ဒေါ်အောင်ဆန်းစုကြည်အမေရိကပြည်ထောင်စုကို ရောက်လာတော့ဝါရှင်တန်ဒီစီဆုလက်ခံယူပွဲမှာ
ဟောပြောသွားပါတယ် ။
ဒီကနေ့ မျက်မှောက်ကာလမြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲမှုတွေဟာ သမ္မတ
ဦးသိန်းစိန်ရဲ့ ဆောင်ရွက်မှုတွေကြောင့်လို့  ပြောဆိုသွားတာဖြစ်ပါတယ် ။
ဒီလိုတင်စားပြီးပြောလိုက်တဲ့ အခါ ဆရာတော် ဦးဥတ္တမကို ဗိုလ်ချုပ်အောင်ဆန်းက
မြန်မာနိုင်ငံရဲ့  လွပ်လွပ်ရေးမျိုးစေ့ချပေးသူအဖြစ် ဂုဏ်ပြုတင်စား
မော်ကွန်းကဗ္မည်း ထိုးပေးတာကို သတိရဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
ဟောပြောချက်ဟာ သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ စနစ်ဆီသို့  ပြုပြင်ကူးပြောင်း
စေတဲ့ ဒီမိုကရေစီမျိုးစေ့ချပေးသူအဖြစ် နိုင်ငံရေးပေါ်လီစီတွေကိုစွမ်းဆောင်ချ
မှတ်သူမို့  ဂုဏ်ပြုတင်စားလိုက်ခြင်းဖြစ်ပါတယ် ။
ပြီးတော့ဝန်ကြီးဦးအောင်မင်းကလဲဘဲ ဆုယူပွဲကို တက်ရောက်ခဲ့ သူမို့ 
အထူးကျေးဇူးတင်ရှိပါကြောင်း အသိအမှတ်ပြု တလေးတစားနဲ့  ပြောဆိုသွားတာ
တွေ့ ရပါတယ် ။
တချိန်တည်းမှာဘဲ ၀န်ကြီးဦးအောင်မင်းက ၀ါရှင်တန်ဒီစီမှာရှိနေတဲ့  မြန်မာ့ကွန်မြူ
နီတီတွေနဲ့  တရင်းတနှီး တွေ့ ဆုံခြင်းများပြုလုပ်ခဲ့ တော့ ဒီလို တွေ့ ဆုံခြင်းများဟာ
နိုင်ငံတော်အတွက်ရေစီးကြောင်းတခုကို အတူတူ ဖြတ်သန်းကြခြင်းဖြစ်
သွားစေပါတယ် ။
တချိန်က မျှဉ်းပြိုင်များအဖြစ် သွားနေခဲ့ ကြရာက ဒေါ်အောင်ဆန်းစုကြည်ပြောသလို တဖက်စောင်းနင်းဖြစ်စေခြင်းများကို ပြုလုပ်စရာ အခြေအနေတွေကဆုတ်ယုတ်လာနေပြီမို့ 
ဒီအချိန်မှာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရမဲ့အချိန်ဖြစ်တယ်လို့  ထင်မှတ်ပါတယ် ။
အထူးသဖြင့် သမ္မတကြီး ဦးသိန်းစိန်နဲအတူတကွ လိုက်ပါလာတဲ့  ၀န်ကြီးများကို ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အထူးတာဝန်ရှိသောသူများအဖြစ် သိမြင်ထားကြတဲ့ 
အတွက် နယူးယောက်မြို့ ကိုရောက်ရှိချိန်မှာ နယူးယောက်မြို့ နေ ရခိုင်ကွန်မြူနီတီတွေ
အနေနဲ့  တွေဆုံလိုစိတ် ရှိနေကြပါတယ် ။
နေပြည်တော်မှာလဲဘဲ ရခိုင်ပြည်နယ်အရေးကို အစည်းအဝေး ပြုလုပ်ပြီးဆွေးနွေးနေကြ
သလို ရသေ့တောင်မြို့ မှာလဲဘဲ လူထုအစည်းအဝေးကိုဆွေးနွေးကြတော့မှာမို့  နယူးယောက်မြို့ ကို ရောက်နေချိန်မှာရခိုင်အရေးကို ဆွေးနွေးပေးခဲ့ မယ်ဆိုရင် ပိုပြီး
အဆင်ပြေလိမ့်မယ်လို့ ထင်မြင်ယူဆကြပါတယ် ။
ဒါကြောင့်မို့ လို့  သမ္မတကြီး ဦးသိန်းစိန်နဲ့ ဝန်ကြီးများက နယူးယောက်မြို့ ကို ရောက်
လာချိန်မှာ တွေ့ ဆုံဖို့ အချိန်ဇယားများနဲ့  ပြုလုပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
0 comments:
Post a Comment