စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, September 8, 2012

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲ



တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက် နေ့လည် ၁ နာရီတွင်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်
ဥက္ကဌ သူရဦးရွှေမန်းနှင့် ဥပဒေပညာရှင်ကြီးများ တက်ရောက်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်က
အမှာ စကားပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးသည် လက်ရှိ အခြေ အနေ၌ ပြည်သူတို့၏ ယုံကြည်ထားမှု ၊ ပြည်သူ
အများ၏ အကြားရောက်ရှိနေသာ ဥပဒေ ကိစ္စရပ်များ ။ ကော်မတီဥက္ကဌ အနေဖြင့် လုပ်ငန်းများကို စတင် လုပ်ဆောင် သည့်အခါ ခေတ် အဆက်ဆက် ဖြတ်သန်းခဲ့သော ၊ ရင့်ကျက်မှုရှိသော ပုဂ္ဂိုလ် များထံမှသင်ယူ လိုသော ကိစ္စများရှိနေသောကြောင့် ယခုကဲ့သို့ တွေ့ဆုံပွဲကို ဖိတ်ခေါ်ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကာကွယ်ရေး၊ ပြည်ထဲရေး အစရှိသည့် ဌာနများကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ ပြည်သူများ ၄င်းတို့ ၏ အခွင့် အရေး ကို သိရှိ နားလည် ရန်ျနှင့် ထိုအခွင့် ရေး ကိုကာကွယ်ခြင်းအားဖြင့် ဥပဒေကို မြင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သို့မှသာ တရားဥဒေစိုးမိုးရေးအတွက် ပြည့်ဝစွာ လုပ်ကိုင် ဆောင်ရွှက်သွားနိုင်ဟု ထင်ကြောင်း ပြောကြားသွားသည်။


ဓာတ်ပုံ-ဥက္ကာကိုကို

0 comments: