စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, September 22, 2012

'ဘင်္ဂါလီ'ဆိုသည့် အသုံးအနှုန်းကို ဆက်လက်မသုံးစွဲရန် မေတ္တာရပ်ခံ

ယနေ့ နေပြည်တော်တွင် ကျင်းပသော ရခိုင်အရေးကိစ္စ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက 'ဘင်္ဂါလီ'ဆိုသည့် အသုံးအနှုန်းကို ဆက်လက်မသုံးစွဲရန် မေတ္တာရပ်ခံခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ခိုးဝင်လာသူများဟု သုံးနှုန်းလိုပါက သုံးနှုန်းနိုင်ကြောင်း ပြောကြားခဲ့သည်။

 ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်းမရှိကြောင်း ပြောကြားခဲ့ပြီး ထိုသို့ ပြောကြားချက်ကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသော ရခိုင်ဒေသခံများက မေးခွန်းထုတ်ခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်နေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ထိုဆွေးနွေးပွဲမှာပင် ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဦးကလည်း ဘင်္ဂါလီဟု ခေါ်ဝေါ်ခြင်းမပြုဘဲ ရိုဟင်ဂျာဟု တရားဝင်သုံးနှုန်းစေလိုကြောင်း ပြောကြားခဲ့ပြီး ထိုပြောကြားချက်ကို ရခိုင်မှ ကိုယ်စားလှယ် ဦးသာပွင့်က နိုင်ငံတော်က ရိုဟင်ဂျာဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားခြင်းနှင့် ဆန့်ကျင်နေသည့်အတွက် ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးမေးမြန်းထားသည်များကို မနက်ဖြန် (စက်တင်ဘာ ၂၃)တွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပွင့်လင်းစွာ ဖြေကြားသွားမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

0 comments: