စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, September 24, 2012

၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ

၂၄၊၉၊၂ဝ၁၂ နေ့၊ နေ့လည် ၃းဝဝ တွင် ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ၈၈မျိုးဆက်ကျောင်းသားများ၏ ဝေဇယန္တာလမ်းရုံးခန်း၌ ကျင်းပရာ မင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုမြအေး၊ ကိုပြုံးချိုနှင့်ကိုဂျင်မီတို့ ရှင်းလင်းတင်ပြခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပခဲ့သော (ဧရာဝတီမြစ်ဆုံနှင့်ပတ်သက်သည့်) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်၍ ကိုဌေးကြွယ်ကလည်းကောင်း၊ ဖားကန့်ဒေသငြိမ်းချမ်းရေးခရီးစဉ်နှင့်ပတ်သက်၍ မင်းကိုနိုင်ကလည်းကောင်း၊ ကချင်ပြည်နယ်ဒေသအတွက် အလှူငွေများနှင့်ပတ်သက်၍ ကိုပြုံးချိုကလည်းကောင်း၊ရခိုင်ဒေသအခြေအနေနှင့်ပတ်သက်၍ ကိုကိုကြီးကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ သတင်းဌာနနှင့်ဂျာနယ်အသီးသီးမှ သတင်းသမား ၅ဝ ကျော် တက်ရောက်ခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သတင်းယူကြသော သတင်းဌာန၊ဂျာနယ်အသီးသီးမှ သတင်းသမားများ ....။

 ထိုသတင်းစာရှင်းလင်းပွဲတွင် ကိုမြအေးကလည်း ၁၀၊၉၊၂၀၁၂ နေ့ကသွားရောက်ခဲ့သော ကယားပြည်နယ်၊လွိုင်ကော်မြို့ခရီးစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။
သတင်းစာရှင်းလင်းပွဲ၏ နိဂုံးချုပ်အနေဖြင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ဖားကန့်ဒေသငြိမ်းချမ်းရေးခရီးစဉ်တွင် အတူလိုက်ပါခဲ့သော သတင်းမီဒီယာသမားများကို ချီးကျူးဂုဏ်ပြုစကားပြောကြားသည်။
၂၄၊၉၊၂ဝ၁၂ နေ့ နံနက်ပိုင်းတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မနီလာသိန်း၊မမီးမီး၊မမေသွယ်ဦး၊မမေမီဦး၊မသက်သက်အောင်၊မသီရိ၊မမာယာနှင့် မမေချိုတို့သည် (၁)နာရေးကူညီမှုအသင်း(ရန်ကုန်)၊ (၂)သုခရိပ်မြုံ နှင့် (၃)မဖြူဖြူသင်း၏ HIV,AIDS ဝေဒနာရှင်များထံသို့  အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းရန် ရောက်ရှိခဲ့ကြသည်။

 ၈၈မျိုးဆက်ကျောင်းသားများ၏ ရံပုံငွေပွဲဖြစ်သော စေတနာဝသန်ဂီတဖျော်ဖြေပွဲတွင် စေတနာရှင်များလှူဒါန်းသောငွေများထဲမှ ကျပ်၂၅သိန်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့ပါသည်။


နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုယ်စား ရာသက်ပန်အသင်းဝင်ဖြစ်သူ အဆိုတော်ဆောင်းဦးလှိုင်က ကျေးဇူးတင်စကား ပြောကြားစဉ် ။
အလှူရှင်တစ်ဦးက ၈၈မျိုးဆက်ကျောင်းသားများမှ တစ်ဆင့် လှူဒါန်းသော ဆန် ၁၃ ပုံး(ပြည်၁၀၀ခန့်)နှင့် ကလေးသုံး အဝတ်ထည် ၂ပုံးကို ရန်ကုန်မြို့၊ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်မှ ကလေးငယ်များအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။
ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်ရှိ ဒေါ်ဖြူဖြူသင်း၏ HIV,AIDS ပြုစုစောင့်ရှောက်ရေးဂေဟာသို့ အလှူငွေ ကျပ်၂၅သိန်းနှင့်ဆန်ပုံး၁၄ပုံးလှူဒါန်းခဲ့သည်။

88 Generation Students
 

0 comments: