စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, December 30, 2011

ဒီအခန်းကို တကယ်ဖြတ်ကြတော့မှာလား

ဒီအခန်းကို တကယ်ဖြတ်ကြတော့မှာလားစိန်သံလုံး “ဗိုလ်ချုပ်ဟာ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့တဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ရိုက်ကူးရေးနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က ၀ိုင်းဝန်းကူညီပေးဖို့ အဆင်သင့် ရှိပါတယ်” လို့ ၂၀၁၁ ခု ဒီဇင်ဘာ ၁၀ ရက်နေ့က မြန်မာ့ရုပ်ရှင်လုပ်ငန်း ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုလောက တိုးတက်ဖွံ့ဖြိုးရေးအတွက်...

Thursday, December 29, 2011

ဝါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့် စသောပစ္စည်းများအား ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ ပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။ အဆိုပါမီးလောင်မှုမှာ ၀ါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့်စသော ပစ္စည်းများအား ကူးစက်ကာ ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ...

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို...

Wednesday, December 28, 2011

မြို့ ဝန်ကြီး... ဒါတွေသိပါသလား

ရန်ကုန်မှာ စည်ပင်သာယာအဖွဲ့ က ၂၀၁၀ ရွေးကောက်ပွဲ မစခင်လောက်ကတည်းကကွန်ကရစ်လမ်းတွေကို ယခင်အချိန်တွေကထက် တိုးချဲ့ ခင်းပေးလာတာကိုတွေ့ ရပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းမှာတော့ ရန်ကုန်ရဲ့ မြို့ နယ်အနှံ့ မှာရှိတဲ့လိုင်စင်လက်ဝယ်မရှိတဲ့ လက်ဘက်ရည်ဆိုင်တွေကို ဒဏ်ကြေးငွေ (၁၀)ဆ ဆိုပြီးထပ်မံကောက်ခံလာပါတယ်။လက်ဘက်ရည်ဆိုင်တွေဖွင့်ခွင့်လိုင်စင်မရှိတာက၂၀၀၅ခုနှစ်လောက်ကတည်းကစပြီးတရားဝင်လိုင်စင်လျှောက်ထားခွင့်ကို...

အကဲခတ်တွေ မတွေ့နိုင်အောင် အကျဉ်းသားတွေကို ဆီးရီးယားအစိုးရ ရွှေ့ပြောင်း

ဆီးရီးယားနိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ရောက်နေတဲ့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ မတွေ့နိုင် အောင် အကျဉ်းသားတွေကို စစ်တပ်တွေထဲ ရွှေ့ပြောင်းထားတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်နေ တဲ့ Human Rights Watch က ပြောလိုက်ပါတယ်။တချိန်တည်းမှာပဲ အစိုးရကတော့ အကျဉ်းသားတွေ ရာချီပြီး ပြန်လွှတ်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းတွေက ကြေညာခဲ့တာပါ။ အာရပ်အဖွဲ့ချုပ်အနေနဲ့ ထိန်းသိမ်းရေးစခန်းတွေ အားလုံးကို ၀င်ခွင့်ရရေး တောင်းဆိုဖို့နဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းတွေကို အစိုးရက ဟန့်တားတာတွေ ရှိတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က...

ကင်မ်ဂျုံအီးလ် နာရေးအခမ်းအနား ကျင်းပ

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ ပြုံယမ်းမြို့တော်က အသုဘ အခမ်းအနားမှာ ပူဆွေး ငိုကြွေးကြတဲ့ လူပေါင်းထောင်သောင်းချီ ဂါရ၀ ပြုခဲ့ကြပါတယ်။ မှုန်မှုန်မှိုင်းမှိုင်း ကောင်းကင်ကနေ နှင်းတွေ တဖွဲဖွဲကျနေချိန်မှာပဲ ဒီကနေ့ အစောပိုင်း အသုဘ အခမ်းအနား စတင်လိုက်တာပါ။ နှင်းတွေဖုံးလွှမ်းနေတဲ့ မြို့တော်ရဲ့ လမ်းပေါ်မှာပဲ ကွယ်လွန်သူ ခေါင်းဆောင်ရဲ့ ရုပ်ပုံကြီးကို တင်ဆောင်ထားတဲ့...

ရွှေဂက်စ် အကျိုးအမြတ် ရခိုင်ပြည်အတွက်လည်း ဖြစ်စေလို

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ကမ်းရိုးတန်းဒေသတွင် တူးဖေါ်နေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များကို ပြည်ထောင်စုအစိုးရမှ ရခိုင်ပြည်နယ်အစိုးရသို့ ခွဲဝေပေးရန် ၂ဝ၁၂ ဇန်နဝါရီလ တရက်နေ့ တွင် ပြည်သူ့ဆန္ဒကောက်ယူ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။လာမည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပရန်ရှိသည့် လွှတ်တော် အစည်းအဝေးများတွင် ၂ဝ၁၂၊ ၂ဝ၁၃ ပြည်နယ်နှင့် တိုင်း ဘတ်ဂျက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်ရှိရာ အဆိုပါ ဘတ်ဂျက်ခွဲဝေမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းဟုလည်း ဒေါက်တာအေးမောင်က ပြောသည်။"ကျနော်တို့တောင်းတာက...

နိုင်ငံခြားမှ ငွေလွှဲနိုင်ရန် ဧရာဝတီဘဏ် လုပ်ဆောင်နေဟု ဦးဇော်ဇော်ပြော

ရန်ကုန်(မဇ္ဈိမ) ။ ။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ငွေလွှဲပို့ဆောင်နိုင်ရန် အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။အင်္ဂါနေ့ ညနေက ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီဘဏ် တနှစ်ပြည့် ညစာစားပွဲ တွင် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။“အခု မလေးရှားက အလုပ်သမားတွေ ဗမာပြည်ကို ငွေပြန်လွှဲဖို့အတွက် ဆောင်ရွက်နေပါပြီ။ သို့သော်...

ဂျော့ဆိုးရော့စ် မြန်မာပြည်ရောက်နေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံတကာတွင် ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုအတွက် အကူအညီများ ပေးနေသည့် OSI ခေါ် Open Society Institute ကို စတင်ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဗုဒ္ဓဟူးနေ့တွင် အင်းလေးကန်သို့ အလည်အပတ်ရောက်နေသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။“သူတည်းတဲ့ ခေါင်တိုင် ကျေးရွာမှာရှိတဲ့ ဟိုတယ်က တာဝန်ရှိတဲ့သူတွေကို...

ကုမ္ပဏီများထူထောင်ရန် ကန့်သတ်ချက်များ ပယ်ဖျက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုမ္ပဏီများ မှတ်ပုံတင် ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်း အမျိုးအစား အလိုက်ရွေးချယ်ရန် ထားရှိခဲ့သည့် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ယခင်က ကုမ္ပဏီ မှတ်ပုံတင်ရန် လျှောက်ထားရာ၌ လုပ်ငန်း ကဏ္ဍအသီးသီးတွင် လုပ်ငန်းရည်ရွယ်ချက် ကန့်သက်ချက် ၁၀ ခု ကျော်စီ သတ်မှတ်ထားသော်လည်း ယခု ထိုသို့ကန့်သတ်ထားချက်များ ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ထိပ်တန်း အရာရှိတဦးက ပြောသည်။“ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ စီးပွားရေး လုပ်ငန်းတွေက...

ဇာဂနာ ပါတီဝင်ရန် ဦးဝင်းတင် ဖိတ်ခေါ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က နာမည်ကျော် လူရွှင်တော် ဇာဂနာအား NLD ပါတီဝင်ရန် ဖိတ်ခေါ်လိုက်သည်။NLD တွင် ပညာတတ်လူငယ်ကင်းမဲ့နေကြောင်း မကြာသေးခင်က ပေါ်ပေါက်လာသည့် ဇာဂနာ၏ အငြင်းပွားဖွယ် ပြောဆိုချက်နှင့် ပတ်သက်ပြီး ဧရာဝတီက အင်္ဂါနေ့က ဆက်သွယ် မေးမြန်းစဉ် ဦးဝင်းတင်က ထိုသို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင်...

ဂျီအက်စ်အမ်ဖုန်းများ ငါးနှစ်အတွင်း 4G အထိ အဆင့်မြှင့်မည်

ရန်ကုန်မြို့တွင်းတစ်နေရာတွင် မိုဘိုင်းဖုန်းဖြင့် ဆက်သွယ်ပြောဆိုနေသူများအား တွေ့ရစဉ် ဂျီအက်စ်အမ် ဖုန်းများအား ငါးနှစ်အတွင်း 4G အဆင့်ထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာ-ကိုရီးယားနှစ်နိုင်ငံကြား ဆက်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှ သတင်းရရှိပါသည်။လက်ရှိ မြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲနိုင်မှုမှာ တစ်နိုင်ငံလုံးလူဦးရေ၏ ငါးရာခိုင်နှုန်းသာ ဖုန်းသုံးစွဲနိုင်သေးကြောင်း၊ ငါးနှစ်အတွင်း ဖုန်းအလုံးရေ...

သံယာတော်များ နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ကြရာတွင် အခက်အခဲအချို့နှင့်ကြုံတွေ့နေရ

သံဃာတော်များသည် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ကြရာတွင် သတ်မှတ်ထားသော ထောက်ခံစာများ ရှိနေမှသာ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ခြင်းနှင့် အဟောင်းများကို သက်တမ်းတိုးမှုများ ပြုလုပ်၍ရသောကြောင့် အချိန်ကြန့်ကြာမှု အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။သံဃာတော်များ နိုင်ငံကူးလက်မှတ်အသစ်များ ပြုလုပ်ခြင်းနှင့် အဟောင်းများကို သက်တမ်းတိုးရာတွင် မိမိလက်ရှိ သီတင်းသုံးသော ကျောင်းထိုင်ဆရာတော်၏ ထောက်ခံစာ၊ မြို့နယ်သံဃနာယက ဆရာတော်၏ ထောက်ခံစာနှင့် မြို့နယ်ရဲစခန်း၏ ထောက်ခံစာ တို့ကိုယူဆောင်ပြီး အထက်သာသနာရေးဌာနရုံးကို တင်ပြရသည်။ ၎င်း သာသနာရေးဌာနရုံးမှ နိုင်ငံကူးလက်မှတ်...

ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ စတင်

ချီဖွေ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ မြစ်ဆုံအထက်မိုင် ၆၀ ခန့် အကွာ မေခမြစ်ပေါ်ရှိ ၃၄၀၀ မဂ္ဂါဝပ် ရှိသော ချီဖွေရေအား လျှပ်စစ်စီမံကိန်းအား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြေသားလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိ ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။''မေခမြစ်ပေါ်မှာ တည်ဆောက်မှာဖြစ်တဲ့ ချီဖွေ ရေအားလျှပ်စစ်စီမံကိန်းကို စတင်ဖို့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီး စီမံကိန်းလုပ်ငန်းတွေ စတင်နေပြီ။ လိုအပ်တဲ့ စက်ယန္တရားတွေလည်း ရောက်နေပါပြီ''ဟု ရေ အားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများနှင့်...

နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်သော မြန်မာဘဏ်များ နိုင်ငံတကာအဆင့် လည်ပတ်နိုင်ပြီးမှသာ

မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသော စင်ကာပူအခြေစိုက် UOB ဘဏ်၏ မလေးရှားနိုင်ငံရှိ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များ၊ အစိုးရပုဂ္ဂလိက ဖက်စပ်ဘဏ် ၁၁ဘဏ်သည် နိုင်ငံခြားဘဏ် လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားပြီး အဆိုပါလုပ်ငန်းကို နိုင်ငံတကာအဆင့်မီ လည်ပတ်နိုင်ပြီးမှသာ ကိုယ်စားလှယ် ရုံးအဖြစ် ဖွင့်လှစ်ထားသော နိုင်ငံခြား ဘဏ်များအနေဖြင့် ဘဏ်ခွဲအဖြစ် မြန်မာနိုင်ငံတွင်...

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ဏ အက္ခရာ ကားဟောင်းများ အပ်နှံမှု စတင်လက်ခံမည်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ဏ အက္ခရာကား ဟောင်းများကို အပ်နှံမှုကို စတင် လက်ခံသွားမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါ သည်။ယခုအခါတွင် ည အက္ခရာ ကားဟောင်းများအပ်နှံမှုမှာ ပြီးစီးလု ပြီဖြစ်ကြောင်း၊ ည အက္ခရာကား ဟောင်းများအပ်နှံမှုပြီးစီးနှင့်သည် ဏ အက္ခရာကားဟောင်းများကိုအပ် နှံခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဏ အက္ခရာကားဟောင်းများပြီးသည် နှင့် ထ အက္ခရာကားဟောင်းများကို ထပ်မံ၍ အပ်နှံမှုလက်ခံသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။“လာမယ့် ဇန်န၀ါရီလ ၁ ရက် နေ့က စပြီး ဏ အက္ခရာကား ဟောင်းတွေကို အပ်နှံမှု စတင်လက် ခံပါမယ်။ ကျွန်တော်တို့...

ထိုင်းနိုင်ငံသို့ မြန်မာအပါအ၀င် ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်လည်ပတ်မှု ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံသို့ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်မှု ပုံမှန်အနေအထား သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ထိုင်းနိုင်ငံသည် နှစ်ပေါင်းများစွာ အတွင်း အဆိုးရွားဆုံးသော ရေကြီးမှုများကို ရင်ဆိုင်ခဲ့ရကာ စီးပွားရေးအရ ဆုံးရှုံးမှုများ၊ လူသေဆုံးမှု များကို ရင်ဆိုင်ခဲ့ရကြောင်း၊ ခရီးသွားလုပ်ငန်းကို အဓိကထားလုပ်ကိုင်ရာ ဘန်ကောက်မြို့သို့ ရေ၀င်ရောက်မှု များရှိလာသည့်အတွက်...

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာနှင့်အနီးဆုံး ဆုံမှတ်သို့ အင်္ဂါဂြိုဟ် ရောက်ရှိ

၂၀၀၉ ခုနှစ်အတွင်းက နေကြတ်မှုဖြစ်ပေါ်စဉ် နက္ခတ်သိပ္ပံရှုထောင့်အရ လာမည့် ၂၀၁၂ ခုနှစ်အတွင်းတွင် အင်္ဂါ ဂြိုဟ်သည် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ် သို့ရောက်ရှိခြင်းနှင့် သောကြာဂြိုဟ် မှာ ကမ္ဘာနှင့်နေအကြားဖြတ်ပြီး နေ အ၀န်းအတွင်း အနက်စက်အသွင် ရောက်ရှိသည့်ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ရန်ရှိကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မှ သတင်းရရှိသည်။၂၀၁၂ ခုနှစ်အတွင်း အင်္ဂါဂြိုဟ် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ်သို့...

ဒေါ်အောင်ဆန်းစုကြည်နှင့်အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး တွေ့ဆုံ

မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင်၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ထိုအစည်းအဝေးသို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ တက်ရောက်ခဲ့ပြီး အဆိုပါနေ့ မွန်းလွဲ ၃ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ခဲ့ပြီး သီးခြားတွေ့ဆုံခဲ့ကာ...

မီးလောင်မှု ဖြစ်ပွား

အထက်ဗဟိုလမ်း မရမ်းကုန်း ၂ ရပ်ကွက် ၊ သာကူစေ့စက်ရုံ ၄နာရီ ၁၅ မိနစ်မှစ၍ မီးလောင်မှုဖြစ်ပွားရာ ၅ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ပြီဖြစ်သည်။ အနီးရှိရပ်ကွက်မှာ လူနေအိမ်ခြေစိပ်သည့် လူနေရပ်ကွက်ဖြစ်သည်။ မီးသတ်ကား ၆ စီး ၇ စီး လာရောက်သည်ကိုတွေ့ရသည်။ဆူပါကပ်စတန် ၁ စီး ဒိုင်နာ၁ စီး မီးလောင်ပျက်စီးခဲ့သည်။ စက်ရုံအ၀င်ဝတွင် အနားကပ်လျက်တိုက် ပြူတင်းပေါက်မှန်ကွဲ အပျက်အစီးများ တွေ့ရှိရသည်။မီးလောင်မှု အကြောင်းရင်းမှာ ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦး ဂက်စ်မီခြစ်ဆော့ရာမှ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မီးသတ်တာဝန်ရှိသူများက ပြောသည်။မီးလောင်ခါစတွင် စက်ရုံအတွင်းမှ ပေါက်ကွဲသံများက...

Tuesday, December 27, 2011

မလေးရှားဆေးကျောင်းသား ၏ လိင်တူလက်ထပ်ပွဲ အား မလေးလူမျိုးများ မှ လက်မခံနိုင်ကြသေး

အိုင်ယာလန်နိုင်ငံတွင် ၄င်း၏ချစ်သူအမျိုးသားနှင့်လက်ထပ်ခဲ့သော မလေးရှားနိုင်ငံသားတဦး၏လက်ထပ်ပွဲအား အွန်လိုင်းပေါ်တွင် ဒေါသတကြီးနှင့် တုန့်ပြန်မှုများရှိလာခဲ့ပြီး Facebook ပေါ်ရှိအဖွဲ့တခုမှ အဆိုပါမလေးရှားနိုင်ငံသားအား မလေးရှားနိုင်ငံသို့ပြန်လည်ခေါ်ဆောင်လာပြီးကယ်တင်ရန်တိုက်တွန်းခဲ့သည်။ မည်သို့မည်ပုံကယ်တင်မည်ကိုကား မသိရသေးပေ။လွန်ခဲ့သောသုံးနှစ်ကတည်းက ပျောက်ဆုံးနေခဲ့သည်ဟု ၄င်း၏မိသားစုမှ...

Monday, December 26, 2011

ခလုတ်တစ်ချက် နှိပ်ရုံဖြင့် ရဲ ခေါ်နိုင်မည့် ဖုန်းဆော့ဖ်ဝဲ

Selangor ။ ။ သင် ဘေးအန္တရာယ် ကျရောက်ချိန် ရဲကို စကားတစ်ခွန်းမှ မပြော ဆိုရဘဲ ချက်ချင်းခေါ်နိုင်ဖို့ လိုအပ်နေပါ သလား၊ HELP! (SOS) ဟူသော ခလုတ်လေး တစ်ချက်နှိပ်လိုက်ရုံနှင့် သင်မည်သည့် နေရာ တွင် ရှိနေနေ ရဲမှ ချက်ချင်းရှာဖွေနိုင် မည် ဖြစ်သည်။ အဆိုပါ အသုံးချ ဖုန်းဆော့ဖ်ဝဲ လေးအား ဆီလန်ဂေါရဲဌါနမှ ဖန်တီးခဲ့ပြီဖြစ် သည်။နေ့စဉ်နှင့်အမျှ မှုခင်းဖြစ်မှု များပြားလျှက်ရှိသော မလေးရှားနိုင်ငံအတွက်...

အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုးလုပ်ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း

Tadeusz Górny, via Wikimedia Commons ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘင်နဒစ် (Benedict XVI)။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး တိုးမြင့်လုပ်ဆောင်ဖို့ အပါအဝင် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ ပုပ်ရဟန်းမင်းကြီး က ခရစ္စမတ်နေ့ သဝဏ်လွှာမှာ တိုက်တွန်းပြောကြား လိုက်ပါတယ်။မနေ့က ဘာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ ဟောပြောတဲ့ ခရစ္စမတ် သဝဏ်လွှာမှာ...

ပညာရေး ရန်ပုံငွေ ဂီတပွဲတော် ဒီဇင်ဘာလ ၃ဝ မှာ ကျင်းပမယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပညာရေး ရန်ပုံငွေအတွက် ပြုလုပ်မည့် ဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော် မြေစိုက်ကြော်ငြာပုံ ဖြစ်ပါသည်။ တိုင်းရင်းသားဒေသတွေအတွက် ပညာရေး ရန်ပုံငွေ စင်တင်တေးဂီတပွဲတော်ကို လာမယ့် ဒီဇင်ဘာလ ၃၀ မှာ ကျင်းပမှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ် အမှာစကား ပြောကြားပါမယ်။ဂီတပွဲတော်ကို မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့...

ဂျပန် အထောက်အပံ့ မြန်မာ ပြန်ရဖွယ်ရှိ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကိုအီချီရို ဂမ်ဘာ Koichiro Gemba နဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ပြောင်းလဲလာတဲ့...

ပါရမီ ယာဉ်မောင်းများ၏ တောင်းဆိုချက် ဦးပိုင်လိုက်လျော

ရန်ကုန်၊ ချင်းမိုင်(မဇ္ဈိမ) ။ ။ စစ်ဗိုလ်ချုပ်များ ဦးစီးထားသည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်က ‘ပါရမီ’ တက္ကစီ အငှားယာဉ်မောင်းများအပေါ် တင်းကြပ်ထားသည့် စည်းမျဉ်းများကြောင့် ယာဉ်မောင်းများက ဆန္ဒပြ တောင်းဆိုတော့ မည် အရေးနှင့် ရင်ဆိုင်လိုက်ရပြီး အရေးပေါ် အစည်းအဝေးခေါ်ကာ ညှိနှိုင်း သဘောတူပေးခဲ့ရ သည်။တင်းကြပ်မှုများကို မခံနိုင်ကြသဖြင့် ‘ဗန္ဓုလ’ သယ်ယူပို့ဆောင်ရေး အောက်ရှိ ပါရမီယာဉ်မောင်းများက စုဖွဲ့ကာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုရန် ပြင်ဆင်ခဲ့မှုမှာ သတင်းပေါက်ကြားခဲ့ပြီး ၁၃ ရက်နေ့တွင် ဦးပိုင် လီမိတက်က ယာဉ်မောင်းများကို အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့သည်။...

ခိုးထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ ကွန်ပြူတာ Hackers အုပ်စု အလှူပေး

Anonymous အမည်မသိသူများလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အုပ်စုတစ်ခုက ပရဟိတအဖွဲ့အစည်းတွေကို ဒေါ်လာ တစ်သန်း လှူဒါန်းဖို့အတွက် အွန်လိုင်းလုံခြုံရေး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုဆီကနေ အီးမေးလိပ်စာတွေနဲ့ အကြွေးဝယ်ကဒ်တွေရဲ့ သတင်းအချက်အလက် ထောင်ပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ ပြောလိုက်ပါတယ်။Stratfor ဆိုတဲ့ အွန်လိုင်းလုံခြုံရေးကုမ္ပဏီဟာ သူတို့ဆီမှာ အလုပ်အပ်ထားသူတွေရဲ့ သတင်းအချက်အလက် တွေကို တခြားလူ မသိနိုင်အောင် encrypt လို့ခေါ်တဲ့ ပုံဖျက်ဖုံးအုပ်တဲ့ နည်းပညာကိုသုံးပြီး လုံခြုံအောင် မလုပ်နိုင်ခဲ့တာကြောင့် ခိုးယူဖို့ လွယ်ကူသွားစေခဲ့တယ်လို့ မခံချိမခံသာဖြစ်အောင်ပြောပြီး...

မြောက်ကိုရီးယား ခေါင်းဆောင်သစ် အာဏာရပါတီ အကြီးအကဲတာဝန်ယူ

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့သူဟာ နောက်ထပ် ထိပ်တန်း ရာထူးတစ်ခုကိုလည်း လက်ခံယူခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရသတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။နိုင်ငံအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီ ခေါင်းဆောင်အဖြစ် ကင်မ်ဂျုံအွန်းကို ခန့်အပ်လိုက်ကြောင်းကို ကွန်မြူနစ်ပါတီရဲ့ Rodong Sinmun သတင်းစာက ရည်ညွှန်းရေးသားတာ ဖြစ်ပါတယ်။စနေနေ့နှောင်းပိုင်းက သတင်းတွေမှာ မြောက်ကိုရီးယားအစိုးရ ဗဟိုသတင်းဌာနက ဗိုလ်ချုပ်ကြီး ကင်မ်ကို တော်လှန်ရေးတပ်ဖွဲ့များရဲ့ ခေါင်းဆောင် အကြီးအကဲအဖြစ်...

ဘူးသီးတောင် ၁၉၉၀ အမတ် လွှတ်ပေးရန် NDPHR တောင်းဆို

ချင်းမိုင်(မဇ္စျိမ) ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဦးကျော်မင်းနှင့် မိသားစုကို လွှတ်ပေးရန် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ NDPHR (ပြည်ပ)မှ တနင်္လာနေ့က တောင်းဆိုလိုက်သည်။၂ဝ၁၂ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်လာ ပြီးနောက် မြင်းခြံထောင်မှ ဦးကျော်မင်းနှင့်...

ဇင်းကျိုက်မီး ၁၂၄ အိမ် လောင်ကျွမ်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ အိမ်ခြေပေါင်း ၁၂၄ အိမ် လောင်ကျွမ်းပြီး ခန့်မှန်း ကာလတန်ဖိုး ကျပ် ၉၃၀ သိန်းကျော် ဆုံးရှုံးကာ လူဦးရေ ၉၉၃ ဦး အိုးအိမ်မဲ့ရသည့် မီးလောင်မှုတခု မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့သည်ဟု ပေါင်မြို့နယ် ပြန်/ဆက်ဌာနက ပြောသည်။“ရထားလမ်း အပေါ်ဘက်ခြမ်းကနေ စပြီး လောင်တယ်။ မီးက အဲဒီကနေ ခုန်ကူးပြီး ရထားလမ်း အနောက်ဘက် ကို ရောက်သွားတယ်။ အနောက်ဘက်ခြမ်း တိုးချဲ့ရပ်ကွက်က အကုန်လုံး ပါသွားတယ်” ဟု ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ အမျိုးသမီး ဝန်ထမ်း တဦးက ပြောသည်။ဇင်းကျိုက်မြို့ တိုးချဲ့ရပ်ကွက်ရှိ...

ရဲဘော်သုံးကျိပ် သွေးသစ္စာနေ့ အလှူ

ရန်ကုန် (မဇ္ဈိမ) ။ ။ ကွယ်လွန်လေပြီးသော ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်းပွဲကို တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံတွင် ပြုလုပ်ခဲ့ သည်။ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ၁၉၄၁ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်ဝင်များ လွတ်လပ်ရေးအတွက် လက်မောင်းသွေးကို ဖောက်ကာ သွေးသစ္စာ ဆိုခဲ့ကြသည့်နေ့ ဖြစ်သည်။ ထို့ကြောင့်...

အီတာလျံ-ထိုင်း ကုမ္ပဏီကား ပြန်ပေးဆွဲအဖွဲ့ KNU အရေးယူမည်

အခန်းအနားတခုတွင် တွေ့ရသော KNU တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - globalchin.org) ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တချို့ကို အီတာလျံ-ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီမှ ကား ၁၆ စီးနှင့် ကားသမားများ ပြန်ပေးဆွဲသည့်အမှုနှင့် ပတ်သက်၍ အရေးယူရန် စီစဉ်နေကြောင်း KNUက ပြောသည်။ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်...

ထိုင်းရှိ မြန်မာအလုပ်သမားများ အစိုးရ ကူညီမည်

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း Khon Kaen မြို့ရှိ ငါးဖမ်းပိုက်ကွန်စက်ရုံတွင် အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြနေကြသော မြန်မာပြည်သား အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ) ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများ အရေးနှင့် ပတ်သက်ပြီး ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ကူညီဆောင်ရွက်ရန် မြန်မာ အစိုးရ အလုပ်သမားဝန်ကြီးဌာနကစီစဉ်နေကြောင်း ပြောသည်။“ကျနော်တို့ လာမယ့် ဇန်န၀ါရီလဆန်း...