စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, November 29, 2011

သာကေတ တွင် မီးလောင်မှု ဖြစ်ပွား

ယနေ့ ညနေ ၅နာရီခွဲက သာကေတ ၁၃ ရပ်ကွက် ဇေယျဝတီ ၂ လမ်းနောက်ဖက်ခြမ်း လောင်စာဆီသိုလှောင်ထားသည့် အိမ်မှ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၈ လုံး မီးလောင်ကျွမ်းသွားပြီး အိမ်ထောင်စု ၁၇ စု လူဦးရေ ၉၀ အိုးအိမ်မဲ့ ဖြစ်သွားရသည်။ မီးကို ညနေ ၆ နာရီကျော်တွင် ငြိမ်းသတ်နိုင်ပြီး အရံမီးသတ် ၂ ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိသွားသ...

ပြည်တွင်း၌ ပြန်ရောင်းပေးမည်ဆိုပါက မည်သည့် နိုင်ငံမှမဆို မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်

မြန်မာနိုင်ငံတွင်း၌ ပြန်လည်ရောင်းချပေးမည်ဆိုပါက မည်သည့် နိုင်ငံမှ ကားထုတ်လုပ်သည့် ကုမ္ပဏီကိုမဆို မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါ သည်။အဓိကအားဖြင့် ပြည်တွင်း၌ နိုင်ငံသားများ အလုပ်အကိုင်အခွင့် အလမ်းပေါများစေရန်အတွက် ဖြစ်ကြောင်း၊ ထုတ်လုပ်လိုသည့်နိုင်ငံများအနေဖြင့် MIC ဖြင့်လာရောက် ဆွေးနွေးနိုင်ကြောင်းနှင့် သတ်မှတ်ချက်ဖြင့်ညီပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။"ဘယ်နိုင်ငံကမဆို သတ်မှတ်ချက်နဲ့ ညီရင် အမြန်ဆုံး ခွင့်ပြုပေးသွားမှာပါ။...

လွတ်ငြိမ်းချမ်းသာခွင့်များ ပေးပြီးနောက် ရန်ကုန်တွင် ရာဇဝတ်မှု ပိုမို ထူပြောလာ

မြန်မာ အစိုးရသစ်တက်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးခဲ့ရာတွင် ရာဇ၀တ်အကျဉ်းသား ဦးရေ များပြားသည့် အတွက် ရန်ကုန်မြို့တွင်း မြို့နယ်၊ ရပ်ကွက် တချို့တွင် ရာဇ၀တ်မှုများ ပိုမိုဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။“ဒါကတော့ ခြွင်းချက်အနေနဲ့ ဖြစ်နိုင်ပါတယ်။ ထောင်ကထွက်လာရင် အပြင်မှာသူတို့အတွက် အလုပ်က မရှိရင် စားဝတ် နေရေးအတွက် အရင်လိုပဲ ခါးပိုက်နှိုက်တာ၊ ခိုးတာ၊...

ရွှေလီ ရေကာတာစီမံကိန်း ဒေသခံ ၁၅၀၀၀ ခန့် အခက်ကြုံနိုင်

ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာစီမံကိန်း အမှတ်(၂)နှင့်(၃) ၂ ခုကြောင့် ရွာပေါင်း ၂၅ ရွာရှိ လူဦးရေ ၁၅၀၀၀ ခန့်သည် ရေလွှမ်းမိုးမှုအပါအ၀င် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။ရေကာတာ စီမံကိန်းဝန်းကျင်ရှိ ရေလွှမ်းမိုးနိုင်ဖွယ်ရှိသော ကျေးရွာ ၅ ရွာကိုလည်း အဓမ္မပြောင်းရွှေ့ခိုင်းထားသည်ဟု ပလောင် ကျောင်းသားလူငယ်များ အစည်းအရုံး(TSYO)က ယနေ့ ထိုင်းနိုင်ငံ...

အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ဝင်မလာနိုင်သေးကြောင်း စီးပွားရေးသမားများ ပြောဆို

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်ကို မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကြိုဆိုသော်လည်း စီးပွားရေး ရင်းနှီးမြှုပ်နှံများ ဝင်ရောက်လာရန်မှာ လက်တွေ့အားဖြင့် ဖြစ်နိုင်ချေ မရှိသေးကြောင်း ပြောဆိုမှုများ ရှိသည်။ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် မစ္စ ကလင်တန်နှင့်အတူ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလာကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ...

ထိပ်တန်း အတွေးအခေါ်ရှင် များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ဝါရှင်တန်အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ၁၀၀ ရွေးချယ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။“အာဏာရှင်အုပ်ချုပ်မှုအောက်မှ မြန်မာပြည် ရုန်းထွက်နိုင်ပြီ ဆိုပါက ထိုဖြစ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအရ ပါးနပ်လိမ္မာမှု နှင့် ကြံ့ကြံ့ခံရပ်တည်လှုပ်ရှားမှုကြောင့် ဖြစ်ပေလိမ့်မည်” ဟု ယခုလထုတ်...

Friday, November 25, 2011

မြန်မာသင်္ဘောသားများပါဝင်သော တောင်ကိုရီးယား ကုန်တင်သင်္ဘောနစ်မြုပ်ပြီး မြန်မာသင်္ဘောသား လေးဦး ပျောက်ဆုံးနေ

နစ်မြုပ်ခဲ့သည့် Bright Ruby ကုန်တင်သင်္ဘောအား တွေ့ရစဉ် မြန်မာသင်္ဘောသားများပါဝင်သော တောင်ကိုရီးယား ကုန်တင်သင်္ဘောသည် တောင်တရုတ်ပင်လယ်ပြင်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့က နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါသင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ယင်းသင်္ဘောတွင်ပါဝင်သော သင်္ဘောသား ၁၄ ဦးအား ကယ်တင်နိုင်ခဲ့ပြီး၊ မြန်မာလေးဦးနှင့် တောင်ကိုရီးယားသုံးဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း...

မန္တလေး၌ ကချင်စစ် ရပ်စဲရေး ဆုတောင်း၍ ဒုက္ခသည်များသို့ ကူညီ

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ရပ်စဲရေး ဆုတောင်းပွဲနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည်များ ကူညီပေးရေးလှူဒါန်းပွဲကို မန္တလေးအခြေစိုက် လူမှုကူညီရေးအဖွဲ့များက ယနေ့နေ့လယ်၂နာရီခန့်တွင် မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်၌ ကျင်းပသည်။မန္တလေး အခြေစိုက် အမရသုခ၊ နှလုံးသားဖောင်ဒေးရှင်း၊ အာရှအလင်းရောင်၊ ပီတိမိုး ကောင်းကင် စသည့် လူမှုရေးအဖွဲ့ ၁၅ ဖွဲ့ခန့်မှ...

မွန် နှစ်ပါတီ ပေါင်းစည်းတော့မည်

အစိုးရ ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့(MNDF)ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) နှစ်ပါတီ ပူးပေါင်း၍ တပါတီအဖြစ် ရပ်တည်ရန် စီစဉ်နေကြောင်း သိရသည်။NDF သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် ၅ ခုတွင် အနိုင်ရခဲ့သော ပါတီဖြစ်ပြီး AMRDP က၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရ လွှတ်တော်သုံးရပ်၌ ကိုယ်စားလှယ်...

အိန္ဒိယရောက် မြန်မာရေလုပ်သားများ ပြန်ရောက်

ရန်ကုန် (မဇ္ဈိမ) ။ ။ ပင်လယ်တွင်း လေပြင်းတိုက်ခက်မှုကြောင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားသည့် မြန်မာရေလုပ်သား ၁၄၂ ဦးမှာ နိုဝင်ဘာလ ၂၄၊ ၂၅ ရက်တွင် နှစ်သုတ်ခွဲ၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ် သည်။ အဆိုပါ ရေလုပ်သားများမှာ မတ်လအတွင်းက ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တွင်း ကျားဖောင်ဖြင့် ငါး၊ ပုဇွန်ဖမ်းနေစဉ် ရာသီဥတုဆိုးဝါးကာ လေပြင်းတိုက်ခက်မှုကြောင့် ဖောင်နှင့်အတူ မျောပါ သွားကြသူများ ဖြစ်သည်။“ရေလုပ်သားတွေ သေတာရှိတယ်။ ပျောက်တာရှိတယ်။ အိန္ဒိယကို ရောက်တာရှိတယ်။ သီရိလင်္ကာကို ရောက်တာ ရှိတယ်။ ပြီးခဲ့တဲ့ ဇွန်လက သီရိလင်္ကာနိုင်ငံကို...

ကမဲလ်ဂန်ဇိုရီကို အီဂျစ်ဝန်ကြီးချုပ်သစ်အဖြစ် ပြန်လည်ခန့်အပ်

အီဂျစ်နိုင်ငံမှာ အရင် အရပ်ဘက် ဝန်ကြီးအဖွဲ့က ဝန်ကြီးချုပ် အဆမ်ရှရစ် နုတ်ထွက်ပြီးနောက် အစိုးရသစ်တရပ်ဖွဲ့ဖို့အတွက် အရင်ဝန်ကြီးချုပ်ဟောင်း ကမဲလ်ဂန်ဇိုရီကို တာဝန်ပေးအပ်လိုက်တယ်လို့ စစ်အစိုးရအုပ်ချုပ်နေတဲ့ အီဂျစ်နိုင်ငံသတင်းမှာ ကြာသာပတေးနေ့က ဖော်ပြလိုက်ပါတယ်။အစိုးရရဲ့ အယ်အဟန်းသတင်း ၀က်ဆိုက်စာမျက်နှာမှာတော့ ဂန်ဇိုရီဟာ အီဂျစ်စစ်ကောင်စီ SCAF ရဲ့ အကြီးအကဲ ဟူစိန်တန်တာဝီနဲ့ တွေ့ဆုံအပြီးမှာ အမျိုးသားကယ်တင်ရေး အစိုးရတရပ်ကို ဦးဆောင်ဖို့ အတွက် မူအားဖြင့် သဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။အီဂျစ်နိုင်ငံမှာ အကြမ်းဖက်မှုတွေအရှိန်မြင့်လာခဲ့ပြီး လူပေါင်း ၃၅ ဦးထက်မနည်း...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူမှုအပေါ်အမြင် အမျိုးမျိုး

ဖိနှိပ်တဲ့စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ ကာလတာရှည် နာမည်ပျက်နေခဲ့တဲ့မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့အမြင်တွေ ပြန်ကောင်းလာစေဖို့ မြန်မာအစိုးရသစ်ကကြိုးပမ်းနေတဲ့အချိန်မှာ စစ်အစိုးရကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက်ကွယ်မှာနေ နေခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မနေ့က ကြာသာပတေးနေ့မှာတော့ မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ပထဆုံးအချိန်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမည်ရဲ့နောက်မှာ အငြိမ်းစားလို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုထူးခြားမှုတွေရှိခဲ့သလဲဆိုတာကို ဝါရှင်တန်ကနေ သတင်းထောက်...

ယီမင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ သမ္မတအမိန့်ပေး

ယီမင်နိုင်ငံသမ္မတ အလီ၊ အဗ္ဘဒူလာဆာလေးက ဆာနာ့သ်မှာ လူတွေသေကျေလောက်အောင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်း ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးဖို့ ကြာသာပတေးနေမှာ အမိန့်ပေးလိုက်ပါတယ်။ သမ္မတဆာလေးဟာ သူ့ကို ရာထူးကနေ ဆင်းပေးဖို့အတွက် တောင်းဆိုတဲ့ အာရပ် လိဒ်အဖွဲ့ချုပ်(Arab League) ရဲ့ အစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာ သဘောတူညီခဲ့တာပါ။ကြာသာပတေးနေ့စောစောပိုင်း သမ္မတဆာလေးအနေနဲ့ တရားစွဲဆိုခံရမှုကနေ ကင်းလွတ်ခွင့်ပေးပြီး အာဏာလွှဲပြောင်းရေး သဘောတူညီမှု အစီအစဉ်အပေါ် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြကြတဲ့သူတွေကို သမ္မတရဲ့သစ္စာခံတပ်ဖွဲ့တွေက ပစ်ခတ်တဲ့အတွက် လူ ၅ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာ ရရှိသွား တယ်လို့...

သီလ၀ါမြို့ပြစီမံကိန်းကြောင့် သံလျင် မြေဈေးတက်

ရန်ကုန်တိုင်း၊ သံလျင် သီလဝါဆိပ်ကမ်းနဲ့ ဆက်နေတဲ့နေရာမှာ တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ သန်း ၅,၀၀၀ ဖိုးလာရောက်ရင်းနှီးမယ့် စီမံကိန်းတွေကြောင့် အဲဒီနေရာတွေမှာ မြေဈေးတွေ အရင်ကထက် ၁၀ ဆလောက် တက်သွားပါတယ်။ ဈေးတွေ ခေါင်ခိုက်နေပေမဲ့ မြေကွက်ဝယ်ဖို့ စိတ်ဝင်စားသူတွေကလည်း အများအပြားရှိနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပြပါတယ်။ဒီတော့ ဘယ်လို စီမံကိန်းတွေလုပ်မှာမို့ ဘယ်လိုလူတွေက မြေတွေ လိုက်ဝယ်နေကြတာပါလဲ။ ဒီလို ကြီးကျယ်တဲ့ နိုင်ငံခြားက စီမံကိန်းကြီးတွေ မြန်မာနိုင်ငံမှာ နောက်ထပ် ဘယ်လောက်ရှိလာနိုင်မလဲ ဆိုတာကို စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။တောင်ကိုရီးယားနိုင်ငံက...

NLD တည်ထောင်သူများတွင် အမျိုးသမီး ထက်ဝက်ကျော်ပါဝင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်သလို ကယားပြည်နယ်မှလွဲ၍ နယ်စုံမှပါဝင်သည်ကို တွေ့ရသည်။၂ဝ၁ဝ ခု မတ်လ ၈ ရက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နှင့်ပင် ပါတည်ထူထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမည်ဖြစ်သော်လည်း ၂၁ ဦးရွေးထားသည့်...

ကလင်တန်နှင့်တွေ့လျှင် ပိတ်ဆို့မှုနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စ တင်ပြမည်

မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်း စီးပွားရေး ပိတ်ဆို့မှုကိစ္စနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကိစ္စများ ဆွေးနွေးသွားမည်ဟု လွှတ်တော်အမတ်များက ပြောဆိုသည်။မစ္စကလင်တန်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်မြင့် အပါအဝင် ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ တိုင်းရင်းသားနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၃၀ ဦး နှင့် နေပြည်တော်၌ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်သည်ဟု အမတ်များက ပြောသည်။“အခြေအနေပေါ် မူတည်မှာပါ။ ကျနော်တို့မှာလည်း မေးမယ့်မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ ဆန်ရှင်နဲ့ ပတ်သက်လို့တော့ မေးခွင့်ကြုံရင် မေးကြမှာပဲ။...

KIO နှင့် အစိုးရ သောင်မတင် ရေမကျ

မြန်မာအစိုးရ ကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တွေ့ဆုံခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် မရေရာသေးဘဲ ဖြစ်နေသည်ဟု KIO က ပြောသည်။KIO အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗဟိုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဦးလဖိုင်လ၊ ဗိုလ်မှူးကြီးလအောင် သုံးဦးတို့ ဝန်ကြီး ဦးအောင်မင်းနှင့် နိုဝင်ဘာ ၁၉ နှင့် ၂ဝ ရက်များတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ သို့သော် KIO ဘက်မှ အစိုးရက လိုလားနေသော အပစ်အခတ် ရပ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း မရှိခဲ့သလို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကိုသာ ဦးတည်ထားသည်။“သူတို့ပြောနေတဲ့...

Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို

ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်းနိုင်ကြောင်း အင်တာနက်လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။“သူက ကြားခံ ဆာဗာ သုံးခုကို ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်းယူထားတယ်။ အဲဒီမှတ်တမ်းကို အခြေခံပြီး ပြန်ယူလို့လွယ်တယ်။” ဟု ပြည်ပအခြေစိုက် အိုင်တီလုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ...

ဆန္ဒပြခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ဖို့ ကျန်နေသေး

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက် ဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးတာကြောင့် လာမယ့် ဒီဇင်ဘာလအတွင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးဖို့သာ ကျန်ပြီး နည်းဥပဒေကို ထုတ်ပြန်ပြီးတာနဲ့ တရားဝင် ဆန္ဒပြခွင့် လျှောက်ထားနိုင်တော့မယ်လို့ သိရပါတယ်။၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော...

Wednesday, November 23, 2011

Washington University မှ ဇေကမ္ဘာ ဦးခင်ရွှေ အား မည်သည့် အခါကမှ မည်သည့်ဘွဲ့မျိုးကိုမျှ မပေးအပ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာခြင်း

ထို့အပြင် ၄င်း၏ ကျောင်းနာမည်ကို အလွဲသုံးစားပြုလုပ်ပြီး ဒေါ်လာ ၈၀၀၀ ဖြင့်ဦးခင်ရွှေ အား PhD အတု ရောင်းချခဲ့သော အွန်လိုင်းပေါ်မှ ကျောင်းအတု အား တရားစွဲဆိုခဲ့ခြင်း၊ မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိကြောင်း လူငယ်များ နားလည်စေရန်ဖြန့်ဝေနိုင်သည်။https://www.facebook.com/photo.php?fbid=10150388992291374&set=a.74759741373.78273.582151373&type=1&ref=nfမကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိကြောင်း...

ဆီးဂိမ်း ၂၀၁၁ ရလဒ်များ နှင့် ပိတ်ပွဲ အခမ်းအနား မြင်ကွင်းများ – SEA Games result and closing ceremony

ဓာတ်ပုံသတင်းနိုဝင်ဘာ ၂၃၊ ၂၀၁၁ယမန်နေ့က အင်ဒိုနီးရှား နိုင်ငံ Palembang တွင် ပြုလုပ်သော ဆီးဂိမ်း ၂၀၁၁ ပိတ်ပွဲ အခမ်းအနားတွင် တင်ဆက်နေသော မြန်မာအကအဖွဲ့ (ဓာတ်ပုံ-getty images)မြန်မာအလံ (AFP)နိုင်ငံအလိုက် ရွှေငွေကြေး ဆုရရှိမှု အခြေအနေAPမြန်မာကချေသည်များ၏ တင်ဆက်မှု(AFP)အိမ်ရှင် အင်ဒိုနီးရှား ကချေသည်များ၏ တင်ဆက်ဟန် (AFP)မိန့်ခွန်းပြောနေသော အင်ဒိုနီးရှားရဲ့ ဆီးဂိမ်းအလုပ်အမှုဆောင်အဖွဲ့...

Saffron Monks not welcome in Burma – ရွှေဝါရောင်သံဃာတွေ အလိုမရှိတော့ ဟု မေးစရာဖြစ်

နိုဝင်ဘာ ၁၉ မှာ အာဆီယံက မြန်မာကို သူတို့အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် အလှည့်ကျ ၂၀၁၄မှာ ဆောင်ရွက်ဖို့ ရွေးချယ်လိုက်တယ်။ ဒေါ်စုခေါင်းဆောင်တဲ့ အင်န်အယ်ဒီပါတီကလည်း လက်ရှိအစိုးရပြင်ဆင်ပြဋ္ဌာန်းမှုအတိုင်း လက်ခံပြီး ပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ချက်ထွက်လာခဲ့ပြီးဖြစ်ပါတယ်အဲသည်အချိန်မှာ မြန်မာသမ္မတ သိန်းစိန်နဲ့ မြန်မာသတင်းထောက်တွေ တွေ့ဆုံမေးမြန်းခွင့်ရတဲ့ဆီမှာ ကျန်ရှိနေသေးတဲ့...

Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း ဒုတိယပိုင်းထွက်

နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်းဒုတိယပိုင်းကို Save Irrawaddy SF လုပ်အားပေးများက အများပြည်သူတို့ ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။ဒုတိယပိုင်းမှာ ဟောပြောသူက ယူစီဘာကလေမှာ ပါရဂူဘွဲ့စာတမ်းပြုစုနေသူ သတင်းစာဆရာ ကိုမင်းဇင် ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ တရုတ်ပြည်ဆက်ဆံရေး နယ်ပယ်အသီးသီးဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာနဲ့ လူတန်းစားအလွှာအဆင့်ဆင့်ရဲ့ အနေအထားတွေကို ရှင်းပြပါတယ်။ ဧရာဝတီလှုပ်ရှားမှုကဲ့သို့ မြန်မာပြည်သားတွေ...

ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ အစီအစဉ်မရှိသေး

ရှေ့သီတင်းပတ်ထဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်ဖို့အထိ အပြန်အလှန် ဆက်ဆံမှုတွေ တိုးတက် လာပေမဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေကိုတော့ ရုပ်သိမ်းဦးမှာ မဟုတ်သေးဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိတဦးက ပြောလိုက်ပါတယ်။ဒါဟာလည်း မြန်မာနိုင်ငံတွင်းမှာ တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတာတွေ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ယုံကြည်ထားတဲ့အတွက် ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။ရာစုနှစ်ဝက်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်...

၎တန်းနှင့် ၈တန်းစာမေးပွဲ မြို့နယ်ဘုတ်အဖွဲ့ဖြင့် စစ်ဆေးမည်

၎တန်းနှင့် ၈တန်း၏ အခန်းဆုံး စာမေးပွဲကို ကျောင်းတွင်း စစ်ဆေးခြင်းမှ မြို့နယ်ဘုတ် အဖွဲ့ဖြင့်ပြောင်းလဲ စစ်ဆေးတော့ မည်ဖြစ်ကြောင်း အခြေခံပညာ အသိုင်းအဝိုင်းမှ သိရသည်။ “ဒီနေ့ပဲ ကျောင်းမှာ အစည်းအဝေး လုပ်ပါတယ်။ ၄ တန်းနဲ့ ၈တန်းကို မြို့နယ်က မေးခွန်းထုတ်ပြီး စစ်တော့မယ် ဆိုပြီးတော့ပါ”ဟု အခြေခံပညာမှ အမည် မဖော်လိုသူ ဆရာတစ်ဦးက ပြောသည်။ယခင် ဆယ်စုနှစ်ကျော် ကာလများတွင် ၄ တန်းနှင့် ၈ တန်းကို မြို့နယ်ဘုတ်အဖွဲ့ဖြင့် စစ်ဆေးပေးမှု များရှိခဲ့ကြောင်း၊ သို့သော် အကြောင်းကြောင်းကြောင့် ရပ်နားသွားခဲ့ပြီး ယခုမှ ပြန်လည် စတင်သည့်အတွက် အခြေခံပညာ အဆင့်ကို မြှင့်တင်သည့် ခြေလှမ်း...

ဆရာ ဥာဏ်ကျယ်ရဲ့ တတိယမြောက် တစ်ကိုယ်တော်

စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဆရာ ဥာဏ်ကျယ်ရဲ့ တတိယအကြိမ်မြောက် တစ် ကိုယ်တော်ပန်းချီပြပွဲကို ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေး အရှေ့ဘက်တန်းမှာရှိ တဲ့ မြန်မာ့ရိုးရာ ပန်းပညာရှင်များအစည်းအရုံး ပြခန်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အုပ်စုလိုက် ပန်းချီပြပွဲ ၃၆ ကြိမ်နဲ့ တစ် ကိုယ်တော်ပန်းချီ ပြပွဲ ၃ ကြိမ်တိုင် ဖြတ်သန်း နိုင်ခဲ့တဲ့ ပန်းချီဥာဏ်ကျယ်ရဲ့...

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ပံ့ပိုးသွားမည်ဟု ဗြိတိန်ဝန်ကြီး ပြော

အစိုးရအဖွဲ့ဝင်အဆင့် ဥရောပ သမဂ္ဂဝန်ကြီး တစ်ဦးအနေဖြင့် ဗြိတိန်ဝန်ကြီး လွှတ်တော်ကိုယ်စား လှယ် အန်(န်)ဒြူးမစ်ချယ်(လ်) သည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီး စဉ်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား များအတွက် ဗြိတိန်နိုင်ငံ၏ ကူညီ ထောက်ပံ့မှုအစီအစဉ်ကို ပြန်လည် သုံးသပ်ရန်ရည်ရွယ်ပြီး လာရောက် ခဲ့ခြင်း ဖြစ်ကြောင်း အန်(န်)ဒြူး မစ်ချယ်(လ်)က ပြောကြားသည်။"ဒီကိုလာခဲ့တဲ့ အကြောင်းက တော့ ဒေါ်အောင်ဆန်းစုကြည်...

အိမ်ဖြူတော်ကို သေနတ်ဖြင့်ပစ်သူဟု သံသယရှိသူ အဖမ်းခံရ

ပင်နီဗေးနီးယား ရဲတပ်ဖွဲ့ သည် ပြီးခဲ့သောအပတ်တွင် အိမ် ဖြူတော်ကို ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်သည် ဟု သံသယရှိသည့် အမျိုးသား တစ်ဦးကို နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့သည်။ယင်း ပစ်ခတ်မှု ကြောင့်ကျည်ဆန်တစ်တောင့်သည် အိမ်ဖြူတော်၏ လူနေအပိုင်းရှိ ကျည်ကာပြတင်းပေါက်တစ်ခုကို ထိမှန်ခဲ့သည်။ အခင်းဖြစ်ပွားချိန် တွင် သမ္မတ အိုဘားမားသည် ဩစတြေးလျနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိနေသည်။လျှို့ဝှက်ထောက်...