စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, September 21, 2012

စစ်ပွဲရပ်တန့်ရေး လမ်းလျောက်ဆန္ဒဖော်ထုတ်သူများ ရွှေဂုံတိုင်သို့ဦးတည်နေ

ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေးအတွက်လမ်းလျှောက်ဆန္ဒဖော်ထုတ်နေသော အဖွဲ့သည် ယခု တာမွေမြို့နယ်ကျောက်မြောင်းအနီးရောက်ရှိနေပြီဖြစ်ကာ ရွှေဂုံတိုင်သို့ဦး တည်သွားနေကြောင်းသတင်းရရှိသည်။ ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေးအတွက် လူမှုရေး အဖွဲ့အစည်းပေါင်းစုံ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဆူးလေမြို့တော်ခန်းမရှေ့စုရပ်မှ တီရှပ်အပြာရောင် ('တစ်နိုင်ငံလုံး စစ်ပွဲရပ်'ဆိုသော စာတမ်းပါ တီရှပ်)များ ၀တ်ထားကြသည်။

နံနက် ၁၀ နာရီခွဲမှစတင်ကာ ဆူးလေမှ စထွက်လာကာ 'Peace for Substainable' စာတမ်းပါ တီရှပ်များ ၀တ်ဆင်ထားသည့် လူ ၅၀၀ ခန့်သည် ဆူးလေမှ မဟာဗန္ဓုလလမ်းအတိုင်း ဗိုလ်တထောင်ဘုရားလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ဗညားဒလလမ်း၊အနောက်ရွှေဂုံတိုင်၊ အရှေ့ရွှေဂုံတိုင်၊ လင့်လမ်း၊ ဓမ္မစေတီလမ်းတို့သို့ လမ်းလျှောက်ပြီး ပြည်လမ်းအတိုင်း အင်းလျားကန်ပေါင်အနီးရှိ တံတားဖြူမှတ်တိုင်သို့ ချီတက်ကြမည်ဖြစ်သည်။

Myanmar Students Christian Movement အဖွဲ့သည် လှည်းတန်းမီးပွိုင့်တွင် ငြိမ်းချမ်းရေးသီချင်းသုံးပုဒ်ပါဝင်သော စီဒီချပ်များကို ဝေငှမည်ဖြစ်ပြီး ငြိမ်းချမ်းရေးစတစ်ကာများ လိုက်ကပ်ကြမည်ဖြစ်သည်။ တေးရေးဆရာ ဦးရဲလွင်ဦးဆောင်သော ပန်းရဲ့လမ်းဂီတအဖွဲ့သည် စက်တင်ဘာ ၂၁ ရက်နေ့ ညနေ သုံးနာရီမှစတင်ကာ အင်းလျားကန်ပေါင်တွင် ငြိမ်းချမ်းရေးသီချင်းများ သီဆိုကြမည်ဖြစ်သည်။ ငြိမ်းချမ်းရေးလိုလားသူ အယောက်(၂၀၀) ခန့်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း သွေးလှူဒါန်းခြင်းပြုလုပ်ကြမည်ဖြစ်ကာ ပြီးဆုံးပါက အင်းလျားကန်ပေါင်ရှိ တံတားဖြူမှတ်တိုင်သို့ လာရောက်ကြမည်ဖြစ်သည်။

စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီတွင် တံတားဖြူမှတ်တိုင်သို့ စုဝေးရောက်ရှိလာကြသော ငြိမ်းချမ်းရေးလိုလားသူအပေါင်းက ငြိမ်သက်ဆုတောင်းကြမည်ဖြစ်ပြီး ထိုအချိန်တွင် မိုးပျံပူပေါင်းများလွှတ်တင်ခြင်း၊ ချိုးငှက်များလွှတ်ခြင်း၊ စက္ကူစွန်များလွှတ်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကာသဘောထားကြေငြာချက်တစ်ခုထုတ်ပြန်မည်ဖြစ်သည်။ ထိုသို့ဆုတောင်းနေစဉ်တစ်ချိန်တည်းမှာပင် ရန်ကုန်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများမှခေါင်းလောင်းများကို တပြိုင်နက်ထိုးကြမည်ဖြစ်ကြောင်းသိရသည်။

““တကယ်လို့ တစ်နေရာရာမှာ တားခဲ့လို့ရှိရင်လည်း အဲဒီနေရာမှာရပ်ပြီးတော့ ဆုတောင်းနေကြမယ်””ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသိန်းက ပြောသည်။ ရန်ကုန်-စက်တင်ဘာ၂၁ မကြာမီကလွတ်မြောက်လာသောနိင်ငံရေးအကျဉ်းသားများအပါအ၀င် နိင်ငံရေးအကျဉ်းသားဟောင်းများသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကျန်ရှိနိင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအတွက် စက်တင်ဘာ၂၁ရက်နံနက်ကဗိုလ်တစ်ထောင်ဘုရားတွင် ဆုတောင်းပွဲကျင်းပခဲ့သည်။

ကိုမင်းဇေယျ(၈၈မျိုးဆက်ကျောင်းသားအဖွဲ့)၊လဖိုင်ဇော်ဆိုင်းစသော နိင်ငံရေးအကျဉ်းသားများအပါအ၀င် နိင်ငံရေးအကျဉ်းသားဟောင်းများနှင့်သံယာတော်များ ၅၀ခန့်ဆုတောင်းခြင်း၊စီတန်းလှည်လည်ခြင်းများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ၌ ငြိမ်းချမ်းရေးအတွက်စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်သူများကို တာမွေဈေးနားတွင် ၁၂နာရီအချိန်ကတွေ့ရပြီး မကြာမီအချိန်တွင်းရွှေဂုံတိုင်နှင့် မြေနီကုန်းသို့ရောက်ရှိတော့မည်။ ဓါတ်ပုံ- ဂျေပိုင်
တစ်နိုင်ငံလုံး စစ်ပွဲရပ် ရန်ကုန်လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲ။ ဓာတ်ပုံ- အင်တာနတ်သတင်းစဉ်။
ပြည်တွင်း စစ်ရပ်စဲရေး လမ်းလျှောက် ဆန္ဒထုတ် ဖော်ပွဲ ရန်ကုန် မြို အနှံမှာ Photo Credit : Asia Liberty Journal 

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား (အလုံ)

 အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား ကို ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင် (အနောက်) ရပ်ကွက်၊ နွယ်နီလမ်းတွင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်အားဖတ်ကြားခြင်း၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့်၊ လူ့အခွင့်အရေးဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုသောအားဖြင့် တစ်မိနစ် ငြိမ်သက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင်ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ဟောပြောခြင်းများကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ဆရာတော် ဦးပဏ္ဍ၀ံသ (ရွှေတောင်ကျောင်းတိုက်) ဆရာတော်မှ ငြိမ်းချမ်းရေးအကြောင်း ဟောပြောနေစဉ်
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းေ၇းကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးတေးသီချင်းများအား သီဆိုနေကြစဉ်

0 comments: