စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, September 26, 2012

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက် သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်သို့ ပြန်လွှဲ

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက် သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်သို့ ပြန်လွှဲ

 အောင်သူရ 
ရန်ကုန်၊ စက်တင်ဘာ - ၂၄ 
အတွဲ (၁၁)၊ အမှတ်(၂၉) 

ပထမအကြိမ် စတုတ္ထလွှတ်တော် အစည်းအဝေးက အတည်ပြုပေးလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြုလက်မှတ်မထိုးဘဲ အချက်အလက်အချို့ ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးကပြောသည်။

 နိုင်ငံတော်သမ္မတက အချိုးတူထည့်ဝင်ငွေ ၅၀း ၅၀ အပါအ၀င် အချို့အချက်အလက်ကို ပြင်ဆင်ပေးရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် (စနေနေ့)က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ပြန်ပို့ပေးခဲ့ကြောင်း သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောသည်။

 “အဓိကနှစ်ချက်ပေါ့။ ရင်းနှီးမြှုပ်နှံမှု အချိုးအစားရယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏရယ်ပေါ့။ တခြားအချက်အလက် တချို့လည်း ပါပါတယ်”ဟု အဆိုပါ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။ လွှတ်တော်အစည်းအဝေးများ ပြုလုပ်ပြီး စက်တင်ဘာလ ၁၂ နှင့် ၁၃ ရက်တွင် နေပြည်တော်၌ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ပြုလုပ်ပြီး Euromoney Industitutional Invester PLC မှ အမှုဆောင်အရာရှိချုပ် မစ္စတာ Toney Shale က ရင်းနှီးမြှုပ်နှံမှုပမာဏတွင် နိုင်ငံခြားသားနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို အချိုးတူ သတ်မှတ်ထားခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

 “ ၅၀း ၅၀ (အချိုးတူ)မှာ ခက်နေတာက အဓိက ရင်းနှီးမြှုပ်နှံသူ ဘယ်သူမှ မဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်တယ်။ နှစ်ဦးသဘောတူဖြစ်ဖို့ဆိုတာ နေရာတိုင်း မဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။ ပြီးခဲ့သည့် လွှတ်တော်က အငြင်းပွားသော ကနဦး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာငါးသန်း ပါဝင်ရမည့် ကန့်သတ်ချက်၊ ဖက်စပ်လုပ်ပိုင်ခွင့် ရရှိပါက နိုင်ငံခြားသားမှ မတည်ငွေ ၄၉ ရာခိုင်နှုန်းသာ ပါဝင်ရမည့်အချက်နှင့် နယ်စပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံခွင့်မပြုရ အချက်များကို ပယ်ဖျက်၍ အတည်ပြုပေးခဲ့သည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်သော ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကန့်သတ်မှုမရှိတော့ခြင်း၊ မတည်ရင်းနှီးငွေကိုလည်း အချိုးတူထည့်ဝင်ခြင်းနှင့် နယ်စပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်း စသည့်အချက်များဖြင့် အတည်ပြုပေးခဲ့သည်။ “လွှတ်တော်က ပြင်မပေးဘူးဆိုရင် ရက်ပေါင်း ၉၀ အတွင်းပြည့်ရင် သမ္မတလက်မှတ်မထိုးလည်း အတည်ဖြစ်သွားပြီ။ ဒါပေမဲ့ အဲဒါမကောင်းဘူး။ အဆင်ပြေအောင်တော့ လုပ်ရမှာပေါ့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

လွှတ်တော်က အတည်ပြုလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပါသောအချက်အလက်များကြောင့် နိုင်ငံခြားမှ လုပ်ငန်းကြီးများ မ၀င်ရောက်နိုင်ဘဲ အလယ်အလတ်နှင့် အသေးစားများသာ ၀င်ရောက်နိုင်ကြောင်း စီးပွားလုပ်ငန်းအချို့နှင့် ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

7Day News Journal

0 comments: