စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, February 5, 2012

လျှပ်စစ် (၁) ဝန်ကြီးဌာနက အရာထမ်းတစ်ဦး၏ ပေးစာ


မြန်မာနိုင်ငံမှာ သူ့လောက် ဘယ်သူမှ မသိဘူးဆိုတဲ့ လျှပ်စစ်ဝန် ဦးဇော်မင်း (ဓာတ်ပုံ - EMG)

(ဖေ့စ်ဘုတ်ကနေ ယူလာပါတယ်)

စနေနေ့၊ ဖေဖော်ဝါရီလ ၄၊ ၂၀၁၂

လျှပ်စစ် (၁) ဝန်ကြီးဌာနက အရာထမ်းတစ်ဦး၏ ပေးစာ

ကျွန်တော်ဟာလျှပ်စစ်(၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှုးတစ်ဦးပါ။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာက ကျွန်တော်တို့ဌာန၊ ကျွန်တော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ၊ ပြည်သူကို နားလည့်ပါးလှည့် လုပ် စီးပွါးရေးသမားတွေနဲ့ တရုပ်တွေနဲ့ လက်ဝါးချင်းရိုက်တဲ့ ကိစ္စတွေပါ။

(၁၅-၁၂-၁၁) နေ့မှာလျှပ်စစ်(၁)၊ အေးရှားဝါးနဲ့စီပီအိုင် (တရုပ်) တို့ ချီဖွေစီမံကိန်းကို ဒီဇင်ဘာမှာ စတင် အကောင်အထည်ဖော်ဘို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။ (၁၅-၁၂-၁၁) ညနေ (၇) နာရီမှာဝန်ကြီး ဦးဇော်မင်း အမိန့်နဲ့ ညွှန်ချုပ်ဦးကြီးစိုးက သူလက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။ (၁၆-၁၂-၁၁) နေ့မှာ ဒုသမ္မတ (၁) နဲ့ ဒီစီမံကိန်းကိစ္စကို တစ်နေ့လုံးအကြေအလည် ဆွေးနွေးကြတယ်။ ဒါတွေ အားလုံးကို ကျွန်တော်တို့ရဲ့ပြည်သူတွေကို လုံးဝချမပြပါဘူး၊ သတင်းစာမှာလည်း မဖေါ်ပြပါဘူး၊ ကျွန်တော်တို့ အတတ်ပညာရှင်တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး၊ ငါသိတယ် ငါတတ်တယ်၊ ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ် ပြည်သူ သဘောတူစရာ မလိုဘူးဆိုတဲ့ သဘောပါ။

တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ် မဟုတ်ပါဘူး ။ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက (၁) ခုပါ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်းကြေညှာ ထားတာပါ။ မြစ်ဆုံရဲ့ အထက်ဘက်မိုင် (၆၀) အကွာ မေခမြစ်ပေါ်မှာရှိပြီး မဂ္ဂါဝပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အရင်စာချုပ်ထဲက အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းထဲက တစ်ခုဖြစ်တဲ့မြစ်ဆုံ စီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ငွေပမာဏကို ကျန် (၆) ထဲခွဲထည့်လို့ ငွေစာရင်း အရပြောင်းသွားတာဘဲ ကွာပါတယ်။ ပြည်သူသိသွားလည်းမြစ်ဆုံကို လုပ်တာမဟုတ်ဘူး ချီဖွေကိုလုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ လိမ်ညာမုသားတွေ ပြောအုံးမှာပါ။ ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိဝန် ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်း အသိပေးအုံးမယ်ဆိုတာ သိစေချင်တယ်။

သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းကြီးတစ်ခုလုံးပါ ၊မြစ်ဆုံလေး တစ်ခုတင်မဟုတ်ပါဘူး၊ ချီဖွေကိုလုပ်ရင်လည်း လူမှုရေးရော၊ သဘာဝပတ်ဝန်းကျင်ရောထိခိုက် ပျက်စီးမှာဘဲ၊ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန် တရုပ်ကသိမ်းမှာဘဲ ထွက်လာမယ့် လျှပ်စစ်ကလည်း တရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါး ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတ ၁တို့ မိသားစုကော်မရှင်ရကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေ ရင်းလိုက်ရတာဘဲ အဖတ်တင်မယ်။ သမ္မတကြီးကိုပြောပေးပါ ဒီကိစ္စပွင့် လင်းစွာပြည်သူကို ချပြပေးစေလိုပါတယ်။

ကျွန်တော်တို့ အတတ်ပညာရှင်တွေကို ကြေညက်စွာဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့ သက်ဆိုင်ရာအုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချုပ်မှုမျိုးဆောင်ရွက် တတ်အောင်လေ့ကျင့် ပျိုးထောင် ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။

၉၄ ရာခိုင်နှုန်းကို စာနာပါ


ယခု တိုင်အောင်ပင်လျှင် ဥပဒေအရ တို့ကလွဲရင်/တို့ခွင့်ပြုထားသူကလွဲရင် ဘယ်သူမှ လုပ်ခွင့်မပေး... ကြိုးဖုန်းများ အရစ်ကျစံနစ်နှင့် ရောင်းပေးမည်။ ဈေးနှုန်း ကတော့ ခြောက်သိန်းခွဲ (ဒေါ်လာရှစ်ရာခန့်) ဆိုတာမျိုး နှင့် အဘယ်ပြင်ပရင်းနှီးမြှုပ်နှံမှုမျိုးကို သူများနှင့်ယှဉ် ၍ ကြိုဆိုနိုင်ပါမည်နည်း...

Messenger Journal Vol.2 No.38 Supplement A ပါဆောင်းပါး

၉၄ ရာခိုင်နှုန်းကို စာနာပါ

အဆိုးမြင်သူတစ်ယောက် မဟုတ်သည့်တိုင် ငါးထောင်ဖုန်းသတင်း စကြားလိုက်သည်နှင့် ဘယ်လိုတုန့်ပြန် သံတွေ ထွက်လာမလဲဆိုတာ မှန်းဆမိခဲ့ပါသည်။

အများပြည်သူတွေက ကြိုဆိုကြသည်။ ကမ္ဘာ့အမြင့်ဆုံး ဆင်းမ်ကတ်ပေါက်ဈေးနှင့် ၀ယ်သုံးခဲ့ရပြီး (အလွန်
အတ္တကြီးသူတချို့ကလွဲလျှင်) ဖုန်းရှိနှင့်ပြီးသူတွေကလည်း မုဒိတာ ပွားကြသည်။ မယုံနိုင်ကြသော်လည်း အဲဒီအ တိုင်း ဖြစ်လာပါစေဟု ပြောကြဆိုကြသည်။

မဟာအခွင့်ထူး ရခဲ့ဖူးသူတို့ဘက်ကလည်း ချက်ချင်းအသံထွက်လာသည်။ ဒီဈေးနှင့် ဘယ်လိုမှမဖြစ်နိုင်တဲ့။ ဥပဒေအရ ချုပ်ကိုင်စီမံထားသူတို့ဘက်ကလည်း ဥပဒေနှင့်ပဲ ကိုင်ပေါက်သူကပေါက်၊ ဆင်းမ်ကတ်ဆိုတာတော့ ပေါတာပေါ့ (ခုကျမှ)၊ အရေးကြီးတာက နက်ဝပ် . .. နက်ဝပ်တွေဆောက်ရတာလွယ် မှတ်လို့ဟု ငေါက်ငမ်းသူက ငေါက်ငမ်း . . . ဂြိုဟ်တုမရှိလို့ ဒီလိုဈေးကြီးနေရတာလို့ အကြောင်းပြသူကပြ … ငါတို့ နက်ဝပ်ကို မဖြတ်ဘဲ ဒင်းက ဘယ်ကဖြတ်မှာတဲ့လဲ … လုပ်ကြည့်စမ်းပါ ဟု မာန်သူကမာန် .. နည်းပညာကို လွှဲချသူကချ ..

သေချာတာကတော့ ဒီသတင်းအပေါ် အလွန်ပင်ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုကြသော အများပြည်သူကြီးက တစ်ဖက် … အကျိုးစီးပွားတွေ၊ အခွင့်အာဏာတွေနှင့် လုပ်ပိုင်ခွင့်တွေ ကိုင်လှုပ်ခံရတော့မလို အလန့်တကြား ငြင်း ဆန်ကန့်ကွက်သံတွေ ထွက်လာတာတွေက တစ်ဖက် … ကွဲပြားလှသော အသံတွေ ထွက်လာပါတော့သည်။

တစ်ချိန်က အခြေအနေတစ်ခုကြောင့် ဆယ်င့ါးသိန်းထိ တက်ယူခဲ့သော ဂျီဖုန်းများ အကြောင်းကြောင်း ကြောင့် ပျက်စီး/ပျောက်ဆုံး၍ လဲလှယ်လျင်ပင် လဲလှယ်ခ ကျပ်ငါးသောင်း (ယခင်က တစ်သိန်း)၊ နာမည်ပေါက် ချင် ကိုယ့်တာဝန်ကိုယ်ယူ၊ အာမခံလက်မှတ်ထိုး၊ မှတ်တမ်းမှာ နာမည်ပြောင်းရေးခက ကျပ်ငါးသောင်း၊ လိပ်စာ ပြောင်းချင် ကျပ်တစ်သောင်းဆိုပြီး (အခြားသောဌာနများနှင့် ခြားနားစွာ) အရာရာကို သောင်းချီ/သိန်းချီ သတ်မှတ် စီမံခွင့်ရနေသူများထံမှ ကျပ်ငါးထောင်တန် ဆင်းမ်ကတ်အတွက်တော့ မဖြစ်နိုင်သည့်အကြောင်းတွေသာ သိန်း သောင်းချီကြားရမည်ဟု မျှော်လင့်ပြီးသား ဖြစ်ပါသည်။.

ဟုတ်ကဲ့ … မြန်မာပြည်ထက် ခေတ်အဆက်ဆက် အရာရာနိမ့်ပါးသည်ဟု သတ်မှတ်ခံခဲ့ရသော အိမ်နီး
ချင်း ကုန်းတွင်းပိတ်လော နိုင်ငံငယ်လေးတွင်ကော ဂြိုဟ်တုကိုယ်ပိုင်ရှိပါသလား … သေချာတာကတော့ လွန် ခဲ့သည့် ငါးနှစ်လောက်ကပင် လောမှာ နံပါတ်သေဆင်းမ်ကတ်တစ်ကတ်လျှင် ဆယ်ဒေါ်လာ (ကျပ် ရှစ်ထောင် စွန်းစွန်း) နှင့် အလွယ်တကူ ၀ယ်သုံးနိုင်နေခဲ့ပြီ။ လူဦးရေခြောက်သန်းတွင် တစ်သန်းခွဲ ၂၅ ရာခိုင်နှုန်း ဖုန်းသုံးနိုင် နေခဲ့ပြီ။ ယခုလောက်ဆို လူဦးရေ ထက်ဝက်ထက်မနည်း သုံးနိုင်နေလောက်ပြီ။

ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာကော အိန္ဒိယရဲ့ အမွဲတေဆုံးပြည်နယ်တွေမှာရော၊ တရုတ်ပြည်ရဲ့ အသွားအ လာ ခက်ခဲတဲ့ဒေသတွေမှာကော၊ အာဖရိကမှာကော ဘယ်မှာမှ မိုဘိုင်းနက်ဝပ်တွေ ဆောက်ရခက်လို့ တိုင်တွေ လိုက်စိုက်နေရလို့ဆိုတဲ့ အကြောင်းပြချက်နှင့် ဆင်းမ်ကတ်တစ်ကတ် ဒေါ်လာသုံးရာကျော်ပေးရတာမျိုး မကြားဖူး ခဲ့၊ ထိုနိုင်ငံတွေမှာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာပင်မပြည့်သည့် ထင်းခြောက်လိုက်ကောက်သူပင် မိုဘိုင်းဖုန်းသုံးစွဲ နိုင်ကြသည်မှာ အိပ်မက်မဟုတ်ပါ။.
ကမ္ဘာပေါ်တွင် တံခါးပိတ်ဝါဒနှင့်ကျန်ခဲ့သည့် နောက်ဆုံးနိုင်ငံအနည်းငယ်ထဲတွင် ပါဝင်သော ကျူးဘားမှာ ပင်လျင် ဆင်းမ်ကတ်တစ်ကတ် ဒေါ်လာတစ်ရာ (ကျပ်ရှစ်သောင်းကျော်) သာ ဖြစ်ရာ ဒီမိုကရေစီနိုင်ငံသစ်ဆီ နောက်ပြန်မလှည့်စတမ်း ချီတက်နေသည်ဆိုသော မြန်မာနိုင်ငံတွင် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနှင့် ဆက် သွယ်ရေးကဏ္ဍကို ဇက်ကြိုးကြီးတုန့်ဆွဲပြီး ပက်ကျိနှုန်းထားနှင့် ချီတက်နေသည်မှာ မည်သို့မျှ ဆီလျော်မှုမရှိတော့ ပါ။

ယနေ့ထိ မြန်မာ့တယ်လီဖုန်းသိပ်သည်းဆမှာ ၆ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် တယ်လီဖုန်းမသုံးနိုင်သော လူဦးရေမှာ ၉၄ ရာခိုင်နှုန်း ဖြစ်နေပါသည်။ (ကမ္ဘာပေါ်တွင် အနိမ့်ဆုံးနှုန်း/ရှက်ဖွယ်လိလိ နိမ့်ကျမှုနှုန်းဖြစ်၏) လျှပ် စစ်စွမ်းအင်သုံးစွဲနိုင်မှုပင်လျင် ၂၅ ရာခိုင်နှုန်းခန့်ရှိနေရာ ဆက်သွယ်ရေးတိုးတက်အောင် လုပ်ဆောင်ဖို့က ပို၍ပင် ဦးစားပေးသင့်ပါသည်။
လုပ်လည်းလုပ်နေပါသည်ဟုဆိုသော ဂျီအက်စ်အမ် သန်း ၃၀ ငါးနှစ်စီမံကိန်းကြီးကို အသံစထွက်လာက တည်းက လေ့လာမိပြီး သက်ပြင်းချမိခဲ့ရသည်။ အစိုးရသစ်တက်စ ထိုအချိန်က မီဒီယာတွေ ယခုလောက် မပွင့် လင်းနိုင်သေး၍ သုံးသပ်မိသမျှ ရင်ထဲမှာပဲ ထားခဲ့ရသည်။ ယခုတော့ ပြောရတော့မည်။

အစိုးရဟောင်း၏ နောက်ဆုံးစီမံမှုများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပုံရသည့် မိုဘိုင်းဖုန်းကို ကျပ်ဆယ့်ငါး သိန်းမှ ငါးသိန်းသို့ ပြန်ချပေးခဲ့တော့ ဒါ ဆက်သွယ်ရေးလွယ်ကူမှုအတွက် ပထမအဆင့်ပဲလေဟု သက်မချမိခဲ့ သည်။ ယခင်က လိုင်းအင်အားသောင်းဂဏန်းအတွက် ကျပ်ငါးသိန်းနှင့်စခဲ့ပြီး ပြင်ပပေါက်ဈေးကြောင့် ဆယ့်ငါး သိန်းတက်ယူခဲ့သည်။ နောက်ပိုင်း လိုင်းအင်အား ရန်ကုန်-မန္တလေးပေါင်းလျင်ပင် သုံးလေသိန်းထက်မနည်း စီစဉ် တော့လည်း တပ်ဆင်ခ ငါးသိန်းဆိုတော့ နည်းနည်းမျက်ခုံးပင့်ကြည့်ခဲ့မိသည်။ တစ်ဖန် ထိုစံမံကိန်းကို နာမည်ကြီး ကုမ္ပဏီတစ်ခုတည်းကသာ ပြိုင်ဖက်မရှိ လုပ်ခွင့်ရသည်ဆိုတော့ Cronism ဆိုသည့် စကားလုံးကို ပိုသဘောပေါက် သွားခဲ့သည်။

(ဆက်သွယ်ရေးလုပ်တာ စာအုပ်ရိုက်သလိုပဲ စောင်ရေများလေ တစ်အုပ်ချင်းကုန်ကျစရိတ် လျော့ကျလေ၊ ဖုန်းလိုင်းများလေ တစ်လိုင်းချင်းစရိတ်လျော့ကျလေ၊ ဈေးလျော့ရောင်းနိုင်လေပဲဆိုတာ ကလေးက အစ တွက်ကြည့်နိုင်သည်)
တစ်ဖန် အစိုးရသစ်လက်ထက် သန်း ၃၀ စီမံကိန်းမှာတော့ ကုမ္ပဏီကြီးတစ်ခုတည်း မဟုတ်တော့ ဘဲ ကုမ္ပဏီအများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ ပထမဆုံးနှစ်မှာတင် လိုင်းအရေအတွက် လေးသန်း ရောင်းချသွားမည်ဟု ဆိုသည်။ အရေအတွက်က အားရစရာကောင်းသလောက် ဈေးနှုန်းအကြမ်းဖျင်းဆိုတာ ကြား ရပြန်တော့ ဘ၀မကျနိုင်ခဲ့။ ဒီမျှသန်းချီ လိုင်းအရေအ တွက်ရောင်းချဖို့ စီစဉ်ထားတာတောင် ဆင်းမ်ကတ်တစ်ကတ် သုံးသိန်းဝန်းကျင်တဲ့လား၊ များများရောင်းရမှ နောင်စီမံကိန်းနှစ်တွေမှာ ဈေးထပ်လျှော့ပေး မည်ဟု ဆိုသည်။

ထိုစံမံကိန်းအတွက် ပါဝင်သော ကုမ္ပဏီများမှ ကျပ်ဘီလီယံငါးရာ ရင်းနှီးမြုပ်နှံမည်ဟု ဆိုသည်။ တစ်ကတ် ကျပ်သုံးသိန်းနှုန်းနှင့် ပထမနှစ် ကတ်လေးသန်းရောင်းချရလျင်ပင် ကျပ်ဘီလီယံတစ်ထောင့်နှစ်ရာ ပြန် ရမည် ဖြစ်ရာ တစ်ကျပ်ရင်းပြီး ချက်ချင်းနှစ်ကျပ်ကျော်ကျော် ပြန်ရှာမည့်သဘောသာ ဖြစ်နေသည်။ (ပြောခတွေ လုံးဝမပါသေး)
ငါးသိန်းနှင့်ရောင်းစဉ်က လိုအပ်ချက်ရှိသူတွေက ကြိတ်ကြိတ်တိုးဝယ်ကြသည် ဆိုသည့်တိုင် ရန်ကုန်- မန္တလေး နှစ်မြို့ပေါင်း တစ်နှစ်အတွင်း ကတ်ငါးသိန်း ပြည့်ပါရဲ့လား၊ သုံးသိန်း (သို့) နှစ်သိန်းခွဲနှင့် ရောင်းပါ လျှင် ဝယ်လိုအားနှစ်ဆတိုးပါမှ ကတ်တစ်သန်းလောက် ပဲ ရောင်းရနိုင်သည်။ တစ်နှစ်အတွင်း ကတ်လေးသန်း ရောင်းချဖို့ဆိုသည်မှာ ထိုဈေးနှုန်းနှင့်သာ ဆိုလျှင် လျာ ထားချက်ပြည့်မီမည် မထင်၊ သို့ဆိုလျှင် နောင်ဒီထက် ဈေးလျှော့ချဖို့လည်း မလွယ်တော့။ ငါးနှစ်အတွင်း ဖုန်း သန်း ၃ဝ ရောင်းချရပြီး မြန်မာပြည်၏ တယ်လီဖုန်း သိပ်သည်းဆ ၆ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းသို့ ရောက် ရှိရေးဆိုသည်မှာ ဖြစ်နိုင်ဖွယ်မမြင်တော့။

ကုမ္ပဏီတွေနှင့် ဌာန ဘယ်လိုအကျိုးခွဲဝေသလဲ တော့ မသိရ။ နှစ်ကာလရှည်ကြာ ဖုန်းဒုက္ခခံစားခဲ့ရသော ပြည်သူတွေအတွက်မူ ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်း သာ ဆက်ဝယ်သုံးကြရဦးမည့်သဘော (ကျပ်သုံးသိန်း= ဒေါ်လာ သုံးရာကျော်) ဒါကိုပင် တန်ဖိုးနည်းဖုန်းဟု သတ်မှတ်ခေါ်ဝေါ်နေခြင်းကလည်း သတ်မှတ်သူတို့၏ အတွေးအခေါ်များ စနစ်ဟောင်းထဲတွင် ပိတ်မိကျန်ရစ်နေ ကြောင်း သက်သေထင်ရှားပြနေသလိုပင်။

အခြားနိုင်ငံတွေမှာ ဖုန်းကုမ္ပဏီထောင်ပြီး ကြီးပွား ကြသူတွေအကြောင်း ဖတ်ဖူးပါသည်။ သို့သော် ဆင်းမ် ကတ်ကို ဈေးကြီးကြီးရောင်းပြီး ကြီးပွားတာမျိုးတော့ မဟုတ်။ ဆင်းမ်ကတ်ကို အလကားနီးပါးလောက် ပေး ပစ်ကာ သန်းချီသော သုံးစွဲသူများ၏ ပြောခတွေနှင့်သာ အရင်းအမြတ်ပြန်ရှာကြတာမျိုးသာ၊ ဒီမှာတော့ ဆင်းမ် ကတ်ဆိုလျှင် ဒေါ်လာရာဂဏန်း ပေးကိုပေးရမည်ဟု ပြဌာန်းထားသလို ဖြစ်နေသည်။
ယခုဆိုလျှင် နှစ်ပေါင်းများစွာ သံသယပွားခဲ့ကြ သော ရှမ်း၊ ကချင်၊ ကရင်စသော တိုင်းရင်းသားလက် နက်ကိုင်များနှင့်လည်း ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမ သဘောတူညီနိုင်ပြီဖြစ်ရာ သူတို့နေရေးထိုင် ရေး စားရေးသောက်ရေး အဝဝ ကူညီပေးရာတွင် ဆက်သွယ်ရေးလည်း ပါရပေလိမ့်မည်။

ဒီတော့ နီးရာတစ်ဖက်နိုင်ငံတွေက ဆင်းမ်ကတ် တစ်ကတ်ကို မုန့်ဖိုးလောက်နှင့် အလွယ်တကူဝယ်သုံးနေ ကြသူတို့ကို ဆင်းမ်ကတ်တစ်ကတ် သုံးသိန်းနှင့်ပဲ သွား ရောင်းပေးကြမှာလား။ ရော့.. ဒါ တို့တိုင်းပြည်ရဲ့ တရား ဝင်မိုဘိုင်းဖုန်း... လောလောဆယ် တစ်လုံးသုံးသိန်း ... များများရောင်းရလို့ နောင်နှစ်လောက်ဆိုရင်တော့ နည်းနည်းထပ်လျှော့ပေးမယ်... ဒီလိုပြောပြီး ငြိမ်းချမ်း ရေးကို အထောက်အကူပြုနိုင်မှာတဲ့လား... နောက်ကျ ကျန်ခဲ့သော ဖွံ့ဖြိုးမှုတိုးတက်ရေးက ခုခေတ်မှာ တစ်ရွာ လျှင် စီဒီအမ်အေလေး အနည်းငယ် ချထားပေးရုံနှင့် မလုံလောက်နိုင်ပြီ။
စာရေးသူ အဓိက တင်ပြလိုသည်မှာ ဆက်သွယ်ရေး ကဏ္ဍတွင် မလိုအပ်ဘဲ ကုန်ကျမှုများနေရသည်များကို ထိထိရောက်ရောက် လျှော့ချရေး၊ ဆက်သွယ်ရေးသိပ် သည်းမှု အလျှင်အမြန်တိုးတက်လျက် တိုင်းပြည်ဂျီဒီပီ မှအစ စီးပွားရေးဘဝတစ်ခုလုံး ကျွဲကူးရေပါ လိုက်ပါ မြင့်တက်နိုင်စေရေး အပြုသဘောသာ ဖြစ်ပါသည်။

ယခု တိုင်အောင်ပင်လျှင် ဥပဒေအရ တို့ကလွဲလျှင် တို့ခွင့်ပြုထားသူက လွဲရင် ဘယ်သူမှ လုပ်ခွင့်မပေး... ကြိုးဖုန်းများ အရစ်ကျစံနစ်နှင့် ရောင်းပေးမည်။ ဈေးနှုန်း ကတော့ ခြောက်သိန်းခွဲ (ဒေါ်လာရှစ်ရာခန့်) ဆိုတာမျိုး နှင့် အဘယ်ပြင်ပရင်းနှီးမြှုပ်နှံမှုမျိုးကို သူများနှင့်ယှဉ် ၍ ကြိုဆိုနိုင်ပါမည်နည်း... (ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်နှစ်လောက်ကတည်းက ဘတ်သုံးရာ= ဆယ်ဒေါ် လာခန့် ပေးလိုက်လျှင် ကြိုးဖုန်းတစ်လုံး ၂၄ နာရီအတွင်း ရရှိသည်)
ဒါကြောင့် ငါးထောင်တည်းနှင့် ရောင်းမယ့် UTMS ဆင်းမ်ကတ်စနစ်ဟာ
အကြောင်းအမျိုးမျိုးကြောင့် လော လောဆယ် မြန်မာပြည်မှာ မဖြစ်နိုင်သေးဘူးပဲ ထားဦး၊ (ဒါကိုလည်း Third Party ကျွမ်းကျင်သူတို့နှင့် လေ့လာ ဆန်းစစ် ကြည့်မှ အဖြေမှန်ပေါ်မည်ဟု ထင်သည်။ သို့မဟုတ်လျှင် မြစ်ဆုံဇာတ်လမ်းအစပိုင်းကလို ငါပြော တာမယုံ၊ ငါ့ဘကြီးမေးကြည့်ဆိုတာမျိုး ဖြစ်နေဦးမည်) ယခုလက်ရှိ ကုမ္ပဏီများနှင့် ဆောင်ရွက်နေသော စီမံကိန်း ကိုပင် အသေအချာ ပြန်လည် သုံးသပ်လျှင် ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ရည်မှန်းချက်ပေါက် မြောက်နိုင်သည့် အခြေအနေရှိပါသည်။ (ကုမ္ပဏီဆယ့်သုံးခု အရင်းမဆုံးစေရပါ)

ဆင်းမ်ကတ်တစ်ကတ် နှစ်သိန်းခွဲ/သုံးသိန်းအစား ကျပ်ငါးသောင်းမျှနှင့် တွက်ကြည့်ပါ...
ဆင်းမ်ကတ်တစ်ကတ် ကျပ်ငါးသောင်းနှင့် ရောင်း လျှင်ပင် ပထမနှစ် ကတ် ၄ သန်းအတွက် ကျပ်ဘီလီ ယံ ၂ဝဝ တိတိပြန်ရပါလိမ့်မည်။ (ထိုဈေးနှင့် ရောင်းပါ မှ တစ်နှစ်အတွင်း ၄ သန်းကုန်နိုင်ချေရှိသည်)
ထိုဖုန်းလေးသန်း တစ်လုံးတစ်လ ကျပ်ငါးထောင် ဖိုး (မိနစ်တစ်ရာ) ပြောသည်ထားဦး၊ ပြောခချည်းသက် သက် တစ်လ ဘီလီယံ ၂ဝ၊ တစ်နှစ် ဘီလီယံ ၂၄ဝ အေးအေးလေး ရပါမည်။ စုစုပေါင်း ဘီလီယံ ၄၄ဝ ရနေပြီဖြစ်၍ ဘီလီယံငါးရာဆိုသော အရင်းအနှီးမှာ တစ် နှစ်ကျော်ကျော်လေးနှင့် ကျေပြီး နောက်ပိုင်းပြည်သူတွေ မနေနိုင်၍ ပြောသမျှ ဘီလီယံပေါင်း များစွာ မြတ်စွန်း ပါလိမ့်မည်။
ငါးထောင်အစား ငါးသောင်းနှင့် ရောင်းလျှင်ပင် ဤမျှမြတ်စွန်းသည်ကို နည်းသည်ဟု ထင်နေပါသေးလျှင် ဒီမိုကရေစီနိုင်ငံသစ်လေးတွင် စီးပွားမရှာသင့်ပါ။ ဌာန အနေဖြင့်လည်း ပြည်သူ့အကျိုးသယ်ပိုးရသော ဝန်ထမ်း ဌာနဖြစ်သည်နှင့်အညီ အများပြည်သူ၏ သက်သာချောင် ချိမှုကို ဒီ့ထက်ပိုပြီး မျက်ချည်ပြတ်မခံသင့်တော့ပါ။ သောင်းချီသိန်းချီ သတ်မှတ်သမျှ ပေးဆောင်နေကြရသည် မှာ အခြားရွေးချယ်ခွင့်မရှိ၍ ဖြစ်ပါသည်။တစ်အိမ်လုံး မှာ ဖုန်းတစ်လုံးပင် မရှိ၍ ရှိသမျှလေး ထုခွဲကာ ငါး သိန်းဖုန်းဝယ်ထားကြရပြီး ပြောခသက်သာစေဖို့ တစ်ဖက်ကို missed call တွေချည်းပေးကာ ပြန်အဆက် စောင့်တာမျိုးက ဒီတိုင်းပြည်မှာပဲ ရှိမည်ထင်သည်။ပြည်သူ့ဘဝတွေထဲ ဆင်းကြည့်ကြပါ။ တစ်ကျပ်တစ် ပြားအတွက် မည်မျှခက်ခဲနေသည်ကို အထင်အရှား တွေ့ နိုင်ပါသည်။
လူ့အခွင့်အရေးတွေဘာတွေ ခဏထားဘိဦး၊ ကမ္ဘာ့ ပြည်သူအများစုကြီးနှင့် ခြားနားလှစွာ ''လွယ်ကူသက် သာစွာ ဆက်သွယ်နိုင်ခြင်း'' ဟူသော အခွင့်အရေးပင် နှစ်ပေါင်းများစွာ ပိတ်ပင်ခံထားရသလို ဖြစ်နေသည့် ၉၄ ရာခိုင်နှုန်းသော ပြည်သူများကို စာနာပါဦးဟု တင်ပြ လိုက်ရပါသည်။

မင်းမြတ်စံ

အလကားရတာတွေစား.........အလကားရတာတွေသောက်......အလကားလူ


ကာတွန်း - ဂေါ်ပြား

၅၀၀၀ တန်ဖုန်းကို ဆက်သွယ်ရေးနည်းဥပဒေများအရ လုပ်လို့မရသည့်အကြောင်းရင်းမှန်


ဇန်န၀ါရီ၂၆-ဖေဖော်ဝါရီ ၁ ၊ ၂၀၁၂ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်ပါ `တန်ဖိုးနည်းဂျီအက်စ်အမ်ဖုန်းခေါ်ခများ မပြောင်းလဲ ပါ´ စာမူတွင်ဖော်ပြထားသော ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း၏ စကားပါ။ ဖတ်ရှုကြည့်ကြပါ။ ညစ်ပတ်စုတ်ပဲ့ ကိုယ်ကြိုးရှာ သမားတို့၏ ပြည်သူကိုမကြည့် ကိုယ့်အကျိုးစီးပွားကိုသာ ကြည့်သောကြောင့် ၅၀၀၀တန်ဖုန်းများ မရောင်းခိုင်းကြောင်းထင်ရှားလှပေသည်။

တန်ဖိုးနည်း ဂျီအက်စ်အမ် ဖုန်းလိုင်းသစ်များချိတ်ဆက်ခြင်းအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက အထူးစီမံကိန်းအဖွဲ့၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၁၁)ညှိနှိုင်းအစည်းအဝေး၌ ဧပြီ ၂၂ရက်နေ့တွင်ရှင်းလင်းပြောကြား ခဲ့သောအစီအစဉ်ကြောင့်၅၀၀၀တန်ဖုန်းများ ရောင်းခွင့်မပြုနိုင်ခြင်းမှာ ၄င်းတို့အကျိုးစီးပွားထိခိုက်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

၎င်းအစီအစဉ်မှာ--- ကနဦးချပေးမည့် ဂျီအက်စ်အမ်ဖုန်းလေးသန်းအတွက် ပုဂ္ဂလိကကုမ္ပဏီ ၂၂ခုမှ ရင်းနှီးမြှုပ်နှံရန် ငွေကျပ် ၅ ဘီလီယံစီ အချိုးကျ ထည့်ဝင်ထားကြောင်း၊ တန်ဖိုးနည်း ဂျီအက်စ်အမ်မိုဘိုင်းဖုန်း သန်း၃၀ချပေးမည့် စီမံကိန်းကို ၂၀၁၅ခုနှစ် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ။´ ၄င်းသတင်းအရ ကုမ္ပဏီ တစ်ခုလျှင် ၅ဘီလီယံနှင့် ကုမ္ပဏီ ၂၂ခုအတွက် ၁၁၀ဘီလီယံ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

၎င်းတို့က ဖုန်းတစ်လုံးကို ၃၀၀၀၀၀နှင့် ပြန်ရောင်းစားသော် ဖုန်း ၄သန်းအတွက် 300000 x 4000000 = 1200,000,000,000 ( ကျပ်- ဘီလီယံ တစ်ထောင့်နှစ်ရာ တိတိ ) ပြန်ရမည်ဖြစ်သည်။ ၄င်းပမာဏကို ကုမ္ပတစ်ခုချင်းအချိုးကျပြန်ခွဲဝေလျှင် (ကျပ်- ငါးဆယ့်လေးဘီလီယံ) ကျော် ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ၅၀၀၀ တန်ဖုန်းကိုသာခွင့်ပြုလိုက်ပါက ၄င်း ကုမ္ပဏီ ၂၂ ခု၏ အကျိုးအမြတ်နှင့် ဆက်သွယ်ရေး ၀န်ကြီးတို့၏ အကျိုးအမြတ်များ ထိခိုက်နစ်နာမည် ဖြစ်သဖြင့် အိုဟောင်းနေသော ဆက်သွယ်ရေး နည်းဥပဒေများကိုခုတုံးလုပ်ကာ ပြုလုပ်၍မဖြစ်နိုင်ကြောင်းတွင်တွင် ငြင်းဆိုနေကြခြင်း ဖြစ်ပေသည်။

ပြည်သူ့အကျိုးကို မျက်ကွယ်ပြုကာ တစ်ကိုယ်ရေကောင်းစားကို လုပ်စားနေကြသော နာယကဂုဏ် (၆)ပါးနှင့် မပြည့်စုံသည့် ၀န်ကြီးနှင့် အပေါင်းပါများကို ရာထူးမှ ဖြုတ်ချဖို့ လွှတ်တော်တွင် တောင်းဆိုကြပါဆို့။ ထို့ပြင် ပြည်သူတို့အပေါ် တိုင်းရင်းသားချင်း ဂုတ်သွေးစုတ်ချင်သော Elite အပါအ၀င် ကုမ္ပဏီ ၂၂ ခုအား ၄င်းတို့၏ ထုတ်ကုန်များကို မသုံးစွဲပဲ သပိတ်မှောက်ကြပါစို့။ ယခုအရေးကိစ္စကို နိုင်ငံတော်သမ္မတကြီးထံ လူထုအားဖြင့် ၀ိုင်းဝန်းတောင်းဆိုကြပါစို့။ စာနယ်ဇင်းများ၊ ဘလော့များ မှလည်း ပြည့်သူ့အကျိုးမကြည့် ကိုယ်ကျိုးသာ ကြည့်သော ကုမ္ပဏီများ ကို ၀ိုင်းဝန်း သပိတ်မှောက်ရန် ရေးသားကြပါစို့။

Dr.SoeWinAung

Friday, February 3, 2012

ဟုတ်တော့မလိုလို ...




အရင် စစ်အစိုးရလက်ထက်ကလို ပဒေသရာဇ်ပုံစံ လက်ဆောင်ပဏ္ဍာနဲ့ ထိုင်ကန်တော့စရာမလို ... သမ္မတကတောင် လက်ဆောင်ပြန်ပေးနေသေးလို့ ... ချီးမွမ်းမယ် ရှိတုန်း ... နောက်စာမျက်နှာကျ ဒီအောက်က ပုံတွေ့ပြန်တယ်။ လက်အုပ်တော့ ချီထားတာ မမြင်။ ကန်တော့ရသေးလား၊ မကန်တော့ရတော့ဘူးလားတော့ မသိ ...။ ထိုင်ခုံမရှိလို့လည်း ဖြစ်ချင်ဖြစ်မှာတော့ ... :D

Thursday, February 2, 2012

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ လူငယ်အဖွဲ့တွေနဲ့ တွေ့ဆုံ ( ရူပ်သံ )


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ လူငယ်အဖွဲ့တွေနဲ့ တွေ့ဆုံ၊ ကော့မှူးမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင် အရွေးခံမည်၊ ကုလ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား သူရဦးရွှေမန်းနဲ့တွေ့၊ နိုင်ငံရေးအကျဉ်းသား ၇ ရာလောက် ကျန်နေသေးကြောင်း AI အဖွဲ့ သတင်းထုတ်ပြန်၊ မြန်မာအပေါ် အမေရိကန် ပိတ်ဆို့မှု ရုတ်သိမ်းဖို့ စင်္ကာပူ တိုက်တွန်း၊ မြန်မာအစိုးရ ပြည်ပကြွေးမြီ ဒေါ်လာ သန်းပေါင်း တစ်သောင်းတစ်ထောင်ရှိနေ... စတဲ့သတင်းတွေ အပါအဝင် အိန္ဒိယက မြန်မာ့အရေးဆွေးနွေးပွဲ၊အမေရိကန်ရောက် NDF ပါတီက ဒေါ်ဘောက်ဂျာနဲ့ တွေ့ဆုံမေးမြန်းခန်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ မနီလာသိန်းရဲ့ မိသားစုဘဝ ... စသည် စသည်... ။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် သမဂ္ဂအဆောက်အဦ ပြန်ဆောက်ပေးဖို့ တောင်းဆို



ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးအစိုးရ လက်ထက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ သည့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်တည်ဆောက်ပေးရန် လက်ရှိအစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ယနေ့ တောင်းဆိုလိုက်သည်။

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ကာလအတွင်း ပထမဆုံးပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (အထက်ဗမာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီမှ သဘောထား ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်(အထက်မြန်မာပြည် ) တရားဝင်ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ဗဟိုစည်းရုံးရေး ကော်မတီတို့ ပူးတွဲ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ အထက်ပါ တောင်းဆိုချက်အပြင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် သင်တန်းများ ပြန်ဖွင့်ခွင့်ပေးရန်နှင့် သမဂ္ဂ၏ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တို့ကိုပါ တောင်းဆိုခဲ့သည်။

ထို့ပြင် ဗကသ အဖွဲ့အနေဖြင့် အထက်မြန်မာပြည် အောက်မြန်မာပြည် ကွဲပြားနေမည်မဟုတ်ဘဲ ခေါင်းစဉ်တစ်ခုတည်းအောက်မှာသာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

“မြန်မာပြည် အရပ်ရပ်က အခြေခံကျောင်းတွေမှာလည်း သမဂ္ဂတွေ ပေါ်ထွက်လာဖို့ ဆက်လက် လှုပ်ရှားသွားမယ်”ဟုမြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများ သမဂ္ဂ၏ ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကိုကို ကပြောသည်။

ထို့အပြင် ၄င်းတို့အနေဖြင့် အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေးနှင့် ကျောင်းသားလူ့အခွင့်အရေး စသည့်မူ၅ချက်ကို ဆုပ်ကိုင်ကာ ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးမှူး ဒေါ်ဟန်နီဦးက ပြောသည်။

မန္တလေးမြို့ ဓမ္မသဟာယကျောင်းတိုက်ဝင်းအတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲသို့ တက္ကသိုလ် အသီးသီးမှ ကျောင်းသားကျောင်းသူသစ် ၂၀၀ နီးပါးအပါအ၀င် ယခင်ဗကသတွင် တာဝန် ထမ်းဆောင်ခဲ့ ဖူးသော ကျောင်းသားဟောင်းများ ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂများ အဖွဲ့ချုပ်(အထက်မြန်မာပြည် ) တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီ တို့မှ ကျောင်းသားကျောင်းသူ တစ်ထောင်နီးပါး တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်နေ၀င်းလက်ထက် ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့တွင် တက္ကသိုလ်များအား စည်းကမ်းအသစ် များ ပြဌာန်းလိုက်ရာမှ ကျောင်းသားများ မကျေနပ် သဖြင့်ဆန္ဒပြခဲ့သည်။ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုများပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။ ။



Yangon Press International

Breaking News: Daw Aung San Suu Kyi Mandalay trip canceled

ကြားဖြတ်သတင်း။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ယခုလ ၄ရက်နှင့် ၅ ရက်တွင် မန္တလေးသွားရောက်မည့်

ခရီးစဉ်အား ဖျက်သိမ်းလိုက်ကြောင်း အန်အယ်လ်ဒီအဖွဲ့ဝင်အချို့က ပြောသည်။ ယနေ့ည

၉နာရီတွင် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်၌ မန္တလေးသို့ ကြိုတင် သွားရောက်ရန် ပြင်ဆင်လျှက်ရှိသည့်

အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင် ဦးဝင်တင်ထံသို့ ဖုန်းဝင်လာပြီးနောက် မန္တလေး ခရီးစဉ်

ဖျက်သိမ်းလိုက်ကြောင်း သိရှိရခြင်းဖြစ်သည်။

ဘောလုံးကွင်းများ မည်သည်ကွင်းမှ ခွင့်မပြုကြောင်း ပြန်ကြားချက် အပေါ် တုန့်ပြန်လျက် ဖျက်သိမ်းလိုက်ကြောင်း... လုံးဝမသုံးစွဲသလောက်ရှသော မန္တလေးတောင်ခြေရှိ မြင်းပြိုင်ကွင်းဟု လူသိများသော ကွင်းကိုပင် ခွင့်ပြုခြင်းမရှိကြောင်း သိရသည်။


ဖေဖေါ်ဝါရီ ၂၊ ည ၉နာရီ ၃၀ မိနစ်


YPI

မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ နေရာအခက်အခဲတွေ့နေ

အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် မန္တလေးတိုင်းကို ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်မှာ သွားရောက်တဲ့အခါ မန္တလေးမြို့လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရကြောင်း အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗထူးဘောလုံးကွင်းကို အစိုးရရဲ့သတ်မှတ်ချက်အတိုင်း ၁၀ ရက် ကြိုတင် ငှားရမ်းခဲ့ပေမယ့် အငြင်းပယ်ခံရသလို မန္တလေးတိုင်း အားကစားကွင်းကို ထပ်မံငှားရမ်းရာမှာလည်း အဆင်မပြေကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။

မန္တလေးလူထုကို ဒေါ်အောင်ဆန်းစုကြည် တရားဟောတဲ့အခါ လမ်းပိတ်ဆို့မှု မဖြစ်ရအောင် အခုလို သက်ဆိုင်ရာကို အကူညီ တောင်းပေမယ့် အဆင်မပြေတဲ့အတွက် နောက်ဆုံးမှာတော့ ရှမ်းကွင်းလို့ခေါ်တဲ့ မန္တလေး ၃၅ လမ်းက ရှမ်းတိုင်းရင်းသားများ သာရေး နာရေးကွင်းကို အသုံးပြုသွားမှာ ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

ဗထူး ဘောလုံးကွင်းကို အစောပိုင်း သွားရောက် ငှားရမ်းချိန်က ဖေဖေါ်ဝါရီ ၄ ရက်မှာ သုံးခွင့်ရနိုင်ကြောင်း၊ ကွင်း ငှားရမ်းခ ကျပ် ၇ သိန်း ပေးသွင်းရမှာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောခဲ့ပြီးမှ အဆင်မပြေ ဖြစ်သွားရတယ်လို့ သိရပါတယ်။

ဘီဘီစီ မြန်မာပိုင်းဌာနမှုး ဒေါ်တင်ထားဆွေနှင့် တွေ့ဆုံခြင်း


ဘီဘီစီမြန်မာပိုင်း ဌာနမှူးဒေါ်တင်ထားဆွေ

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလောက တစ်ခေတ်ဆန်းစေဖို့အတွက် မီဒီယာဥပဒေဖြစ်လာ ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပထမဆုံး အဖြစ် ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ ဘီဘီစီမြန်မာပိုင်း ဌာနမှူးဒေါ်တင်ထားဆွေလည်း တက်ရောက်ဆွေး နွေးခဲ့သည်။ မြန်မာ့သတင်း မီဒီယာလောက၏ လက်ရှိ အခြေအနေနှင့် အနာဂတ် ပွင့်လင်းလာမှု အခြေအနေ တို့ကို တွေ့ဆုံမေးမြန်းထား သည်ကို တင်ဆက် ထားပါ သည်။

မေး- အခုမြန်မာနိုင်ငံမှာမီဒီယာဥပဒေပေါ်ပေါက်လာ ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ပထမဆုံးအကြိမ် အဖြစ်လုပ်တဲ့အပေါ် အန်တီရဲ့အမြင်ကို အရင်ဆုံး ပြောပြပေးပါ။

ဖြေ- ဒီမိုကရေစီနိုင်ငံဖြစ်လာပြီး နောက်မှာ တဖြည်းဖြည်းနဲ့ပိုပြီးတော့ ပီပြင်တဲ့ ဒီမိုကရေစနစ်ဖြစ် အောင် လုပ်ယူမယ်လို့ အစိုးရက ပြောနေတယ်။အဲဒီလိုဖြစ်အောင် တစ်အချက်က ပထမအဆင့်အနေ နဲ့ မီဒီယာဥပဒေ ရှိသင့်မရှိသင့် ဆိုတာကို ပါလီမန်မှာ အဆိုပြုပြီး ဆွေးနွေး သင့်တယ်လို့ ထင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ မီဒီယာဥပဒေဆိုပြီး ဥပဒေမူကြမ်းအနေနဲ့ အချက်အလက်တွေပါတဲ့ စာတမ်း ထွက်လာတယ်။ဘယ်သူမှလည်း အသေးစိတ်မဖတ်ရဘူး။ ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ လည်း ဒီစာတမ်း အကြောင်းကို ပြောပြ သွားတယ်။ ဒီစာတမ်းနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး ဆွေးနွေးတာမှာ တော်တော်လေးကို အဆင်မပြေဘူး ပေါ့။ ဒါပေမဲ့ ဒီအထဲက အကျိုးအမြတ် တစ်ခုက တော့ ဒီဆွေးနွေးပွဲကို တက်နေကြတဲ့ သတင်းထောက်တွေက အခုထုတ်ပြန်မယ့် ပုံနှိပ်ဥပဒေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့စိုးရိမ်စိတ်တွေ ဖော်ထုတ် ခွင့်တော့ရ သွားတာပေါ့။ နောက်ပြီးတော့ သတင်း လိုက်ရတဲ့ကိစ0x081စတွေ၊ သတင်းထုတ်ရတဲ့ ကိစ0x081စ တွေမှာ လက်ရှိ အခက်အခဲတွေ အများကြီး ရှိနေတာတွေက နေနောက် မီဒီယာဥပဒေပေါ်လာမယ်ဆိုရင် ဘယ်လို အကန့်အသတ် တွေရှိလာမလဲ ဆိုတာတွေကို စိုးရိမ် တယ်။ အဲဒီစိုးရိမ်တာတွေကို ဖော်ထုတ်တယ်။ ဒါတွေ ကို အထက်ကို တင်ပြမယ် ဆိုရင်တော့ လူကြီးတွေ နားတော့ ရောက်သွား မယ်လို့တော့ ထင်ပါတယ်။ဒီမိုကရေစီဖြစ်စဉ်မှာတော့ ဒါကလည်း တိုးတက်မှု ဖြစ်စဉ်တစ်ရပ်လို့ ထင်ပါတယ်။


မေး- လက်ရှိမြန်မာနိုင်ငံရဲ့ သတင်းမီဒီယာပိုင်းကလဲ ဘယ်လောက်လွတ်လပ်ခွင့်ရနေပါပြီလဲ။

ဖြေ- လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကထက် စာရင်တော့ တော်တော်လေးတော့ ရေးသားခွင့်ရနေပြီလို့တော့ ထင်ပါတယ်။ အင်တာဗျူးတွေဆို တော်တော်လေးကို ဖော်ပြနိုင်တယ်။ သုံးသပ်ချက်တွေလဲ တော်တော် လေးတွေ့ရတယ်။ ဝေဖန်တဲ့အမြင်တွေ၊ သုံးသပ်တဲ့ အမြင်တွေလဲ ရေးသားနိုင်တာကို တွေ့ရတယ်။ ဂျာနယ်တွေဆိုလဲ တော်တော်ကိုများလာပြီ။ ဒါတွေ က တိုးတက်မှု တစ်ရပ်ပေါ့။ ရုပ်သံလွှင့်မှာတော့ အစိုးရက လုံးဝကို ထိန်းချုပ်ထားဆဲပဲ။ အက်ဖ် အမ်ရေဒီယို တွေကလည်း များလာပြီဆိုပေမယ့် ဖျော် ဖြေရေးပိုင်းလောက်ပဲ အားသန်နေ သေးတယ်။သတင်းနဲ့ပတ်သက်လို့ အစိုးရဘက်က ပုဂ0x081ဂလိက အသံလွှင့်တွေ ဘက်ကို တော်တော်လေးကို ထိန်း ချုပ်ထားတာတွေ့ရတယ်။ ဒါတွေ လွှတ်ပေး ဖို့လို သေးတယ်။ အက်ဖ်အမ် ရေဒီယိုတွေအနေနဲ့ နိုင်ငံခြား သတင်းတွေပြန်ပြီးတော့ တင်ပြနေတာတွေလည်းပဲ ဥပမာဘီဘီစီ တို့ဗွီအိုအေတို့နဲ့ ပါတနာရှစ်အနေနဲ့ ပူးပေါင်းထုတ်လွှင့်တင်ဆက်မှုတွေ ခွင့်ပြုဖို့လို တာပေါ့။ တခြား နိုင်ငံတွေမှာတော့ ခွင့်ပြုနေပြီလေ။သတင်းစာတွေထက်စာရင် ရေဒီယိုဖွင့်ပြီး နားထောင် ရင် ဧရိယာ တော်တော်ကျယ်ကျယ်ဝန်းဝန်းကြားနိုင် တယ်လေ။ အဲဒီဘက်ပိုင်းမှာ လျှော့ပေး ဖို့လိုမယ်လို့ ထင်တယ်။ အွန်လိုင်းက နေတစ်ဆင့် သတင်း လွှင့် တာတို့ကတော့ ဖေ့စ်ဘုတ်တို့၊ မိုဘိုင်းဖုန်းကနေ အက်စ်အမ်အက်စ် ပို့တာတို့ကတော့ အနောက်တိုင်း နိုင်ငံတွေမှာတောင် ခုမှဥပဒေတွေရေး ဆွဲနေတာ ဖြစ်လို့ ဒီမှာလဲ တဖြည်းဖြည်း တော့ဖြစ်လာမှာပါ။

မေး- သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်စောင့် ထိန်းရမယ့်အပိုင်းနဲ့ လုပ်ပိုင်ခွင့်ရပိုင်ခွင့်အပိုင်းမှာဘယ် အပိုင်းကအဓိကပိုကျမလဲ။

ဖြေ-သတင်းထောက်တိုင်းမှာတော့ လိုက်နာသင့်တဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းပိုင်းကနေ ကျင့် ဝတ်တွေအနေနဲ့တော့ ရှိရမှာပေါ့။ ဒါတွေကိုရေးဆွဲ သင့်တယ်။ သတင်းထောက်ဆိုတာလဲ သူရတဲ့ သတင်းတွေကို လူထုသိအောင်ဖြန့်ပေးနေရတဲ့အတွက် သူ့မှာတာဝန် တွေအများကြီးရှိသလို လိုက်နာရမယ့် စည်း မျဉ်းစည်းကမ်းတွေလဲ အများကြီးရှိရမယ်။ဒီဆွေးနွေးပွဲမှာလဲ ကျင့်ဝတ်ပိုင်းနဲ့ ပတ်သက်ပြီး တော့ ထည့်သွင်းဆွေးနွေး ခဲ့တာတွေရှိပါတယ်။ သတင်း ထောက်တွေကို ကာကွယ်စောင့်ရှောက် သင့်တဲ့ဥပဒေ လဲရှိသင့်တယ်။ သတင်းထောက်တွေဟာ သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေတွေချ မှတ်မထားရင် သူတို့ ထုတ်လိုက်တဲ့ သတင်းတစ်ပုဒ်ကြောင့် အမျိုးမျိုး ဒုက0x081ခရောက် သွားနိုင်တယ်။ ဥပမာ အနေနဲ့ပြောရရင် အီရက်စစ်ပွဲမတိုင်မီက လူတွေအသက်ပေါင်းများစွာ ဆုံးရှုံးနိုင်တဲ့ ဓာတုလက်နက်တွေ အီရတ်မှာရှိတယ် ဆိုပြီး သတင်းထွက်လာတယ်။ ဒီသတင်းက ဘီဘီစီကပါပဲ ခိုင်မာ တယ်ဆိုပြီးတော့ ထုတ်လိုက် တယ်။ ထုတ်လိုက်တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါတဲ့ ကျွမ်းကျင်သူ တစ်ယောက်က သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူကိုးကားတဲ့ သတင်းရင်းမြစ် ဘယ်ကရလဲဆိုပြီး တော့လိုက်တာမှာ တစ်ဖက်သတင်းရင်းမြစ်က ငြင်းလိုက် တယ်။ ရှုပ်ထွေးကုန် တာပေါ့။ ဒီသတင်းက အစိုးရဆီက ရတယ်လို့ ဆိုပေမယ့် နောက်စုံစမ်းကြည့် လိုက်တော့ မဟုတ်ဘူး ဆိုတာတွေ့ရတယ်။ ဒီသတင်း မှာ ခုနကစုံစမ်းရေးဌာနက ကျွမ်းကျင်တဲ့သူကလည်း သူလဲ ပါဝင်နေတယ်လို့ဆိုပြီး ဒီကိစ0x081စနဲ့ပတ်သက်ပြီး တော်တော်လေး စိတ်ဆင်းရဲသွား ပုံရတယ်။ ဒီသတင်း နဲ့ ပတ်သက်ပြီး နံပါတ်တစ်က မခိုင်လုံဘဲနဲ့ တင်ပြတာ က တစ်ချက်၊ နံပါတ်နှစ်က ဒီသတင်းကိုရတဲ့ အရင်း မြစ်ကို ဖော်ကိုပြရမယ် ဆိုတဲ့အချက်၊ အဲဒီအခါမှာ ဒီသတင်းထောက်နှစ်ယောက်ကလဲ ဒီသတင်းဘယ်က ရလဲဆိုတာကို မပြောနိုင်ဘူးတဲ့။ သူ့မှာဒီအခွင့်အရေးရှိ တယ်။ သူ့ကိုတရားစွဲတယ်။ တရားရုံးမှာတက် ဖြေရှင်း တော့ နိုင်သွားတယ်။

သတင်းထောက်ကလဲ သူ့ အလုပ် သူလုပ်တယ်။ တစ်ဖက်ကသူ့ကို သတင်း ပေးတဲ့ သူရဲ့သိက0x081ခာကိုထိန်းဖို့ သူမပြောနိုင်ဘူးလို့ ဆိုတာ ကိုအရေး ယူတယ်။ ဒါကို တရားရုံးမှာရင်ဆိုင် လိုက်တယ်။ တရားရုံးကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ် ပေးလိုက်တယ်။ အဲလိုကာကွယ် စောင့် ရှောက်တာ တရားဥပဒေ စနစ်အနေနဲ့ ခိုင်တယ်။ ဒါကြောင့် သတင်းထောက်တွေ အတွက် အခွင့်အရေး ကိုတရားရုံးကနေတစ်ဆင့် တိုက်ယူလို့ရတယ်။ တောင်းဆိုလို့ ရတယ်။ သတင်းထောက်တွေက စွန့်စားပြီး လုပ်ရတဲ့အတွက် ဥပမာစစ်ပွဲတွေမှာသွားပြီး သတင်းယူရတဲ့ အတွက် အသက်ဆုံးရှုံးသွားရတာ၊ ပဋိပက0x081ခအရေး အခင်းတွေဖြစ်တဲ့နေရာမှာ ထိန်းသိမ်း ဖမ်းဆီးတာ ခံလိုက်ရတာတွေကြောင့် သူတို့အတွက် ခံစားပိုင်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ဥပဒေတွေ လိုတယ်။ ဒါကြောင့်မို့ သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်နဲ့ ရပိုင်ခွင့်မှာ နှစ်ခုစလုံးက အရေးကြီးပါ တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်တွေ အနေနဲ့ ကျင့်ဝတ်ပိုင်းမှာလိုက်နာစောင့်ထိန်းရမယ် ဆိုတာ သိဖို့လိုတယ်။ သူတို့လုပ်နေတဲ့ အလုပ် အတွက်လဲ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေလဲ ပြဋ0x081ဌာန်းဖို့ လိုတယ်။ အဖွဲ့အစည်း တွေလဲလိုတယ်။ သမဂ0x081ဂလို မျိုးပေါ့။ ဒါတွေနောင်တော့ဖြစ်လာ မလားတော့မသိ ဘူးလေ။

မေး- အခုမြန်မာနိုင်ငံမှာ သတင်းထောက်တွေအတွက် ကျင့်ဝတ်ပိုင်းအရရော ရပိုင်ခွင့်အရရောဥပဒေတစ်ရပ် အနေနဲ့ မထွက်လာ သေးတဲ့အတွက် ဘယ်ဟာကို ဦးစားပေးဖို့ လိုမလဲ။

ဖြေ- နှစ်ခုစလုံးက အဓိကကျတဲ့ အတွက်အရေးကြီး ပါတယ်။ နှစ်ခုစလုံးတစ်ပြိုင်နက်တည်းပေါ်ပေါက် လာဖို့ လိုပါတယ်။ ကျင့်ဝတ်ကို အရင်ထုတ်ပြန်ပြီးမှ သတင်းထောက်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကိစ0x081စတွေဆွေးနွေး မယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ တစ်ချိန်တည်းမှာပဲ နှစ်ခုစလုံးကို တစ်ပြိုင်တည်းဆွေးနွေးရမှာပါ။ တစ်ပြိုင်နက်တည်း ပြဋ0x081ဌာန်းပေးရမှာပါ။ ဥပမာအားဖြင့် သတင်းထောက်က သူရေးလိုက်တဲ့ သတင်းကမှားသွားတဲ့အတွက် အရေး ယူခံရတယ် ဆိုရင် ပထမဦးဆုံး အထက်အရာရှိဖြစ်တဲ့ အယ်ဒီတာ ကို ဒီသတင်းမခိုင်လုံဘဲနဲ့ ဒီသတင်းထောက် ရေးသားတာကို သိရဲ့လား။ သူ့ကိုလဲ ပြောထားရဲ့ လား။သင်တန်းတွေ ပေးထားဖူးလားဆိုပြီး မေးရမှာပေါ့။ တာဝန်ရှိတဲ့သူက သူ့အထက် အယ်ဒီတာ ပဲပေါ့။သတင်းထောက်ရဲ့ ခံစားပိုင်ခွင့်ဆိုတာ အဲလို အဆင့် လောက်ကနေပြီး စစဉ်းစား ရမှာပေါ့။

မေး-မြန်မာနိုင်ငံမှာလည်း ခုနကလိုမျိုးသတင်း မီဒီယာ လောက အခြေအနေမျိုးတွေဖြစ်လာနိုင်ဖို့ ဘယ် တော့လောက်များမှ ဖြစ်လာနိုင်မလဲ။ အဓိက ဘာလို အပ်ချက်တွေ ဖြည့်ဆည်းရဦးမလဲ။

ဖြေ- ပိုပြီးတော့ ပွင့်လင်းတဲ့စနစ် ရှိလာတဲ့အခါမှာ ဖြစ်လာပါလိမ့်မယ်။ သတင်းဂျာနယ်တွေ များများ ထုတ်တာလည်း ပြည်သူတွေက ဖတ်ကြခြင်း အားဖြင့် အသိပညာ ဗဟုသုတတွေတိုးပွားလာတယ်။ သတင်း ထောက်တွေရဲ့ ခံစားပိုင်ခွင့်တွေ၊ နစ်နာနေမှုတွေကို သူတို့နားလည်လာမယ်။ ဒါကြောင့် နိုင်ငံရေးစနစ် ပွင့်လင်းလာတဲ့အခါမှာ လူထုတွေကလည်း ဗဟုသုတ များလာတဲ့အခါ လူ့ဘောင်အဖွဲ့အစည်းကလည်း ချမှတ်ထားတဲ့ လွယ်လွယ်ကူကူ သုံးရရင် လူ့အခွင့် အရေးလိုမျိုးတွေပေါ့။

မေး-ပြည်ပသတင်း ဌာနတွေအနေနဲ့ ပြည်တွင်းက အစိုးရထိပ်ပိုင်း သတင်းတွေကို ရယူတဲ့နေရာမှာ ပြောင်းလဲမှုတွေ ရှိပါပြီလား။

ဖြေ- ရနေပါပြီ။ သတင်းတွေ တောင်းတဲ့အခါမှာလည်း ပြောတယ်။ အခုမအားသေးပါဘူး ဆိုရင်လည်း နောက် ဘယ်အချိန်မှာ ပြန်ခေါ်ပါဆိုပြီး ပြောတယ်။ လွှတ် တော်ထဲကို သတင်း ကိုယ်တိုင်သွားယူရတဲ့ အခါမှာလည်း လွတ်လွတ်လပ်လပ် ရှိနေပါပြီ။ တိုးတက်မှုတွေ ကတော့အများကြီးရှိနေပါပြီ။ အခုအန်တီ ကိုယ်တိုင် ဒီမှာလာပြီးတော့ ပြည်တွင်း သတင်းထောက်တွေနဲ့ စကားပြော ခွင့်ရတယ်။ အင်တာဗျူးရ တယ်ဆိုတာ တွေက တိုးတက်မှုတွေပဲ။ အန်တီတို့ သတင်းဌာန တွေလည်း ဒီမှာရုံးခွဲတွေထားချင်တယ်။ လွတ်လွတ် လပ်လပ် သတင်းလိုက်ချင်တယ်။ ဘီဘီစီရဲ့ ပရိသတ် က ကမ0x081ဘာမှာလူပေါင်းသန်း ၂၅၀ ရှိတယ်။ ဒါကြောင့် ပြည်တွင်းမှာ လွတ်လပ်စွာနဲ့ သတင်း ယူခွင့်ရမယ် ဆိုရင် ကောင်း တာပေါ့။ အန်တီတို့ ဘီဘီစီသတင်း ဌာန အပါအဝင်တခြားသော ပြည်ပသတင်းဌာန ကြီးတွေကလည်း လာကြဖို့စောင့် နေကြတယ်။ ခုလို သတင်းလွတ်လပ်ခွင့်ရလာပြီဆိုရင် အကုန်လုံးပေါ့။ပုံနှိပ်ရော၊ ရုပ်သံရောဌာနတွေများ လာကြရင် မြန်မာ သတင်းကို အသံလွှင့်ဌာန တွေကနေစောင့်ပြီး နားထောင်မလား၊ ဂျာနယ် စာစောင် ကိုပဲစောင့် ပြီးဖတ်မလား။ လူ့ရဲ့သဘာဝအရ သတင်းဖြစ်ပြီဆိုရင် အရင်ဆုံး သိချင်တာပဲ။ ဒါကြောင့် နိုင်ငံတကာသတင်း ဌာနတွေကလည်း ဒါတွေအားလုံး ကိုစဉ်းစားလာကြပြီ။

ခုလိုဖြေကြားပေးတဲ့အတွက် အန်တီ ဒေါ် တင်ထားဆွေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ငွေလဲလျှင် စာရွက်ပြစရာမလိုတော့ပါ

(၁-၂-၂၀၁၂) မှစတင်ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ မည်သည့် ငွေလဲကောင်တာ (Money Changer)တွင်မဆို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ယူရိုငွေကြေးများကို မည်သည့်စာရွက်စာတမ်းမျှ တင်ပြစရာမလိုဘဲ လွတ်လပ်စွာ လဲလှယ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ယခင်က ငွေလဲကောင်တာများတွင် ငွေလဲလှယ်လိုလျှင် နိုင်ငံခြားသားဖြစ်ပါက ပတ်စ်ပို့ပြရခြင်း၊ ဒေါ်လာ ၂၀၀၀ ကျော်ပါက အကောက်ခွန်ကြေငြာလွှာတင်ပြရခြင်း၊ မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံခြားငွေရရှိရာ ငွေဝင်ရင်းမြစ်ကို တင်ပြရခြင်း၊ ၀ယ်ယူခြင်းဖြစ်ပါက မည်သည့်ကိစ္စများတွင် အသုံးပြုမည်ဟု သက်သေတင်ပြရခြင်းများ ရှိခဲ့ပါတယ်။ ယခုအခါမှာ ၄င်းစာရွက်စာတမ်း တင်ပြရခြင်းများကို အမေရိကန်ဒေါ်လာတစ်သောင်းတန်ဖိုးအထိ ပြုလုပ်ရန်မလိုအပ်တော့ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက်ဖြင့် ဖြေလျှော့ပေးခဲ့ပါသဖြင့် ယခုကဲ့သို့ အများပြည်သူသို့ ၀န်ဆောင်မှုကောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ပါတယ်။

ငွေလဲကောင်တာများ၏ ဈေးနှုန်းသတ်မှတ်မှုကို သိမ်ဖြူကောင်တာမှ အဓိကသတ်မှတ်ပြီး ၄င်းဈေးအပေါ်တွင် သတ်မှတ်ထားသော ရာခိုင်နှုန်းအလိုက် ကျန်ကောင်တာများက ဈေးအတင်အချပြုလုပ်ခွင့်လည်း ခွင့်ပြုထားပြီဖြစ်သဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်းတွင် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးတူညီသော ဈေးနှုန်းများဖြင့်လည်း အများပြည်သူတို့ လဲလှယ်နိုင်တော့မည်ဖြစ်ပါတယ်။ ကျန်ငွေကြေးများ၏ ပြင်ပပေါက်ဈေးသည် နိုင်ငံတကာငွေလဲဈေးနှုန်းနှင့် မဟုတ်ဘဲ မြန်မာနိုင်ငံဈေးကွက်၏ ဈေးနှုန်းပေါ်မူတည် တွက်ချက်မှုရှိနေသေးသဖြင့် ကောင်တာဈေးများနှင့် ပြင်ပပေါက်ဈေးများသည် အနည်းငယ်ကွာဟမှု ရှိနေပါသေးတယ်။ များမကြာမီကာလတွင် ၄င်းကွာဟမှုများကိုပါ သိမ်ဖြူကောင်တာမှ ညှိနှိုင်းတွက်ချက်ကာ သတ်မှတ်ပေးလိမ့်မည်ဟု မျှော်လင့်မိပါတယ်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ မြန်မာ့ရှောပင်းမော(Myanmar Shopping Mall)၊ ပြည်လမ်း လှည်းတန်းမီးပွိုင့်အနီးရှိ ကမာရွတ်ဘဏ်ခွဲ(EA, Espace Avenir Serviced Apartment)၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်( ဆိုက်ရောက်၊ ထွက်ခွာ)နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်) တို့တွင် ငွေလဲကောင်တာများကို ဖွင့်လှစ်လဲလှယ် ပေးလျက် ရှိပါတယ်။

မကြာမီ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပုဂံညောင်ဦးတွင်လည်း ငွေလဲကောင်တာများ ဆက်လက်ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိပါသည်။

AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)

လီကွတ်ပါတီအကြိုရွေးကောက်ပွဲတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အနိုင်ရ

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ၎င်း၏လီကွတ်ပါတီ ခေါင်းဆောင်ရွေးချယ်သော အကြိုရွေးကောက်ပွဲတွင်အနိုင်ရခဲ့ရာ ရွေးကောက်ပွဲများကို မကြာမီပြုလုပ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ဇန်န၀ါရီလ ၃၁ ရက်တွင်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် နေတန်ယာဟုက ၎င်းကိုထောက်ခံသော လီကွတ်ပါတီထောက်ခံသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန်မှာ မဖြစ်နိုင်သေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အစ္စရေး အထွေထွေရွေးကောက်ပွဲကို ၂၀၁၃ ခုနှစ်၊ ဆောင်းဦးတွင် ကျင်းပရန်ရှိသော်လည်း နေတန်ယာဟုသည် ၎င်းအပေါ်ထောက်ခံမှု မြင့်မားနေချိန်ကိုအသုံးချ၍ ရွေးကောက်ပွဲကို စောပြုလုပ်ကာ ဒုတိယသက်တမ်း အတွက် အနိုင်ယူသွားဖွယ်ရှိသည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ခဲ့သည်။ မဲများရေတွက်ခဲ့ပြီးနောက် နေတန်ယာဟုသည် မဲအားလုံး၏ ၇၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်းနှင့်အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်သူ ပါတီတွင်း တက်ကြွလှုပ်ရှားသူ Moshe Feiglin မှာ မဲ ၂၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း အစ္စရေးအသံလွှင့်ဌာနက ထုတ်ပြန်ခဲ့သည်။ အတိုက်အခံ ကာဒီမာပါတီခေါင်းဆောင်ရွေးကောက်ပွဲကို မတ်လတွင် ပြုလုပ်မည်ဖြစ်သည်။

Ref:CNN

 ပါကစ္စတန်တွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုနေကြောင်း အိုဘားမား ပထမဆုံးအကြိမ်ဝန်ခံ

ပါကစ္စတန်တွင် အမေရိကန်က မောင်းသူမဲ့လေယာဉ်များအသုံးပြုကာ အယ်လ်ကေးဒါးများကို တိုက်ခိုက်နေကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလိုက်သည်။
ပါကစ္စတန်ရှိ အယ်လ်ကေးဒါးများကို အမေရိကန်က မောင်းသူမဲ့လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဆိုသော သတင်းပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဂူးဂဲလ်၏ လူမှုရေးကွန်ရက် Google+ ကိုအသုံးပြုပြီးပြုလုပ်သော အွန်လိုင်းအမေးအဖြေအစီအစဉ်တွင် အိုဘားမားက စီအိုင်အေ၏ လူတိုင်းသိနေသော လျို့ဝှက်ချက်ကို တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သော ကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။

''ရှင်းရှင်းပြောရရင် အယ်လ်ကေးဒါးလို့ သံသယရှိစရာကောင်းတဲ့သူတွေဟာ အာဖဂန်နဲ့ ပါကစ္စတန်နယ်ခြားဒေသမှာရှိနေတဲ့အတွက် ဖာတာဒေသ(ပြည်ထောင်စုအုပ်ချုပ်သော လူမျိုးစုဒေသများ)မှာ မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှုတွေ အများကြီးလုပ်ခဲ့၊ လုပ်နေရပါတယ်''ဟု အိုဘားမားက ဖြေကြားသွားခဲ့သည်။

ဖာတာဒေသသည် ပါကစ္စတန်နိုင်ငံအတွင်းရှိ လူမျိုးစုနယ်ခြားဒေသကို ဆိုလိုခြင်းဖြစ်ရာ ထုတ်ဖော်မှုအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။

Ref:Fox News

ဖလော်ရီဒါ အကြိုရွေးကောက်ပွဲတွင် မစ်ရွမ်နေ အနိုင်ရ


ရီပတ်ဘလီကန်ပါတီ၏ ဖလော်ရီဒါပြည်နယ် သမ္မတလောင်း အကြိုရွေးကောက်ပွဲတွင် မက်ဆားချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်းမစ်ရွမ်နေ အနိုင်ရခဲ့ကြောင်း စီအင်န်အင်န် သတင်းဌာန၏ အကြိုတွက်ချက်မှု များအရ သိရသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အကြိုရွေးကောက်ပွဲပြုလုပ်သည့် စတုတ္ထမြောက်ပြည်နယ် ဖလော်ရီဒါတွင် အနိုင်ရခဲ့ခြင်းနှင့်အတူ သမ္မတလောင်းများထဲတွင် အခြေအနေ အကောင်းဆုံးအနေအထားကို ရွမ်နေက ဆက်လက် ရယူနိုင်ခဲ့သည်။

နောက်ဆုံးမဲပေးမှုအပြီး မိနစ် ၃၀ မျှ ရှိချိန်ကတည်းက မစ်ရွမ်နေသည် အနိုင်ရကြောင်း ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။ ဖလော်ရီဒါပြည်နယ်တွင် မဲဆွယ်မှုများ၌ ရွမ်နေနှင့် အနီးကပ်ဆုံးပြိုင်ဘက် နယူတန်ဂင်းရစ်ခ်ျတို့ အကြား ပြင်းထန်သော ပုဂ္ဂိုလ်ရေးတိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းကြောင့် မည်သူနိုင်သည်ဖြစ်စေ လာမည့်နိုဝင်ဘာလတွင် ဒီမိုကရက်တစ်ပါတီဘက်မှ လက်ရှိသမ္မတ ဘာရက်အိုဘားမားနှင့် ယှဉ်ပြိုင်သည့်အခါတွင် ထိခိုက်နိုင်ကြောင်း ဝေဖန်မှုများလည်း ပေါ်ထွက်လာခဲ့သည်။

ယင်းသို့ သုံးသပ်ချက်များ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး ရွမ်နေက''ယှဉ်ပြိုင်မှုအားကောင်းတဲ့ အကြိုရွေးကောက်ပွဲတွေဟာ ကျွန်တော်တို့အကြားမှာ ကွဲပြားစေမှာမဟုတ်ဘဲ ကြိုတင်ပြင်ဆင်ရာ ရောက်စေပါတယ်။ကျွန်တော်တို့ အနိုင်ရမှာပါ''ဟု ရွမ်နေက ရီပတ်ဘလီကန် ထောက်ခံသူမျာ ကို ပြောကြားခဲ့သည်။

စီအင်န်အင်န်၏ အကြိုရေတွက် မှုအရ မဲ ၇၆ ရာခိုင်နှုန်း ရေတွက်အပြီးတွင် ရွမ်နေက ၄၇ ရာခိုင်နှုန်း၊ ဂင်းရစ်ခ်ျက ၃၂ ရာခိုင်နှုန်း၊ ပင်ဆီလ်ဗေးနီးယား အထက်လွှတ်တော်အမတ်ဟောင်း ရစ်ဆန်တိုရမ်က ၁၃ ရာခိုင်နှုန်း၊ တက္ကဆက် အောက်လွှတ်တော်အမတ် ရွန်ပေါလ်က ၇ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု သိရသည်။

ပြည်နယ်တွင်း မှတ်ပုံတင်ထားသည့် ရီပတ်ဘလီကန်ပါတီဝင် ၄သန်း ရှိသည့်အနက် ၁ သန်းခွဲခန့်က မဲပေးခဲ့ကြသည်ဟု ပြည်နယ်ဝက်ဘ်ဆိုက်က ဖော်ပြသည်။ ရွမ်နေသည် ကြိုတင်မဲ ထည့်သွားသူ ၆ သိန်းကျော်၏ မဲများတွင်ကတည်းက သိသိသာသာ ဦးဆောင်နေခဲ့ခြင်းဖြစ်သည်။

Ref;CNN

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများတွင် ပုဂ္ဂလိကပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမည်

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများတွင် ပုဂ္ဂလိက ပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဆက်သွယ်ရေး၊ စာ တိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ နိုင်ငံတော် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပါတ်သက်၍ ရှင်းလင်းပြော ကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းကထည့်သွင်းပြောကြား ခဲ့သည်။

မြန်နှုန်းမြင့် မိုက္ကရိုဝေ့ဗ်ဆက် ကြောင်းများကို ရန်ကုန် - ပြည် - မကွေး-နေပြည်တော်၊ မကွေး - ရေနံချောင်း - ပုပ္ပါး - မြင်းခြံ - မန္တလေး၊ ရန်ကုန် - မအူပင်-မြောင်းမြ - ပုသိမ်၊ မော်လမြိုင် - ထားဝယ်၊မန္တလေး - ကလေး၊ မန္တလေး - မူဆယ်၊ မိတ္ထီလာ - တောင်ကြီး၊တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်၊ မန္တလေး - မြင်းမူ - ချောင်းဦး - မုံရွာမြို့များတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - ပြည်-မကွေး - သစ်ရာကောက် - တောင်တွင်းကြီး - နတ်မောက် - ပျော်ဖွယ် - နေပြည်တော်ဒေသများကို မြို့ချင်းဆက် ဖိုင်ဘာဆက်ကြောင်း၊ တောင်တွင်းကြီး - ညောင်ဦး-မြင်းခြံ - တံတားဦး-မန္တလေး၊ မန္တလေး - စစ်ကိုင်း - မြင်းမူ-ချောင်းဦး - မုံရွာဒေသများကို အဆင့်မြှင့်နည်းပညာသုံး ဖိုင်ဘာဆက်ကြောင်းများ၊ထားဝယ် - မြိတ် - ကော့သောင်းမြို့များတွင် ဖိုင်ဘာဆက်ကြောင်းများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးများနှင့်ပြည် နယ်မြို့တော်များတွင် အိုင်ပီထရန်စစ် ၀င်ပေါက်ထွက်ပေါက်စခန်းများ တပ်ဆင်ရေးနှင့် မြို့ကြီးများနှင့် နယ်မြို့များရှိ ခေတ်ဟောင်းအိတ်ချိန်းများအား အစားထိုးလဲလှယ်ခြင်းများ၊ သတင်းနှင့် အချက်အလက် စုံစမ်းရေး ဗဟိုဌာနတစ်ခုကို ပုဂ္ဂလိကနှင့်ပူးပေါင်းဖွင့်လှစ်ဆောင်ရွက်မည့်အပြင် သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်တာနက်သုံးစွဲမှုများတွင် ဆိုက်ဘာလုံခြုံရေး၊ မြှင့်တင်ရေးကိစ္စ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရသည်။

''မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများမှာ ပုဂ္ဂလိက ပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။မြို့ပြ၊ကျေးလက်တွေမှာ တယ်လီဖုန်းတိုးချဲ့တပ်ဆင်သွားပြီး တယ်လီဖုန်းလုံးရေ ၂၂၂၈၆၇၉နှင့် တယ်လီဖုန်း သိပ်သည်းဆ ၄.၂၈ ရာ ခိုင်းနှုန်းဖြစ်အောင်၊ အင်တာနက်သုံး စွဲသူ ၅၀၀၀၀၀ ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တယ်လီဖုန်းကဏ္ဍတွင် အော်တိုတယ်လီဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း စုစုပေါင်းလုံးရေ ၁၇၉၉၆၅ လုံး တပ်ဆင်ပေးရန် လျာထားမှာဖြစ်ပါတယ်။မိုဘိုင်း တယ်လီဖုန်းတိုးချဲ့ခြင်းစီမံကိန်း ပထမနှစ်လိုင်း ၄ သန်းတိုးချဲ့ခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ နိုင်ငံတော် အမျိုးသားစီမံကိန်းဥပဒေ ကြမ်းနှင့် ပါတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

ELEVEN MEDIA GROUP

လက်ဆင့်မကမ်းသင့်သောအရာများ


မျိုးဆက်သစ်တွေအတွက် မမှန်တာတွေနဲ့ အမှားတွေ မလုပ်ကောင်းတာတွေကို ပြောလိုတာပါ။

အကြင်အရပ်သည်သာယာ၏။ ဘာသာတရားထွန်းကား၏။ မေတ္တာတရားပွားများရာအရပ်ဖြစ် သည်။ပညာရှိသူတော်ကောင်းများ ပျော်မွေ့ရာအရပ်ဖြစ်သည်။ထိုအရပ် သို့ရောက်လျှင် ကောင်းလေစွ။ ရွာဦးဆရာတော် ပျံတော်မူသွားသောကြောင့် သူ၏စာတိုက်(စာအုပ်သေတ္တာ)ကို ကျွန်တော်တို့ရှင်းရင်း ဆရာတော်ရေးထားသောစာများကို သူငယ်ချင်းဝင်းမောင်က ဖတ်ပြနေသည်။

''ဒါက ဆရာတော်ငယ်စဉ်က နိဗ္ဗန်ကိုနားလည်အောင်ရေးထားတဲ့ စာလို့ပြောတယ်'' ၀င်းမောင်က ကျွန်တော့်ကို ရှင်းပြသည်။ ဆက်လက်ပြီး သူက''အမှားအမှန်ခွဲခြားတတ်ရင် ပညာရှိပဲ'' တဲ့။''လွယ်လှချည်လား'' ''အေးကွ ပညာရှိတွေအတွက် အမှားအမှန် ခွဲခြားတတ်ဖို့ဆိုတာ လွယ်တယ်။ ခင်ဗျားကော အမှားအမှန်ခွဲ လို့တတ်ပြီလား''

''အင်း ကျွန်တော်ကတော့ အမှားအများစုကို သိနေတာပဲ။ ဒါပေမဲ့ အမှန်ကိုလုပ်ဖို့တော့ ခက်တာပါပဲ။ ဒီအတိုင်း သိရုံသိဖို့တော့ မခက်ဘူးလို့ ထင်တယ်''

''ဒါပေမဲ့ လူမှုရေးတွေမှာ အမှားအမှန်ဆိုတာ ဝေဖန်ပိုင်းခြားရတာ အရမ်းခက်တယ်။ နောက်ပြီး မမှန်တာတွေကို ပြဿနာပြေလည်သွားအောင်ဆိုပြီး လုပ်တတ်တာတွေလည်း ရှိပါသေးတယ်''

''ကျွန်တာ့်ကို ဥပမာလေးတစ်ခု နှစ်ခုလောက်ပေးပါလားဗျာ''

''ရပါတယ်။ ဥပမာတွေ အများကြီးရှိတယ်။ ဥပမာ စက်မှုဇုန်ထုတ် ကားတွေကိစ္စပါ။ ဒီလိုကားတွေထုတ်တာ မှန်လား၊ မှားလား''

''စက်မှုဇုန်ကားဆိုတာ ကားတွေရှားနေတဲ့ကာလက ခွင့်ပြုလိုက်တာလေ။ သူ့ခေတ်နဲ့သူ မှန်တာပဲပေါ့''''ဘယ်လိုလုပ်မှန်မလဲ။ ကိုယ်တိုင်ဘာကိုမှ လုပ်မတတ်တာပဲ။ သူများတွေဆီက ပစ္စည်းတွေနဲ့ စုပေါင်းစပ်ပေါင်းလုပ်တယ်။ R&D ဆိုတာလည်းမရှိဘူး''

''ဘာလဲ R&D ဆိုတာ Research and Development လား''

''ဟုတ်ပါတယ်။ သုတေသနလုပ်ပြီး ဖွံ့ဖြိုးအောင်ဆောင်ရွက်ရတာကို ပြောတာ။'' ''ခင်ဗျားလည်း ၀ယ်သေးတယ်မဟုတ်လား'' ''၀ယ်တာပေါ့ဗျာ။ တစ်ခုတော့ ရှိတယ်။ ဒီလိုကားတွေစီးတဲ့အခါ မိတ်ဆွေပေါတယ်''

''ဘယ်လို''

''ခဏ ခဏပျက်တယ်။ လမ်းတကာက ၀ပ်ရှော့တွေနဲ့ မိတ်ဆွေတွေဖြစ်လာတယ်။ ဟား ဟား''သူနောက်ကာ ရယ်နေပါသည်။ သူ ဆက်ပြောသည်။

''ဒါပေမဲ့ နောက်ပိုင်းမှာ စက်မှုဇုန်ကကားတွေဟာ မပျက်တော့ဘူး''

''အတွေ့အကြုံများလာပြီး သူတို့တော်လာ တတ်လာတယ်ဆိုပါတော့ ရည်ရွယ်ချက်အောင်မြင်တာပဲ'' ''ထွတ် ဘယ်ကလာဟုတ်ရမှာလဲ။ ဒါဟာ ဥုံဖွလုပ်လို့ရတာတွေ မဟုတ်ဘူး''''ခင်ဗျားပဲ ကားတွေမပျက်တော့ဘူး ကောင်းလာတယ်ဆို''

''သူတို့က ကားအစီးလိုက်ကို စက်မှုဇုန်ကလုပ်တယ်ဆိုပြီး နိုင်ငံခြားကနေ တိုက်ရိုက် တင်သွင်းလာတာကိုပြောတာ''

''ဟုတ်တယ်လေ ကျွန်တော်တို့ အသိုင်းအ၀ိုင်းက လူတွေအားလုံးဟာ ဒါကိုမသိတဲ့သူမရှိပါဘူး'' ''အားလုံးသိနေတဲ့ကိစ္စပါပဲ။ ကားတွေကို ယိုးဒယားကကုန်းလမ်းနဲ့ သွင်းတယ်။ ကွန်တိန်နာတွေနဲ့လည်း ရေလမ်းကနေ သွင်းတယ်'' ''ဒါက စက်မှုဇုန်က အမည်ခံတာပေါ့ ဟုတ်လား'' ''ဟုတ်တယ်လေ။ ဒါပေမဲ့ နောက်တစ်နှစ်မှာ ဒုက္ခရောက်တော့တာပဲ''

''ဘာကြောင့်''

''ပထမနှစ်က ဌာနဆိုင်ရာနဲ့ ဇုန်ကလူတွေ ရိုက်တယ်''

''ဒါပဲဖြစ်မှာပေါ့။ ဒါပေမဲ့လက် ဆုပ်လက်ကိုင်ပြဖို့တော့ခက်တယ်။ ဒါဟာ လူသိရှင်ကြားတွေမှ မဟုတ်တာပဲ။ ဒီလိုဖြစ်တယ်လို့ပြောရင်တောင် ခင်ဗျားတရားစွဲခံရနိုင်တယ်။ ဒီတော့ ဖြစ်နိုင်ခြေရှိတယ်ကို ပြောတာပါဗျာ။ ဒီနေရာကိုရောက်၏။ ထို့ကြောင့် ထိုသို့ဖြစ်၏လို့တော့ ပြောနိုင်တာပဲလေ။ တကယ်တမ်း စဉ်းစားကြည့် ဒီ Super Customs တို့ Alphad တို့ဆိုတာ စက်မှုဇုန် ထုတ်မဟုတ်တာပဲ။ ကြည့်တာနဲ့သိတယ်။ အဝေးပြေး (Express) ကားတွေတောင်ပါသေးတယ်။ ဒါ တွေကို စက်ရုံကြီးကသာ ထုတ်နိုင်တာပေါ့။ ပုစဉ်းခေါင်းလို့ခေါ်ကြတဲ့ တိုယိုတာပစ်ကပ်ကားတွေလည်း ဒီအတိုင်းပါပဲ။ သူတို့ကုန်းလမ်းမှာ လိုင်စင်ဝင်တယ်။ နံပါတ်ရတယ်''

'မကြာသေးမီက ဖြစ်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာ ကားဟောင်းရှိသူက ကားအသစ်လိုချင်ရင် ကားဟောင်းကိုအပ်လိုက်တဲ့အခါ ပါမစ်ရတယ်' ' ဟုတ်ပါတယ်။ ဒီလုပ်ရပ်ဟာ မမှန်ကန်ဘူးလား' ' ဟင့်အင်း တကယ်တော့ ဒီလုပ်ရပ်ဟာ မမှန်ကန်ပေမယ့် ကားတွေအဆမတန်ဈေးတွေကြီးနေတဲ့ မြန်မာနိုင်ငံမှာ . . .


''နောက်နှစ်မှာ ပြဿနာတက်တာပေါ့ ဟုတ်လား'' ''အစစ်ပေါ့။ အမိုးဖောက်ခိုင်း တယ်။ ဖရိန်တွေကို ၀ဲလ်ဒင်ရာတွေ ပြခိုင်းတယ်။ သုံး၊ လေးခါသွားပြီးမှ လိုင်စင်ရတယ်။ RTA ထုပေးလိုက်ရင်တော့ အဆင်ပြေသွားပြီ''
''ဘာလဲ RTA ဆိုတာ''

''ကျွန်တော်လည်း မသိဘူး။ Road Transport Acknowledgement ဆိုတာမျိုးလားပဲ။ အသိ အမှတ်ပြုယာဉ်ပေါ့''

''ကားတိုင်း ဒီလိုပဲလား'' ''မဟုတ်သေးဘူး။ ဆူပါကပ် စတန်လိုကားတွေကတော့ ခုထိ ပြဿနာတွေတက်နေဆဲပဲ''ကျွန်တော့်ကို ရှင်းပြနေသည်။ တကယ်တော့ ဒီကိစ္စတွေအားလုံးသည် မမှန်ဟူသောဥပမာကို ပြောလို၍ ရှင်းပြခြင်းဖြစ်သည်ဟု သူကဆို ပါသည်။ အမှားတွေကို ကျွန်တော်စဉ်းစားနေသည်။ ဒါတွေ မမှန်ပါ။

''ဒါတွေကို ခင်ဗျားဘယ်လို ထင်လဲ''

''မလုပ်ကောင်းတာတွေလို့ မြင်ပါတယ်''

''ဘယ်လိုမျိုးလဲ''

''ဥပဒေတွေမှာ ပျော့ကွက်တွေရှိတယ်။ အဲဒီပျော့ကွက်ကိုနှိုက်ပြီး ကိုယ်ကျိုးစီးပွားရှာတာဟာ အင်မတန်ဆိုးတာပေါ့။ မလုပ်ကောင်းဘူးလို့မြင်တယ်''

''ဒီကားတွေရှိလာလို့ သယ်ယူပို့ဆောင်ရေးတွေ အဆင်ပြေလာတယ်မဟုတ်လား''

''မမှန်တဲ့နည်းတွေနဲ့ အဆင်ပြေတယ်ဆိုပြီး လုပ်လို့မရဘူး။ နောက်ပိုင်းကားဟောင်းအပ်ပြီး ကားသစ်အတွက် ပါမစ်တွေထုတ်ပေးတာနဲ့ပတ်သက်ပြီးတော့လည်း မှားတာတွေ အများကြီးရှိတယ်''

''စိတ်ဝင်စားစရာပါပဲရှင်းပါဦး''သူက စိတ်ရှည်လက်ရှည်ပြောပြသည်။

''မကြာသေးမီကဖြစ်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာကားဟောင်းရှိသူက ကားအသစ်လိုချင်ရင် ကားဟောင်း ကိုအပ်လိုက်တဲ့အခါ ပါမစ်ရတယ်''

''ဟုတ်ပါတယ်။ ဒီလုပ်ရပ်ဟာ မမှန်ကန်ဘူးလား''

''ဟင့်အင်း တကယ်တော့ ဒီလုပ်ရပ်ဟာ မမှန်ကန်ပေမယ့် ကားတွေ အဆမတန်ဈေးတွေကြီးနေတဲ့ မြန်မာနိုင်ငံမှာ အဆင်ပြေသလို ဖြစ်သွားတယ်။ ဒါပေမဲ့ မမှန်ကန်တဲ့ နည်းနဲ့ဖြေရှင်းတာပဲ''

''မမှန်ဘူး ဟုတ်လား''

''ဟုတ်တယ်။ မမှန်ကန်တဲ့လုပ်ရပ်ဟာ တစ်ချိန်မှာဒုက္ခရောက်တတ်တယ်။ ပြဿနာတွေ တက်တတ်ပါတယ်။ ဘာကြောင့် မမှန်ကန်ဘူးလို့ ပြောရလဲဆိုတာကို အစကနေရှင်းရမယ်။ ၂၀၁၀ ပြည့်နှစ်မှာ စက်သုံးဆီတွေကို ပုဂ္ဂလိကရောင်းချ ခွင့်ပေးလိုက်ပေမယ့် ဓာတ်ဆီတွေကို အကန့်အသတ်နဲ့ပေးတယ်။ ဒီဓာတ်ဆီကို ပေါက်ဈေးထက်နည်းပြီး ဈေးနှုန်းသက်သာစွာနဲ့ ရနိုင်ဖို့ ဆီစာအုပ် လိုတယ်။ ကားတစ်စီးမှာ ဆီစာအုပ်တစ်အုပ်ဆိုရင် အလုပ်လုပ်တဲ့လူတစ်ယောက်လောက် ၀င်ငွေရှိတယ်''

''အလုပ်မလုပ်ဘဲ ဆီထုတ်စားတဲ့လူတွေရှိတာပဲ''

''ဟုတ်တယ် ဒီတော့ လုပ်ငန်းရှင်အညံ့စားတွေဟာ ကားစုတ်ကား ဟောင်းတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး ဓာတ်ဆီတွေကို ထုတ်ရောင်းတယ်''

''ဟုတ်ကဲ့''

''ဒါနဲ့ ခြောက်လ၊တစ်နှစ်လည်းကြာရော ကားဟောင်းရှိတဲ့သူတွေ ကားအပ်ရင် ကားဝယ်ခွင့် ပါမစ်ထုတ်ပေးမယ်လို့ အစိုးရကကြေညာတယ်။ ဒီတော့ ဓာတ်ဆီမှောင်ခိုထုတ်ရောင်းတဲ့သူတွေ ပွသွားတာပေါ့။ သူတို့ ငါးသိန်း၊ ၁၀ သိန်းနဲ့ ၀ယ်တဲ့ကားတွေ ဟာ သိန်းတစ်ရာလောက် ရသွားတော့တယ်''

''ခင်ဗျားဆိုလိုတာကမဟုတ်တာ လုပ်စားတဲ့သူတွေ အဆင်ပြေသွား တာပေါ့''

''ဒါပေါ့ တကယ်တမ်း ကြိုးစားပမ်စားနဲ့ နိုင်ငံတာဝန်ကို သစ္စာရှိရှိနဲ့ ထမ်းတဲ့ဝန်ထမ်းတစ်ဦးဟာ ဒီလောက်ငွေကို အိပ်မက်တောင် မက်လို့မရဘူး''

''အင်း ခင်ဗျားပြောတာ မှန်ပါတယ်။ မဟုတ်တာတွေကိုလုပ်ပြီး ဟုတ်သယောင်ယောင်ဖြစ်သွားတာ လူ့ဘောင်မှာ ခွင့်မပြုသင့်ဘူးလို့ ထင်တာပဲ''

''ကျွန်တော် ပုံပြင်လေးတစ်ပုံ ပြောပြမယ်''

သူ ကျွန်တော့်ကို အောက်ပါ ပုံပြင်လေးကိုပြောပြသည်။

''တစ်ခါက လူတစ်ယောက်မှာ အင်မတန်ကောင်းတဲ့မြင်းတစ်ယောက် ရှိသတဲ့။ သူ့ရဲ့မြင်းကို သူဌေးတွေက ကြိုက်ဈေးပေးပြီး ၀ယ်ကြတယ်။ ဒါပေမဲ့ ဒီမြင်းကို ဘယ်သူ့ကိုမှ မရောင်းနိုင်ဘူး။ သူဌေးတွေက အကြိမ်ကြိမ် ကြိုးစားကာလိုက်ဝယ်တယ်။ မရတဲ့နောက်ဆုံး သူဌေးတစ်ယောက်က အကြံအစည်တစ်ခု လုပ်တယ်။ သူသွားတဲ့လမ်းမှာ အစာရေစာငတ်ပြတ်နေလို့ လဲကျနေတဲ့ အဖိုးအိုလို ဟန်ဆောင်တယ်။ မြင်းပိုင်ရှင်က သူဌေးကို သူတောင်းစားအားပြတ်လို့ လဲနေတာထင်ပြီး သူ့မှာပါလာတဲ့ ရေဘူးလေးကိုကိုင်ပြီး သူဌေးကိုပွေ့ချီကာ ရေသွားတိုက်တယ်။ ဒီအခါမှာပဲ အယောင်ဆောင်နေတဲ့ သူဌေးဟာ အဲဒီလူရဲ့မြင်းပေါ်တက်စီးကာ အဝေးကိုနှင် သွားတယ်။ ဒီလူကလိုက်ပြီးပြောတယ်။

''ဟေ့လူ ခဏနေဦး ခဏနေဦး'' တဲ့။ မြင်းပေါ်ရောက်နေတဲ့ သူဌေးက ကျီစယ်လိုတာကြောင့် ခေတ္တစောင့်ပြီး ''မင်းမြင်းကိုမင်းလိုက်မမီပါဘူး။ သွားတော့မယ်'' လို့ လှမ်းအော်ပြောတယ်။

ဒီအခါမြင်းပိုင်ရှင်က''ဟေ့လူ ခင်ဗျား ဒီမြင်းကို ကျုပ်လိုက်မမီတာ သေချာပါတယ်။ ဒါပေမဲ့တစ်ခုတော့ မှာချင်ပါတယ်''၊ ''ဘာမှာမှာလဲ။''

''ခင်ဗျားမြင်းကို ဒီလိုနည်းနဲ့ရတာ အခြားလူတွေကိုမပြောပြပါနဲ့ဗျာ။ တကယ်လို့ ဆင်းရဲသားတွေဟာ ဒီလိုပဲ အစာရေစာပြတ်ပြီး လမ်းပေါ်မှာလဲနေရင် ဘယ်သူမှ မကယ်ရဲမှာစိုးလို့ပါ။ ကဲသွားပေတော့'' တဲ့။သူပြောပြသည့်ပုံပြင်ကို ကျွန် တော်သဘောကျပါသည်။ ဗြဟ္မစိုရ်တရားသည် လောကမှာ အရေးကြီးပါသည်။ ဒီအတိုင်းပါပဲ။ အမှန်တရားဟာ အရေးကြီးပါသည်။

နောက်တစ်ခေတ်တွင် သားသမီး မြေးမြစ်တွေကို ''အဖေတို့ခေတ်က လေးဘီးကားဝယ် ဆီထုတ်စားလိုက်တာ ချမ်းသာသွားပါလေရော'' ဆိုတာမျိုးကိုတော့ နောက်မျိုးဆက်ကို မပြောကြပါနဲ့လို့ တောင်းပန်ရပါသည်။

Written by ဒေါက်တာခင်မောင်ညို

Eleven media group

ဘန်ကောက်က The Lady ကြော်ငြာ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က မြန်မာတွေ အများစု ရှိတဲ့နေရာမှာ ကြော်ငြာထားတဲ့ The Lady ဇာတ်ကားပါ။ ဒီနေ့ကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ မေဂျာစီနီပလပ်စ် အဆင့်မြင့်ရုံကြီးမှာ ပြမယ်၊ မိမိအခန်း ဖန်သားပြင်ကနေ မစောင့်နဲ့တော့၊ နောင်တ ရသွားလိမ့်မယ်တဲ့။

ဧရာဝတီသတင်းဆိုဒ်မှာရော၊ ဘလော့ဂ်မှာပါ The Lady ဇာတ်ကား လင့်ခ်ကို လာလာတောင်းကြတာ တွေ့ရပါတယ်။ ဇာတ်ကားအပြည့်ကြည့်နိုင်တဲ့ လင့်ခ်ကတော့ ခုထိ မမြင်မိသေးပါဘူး။ တလောက ဘလော့ဂ်တွေမှာ The Lady ဇာတ်ကားဆိုပြီး ပွနေတဲ့ လင့်ခ်ကလည်း ဘားမားကွန်စပိုက်ရေစီဆိုတဲ့ ပြင်သစ်ရိုက် မြန်မာ့ဇာတ်ကြောင်းကားပါ၊ The Lady နဲ့ မှားနေကြတာသာ ဖြစ်ပါတယ်။ ရုပ်ရှင် ဒေါင်းလုဒ် အကျော်အမော်များကိုလည်း မေးပြီးပါပြီ။ မတွေ့သေးပါဘူး။ နမူနာဇာတ်ကားနဲ့ ဓာတ်ပုံတွေကတော့ ဒီဘလော့ဂ်မှာပဲ မကြာခဏ တင်ပြီးပါပြီ။

ဘန်ကောက်မှာ ရှိနေတဲ့ စိတ်ဝင်စားသူ မြန်မာများကတော့ သွားရောက်အားပေးကြည့်ရှုနိုင်ပြီ ဆိုတဲ့အကြောင်း ...။

ကြားဖြတ် ရွေးကောက်ပွဲ ကြံ့ဖွံ့ ကိုယ်စားလှယ် စာရင်း





မွန်ပြည်သစ်ပါတီနှင့် အပစ်ရပ်စဲရေး ပမာဏလက်မှတ်ရေးထိုးပွဲ



မွန်ပြည်သစ်ပါတီနှင့် ဦးသိန်းစိန် အစိုးရမှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့တို့ အပစ်ရပ်စဲရေး ပဏာမ သဘောတူညီလက်မှတ်ရေးထိုးပွဲကို ဖေဖေါ်ဝါရီ ၁ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။ ယခုကဲ့သို့ လက်မှတ်မရေးထိုးမီ ယမန်နှစ်နှောင်းပိုင်းက မွန်ပြည်သစ်ပါတီသည် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်ရပ်သဘောတူညီမှုရရှိခဲ့ပြီး စစ်အစိုးရ၏နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံသည့်နောက် ၂၀၁၀ ခုနှစ်စက်တင်ဘာလကစပြီး အပစ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။






Yangon Press International

နိုင်ငံတစ်နိုင်ငံ တိုးတက်စေလိုလျှင်


နိုင်ငံတစ်နိုင်ငံ တိုးတက်စေလိုလျှင်
ပညာရေးကောင်းရမည်ဆိုသည်ကို လူတိုင်းသိပါသည်။
ပညာရေးတွင်အဆင့်အမြင့်ဆုံးဌာနဖြစ်သော တက္ကသိုလ်များအား
လက်ရှိအတိုင်း တန်းလျားသာသာအခြေအနေဖြင့်
မြို့စွန် အခေါင်အဖျားများသို့
နယ်နှင်ဒါဏ်ပေးထားခြင်းမှ ရုတ်သိမ်းကာ
ဟောင်းလောင်းဖြစ်နေသော၊ ဂုဏ်သိက္ခာကြွားဝံ့သော၊
ပညာလိုလားနှစ်သက်စေမည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်သော၊
ယခင် ဂန္ဓ၀င် တက္ကသိုလ် နေရာဟောင်းကြီးများတွင် ပြန်လည် ဖွင့်လှစ်ပေးသင့်ပါသည်။

တက္ကသိုလ်သည် Open Society ဖြစ်သင့်၏။
ကျောင်းသားအချင်းချင်းပင် တက္ကသိုလ်တစ်ခုနဲ့ တစ်ခု
အလည်မသွားလာနိုင်အောင် တင်းကြပ်လွန်းထားခြင်းအား ပြင်ဆင်ပေးသင့်သည်။
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ လုံလုံခြုံခြုံဝတ်လျှင်ပြီးပြီပေါ့။
အတင်း မြန်မာလို ၀တ်ခိုင်းပြီး မှန်နိုင်လွန်တွေလုပ်လာတာမျိုးကို လျစ်လျူရှုနေရခြင်းသည် အဆီအငေါ်မတည့်။
လွတ်လပ်စွာ ပညာသင်ကြားနိုင်သော အ၀န်းအ၀ိုင်းတစ်ခု ဖန်တီးပေးသင့်သည်။

နိုင်ငံတကာတွင် အိုဗွီလိဒ်များ၊ ကျနော်တို့ဆီတွင် ကံ့ကော်တော၊ စွယ်တော်ရိပ် စသဖြင့်
တက္ကသိုလ်ဆိုသည်မှာ တက်ချင့်စရာ နေရာတစ်ခုဖြစ်စေသင့်ပါသည်။
အခုတော့ နေပူပြောင်ပြောင် ကွင်းခေါင်ခေါင်တွင် ဖုန်တသောသော မြွေပါးကင်းပါး ၀ဋ်ကျသလိုသွားလာရ
တစ်ခေါက်လောက် တက္ကသိုလ်ရောက်ဖို့အရေး ၂နာရီလောက် ခရီးနှင်ရသော အရပ်တွေမှာ
တန်းလျားသာသာလေးတွေကို တက္ကသိုလ်နာမည်တပ် လျှောက်ဖွင့်ထားခြင်းကို
အမြန်ဆုံးပြင်ဆင်မှ မြန်မာ့ ပညာရေးဦးမော့ကာ
အာရှမှာ မြန်မာတို့ ဂုဏ်ယူဝံ့ကြွားစရာ လမ်းစပေါ်ပေမည်။

Thorn Nay Soe

“ ဖေ့ဘုတ်အကောင့်များ တစ်ဦးချင်းစီ ယာယီပိတ်မည် ”


ဖေ့ဘုတ်က တစ်ယောက်ချင်းစီရဲ့ အေ...ကာင့်တွေကို နာရီအနည်းငယ်မျှ ယာယီပိတ်ပါမယ် ။ ကိုယ် သိုလိုလှောင်ထားတဲ့ database ကို Upgrade ပြုလုပ်ဖို့အတွက်လို့သိရပါတယ် ။ သူတို့ လုပ်ပြီးချိန်မှာတော့ အကောင့်ပြန်ဝင်လို့ရပါ့မယ် ။ ကိုယ်တင်ထားတာတွေ ဘာမှမပျက်ပါဘူးလို့ အာမခံထားပါတယ် ။ အကောင့်အားလုံးကို တချိန်လုံး ပိတ်တာမဟုတ်ပါဘူး ။ ကိုယ်ပိတ်ခံနေရတဲ့အချိန်မှာ ကိုယ့်သူငယ်ချင်းတွေ ၀င်လို့ရနေမှာပါ ။ နာရီအနည်းငယ်မှာ မူလပါ့စ်ဝပ်နဲ့ ပြန်ဝင်လို့ရမယ်လို့သိရပါတယ် ။ ၂၄ နာရီကျော်တဲ့အထိ အကောင့်ဖွင့်မရရင်တော့ https://www.facebook.com/help/contact.php?show_form=site_maintenance မှာ သွားပြောနိုင်ပါတယ် ။

I'm getting a "Facebook Will Be Back Soon" message when I try to log in.
If you're seeing this message when you log in, it usually means that we're making an improvement to the database that your account is stored on. While we're doing this, you won't be able to access your account. We're sorry for the inconvenience! This maintenance shouldn't last more than a few hours.

A few notes:

After the maintenance is over, you'll still be able to log in with the same password
Your account will not be affected by the maintenance
We don't do site maintenance on all accounts at the same time, so it's possible that your friends will be able to access the site while your account is unavailable


If you're still seeing this error after 24 hours, let us know.

Wednesday, February 1, 2012

The Lady မိတ်ဆက်ပွဲ ထိုင်းဝန်ကြီးချုပ် ယင့်လပ် တက်ရောက်


The Lady ရုပ်ရှင်းကား မိတ်ဆက် အခမ်းအနားတွင် တွေ့ရသော မစ္စ ယင့်လပ် နှင့် မီရှဲလ်ယိုး(ဓာတ်ပုံ - (ဓာတ်ပုံ - Yingluck / Facebook)


ဒေါ်အောင်ဆန်းစုကြည် ဘ၀ အကြောင်း ရိုက်ကူးသည့် The Lady ရုပ်ရှင်ကား မိတ်ဆက် ဖွင့်လှစ်သော အခမ်းအနားကို ယမန် နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့Paragon Cineplex, Siam Paragon ၌ ကျင်းပရာ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင် နာဝပ် တက်ရောက်သည်။


ယင်းအခမ်းအနားသို့ သက်ဆိုင်ရာ တာဝန်ရှိသူများအပါအ၀င် The Lady တွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်သည့် ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး မီရှဲလ်ယိုးနှင့် ဇာတ်ကားရိုက်ကူးသော ပြင်သစ် ဒါရိုက်တာ Luc Besson တို့လည်း ကိုယ်တိုင် တက်ရောက်ကြသည်။

အခမ်းအနား၌ မီရှဲလ်ယိုးက ရေဘေး ကယ်ဆယ်ရေးအတွက် ထိုင်း ဘတ် တသိန်း လှူဒါန်းကြောင်း ၎င်း၏ ကိုယ်ပိုင် ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

ထိုရုပ်ရှင် ဇာတ်ကားအား ဖေဖော်ဝါရီ ၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မြန်မာ အလုပ်သမား များစွာရှိသော စမွတ်စခွန်ခရိုင် မဟာချိုင်မြို့များတွင် ပြသမည်ဖြစ်ပြီး ရုံဝင်လက်မှတ်များလည်း ရောင်းချနေကြောင်း သိရသည်။

The Lady ကို Major Cineplex Group Public Co. Ltd. က IT Computer အဖွဲ့သို့ ဈေးကွက်မြှင့်တင်ရေးအနေဖြင့် အဆိုပါမြို့ များတွင် ပြသခွင့် ပေးထားခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူတဦးက ပြောဆိုထားသည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ်

(ဓါတ်ပုံ-www.pwvb.blogspot.com)
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပစ္စည်းအချို့အား အကျဉ်းထောင်အတွင်းယူဆောင်ရန် ကြိုးပမ်းမှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၏ တရားစွဲဆိုခြင်းခံထားရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ်ရန် အင်းစိန်မြို့နယ်တရားရုံးမှ ယနေ့ အမိန့်ချမှတ်လိုက်သည်။

‘’ တရားသူကြီးက ဗိုလ်ချုပ်ပုံကို တရားမ၀င်ပစ္စည်းအဖြစ်အကျဉ်းထောင်ထဲမှာ ပြဋ္ဌာန်းမထားဘူးဆိုပြီး ပြည်ထဲရေးရဲ့ စွဲချက်တွေအားလုံးကို ပယ်ဖျက်ပစ်ခဲ့တယ်။ ကျွန်တော့်ကို အမှုကနေတရားသေလွှတ်ခဲ့တယ်။’’ ဟု ဦးနေမျိုးဇင်က YPI သို့ပြောသည်။

၎င်းအား ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်၊ စတေကာနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တွေ့ဆုံသည့်ပုံပါ ဂျာနယ်တစ်စောင်တို့အား အကျဉ်းထောင်တွင်းယူဆောင်ရန် ကြိုးပမ်းမှုအတွက် အကျဉ်းကျရာမှ ပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ပင် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ (အကျဉ်းထောင်အတွင်းသို့ တရားမ၀င်ပစ္စည်း သွင်းယူမှု) အရ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမှုရင်ဆိုင်နေချိန်တွင် ၎င်းအားထောက်ခံသူများက ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်များကို ၀တ်ဆင်၍ တရားရုံးအထိ လိုက်ပါခဲ့ကြကြောင်း ၎င်းကပြောသည်။

ဦးနေမျိုးဇင်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်သည်။ ၎င်းအား ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းက အီလက်ထရွန်းနစ်ပုဒ်မဖြင့် ထောင်ဒဏ်၁၀ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့ကမှ ပြန်လည် လွတ်မြောက်လာကာ လွတ်မြောက်လာသည့်နေတွင်ပင် ယခုအမှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ။

yangon press international

နိုင်ငံကျော် ဟာသပညာရှင် ကိုဇာဂနာ အမေရိကသို့ရောက်ရှိ(ရုပ်/သံ)


ဟာသပညာရှင် ကိုသူရ ခေါ် ဇာဂနာရဲ့ ပထမဆုံး အမေရိကန်နိုင်ငံ ခရီးစဉ်အဖြစ် ၀ါရှင်တန် ဒီစီ မြို့တော်နားက ဒါးလာစ် လေဆိပ်ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့က ရောက်ရှိလာပါတယ်။
ကိုသူရကို RFA က သွားရောက်တွေ့ဆုံပြီး မေးမြန်းထားပါတယ်။

မနေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပခုက္ကူ ခရီးစဉ် ဓာတ်ပုံမှတ်တမ်း..


ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာစဉ်..

ညောင်ဦးမှ ကြိုဆိုနှုတ်ဆက်နေသူ ပြည်သူလူထု..

ကားပေါ်မှ လက်အုပ်ချီလျှက်... မြင်ကွင်း



ပခုက္ကူမှာ ဖြတ်သန်းသွားချိန်မှာ တိုးကြကြိတ်ကြနဲ့ ဝမ်းပန်းတသာ ကြိုဆိုနေတဲ့ ပြည်သူလူထု...


သွားတဲ့ခရီးက ဗြိတိန်နိုင်ငံရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ မြိုင်မြို့နယ်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက်ပါ..။ လူထုမသိအောင် သွားတယ်.. လူထုက သိနေတယ်... ။ ရောက်ရာနေရာမှာ ကြိုဆိုသူအပြည့်နဲ့ မရရအောင် ကြိုဆိုကြတယ်...။ အမေစုကလည်း အားကိုးတဲ့ မေတ္တာထားတဲ့ လူထုကို လေးလေးစားစား ပြန်လည် နှုတ်ဆက်တယ်လေ...။






မြိုင်မြို့နယ်က ကျေးရွာတွေမှာ ဗြိတိန်အစိုးရရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ အခြေခံအပ်ချုပ်သင်တန်းကို ဝင်ရောက်လေ့လာစဉ်...။

ဓာတ်ပုံများ Ap,Getty Images, Reuters