စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, September 28, 2012

သမ္မတ ဦးသိန်းစိန် ကုလ ညီလာခံမှာ သမိုင်းဝင် မိန့်ခွန်းပြော

၆၇ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားနေသော သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- AFP

သမ္မတ ဦးသိန်းစိန်ဟာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာသမ္မတတဦးအနေနဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂၇ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းပြောကြားမှုကို မြန်မာ့အသံ၊ မြန်မာ့ ရုပ်မြင်သံကြား MRTV, MRTV 4, SKY NET ရုပ်သံလိုင်းနဲ့ FM ရေဒီယို စတာတွေမှာ တိုက်ရိုက် ထုတ်လွှင့်သွားခဲ့ပါတယ်။

 ညီလာခံ မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က သဘာပတိနဲ့တကွ အားလုံးကို နုတ်ခွန်းဆက် စကား ပြောကြား ပြီး မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာရင်း ခေတ်သစ် တခုကို ရောက်လာပြီဖြစ်တယ်လို့ လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ "မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အလွန်နက်နဲ ခက်ခဲပြီး စိတ်ရှည်ဖို့ လိုအပ် တယ်ဆိုတာ ကျွန်တော်ကောင်းစွာ သတိပြုမိပါတယ်။

တစ်ချိန်တည်းမှာဘဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံ များ၊ နိုင်ငံတကာ အသိုင်းအ၀န်း တစ်ရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည် ထောက်ခံမှုနဲ့ အကူအညီပေးဖို့လိုအပ်ပါတယ်" လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ဆက်လက်ပြီး သမ္မတ ဦးသိန်းစိန်က "မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှု့မြင်ချဉ်းကပ်ဖို့လည်း လို အပ်ပါတယ်။ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ၀ိုင်းဝန်းဖန်တီးပေးဖို့လည်း လို အပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပအကူအညီများအပေါ် သက်သက် မှီခိုရပ်တည်ခြင်းထက် မိတ် ဖက် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ပူးပေါင်း လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်" လို့လည်း ထည့် သွင်း ပြောကြားသွားပါတယ်။

 ဒါပေမယ့် တိုင်းပြည်ထူထောင်ရေးလုပ်နေစဉ်မှာဘဲ မထင်မှတ်ဘဲ ရခိုင်အရေးအခင်းဖြစ်လာတာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်း နေရတာကို နားလည်နိုင်မယ်လို့ နိုင်ငံတကာကို မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂအပါအ၀င် ရခိုင်အရေးကိစ္စမှာ အိုအိုင်စီ၊ အမေရိကန်၊ တူရကီအစရှိတဲ့ နိုင်ငံတွေ က လေ့လာ နိုင်ဖို့လည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း ဘက်မလိုက်တဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ တခုကိုလည်း ဘာသာပေါင်းစုံ၊ နယ်ပယ်အသီးသီးက ယုံကြည်လေးစားရတဲ့သူတွေနဲ့ ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမှုများ လုပ်နေပြီဖြစ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။

 အလားတူ ကချင်အရေးလည်း သမ္မတက ထည့် သွင်းပြော ကြားခဲ့ပါတယ်။ ဒီအပြင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ သဘောထား ကိုထင်ဟပ်တဲ့ စကားကိုလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။

“အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုရင် ခုဆို လွတ်တော်အမတ် တဦးအဖြစ် သာမက ၊ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေပြီ ဖြစ်သလို ၊ ယခု နယူးယောက်မြို့ကို ရောက်ရှိနေပြီး အမေရိကန် ရဲ့ မြင့်မားတဲ့ ဂုဏ်ပြု ဆုများကို လက်ခံရရှိနေလို့ ကျွန်တော် မြန်မာနိုင်ငံသား တဦးအနေနဲ့ဝမ်းသာ ဂုဏ်ယူ မိပါတယ်”လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားတာပါ။

 အခုလို မြန်မာနိုင်ငံမှာ သမ္မတတဦးရဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တိုက်ရိုက် ထုတ်လွင့်မှု ဟာ မြန်မာ့ သမိုင်းမှာလည်း ပထမဆုံးဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံနဲ့ စုဖွဲ့ထားခဲ့တာဖြစ်ပြီး နှစ်စဉ် အထွေထွေညီလာခံ ကျင်းပလျှက်ရှိပြီး ယခုနှစ်အတွက်တော့ ၆၇ ကြိမ်မြောက် ညီလာခံ အစည်းအဝေးကို ကမ္ဘာ့ နိုင်ငံများ က ခေါင်းဆောင်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်နေပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂ ညီလာခံ မိန့်ခွန်းမှာ တချိန်က ကုလသမဂ္ဂရဲ့ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ဦးသန့်ကိုလည်း ဂုဏ်ပြု စကားကို ထည့်သွင်းပြောကြားခဲ့ပါသေး တယ်။

 ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူး တာဝန်ကို အာင်မြင်စွာထမ်းဆောင်ခဲ့တဲ့ မြန်မာ့နိုင်ငံသား ဦးသန့် ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို သမ္မတ ဦးသိန်းစိန်က သူ့အနေဖြင့်ရော မြန်မာပြည်သူများ အနေဖြင့်ပါ ဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘဲ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောကြားပြီး ညီလာခံ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းဟာ မတိုလွန်း၊ မရှည်လွန်း ပဲ ကဏ္ဍ စုံအောင်လည်း ထည့်သွင်းပြောကြားခဲ့ တာပါ။


နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမှု မြင်ကွင်းများ ( Photo : AFP )

0 comments: