စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, September 21, 2012

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လှုပ်ရှားမှု ခွင့်ပြုချက်နှင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် ဦးဆောင် ပြုလုပ်သူများကို တရားဥပဒေအရ အရေးယူသွားမည် ဟုဆို..

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း စုပေါင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းသည် ခွင့်ပြုချက်နှင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် ဦးဆောင် ပြုလုပ်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက ယနေ့ ညနေ ၅ နာရီအချိန်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူများကို ခွင့်ပြုချက်မပေးရခြင်းမှာ လမ်းလျှောက်မည့်မြို့နယ်များခြင်း၊ လူများခြင်း၊ အချိန်ကြာခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုများခြင်းတို့ကြောင့်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေ သ ကြီး ရဲမှူးဦးမြင့်ထွေးကဆိုသည်။ ခွင့်ပြုချက်မရဘဲ လမ်းလျှောက်ဆန္ဒဖော်ထုတ်၍ ပုဒ်မ-၁၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
လုံခြုံရေးအတွက် တာဝန်ယူထားသော ရဲအရာရှိများကို ကချင်စစ်ဘေးဒုက္ခသည်များပေးထားသော နှင်းဆီပန်းများနှင့်အတူ အင်းလျားကန်ဘောင်အနီးတွင်တွေ့ရစဉ်။ ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ) 

ပုဒ်မ-၁၈ ဖြင့် အရေးယူလျှင် အမြင့်ဆုံး တစ်နှစ်ထက်မ ပိုသောေ ထာင် ဒဏ် (သို့မဟုတ်) ဒဏ်ငွေ ကျပ်သုံးသောင်းထက် မနည်း ပေးဆောင် ရမည်ဖြစ်သည်။ ဒဏ်နှစ်လုံးဖြင့်လည်း အရေးယူနိုင်သည်။ လမ်းလျှောက်ခဲ့သော ၁၀ မြို့နယ်လုံးမှ တစ်မြို့နယ် တစ်မှုဖြင့် အရေးယူ မည်ဟုဆိုသည်။ အဆိုပါ ၁၀ မြို့နယ်မှာ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ လှိုင်တို့ဖြစ်သည်ဟုဆိုသည်။ ငြိမ်းချမ်းရေးစွာ လမ်းလျှောက်ဆန္ဒဖော်ထုတ်သူများကို အရေး ယူခြင်းကြောင့် နောက်ဆက်တွဲ ဆန္ဒဖော်ထုတ်မှုများဖြစ်လာလျှင် မည်သို့ပြုလုပ်ရန် အစီအစဉ်ရှိသလဲဟု သတင်းထောက်များ က မေးမြန်းရာတွင် တရားဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဟု ရဲမှူးမြင့်ထွေးက ဆိုသည်။

ခွင့်ပြုချက်မရဘဲ ပြည်တွင်းစစ်ပွဲများရပ်တန့်ရေး လမ်းလျောက်ဆန္ဒဖော်ထုတ်သူများကို စခန်း ၁၀ ခုတွင်အမှုဖွင့် 

ရန်ကုန်၊ စက်တင်ဘာ-၂၁

 ပြည်တွင်းစစ်ပွဲများရပ်တန့်ရေးအတွက် ယနေ့ လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြသူများအား ၄င်းတို့ဖြတ်လျောက်ရာလမ်းတစ်လျောက်ရှိ မြို့နယ်ရဲစခန်း ၁၀ ခုတွင်အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။

"လမ်းလျောက်ဖို့အတွက်တင်တဲ့လျောက်လွှာထဲမှာပါတဲ့ ခေါင်းဆောင်တွေ ပြီးတော့နောက်ထပ်ဘယ်သူတွေပါမလဲဆိုတာကတော့ သူတို့ကိုစစ်ဆေးပြီးမှသိပါမယ်။

 လျောက်လွှာတင်တုန်းက ၂၀၀ ခုတော့ တစ်ထောင်ကျော်သွားပါတယ်" ဟု ဦးမြင့်ဆွေက သတင်းထောက်များသို့ပြောကြားသည်။ ယင်းဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍ မီဒီယာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးတွင် ယခုကျင်းပလျက်ရှိသည်။

0 comments: