ဗဟို(သို့မဟုတ်)မင်းဓမ္မပန်းကွင်း၏ ပညာရှင်များတွေ့ဆုံဆွေးနွေးပွဲနှင့် လူမှုရေးစာနာထောက်ပံ့လှူဒါန်းပွဲသို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှကိုဂျင်မီနှင့်ကိုကိုကြီး(စမ်းချောင်း)တို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ကိုဂျင်မီက အစိမ်းရောင် မြို့တော် ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးခဲ့ပြီး ကိုကိုကြီး(စမ်းချောင်း)က ၈၈မျိုးဆက်ကျောင်းသားများမှတဆင့်ဒုက္ခ္ခရောက်ရှိနေသူများအတွက် လှူဒါန်းသည့်အလှူငွေများကို လက်ခံရယူခဲ့သည်။
88 Generation Students

Monday, September 24, 2012

၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ

၂၄၊၉၊၂ဝ၁၂ နေ့၊ နေ့လည် ၃းဝဝ တွင် ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ၈၈မျိုးဆက်ကျောင်းသားများ၏ ဝေဇယန္တာလမ်းရုံးခန်း၌ ကျင်းပရာ မင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုမြအေး၊ ကိုပြုံးချိုနှင့်ကိုဂျင်မီတို့ ရှင်းလင်းတင်ပြခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပခဲ့သော (ဧရာဝတီမြစ်ဆုံနှင့်ပတ်သက်သည့်) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်၍ ကိုဌေးကြွယ်ကလည်းကောင်း၊ ဖားကန့်ဒေသငြိမ်းချမ်းရေးခရီးစဉ်နှင့်ပတ်သက်၍ မင်းကိုနိုင်ကလည်းကောင်း၊ ကချင်ပြည်နယ်ဒေသအတွက် အလှူငွေများနှင့်ပတ်သက်၍ ကိုပြုံးချိုကလည်းကောင်း၊ရခိုင်ဒေသအခြေအနေနှင့်ပတ်သက်၍ ကိုကိုကြီးကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ သတင်းဌာနနှင့်ဂျာနယ်အသီးသီးမှ သတင်းသမား ၅ဝ ကျော် တက်ရောက်ခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သတင်းယူကြသော သတင်းဌာန၊ဂျာနယ်အသီးသီးမှ သတင်းသမားများ ....။

 ထိုသတင်းစာရှင်းလင်းပွဲတွင် ကိုမြအေးကလည်း ၁၀၊၉၊၂၀၁၂ နေ့ကသွားရောက်ခဲ့သော ကယားပြည်နယ်၊လွိုင်ကော်မြို့ခရီးစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။
သတင်းစာရှင်းလင်းပွဲ၏ နိဂုံးချုပ်အနေဖြင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ဖားကန့်ဒေသငြိမ်းချမ်းရေးခရီးစဉ်တွင် အတူလိုက်ပါခဲ့သော သတင်းမီဒီယာသမားများကို ချီးကျူးဂုဏ်ပြုစကားပြောကြားသည်။
၂၄၊၉၊၂ဝ၁၂ နေ့ နံနက်ပိုင်းတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မနီလာသိန်း၊မမီးမီး၊မမေသွယ်ဦး၊မမေမီဦး၊မသက်သက်အောင်၊မသီရိ၊မမာယာနှင့် မမေချိုတို့သည် (၁)နာရေးကူညီမှုအသင်း(ရန်ကုန်)၊ (၂)သုခရိပ်မြုံ နှင့် (၃)မဖြူဖြူသင်း၏ HIV,AIDS ဝေဒနာရှင်များထံသို့  အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းရန် ရောက်ရှိခဲ့ကြသည်။

 ၈၈မျိုးဆက်ကျောင်းသားများ၏ ရံပုံငွေပွဲဖြစ်သော စေတနာဝသန်ဂီတဖျော်ဖြေပွဲတွင် စေတနာရှင်များလှူဒါန်းသောငွေများထဲမှ ကျပ်၂၅သိန်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့ပါသည်။


နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုယ်စား ရာသက်ပန်အသင်းဝင်ဖြစ်သူ အဆိုတော်ဆောင်းဦးလှိုင်က ကျေးဇူးတင်စကား ပြောကြားစဉ် ။
အလှူရှင်တစ်ဦးက ၈၈မျိုးဆက်ကျောင်းသားများမှ တစ်ဆင့် လှူဒါန်းသော ဆန် ၁၃ ပုံး(ပြည်၁၀၀ခန့်)နှင့် ကလေးသုံး အဝတ်ထည် ၂ပုံးကို ရန်ကုန်မြို့၊ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်မှ ကလေးငယ်များအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။
ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်ရှိ ဒေါ်ဖြူဖြူသင်း၏ HIV,AIDS ပြုစုစောင့်ရှောက်ရေးဂေဟာသို့ အလှူငွေ ကျပ်၂၅သိန်းနှင့်ဆန်ပုံး၁၄ပုံးလှူဒါန်းခဲ့သည်။

88 Generation Students
 

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်တောင်းဆိုလွှာမှာ ဖားကန့်ဒေသခံတွေ ရဲ့ စုပေါင်းလက်မှတ်ရေးထိုးမှု သောင်းဂဏန်းအထိ ရလာပြီဖြစ်ကြောင်း ကိုမင်းကိုနိုင် ပြော

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်တောင်းဆိုလွှာမှာ ဖားကန့်ဒေသခံတွေ ရဲ့ စုပေါင်းလက်မှတ်ရေးထိုးမှု သောင်းဂဏန်းအထိ ရလာပြီဖြစ်ပြီး ဖားကန့်အပြင် မိုးကောင်း၊ ခန္တီး ၊ နမ္မတီး စတဲ့ဒေသတွေကပါ ပူးပေါင်း လက်မှတ်ရေးထိုးကြမယ်လို့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ကိုပြောပါတယ်။

"အခုကတော့ သောင်းဂဏန်းရနေပြီပေါ့၊ အဲဒီ့ဒေသလေးဆိုတော့ ဒါ အားရစရာကောင်းပါတယ်၊ မိုးကောင်းတို့ ခန္တီးတို့ နမ္မတီးပါ...အဓိကမှာ နမ္မတီး အဲဒီ့ဒေသတွေကလည်း ဆက်ပြီးတော့ ပူးပေါင်းပါဝင်ကြမယ် ဆိုပြီးတော့ ကျွန်တော်တို့ရောက်တဲ့နေရာတိုင်းမှာ သတင်းပေးပါတယ်၊ အကုန်လုံးက ဆက်စပ်နေတယ်၊ နောက်ဆို ကျွန်တော်တို့ တတ်နိုင်ရင် ကချင်ပြည်နယ်တစ်ခုလုံး၊ ပြည်ထောင်စုတစ်ခုလုံးအတွက်ပါ လုပ်ကြရဦးမှာပါ၊

" လတ်တလောအနေနဲ့ စုပေါင်း လက်မှတ်ရေးထိုးဖို့ ဖားကန့်ဒေသ မှာ နေ့စဉ်လှုပ်ရှားနေကြပြီး အစိုးရဝန်ထမ်းတွေကပါ ပူးပေါင်းပါဝင် လာနေတယ် လို့ သိရပါတယ်။

 စုပေါင်း လက်မှတ်ရေထိုးထားတဲ့စာကို သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကေအိုင်အို တို့ကိုလည်း ပေးပို့မှာဖြစ်ပြီး လာမယ့်နှစ်ပတ်အတွင်း ပေးပို့လိုကြောင်း ကိုမင်းကိုနိုင်ကပြောပါတယ်။

အထပ်မြင့်အဆောက်အဦးများ၌ မိုဘိုင်းတာဝါတိုင်းများတပ်ဆင်နိုင်ရန် ကုမ္ပဏီတစ်ခုက လိုက်လံဆောင်ရွက်နေ


အထပ်မြင့်အဆောက်အဦးများ၌ Rooftop Tower ဟုခေါ်ဆိုသော မိုဘိုင်းတာဝါတိုင်များတပ်ဆင်နိုင်ရန် ကုမ္ပဏီတစ်ခုလိုက်လံဆောင်ရွက်နေသည်ဟု သတင်းရရှိသည်။

 ““အထပ်မြင့်တွေမှာ တာဝါတပ်ဖို့ ပွဲစားတွေဆိုရင် ၅ သိန်းရတယ်။ အထပ်မြင့်တွေကြတော့ ၁၅ နှစ်စာချုပ်ပြီးတော့ တာဝါတပ်ရင် တစ်လ ၂ သိန်းရမယ်လို့လည်း ဒီမှာကြားနေရတယ်။ အဲဒီတာဝါတိုင်အတွက် လုပ်နေတာလည်း ခိုင်သစ္စာကုမ္ပဏီလို့ကြားရတယ်။ ကုမ္ပဏီက မန္တလေးမှာ သင်တန်းတွေလည်းပေးသွားတာရှိတယ် လို့ပြောပေမယ့် ဘာသင်တန်းလည်းတော့မသိဘူး”” မန္တလေး မြို့ရှိဒေသခံတစ်ဦးကပြောသည်။

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့အနေဖြင့်အထပ်မြင့် အဆောက်အဦးများပေါ်၌ Rooftop Tower ဟုခေါ်ဆိုသော မိုဘိုင်းတာဝါတိုင်းများကို ဆက်သွယ်ရေး စနစ်ကောင်းမွန်စေရန် တပ်ဆင်ပေးလိုသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးကိုအကြောင်းပြ၍ လိုလားမှုမရှိသည့်အတွက် အခတ်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဆက်သွယ်ရေးစနစ်ကောင်းမွန်ခြင်း မရှိသည်နှင့်ပတ်သက်၍ အကြောင်းပြချက်တစ်ခုကို ထုတ်ပြန်ပြောဆိုလိုက်သည့်နောက်ပိုင်း ယခုကဲ့သို့ ကုမ္ပဏီတစ်ခုမှ မိုဘိုင်းတာဝါတိုင် များတပ်ဆင်နိုင်ရန်လိုက်လံညှိနှိုင်းနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အထပ်မြင့်အဆောက်အဦးများ၌ မိုဘိုင်းတာဝါတိုင်းများလိုက်လံတပ်ဆင်နိုင်ရန် ကြိုးစားနေသည်ဟု သတင်းများထွက်ပေါ်နေသည့် ခိုင်သစ္စာကုမ္ပဏီ (ရန်ကုန်) ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာတွင်
 ““ ဒီသတင်းကို ခင်ဗျားတို့ရေးလို့မရဘူး။ ကျွန်တော်တို့လည်း ဒါနဲ့ပတ်သက်ပြီး ဘာမှမပြောနိုင်ဘူး””ဟု ပြန်လည်ဖြေကြားသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် အထပ်မြင့်အဆောက်အဦးများ၌ မိုဘိုင်းတာဝါတိုင်များတပ်ဆင်နိုင်ရန် လိုက်လံညှိနှိုင်းနေသည့် ခိုင်သစ္စာ ကုမ္ပဏီနှင့်ပတ်သက်၍ သိရှိခြင်းမရှိကြောင်း ပြောဆိုလိုက်သည့်နောက်ပိုင်း လေ့လာသူများအနေဖြင့် အဆိုပါမိုဘိုင်းတာဝါတိုင်များသည် မိုဘိုင်းဖုန်းလိုင်းချထားပေးမည်ဟု သတင်းထွက်ပေါ်နေသည့် Myanma Economic Coporation (MEC) ၏ မိုဘိုင်းကွန်ရက်အသစ်တစ်ခုဖြစ်နိုင်ဖွယ်ရှိကြောင်းသုံးသပ်ကြသည်။

အထပ်မြင့်အဆောက်အဦးများ၌ မိုဘိုင်းတာဝါတိုင်းများတပ်ဆင်နိုင်ရန် လိုက်လံညှိနှိုင်းနေသည်ဟုသောသတင်းသည် မန္တလေးမြို့၌သာထွက်ပေါ်လာခြင်းမဟုတ်ဘဲ ရန်ကုန်မြို့၌လည်းကြားသိနေရသည်။ ထွက်ပေါ်လာသည့်သတင်းများအရ လိုက်လံညှိနှိုင်းနေသော ကုမ္ပဏီသည် အထပ်မြင့်အပေါ်ဆုံးထပ်တွင် နေထိုင်သူ၏ခွင့်ပြုချက်၊ အဆောက်အဦးပိုင်ဆိုင်သူ၏ခွင့်ပြုချက်များ ဦးစွာလိုက်လံစုဆောင်းနေသည်ဟုသိရသည်။

Internet Journal
 

လက်တုံ့ပြန်မှု မဟုတ်သည့် အိတ်ဖွင့်ပေးစာ ဦးသန်းရွှေနှင့် ဦးခင်ညွှန့်ထံပေးပို့

လက်တုံ့ပြန်မှု မဟုတ်သော်လည်း သဘောထားကြီးစွာ ပြန်လည် တောင်းပန်ရန် ယခင် နိုင်ငံတော် အကြီးအကဲ နှစ်ဦးထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးအောင်ထွန်းက စက်တင်ဘာ ၂ဝ ရက်က ပေးပို့ခဲ့သည်။

ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူ ခဲ့ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥက္ကဋ္ဌ (ငြိမ်း) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှု အဖွဲ့၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ ဝန်ကြီးချုပ်(ငြိမ်း)တို့ နှစ်ဦးကို အကျဉ်းထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ အသနားခံစာ(သို့) တောင်းပန်စာ ပေးပို့ပေးရန် ၂ဝ.၉.၂ဝ၁၂ နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

 အိတ်ဖွင့်ပေးစာ ပေးပို့သည့် ဦးအောင်ထွန်းမှာ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်အထိ လည်းကောင်း၊ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်အထိလည်း ကောင်း၊ အင်းစိန်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်၊ M17၊ ဗထလ စစ်ကြောရေးစခန်းများတွင် ၁၅ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံရစဉ် ညှဉ်းပန်း နှိပ်စက်မှုများစွာကို ခံခဲ့ရသူ ဖြစ်သည်။ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းနှင့် ပတ်သက်၍ ဦးအောင်ထွန်းက ပြောကြားရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ် ကာလအတွင်း နောက်ကြောင်းပြန် အရေးယူမှု မရှိစေရဟု ပါရှိသော်လည်း ICC (နိုင်ငံတကာ ရာဇဝတ်မှုတရား ရုံး)နှင့် ICJ(နိုင်ငံတကာ တရားမျှ တမှုခုံရုံး)တို့တွင် တရားစွဲဆိုနိုင်ခွင့် မရှိစေရဟု မပါရှိသောကြောင့် ယခင် နိုင်ငံတော် အကြီးအကဲဟောင်း နှစ်ဦးကို မိမိထံသို့ တရားဝင် အသနားခံစာ (သို့) တောင်းပန် စာ ပေးပို့ရန် ယင်းတို့နှစ်ဦးထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း၊ သတ်မှတ် ထားသည့် အချိန် အကန့်အသတ် ကို ကျော်လွန်ပါက အဆင့်ဆင့် လုပ်ဆောင်မှုများဖြင့် တရားစွဲဆိုရန် အဆင့်ထိ စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

 နိုင်ငံရေး အကျဉ်းသား အများအပြား ရှိနေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ယခင်အကြီးအကဲများထံ အိတ်ဖွင့်ပေး စာ ပေးပို့ခြင်း နှင့် ပတ်သက်၍ ယင်းကပြောကြားရာတွင် မိမိကဲ့သို့ မည်သူမဆို လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့် ရှိကြောင်းနှင့် အကျဉ်းထောင်အတွင်း ညှင်းပန်း နှိပ်စက်မှုများမှာ ယခင်အကြီးအကဲ များတွင် တာဝန်ရှိကြောင်း ပြောကြား ခဲ့သည်။

 ဦးအောင်ထွန်းသည် ၁၉၉ဝ ခုနှစ် ဗကသ အတွင်းရေးမှူး တာဝန် ထမ်းဆောင်စဉ် အထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင် ငံ ကျောင်းသားများ လှုပ်ရှားမှု သမိုင်းစာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။

 မြန်မာအင်ဒီပဲဒန့်ဂျာနယ်

ရက်လွန်ဒါဏ်ကြေး၊ဒေသဖွံဖြိုးရေးကြေး၊VIP ကြေးများ၊ငါးဦးစီးဌာနနှင့်တနင်္သာရီငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏အရှုပ်အထုတ်များ။

တနင်္သာရီတိုင်းဒေသကြီးသည်ရေထွက်သံယံဇါတအရင်းမြစ်များနှင့်ပေါကြွယ်ဝပြီးဒေသခံအများစုမှာရေ
လုပ်ငန်းနှင့်ပင်စီးပွားအသက်မွေးကြသည်။ထိုကိစ္စများတွင်ငါးဦးစီးဌာနနှင့်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့သည်အရေး ပါသောကဏ္ဍမှပါဝင်သည်။

တနင်္သာရီဒေသကြီးမြိတ်မြို့ရှိလုပ်ငန်းရှင်များမှငါးဖမ်းလှေ(လိုင်းနီ)ငါးသယ်လှေ(လိုင်းဖြူ၊လိုင်းပြာ)များဖြင့်
လုပ်ကိုင်ကြသည်။ထိုသို့လုပ်ဆောင်ရာတွင်နိုင်ငံတော်မှသတ်မှတ်ချက်အတိုင်းအခွန်အခများပေးဆောင်ပြီး
လုပ်ကိုင်ကြသည်။

တရားဝင်ပေးဆောင်ရသောအခွန်အခများအပြင်၊ခေါင်းစဉ်အမျိုးမျိုးတပ်ကာပေးဆောင်နေရသော
အခကြေးငွေများလည်းရှိပြီး၊စစ်အစိုးရခေတ်တလျှောက်လုံးပေးဆောင်ရသည့်အပြင် ယနေ့ တိုင်အောင် အစဉ်အလာ မပျက်ပေးကမ်းနေရဆဲဖြစ်သည်။

၁...ဒေသဖွံ့ဖြိုးရေးကြေးဆိုသည်မှာငါးသယ်လှေများဖြစ်သောလိုင်းဖြူနှင့်လိုင်းပြာတို့မှထိုင်းနိုင်ငံသို့တခေါက်
ထွက်ခွာတိုင်းလိုင်းဖြူတစ်ခေါက်လျှင်(၃၀၀၀၀)သုံးသောင်းကျပ်နှင့်လိုင်းပြာတစ်ခေါက်လျှင်(၁၅၀၀၀)တစ်သောင်းခွဲကျပ်ပေးဆောင်ရသည်။ လွန်ခဲ့သော(၁၀)နှစ်ကျော်လောက်ကတည်းမှယနေ့တိုင်အောင်ကောက်ခံနေဆဲဖြစ်ပြီး၊ဒေသဖွံဖြိုးရေးကိစ္စရပ်များတွင်အမှန်တကယ်အသုံးပြုနေခြင်းမရှိခဲ့ပါ။အရေးပေါ်လိုအပ်လာလျှင်လဲနောက်ခေါင်းစဉ်တစ်မျိုးဖြင့်ထပ်ကောက်လိုက်ဦးမှာဖြစ်ပါသည်။။။၎င်းငွေများကိုမည်သူကမည်သည့်နေရာတွင်မည်ကဲ့သို့အသုံးချနေသလဲ။။။

၂...VIP ကြေးဆိုသည်မှာ လိုင်းနီ(ငါးဖမ်း)လှေ တစ်ခေါက်လျင်(၅၀၀၀)ငါးထောင်ကျပ်၊လိုင်းဖြူ(ငါးသယ်)လှေ တစ်ခေါက်လျင်(၁၀၀၀၀) တစ်သောင်းကျပ်၊လိုင်းပြာ(ငါးသယ်)လှေ တစ်ခေါက်လျင်(၅၀၀၀)ငါးထောင်ကျပ်ကို နှစ်ပေါင်းဆယ်နှစ်ကျော်ခန့် ပေးဆောင်လာရသည်မှာ ယနေ့တိုင်အောင်ဖြစ်သည်။။။၎င်းငွေများကိုမည်သူကမည်သည့်နေရာတွင်မည်ကဲ့သို့အသုံးချနေသလဲ။။။

၃...ရက်လွန်ဒဏ်ကြေးဆိုသည်မှာ သတ်မှတ်ရက်ထက်ကျော်၍၀င်ရောက်လာသောငါးသယ်လှေ(လိုင်းဖြူ ၊ လိုင်းပြာ)များမှတရက်လွန်လျင်တစ်သိန်းကျပ်နှုန်းဖြင့်ကောက်ခံကြောင်းအောက်ပါစာရင်းအရသိရပါသည်။ ၄င်းငါးသယ်လှေများသည်စက်ပျက်၍ဖြစ်စေ၊ရာသီဥတုဆိုးဝါး၍ဖြစ်စေ၊ငါးများရောင်းချရာတွင်တန်းစီစံနစ်ဖြင့်ရောင်းရ၍ရက်ကျော်သည်ဖြစ်စေ၊သွင်းကုန်ပစ္စည်းများစောင့်ဆိုင်းရ၍ဖြစ်စေ၊ထိုကိစ္စရပ်များအမှန်တကယ် ဖြစ်၍အဖြစ်မှန်ကိုအမှန်တိုင်းအထောက်အထားဖြင့်တင်ပြဖြစ်သော်လည်းငါးဦးစီးဌာနမှလက်မခံပါ။ ယခင်တိုင်းငါးလုပ်ငန်းဦးစီးမှူးဦးလှထွန်းမပြောင်းရွှေမှီကရက်လွန်ဒါဏ်ကြေားများထပ်၍မကောက်ခံတော့ပါကြောင်းတရားဝင်ပြောခဲ့သည်ကိုအားလုံးကသိပါသည်။ယခုအခါဝန်ကြီးရုံးမှတရားဝင်ပြန်လည်ကောက်ခံနေပြန်ပြီဖြစ်ပါသည်။ ခေတ်အဆက်ဆက်ကတောင်းခံလာခဲ့သောအလှူငွေအမျိုးမျိုးကိုလည်း၎င်းလုပ်ငန်းရှင်များကပေးဆောင်ခဲ့ရသည်။သင်္ကြန်ဆိုလျင် သင်္ကြန်အတွက်အလှူငွေ၊အမျိုးသမီးရေးရာအလှူငွေ၊ဘော်လုံးပွဲဆိုလျင်လည်းဘော်လုံးပွဲလက်မှတ်၊လက်ဝှေ့ပွဲဆိုလျင်လဲလက်ဝှေ့လက်မှတ်စသည်တို့အပြင်ယခုအခါမြိတ်မြို့၏နိုင်ငံကျော်အမတ်ကြီး ဦးဦးတင်ရှန် ၏တင်ပြချက်အရဖြစ်မည်ထင်သည် အတင်ပြကောင်းလွန်နေတာလေ။ ဆိုကရေးတီးအတွက်ဆိုပြီးလုပ်ငန်းများထံမှ အလှူငွေ(အတင်းအကြပ်) ၅၂ သိန်းတောင်းခံနေပြန်ပြီ။ ယခင်ဦးလှထွန်(တိုင်းဦးစီးမှူးဟောင်းနှင့်ယခုလက်ရှိတိုင်းဦးစီးမှူးလက်ထက်တွင်ကောက်ခံခဲ့သောဒါဏ်ငွေအမြောက်အမြား မည်သူကမည်သည့်နေရာတွင်မည်သို့အသုံးပြုနေပါသလဲ။ ယနေ့ကာလသည်ဒီမိုကရေစီစံနစ်ဖြင့်လာနေပါ၍ပွင့်လင်းမြင်သာသောအချိန်အခါမျိုးတွင်ယခုကဲ့သို့အတောင်းအရမ်းများမရှိသင့်တော့ပါကြောင်းနှင့်နိုင်ငံတော်သမ္မတကြီး၏website:http://www.president-office.gov.mm/ သို့ဆက်လက်တင်ပြသွားပါမည်။

 ဒေါင်းမာန်ဟုန်

ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူလေးဦး တရားစွဲခံရ

2012-09-23

 ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို ဒီကနေ့ သွားရောက်နေပြီး သူတို့ကို တရားခံအဖြစ် ရဲစခန်းတွေက သုံးနှုန်းနေတဲ့အပေါ် ကန့်ကွယ်တယ်လို့ မခင်စန္ဒာညွှန့်က RFA ကို ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ဦးဆောင် ပါဝင်ခဲ့ကြသူတွေထဲက ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညက လှိုင်မြို့နယ်ရဲစခန်းကို အာမခံ (၈) ဦးနဲ့ သွားရောက် ဖြေရှင်းခဲ့ပါတယ်။ လှိုင်မြို့နယ်ရဲစခန်းမှာ စစ်ချက်တွေကို ရေးသားရာမှာ တရားခံအဖြစ် အသုံးမပြုဖို့ တောင်းဆိုခဲ့ပြီး ရဲစခန်းက သဘောတူတာကြောင့် သူတို့လေးဦး ခံဝန်လက်မှတ် ရေးထိုးခဲ့ကြတာလို့ သိရပါတယ်။

ဒါပေမယ့် ဒီကနေ့ကျန်ရှိနေတဲ့ မြို့နယ်ရဲစခန်းတွေထဲက ရဲစခန်း (၆) ခုကို သွားရောက်ရာမှာတော့ တရားခံအဖြစ် သုံးနှုန်းထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို သွားရောက်နေရဆဲဖြစ်ပြီး အာမခံမပါဘဲ ဖြေရှင်းနေတယ်လို့ ပြောပါတယ်။

တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်


- လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် 
- နိုင်ငံ့ ဂုဏ်ရည်ဘွဲ.ဒုတိယဆင့် 
- ဂျပန်ခေတ်မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း 
- သက်ကြီးကန်တော့ခံ စာပေပညာရှင် 

 Credit : Ponnya Swe 

 တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်ကြောင်း သတင်းရ ရှိပါသည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် သာကေတမြို့နယ်ရှိ နေ အိမ်၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် ကွယ်လွန် ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏ မိသားစု ဝင်များထံမှ သိရှိရသည်။

 " စက်တင်ဘာ လဆန်းတုန်း က အဘိုးက ဆေးရုံ တက်ရသေးတယ်။ ဆေးရုံက ဆင်းလာပြီး အိမ်မှာပဲ ထားတာပါ။ အောက်ဆီဂျင် ပေးထားရတယ်။ မနေ့ညကတော့ ၁၀ နာရီ လောက်မှာ အိပ်တယ်။ ၁၀ နာရီခွဲ လောက်ကျတော့ အမော ဖောက်လာ တယ်။ အောက်ဆီဂျင် ပေးရတယ်၊ ဆရာဝန်လည်း ခေါ်တယ်။ ၁၅ မိနစ်လောက် ကြာတော့ ဆုံးတာပဲ။ နှလုံးခုန် သိပ်မမှန်ဘဲ အမော ဖောက်တာပေါ့။ လူကြီးရောဂါလို့ပဲ ပြောရမှာပါ" ဟု ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ မြေး မဆောင်းနှင်းဖြူက စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ပိုင်းက ပြောပြခဲ့သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် ၁၉၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖခင် ဦးဟာနှစ်၊ မိခင် ဒေါ်စိန်ညွန့်တို့မှ ဖွားမြင်ခဲ့ သည်။ ဗန်းမော်မြို့၊ မိုးကုတ်၊ ကသာ မြို့စသော မြို့များတွင် ပညာသင် ယူခဲ့ပြီး အင်္ဂလိပ်-မြန်မာ ၁၀ တန်း အထိ သင်ကြားခဲ့ကာ ဗမာ့ကာကွယ် ရေးတပ်မတော် (ဘီဒီအေ) သို့ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ တွင် ဝင်ရောက်ခဲ့သည်။ ရေနံချောင်း လေယာဉ်ပစ် အမြောက်ကြီးတပ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၄၄ ခုနှစ် ဧပြီ လ၌ မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ် သင်တန်းတတိယပတ်၌ တက် ရောက်ခဲ့သည်။

သင်တန်းတက် ရောက်နေစဉ်တွင်ပင် ဗိုလ်ချုပ် အောင်ဆန်းက မြန်မာပြည်မြောက် ပိုင်းအတွက် တာဝန်ပေးအပ်သည့် အတွက် စတင်တာဝန်ထမ်းဆောင်ခဲ့ သည်။ မဟာမိတ်တပ်အမေရိကန် (၁၀၁) လေထီးတပ်ရင်းနှင့် အဆက် အသွယ်ရန် အသက်စွန့်တာဝန်ထမ်း ဆောင်ခဲ့သည့်အတွက် ဝမ်းအိုဝမ်း ကျော်ဝင်းမောင် အမည်တွင်လာခဲ့ သည်။ ဂျပန်တော်လှန်ရေးကာလပြီး ဆုံးသောအခါ ကသာခရိုင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ သည်။

၁၉၄၆ ခုနှစ်တွင် ကွန်မြူ နစ်ပါတီနှစ်ခြမ်းကွဲချိန်၌ အလံနီ ဘက်သို့ ပါသွားခဲ့သည်။ ၁၉၄၈ ခု နှစ်တွင် အလံနီအဖြစ် တောခိုခဲ့ကာ ၁၉၅၄ ခုနှစ်၌ အလံနီတွင်း အယူအ ဆတိုက်ပွဲများဖြစ်ပေါ်စဉ် အလံနီမှ အထုတ်ခံရသည်။ အထုတ်ခံရသော အလံနီများစုပြီး အလုပ်သမားညီ ညွတ်ရေးပါတီကို ပခုက္ကူနယ်ထဲ၌ ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဒီဇင် ဘာလ၌ အလုပ်သမားညီညွတ်ရေး ပါတီတစ်ဖွဲ့လုံး အစိုးရနှင့်စေ့စပ်ပြီး ဥပဒေအတွင်း ဝင်ရောက်ခဲ့သည်။

ထို့နောက် တော်လှန်ရေးအ တွေ့အကြုံများကိုရေးသားခြင်းဖြင့် စာရေးဆရာဘဝကိုခံယူခဲ့ပြီး တော် လှန်ရေးခေတ်မှ အမှတ်တရနာမည် ဝမ်းအိုဝမ်းကျော်ဝင်းမောင်ကိုပင် က လောင်အမည်အဖြစ်ရွေးချယ်ခဲ့ကာ "ဝမ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက် တော်လှန်ရေး"၊ "ဆရာကြီးဦးရာဇတ် အတ္ထုပတ္တိ"ကဲ့သို့ စာအုပ်များကို ရေး သားခဲ့ပြီး မဂ္ဂဇင်း၊ ဂျာနယ်များတွင် လည်း တော်လှန်ရေးအတွေ့အကြုံ ဆောင်းပါးများကို ရေးသားခဲ့သူဖြစ် သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ် ရှိပြီဖြစ်ပါသည်။

 Eleven Media Group


ဒီစာစောင်လေးကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ် .....

အဖေ့သမီးအတွက် သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်….

ဖခင်။    ။ အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။ ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။

အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။

သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။ ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။

၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။

 ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

 အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့…

ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

 အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား… "

ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.." သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။

ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား* တန်းဖိုးသိမှ တန်ဖိုးရှိတယ်... တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်... တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....



 မူရင်းဆောင်းပါး---Chitthuco Coco

ကုလညီလာခံတက်ဖို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ထွက်ခွာ

မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီကနေ့ တနင်္လာနေ့မှာ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ၂၇ ရက်နေ့မှာ မိန့်ခွန်းစကား ပြောဆိုဖို့လည်း စီစဉ်ထားတာပါ။

 အောက်တိုဘာလ ၁ ရက်နေ့အထိ သီတင်းတပတ်ကျော်ကြာ ခရီးစဉ်အတွင်းမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖြစ်မယ် လို့လည်း မျှော်လင့်ရပါတယ်။ နယူးယောက်မြို့မှာ ရှိနေစဉ် Asia Society Institute မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောဆိုဖို့ စီစဉ်ထားတာပါ။

 သမ္မတ ဦးသိန်းစိန် ခရီးစဉ် မတိုင်မီမှာပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အမေရိကန် ပြည်ထောင်စုမှာ ခရီးသွားလာခွင့်ကို ကန့်သတ် တားမြစ်ထားတာကို ဖယ်ရှား ပေးခဲ့တာ ဖြစ်သလို ဘဏ္ဍာရေး ၀န်ကြီးဌာနကလည်း အမေရိကန်မှာ စီးပွားရေး လုပ်ကိုင်ခွင့်နဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်အပေါ် ကန့်သတ် ပိတ်ပင်ရမယ့် အထူးပုဂ္ဂိုလ်တွေအဖြစ် စာရင်းသွင်းထားရာက ပယ်ဖျက်ပေးထားပါတယ်။

 အမေရိကန် ခရီးစဉ် မတိုင်မီမှာတော့ သမ္မတ ဦးသိန်းစိန် ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး၊ သမ္မတ ဟူကျင်းတောင် အပါအ၀င် တရုတ်အစိုးရ ထိပ်တန်း ခေါင်းဆောင် တချို့နဲ့ပါ တွေ့ဆုံခဲ့တာပါ။ တရုတ်နိုင်ငံ ခရီးစဉ် အတွင်းမှာပဲ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ ယန်လင်း စိုက်ပျိုးရေးနဲ့ သစ်တော တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကိုလည်း လက်ခံရယူခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာဌာန) 

ဘာတဲ့ "ဒါမှ ကျုပ်တို့အလုပ်လုပ်တာ လူများများမြင်မှာပေါ့" တဲ့။ ခုမှသိတယ်။ အော်)))) ဒါ့ကြောင့်ကိုးးး)))))

 "ဒါမှ ကျုပ်တို့အလုပ်လုပ်တာ လူများများမြင်မှာပေါ့" တဲ့။
 ခုမှသိတယ်။ အော်))))
 ဒါ့ကြောင့်ကိုးးး)))))

ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာတက္ကသိုလ်တွင် မိန့်ခွန်းပြော

2012-09-23

 ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကိုယ်ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတစ်ရပ်ကို ကြုံလာတိုင်းမှာ ကိုယ်လုပ်နိုင်မယ့်ကိစ္စကို တစ်ထစ်ချင်း၊ တစ်ဆင့်ချင်း ကိုင်တွယ်ပါ။ ပထမဆုံး ငါဘာလုပ်ရမလဲ ဆိုတာကို တစ်ဆင့်စီ စဉ်းစားပါ။ ဒီိနောက်မှာ ဒါလုပ်မယ်။ တတိယအဆင့်အဖြစ် ဒါလုပ်မယ် ဆိုတာမျိုးပေါ့။ အဲသလို လုပ်သွားတဲ့အခါမှာ စိတ်လည်း တည်တည်ငြိမ်ငြိမ်ရှိပြီး အများကြီး လွယ်ကူသွားပါတယ်။

ကျွန်မဘဝမှာ ပြဿနာတွေကို ဒီနည်းနဲ့ပဲ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်" နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ရတဲ့အချိန်တွေမှာ ဘယ်လိုနေခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရာမှာတော့ “ကျွန်မတရားထိုင်တယ်။ ကျွန်မစာဖတ်တယ်။ ရေဒီယို နားထောင်တယ်။ ကာယလေ့ကျင့်ခန်း လုပ်တယ်၊ ကျွန်မဟာ ကမ္ဘာပေါ်မှာ အကျန်းမာဆုံး နိုင်ငံရေး အကျဉ်းသားလို့ ထင်ပါတယ်" လို့ ဟာသနှောပြီး ပြောသွားပါတယ်။

 ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကို ကူညီချင်တယ်ဆိုရင် ဘယ်လိုအခြေအနေလဲဆိုတာ သိရှိနိုင်အောင် ကိုယ်တိုင်လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံက လူငယ်တွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပါ။ ဒါမှသာ ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို သိရှိမှာပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

 RFA

Sunday, September 23, 2012

ရိုဟင်ဂျာဆန္ဒပြပွဲ

Oregon ပြည်နယ် Portland မြို့မှာ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁၁ နာရီက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးရရှိရေးအတွက် ဆန္ဒပြပွဲတခုကျင်းပခဲ့ပါတယ်။ ဦးခင်မောင်စိုးက ဆက်လက်တင်ပြပါလိမ့်မယ်။

 RFA Burmese

ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာအရေးဆန္ဒပြမှု မေးမြန်းချက် ( အသံဖိုင် )

အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကွင်းစ်ကောလိပ်မှာ မနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြောဆိုပေးဖို့ ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေ ပူးပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲဒီထဲက ကိုနေဆန်းဦးကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA

လူထု အတွက် ငြိမ်းချမ်းရေးကို တောင်းဆိုသောကြောင့် ရဲစခန်းဧ။် ဆင့်ခေါ်စာ

တည်ငြိမ်နေသော နိုင်ငံရေးကို ထိုလိုစာများက လှုပ်နိုးသွားတတ်သည်။ ဆင်ထားသော မြုပ်ကွက်များကို ၊ မသိသူများက ကျွံသွားတတ်ကြသည်။ လူကျွံဘောဖမ်းလေ့ရှိသော ကြောင်ဘားကြီး များ ခံတွင်းကို ဘယ်လို သွားတိုက်တံနှင့် အနံ့ပျောက်အောင် တိုက်ပေးရမည်နည်းဟု တွေးမိသည်။ လူထုကို လှုပ်နိုးနိုင်မည် ဟု သူတို့ ထင်သည်။ အမှန်တော့ ယခု အမှုမျိုးသည် ခေတ်တခေတ်ဧ။် အကွေ့အပြောင်းတွင် လမ်းပြမိုင်တိုင် ကျောက်စာညွှန်းလေးများသာ ဖြစ်သည်။

 ရှေ့ခရီး ကား ကျန်နေသေးသည်။ ခြေထောက်တို့ ဖူးယောင်နေပြီလား ။ အံကြိတ်ပြီး ဆက်လျောက်ပါ။ သွေးပူနေခိုက် မို့နာမည်မဟုတ်၊ နားလိုက်က နာကျင်လာတတ်သည်။ မကြာခင် အရိပ်ကောင်းသော သစ်တောကြီးများကို တွေ့လာမည်ဟု ကျနော်တို့ မျှော်လင့်ထားပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်သူ့ရဲစခန်းများ ဆက်စပ်ချိတ်ဆက်မှု အတော်ပင်ကောင်းမွန်ကြောင်း သိလာရသည်။ လူတစ်ဦးတည်းကို အစိုးရ ဌာန ဆိုင်ရာ နေရာ နှစ်ခုသို့ တရက်တည်၊ တချိန်တည်း လာရောက်ရန် ဆင့်ခေါ်စာပို့သူ ရဲအရာရှိနှစ်ဦးက အတူတူလာရောက်ပို့ဆောင်သွားသည်။

ကျနော့် တကိုယ်တည်းကို နှစ်ြ့ခမ်းခွဲပြီး တခြမ်းစီ ရဲစခန်းသို့ သွားမှ တချိန်တည်းဆင့်ခေါ်သောဆင့်ခေါ်စာ အတိုင်း သွားရောက်နိုင်ပေလိမ့်မည်။ လာပို့သော ရဲအရာရှိကို ဖုန်းဖြင့် ကျနော်မေးလိုက်ပါသည်။ ရဲစခန်းက လာခေါ်ပါရန် နှင့် ကျနော့်တွင် သွားလာရန် ကိုယ်ပိုင် ကားမရှိကြောင်း ပြောလိုက်ပါသည်။ သူတို့က လာမခေါ်ပါ။ ကိုယ့်အစီအစဉ်နှင့် ကိုယ် လာရန် ပြောသွားပါသည်။ လူထု အတွက် ငြိမ်းချမ်းကို တောင်းဆိုသောကြောင့် ရဲစခန်းဧ။် ဆင့်ခေါ်စာကို ရရှိခြင်း ဖြစ်ရာ ပြည်သူ့  အဆုံး အဖြတ်ကိုပင် ခံယူရမည်ဖြစ်ပါသည်။

 ဘယ်ရဲစခန်းကို သွားရပါမည်လဲ။ ကျနော်ကတော့ အရာရာကို ရင်ဆိုင်ရန် အသင့် ရှိပါသည်။ ကြိုတင်ပြီးတော့ ပြည်သူကို တင်ပြထားပါမည်။ မိမိအား ဒါဏ်ငွေ တပ်ကာ ဒါဏ်ကြေးဆောင်ခိုင်းမည် ဆိုပါက မိမိသည် ကိုယ်ပိုင်ငွေ ရှာရန် အချိန်မရလောက်အောင် အလုပ်များခဲ့သောကြောင့် ကိုယ်ပိုင်ငွေ မရှိပါ။ အများလှူဒါန်းသော ငွေကိုလည်း ထိုဒါဏ်ငွေ အတွက် အသုံးပြုအစားထိုး ပေးလျော်ခြင်းကို လက်ခံမည် မဟုတ်ပါ။ ထို့ကြောင့် ........................ ။
Nay Myo Zin 

ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီး များကို ခေတ်ပညာ သင်ပေးရန် သဘောတူ

နေပြည်တော်တွင်နှစ်ရက်ကြာ ကျင်းပနေ သည့် ရခိုင်ဒေသ ရခိုင်ပြည်နယ်ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တွင် တက်ရောက်နေသည့် ရခိုင် လူမှုအဖွဲ့အစည်းများ၊ မွတ်စလင်ဘာသာ ရေး အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီးများ ကိုမြန်မာ့လူမှု အဖွဲ့အစည်းအတွင်း လိုက်လျော ညီထွေနေထိုင်နိုင်ရေး အတွက်ခေတ်ပညာများ သင်ကြားပေး ရန်လိုကြောင်း အဆိုတစ်ခုကိုသာ သဘောတူညီ မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

 နေပြည်တော်ရှိMICCတွင်ပြုလုပ်သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ပြန်လည် ထူထောင်ရေး၊ တရားဥပဒေစိုးမိုး ရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် ပြုလုပ်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင် လူမှု အဖွဲ့အစည်းများ၊မွတ်စလင်ဘာသာရေး အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များနှင့် စာရေးဆရာကျော်ဝင်း၊ ဦးသူရ(ခ)ဇာဂနာတို့ လည်း တက်ရောက် ခဲ့ကြသည်။ ယင်းအဆိုကို ရသေ့တောင်မြို့နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေက အဆိုပြုခဲ့ခြင်း ဖြစ်သည်။

 မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာရှိတယ် မရှိဘူး၊ခိုးဝင်လာတာ မဟုတ်ဘူး ဆိုသည်နှင့် ဘင်ဂါလီ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများ အပေါ်တွင်မူ အလုပ်ရုံဆွေးနွေးပွဲ၌ အခြေအတင် အငြင်းပွား ပြောဆိုခဲ့ကြကြောင်း သိရသည်။

 The Voice weekly

ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ်

မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့ တမန်တော် မိုဟာမက် ကို သရော်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့သူကို သတ်ဖြတ် နိုင်တဲ့သူကို ဒေါ်လာ တသိန်း ဆုပေးမယ်လို့ ပါကစ္စတန် အစိုးရ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။ ပါကစ္စတန် ညွန့်ပေါင်း အစိုးရမှာ မီးရထား ဝန်ကြီး တာဝန်ထမ်းဆောင် နေတဲ့ ဂူလမ် အာမက် ဘီလား က တာလီဘန် နဲ့ အဲလ်ခိုင်းဒါး အဖွဲ့ဝင်တွေကို လည်း သူ့အခေါ်အရ မွန်မြတ်တဲ့ အလုပ်မှာ ပူးပေါင်းပါဝင် ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူက နောက်အလားတူ ရုပ်ရှင်ဇာတ်လမ်းမျိုး ရိုက်သူရှိရင်လည်း အဲဒီလူကို သတ်နိုင်ရင် နောက်ထပ် ဒေါ်လာ တသိန်း ပေးမယ်လို့ ဆိုပါတယ်။
အဲဒီ နိုင်ငံတွေမှာ လွတ်လပ်စွာ ပြောခွင့်၊ ထုတ်ဖော်ခွင့် ရှိတာကို သူသိကြောင်း၊ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ တမန်တော်ကို စော်ကားတာကို တားမြစ်တဲ့ ဥပဒေမျိုး လည်း ရှိဖို့လိုကြောင်းနဲ့ အဲဒီလို မရှိရင် နောင်အနာဂတ် မှာအကြီးအကျယ် အန္တရာယ် ရှိလာ နိုင်တယ် လို့လည်း သူကပြောပါတယ်။ ဒါပေမယ့် ပါကစ္စတန် ဝန်ကြီးချုပ် ရဲ့ ပြောခွင့်ရသူကတော့ မစ္စတာ ဘီလားရဲ့ ပြောကြားချက်တွေနဲ့ သူတို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

 BBC (မြန်မာပိုင်း)

နယူးယောက်မြို့က မြန်မာမိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြို့က စက်တင်ဘာလ ၂၂ ရက်နေ့က မြန်မာ မိသားစုများနဲ့ တွေ့ဆုံစဉ်က မေးမြန်း ဖြေ ကြားမှု အသံဖိုင်ဖြစ်ပါတယ်။ ပြန်လည် နားထောင်လိုသူများ အတွက် ဖော်ပြပေး လိုက်ပါတယ်။ Queens Collegeမှာ 22.9.2012ဒီကနေ့ည ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ အသံဖိုင်

အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။

 ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။ ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

 ပြင်ပတွင်နေထိုင်သူ တချို့က အုတ်ခဲများ၊ တုတ်များ၊ ဓါးများဖြင့် ကောလိပ်ကျောင်း ရှိ ဒေသခံလူမျိုး စု ကျောင်းသားများကို ၀င်ရောက် တိုက်ခိုက်ရာမှ အဓိဂရုဏ်း စတင် ဖြစ်ပွားသည်ဟု သတင်းစာ က ရေးသည်။ တိုက်ခိုက်မူအတွင်း လူပေါင်း ၂၀ ဒဏ်ရာ ရရှိခဲ့ပြီး တချို့ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု ဆိုသည်။ ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ အခြေအနေကို ၀င်ရောက် ထိန်းသိန်းခဲ့ရပြီး ဈေုးဆိုင်များ၊ ကားများ ဖျက်ဆီးခံခဲ့ရသည်။ အခုအခါ အခြေအနေမှာ တည်ငြိမ်နေပြီး စစ်တပ်၊ ရဲနှင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားကို တပ်ဖြန့်ချထားလိုက်ကြောင်း သိရသည်။

 ရမ်ဂါမတီကို ရခိုင်အမျိုးသားများက (သက်ထောင်) အဖြစ် သိရှိကြပြီး အဆိုပါ ဒေသတွင် ဌာနေတိုင်းရင်းသား သက်လူမျိုးများနှင့် မြေပြန့်မှ အခြေချနေထိုင်ရန်လာသူ ဘင်္ဂလီလူမျိုးများ အကြား ယခုကဲ့သို့ အဓိဂရုဏ်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ရမ်ဂါမတီ (သက်ထောင်)၊ ခါကာဆိုရီ ( ဖလံထောင်)နှင့် ဘင်ဒရိုင်ဘင် ( ဗိုလ်မင်းထောင်) ဟု ခရိုင် (၃) ခုရှိပြီး အများစု လူမျိုးများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

 ( ယနေ့ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အစ္စလာမ်မစ် အဖွဲ့ ၁၂ ခုက တနိုင်ငံလုံး သပိတ် ခေါ်ထားမူကြောင့် ကား၊ ရထား၊ သဘောင်္များ အသွားအလာများ လုံးဝ ရပ်ဆိုင်းကာ ကျောင်းများ၊ အစိုးရရုံးများ၊ ဈေးဆိုင်များကိုလည်း ပိတ်ထားရသည်။ ယခုကဲ့သို့ တရက်တာ သပိတ် ခေါ်ယူရခြင်းမှာ ယမန်နေ့က မွတ်ဆလင် ဆန့်ကျင်ရေး “ Innocence of Muslim” ဗွီဒီယိုကို ဆန့်ကျင် ဆန္ဒပြသူများကို ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲမူကြောင့် ဖြစ်သည်ဟု သိရသည်။)

Narinjara News Burmese

တောင်ငူမြို့တွင် ရထားလမ်းဖြတ်ကူးသော မှန်လုံယာဉ်နှင့် အမှတ် ၅ အဆန်အမြန်ရထား တိုက်မှုဖြစ်ပွား

တောင်ငူမြို့ စက်တင်ဘာ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်မှ ညနေ ၃ နာရီတွင် စတင်ထွက်ခွာသောအမှတ် ၅ အဆန် အမြန်ရထားနှင့် လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ခရီးသည်တင် မှန်လုံအမြန်ယာဉ်တို့ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 ဖြစ်စဉ်မှာ လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ယာဉ်မောင်းသော ရယ်လွှီစီး၊(ဘ)ဦးဟယ်ရယ် အသက် ၄၂ နှစ်(ကယားလူမျိုး) မောင်းနှင်လာသော ခရီးသည် ၄၂ ဦးပါ ယာဉ်အမှတ် ၆(ဂ) ၅၅၉၂ ရွှေရာဇာ နီညိုရောင် ခရီးသည်တင် မှန်လုံအမြန်ယာဉ်သည် ပြည်ထောင်စု အမြန်လမ်းမကြီးမှ တောင်ငူမြို့တွင်း လွိုင်ကော်ဂိတ်သို့ ၀င်ရောက်ပြီး ပြည်ထောင်စု အမြန်လမ်းမပေါ်သို့ ပြန်တက်ရန် ထွက်ခွာလာစဉ် တောင်ငူမြို့ မြောက်ဘက်အထွက်ရှိ ပေါ်တော်မူ မီးရထားသံလမ်းဂိတ်တွင် တောင်ငူဘူတာကြီးမှ မန္တလေးဘက်သို့ ဆက်လက်ထွက်ခွာလာသော အမှတ် ၅ အဆန် အမြန်ရထားနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ထိုသို့ ဖြစ်ပွားရာတွင် မီးရထားခေါင်းမှာ မှန်လုံယာဉ်၏ ခါးလယ်ကိုတိုက်ကာ ချိတ်လျှက် မီးရထားတွဲ ၈ တွဲအရှည်ရှိ ပေ ၄၀၀ ခန့် အထိ ဒရွတ်တိုက်အနေအထားဖြင့် ပါသွားခဲ့သည်။ မှန်လုံယာဉ်၏ ကိုယ်ထည်ဝဲဘက်တစ်ခြမ်းလုံး ရထားခေါင်းစိုက်ဝင် ပျက်စီးသွားပြီး ရထားတွဲများလည်း လမ်းချော်ကျသွားခဲ့ကာ ရထားသံလမ်းများလည်း ပျက်စီးသွားခဲ့သော်လည်း ကားပေါ်တွင်ပါလာသော ခရီးသည်များအနက် ၆ ဦးသာ ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့ပြီးကျန်လူများမှာ တစ်စုံတစ်ရာ ထိခိုက်ခြင်းမရှိကြောင်း သိရှိရသည်။

 "ကျွန်တော်က တစ်ဖက်ကဂိတ်တံခါးကိုပိတ်ပြီး ဒီဘက်ကဂိတ်တံခါးကို ပိတ်မယ်လုပ်တော့ အဲဒီကားက အမြန်မောင်းလာတာ တွေ့ရတယ်၊ အဲဒါနဲ့ ကျွန်တော်လည်း ရထားကိုတောင် မီးမခေါ်တော့ပဲ ကားဆီကိုပဲ ဓါတ်မီးနဲ့ လှမ်းထိုးပြီး အချက်ပြသေးတယ်၊ ဒါပေမယ့် မရဘူးကျွန်တော်တံခါးပိတ်ချိန်တောင် မရလိုက်ဘူး ကားကမောင်းဝင်လာတာ ကျွန်တော်လည်း လမ်းဘေးဘက်ကို အမြန်ခုန်ပြီး ရှောင်လိုက်ရတယ်"ဟု မီးရထားသံလမ်း ဂိတ်တာဝန်ကျသူမှ ပြောပါသည်။

 ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းသော ရယ်လွှီစီ(ဘ) ဦးဟယ်ရယ်၊ အသက် ၄၂ နှစ် လွိုင်ကော်မြို့နေသူအား တောင်ငူမြို့အမှတ် ၁ ရဲစခန်းမှ မီးရထားအက်ဥပဒေ (၁၂၉)၊(ပ) ၅၂၃/၂၀၁၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေသောမီးရထားနှင့် ကားအား ကရိန်းဖြင့်မတင်ဖယ်ရှားခြင်း လမ်းပြုပြင်ခြင်းများကို ပြန်လည်ပြုပြင်ဆောင်ရွက်ကြရာ စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် ဖယ်ရှားရှင်းလင်းခဲ့ပြီး ရထားများ ပြန်လည်သွားလာခွင့်ရပြီဖြစ်ကြောင်း သိရှိရသည်။

 Eleven Media Group

နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးဟုဆို

GSM ဖုန်းများ ကိုနှစ်သိန်းကျပ်သို့ ပြောင်းလဲရောင်းချစဉ် စောင့်ဆိုင်းဝယ်ယူနေကြသူများကို ဧပြီလအတွင်းက တွေ့ရစဉ် 

 နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများကို အနိမ့်ဆုံးဈေးနှုန်း တစ်လုံးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါအနိမ့်ဆုံးဈေးနှုန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဈေးနှုန်းများထပ်မံ လျော့ချရန် မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

 မိုဘိုင်းဖုန်းအလုံးရေ သန်း ၃၀ စီမံကိန်းကို ထုတ်ပြန်ခဲ့ပြီးနောက် ပထမနှစ်စီမံကိန်းအတွက် မိုဘိုင်း ဖုန်းအလုံးရေ လေးသန်းကို၂၀၁၂ခုနှစ်၊ မတ်လမှစတင်ပြီး GSM ဖုန်း Sim Card တစ်ကဒ်ကို ငွေကျပ်နှစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ WCDMA ဖုန်းတစ်လုံးလျှင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ပါသည်။ ထိုသို့ ရောင်းချပေးခဲ့ပြီးနောက်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ ငွေကျပ်နှစ်သိန်းတန် GSM ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်၊ ငွေကျပ်နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင်ခန့်ကို အများပြည်သူထံသို့ ရောင်း ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ရွှေဂုံတိုင်)မှ သိရှိရပါသည်။

ထို့ကြောင့် ငွေကျပ်နှစ်သိန်းတန် ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၁၆၀၊ နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင် ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၅၀၊ စုစုပေါင်း ကျပ်ငွေဘီလျံပေါင်း ၂၁၀ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးအတူပူးပေါင်း လုပ်ဆောင်သည့် ကုမ္ပဏီများမှ ရရှိကြမည်ဖြစ်သည်။ မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း၏ ပထမနှစ် စီမံကိန်း မိုဘိုင်းဖုန်းအလုံး ရေလေးသန်းအတွက် အခြေခံအဆောက် အအုံများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ခြင်း၊ လိုင်းတပ်ဆင်ခြင်းများနှင့် ပြည်ပမှ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ၀ယ်ယူတင်သွင်းခြင်း စသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှုအဖြစ် ငွေကျပ်ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းလုံးရေ လေးသန်းအတွက် ကနဦးရင်းနှီးမြုပ်နှံမှုငွေကျပ် ဘီလျံ ၅၀၀ ရှိချိန်တွင် မိုဘိုင်းဖုန်း အလုံးရေတစ်သန်းအတွက် ရင်းနှီးမြှုပ်နှံစရိတ်မှာ ငွေကျပ် ၁၂၅ ဘီလျံ ခန့် ပျမ်းမျှကုန်ကျမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် ရရှိငွေမှာ ကျပ်ငွေဘီလျံ ၂၁၀ ရှိသည့်အတွက် အမြတ်ငွေ ကျပ် ၈၅ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ ရရှိထားပြီး ဖြစ်ပါသည်။ အဆိုပါ အသားတင် အမြတ်ငွေ ၈၅ ဘီလျံ သည် ၂၀၁၂ ခုနှစ် မတ်လမှ စက်တင်ဘာလအတွင်း ရရှိခဲ့သော ငွေပမာဏမျှသာ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ဖုန်းခေါ်ဆိုခနှုန်းထားများနှင့် မိုဘိုင်းဖုန်း အလုံးရေ ခုနစ်သိန်းခုနစ်သောင်းအတွက် အင်တာနက် တပ်ဆင်ပေးခဲ့ခြင်းအတွက် စုစုပေါင်း ငွေကျပ် ၇ ဒသမ ၇ ဘီလီယံကိုလည်း ယခုနှစ်ကာလအတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ရရှိထားခဲ့ပါသည်။
Sim Card တန်ဖိုးတွေကို သုညရာခိုင်နှုန်းနဲ့ ရောင်းချသင့်ပေမယ့် အခုမဖြစ်သေးတာကို လက်ခံတယ်။ ဒါပေမယ် Sim Card တန်ဖိုးတွေက ဘတ် ၁၀၀၊ ၂၀၀ (မြန်မာငွေကျပ် ၃၀၀၀မှ ၆၀၀၀ကြား) ထက်ဈေး ပိုမကြီးသင့်ဘူး။ မြန်မာဆက်သွယ်ရေးလုပ်ငန်းကနေ ပစ္စည်းတွေဝယ်ရင် တင်ဒါခေါ်ပြီး ၀ယ်တယ်။ နောက်ဆုံးခေါ်ယူတဲ့ တင်ဒါမှာ Sim Card တစ်ကဒ်ကို ၂၅၀ နှုန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ သိရတယ်။ တစ်ဖက်မှာလည်း ဖုန်းအလုံးရေ တစ်သန်းရောင်းပြီးတဲ့ အနေအထားမှာ အမြတ်အစွန်းရသင့်သလောက် ရခဲ့ပြီးတဲ့ အခြေအနေမှာ ရှိတယ်။ အခုလို နှစ်သိန်းဖုန်းတွေကို ဈေးထပ်မလျော့ဘဲ ရောင်းချနေတာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး တိုးတက်မှုကို နှေးကွေးရာ ရောက်စေပါတယ်။
မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း အတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများမှာ ရတနာပုံတယ်လီပို့နှင့် Elite နှင့် Asia Mega Link(Asia World ကုမ္ပဏီ၏လုပ်ငန်းခွဲ) အစရှိသော ကုမ္ပဏီများမှ အဓိကလုပ်ဆောင် နေပြီး Global တယ်လီဖုန်းကုမ္ပဏီ၊ Zaw & Zaw ကုမ္ပဏီ၊ မြန်မာပိတောက်အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီ၊ IGE ကုမ္ပဏီ၊ အောင်ချမ်းသာ ရောင်းဝယ်ရေးကုမ္ပဏီ၊ တာမိုးညဲချမ်းသာထွန်းဝေသာကုမ္ပဏီလီမိတက်၊ Fortune ကုမ္ပဏီ၊ Active Business Consol-idation Service ကုမ္ပဏီလီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ဖြစ်ကြောင်း သြဂုတ်လအတွင်းက ရရှိခဲ့သော စာရင်းများအရ သိရှိရသည်။ အဆိုပါ ကုမ္ပဏီများတွင် ရတနာပုံတယ်လီပို့သည် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်ပါသည်။ Elite Tech ကုမ္ပဏီမှာ ထူးကုမ္ပဏီပိုင်လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။ ''Sim Card တန်ဖိုးတွေကို သုညရာခိုင်နှုန်းနဲ့ ရောင်းချသင့်ပေမယ့် အခုမဖြစ်သေးတာကို လက်ခံတယ်။ ဒါပေမယ့် Sim Card တန်ဖိုးတွေက ဘတ် ၁၀၀၊ ၂၀၀ (မြန်မာငွေကျပ် ၃၀၀၀ မှ ၆၀၀၀ကြား) ထက်ဈေး ပိုမကြီးသင့်ဘူး။ မြန်မာဆက်သွယ် ရေးလုပ်ငန်းကနေ ပစ္စည်းတွေဝယ်ရင် တင်ဒါခေါ်ပြီး ၀ယ်တယ်။ နောက်ဆုံးခေါ်ယူတဲ့ တင်ဒါမှာ Sim Card တစ်ကဒ်ကို ၂၅၀ နှုန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ သိရတယ်။ တစ်ဖက်မှာလည်း ဖုန်းအလုံးရေ တစ်သန်းရောင်းပြီးတဲ့ အနေအထားမှာ အမြတ် အစွန်းရသင့်သလောက် ရခဲ့ပြီးတဲ့ အခြေအနေမှာ ရှိတယ်။

အခုလို နှစ်သိန်းဖုန်းတွေကို ဈေးထပ်မလျော့ဘဲ ရောင်းချနေတာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို နှေးကွေးရာ ရောက်စေပါတယ်။ ပြည်သူ့မျက်နှာကို မထောက်ဘဲ ဆက်သွယ်ရေးလုပ်ငန်း၊ သူတို့နဲ့ နီးစပ်ရာ crony ကုမ္ပဏီအချို့ပဲ ကြီးပွားအောင်လုပ်ပေးနေတဲ့သဘော ဖြစ်နေပါတယ်''ဟု ပြည်တွင်းရှိ အိုင်တီလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိသွားနေသည့် ပုံစံမှာမူ ယခင်အစိုးရလက်ထက် ပုံစံများအတိုင်း ဆက်သွယ်ရေးလုပ်ငန်းကို လည်ပတ်နေသည့် အခြေအနေတွင်သာရှိနေပြီး သိသာသောပြောင်းလဲမှု ပုံစံသစ်များ မတွေ့ရသေးကြောင်း ဝေဖန်မှုများ ရှိနေပါသည်။ အထူးသဖြင့် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် အမြတ်ငွေများ ရရှိနေသည့်တိုင် ဖုန်းဈေးနှုန်း လျော့ချမပေးနိုင်သေးသည့် အခြေအနေက သာဓက တစ်ခုဖြစ်နေကြောင်း သိရသည်။

''ဖုန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် လွှတ်တော်မှာ တင်ပြခဲ့တာ ရှိပါတယ်။ အဲဒါက ဆက်သွယ်ရေးမှာ ချုပ်ကိုင်မှုတွေများနေတဲ့ကိစ္စ၊ ဆက်သွယ်ရေးဥပဒေကို ပြင်ဖို့ကိစ္စ၊ ဆက်သွယ်ရေးကဏ္ဍမှာ Puplic ကုမ္ပဏီတွေထူထောင်ပြီး ဆောင်ရွက်ဖို့ကိစ္စ တွေကို မေးခွန်းအဖြစ် တင်သွင်းမေးမြန်းခဲ့တာပါ။ အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက Sim Card ပေါ်မှာ အရင်းကြေပြီး အမြတ်ရတဲ့အထိ စဉ်းစားပြီးဆောင်ရွက်နေလို့ အခုလို ဖြစ်နေတာပါ။ ဆက်သွယ်ရေးကဏ္ဍအတွက် တာဝါတိုင်တွေ Network တွေဆောက်ရတယ်။ ဒီအတွက် ရင်းနှီးမြှပ်နှံရတယ်။ နိုင်ငံခြားမှာလည်း ဒီလိုပဲ အစမှာတော့ ရင်းနှီးမြှုပ်နှံကြရတာပဲ။ နောက်ပိုင်း တဖြည်းဖြည်း အရင်းကျော်ပြီး အမြတ်ရလာကြတာပဲ။ ဒီမှာက အစကတည်းက အရင်းကြေပြီး အမြတ်လို ချင်နေကြတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

 နိုင်ငံတော်သမ္မတကိုယ်တိုင်က အပြောင်းအလဲများ တိုးမြှင့်ဆောင်ရွက်ရန် ပြောထားသည့်အချိန်တွင် ဖုန်းဈေးနှုန်းများကို လျော့ကိုလျော့ချပေးရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ထပ်မံပြောကြားသည်။ ''နိုင်ငံတော်သမ္မတကြီးကလည်း အပြောင်းအလဲတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ပြောနေတဲ့အချိန်မှာ ဖုန်းဈေးနှုန်းတွေက လျော့ကိုလျော့ချပေးရမယ့် အချိန်ပါ။

ဆက်သွယ်ရေး ဒုဝန်ကြီးဦးသောင်းတင် ပြောထားတဲ့စကား ရှိပါတယ်။ ဘတ်စ်ကားစီးတာ ဘတ်စကားစီးခပဲ ပေးဖို့လိုတယ်။ ဘတ်စ်ကားဝယ်စီးဖို့ မလိုဘူး။ အဲလိုပါပဲ ဖုန်းပြောတဲ့နေရာမှာ ဖုန်းကတ်ကိုဝယ်သုံးရတယ်ဆိုတာ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံပဲ ရှိပါတယ်။ ဆက်သွယ်ရေး network ဆိုတာ တစ်ခါလုပ်ထားပြီးရင် အကြာကြီး သုံးလိုရပါတယ်။ အခုခေတ်ပြောင်း စနစ်ပြောင်း ဖြစ်နေပါပြီ။ အခုရောင်းနေတဲ့ နှစ်သိန်းဆိုတာ ၁၅သိန်းနဲ့စာရင် နည်းလာပေမယ့် ဈေးနှုန်းတွေ ထပ်လျော့ဖို့ လိုအပ်တယ်ဆိုတာ ပြောကြားလိုပါတယ်''ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့ပါသည်။

 ''မိုဘိုင်းဖုန်း Sim Card များတွေကို နိုင်ငံတကာမှာ အလကားပေးနေတဲ့အချိန်မှာ ဒီမှာဈေးကြီးပေးပြီး မနည်းကိုမျော်ပြီး ၀ယ်နေရတဲ့ အပြင်ကို အခုပဲ တစ်သိန်းတန် ထွက်တော့မလိုလို ၅ ထောင်တန်ပဲ ထွက်တော့မလိုလိုနဲ့ ၀ယ်မဲ့သူတွေက ဟိုဟာစောင့်ရနိုးနိုး ဒီဟာပဲဝယ်ရ နိုးနိုးနဲ့ နောက်ဆုံးမစောင့်နိုင်တဲ့သူက နောက်ဆုံးတော့ အရစ်ကျနဲ့ရောင်းတာကို ၀ယ်တဲ့သူက၀ယ်နဲ့။ တစ်ဖက်ကလည်း အရစ်ကျနဲ့ ၀ယ်နေတုန်းရှိသေး ဒီထက်ဈေးနည်းတာက ထွက်လာ။

အခု နှစ်သိန်းတန်၊ ငါးသိန်းတန်ဖုန်းတွေ ၀ယ်ကိုင်ရတာလဲ အလုပ်လုပ်နေရတဲ့အတွက် မတတ်သာလို့ ၀ယ်သုံးရတာ။ မဟုတ်ရင် ဒီဖုန်းတွေက အားပေးချင်စရာတောင် မရှိဘူး''ဟု နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးဖြစ်သူ ကိုထက်လင်းစိုးက ပြောသည်။ ''ကျွန်တော့အမြင်အရ ပြောရမယ်ဆိုရင်တော့ (မြန်မာ့ဆက်သွယ်ရေး) တစ်ခုတည်းဖြစ်နေသေးသရွေ့ အထူးသဖြင့် သူကလွဲလို့ ရွေးချယ်စရာ မရှိသေးသရွေ့ကတော့ သူလုပ်ချင်တိုင်း လုပ်တဲ့ဒဏ်တော့ ကျွန်တော်တို့ ခံနေရဦးမှာပဲ။ ဖြစ်သင့်တဲ့ အနေအထားတစ်ခုက Competitive Market ဖြစ်လာဖို့က လိုကို လိုအပ်တယ်။ အဲဒါမရှိပဲကျတော့လည်း အဆင်ပြေမှာ မဟုတ်ဘူး။ သူတို့က Competitive Force ဖြစ်မလာခင်အချိန်လေးမှာ တတ်နိုင်သမျှ ကြိုသယ်ထားမှဆိုတဲ့ပုံစံမျိုးနဲ့ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်''ဟု Myanmar Link ကုမ္ပဏီ မှ CEO ကိုသီဟက ပြောသည်။

 လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေး ကော်ပိုရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အစရှိသည်တို့မှာ ငွေကျပ်တစ်သိန်းသုံးသောင်းနှင့် ငွေကျပ်ရှစ်သောင်းတန် မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဆိုသော သတင်းများ လူထုအကြားတွင် ပျံ့နှံ့နေ သော်လည်း အဆိုပါကုမ္ပဏီများသည် ဆက်သွယ်ရေး ၀န်ဆောင်မပေးသည့် Operator အဖြစ် ဆောင်ရွက်ရန် ၀န်ဆောင်မှုလိုင်စင် ရရှိရေးအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် ၀န်ကြီးဌာနတို့တွင် လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားပါသည်။

ဆက်သွယ်ရေးဏ္ဍတွင် ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမီလိုက်နိုင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ၂၀၁၂ ခုနှစ်စက် တင်ဘာလ ၇ရက်နေ့၊ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးမှ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံ၏ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုမှုသည်များစွာ နောက်ကျကျန်ရစ်ခဲ့ရာ လက်ရှိပုံစံအတိုင်း မပြောင်းလဲဘဲ ဆက်သွားပါက ပို၍သာ နောက်ကျဖွယ်ရာ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူတစ်ရာလျှင် တယ်လီဖုန်း ၆လုံး ၇လုံး သုံးစွဲနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများ၌ ယခုထက် ပိုမိုသုံးစွဲနေကြောင်း၊ ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမှီ လိုက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။

''ဆင်းကတ်တန်ဖိုးဆိုရင်လည်း ကျပ် ၅၀၀၀ တောင် မဟုတ်ဘူး။ ဆင်းကတ် အလကားဖြစ်ရမယ့်အပြင် ၀ယ်ယူသူတွေကို မိနစ် ၂၀၀ အလကား ဆက်ခွင့်ပြုတာမျိုး၊ ဟန်းဆက်တစ်လုံး လက်ဆောင်ပေးတာမျိုးထိ ဖြစ်သင့်တာပါ။ အဲဒီအတွက် လည်း Business Model ကို ပြောင်းပစ်ဖို့ လိုပါမယ်။ ဘတ်စ်ကားစီးတဲ့ သူတစ်ယောက်ဟာ ကားစီးခကိုပဲ ပေးရတာပါ။ ဘတ်စ်ကားဖိုးပေးစရာ မလိုပါဘူး။ ဒီလိုပဲ ကွန်ပျူတာပစ္စည်းရောင်းတာနဲ့ ကွန်ပျူတာသင်တန်းကျောင်းတို့ရဲ့ ပုံစံချင်း မတူပါဘူး။

ကွန်ပျူတာပစ္စည်း ရောင်းရင်းဝယ်ရင်းထားရတဲ့ ပစ္စည်းတစ်ခု အတွက်ချက်ချင်း အမြတ်လိုချင်ပေမယ့် ကွန်ပျူတာသင်တန်းကျောင်းမှာတော့ ရင်းထားရတဲ့ ပစ္စည်းဖိုးကို ချက်ချင်း ကျေချင်လို့ မရပါဘူး။ ဒီသဘောပါပဲ။ မိုဘိုင်းဖုန်း ကုမ္ပဏီ အနေနဲ့လည်း ကာလတစ်ခုထိ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး ရေရှည်ဝန်ဆောင်မှု ပေးသွားရမယ့် ကိစ္စမျိုးပါ''ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဒုတိယ၀န်ကြီး မဖြစ်မီ သြဂုတ်လ နောက်ဆုံးပတ်အတွင်းက ပြောကြားထားခဲ့သည်။

 မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ စတင်သည့်အနေဖြင့် ဆက်သွယ်ရေးကဏ္ဍကို Operator လေးခုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့မှ Operator နှစ်ခု ရယူမည်ဖြစ်ကာ ကျန်နှစ်ခုကို Tender စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားပါသည်။ မိုဘိုင်းဖုန်းဈေးလျော့မှုတွင် အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခု လုပ်ငန်းလည်ပတ်ချိန်တွင် ဖြစ်လာနိုင်သည်ဟူသော သုံးသပ်မှုများရှိ နေသော်လည်း အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခုသည် ခရိုနီ (Croney) များကြီးစိုးသော ကုမ္ပဏီများသာ ရရှိခဲ့မည်ဆိုပါက မည်သို့ ဖြစ်လာနိုင်မည်နည်းဆိုသော မေးခွန်းများ ထွက်ပေါ်နေပါသည်။
Eleven Media Group

Saturday, September 22, 2012

ဒေါ်အောင်ဆန်စုကြည်ကိုအမေရိကန် ကွန်ဂရက်က အမြင့်ဆုံးရွှေတံဆိပ်ဆုချလိုက်ခြင်းကို ၀က်တစ်ကောင်ကို ပုလဲလည် ဆွဲဆင်ပေးလိုက်သလို ပာုပြောဆို

ဒေါ်အောင်ဆန်စုကြည်ကိုအမေရိကန် ကွန်ဂရက်က အမြင့်ဆုံးရွှေတံဆိပ်ဆုချလိုက်ခြင်းကို ၀က်တစ်ကောင်ကို ပုလဲလည် ဆွဲဆင်ပေးလိုက်သလို ပာုပြောဆို ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကွန်ဂရက်က အမြင့်ဆုံးရွှေတံဆိပ်ဆုချတာဟာ ၀က်တစ်ကောင်ကို ပုလဲလည်ဆွဲဆင်ပေးလိုက်သလို ပြက်လုံးတစ်ခု ဖြစ်နေတယ်ဆိုပြီး ဘင်္ဂါလီတွေကမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားလိုက်ပါတယ်။

သူမဟာ ဒီမိုကရေစီအတွက်ရော လူ့အခွင့်အရေးအတွက်ပါအလေးအနက်ထားတဲ့လူတစ်ယောက်မဟုတ်တဲ့အပြင် သူ့ကို အိမ်အကျယ် ချုပ်ချတဲ့ စစ်အာဏာရှင်တွေနဲ့ အရမ်းတူတဲ့အယူသန်သူ လူမျိုးရေးခွဲခြားတဲ့ အစွန်းရောက်ဗမာဗုဒ္ဓဘာသာတစ်ယောက်သာဖြစ်ပါတယ် ဆိုပြီးလည်း ရေးထားတယ်။

And yet, Suu Kyi is fine with such a marginalization of the Rohingya. What a shameful attitude for someone to be honored with a Nobel Prize for Peace, and now this Congressional Medal of Honor! These awards are becoming jokes like putting a pearl necklace on a swine! she is not a serious partner for either human rights or democracy. She remains a fanatic and racist Burman Buddhist, very similar to the very regime that she complained about while in house arrest. ------------------------------------------------------------------

ဒါဟာ ရခိုင်အရေးအခင်းစဖြစ်တုန်းက မုတ်ဆိပ်တွေက အမေစုခြေသလုံးပြေးဖက်ပြီး ငိုပြလို့ အမေစုက "သားတို့စိတ်မပူနဲ့၊ စိတ်အေးအေးထား၊ လူများစုက လူနည်းစုကို အနိုင်မကျင့်စေရဘူးဆိုပြီး ကာကွယ်ပြောဆိုပေးခဲ့တဲ့ အမေစုကိုဘင်္ဂါလီတွေက ဘင်္ဂါလီနည်းနဲ့ ကျေးဇူးဆပ်လိုက်တာပါ။ ဒါကြောင့်လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးဆိုတာ ကျေးဇူးကန်းတတ်တဲ့ ဘင်္ဂါလီတွေနဲ့ မထိုက်တန်ဘူးလို့ မြင်မိပါတယ်။ 

 ရွှေမြန်မာဘလော့ကာမှ ကူးယူဖော်ပြပါတယ်

 http://shwemyanmarmediagroup.blogspot.jp/2012/09/blog-post_9788.html 

 http://tunwai-states.blogspot.jp/2012/09/blog-post_5987.html

(မူရင်းလင့်) 

**************
 http://www.rohingyablogger.com/2012/09/letter-to-us-senators-and-congressmen.html