စာဖတ်နေသူပေါင်း
We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Thursday, February 16, 2012
သတင်းတိုတို ထွာထွာ ....
မန္တလေးမြို့ လူစည်ကားရာနေရာတွေမှာ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က ၅ ထောင်တန် ဆင်းကဒ်တွေကို တန်ဖိုးနဲဆင်းကဒ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆို
မန္တလေးမြို့ လူစည်ကားရာနေရာတွေမှာ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က ၅ ထောင်တန် ဆင်းကဒ်တွေကို တန်ဖိုးနဲဆင်းကဒ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုတဲ့ လူပ်ရှားမူ တခု ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့လယ်ကောင် အချက်အချာကျတဲ့ ၃၃ လမ်းနဲ့ ၈၆ လမ်းထောင့်၊ ပွဲစားကုန်စည်ဒိုင်နဲ့ ရတနာပုံတက္ကသိုလ်ဝင်းအတွင်းမှာ လူတိုင်းသုံးနိုင်မဲ့ တန်ဖိုးနဲ ၅ ထောင်တန် ဆင်းကဒ်ဖြစ်အောင် လုပ်ပေးပါ၊ ပြည်သူတွေကို မချည်နှောင်ပါနဲ့လို့ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ရေးထားတဲ့ စတစ်ကာတွေကို လူငယ်တွေက ကားတွေ ဆိုင်ကယ်တွေမှာ လိုက်ကပ်နေတာလို့ မြို့ ခံတွေက ပြောပါတယ်။ အခုအခါ အဲဒီစတစ်ကာတွေဟာ မန္တလေးတမြို့ လုံး ပြန်နှံ့နေတယ်လို့လဲ သိရပါတယ်။
ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု
၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု ၃သိန်း ၉သောင်းကျော်ရှိပြီး ၂၀၁၀ ထက် ၂၅ ရာခိုင်နှုန်း တိုးတက်လာပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ အလွန်နဲနေသေးတယ်လို့ ခရီး သွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည် ၁၀ သန်းနီးပါး၊ လာအိုနဲ့ ကမ္ဘောဒီးယားမှာလည်း နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် သိန်းနဲ့ချီပြီး လာရောက် လေ့ရှိပါတယ်။ မြန်မာနိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေလို ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက် စေချင်တယ်ဆိုယင် ဗီဇာကိစ္စနဲ့ မလိုလားအပ်တဲ့ ကုန်ကျစားရိတ်တွေကို လျော့ချပေးဖို့ လိုတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ ပြောပြကြပါတယ်။
လွှတ်တော်သတင်းတွေကို ဂျာနယ်တိုက် ၄ ခု ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်
လွှတ်တော်သတင်းတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ဖို့အတွက် ဂျာနယ်တိုက် ၄ ခုကို အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးကော်မတီက ကူညီမဲ့အကြောင်း ဖေဖေါ်ဝါရီလ ၁၅ရက်နေ့က ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီဂျာနယ်တိုက် ၄ ခုကတော့ ပြည်သူ့ခေတ်၊ 7day ၊ Weekly eleven နဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်တို့ဘဲ ဖြစ်ပါတယ်။ အဲဒီဂျာနယ်သတင်းထောက်တွေဟာ လွှတ် တော်သတင်းတွေကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ဖို့အတွက် ဆွေးနွေးချက်တွေကို အသံဖမ်းယူရုံတင်မက စာရွက်စာတန်းတွေကိုပါ လက်ခံရရှိမှာဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေး ကော်မတီဝင် ဦးရဲထွန်းက ပြောပါတယ်။ ဒါတင်မက ဂျာနယ်သတင်းထောက်တွေအနေနဲ့ သက်ဆိုင်ရာ ဂျာနယ်တိုက်တွေကို အချိန်မီ သတင်းပေးပို့နိုင်ဖို့အတွက် ပြည်သူ့ဆက်ဆံရေး ကော်မတီရုံးခန်းမှာပဲ အင်တာနက် အသုံးပြုနိုင်အောင် စီစဉ်ပေးမယ်လို့ ဆိုပါတယ်။ ဒီကိစ္စ ပြည်သူ့ဆက်ဆံရေးကော်မတီကနေ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို တင်ပြပြီး သဘောတူညီချက်ရယူဖို့ စီစဉ်နေတယ်လို့လဲ သိရပါ တယ်။
ဥပဒေကြမ်း တွေကို သတင်းစာတွေထဲမှာ ထည့်သွင်းကြေညာပေးဖို့ တိုက်တွန်းကြောင်းအဆိုတင်သွင်း
ပြည်သူလူထုနဲ့ စာနယ်ဇင်းသမားတွေ အပြုသဘောနဲ့ အကြံပေးပြောဆိုနိုင်ဖို့အတွက် ဥပဒေကြမ်း တွေကို သတင်းစာတွေထဲမှာ ထည့်သွင်းကြေညာပေးဖို့ တိုက်တွန်းကြောင်းအဆိုကိုရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေး ဒုတိယနေ့မှာ တာမွေ(၁) အမတ်ဦးဝင်းထိန်က တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ ဦးဝင်းထိန်ရဲ့အဆိုနဲ့ပတ်သက်ပြီး လှိုင်သာယာ(၁)မှ ဦးကျော်မင်းက ထောက်ခံ ဆွေး နွေးသွားခဲ့ပါတယ်။ လက်ရှိအခြေအနေအရ သတင်းစာတွေကို အစိုးရက ထိန်းချုပ်ထားပြီး ဥပဒေကြမ်း တွေကို မဖော်ပြပေးသလို လွှတ်တော်အစည်းအဝေးအတွင်း တင်ပြဆွေးနွေးချက်တွေကိုလဲ အပြည့် အစုံ မဖော်ပြသေးပါဘူး။ လွှတ်တော်ဥက္ကဌတွေရဲ့ မိန့်ခွန်းတွေကိုတောင် စိစစ်ဖြတ်တောက်ပြီးမှ သတင်းစာထဲမှာ ဖော်ပြနေတာဖြစ်ပါတယ်။
 စည်ပင်ကအခွန်ကောက်ပြီးကာမှာ လိုက်လံဖမ်းဆီးနေ
မန္တလေးမြို့ လမ်းကြားဈေးတွေမှာ စည်ပင်ကအခွန်ကောက်ပြီးကာမှာ လိုက်လံဖမ်းဆီးနေတဲ့အတွက် ဈေးသည်တွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ မန္တလေးမြို့ ၇၆ လမ်းနဲ့ ၃၁/၃၂ လမ်းကြားမှာ ရောင်းနေတဲ့ လမ်းဘေးဈေးသည်တွေကို စည်ပင်ဝန်ထမ်းတယောက်က ရှေ့ ကနေ အခွန်ကောက် သွားရုံရှိသေး နောက်ဝန်ထမ်းတယောက် ချက်ချင်းရောက်လာပြီး ဖမ်းဆီးနေတာလို့ ဈေးသည်တွေက ပြောပါတယ်။ အဲဒီ့အတွက် လမ်းဘေးဈေးသည်တွေဟာ ပိုက်ဆံလဲကုန် အဖမ်းလဲခံရပြီး အလုပ်ပျက် အကိုင်ပျက်ဖြစ်နေတယ်လို့ သိရပါတယ်။
ဝေးလံခေါင်သီအရပ်များမှ ၀န်ထမ်းများကို ရှားပါးစရိတ်တိုးပေးမည်
ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၆
ယခုနှစ် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဝေးလံခေါင်သီသော အရပ်ဒေသများမှ နိုင်ငံ့ဝန်ထမ်းများ၏ ရှားပါးစရိတ်များအား တိုးပေးသွားမည်ဖြစ်ပြီး ၀န်ထမ်းများ၏ လစာတိုးမြှင့်ရေးအတွက်ကိုမူ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်မှ တိုးပေးမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားသွားသည်။
ယနေ့ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြည်ထောင်စုအစိုးရကိုယ်စား၊
နိုင်ငံတော် သမ္မတကြီးကိုယ်စား ပြောကြားသွားခြင်းဖြစ်သည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၀န်ထမ်းလစာများတိုးပေးရန်တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့် အခွန်များ၊ ငွေလုံး ငွေရင်းအသုံးစရိတ်များ၊
ငွေကိုင်စာချုပ်ရောင်းချခြင်းများအစရှိသည့် ကိစ္စများနှင့် ပတ်သက်သည့် ဥပဒေများအား ပြင်ဆင်ပြီးမှသာ တိုးမြှင့်ပေးရန် စီစဉ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော် 16.2.2012 နံနက်ပိုင်း (11နာရီ 40) မျက်နှာစုံညီလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥကဌသူရဦးရွှေမန်း၏ အူမတောင့်မှ သီလစောင့်မှာဖြစ်တဲ့အတွက် စစ်မှုထမ်းဝန်ထမ်းအပါအ၀င် နိုင်ငံတော်ဝန်ထမ်း အားလုံးကို လုံလောက်သာ လစာတိုးမြင့်ပေးရေး ပြောကြားချက်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းမှ ၀န်ထမ်းများ လစာတိုးမြင့်ပေးရေးမှာ မဖြစ်နိုင်သေးကြောင်း ပရိုဂျက်တာဖြင့် လွှတ်တော်တွင် အသေးစိတ်ရှင်းလင်း တင်ပြပြီး ၀န်ထမ်းများလစာတိုးမြင့်ရေးအဆိုကို ချေဖျက်လိုက်ကြောင်း သိရှိရသည်။ လာမယ့်ဘဏ္ဍာရေးနှစ် 2011-2012 များတွင် ၀န်ထမ်းများလစာတိုးမြင့်ပေးရေးမှာ လုံးဝမဖြစ်နိုင်ကြောင်း အသေးစိတ်တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
0 comments: