စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, September 11, 2012

စစ်တွေတက္ကသိုလ် ဆရာ၊ဆရာမများ လစာဖြတ်တောက် ခြင်း ကိစ္စမေတ္တာရပ်ခံစာ သမ္မတထံပို့

တက္ကသိုလ်ဆရာ၊ဆရာမများအသင်း ( ရန်ကုန်တက္ကသိုလ် ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် နှင့် ဒဂုံတက္ကသိုလ် )မှ စစ်တွေတက္ကသိုလ်ရှိ ဆရာ၊ဆရာမများအား လစာဖြတ်တောက်လိုက်ခြင်းနှင့် ပတ်သတ်သည့် မေတ္တာ ရပ်ခံလွှာတစ်စောင်အား ယနေ့ ထုတ်ပြန်လိုက်ကြောင်းသိရသည်။
ယင်းမေတ္တာရပ်ခံစာအား နိုင်ငံတော်သမ္မတရုံး၊ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်ရေးရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။
၎င်းစာအတွင်း၌ စစ်တွေတက္ကသိုလ်သို့ ဆရာ၊ဆရာမ ( ၈၂ )ဦးအချိန်မှီပြန်လည်ရောက်ရှိမလာနိုင်ခြင်းကြောင့် လစာဖြတ်တောက် ခဲ့ခြင်းအပေါ် တက္ကသိုလ်ဆရာ၊ဆရာမများအသင်းမှ နားလည် သဘောပေါက်ဦးစွာဖော်ပြထားသည်။

သို့သော် ဆရာ၊ဆရာမ များအနေဖြင့်နယ်ဝေးမှလာရောက်ကြခြင်းဖြစ်၍ လမ်းခရီးဆိုင်ရာအခက်အခဲများရှိနေနိုင်ခြင်း၊ခရီးစရိတ်ကုန်ကျမှုဆိုင်ရာအခက်အခဲများရှိနေနိုင်ခြင်း ၊ မိသားစုဆိုင်ရာအခက်အခဲများရှိနေနိုင်ခြင်း တို့အပြင် ပုဒ်မ ( ၁၄၄ )ထုတ်ပြန်ထားဆဲအခြေအနေများကြောင့် ၄င်းတို့၏လုံခြုံမှုအတွက် စိုးရိမ်ကြောင့်ကြမှုများလည်း ရှိနေနိုင်ခြင်းတို့အပေါ် မိသားစုသဘောဆန်ဆန် စဉ်းစားပေးရန်လိုအပ်၍ ပြန်လည်သုံးသပ်ပေးနိုင်ရန် မေတ္တာရပ်ခံကြောင်း ထည့်သွင်းရေးသားဖော်ပြထားသည်။

မေလ နောက်ဆုံးပတ်၌ ဖြစ်ပွားခဲ့သည့်ရခိုင်ပဋိပက္ခကြောင့် လူ ( ၈၀ ) ဦးကျော်သေဆုံးခဲ့ပြီး လက်ရှိတွင် စစ်တွေရှိ ဒုက္ခသည်စခန်းများ၌ လူဦးရေ ခြောက်သောင်းသုံးသောင်းကျော် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရှိရသည်။

သုတလင်း

0 comments: