စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, September 8, 2012

၈၈မျိုးဆက်ကျောင်းသားများရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

88 Generation Students- photo

စက်တင်ဘာလ၊(၈)ရက် နံနက်(၁၁း၀၀)က ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံး၌ စက်တင်ဘာလ၊(၁)ရက်က ကျင်းပပြုလုပ်ခဲ့သော စေတနာဝသန်ဂီတဖျော်ဖြေပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ဂျာနယ်အသီးသီးမှ သတင်းထောက်များတက်ရောက် သတင်းရယူခဲ့ကြသည်။

ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံး၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် "၈၈မျိုးဆက် ရန်ပုံငွေ စေတနာဝသန်ဂီတဖျော်ဖြေပွဲအတွင်း ဂစ်တာလေလံတင်ရောင်းချရငွေအပါအ၀င် အလှူငွေ စုစုပေါင်း(၂၇၂၆)သိန်း ရရှိခဲ့ကာ ကုန်ကျစရိတ် စုစုပေါင်း(၂၁၀)သိန်းကုန်ကျခဲ့ပြီးရရှိသည့်အလှူငွေများထဲမှ ကချင်စစ်ပြေးဒုက္ခသည်များအတွက် သိန်း(၂၀၀)၊ ရခိုင်ပြည်နယ်ဘေးဒုက္ခရောက်နေသူများအတွက်သိန်း(၂၀၀)၊ ဧရာဝတီတိုင်းရေဘေးဒုက္ခရောက်နေသူများအတွက်သိန်း(၂၀၀)၊နာရေးကူညီမှုအသင်းအတွက်(၂၅)သိန်း၊HIV လူနာများအတွက်(၂၅)သိန်း၊ လှူဒါန်းသွားမည်" ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုမြအေး ကရှင်းလင်းပြောကြားခဲ့သည်။




၈၈မျိုးဆက်ရန်ပုံငွေ စေတနာဝသန်ဂီတဖျော်ဖြေပွဲအကြောင်း ရှင်းနေသည်ကိုတွေ့ရစဉ်
ဓါတ်ပုံ - ဂျေပိုင်


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရန်ပုံငွေ စေတနာဝသန် ဖျော်ဖြေပွဲ (ရုပ်သံ)



0 comments: