စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, September 8, 2012

သတင်း တိုတိုထွာထွာများစုစည်းမှု

ဆရာတော် ဦးဥတ္တမနေ့ကို ပြန်လည်ကျင်းပခွင့်ပြု

ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား လွမ်းသူ့ပန်းခွေ ကပ်လှုကြစဉ် ဓါတ်ပုံ - သန်းလှိုင်

လွတ်လပ်ရေး၏ မီးရှူးတန်းဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့(ဦးဥတ္တမနေ့)တွင် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်၊ သံဃာတော်များအားပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဦးဥတ္တမပန်းခြံအတွင်းရှိ ဦးဥတ္တမ ကြေးရုပ်ရှေ့တွင် ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း၊ လွမ်းသူ့ပန်းခွေများဖြင့် ကြည်ညိုပူဇော်ခြင်းများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းဖြင့်လည်း သိရသည်။

ဆရာတော်ဦးဥတ္တမနေ့ကို ၂၀၁၁ ခုနှစ်မှစတင်ကာ လွတ်လပ်စွာ ကျင်းပလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

''အရင်တုန်းကကတော့ ဆရာတော်နေ့မှာ လွမ်းသူပန်းခွေချတာတို့၊ ဆရာတော်အကြောင်း ဟောပြောတာတွေကို လွတ်လပ်စွာ ပြုလုပ်ခွင့်မရခဲ့ဘူး။ အမြဲစောင့်ကြည့်ခြင်း ခံခဲ့ရတယ်။ အခုအစိုးရသစ်လက်ထက်မှာတော့ နေ့ထူးနေ့မြတ်တွေကို လုပ်ခွင့်ရလာတာ ၀မ်းသာကြိုဆိုပါတယ်''ဟု စစ်တွေမြို့ခံတစ်ဦး ကပြောသည်။

-------------------------------------------------------

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့ ရပ်နားခဲ့သော မန္တလေး-မြစ်ကြီးနားရထားလမ်း၌ ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲ

မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့ ရပ်နားခဲ့ရာ၌ လက်ရှိတွင် ပုံမှန် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ကာလူနှင့်မော်ဟန်အကြား မိုင်တိုင်အမှတ် ၆၂၂/၈၉ အကြားတွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင် သံပေါင် သုံးပေပျက်စီးခဲ့ကာ သံလမ်းနှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့်အတွက် ယင်းနေ့ ည ၇ နာရီခန့်မှစတင်၍ ရထားလမ်းအသွားအလာမရှိ ပိတ်လိုက်ကြောင်း မြစ်ကြီးနားမြို့တွင် ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။

မြန်မာ့မီးရထား (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက''မြစ်ကြီးနားကနေ စက်တင်ဘာလ ၆ ရက်နေ့ အစောဆုံးထွက်လာတဲ့ ၃၄ အစုန်ရထားခရီးစဉ်ကို မိုးညှင်းဘူတာမှာ ရပ်နားထားခဲ့ရတယ်။ ရှေ့ပြေးမိုင်းရှင်းရထားအသုံးပြုပြီး ဆောင်ရွက်တဲ့ မနက် ၂ နာရီဝန်းကျင်ခန့်အချိန်မှာ မိုင်တိုင်အမှတ် ၆၂၁/၈၉မှာရှိတဲ့ တံတားအမှတ် ၅၅၅ မှာ ရေလယ် အုတ်ခုံကွဲနေပြီး သံလမ်းပိုင်းမှာလည်း လေးပေလောက် ပျက်စီးနေတာ သိရတယ်''ဟု ပြောကြားခဲ့သည်။

ယင်းသို့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မီးရထားသံလမ်းနှင့် တံတားပျက်စီးမှု ရှိခဲ့သော်လည်း စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ၃၇ အဆန်ခရီးစဉ်မှာ ပုံမှန်အတိုင်း ပြေးဆွဲခဲ့ကြောင်း သိရှိရသည်။

''မန္တလေးဘူတာကြီးကနေ ထွက်ခွာမယ့် ခရီးစဉ်တွေကိုတော့ ဖျက်သိမ်းခြင်းရှိပါဘူး''ဟု မြန်မာ့မီးရထား(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အတူ ၂ နာရီ ၁၀ မိနစ်တွင် ထွက်ခွာသည့် ၅၅ အဆန်မီးရထားခရီးစဉ်ကို ပုံမှန်တွဲဆိုင်းဖြင့် ထွက်ခွာခဲ့ကြောင်း မန္တလေးဘူတာကြီးမှ သိရသည်။

ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လက စတင်ခဲ့သည်။ စတင်ဖြစ်ပွားရာ ဒေသသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင်ဖြစ်ပြီး မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်၊ ဖားကန့် မြို့နယ်များသို့ပါ သက်ရောက်မှုများ ရှိလာခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လကုန်ပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့ကြောင်း သိရှိရသည်။

နေရပ်မှ တိမ်းရှောင်ကာ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသသော ကချင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသားဦးရေစုစုပေါင်းမှာ တစ်သိန်းဝန်းကျင် ရှိနေသည်ဟုလည်း သိရှိရသည်။

စိုက်ပျိုးရေးလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၊ အဓိကလုပ်ကိုင်ရာ ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားသည့် တစ်နှစ်ကျော်ကာလတွင် စီးပွားရေးပိုင်းနှောင့်နှေးမှုများ ရှိခဲ့သည်။

------------------------------------------------------------

အစိုးရက ခိုင်းလို့ မြေသိမ်းပေးခဲ့ရတဲ့ ယုဇန ဌေးမြင့် (Hot News Journal)


အစိုးရကခိုင်းလို့လုပ်ရတာပါ၊ နိုင်ငံတော်က ခိုင်းလို့လုပ်ရတာပါ ဆိုတဲ့ လက်သုံးစကားကို ခရိုနီတွေက လယ်သမားတွေဆီက လယ်သိမ်းရင်၊ တွင်တွင် သုံးခဲ့ကြတယ်..။ အဲဒီလို သုံးလို့ရအောင်လည်း သုံးနိုင်စွမ်းရှိတဲ့ အခြေအနေအထိ ပေါက်ရောက်ခဲ့ကြတယ်..။ တကယ်တမ်းအရင်းစစ်တော့ နှစ်ဖက်လုံး ပေါင်းစား နေကြတာပဲ..။

0 comments: