စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, September 7, 2012

“ လမ်းမတော် (၁) လမ်း အိမ်သုံးဂတ်စ်အိုး အရောင်းဆိုင် မီးလောင်ကျွမ်းနေ”




ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်၊ မော်တင် (၁) လမ်း၊ ကမ်းနားလမ်းပေါ်ရှိ CHO အိမ်သုံးဂတ်စ်အရောင်းဆိုင်တွင် ယနေ့နေ့လည် ၂နာရီ၃၀မိနစ်ဝန်းကျင် ခန့်က မီးလောင်ကျွမ်းခဲ့ရာ လက်ရှိအချိန်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ကြောင်းသိရသည်။

မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ် အစီး ၁၅လာရောက်၍ငြှိမ်းသတ်နေသော်လည်း ဂတ်စ်အိုးများလောင်ကျွမ်းနေမှုကြောင့် ဆက်လက်မကူးစက်စေရန်အတွက် မီးညွန့်ထိန်းသိမ်းနိုင်ရေးကြိုးစားနေဆဲဖြစ်ကြောင်းသိရသည်။
လက်ရှိအခြေအနေအရ ဂတ်စ်အိုးသိုလှောင်ထားသည့်ဂိုဒေါင်တစ်လုံး၊ တစ်ထပ်တိုက်ခံအိမ်တစ်လုံးနှင့် တစ်ထပ်သစ်သားအိမ်တစ်လုံးလောင်ကျွမ်းနေကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေရောက်ရှိနေကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားသော ချို ဂက်စ်ဖြည့်သွင်းသည့်ဆိုင်တွင် ယနေ့(စက်တင်ဘာလ ၇ ရက်နေ့) မွန်းလွဲ ၃ နာရီအချိန်ခန့်၌ မီးငြိမ်းသွားပြီဖြစ်ကြောင်း သိရှိရပါသည်။

လမ်းမတော်မြို့နယ်ရှိ ချို ဂက်စ် ဆိုင် မီးလောင်မှု





0 comments: