စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, September 21, 2012

ကိုဂျင်မီဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့သို့သွားရောက်ကာ ရေဘေးသင့်ဒုက္ခသည်များအား လှူဒါန်း

ကိုဂျင်မီဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့သည် စက်တင်ဘာလ၊(၂၀)ရက် နံနက်(၇း၂၅)နာရီက ရန်ကုန်မြို့မှထွက်ခွာ၍ ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့သို့သွားရောက်ကာ ရေဘေးသင့်ဒုက္ခသည်များအား ဆန်၊ အချိုရည်၊ အ၀တ်အထည်မျိုးစုံ၊ ဆေးဝါး၊ ဆပ်ပြာ၊ ကလေးဝတ်ဘောင်းဘီများကိုသွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါခရီးစဉ်တွင် ကိုဂျင်မီနှင့်အတူ ကိုဗသက်အောင်၊ ကိုကိုကြီး(စမ်းချောင်း)၊ မနီလာသိန်း၊ ကိုအောင်ကျော်(ဗ.က.သ)၊ ကိုထက်အောင်နှင့် ကိုကျော်ဇော(၈၈ သတင်းနှင့်ပြန်ကြားရေး) တို့သည်လည်းလိုက်ပါသွားခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည် နံနက်(၉း၃၀)နာရီတွင် ရန်ကုန်-ပုသိမ် ကားလမ်းရှိ ပန်းတနော်-ဓနုဖြူ-ညောင်တုန်းသုံးမြို့နယ်(သုံးပွင့်ဆိုင်)သို့ရောက်ရှိကာ ကျေးရွာပေါင်း(၁၆)ရွာမှအိမ်ထောင်စုပေါင်း(၁၄၉၆)စုဖြစ်ကြသော ရေဘေးသင့် ဒုက္ခသည်များအား တွေ့ဆုံအားပေး၍ ဆန်အိတ်(၃၀၀)၊ အချိုရည်၊ အ၀တ်အထည်၊ ဆေးဝါး၊ ဆပ်ပြာနှင့်ကလေးဝတ်ဘောင်းဘီများကို လှူဒါန်းပေးအပ်ခဲ့သည်။
ကိုဂျင်မီဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ရန်ကုန်-ပုသိမ်ကားလမ်းရှိ ပန်းတနော်(အင်းမ)သို့နံနက်(၁၀း၁၅)နာရီတွင် ရောက်ရှိ၍ ပန်းတနော်မြို့နယ်၊ အင်းတကော်ကျေးရွာအုပ်စု၊ ကန်ကျောင်းကြီးကျောင်းတိုက်တွင် လူလုပ်ရေဘေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ယက် ကပြုလုပ်သည့် ဟောပြောပွဲသို့တက်ရောက်ခဲ့ကြသည်။ အဆိုပါဟောပြောပွဲ၌၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သောကိုဂျင်မီကဒုက္ခရောက်ရှိနေသော တောင်သူလယ်သမားများကို အားပေးစကားပြောကြားခဲ့သည်။

0 comments: