စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, September 21, 2012

အင်းယားကန်ဘောင်တွင် ငြိမ်းချမ်းရေးနေ့ အမှတ်တရ ကျောက်တိုင် စိုက်ထူ

ငြိမ်းချမ်းရေး လိုလားသူများ အင်းလျှားကန်ဘောင် တွင် သွားရောက် စုဝေးပြီး အထိမ်း အမှတ် ကျောက် တိုင် စိုက် ထူကြသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စီတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲ (ရုပ်သံ)
စစ်ပွဲ များ ရပ်စဲရေး လမ်းလျှောက် ဆန္ဒပြပွဲ ရန်ကုန်
စစ်ပွဲများရပ်တန့်ရေးပါဝင်တောင်းဆိုကြသူများကို အင်းလျားကန်ဘောင်တွင်တွေ့ရစဉ်။ ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ) စစ်ပွဲများရပ်တန့်ရန်ပါဝင်တောင်းဆိုနေကြသော လူငယ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒဖော် ထုတ်ရာတွင် ခေါင်းဆောင်သူများအား သက်ဆိုင်ရာက ယနေ့ညနေတွင် လိုက်လံဖမ်းဆီးနေသြ ဖင့် ရှောင်တိမ်းနေ ရကြောင်း သတင်းရရှိသည်။

 ``ကျွန်တောတို့ ပွဲပြီးလို့ ပြန်တဲ့အချိန် မှာ နောက်ကေ တာ့ လျှောက် လိုက်နေတာ ဘိုဘို၊ ဟိန်းမင်းဇော်၊ ခင်စန္ဒာညွန့်နဲ့ နှင်းနှင်းအောင် တို့လည်း ပြေးနေရတယ်´´ဟု ကိုမိုးသွေးကပြောသည်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာသို့ လျှောက်ထားခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်မပြုခဲ့ပေ။ ခွင့်မပြုသော်လည်း ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို နံနက် ၉ နာရီ မိနစ် ၃၀ မှစတင်ပြီး ညနေ ၅ နာရီခန့်တွင် ပြီးဆုံးသွားခဲ့သည်။

0 comments: