စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, September 8, 2012

ဟင်္သာတဗုံးကွဲမှု နောက်ဆက်တွဲ


ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ဟင်္သာတ ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးကွဲခဲ့ပြီး ဆက်သွယ်ရေးစခန်းအနီးမှာလည်း မပေါက် ကွဲသေးတဲ့ ဗုံးတွေ့ရှိခဲ့မှုတွေအတွက် တရားခံ ဖြစ်သူလို့ စွပ်စွဲခံထားရတဲ့ ABSDF အဖွဲ့ ဝင် ဖားကန့်မြို့ က သန်းကိုဦး(ခ) မင်းဇော် (ခ) သန်းကိုသူ(ဘ) ဦးစောထက် (ခ) ဦးမုန်းဖိုး ဆိုသူကို ဖမ်းမိပြီး တရားရုံးကို တင် ထားပါတယ်။



တရားခံ အစစ်လို့ ဆိုသူကို မိခဲ့ပေမယ့် မသင်္ကာလို့ ဖမ်းထားတဲ့ ဟင်္သာတ မြို့ခံ ဆက်သွယ်ရေး ၀န် ထမ်း ကျော်စွာလင်းနဲ့ လက်ဘက်ရည် အဖျော်ဆရာ ဘိုဘိုဝင်းထွန်းဆိုသူ ၂ ဦးကို ပြန် မလွှတ်သေးဘူးလို့ သိရပါတယ်။


သူတို့ ၂ ဦးကို ဖမ်းဆီး စစ်ဆေးစဉ်က လက်လွန်ခြေလွန် ရက်ရက် စက်စက် နှိပ်စက် စစ်ဆေးမှုတွေ ရှိခဲ့တဲ့အတွက် ပြန် လွှတ်ပေး လိုက်ရင် ပြန်လည် တရားစွဲဆိုမှာကို စိုးရိမ်တာကြောင့်လို့ မြို့ခံတွေက ဆိုနေကြပါတယ်။

ဒီအတွက် ရဲက တရားခံ အစစ်လို့ ဆိုတဲ့ သန်းကိုဦးကို ဖိအားပေးပြီး သံသယနဲ့ ဖမ်းဆီးထားသူ ၂ ဦးဟာလည်း အမှုမှာ ပါဝင်ပတ်သက်ကြောင်း မဟုတ်မမှန် တရားရုံးမှာ ထွက်ဆိုခိုင်းနေတယ်လို့လည်း ဆိုကြပါတယ်။

0 comments: