စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, September 22, 2012

၈၈မျိုးဆက်ကျောင်းသားများရဲ့ အလှု...

လှူဒါန်းမှု အစုစုမှာ .... 

 မောင်တောမြို့နယ်ရှိ ကိုင်းကြီးကျောင်း၊ သရီကုန်းဘောင်ကျောင်း၊မောရဝတီကျောင်း၊ကင်းချောင်းကျောင်း၊ ခရေမြိုင်ကျောင်း၊ရွှေရင်အေးကျောင်း၊ဗောဓိကုန်းကျောင်းနှင့်ကံသာယာ ကျောင်းများအတွက် တစ်ကျောင်းလျှင်ဝတ္ထုငွေကျပ်ဆယ်သိန်းစီကို လည်းကောင်း၊ စစ်တွေမြို့ပေါ်ရှိ သန္တိကျောင်း၊ဇေယျာသိဒ္ဓိကျောင်း၊ ရွှေဗိမန်တောရ၊ဇေယျမင်္ဂလာကျောင်းနှင့်ပရိယတ္တိပျိုးခင်းကျောင်းများ အတွက် တစ်ကျောင်းလျှင်ဝတ္ထုငွေကျပ်နှစ်သိန်းစီကိုလည်းကောင်း ကျောင်းထိုင်ဆရာတော်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

 မောင်တောမြို့နယ်ရှိ ဥဒေါင်းရွာကျောင်းသို့အလှူငွေကျပ်တစ်သိန်းသုံး သောင်းကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါသည်။ ချမ်းမြေ့ရိပ်သာဆရာတော်ကြီး၏ မင်္ဂလာသက်တော်(၈၅)နှစ်ပြည့် အထိမ်းအမှတ်ပူဇော်ပွဲတွင် ချမ်းမြေ့ရိပ်သာဆရာတော်ကြီးနှင့် တပည့် ဒယကာ၊ဒယကာမများက စုပေါင်း၍ ရခိုင်ပြည်နယ်၌ မီးလောင်ဖျက်ဆီးခံခဲ့ရသော ဗုဒ္ဓသာသနိက အဆောက်အအုံများ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် လှူဒါန်းငွေကျပ် ၉,၁၃၂,၀၀၀/ ကိုးဆယ့်တစ်သိန်းသုံးသောင်းနှစ်ထောင်ကျပ်တိတိကို(၂၅၊၈၊၂၀၁၂)နေ့က ၈၈မျိုးဆက်ကျောင်းသားများမှတဆင့် ပေးအပ်လှူဒါန်းခဲ့ရာ၊ ထိုလှူဒါန်းငွေများကို မနီလာသိန်းနှင့်မမီးမီးတို့က ရခိုင်ပြည်နယ်သို့ (၁၁၊၉၊၂၀၁၂)နေ့တွင် သွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။
မီးလောင်ပျက်ဆီးသွားသော(ရွှေရင်အေးကျောင်း၊ကံသာယာကျောင်း၊ဗောဓိကုန်းကျောင်း)ဆရာတော်များထံ တစ်ကျောင်းလျှင် ဝတ္ထုငွေ ကျပ်ဆယ်သိန်းစီ လှူဒါန်းစဉ်
စက်တင်ဘာလ၊(၂၀)ရက်ညနေ(၃း၃၀)နာရီကကိုဂျင်မီဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ပုသိမ်မြို့ရာမည(၆)လမ်းဓမ္မာရုံ၌ ရေဘေးသင့်ဒုက္ခရောက်ခဲ့ကြသော အိမ်ထောင်စု(၄၀၀)အား ဆန်များလှူဒါန်းဝေငှခဲ့စဉ်.

0 comments: