စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, September 24, 2012

အထပ်မြင့်အဆောက်အဦးများ၌ မိုဘိုင်းတာဝါတိုင်းများတပ်ဆင်နိုင်ရန် ကုမ္ပဏီတစ်ခုက လိုက်လံဆောင်ရွက်နေ


အထပ်မြင့်အဆောက်အဦးများ၌ Rooftop Tower ဟုခေါ်ဆိုသော မိုဘိုင်းတာဝါတိုင်များတပ်ဆင်နိုင်ရန် ကုမ္ပဏီတစ်ခုလိုက်လံဆောင်ရွက်နေသည်ဟု သတင်းရရှိသည်။

 ““အထပ်မြင့်တွေမှာ တာဝါတပ်ဖို့ ပွဲစားတွေဆိုရင် ၅ သိန်းရတယ်။ အထပ်မြင့်တွေကြတော့ ၁၅ နှစ်စာချုပ်ပြီးတော့ တာဝါတပ်ရင် တစ်လ ၂ သိန်းရမယ်လို့လည်း ဒီမှာကြားနေရတယ်။ အဲဒီတာဝါတိုင်အတွက် လုပ်နေတာလည်း ခိုင်သစ္စာကုမ္ပဏီလို့ကြားရတယ်။ ကုမ္ပဏီက မန္တလေးမှာ သင်တန်းတွေလည်းပေးသွားတာရှိတယ် လို့ပြောပေမယ့် ဘာသင်တန်းလည်းတော့မသိဘူး”” မန္တလေး မြို့ရှိဒေသခံတစ်ဦးကပြောသည်။

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့အနေဖြင့်အထပ်မြင့် အဆောက်အဦးများပေါ်၌ Rooftop Tower ဟုခေါ်ဆိုသော မိုဘိုင်းတာဝါတိုင်းများကို ဆက်သွယ်ရေး စနစ်ကောင်းမွန်စေရန် တပ်ဆင်ပေးလိုသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးကိုအကြောင်းပြ၍ လိုလားမှုမရှိသည့်အတွက် အခတ်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဆက်သွယ်ရေးစနစ်ကောင်းမွန်ခြင်း မရှိသည်နှင့်ပတ်သက်၍ အကြောင်းပြချက်တစ်ခုကို ထုတ်ပြန်ပြောဆိုလိုက်သည့်နောက်ပိုင်း ယခုကဲ့သို့ ကုမ္ပဏီတစ်ခုမှ မိုဘိုင်းတာဝါတိုင် များတပ်ဆင်နိုင်ရန်လိုက်လံညှိနှိုင်းနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အထပ်မြင့်အဆောက်အဦးများ၌ မိုဘိုင်းတာဝါတိုင်းများလိုက်လံတပ်ဆင်နိုင်ရန် ကြိုးစားနေသည်ဟု သတင်းများထွက်ပေါ်နေသည့် ခိုင်သစ္စာကုမ္ပဏီ (ရန်ကုန်) ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာတွင်
 ““ ဒီသတင်းကို ခင်ဗျားတို့ရေးလို့မရဘူး။ ကျွန်တော်တို့လည်း ဒါနဲ့ပတ်သက်ပြီး ဘာမှမပြောနိုင်ဘူး””ဟု ပြန်လည်ဖြေကြားသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် အထပ်မြင့်အဆောက်အဦးများ၌ မိုဘိုင်းတာဝါတိုင်များတပ်ဆင်နိုင်ရန် လိုက်လံညှိနှိုင်းနေသည့် ခိုင်သစ္စာ ကုမ္ပဏီနှင့်ပတ်သက်၍ သိရှိခြင်းမရှိကြောင်း ပြောဆိုလိုက်သည့်နောက်ပိုင်း လေ့လာသူများအနေဖြင့် အဆိုပါမိုဘိုင်းတာဝါတိုင်များသည် မိုဘိုင်းဖုန်းလိုင်းချထားပေးမည်ဟု သတင်းထွက်ပေါ်နေသည့် Myanma Economic Coporation (MEC) ၏ မိုဘိုင်းကွန်ရက်အသစ်တစ်ခုဖြစ်နိုင်ဖွယ်ရှိကြောင်းသုံးသပ်ကြသည်။

အထပ်မြင့်အဆောက်အဦးများ၌ မိုဘိုင်းတာဝါတိုင်းများတပ်ဆင်နိုင်ရန် လိုက်လံညှိနှိုင်းနေသည်ဟုသောသတင်းသည် မန္တလေးမြို့၌သာထွက်ပေါ်လာခြင်းမဟုတ်ဘဲ ရန်ကုန်မြို့၌လည်းကြားသိနေရသည်။ ထွက်ပေါ်လာသည့်သတင်းများအရ လိုက်လံညှိနှိုင်းနေသော ကုမ္ပဏီသည် အထပ်မြင့်အပေါ်ဆုံးထပ်တွင် နေထိုင်သူ၏ခွင့်ပြုချက်၊ အဆောက်အဦးပိုင်ဆိုင်သူ၏ခွင့်ပြုချက်များ ဦးစွာလိုက်လံစုဆောင်းနေသည်ဟုသိရသည်။

Internet Journal
 

0 comments: