စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 10, 2012

KNU-KNLAငြိမ်းချမ်းရေးကောင်စီနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ









၁၀-၂-၂၀၁၁ နေ့ ညနေ၃း၃၀တွင် အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိန်တွင် KNU-KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဌဗိုလ်ချုပ်ကြီး စောဌေးမောင်ခေါင်းဆောင်သောအဖွဲ့ (၁၄)ဦးနှင့်ဒေါ်အောင်ဆန်းစုကြည် ရင်းနှီးခင်မင်စွာတွေ့ဆုံခဲ့ပါတယ်…..

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က ''အခုလို ကျွန်တော့်အနေနဲ့ ဒီကို လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ တွေ့ချင်တာလည်း ကြာပြီ။ အခုလို လာတာကလည်း အားလုံးအတွက် လာတာနော်။ အခုလိုလာပြီး တွေ့ရတာ အများကြီး ကျေးဇူးတင်တယ်။ နောက်ပြီးတော့ အာားလုံးကလည်း ၀မ်းသာကြမှာပါ။ ကျန်ခဲ့တဲ့လူတွေလည်း လာစေချင်တယ်။ ပထမဆုံး မလာခင်ကတော့ နည်းနည်းတော့ စိုးရိမ်တယ်၊ ကြောက်တာပေါ့နော်။ အစိုးရနဲ့ လာတွေ့တုန်းကလည်း။ အခုတော့ အားလုံးက အဆင်ပြေတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း။ ဒီမှာလည်း ဒေါ်အောင် ဆန်းစုကြည်နဲ့ လာတွေ့တယ်။ NLD/ အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့ ဗမာပြည်ရဲ့ရှေ့အနာဂတ် ကောင်းစားရေး၊ လူထုတွေ တိုးတက်ရေးအတွက် ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်က အသက်အကြီးဆုံးပါ။ စစ်ထဲ ၀င်တုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အခုတော့ ကျွန်တော် အသက်ကြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့က မခွဲခြားပါဘူး။ နောက် ဗမာ လူမျိုးပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားတွေဖြစ်ဖြစ် အားလုံးက ကျောသားရင်သားတွေပဲ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်သွားရမှာ ဖြစ်တယ်။ နောက်တစ်ခေါက်လည်း ဖြစ်နိုင်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ချင်တယ်။ ကျွန်တော်တို့ ကရင်နှစ်သစ်ကူးတာတွေ၊ ဒေသခံတွေနဲ့ တွေ့၊ နောက် တခြားတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဖို့လည်း ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို request လုပ်ထားပါတယ်။ မီဒီယာတွေကိုလည်း ဖိတ်ပါတယ်။ မီဒီယာကိုတော့ မချန်ထားခဲ့ဘူး။ ဖိတ်ပါတယ်''ဟု မီဒီယာများသို့ ကရင်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ဒီအဖွဲ့နဲ့ တွေ့ရတဲ့အခါမှာ တစ်ခါမှ မတွေ့ရဖူးသေးတဲ့သူတွေ ဆိုပေမယ့် တော်တော်နွေးနွေးထွေးထွေးနဲ့ တရင်းတနှီးလည်းရှိပါတယ်။ မိသားစုတွေလိုပဲဖြစ်တဲ့အခါကျတော့ ကျွန်မတို့ ပြည်ထောင်စုဆိုတာ ဒီလိုပဲဖြစ်ရမယ် စဉ်းစားမိပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အားလုံးက အတူတူပါပဲ။ တန်းတူညီတူ နဲ့ သွေးရင်းညီအစ်ကိုမောင်နှမတွေလို ဖြစ်ရပါမယ်။ ပြောတဲ့ဆိုတဲ့ နေရာမှာလည်း ပွင့်ပွင့်လင်းလင်း ရှိတယ်။ အတွေးအမြင်တွေကလည်း တော်တော်တူပါတယ်။ အဲဒီလို တိုက်ဆိုင်မှုတွေ သိပ်များတဲ့အခါကျတော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ ကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ကျွန်မကို လာဖို့ဖိတ်ထားတဲ့အတွက် ကျွန်မကလည်း သွားဖို့ အများကြီးဆန္ဒရှိတယ်။ အစောဆုံးသွားနိုင်တဲ့အချိန်မှာ သွားချင်တယ်။ သွားနိုင်တဲ့အချိန်မှာ သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး နောင်လည်း ဒီလိုလက်တွဲပြီးတော့ အတူလမ်းလျှောက်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုပါတယ်''ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။

0 comments: