စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 20, 2013

                                A Father's Tear (အဖေ့မျက်ရည်)   လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွားရောင်းတာနေမွန်းမတည့်ခင်... ပန်းအားလုံးရောင်းလို့ကုန်သွားပြီးငွေငါးဆလောက်အမြတ်ရခဲ့တယ်၊ ဖခင်များနေ့ရောက်တောဲ့ဒီလူကအဲဒီနည်းအတိုင်း...

Saturday, March 16, 2013

Sunday ဆုတောင်း. ..

မင်္ဂလာ မနက်ခင်းပါ ချစ်ခင်လေးစားရပါသော မြန်မာတို့ရေ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂါတ်ကောင်းကင်ဟာ အတိတ်ကမကောင်းခဲ့သူတွေရဲ့ လောဘဒေါသမောဟ မိုးတိမ်တွေနဲ့ ဖုံးကွယ်မဲနက်နေဆဲ မှာ ခုမှ မိုးသောက်ယံ အလင်းရောင်လေး မှေးမှိန်ဖြဖြ သေးသေးကွေးကွေးလေးဘဲ ရှိနေပါသေးတယ်။ မိတ်ဆွေတို့ရဲ့ မျက်မှန်စိမ်း မဲမဲကြီးတွေကို အမှောင်ကြီးထဲမှာ ခဏဖြစ်ဖြစ် ချွတ်ကြည့်လိုက်ပါလားဗျာ အမြင်အာရုံတွေ နည်းနည်းလေးပိုလင်းလက်လာပြီး ပိုလဲကြည့်လို့ကောင်းလာမှာပါ အစိုးရ က ကိုယ့်အပေါ်ကောင်းစေချင်ရင် ကိုယ်ကလဲ အစိုးရအပေါ်မှာ စ ကောင်းပြရမှာပေါ့ ... တစ်ကယ်ဆို ကျွန်တော်တို့ဟာ မေတ္တာတရားကြီးမားတဲ့...

Monday, February 25, 2013

ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်း သတ်မှတ်အပြီး ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးဝါးလာသည့်အပေါ် သုံးသပ်ကာ သက်ဆိုင်ရာသို့ ပြန်လည်တင်ပြမည်

ရွှေဂုံတိုင်မီးပွိုင့်အနီး ယာဉ်ကြောများ ကြပ်နေသည်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၁နာရီ မြင်ကွင်း  စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်းအဖြစ် ၂၀၁၃ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြောင်းလဲ သတ်မှတ်ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ယခင်ထက် ပိုမို ဆိုးဝါးလာကြောင်း သိရသည်။ ထိုရက်မှစ၍ အဆိုပါ လမ်းကြောင်းတစ်လျှောက် ခရီးသွားလာမှုမှာ ယခင်ထက် အချိန်အားဖြင့်...

သစ်ခိုးထုတ်မှုများ “ ကျွန်းပွဲတော်” ဟုခေါ်ရလောက် အောင်ရှိနေ

ထွန်းထွန်း ဓာတ်ပုံ(momeikfoum.blogspot.com) မဘိမ်း၊ ဖေဖော်ဝါရီ၊ ၂၅။ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် KIAကချင် လက်နက်ကိုင် အဖွဲ့နှင့် တရုတ်သစ်ကုန်သည်များ ပူးပေါင်း ကာ တရားမဝင် ကျွန်းသစ်များနှင့် အခြားသစ်မာသစ်များကို တရုတ်ပြည်သို့ ခိုးထုတ် နေကြသည်ဟု မိုးမိတ်မြို့မှ ဒေသခံ တစ်ဦးက ပြောကြားသည်။ မဘိမ်းမြို့နှင့် မိုင်နှစ်ဆယ်ကျော် ကွာဝေးသော ပင်ကြိမ်၊ တုံကွာ၊ စီပိန်း၊...

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ သိရှိနိုင်ရန် ပေးပို့ အပ်ပါသည်။  ပေးပို့သူ = ရဲရင့်  နေပြည်တော်။ ဖေဖော်ဝါရီ ၂၂။  ဖေဖော်ဝါရီလ နွေဦးရောက်ပြီဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်မြို့တော်ကြီးရဲ့ အပူချိန်ကတော့ ရေနွေးအိုးမတည်ရဘဲ လက်ဖက်ခြောက်ခပ်သောက်လို့ရမယ့် အနေအထားပါပဲ.။ ဒီနေ့...

“နောက်ဆုံးပေါ်ကားတွေ ၀ယ်ယူဖို့အတွက် အပြင်းအထန် ကန့်ကွက်”

လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုးရအဖွဲ့အနေနဲ့ မာစီဒီး ကျည်ကာကားတွေ အပါအ၀င် တိုယိုတာ ကင်မရီ၊ မာစီဒီး ဆီဒင်နဲ့ အော်ဒီ အေစစ် စတဲ့ နောက်ဆုံးပေါ်ကားတွေ ၀ယ်ယူဖို့အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုး သုံးမယ့်အပေါ် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းဆွေက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။  ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း...

နိုင်ငံရေးသမားဆိုပြီး ရင်ကော့ထွက်လာမည့် မျိုးဆက်သစ်လူငယ်များကို မျှော်လင့်လျက်ရှိ

 နိုင်ငံရဲ့ အနာဂတ်အတွက် မိမိကိုယ်ကို နိုင်ငံရေးသမား ဟုဆိုကာ ရင်ကော့ထွက်လာမည့် မျိုးဆက်သစ် လူငယ် များကို မျှော်လင့်လျက်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးက ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ၌ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျင်းပ ပြုလုပ်သော စာပေဟောပြောပွဲတွင် ပြောကြားသည်။ “နိုင်ငံရေးသမားဆိုတဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေ လေးလေး နက်နက် စဉ်းစားဖို့ လိုပါတယ်။...

Sunday, February 10, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ ပုလိပ်မြို့ရောက်ရှိ

(သတင်းဓါတ်ပုံ- စူပါ)  ရန်ကုန်မှ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်လာနေတဲ့ ဘုန်းကြီး ၁၅ပါး၊ လူ၄၇ယောက် နဲ့ အမျိုးသမီး၁ ယောက်တို့ပါတဲ့ အဖွဲ့ဟာ ပုလိပ်မြို့ ပုလိပ်ဘုရားဝင်းအတွင်းရှိ မူလငါးဆူ ကျောင်းတိုက်သို့ ရောက်ရှိလာပြီး ဒီနေ့ အခုကျောင်းမှာပဲ ညအိပ်ကြမှာပါ။  မြင်းခြံကနေလမ်းလျှောက်လာတဲ့ ဘုန်းကြီး ၃ပါးနဲ့ လူ၃ယောက်ဟာလဲ ခုလောလောဆယ် ပုလိပ်မြို့အတွင်း သို့...

“ရင်သားကင်ဆာ အတွက် ပန်းဂေါ်ဖီစိမ်း”

 “ရင်သားကင်ဆာ အတွက် ပန်းဂေါ်ဖီစိမ်း” ပန်းဂေါ်ဖီစိမ်း စားသုံးခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှု့ကို ကာကွယ်မှု့ပေးနိုင်သလို ကင်ဆာအမြစ်များပြန့်ပွားမှု့ကိုလည်း ရပ်တန့်စေတယ်လို့ သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆေးဖက်ဝင်တဲ့ ပန်းဂေါ်ဖီစိမ်း မှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်း တမျိုးဟာ အသားပိုကျူမာဆဲလ်များ ကြီးထွားလာမှု့ကို တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ...

အစ်ကိုတို့သိစေဖို့ရာ အိတ်ဖွင့်ပေးစာ

ကိုဇာဂနာနဲ့ ကိုမင်းကိုနိုင်ဆိုတာ ကျွန်မတို့ချစ်ရတဲ့ပုဂ္ဂိလ်နှစ်ဦးပါ။ပုဂ္ဂိုလ် ရေးခင်မင်မှုမရှိပေမဲ့ ၁၉၈၈ ရဲ့ ရန်ကုန် တက္ကသိုလ်ဟောပြောပွဲတွေမှာ ထမင်း ထုပ်တွေဝေရင်း၊ တတ်နိုင်သလောက် လုပ်အားပေးရင်းလက်ခုတ်တီးခဲ့တဲ့ ကျောင်းသူပါ။ ကိုဇာဂနာရဲ့ ၁၉၉၀ လောက်ကပွဲတွေဆိုရင်လည်းလိုက်ပြီး အားပေးခဲ့တာ။ ပဲခူးပွဲဟာဘယ်လောက် အောင်မြင်လိုက်သလဲဆို မြို့လုံးကျွတ် နီးပါးလာပြီးအားပေးလို့ပွဲမိန့်တောင်...

ပြောပြန်ရင်လည်း လွန်တော့မယ် (၂)။

ပြောပြန်ရင်လည်း လွန်တော့မယ် (၂)။  ကဲ ဘယ်လို လုပ်မလည်း၊ သိန်းစိန်တောင် စိုးသိန်းပေးတာ ရခဲ့သေး၊ ပြည်သူလူထုကို ညာရုံမက သိန်းစိန်တို့ ကိုပါ ညာခဲ့တာ။ စိုးသိန်းတစ်ယောက် စက်မှု (၁/၂) ဝန်ကြီးအနေနဲ့ လုပ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံက ထုတ်တဲ့ Landmark ကားတွေကို စက်မှု (၂) တံဆိပ် ခပ်တည်တည်နဲ့ကပ်ပြီး လူကြီးတွေနဲ့ စစ်တပ်က တပ်ရင်းမှုးတွေအတွက် Grand Tiger တွေပေးခဲ့ပါတယ်။ တရုတ်ကနေ တစ်စစီ...

ပြောပြန်ရင်လည်း လွန်တော့မယ် (၁)။

ပြောပြန်ရင်လည်း လွန်တော့မယ် (၁)။  မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တဲ့ အခုအခြေအနေဟာ အရင်အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အကောင်းဆုံးလို့ ပြောစမှတ်ပြုရမယ့် အနေအထားပါလို့ တစ်ထစ်ချ ယုံရခက်တယ်ဆိုရင် စာရေးတဲ့ကျွန်တော့်ကို သို့လောသို့လော မေးချင်ပြောချင်ကြမယ်ထင်ပါတယ်။ ကျွန်တော် စစ်သားဟောင်းတစ်ဦးပါ။ တိတိပပပြောရရင်တော့ ကျွန်တော် မြန်မာ့နိုင်ငံရေးသမိုင်းတချို့ကို...

လက်ပံတောင်း ကော်မရှင် ထပ်မံ သတင်းထုတ်ပြန်

မီးကျည်ဗုံးထိမှန်ပြီး ဘယ်ဘက် မျက်လုံးကွယ်သွားသော သံဃာတစ်ပါး..(ဓါတ်ပုံ - မန်းသားလေး/ ဧရာဝတီ)   လက်ပံတောင်း ကော်မရှင်က သတင်းထုတ်ပြန်ချက်တစောင်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲနဲ့ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။  ကော်မရှင်အနေနဲ့ ကြားဖြတ် အစီရင်ခံစာသာ ထုတ်ပြန်ပေးခဲ့ပြီး အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့် အခါမှသာလျှင် အသေးစိပ် တွေ့ရှိချက်တွေကို ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့...

Saturday, February 9, 2013

“ပြည်ထောင်စုလွှတ်တော်ကနေ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဥပဒေကို ဒီကနေ့ မဲခွဲ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေသစ် ပြဌာန်းပြီးတဲ့အခါ ဘယ်သူတွေကို အရေးယူသွားမှာတဲ့လဲ။” (အသံ)

အစိုးရ၀န်ထမ်း ၁၇,၀၀၀ ကို ထောင်ဒဏ်အပါအ၀င် ကျူးလွန်ခဲ့တဲ့ စည်းကမ်းဖောက်ဖျက်မှုတွေအလိုက် အရေးယူခဲ့ပါတယ်လို့ အစိုးရက တုန့်ပြန်ရှင်းလင်းပြီး မကြာခင်မှာပဲ ပြည်ထောင်စုလွှတ်တော်ကနေ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဥပဒေကို ဒီကနေ့ မဲခွဲ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေသစ် ပြဌာန်းပြီးတဲ့အခါ ဘယ်သူတွေကို အရေးယူသွားမှာတဲ့လဲ။ အသေးစိတ်ကို မဲခွဲအတည်မပြုမီမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ပုလဲလွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကို...

နှင်းဆီခရီးသည်မော်ဒန်အငြိမ့် ပထမည ပရိသတ် သုံးထောင်ဝန်းကျင် လာရောက်ကြည့်ရှု

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)   နှင်းဆီခရီးသည်မော်ဒန်အငြိမ့်ကို ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီခွဲ အချိန်ခန့်တွင် စတင်ဖျော်ဖြေခဲ့ပြီး ပရိသတ်သုံးထောင်ခန့် လာရောက်အားပေးကြောင်း သတင်းရရှိသည်။ သက်တမ်းခုနစ်နှစ် ရှိပြီဖြစ်သော နှင်းဆီအဖွဲ့သားများ၏ ဖျော်ဖြေပွဲတွင် ယင်းအဖွဲ့၏ ပုံစံအတိုင်း နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများ၊ ခရီးသွားလုပ်ငန်းနှင့်ဆိုင်သည့်ကိစ္စများ၊...

 State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ Google မှ သတိပေးချက်များ ပေးပို့နေ

Google မှ ပေးပို့လာသော သတိပေးစာကို တွေ့ရစဉ် State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ ယခု ရက်ပိုင်းများ အတွင်း Google မှ သတိပေးချက်များ ပေးပို့နေကြောင်း သိရှိရပါသည်။ ပေးပို့လာခဲ့သော သတိပေးစာတွင် "Warning: We believe state-sponsored attackers may be attempting to compromise...

တမူးခရိုင် နန့်သလက်ချောင်းတံတား ဖောက်ခွဲခံရ

နယူးဒေလီ(မဇ္ဈိမ)။ ။ အမည်မသိသူများ၏ လက်ချက်ဖြင့် တမူးခရိုင် မြို့သစ်မြို့နယ်ခွဲ နန့်သလက် ချောင်းတံတားကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။ ယခင်က တမူးဒေသတွင် ထိုကဲ့သို့ တံတားမိုင်းထောင် ဖျက်ဆီးခံရခြင်းမျိုး မရှိခဲ့ဘူးကြောင်း တမူးဒေသခံ အမျိုးသမီး တဦးက မဇ္စျိမကို ရှင်းပြသည်။ ၎င်းက “နန့်သလက် တံတားကို ခွဲတာ ဟုတ်တယ်။ ဘယ်အဖွဲ့ က ခွဲမှန်းမသိဘူး။ မြို့သစ်ဘက်ကို...

၈၈မျိုးဆက်များ၏ ဇီးကုန်းမြို့နယ် ငြိမ်းချမ်းပွင့်လင်းခရီးစဉ်....

ပဲခူးတိုင်း ပြည်မြို့သို့ရောက်ရှိနေကြသော မင်းကိုနိုင်ခေါင်းဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ဖေဖော်ဝါရီလ၊(၈)ရက် နံနက်(၈း၃၀)နာရီတွင် ပြည်မြို့မှထွက်ခွာလာခဲ့ရာ နံနက်(၁၀း၃၅)နာရီ၌ ဇီးကုန်းမြို့သို့ရောက်ရှိခဲ့ကြပြီး မွန်းတည့်(၁၂း၀၀)နာရီတွင် ဇီးကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မင်းကြီးလမ်းနှင့်ကန်ကြီးလမ်းထောင့် ကွင်းပြင်၌ကျင်းပသည့် ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်...

ဂျီဒီပီ တိုးတက်ရုံနဲ့ တနိုင်ငံလုံး တိုးတက်တယ်လို့ ပြောလို့မရဘူး

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးနဲ့ စာရေးဆရာ ကိုတာတို့ဟာ မကြာသေးခင်က ဘူတန်နိုင်ငံသို့ လေ့လာရေး ခရီးအဖြစ် သွားရောက်ခဲ့ကြပါတယ်။ ဘူတုန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုဆိုင်ရာတွေ ဘယ်လိုချိတ်ဆက်သင့်သလဲ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာခဲ့တဲ့ ဦးကိုကိုကြီးကို အဆိုပါ ဆွေးနွေးပွဲ အပါအ၀င် ဘူတန် ခရီးအတွေ့အကြုံကို...

Friday, February 8, 2013

အခြေခံလူတန်းစားများဝမ်းစာရေးအတွက်တစ်ပိုင်တစ်နိုင် အလုပ်လုပ်နိုင်ရေးနည်းပညာသင်တန်းပေးမည်

  မြန်မာနိုင်ငံအတွင်းရှိအခြေ ခံလူတန်းစားများ ၀မ်းစာအတွက် တပိုင်းတနိုင်အလုပ်လုပ်နိုင်ရေး အတွက် သမ၀ါယမ၀န်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာသင်တန်း အလှကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း၊စားသောက် ကုန်အမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။  ““အဆိုပါကဲ့သို့ နည်းပညာ သင်တန်းများပေးရခြင်းမှာ...

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီးခန့်အပ်ရန် အဆိုပြု

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာဌာန ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအား ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီး ခန့်အပ်ရန်အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်...

မြန်မာပြည် လာမယ့်သူ တရုတ်အစိုးရ ပေးမထွက်

၂၀၁၀ တုန်းက “ချာတာ ၀၈” တီရှပ်ဝေနေတဲ့ ဝမ်ဇွန်ရှ ရန်ကုန်လာပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းမည့် တရုတ်လူငယ် တဦးကို တရုတ် အစိုးရက နိုင်ငံ အပြင်ဘက် ပေးမထွက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၆ ရက် မနက်တွင် တရုတ်ပြည် တောင်ပိုင်း ဂွမ်ဇူး (ယခင်အခေါ် ကန်တုံ) မြို့ လေဆိပ်တွင် ဝမ်ဇွန်ရှ အမည်ရှိ လူငယ်ကို တရုတ် အရာရှိများက ရန်ကုန်သို့...

အောက်တိုဘာလတွင် ရောင်းချတော့မည့် Ubuntu ဖုန်း OS လက်ကိုင်ဖုန်းများ

၂၀၁၂ ခုနှစ် ၊ ဧပြီလက Ubuntu မိုဘိုင်း လည်ပတ်စနစ် အတွက် စီးပွားရေး ဖွံ့ဖြိုးမှု မန်နေဂျာ (Business Development Manager) ရာထူးတစ်နေရာ ခေါ်ယူသည့် အခါတွင် Ubuntu ဖုန်း OS ကို ပထမဦးဆုံး အကြိမ် ပြန်လည် ထုတ်ဖေါ် ပြသခဲ့သည်။ အဆိုပါ စနစ်အကြောင်း သတင်း မီဒီယာများတွင် လပေါင်းများစွာ အကြိမ်ကြိမ် ဖေါ်ပြခဲ့ကြပြီး၊ ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းက အဓိက ပါဝင်မည့် Ubuntu Phone apps (၁၂) ခုကို...

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း နောက်ကွယ်မှ မပါခဲ့ကြောင်း အစိုးရ ထုတ်ပြန်ပေးရန် MSF တောင်းဆို

 MSF ၏ ညွှန်ကြားရေးမှူး မစ္စတာ Arjan Hehenkamp (ယာ) နှင့် MSF အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာ Perer Paul de Groote (ဝဲ) (ဓာတ်ပုံ – ဧရာဝတီ) ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF/AZG) က မွတ်စလင်များဘက်မှ ပါဝင်ပက်သက်မှု မရှိခဲ့ကြောင်း လူသိရှင်ကြား ထုတ်ပြန်ပေးရန် အစိုးရထံ တောင်းဆိုလိုက်ကြောင်း သိရသည်။ ထိုဖြစ်စဉ်တွင် MSF အနေဖြင့်...

"ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား" ဆိုတဲ့ ဒေါက်တာဆိတ်ဖွားဆိုသူရဲ့ အွန်လိုင်းရေးသားချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းမည်

"ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား" ဆိုတဲ့ ဒေါက်တာဆိတ်ဖွားဆိုသူရဲ့ အွန်လိုင်းရေးသားချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းမည်။ ဥက္ကဌ - ဦးမြငြိမ်း(ပြည်ထောင်လွှတ်တော် ဒု-နာယက) ဒု - ဥက္ကဌ - ဦးနန္ဒကျော်စွာ(ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ) အဖွဲ့ဝင်များ- ဒေါက်တာ စိုးရင် ဒေါက်တာ မြတ်ဥာဏစိုး ဦးဖုန်းမြင့်အောင် ဦးအောင်ဆန်း ဦးအောင်ငြိမ်း...