စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, March 2, 2012

သမတ ဦးသိန်းစိန် ကို ဒီလိုအကြံပေးချင်တယ် (မိုးသီးဇွန်)


ဦးသိန်းစိန် မိန့်ခွန်းကို အနှစ်ချုပ်ရင် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေပါတယ်။

အခက်ခဲတွေ ရင်ဆိုင်နေရတယ်။ ပူးပေါင်းပါ။ တည့်မတ်ပေးပါလို့ ဆိုတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အစိုးရရင်ဆိုင် နေရတဲ့ အကျပ်တည်းကို ဖြေရှင်းဖို့အတွက် အကြံပြုချင်ပါတယ်။

မြန်မာပြည်ရဲ့ပြသာနာဟာ ဒီမိုကရေစီဆိတ်သုဉ်းမှုနဲ့ တိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံးနေမှု ဖြစ်ပါတယ်။

ဒီမိုကရေစီ ပြန်လည်တည်ဆောက်ဖို့ ဒီမိုကရက်တစ် ပတ်ဝန်းကျင်နဲ့ ဒီမိုကရက်တွေ ရှိဖို့လိုတယ်။

ဒါကတော့ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်ခွင့်ရှိရေး လိုအပ်တယ်။ ပြည်ပနိုင်ငံသားတွေနဲ့ ပြည်တွင်းကအင်အားစုတွေ ပူးပေါင်းနိုင်ကာမှ အစိုးရအနေနဲ့ အထွေထွေအကျပ်တည်းကနေ တကယ်လွတ်မြောက်မယ်။ ယနေ့ ကြုံတွေနေရတဲ့ အထွေအထွေ အကျပ်အတည်းကြီးကို အစိုးရတဖွဲ့တည်း မလုပ်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်ရင်လည်း မ လုပ်နိုင်ပါ။

အစိုးရက အစိုးရအလုပ်ကိုလုပ်နေချိန်မှာ နိုင်ငံရေးအင်အားစုတွေက လူထုအကျပ်အတည်းကို တဖက်တလမ်းက ကူညီ ဖြေရှင်းပေးတာဟာ အစိုးရကို ကူညီတာပဲ မဟုတ်ဘူး။ နိုင်ငံတော်ကို ကူညီတာပဲ မဟုတ်လား။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အမှိုက်ပုံး ၂ လုံးရှိတယ်။ တလုံးက မြူနီစပယ် (အစိုးရ) က တာဝန်ယူပြီး အမှိုက်ထည့်ဖို့ ပေး ထားတာ။ နောက်ထပ်တလုံးက လူမှုအသင်းအပင်းတခုက မြို့ရဲ့တာဝန်ကို လူမှုဝန်ထမ်းစိတ်နဲ့ ကူညီဖြေရှင်းပေးတာပါ။ ဒါက အစိုးရကို ဆန်ကျင်နေတာမှ မဟုတ်ဘဲ။

ကျနော်ကို ခုနေ မြန်မာပြည်ပြန်ပြီး ဘာလုပ်မလဲလို့ မေးရင်း မဲပုံး မထောင်ချင်ပါဘူး။ အမှိုက်ပုံးထောင်ပြီး အမှိုက်တွေ လိုက်သိမ်းပေးချင်ပါတယ်။ တကယ်လုပ်ပေးချင်တဲ့ ဆန္ဒပါ။ အစိုးရကို ဖြုတ်ချဖို့။ မဲလိုချင်လို့ မဟုတ်ပါဘူး။ လူတွေကို အ သိတရားပေးဖို့ကလဲ တကယ်ကို လိုအပ်နေတယ်ဆိုတာ ကျနော် မြင်မိတယ်။

နိုင်ငံတော်မှာ ဒီနေ့ကြုံနေတဲ့ မဟာအကျပ်အတည်းက ပညာရှင်တွေမရှိတော့တဲ့ ပြဿနာပါ။ လုပ်ငန်းပေါင်းစုံမှာ ပညာ ရှင်တွေ လိုအပ်နေတယ်။ ဒါကို ပြည်ပက မျိုးချစ်မြန်မာတွေက ဖြေရှင်းပေးနိုင်တယ်။

အနိမ့်ဆုံးပြောရရင် ဈေးထဲမှာရောင်းနေတဲ့ အမဲသားငါးတွေဟာ ဒီတိုင်း ဆိုင်ပေါ်တင်ထားရုံနဲ့ ၂ နာရီအတွင်းမှာ ပရိုး တိန်းဓါတ်တွေ ကုန်သွားတယ်။ ဒီပရိုတင်းကို ဗက်တီးရီးယားတမျိုးက စားသုံးလိုက်တယ်။ အသားကတော့ လတ်နေပါ သေးတယ်။ အဟာရဖြစ်တဲ့ဓါတ်က မရှိတော့ဘူး။ ဒီဗက်တီးရီးယားက ပရိုတိန်းတွေကို စားသုံးမှုမပြုနိုင်အောင် အသား တွေကို စနစ်တကျ အအေးခန်းမှာသိုမှီးရပါတယ်။ အဟာရဓါတ်မရှိတဲ့ အသားငါးတွေကို ကျနော်တို့ မျိုးရိုးစဉ်ဆက် ဒီ တိုင်းစားနေကြတယ်။ ဒါကြောင့် မြန်မာတွေဟာ ပရိုတိန်းအပြည့်အ၀ မစားရတော့ဘဲ ခန္ဓာကိုယ် မထွားမကြိုင်း ဖြစ်ကုန် တယ်။ သေးလှီလွန်းလာတယ်။ မွေးကင်းစကနေ ၅ နှစ်အတွင်း အဟာရပြည့်အောင် ပေးရပါတယ်။ ၅ နှစ်မှာရှိတဲ့ အရပ် က အရွယ်ရောက်တဲ့အချိန်မှာ ၃ ဆရတယ်။ မြန်မာပြည်က ကလေးအများစုဟာ ၅ နှစ်မှာရှိတဲ့ အရပ်က ၂ ပေ အောက် ကို အလွန်ကျနေတယ်။ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းတယ်။ ခန္ဓာကိုယ်သေးကွေးရင် ဦးနှောက်ဖွံ့ဖြိုးမှုလည်း နှေး သွားပါတယ်။ ဒီလို အစားသောက်တွေ၊ အဟာရတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့ပညာရှင်တွေဟာ ပြည်ပမှာရှိနေတယ်။ တခြားဘာသာရပ်တွေမှာလည်း အထူးကျွမ်းကျင်တဲ ပညာရှင်တွေ အပြင်မှာပဲ ရှိတော့တယ်။

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေဖို့ အနည်းဆုံး စီးပွားရေးပါရဂူ ကျွမ်းကျင်သူတွေ အနည်းဆုံးတရာခန့်လို အပ်နေပါ တယ်။ မြန်မာပြည်မှာ မရှိတော့ပါ။ အခုရှိနေတဲ့သူတွေဟာ ကျွမ်းကျင်တဲ့ပညာရှင်တွေပါ။ ဒါပေမဲ့ သူတို့ဟာ ၀န်နဲ့လုပ် အား မမျှမတ ဖြစ်နေပါတယ်။

ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့၊ သတင်းလွတ်လပ်ခွင့်တွေရှိဖို့၊ တရားဥပဒေရှိဖို့၊ လူမှုရေးအသင်း အပင်းတွေ လွတ်လပ်စွာတည်ထောင်ခွင့်ပြုဖို့တွေကို ချက်ခြင်းလုပ်ဆောင်ခွင့်ပြုပေးဖို့ လိုနေပါတယ်။ ဒီလိုလုပ်ဆောင်မှု ခွင့်ပြုခြင်းဟာ အစိုးရကို ခြိမ်းခြောက်တာမဟုတ်ဘဲ။ အစိုးရကို ပူးပေါင်းနေတာဖြစ်တယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအ တွက် ပျော်ရွင်မှုကိုသာ ဖန်တီးပေးလာမယ်ဆိုတာကို ယုံကြည်ပါတယ်။

နောက်တခုက ပြည်တွင်းစစ်ပါ။ ပြည်တွင်းစစ် အဓိကဖြစ်စေတဲ့ အကြောင်းတရားကတော့ မသိကျိုးကျွန်ပြုမှုပါ။ (Ignor ance)၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ ခံစားမှုတွေကို မသိကျိုးကျွန်ပြုထားမှု ဖြစ်ပါတယ်။ တိုင်းရင်းသား အခွင့်အ ရေးတွေကိုပေးဖို့ သူတို့ခံစားချက်ကို ကိုယ်ချင်းစာနာမှု ရှိဖို့ပါပဲ။ ဗမာလူမျိုးတိုင်းက စစ်ဖြစ်နေလို့ကတော့ မဖြစ်တော့ဘူး ငြိမ်းချမ်းရေးကို တည်ဆောက်မှာသာ တကယ်တောင့်တင်းတဲ့ နိုင်ငံတော် (Strong State) ကို တည်ဆောက်နိုင်မယ်ဆို တဲ့ အသိတရားရှိကြဖို့ ပါပဲ။

ပြည်တွင်းစစ်က အင်္ဂလိပ်က သွေးခွဲအုပ်ချုပ်ခဲ့သလိုလို၊ ဦးနုက အမွေးပေးခဲ့သလိုလို၊ ဦးနေ၀င်းက လုပ်ကြံခဲ့သလိုလို တွေးခေါ်ကြ ရေးသားကြ။ ပြောနေကြမယ်ဆိုရင် မပြီးတော့ပါ။

စစ်ပွဲတွေကို အပြီးတိုင်ချုပ်ငြိမ်းပြီး တကယ်ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ဦးသိန်းစိန် တင်ပြတဲ့ အဆင့်သုံးဆင့်ဟာ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ပြဖို့လဲ လိုတယ်။

ဒါကတော့ တိုင်းရင်းသားနယ်တွေမှာ တပ်စွဲနေတဲ့ တပ်တွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ ပါပဲ။ တိုင်းရင်းသားတွေ ကိုယ် တိုင် ကိုယ့်ပြည်နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးတွေကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုဖို့ပဲ ဖြစ်ပါတယ်။

မိုးသီးဇွန်

၂၀၁၁ခုနှစ်ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု FBRမှ စောထူးထူးအယ်ရရှိ


ဖန်းဖောင်ဒေးရှင်းမှ နှစ်စဉ်ချီးမြှင့်ပေးလျှက်ရှိသည့် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုအား ၂၀၁၁ခုနှစ်ဆု အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိမ်းချုပ်နယ်မြေ ကရင်ပြည်နယ်၊ ဒူးပလာယာ ခရိုင်အတွင်းရှိလူမှုကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက် နေသည့် Free Burma Ranger (FBR) အဖွဲ့မှ အသက် ၂၈နှစ်အရွယ် စောထူးထူးအယ်က ဆွတ်ခူးရရှိသွားခဲ့သည်။

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ရရှိရန် ကရင်ဒေသအတွင်းရှိ လူထုအကျိုးပြု လူငယ် ၄ဦးအား သက်ဆိုင် ရာအဖွဲ့အစည်းများမှ အဆိုတင်သွင်းခဲ့ရာ အလုပ်ခွင်တွင် ခိုင်မာပြတ်သားစွာ ဆောင်ရွက်ခဲ့သည့် စောထူးထူး အယ်အား ဖန်းဖောင်ဒေးရှင်းအဖွဲ့မှ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တနေရာ၌ ပြုလုပ်သည့် ကရင့်အမျိုးသား စည်းလုံးညီညွှတ်ရေးနှီးနှောဖလှယ်ပွဲတွင် ယမန်နေ့က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် လုပ်ကြံခံရသည့် ဖခင်ဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ၂၀၀၄ခုနှစ်တွင် ကွယ်လွန်သွားသည့် မိခင် နမ့်ရွှေကျင်တို့ကို ရည်စူး၍ သားသမီးများဖြစ်သည့် စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ကာ လူထုအကျိုးပြု ကရင်လူငယ်များကို နှစ်စဉ် ဆုများချီးမြှင့်ပေးလျှက်ရှိသည်။

ဖန်းဖောင်ဒေးရှင်းသည် ကရင်လူမှုအသိုင်းအ၀ိုင်းအတွင်း ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တစိုက်မတ်မတ် လုပ်ဆောင်နေသည့် အသက် ၃၅နှစ်အောက် ကရင်လူငယ်များအား ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ၂၀၀၉ခုနှစ်ကတည်းက စတင် ပေးအပ်လာခဲ့ရာ ညောင်လေးပင် ခရိုင်မှ နော်ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ စောညွှန့်ဝင်းနှင့် ဘိတ်-ထားဝယ်ခရိုင်မှ နော်ဒီဇင်ဘာဖောတို့အား ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ပြီဖြစ်သည်။
(ကေအိုင်စီ)

တိုင်းရင်းသားလူမျိုးစုမျိုးဆက်သစ် လူငယ်များအဖွဲ့ ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်မည်

မတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရိုးသားသန့်ရှင်းပြီး တရားမျှတမှုနှင့် လွတ်လပ်မှု ရှိသော ရွေးကောက်ပွဲမျိုး ဖြစ်မဖြစ် စောင့်ကြည့်သွားမည်ဟု တိုင်းရင်းသားလူမျိုးစု မျိုးဆက်သစ်လူငယ်များအဖွဲ့က ယနေ့ ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။

၁၉၉၀ပြည့်နှစ်၌ ရွေးကောက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားပါတီများနှင့် ၂၀၁၀၌ ရွေးကောက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားပါတီများဖြင့် စုပေါင်းထားသည့် ၎င်းအဖွဲ့သည် ယခင်လ ဖေဖော်ဝါရီ ၁၂ရက်နေ့က ကျရောက်သော ၆၄နှစ်မြောက် ပြည်ထောင်စုနေ့၌ ရန်ကုန်မြို့တွင် ဆွေးနွေးပွဲတခုပြုလုပ်ခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့မှာ ကျနော်တို့တွေ ဆုံကြရင်းနဲ့ အချင်းချင်းအလွတ်တမ်း ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးရင်း ညီနောင် ၆ပါတီ(၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများ)က တချို့လူငယ်တွေလည်း ပါဝင်ဆွေးနွေးပြီး တော့ သဘောထားတူညီ တာလေးတွေ ရရှိခဲ့ပြီးတော့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တာပေါ့။”ဟု အဆိုပါ အဖွဲ့တွင် ပါဝင်သည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းထွန်းအေးက ကေအိုင်စီ သို့ ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် မဲဆန္ဒနယ်မြေ ၄၈ခုအနက် တိုင်းရင်းသားနယ်မြေအတွင်း ၎င်းတို့စောင့်ကြည့်ရမည့်နေရာများတွင် ဧရာဝတီတိုင်း ၆နေရာ၊ ကချင်ပြည်နယ် ၃နေရာ၊ သျှမ်းပြည်နယ် ၂နေရာ၊ မွန်ပြည်နယ် ၁နေရာ ပါဝင်သည်ဟု သူက ဆက်ပြောသည်။

ဆက်လက်၍ သူက “ကျနော်တို့ အဖွဲ့တွေကတော့ ဘယ်ပါတီကိုမှ ဘက်လိုက်မှာတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ဘယ်လောက် တရားမျှတမှု ရှိတယ်ဆိုတာ စောင့်ကြည့်ပြီးတော့ တတ်စွမ်းသမျှ ကြိုးပမ်းသွားပါပဲ။”ဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှုတွင် လှုပ်ရှားပါဝင်မည့်သူ ကယန်းလူငယ်တစ်ဦးကလည်း အစိုးရအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်အောင် အပြောမဟုတ်ဘဲ လက်တွေ့ဖြင့် လုပ်ဆောင်သွားရန် ၎င်းတို့လူငယ်အဖွဲ့က တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တိုင်းရင်းသားဒေသအတွင်း တိုက်ပွဲများ ချက်ချင်းရပ်စဲရေး၊ ပြည်တွင်းဒေသအသီးသီးမှ ဒုက္ခသည် များအတွက် သွားလာခွင့်နှင့် ထောက်ပံ့မှုများရရှိနိုင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကျင့်သုံးရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များကို ထည့်သွင်းရေးနှင့် (၂၁)ရာစု ပင်လုံညီလာခံဖြင့် နိုင်ငံရေး အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး စသည်တို့ကို ၎င်းတို့အဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးအား တောင်းဆိုတိုက်တွန်းထားသည်။

တိုင်းရင်းသားလူမျိုးစု မျိုးဆက်သစ်လူငယ်များအဖွဲ့တွင် တိုင်းရင်းသားပါတီ အဖွဲ့မည်မျှ ပါရှိသည်ကို ကေအိုင်စီမှ မေးမြန်းခဲ့ရာ စိုင်းထွန်းအေးက ဖြေဆိုရန် ငြင်းဆိုခဲ့ပြီး ထုတ်ဖော်ပြောဆိုရန် မသင့်လျော်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

၎င်းတို့အဖွဲ့သည် ၉၀ပြည့်နှစ်က ရွေးကောက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားပါတီများနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကရင်၊ ကယန်း၊ ချင်း၊ မွန်၊ ရခိုင်နှင့် သျှမ်း စသည့် တိုင်းရင်းသားပါတီများဖြင့် စုပေါင်းထားသည့် အဖွဲ့ဖြစ်သည်။

စောခါးစူးညား (ကေအိုင်စီ)

မင်းပြား ပြည်သူ့ လွတ်တော် အမတ် နေပြည်တော်တွင် ကွယ်လွန်


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မင်းပြားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်သာသည် နေပြည်တော်တွင် လွှတ်တော် အစည်းအဝေး အတွက် ရောက်ရှိနေစဉ် လူကြီးရောဂါ ဖြင့် မတ်လ ၁ ရက် ညနေ ၇ နာရီအချိန်တွင် ကွယ်လွန် သွားခဲ့သည်။

ဦးအောင်စိန်သာသည် နေပြည်တော် ဆေးရုံတွင် ၁၀ ရက်နီးပါး ဆေးကုသမှု ခံယူနေချိန် ၂၀၁၂ ခု မတ်လ ၁ ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ရတပ ပါတီတာဝန်ရှိသူ တစ်ဦးက ပြောသည်။

သူ၏ ရုပ်အလောင်းကို ယနေ့ နေပြည်တော်မှ ယူဆောင်လာရာ ယခုအခါတွင် ရေဝေးသုဿန်တွင် ရောက်ရှိ နေပြီး မနက်ဖန် စနေနေ့တွင် သဂြိုလ်မည်ဟု သိရသည်။

ဦးအောင်စိန်သာကို မင်းပြားမြို့နယ် စာရေးကြီးရွာ၌ ၁၉၃၇ ခု ဧပြီလ ၂၆ ရက်နေ့တွင် အဖ ဦးမောင်သာ၊ အမိ ဒေါ်လှမဖြူတို့မှ မွေးဖွားခဲ့သည်။

ဦးအောင်စိန်သာသည် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ရရှိသူ တဦးလည်း ဖြစ်သည်။ ဦးအောင်စိန်သာသည် ၁၉၆၂-၆၃ ခု ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ပညာရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သ ဖြင့် ရာသက်ပန် ကျောင်းထုတ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းအပြင် ၁၉၇၅ ခုနှစ် ရခိုင် သီးခြားပြည်နယ် ထူထောင်ရန် ကြံစည်မှုဖြင့် ထောင် တသက်တကျွန်း ချမှတ်ခံခဲ့ရပြီး ၁၉၈၀ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ဦးအောင်စိန်သာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အမတ်အဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရာ မင်းပြားမြို့နယ်တွင် ဦးအောင်စိန်သာမှ မဲအရေအတွက် ၃၀၇၇၂ မဲဖြင့် အနိုင်ရရှိခဲ့သည်။

အောင်စိန်သာသည် စာကြည့်တိုက်အသင်း မိဇံရပ်ကွက် စစ်တွေမြို့၊ တက္ကသိုလ် ကျောင်းသားများ ပညာသင် ထောက်ပံ့ရေးအဖွဲ့ (ရန်ကုန်)၊ ရန်ကုန်တက္ကသိုလ် ရခိုင် ကျောင်းသား/သူများ အသင်း အတွင်းရေးမှူး၊ ဒုဥက္ကဌ၊ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများအသင်း အတွင်းရေးမှူး အဖွဲ့ဝင်နှင့် သဘာပတိ အဖွဲ့ဝင် တာဝန်များကို တာဝန်ယူ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ဦးအောင်စိန်သာသည် စစ်တွေမြို့ရှိ တိုးတက်ရေးလူငယ်များ အစည်းအရုံး အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီလှုပ်ရှားမှု၌ ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့တွင် ပါဝင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် တပ် ပေါင်းစု ပါတီဥက္ကဌ အဖြစ် ပါဝင်ခဲ့သည်။

နိရဉ္စရာ

တရုတ်ပြည်ကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်မယ့်ကိစ္စ ကန့်ကွက်

ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)

Shan Language Program, March 1st week, 2012



တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ရပ်ဆိုင်းရေး ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုအနေနဲ့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ မနက် ၁၀ နာရီကစပြီး မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ သွားရောက် ပူးပေါင်းဆန္ဒပြခဲ့ပြီး သမ္မတ ဦးသိန်းစိန်ထံကိုလည်း အိတ်ဖွင့်ပေးစာတစ်စောင် ပို့လိုက်တယ်လို့ သိရပါတယ်။

၂၀၁၃ မှာ စတင်လည်ပတ်တော့မယ့် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းခြေကနေပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းမယ့် ရွှေဂက်စ် စီမံကိန်းနဲ့အတူ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွေ ရပ်တန့်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြတာဖြစ်ပြီး ဒီလိုပြုလုပ်ရတာနဲ့ ပတ်သက်လို့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ဦးဆောင်ပါဝင်သူ ကိုဝင်းအောင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

"အဓိက ရည်ရွယ်ချက်ကတော့ ဒီ ရခိုင်ကနေ တရုတ်ကို သွယ်တန်းဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း စီမံကိန်းတွေဟာဆိုရင်ဖြင့် လောလောဆယ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကျွန်တော်တို့အနေနဲ့ ဒေသခံတွေအပေါ်မှာ တိုင်းသူပြည်သားတွေအပေါ်မှာ ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်တဲ့ အထောက်အထားကို ကျွန်တော်တို့ မတွေ့ရသေးဘူး။ အဲ့ဒါကြောင့် ဒေသခံတွေကို ပိုပြီးတော့ အကျိုးအမြတ် ရှိနိုင်အောင် ဒီစီမံကိန်းကြောင့်ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအ၀င် သဘာဝပတ်ဝန်ကျင် ပျက်စီးမှုတွေကို အတတ်နိုင်ဆုံး သူတို့အနေနဲ့ ထိန်းသိမ်းပေးနိုင်တဲ့ ဥပဒေတစ်ရပ် ပေါ်ပေါက်လာတဲ့အထိ ရပ်ဆိုင်း ထားချင်တဲ့အနေနဲ့ ကျွန်တော်တို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်"

ဒီစီမံကိန်းကြောင့် ပိုက်လိုင်း သွယ်တန်းရာတစ်လျှောက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများအပြား ဖြစ်ပေါ်နေတဲ့အပြင် လယ်ယာမြေ သိမ်းဆည်းခံရမှု၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုတွေ ထိထိရောက်ရောက် ဖြေရှင်းပေးမှုမရှိသေးဘဲ စီမံကိန်းကနေ ရလာမယ့် အကျိုးအမြတ်တွေကို လက်ရှိအစိုးရက အများပြည်သူ သိရှိအောင် ထုတ်ဖော်ပြောဆိုခြင်း မရှိတာဟာ စိုးရိမ်စရာ ဖြစ်နေတယ်လို့လည်း ကိုဝင်းအောင်က ဆက်ပြောပါတယ်။

"ဖွံ့ဖြိုးတိုးတက်မှုဆိုတာက ဒီစီမံကိန်းက ရလာမယ့် အခွန်ပိုက်ဆံတွေ အများကြီးရှိတယ်။ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၉ သန်း ရမယ်။ အဲ့ဒီပိုက်ဆံတွေကလည်း ဘယ်ကိုရောက်သွားမှန်း ကျွန်တော်တို့က မသိသေးဘူး။ လက်ရှိလွတ်တော်မှာလည်း ဒီဟာတွေကို ထဲထဲဝင်ဝင် စနစ်တကျ ဆွေးနွေးပိုင်ခွင့်တွေ မရှိဘူး။ ကျွန်တော်တို့ ရခိုင် နိုင်ငံရေးပါတီတွေ အပါအ၀င်ပေါ့နော်၊ တခြား တိုင်းရင်းသားပါတီတွေအနေနဲ့ ကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ ဘာအချက်အလက်မှ သိခွင့်မရတဲ့ဟာတွေ အများကြီးရှိတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ဒီလူထုအပေါ်မှာ ဘယ်လောက်အထိ ထိခိုက်နိုင် ဘယ်လောက်ထိ အကျိုးအမြတ် ရှိနိုင်တယ်၊ လောလောဆယ် မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်တွေ ဘယ်လောက်ရှိတယ်၊ ဒီစီမံကိန်းကနေ ဘယ်လောက်ထိ ဖြည့်စွမ်းနိုင်တယ်ဆိုတာက တော်တော်လေးကို မေးခွန်းထုတ်စရာ ဖြစ်တယ်။ စိုးရိမ်စရာတွေ အများကြီးရှိတာပေါ့"

ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရပ်ဆိုင်းရေး ဒီကနေ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ ကျောက်ဖြူနဲ့ ရန်ကုန်၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တခြားနိုင်ငံ တခြားမြို့တွေမှာလည်း လုပ်ခဲ့ကြပြီး ချင်းမိုင်မြို့မှာတော့ တရုတ် ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူဆီမှာ တောင်းဆိုစာတွေ ပေးအပ်ခဲ့ပါတယ်။

RFA

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားအရေး ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံး ဆုံးဖြတ်ချက်ချ

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် လှိုင်သာယာ စက်မှုဇုံ ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံ၌ အလုပ်သမားများ ဆန္ဒပြနေစဉ်

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားအရေးကို အစိုးရရဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးတဲ့ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးက အလုပ်သမားတစ်ဦးကို တခြားခံစားခွင့်မပါ အနည်းဆုံး လစာငွေ ငါးသောင်း တစ်ထောင် သတ်မှတ်ပြီး မနေ့ ညနေက ဆုံးဖြတ်ချက်ချပေးလိုက်ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ တောင်းဆိုထားတာတွေ တစ်ခုမှ လိုက်လျောတာ မတွေ့ရတာကြောင့်ရော၊ မူရင်း လစာငွေထက် နှစ်သောင်းကျော်ကျော် နည်းသွားတာကြောင့်ရော အလုပ်သမားတွေက မကျေနပ်ကြောင်း အလုပ်သမားကိုယ်စားလှယ် မမိုးဝေက အာအက်ဖ်အေကို ပြောပါတယ်။

အလုပ်သမားတွေက လုပ်ခ တစ်နာရီနှုန်းထား ၇၅ ကျပ်ကနေ ၁၅၀ ကျပ်ထိ တိုးပေးဖို့ တစ်လလုံး အလုပ်ပျက်ရက်မရှိဘဲ အလုပ်ဆင်းလို့ရတဲ့လုပ်ခကို ခြောက်ထောင်ကျပ်ကနေ ရှစ်ထောင်ကျပ်ကို တိုးပေးဖို့ စတဲ့အချက်တွေ အပါအဝင် စုစုပေါင်း ခုနစ်ချက် တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အလုပ်ရှင်က လုပ်ခ တစ်နာရီနှုန်းထားကို ၂၅ ကျပ်တိုးပေးပြီး ရက်မှန်ကြေး ကျပ်တစ်ထောင် တိုးပေးမယ်လို့ ညှိခဲ့ပေမယ့် အလုပ်သမား သုံးပုံနှစ်ပုံက လက်မခံဘဲ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးကို တိုင်ကြားခဲ့တာပါ။ အခုဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိတဲ့အတွက် အဆင့်ဆင့် ဆက်လက် တိုင်ကြားမယ်လို့ အလုပ်သမား ကိုယ်စားလှယ်တွေကပြောပါတယ်။

အလုပ်သမား ကိုယ်စားလှယ် မမိုးဝေနဲ့ အာအက်ဖ်အေ ဆက်သွယ်မေးမြန်းချက်ကို ဆက်လက် နားဆင်နိုင်ပါတယ်။


ဆက်သွယ်မေးမြန်းချက်။



အသံဖိုင်ယူရန်။


RFA

Index လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆု လျာထားချက်မှာ မင်းထင်ကိုကိုကြီးပါ


Photo courtesy of Index web site
Index-the voice of free expression စာပေနှင့် အနုပညာ လွတ်လပ်ခွင့်အဖွဲ့၏ web site မှဖော်ပြထားသည့်ပုံ ဖြစ်ပါသည်

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Index စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုအတွက် ထုတ်ပြန်လိုက်တဲ့ ဆန်ကာတင် အမည်လျာထားချက် စာရင်းမှာ မြန်မာနိုင်ငံက ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး ပါဝင်ပါတယ်။


ပြီးခဲ့တဲ့ ဇန်န၀ါရီလက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ဇာတ်ကားတိုပြိုင်ပွဲ ဖြစ်မြောက်အောင် ပူးတွဲ ဦးဆောင်စီစဉ် ကျင်းပခဲ့သူတစ်ဦးအနေနဲ့ ဒီဆုအတွက် လျာထားခြင်းခံရတာလို့ Index ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ အနုပညာရှင်တစ်ဦးအနေနဲ့ တတ်နိုင်တဲ့ဘက်က ကြိုးစား ဆောင်ရွက်တာလို့ အာအက်ဖ်အေကိုပြောပါတယ်။

လွတ်လပ်ခြင်း အနုပညာ အောင်မြင်တာကို ကြည့်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ရနေပြီ ရှိနေပြီလို့ ပြောလို့မရသေးဘူးထင်ကြောင်း၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်တဲ့ အခါမှာတော့ ဒါတွေဟာ အလိုအလျောက် ရှိလာမယ့် အခွင့်အရေးတွေပဲလို့ ယူဆကြောင်းကိုလည်း ပြောပါတယ်။

Index စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်အဖွဲ့ကို ထူထောင်ခဲ့တာ နှစ် ၄၀ ကျော်ရှိခဲ့ပါပြီ။ ကမ္ဘာတစ်ဝန်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ Index အမည်နဲ့ မဂ္ဂဇင်းတစ်စောင် ထုတ်ဝေနေပြီး နိုင်ငံတကာက ဆင်ဆာ ဖြတ်တောက်ခံရတဲ့ စာပေနဲ့အနုပညာလက်ရာတွေကို ဖော်ထုတ် တင်ပြနေပါတယ်။

Index အဖွဲ့က လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ဆု အမျိုးအစား (၄)မျိုး သတ်မှတ်ချီးမြှင့် နေရာမှာ စာနယ်ဇင်းဆု၊ အနုပညာဆု၊ တီထွင်ကြံဆမှုဆု၊ ရှေ့ဆောင်လှုပ်ရှားမှုဆု တွေပါဝင်ကြပါတယ်။

အနုပညာဆု လျာထားသူစာရင်းထဲမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး နဲ့အတူ တရုတ်နိုင်ငံက နာမည်ကျော် အနုပညာရှင် အိုက်ဝေေ၀၊ ရုရှ အနုပညာရှင်အဖွဲ့တစ်ဖွဲ့နဲ့ ဆီးရီးယားနိုင်ငံက ကာတွန်းပညာရှင် Ali Ferzat တို့ပါဝင်ပါတယ်။

Index လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ဆု ရရှိသူတွေကို မတ်လ (၂၈) ရက်၊ လန်ဒန်မြို့မှာ အခမ်းအနား နဲ့ချီးမြှင့်မှာဖြစ်ပါတယ်။

သတင်း တိုတို ထွာထွာ များစုစည်းမှု


ဦးဇေယျာသော်၏ စာနယ်ဇင်း ရှင်းလင်းပွဲ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် (ခေါ်) ဇေယျာသော်က ရွေးကောက်ပွဲအကြိုကာလ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဒီကနေ့ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ တော်ဝင်နှင်းဆီခန်းမမှာပြုလုပ်တဲ့ အဲဒီရှင်းလင်းပွဲအတွင်း ဦးဖြိုးဇေယျာသော်က သူ့ရဲ့ မဲဆွယ်စည်းရုံးရေး ကြော်ငြာဘုတ်တွေ ဓါးနဲ့ အလှီးခံရတဲ့ ကိစ္စအပါဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ခရီးစဉ်တွင်း ဟောပြောဖို့ နေရာအခက်ခဲတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
 ---------------------------------------

ရခိုင်အမျိုးသား တိုးတက်ရေးပါတီ မင်းပြားမြို့နယ် ပြည်သူ့ ကိုယ်စားလှယ် ဦးအောင်စိန်သာ မနေ့ ညပိုင်း က နေပြည်တော်ဆေးရုံမှာ ကွယ်လွန်

ရခိုင်အမျိုးသား တိုးတက်ရေးပါတီ မင်းပြားမြို့နယ် ပြည်သူ့ ကိုယ်စားလှယ် ဦးအောင်စိန်သာ မနေ့ ညပိုင်း က နေပြည်တော်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိ ဦးအောင်စိန် သာ-ဟာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူဟာ နေပြည်တော် လွှတ်တော်အစည်းအဝေးတက် ရောက်ဖို့အသွား ကျန်းမာရေးဆိုးလာတာကြောင့် နေပြည်တော်ဆေးရုံမှာ ကုသမှူခံယူယင်း ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဦးအောင်စိန်သာဟာ ၁၉၆၂ အရေးခင်းမှာ ရခိုင်ကျောင်းသားခေါင်းဆောင်တဦး အဖြစ်ပါဝင်ခဲ့ပြီး အရေးအခင်းအပြီးမှာ ကွန်မြူနစ်ပါတီဝင်အဖြစ် လက်နက်ကိုင်တော်လှန်ခဲ့ပါတယ်။ အဲဒီ့နောက် ၁၉၇၆ ခုနှစ် မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ချခံခဲ့ရပြီး ၁၉၈၀ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကာလက ရခိုင်အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုမှာ ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၀ ရွေး ကောက်ပွဲမှာတော့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ မင်းပြားမြို့နယ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

-----------------------------
 အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဈေးအတော်မြင့်နေတဲ့ မိုဘိုင်းဖုန်းဈေးနဲ့ ကားဈေးတွေကို မကြာမီ နိုင်ငံ တကာလို ဖြစ်လာအောင် လုပ်ဆောင်ပေးမယ်လို့ သမ္မဦးသိန်းစိန်က ကတိပေး
အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဈေးအတော်မြင့်နေတဲ့ မိုဘိုင်းဖုန်းဈေးနဲ့ ကားဈေးတွေကို မကြာမီ နိုင်ငံ တကာလို ဖြစ်လာအောင် လုပ်ဆောင်ပေးမယ်လို့ သမ္မဦးသိန်းစိန်က ကတိပေးလိုက်ပါတယ်။ မတ်လ ၁ ရက် နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့မိန့်ခွန်းအတွင်း သမတက အဲဒီလို ပြောသွားတာပါ။ မြန်မာ နိုင်ငံမှာ လက်ရှိတယ်လီဖုန်း အသုံးပြုသူ ၂ သန်းလောက်ရှိပြီး ဒါဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၃ ရာခိုင်နှုန်း ကျော်ဘဲ ရှိပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တစ်ခုကို လောလောဆယ် ကျပ် ၅ သိန်း ဈေးပေါက်ပါတယ်။ အလားတူ မြန်မာနိုင်ငံမှာ ဇိမ်ခံကားစီးရေ ၄ သိန်း ၀န်းကျင်လောက်သာရှိပြီး ဒါဟာ လူ ၁၀၀၀ မှာ (၇) ဦးသာ ကိုယ်ပိုင်ကားစီးနိုင်တယ်လို့လဲ စီးပွားရေးပညာရှင်တွေက ခန့်မှန်း သုံးသပ်ထားပါတယ်။
----------------------------- 
 ရှမ်းပြည်နယ် တောင်ကြီးမြို့အနီးက ပင်ငိုနဲ့မိုင်းဟိုင်းကျေးရွာတွေမှာ လယ်မြေတွေကို တပ်မြေအဖြစ် သိမ်းယူ ဖို့ ကျောက်တိုင်စိုက်ထားတာကို စစ်တပ်က ပြန်လည်နှုတ်ယူသွားပြီ
ရှမ်းပြည်နယ် တောင်ကြီးမြို့အနီးက ပင်ငိုနဲ့မိုင်းဟိုင်းကျေးရွာတွေမှာ လယ်မြေတွေကို တပ်မြေအဖြစ် သိမ်းယူ ဖို့ ကျောက်တိုင်စိုက်ထားတာကို ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က စစ်တပ်က ပြန်လည်နှုတ်ယူသွားပြီလို့ သိရပါ တယ်။ အဲဒီလို နှုတ်ယူပြီးတဲ့နောက် ရွာသားတွေကို ဒါဟာနားလည်မှုလွဲတာဖြစ်ကြောင်း ကျေအေးပါကြောင်း ပင်းပက်-သံမဏိစက်ရုံ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအရာရှိ ဗိုလ်ကြီးမျိုးဝင်းနိုင်က လက်မှတ်လာထိုးခိုင်း တယ်လို့ သိရပါတယ်။ ဒီကိစ္စ လွှတ်တော်အမတ်တွေကို တိုင်တန်းပြိး မီဒီယာတွေမှာ ဖော်ပြခံရတာကြောင့် စစ်တပ်က အခုလို ပြန်လည်ရုပ်သိမ်းသွားတာဖြစ်နိုင်ကြောင်း ရွာသားတွေက မှတ်ချက်ပေး ပြောဆိုကြပါ တယ်။.
----------------------------------- 
 စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနဟာ “ထုတ်တင်” စနစ်နဲ့ ခွင့်ပြုထားတဲ့ ဂျာနယ် (၁၂) စောင်ကို စည်းကမ်းချိုး ဖေါက်တယ်ဆိုပြီး နောက်ဆုံးအဆင့် ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ သိရပါတယ်
စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနဟာ “ထုတ်တင်” စနစ်နဲ့ ခွင့်ပြုထားတဲ့ ဂျာနယ် (၁၂) စောင်ကို စည်းကမ်းချိုး ဖေါက်တယ်ဆိုပြီး နောက်ဆုံးအဆင့် ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ သိရပါတယ်။ မြန်မာ့ ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အဖော်အချွတ် မိန်းကလေးပုံတွေကို ဖော်ပြလို့ဆိုပြီး Oasis၊ 8 Days ၊ Now ၊ Uero Sport ၊ 9 Plus ၊ Forever ၊ Waka Waka ၊ First line up ၊ တက်လမ်း စတဲ့ဂျာနယ်တွေကို သတိပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် Express Time ၊ မြန်မာသမာဓိနဲ့ မြနန္ဒာဂျာနယ်တို့ကိုတော့ သတ်မှတ်ကဏ္ဍထက် ကျော်လွန်ရေးတယ်လို့ စာပေစိစစ်ရေးက စွတ်စွဲခဲ့ပါတယ်။ အဲဒီဂျာနယ်တွေ အားလုံး နောက်တစ်ကြိမ် ထပ်မံချိုးဖေါက်ယင် ထုတ်ဝေခွင့် လုံးဝပိတ်ပစ်မယ်လို့လဲ ညွှန်ကြားရေးမှူး အငြိမ်းစား ဗိုလ်မှူး မျိုးမြင့်မောင်က သတိပေးလိုက်ကြောင်း စာပေအသိုင်းအ၀ိုင်းကတဆင့် စုံစမ်းသိရပါတယ်။
----------------------------------- 
 တရားဥပဒေ စိုးမိုးရေးနဲ့ သာသနာတော်သန့်ရှင်းရေးအတွက်ဆိုပြီး ပဲခူးမြို့မှာ စာရွက်စာတမ်းဝေငှတဲ့ ဥိးကြည်ဝင်းနဲ့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်တို့ကို ပဲခူးတိုင်းရဲမင်းကြီးက မတ်လ ၁ ရက်နေ့ ခေါ်ယူတွေ့ဆုံ
တရားဥပဒေ စိုးမိုးရေးနဲ့ သာသနာတော်သန့်ရှင်းရေးအတွက်ဆိုပြီး ပဲခူးမြို့မှာ စာရွက်စာတမ်းဝေငှတဲ့ ဥိးကြည်ဝင်းနဲ့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်တို့ကို ပဲခူးတိုင်းရဲမင်းကြီးက မတ်လ ၁ ရက်နေ့ ခေါ်ယူတွေ့ဆုံ ပြီး ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ဒီတွေ့ဆုံမှုမှာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်သာသနာရေး မှူးနဲ့ တိုင်းဥပဒေအကြံပေး အရာရှိတွေပါ တက်ရောက်ခဲ့ပါတယ်။ ဦးကြည်ဝင်းနဲ့ ဦးအေးမြင့်တို့က တရား ဥပဒေစိုးမိုးရေးနဲ့ သာသနာတော်သန့်ရှင်းရေးအတွက် လိုအပ်ချက်တွေကို ဗွီဒီယိုမှတ်တမ်းနဲ့တကွ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
 --------------------------------
 ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Index စာပေနဲ့ အနုပညာလွတ်လပ်ခွင့်အဖွဲ့က ၂၀၁၂ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုအတွက် ရုပ်ရှင်ဒါရိုက်တာ မင်းထင် ကိုကိုကြီးကို ထဲ့သွင်းရွေးချယ်
ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Index စာပေနဲ့ အနုပညာလွတ်လပ်ခွင့်အဖွဲ့က ၂၀၁၂ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုအတွက် နောက်ဆုံး ဆန်ကာတင်စာရင်းမှာ မြန်မာနိုင်ငံက ရုပ်ရှင်ဒါရိုက်တာ မင်းထင် ကိုကိုကြီးကို ထဲ့သွင်းရွေးချယ်လိုက်ပါတယ်။ ပြီးခဲ့တဲ့လကပြုလုပ်ခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲ တော်ကို ဖြစ်မြောက်အောင် ဦးဆောင်ခဲ့တာကြောင့် အခုလို မည်စာရင်းထဲ့သွင်းထားတာလို့ Index အဖွဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒီဆုကို ၄ မျိုး ခွဲထားပြီး စာနယ်ဇင်းဆု၊ အနုပညာဆု၊ တီထွင်ကြံ ဆမှုဆုနဲ့ ရှေ့ဆောင်လှုပ်ရှားမှုဆုတွေ ပါဝင်ပါတယ်။ နောက်ဆုံးဆန်ကာတင်စာရင်းမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့အတူ တရုတ်နိုင်ငံက နာမည်ကျော်အနုပညာရှင် အိုက်ဝေေ၀တို့ ပါဝင်ပြိး ဆုပေးပွဲကို လာမယ့် မတ်လ (၂၈) ရက်နေ့ လန်ဒန်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
 ---------------------------------------
 စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ မြို့သစ်တိုးချဲ့ ဖို့ဆိုပြိး မြို့ပတ်ကမ်းနားလမ်း အရှေ့ ဘက်ရှိ တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေကို တိုင်းဝန်းကြီးချုပ်အမိန့်နဲ့ သိမ်းယူနေ
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ မြို့သစ်တိုးချဲ့ ဖို့ဆိုပြိး မြို့ပတ်ကမ်းနားလမ်း အရှေ့ ဘက်ရှိ တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေကို တိုင်းဝန်းကြီးချုပ်အမိန့်နဲ့ သိမ်းယူနေတယ်လို့ သိရပါတယ်။ ဒီ့အတွက် နှစ်ပေါင်း ၇၀-ကျော် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ တောင်သူတွေရဲ့ ထန်းပင်၊ သနပ်ခါးပင်နဲ့ တခြားတန်ဖိုးကြီး သစ်ပင်တွေကို ခုတ်လှဲပြီး မြေကွက်အသစ်တွေ ရောင်းချဖို့ စီစဉ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ မြေသိမ်းခံရတဲ့ တောင်သူလယ်သမားတွေကို နစ်နာကြေးတပြားမှ မပေးတဲ့အပြင် အထက်ကို တိုင်ကြားတာ တွေ မလုပ်ဖို့ ကျေးရွာ-ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ပြောဆိုနေတယ်လို့လဲ သိရပါတယ်။
----------------------------------------- 
 တင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမ ကျေးရွာအုပ်စုက ဒေသခံရွာသားတွေကို အမှတ် ၄၃ တပ်ရင်း မောရ၀တီရေတပ်စခန်းဌာနချုပ်က အဓမ္မအလုပ်ခိုင်းစေနေ
တင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမ ကျေးရွာအုပ်စုက ဒေသခံရွာသားတွေကို အမှတ် ၄၃ တပ်ရင်း မောရ၀တီရေတပ်စခန်းဌာနချုပ်က အဓမ္မအလုပ်ခိုင်းစေနေတယ်လို့ သိရပါတယ်။ ကျွဲသုံးညီမ ကျေးရွာအုပ်စုမှာ ကျွဲသုံးညီမ၊ ဂန်းတော၊ မဲတော၊ မဲသံတောင်၊ ချပုံး၊ မာယံ၊ ဗျူကြီး၊ ဗျိုက်၊ ကျောက်ထရံ-စတဲ့ ရွာတွေ ပါဝင်ပါတယ်၊ အဲဒီရွာတွေကနေ တရွာကို တနေ့ ၅ ယောက် ဒါမှမဟုတ် ၆-ယေက်နှူန်းနဲ့ စစ်တပ်ကခေါ်ယူခိုင်းစေနေ တာဖြစ်ပါတယ်။ မောရ၀တီရေတပ်ဌာနချုပ်ဝင်းအတွင်း တောရိုင်းခုတ်၊ ရာဘာခြံရှင်းတာတွေအပြင် စစ်တပ်အတွက် ဆိပ်ကမ်းကနေ ရောက်လာတဲ့ ပစ္စည်းတွေကို ကုန်တင်ကုန်ချလုပ်ပေးရာမှာ အခကြေးငွေမပေးဘဲ အဓမ္မခိုင်းစေနေကြောင်း ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
-----------------------------------
 အာရှဖွံ့ ဖြိုးရေးဘဏ် (ADB) ဟာ နှစ်ပေါင်း ၂၅ နှစ်ကြာ မြန်မာနိုင်ငံကို ငွေကြေးအကူ ရပ်ဆိုင်းထား ရာကနေ မကြာခင် ငွေကြေးကူညီပြန်ပေးဖို့  ပြင်ဆင်နေ
အာရှဖွံ့ ဖြိုးရေးဘဏ် (ADB) ဟာ နှစ်ပေါင်း ၂၅ နှစ်ကြာ မြန်မာနိုင်ငံကို ငွေကြေးအကူ ရပ်ဆိုင်းထား ရာကနေ မကြာခင် ငွေကြေးကူညီပြန်ပေးဖို့  ပြင်ဆင်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘလွန်းဘဂ် စီးပွားရေးသတင်းဌာနက အေဒီဘီဘဏ်ရဲ့ အကြီးအကဲတဦးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ မှာ တွေ့ ဆုံမေးမြန်းစဉ် မြန်မာနိုင်ငံကိစ္စ ပြောကြားသွားတာပါ။ မြန်မာနိုင်ငံရဲ့ ဖွံ့ ဖြိုး
တိုးတက်မှုအတွက် အခြေခံ အဆောက်အဦတွေနဲ့ လူမှုရေးကဏ္ဍတွေမှာ လုပ်စရာတွေ အများကြီးရှိနေပြီး အထောက်အပံ့တွေ လိုအပ် နေပါတယ်လို့  အေဒီဘီ ဦးဆောင်ညွန်ကြားရေးမှူးက ပြောကြားသွားတယ်လို့ သိရပါတယ်။
အေဒီဘီ ဦးဆောင် ညွန်ကြားရေးမှူးက အေဒီဘီအနေနဲ့  မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး လေ့လာ စူးစမ်းမှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဖွံ့ ဖြိုး တိုးတက်မှု အတွက် အခြေခံ အဆောက်အဦတွေနဲ့ လူမှုရေး ကဏ္ဍတွေမှာလုပ်စရာတွေအများကြီးရှိနေပြီး အထောက် အပံတွေအတော် လေးလိုအပ်နေပါတယ် လို့ ပြောပါတယ်။
 
 
DVB TV News
 

မန္တလေးမြိုအောင်ပင်လယ်ရွာ အရှေ့ဘက်၌ လူထုဟောပြောပွဲကြီးကျင်းပမည့် ကွင်းပြင်ရှိ စင်မြင့်

 (ဓာတ်ပုံ- ဥက္ကာကိုကို)
မန္တလေးမြို့၊ ဆဆ/၉လမ်း၊ ၅၀နှင့် ၅၁လမ်းကြား၊ အောင်ဇေယျလမ်းနှင့် ခိုင်ရွှေဝါလမ်းကြား၊ အောင်ပင်လယ်ရွာ အရှေ့ဘက်၌ လူထုဟောပြောပွဲကြီးကျင်းပမည့် ကွင်းပြင်ရှိ စင်မြင့်အား ယနေ့နေ့လည်က တွေ့ရစဉ်။


အောင်ပင်လယ် လယ်ကွင်းတစ်ဖက်တစ်ချက်မှာ LED Screen ကြီးတွေဆင်နေတဲ့ ရွှေမန်းမောင်များ။ ဓါတ်ပုံ-ဆိုင်းဆွတ်


နန်းမြို့ရိုးကိုနဂါးတစ်ကောင်ရစ်ခွေနေသလိုခံစားရတဲ့ပန်းချီလက်ရာနဲ့စကားပြောစင်မြင့်က ရွှေမန်းသားတွေ
ရဲ့ သောကကို ပြောပြနေတာများလား???? ဓါတ်ပုံ-မွန်မွန်မြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မတ်လ ၃ ရက်နေ့မှာ မန္တလေး တိုင်းခရီးစဉ်ကို သွားရောက်ဖို့ရှိနေတာကြောင့် မန္တလေးမြို့အနှံ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီနေ့မှာပဲ မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ ဟောပြောဖို့ရှိနေပြီးတော့ မန္တလေးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက် ဖူးမျှော်ဖို့လည်း ရှိနေတယ်လို့ မဟာအောင်မြေမြို့နယ်က NLD ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီမန္တလေး တိုင်း စည်းရုံးရေးခရီးစဉ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ဦးလွင်၊ စစ်ကိုင်း၊ တံတားဦး၊ မိထ္ထီလာနဲ့ နေပြည်တော်က မဲဆန္ဒနယ်တွေကို သွားရောက်ရှိနေပါတယ်။

မဟာအောင်မြေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသစ်ဖွင့်ပွဲ




မန္တလေးမြို့၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ မဟာအောင်မြေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသစ်ဖွင့်ပွဲတွင် တွေ့ရသော ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်နှင့် ဦးဝင်းတင်

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းအားလုံး( Macwill ဖုန်းများမပါ) ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချလိုက်ပြီ




မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းအားလုံး( Macwill ဖုန်းများမပါ) ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချလိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ယခုလ ၁၄ရက်မှ စတင်ကာ ည၁၁နာရီ မှ နံနက် ၇နာရီအတွင်း ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ကျပ် ၅၀ မှ ၂၅ ကျပ်သို့ လျှော့ချလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြေသြဇာအဖွဲ့ လှုပ်ရှားမှု

(2 .3.2012 )ရက်နေ့ တွင် မြေသြဇာအဖွဲ့ မှ တာဝန်ခံများနှင့် အဖွဲ့ သားများ မှ မန္တလေးတိုင်းအတွင်း ပြည်သူလူထုထံသို့  ဒီမိုကရေစီရရှိုဖို့ အမေစုကိုမဲထည့်စို စာတန်းများ လိုက်ဝေခဲ့ကြသည်။





ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား


(2.3.2012 နံနက်ပိုင်းတွင် တွေ့မြင်ရသော NLD ခွပ်ဒေါင်းအလှပြယာဉ်)

ပြီးခဲ့သော ရက်များအတွင်း တစ်နေ့သ၌ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး မန္တလေးမြို့ပေါ်က ရဲစခန်းတစ်ခုအတွင်း အမှတ်မထင် ရောက်ရှိနေခိုက်

ရဲအချင်းချင်း (သို့မဟုတ်) ရဲမှ ရပ်ကွက်ရုံး (သို့မဟုတ်) ရဲမှ စစ်ကြံ့ဖွံ့ထောက်လှမ်းရေးသတင်းပေးတစ်ဦးဦးအား

ဖုန်းဖြင့် ညွှန်ကြားပြောဆိုနေသည့်အသံကို ကြားခဲ့ရရာ အကြောင်းအရာမှာ ဤသို့ဖြစ်၏။

"၂ဝ၁၂ ခုနှစ်၊ မတ်လ၊ ၃ - ၄ ရက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏

မန္တလေးခရီးစဉ်ရှိ၏။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှာ ရှိနေစဉ်အတွင်း သူမအားထောက်ခံသည့် အိမ်များက ဆိုင်းဘုတ်၊ ပိုစတာ၊ စာတမ်းများ တင်ကြလိမ့်မည်။ အဆိုပါ
အိမ်များကို စာရင်းပြုစု၊ မှတ်တမ်းတင်ထားရန်"ဟူသတည်း။

မန္တလေးမှ ရဲစခန်းတိုင်း၊ ရပ်ကွက်အာဏာပိုင်တိုင်း၊
စစ်ကြံ့ဖွံ့သတင်းပေးတိုင်း အနှီ တာဝန်ကို ယူကာ ဒေါ်အောင်ဆန်းစုကြည်အား
ထောက်ခံသည့်မန္တလေးအိမ်များစာရင်းကို စောင့်ကြည့်ရယူကြမည့်သဘောရှိ၏။

(လက်ရှိ နိုင်ငံတော် သမ္မတဆိုသူက အတည်ပေါက် နားဝင်ချိုစည်းရုံး-အပြစ်ကာ
စကားတွေကို မိန့်ခွန်းဆိုပြီး ပြောလိုက်။ သူ့အောက်က သူ့လူတွေက

အရင်စတိုင်မပြောင်း၊ နည်းညစ်နည်းဟောင်းတွေ သုံးလိုက်နဲ့ ပြဇာတ်ထဲမှာ

ရှေ့ကဇာတ်လိုက် သေနတ်ပစ်ပြတာကို ကန့်လန့်ကာ နောက်ကလူက ဗျောက်သံပေးဖို့ မေ့သလိုမျိုး

ဖြစ်နေပြီဗျို့။

ကဲ... မန္တလေးသားတွေဘာလုပ်ကြမလဲ။ ဒီသတင်းကို မျှဝေတာက ဒေါ်အောင်ဆန်းစုကြည်ကို

ထောက်ခံတဲ့နေရာမှာ မန္တလေးသားတွေ ရွံ့သွားစေဖို့၊ တွန့်သွားစေဖို့ လုံးဝ

မဟုတ်ပါဘူး။ စစ်ကြံ့ဖွတ်အဆိုးရကတော့ ဒီလို ဒီလို ကြိုတင်

ကြံစည်ပြင်ဆင်ထားကြပြီ...ဆိုတာ သိစေချင်လို့ပါ။ ဒီသတင်းကို သိရပြီးတဲ့နောက်

ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ မန္တလေးသားတွေ ဘာလုပ်ကြမလဲ။)

ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့နေရာမှာ "မကြောက်တမ်း မရွံ့တမ်း... မန်းသားတွေ အောင်ပန်း ဆွတ်ကြရပေမည်" ဆိုသည်ကိုဖြင့် ကျွန်ုပ်အနေနှင့် သံသယတစိုးတစိမျှမရှိ သေချာစွာ ယုံကြည်မိပါတော့သတည်း။ ။

(နားနှင့် ဆတ်ဆတ်ကြားခဲ့ရပြီး ပြန်လည် ဖောက်သည်ချသော မိတ်ဆွေကြီးအား ညိုကြီးက

ဤစာနှင့်အတူ အလေးပြုလိုက်ရပေကြောင်း)

ညိုကြီး

၂.၃.၂၀၁၂

Canada နိုင်ငံရှိ Carleton University ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း




ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က Canada နိုင်ငံရှိ Carleton University ၏ Porter Hall တွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ စုဝေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းမှု ပြုလုပ်ခဲ့ကြသည်။Skype နှင့် ဆက်သွယ်မေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်၏အပြောင်းအလဲများမှာ စစ်တပ်က အာဏာကိုင်ထားသမျှ
နောက်ပြန်မလှည့်နိုင်ဟု မပြောနိုင်ကြောင်း၊ ယခင် ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း ရွေးကောက်ပွဲကို အတန်အသင့်မျှတအောင် လုပ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် ကတိစကားမတည်ဘဲ လုပ်ချင်ရာလုပ်ခဲ့သည့် သာဓကရှိခဲ့ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြီး နောက်ပိုင်းအခြေအနေကို စောင့်ကြည့်ရန်လိုကြောင်း၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများမှာ ထိရောက်ကြောင်း၊ ဖြစ်ပေါ်လာသည့်အခြေအနေကို မူတည်ပြီးသာ ဆန်ရှင်မူဝါဒကို ပြောင်းလဲသင့်ကြောင်း စသည်ဖြင့် ပြောကြားထားသည်။


Nobel laureate Aung San Suu Kyi speaks to Canadians at Carleton University via internet link from her home in Myanmar. 29 Feb 2012.

မြန်မာပြည်က တက္ကသိုလ်များ ၀က်ဆိုက်မရှိ

(graphic by www.smartconsultant.net)

ကြာသပတေးနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသတင်းမှာ ဖော်ပြထားတာပါ။
မြန်မာပြည်က တက္ကသိုလ်တွေအတွက် ကိုယ်ပိုင် ၀က်ဆိုက်တွေ မထားဘူးလား လို့ အမတ်တဦးက မေးပါတယ်။

ပြည်ထောင်စုပညာရေးဝန် ဒေါက်တာမြအေးရဲ့ အဖြေကတော့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။ ကိုယ်ပိုင် မရှိပေမယ့် သူများဝက်ဆိုက်တွေကိုတော့ ကြည့်ကြပါတယ် တဲ့။ အီးမေးလ်လည်း သုံးပါတယ် တဲ့။





ဧရာဝတီ

President Thein Sein delivers live Inaugural speech from the state TV




ဟိုတယ်ဝန်ထမ်းပါးရိုက်တဲ့ဂျပန်ကို အမည်ပျက်စာရင်းသွင်း


ဟိုတယ်ဝန်ထမ်းကို ပါးရိုက်ခဲ့သူ ဂျပန်အမျိုးသားဟာ လုပ်ငန်းဗီဇာနဲ့ ပြည်ဝင်ခွင့်ရထားသူဖြစ်တယ်၊ သူ့ကို အမည်ပျက်စာရင်းသွင်းထားကြောင်း နိုင်ငံတကာမှာရှိတဲ့ မြန်မာသံအဖွဲ့တွေကို အကြောင်းကြားတဲ့စာ ဖြစ်ပါတယ်။

ဇာတ်စင်ပေါ်သစ်ကိုင်းကျိုးကျ ၂၁ ဦး သေဆုံး

ဇာဂနာ့  အငြိမ့်

ဧပြီလ ၂၉ ရက် စင်္ကာပူမှာလုပ်မယ့် ပွဲပါခင်ဗျာ... လူရွှင်တော် အရိုင်း - မေတ္တာ - ငှက်ပျောကြော် - ကင်းကောင် ကျနော်နဲ့  .. မင်းသမီးကတော့ ချောအိငြိမ်းပါ .


Thursday, March 1, 2012

ဟဲဟိုးမြို့ကျောက်တိုင်ကွင်းတွင် ဆယ်ဘီးကားပေါ်တွင်ပြင်ဆင်ထားသော ရွေ့လျားစကားပြောစင်မြင့်

ဟဲဟိုးမြို့ကျောက်တိုင်ကွင်းတွင် ဆယ်ဘီးကားပေါ်တွင်ပြင်ဆင်ထားသော ရွေ့လျားစကားပြောစင်မြင့်ကိုတွေ့ရစဉ်။ ဓါတ်ပုံ-မွန်မွန်မြတ်

တောင်ကြီးသား ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် NLD ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ကူညီ

၂၉ ဖေဖေါ်ဝါရီ ၂၀၁၂ (YPI)

ဟဲဟိုး - ရုပ်ရှင်နယ်ပယ်သားတစ်ဦး၏ ပထမဆုံးပါဝင်မှုအနေဖြင့် တောင်ကြီးသား နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ရှမ်းပြည်နယ်ခရီးစဉ်အတွင်းပါဝင်အားဖြည့်မည်ဖြစ်ကြောင်းသိရသည်။
ဇာတိမြို့သို့မရောက်ခဲ့သည်မှာ ငါးနှစ်ကျော်ကြာခဲ့ပြီဖြစ်သောရဲတိုက်သည် ရန်ကုန်အဲယားဝေးလေယာဉ်ဖြင့် ယနေ့ညနေ ၄း၃၀ ခန့်က ဟဲဟိုးမြို့သို့ရောက်ရှိခဲ့သည်။
မရောက်တာကြာပြီဖြစ်သည့်ဇာတိမြေကိုပြန်ရောက်ရသည့်အတွက် “တက်ကြွပျော်ရွှင်ချမ်းမြေ့မိပါတယ်” ဟုဆိုကာ NLD ပါတီဝင်တစ်ဦးအနေနှင့်ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ခွင့်ရသည့်အတွက် “အရမ်းကိုကျေနပ်မိပါတယ်” ဟု သရုပ်ဆောင် ရဲတိုက်က YPI ကိုပြောခဲ့သည်။

AirAsia နေပြည်တော်ကို ပြေးမယ်


AirAsia လေယာဉ်ပေါ်မှာ ရောင်းတဲ့ ထမင်း နဲ့ ဖျော်ရည်ဘူး။
တခြားလေကြောင်းလိုင်းတွေနဲ့ မတူတာက AirAsia မှာ အခမဲ့ အကျွေးအမွေး အစီအစဉ် မရှိတာပါပဲ။
လေယာဉ်စီးနေတုန်း ရေဆာရင် ရေ၀ယ်သောက်၊ ဗိုက်ဆာရင် သူတို့ရောင်းတာ ၀ယ်စားရမှာပါ။ လေယာဉ်ထဲရောင်းတာ ဆိုတော့ မြေမြင်ပေါ်ကဆိုင်တွေထက်တော့ ဈေးပိုပါတယ်။

ဘတ်ဂျက်လေကြောင်းလိုင်း AirAsia က ဒီနှစ်ကုန်ပိုင်း နေပြည်တော်ကိုလည်း ပြေးမယ် တဲ့၊ ဘန်ကောက်အခြေစိုက် TTR Weekly သတင်းဌာနက သူ့ဝက်ဆိုက် http://www.ttrweekly.com/site/2012/02/thai-airasia-eyes-myanmar-capital/ မှာ ရေးထားပါတယ်။

“နေပြည်တော်ကို ပြေးမယ့် လမ်းကြောင်းအတွက် ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေဆဲအဆင့်ပဲ ရှိပါသေးတယ်၊ ဒီနှစ်ထဲမှာ စပြီး ပြေးနိုင်မှာပါ” လို့ လေကြောင်းလိုင်းရဲ့ CEO ဖြစ်သူ Tassapon က ပြောပါတယ်။

နေပြည်တော်နိုင်ငံတကာလေဆိပ်က ဒီဇင်ဘာမှာ ဖွင့်တယ်၊ တနှစ်ကို ခရီးသည် သုံးသန်းခွဲ ၀န်ဆောင်မှုပေးနိုင်တယ်၊ လတ်တလောမှာတော့ ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး စတဲ့ ပြည်တွင်းလိုင်းတွေပဲ ပြေးနေတယ် တဲ့။

“(နေပြည်တော်က) အစိုးရအုပ်ချုပ်ရေး ဗဟိုအချက်အချာ နေရာဖြစ်တယ်၊ မြန်မာပြည်က ရင်းနှီးမြှုပ်နှံသူတွေကို ဖွင့်ပေးလိုက်ပြီဆိုတော့ အဲဒီကို တိုက်ရိုက် သွားမယ့်သူ များလာမှာပါ” လို့ CEO က ဆက်ပြောပါတယ်။

ဧရာဝတီ

ဦးသိန်းစိန်ရဲ့ လွှတ်တော်မိန့်ခွန်း ရုပ်သံမှာ တိုက်ရိုက်လွှင့်


ဒီနေ့မနက် ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန် မိန့်ခွန်း အရှည်ကြီး ပြောတာကို MRTV 4 က တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။

ပြောကြားချက်တွေထဲမှာ မော်တော်ကားဈေးနှုန်းတွေကျအောင် လုပ်နိုင်ခဲ့တယ် ဆိုတာကအစ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေအထိ ပါဝင်ပါတယ်။ (မကြာသေးခင်က ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင် ၂ ဦး လွှတ်တော်မှာ ပြောသွားတဲ့အတိုင်းပါပဲ)

မိုဘိုင်းဖုန်းအကြောင်းလည်း ထည့်ပြောသွားပါတယ်။

အများပြည်သူ ပြောနေတဲ့ မိုဘိုင်းဖုန်းနဲ့ ပတ်သက်လို့ လောလာဆယ် တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်၊ ဒီလုပ်ငန်းတွေ ပြီးရင် ပြည်သူတွေရဲ့ လိုလားချက်၊ နိုင်ငံတကာအခြေအနေတွေပေါ် မူတည်ပြီး အကောင်းဆုံးနည်းလမ်းများကို ရှာဖွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် တဲ့။

လူသားရင်းမြစ်ဖွံ့ဖြိုးရေး လုပ်နေတယ်၊ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်ကို မြှင့်တင်ထားတယ်၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့၊ အဆင်းရဲဆုံးနိုင်ငံဘ၀က လွတ်မြောက်ဖို့ ဆောင်ရွက်နေတယ်။

(တိုက်ရိုက်ထုတ်လွှင့်မှုက အခု ဒီပို့စ်တင်နေချိန်မှာပဲ ပြီးဆုံးသွားပါတယ်။ သမ္မတကြီးလည်း လွှတ်တော်အတွင်းက ပြန်လည် ထွက်ခွာသွားပါတယ်။ ရုပ်သံက သီချင်းတွေ ဆက်တိုက် ထုတ်လွှင့်ပါတယ်။ ပထမဆုံး လာတဲ့ သီချင်းကတော့ မပြောင်းလဲဘူး အရင်အတိုင်းပဲ တဲ့။ သြော် ... တိုက်တိုက် ဆိုင်ဆိုင်း)

ဧရာဝတီ