စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, September 11, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စမှာတော့ တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လီမတက်ဟာ မိမိအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လယ်သမားလူတန်းစားနဲ့ စားသုံးသူပြည်သူ့မျက်နှာကို အိုးမည်သုတ်

မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၏ ရည်ရွယ်ချက် (၄) ချက်မှာ -

(၁) တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီး သားသမီးများ သက်သာချောင်ချိရေး။
(၂) စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီး သားသမီးများ သက်သာချောင်ချိရေး။
(၃) ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး။
(၄) နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး။
...........................................................................................................................

အဲဒီလေးချက်မှာ ဘယ်အချက်ကို အကျီုးပြုခဲ့ပါသလဲ......။

(၁) တပ်မတော်သားများနှင့် မှီခိုသူ သားသမီးများကို ဦးပိုင်မှ အကျိုးခံစားခွင့်များနှင့် ပညာဒါနများကို မျှတစွာ ဖြည့်ဆည်းပေးခဲ့ပါသလား..။

(၂) စစ်မှုထမ်းဟောင်းများနှင့် ၄င်းတို့ မှီခိုသူသားသမီးများကို ဦးပိုင်မှ မည်ကဲ့သို့ကော အကျိုးခံစားခွင့်များ ပေးခဲ့ပါသလဲ.။

(၃) ပြည်သူလူထု သက်သာချောင်ချိရေးအတွက် စားအုန်းဆီ (လက်ဝါးကြီးအုပ်ခြင်း)၊ လောင်စာဆီ(လက်ဝါးကြီးအုပ်ခြင်း)၊ အခြားစီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ခြင်း၊ ကုန်ဈေးနှုန်းများ ကစားခြင်းဖြင့် ပြည်သူများ သက်သာချောင်ချိစွာ ၀ယ်ယူစားသုံးနိုင်ခဲ့ပါသလား.။

(၄) ဦးပိုင်၏ မြောက်များစွာသော စီးပွားရေးလုပ်ငန်းကြီးများက နှစ်ပေါင်းများစွာ အခွန်ရှောင်ကာ နိုင်ငံတော်၏ အခွန်ဝင်ငွေကို နစ်နာစေခဲ့ခြင်းက နိုင်ငံစီးပွားရေးဖွံဖြီုးတိုးတက်မှုကို အထောက်အကူ ဖြစ်ခဲ့ပါသလား....။

....................................................................................................................................

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စမှာတော့ တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လီမတက်ဟာ မိမိအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လယ်သမားလူတန်းစားနဲ့ စားသုံးသူပြည်သူ့မျက်နှာကို အိုးမည်သုတ်လိုက်တယ်လို့ ယူဆပါတယ်..။




မုံရွာမြို့ အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းခံထားရသော အမျိုးသမီး ၁၂ ဦးအားပြန်လွှတ်ပေးရန် အတွကှ် မုံရွာခရိုင်ဗကသအဖွဲ့ဝင်များနှင့် လက်ပံတောင်းတောင်ခြေ၀န်းကျင်းကျေးရွာများမှ ဒေသခံများစုပေါင်းပြီး ရဲစခန်းအနီးဝန်းကျင်တွင် ဆန္ဒပြလျှက်ရှိကြောင်းသတင်းရရှိပါသည်။ ဆန္ဒပြမှုအားနေ့လည် ၁ နာရီခန့်ကစတင်ခဲ့ကြောင်းသိရပြီး ဖမ်းဆီးထာသည့် အမျိုးသမီးများထဲမှ ၁၀ ဦးကိုပြန်လွှတ်ပေးမည်ဖြစ် ပြီး ခေါင်းဆောင်နှစ်ဦးဖြစ်သည့် မသွဲ့သွဲ့ဝင်းနှင် မအေးနက်တို့ကို ဆက်လက်ထိန်းသိမ်းထားမည်ဟု တာဝန်ရှိသူများက အကြောင်းပြန်ခဲ့သော်လည်း လက်မခံနိုင်သဖြင့် ညနေလေးနာရီအထိ ဆန္ဒပြနေဆဲဟုသိရသည်။ နောက်ဆုံးသိရသော သတင်းများ အရ ရဲတပ်ဖွဲ့ဝင်များကလူစုခွဲရန်အသံချဲ့စက်များဖြင့်အသိပေးနေ ကြောင်းသိရပြီးမီးသတ်ကားများအသုံးပြုပြီးလူစုခွဲဖွယ်ရှိကြောင်းမုံရွာမြို့ခံတစ်ဦးက ပြောပါသည်။


မြန်မာ စီးပွားရေးဦးပိုင် လီမိတက်မှ ချုပ်ကိုင်လုပ်ကိုင်ထားသော လုပ်ငန်းများမှာ

မြန်မာအင်တာပရိုက် ကုမ္ပဏီ လီမိတက်၊

မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊

မိုင်းရူး ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊

နန်းယားဒေသ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း၊

ရွှေသတ္ထု တူးဖော်ခြင်းလုပ်ငန်း၊

မော်ချီးဒေသ ခဲ၊သတ္ထု တူးဖော်ခြင်းလုပ်ငန်း၊

ကျောက်စိမ်း ထုတ်လုပ်မှုလုပ်ငန်း၊

ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း၊

မြန်မာ အင်ဒီမီဒီရယ်ဂျိတ် ကုမ္ပဏီ လီမိတက်၊

မြန်မာပရူဝါရီ ကုမ္ပဏီ လီမိတက်၊

ဂရင်းနှိပ် ကျောက်ပြားစက်ရုံ (ကျောက်ဆည်)၊

ပလပ်စတစ် ရက်ထည်အိပ်စက်ရုံ (ကျောက်ဆည်)၊

မော်စကိုစတီးလ် သွပ်ပြားစက်ရုံ၊

မာမီး ခေါက်ဆွဲစက်ရုံ၊

Red Rubby စီးကရက်စက်ရုံ၊

ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)၊

မြန်မာရာဘာဝုဒ် ကုမ္ပဏီ လီမိတက် (မော်လမြိုင်)၊

မြန်မာ နာနတ်ရည်လုပ်ငန်း (ပဲခူး)၊

မြ၀တီ သောက်ရေသန့်လုပ်ငန်း၊

မြန်မာဘီယာ ဖြန့်ဖြူးရေးလုပ်ငန်း၊

လန်းပီ ပင်လယ်ရေကြောင်းခရီး ပို့ဆောင်ရေးလုပ်ငန်း၊

ငွေပင်လယ် မွေးမြူရေးနှင့်ရေလုပ်ငန်း၊

ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်း၊

ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း၊

မွေးမြူရေးလုပ်ငန်းများ (ကြက်/ငါး/ပုဇွန်)၊

ရေလုပ်ငန်း စက်မှုရုံ ဖော်ထုတ်ခြင်းလုပ်ငန်း၊

တနင်္သာရီတိုင်း ငှက်သိုက် ထုတ်ယူခြင်းလုပ်ငန်း၊

ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်း (ကော့သောင်း)၊

ဆင်မင်း ဘိလပ်မြေစက်ရုံ (၁/၂/၃) (ကျေက်ဆည်)၊

Myanmar land and development ကုမ္ပဏီလီမိတက်၊

သကြားစက်ရုံ (ဥက္ကံ)၊ ပဒုမ္မာ ဆပ်ပြာစက်ရုံ (ပေါင်)၊

သကြားစက်ရုံ (အင်းငါးခွ)၊

တော်ဝင် ပလပ်စတစ် လူသုံးကုန်စက်ရုံ (ကျောက်ဆည်)၊

ဆာလဖြူရစ် အက်စစ်စက်ရုံ (မုံရွာ)၊

မြ၀တီ ဘဏ်လုပ်ငန်း၊

မြ၀တီ ထရေးဒင်း သွင်းကုန်/ထုတ်ကုန်လုပ်ငန်း၊

နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်း၊

တပ်မတော်သား သက်သာချောင်ချိရေး အရောင်းဆိုင်၊

ဒို့ယာမြေ စိုက်ပျိုးရေးလုပ်ငန်း၊

ပြည်သာယာ စိုက်ပျိုးရေးလုပ်ငန်း၊

ဗနလ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊

မြ၀တီ စိုက်ပျိုးရေး ၀န်ဆောင်မှုလုပ်ငန်း၊

န၀ဒေး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း။

ဒါ ..ဖတ်ဖူးသမျှထဲက သိသလောက်ပါ..။

ငရဲ သား - Facebook မှ

0 comments: