စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 10, 2012

ဒေါ်အောင်ဆန်းစုကြည်အား ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ မှ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ဦးတင်ရီက ကန့်ကွက်

မကြာမီကနိုင်ငံရေး လမ်းကြောင်းပေါ်သို့နိုင်ငံရေးပါတီ မှတ်ပုံတင်ကာရောက်ရှိလာခဲ့သည် NLD ဥက္ကဌဒေါ်အောင်ဆန်းစု ကြည်ကို ညီညွှတ်ရေး နှင့်ငြိမ်းချမ်း ရေးပါတီကိုယ်စားလှယ်လောင်းက ကိုယ်စားလှယ်လောင်းအရည်အချင်း နှင့် ကိုက်ညီမှု မရှိဟုဆိုကာကန့်ကွက် လွှာ တင်သွင်းထားကြောင်းသိသည်။

''ကျွန်တော်တို့ ပါတီအနေနဲ့တော့ကော်မရှင်ကဆုံးဖြတ်ချက် မချသေးတဲ့အတွက်ဘယ်အချက်တွေ နဲ့ကန့်ကွက်တယ်ဆိုတာပြောလို့မရပါဘူး'' ဟုညီညွှတ်ရေး နှင့်ငြိမ်းချမ်း ရေးပါတီအတွင်းရေးမှူးဦးထွန်းရွှေ ကဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ဥက္ကဌဖြစ်သူဒေါ် အောင်ဆန်းစုကြည်အား ကိုယ်စား လှယ်လောင်းအရည်အချင်း နှင့်ကိုက် ညီမှုမရှိကြောင်း ကန့်ကွက်ခဲ့သည့် အကြောင်းအရာများမှာ-ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံခြားတွင် ငွေကြေးနှင့် ပစ္စည်းဥစ္စာများရှိခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်း၏ အမွေများရရှိထားခြင်း၊ နိုင်ငံခြားတွင် အိမ်ယာပိုင်ဆိုင်မှုရှိခြင်း၊ ဗြိတိန်နိုင်ငံသား အဖြစ်ခံယူထား သည်ဟူသည့် စသည့် အချက်များဖြင့် ကန့်ကွက် ထားကြောင်း သိရသည်။

''သူတို့ဘက်ကန့်ကွက်လွှာကိုဗုဒ္ဒဟူးနေ့(ဖေဖော်ဝါရီ-၈ရက်) ညနေမှာရခဲ့တယ်။ ကျွန်တော် တို့ပါတီကကြာသပတေးနေ့(ဖေဖော်ဝါရီ-၉ရက်) မှာခရိုင်ကော်မရှင်ကိုဖြေရှင်းလွှာ တင်ခဲ့တယ်။ သူတို့ကန့်ကွက် ထားတာက ဂျင်းသုတ်လိုပဲ ရောထွေး နေပါတယ်။ သူတို့ကန့်ကွက် ထားတဲ့ အချက်တွေကလည်း လုံးဝမဟုတ်သလို၊ အထောက်အထား တွေမရှိ ပါဘူး'' ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဗဟိုအလုပ် အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကဆိုသည်။

''ကန့်ကွက်တဲ့ အချက်အလက်တွေက မှားနေပါတယ်။ဥပဒေနဲ့လည်း ကိုက်ညီမှုမရှိပါဘူး။ ကျွန်တော်တို့ဘက်ကလည်းမှားယွင်းတဲ့ အတွက် ကော်မရှင်က ဆုံးဖြတ်ချက်ချပြီးတဲ့အခါ ဥပဒေပညာရှင်တွေနဲ့ ဆက်လက် ဆောင်ရွက် သွားပါ့မယ်'' ဟုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြန်ကြားရေးတာဝန်ခံ(၁) ဦး အုန်းကြိုင်က ဆိုသည်။ ကော့မှူးမြို့နယ် မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ် ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား ညီညွှတ်ရေး နှင့်ငြိမ်းချမ်းရေးပါ တီမှ အဆိုပါမဲဆန္ဒနယ်တွင်ဝင် ရောက်ယှဉ်ပြိုင်မည့် ဦးတင်ရီက ကိုယ် စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီမှု မရှိကြောင်း ဖေဖော်ဝါရီ (၆)ရက်နေ့က ကန့်ကွက်လွှာ တင်သွင်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါကန့်ကွက်လွှာ ကိုရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲမှ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေပုဒ်မ (၃၀) အရယင်းကန့်ကွက် လွှာအား စုံစမ်းစစ်ဆေးလျှက်ရှိ ကြောင်းသိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဘက်မှလည်း ဖေဖော်ဝါရီ ၉-ရက်နေ့တွင် ဖြေရှင်းလွှာ ပြန်လည် တင်သွင်းထားကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက် ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ်(၆)ခုမှ အများ ပြည်သူများနှင့်နိုင်ငံတကာမှ အထူး စိတ်ဝင်တစား ရှိသည့် ကော့မှူးမြို့ နယ်ပြည်သူ့လွှတ်တော်လစ်လပ်နေ ရာအားဝင်ရောက်ယှဉ်ပြိုင်မည့် အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်အောင်ဆန်းစုကြည်အား ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီကိုယ် စားလှယ်လောင်း ဦးတင်ရီက ကိုယ် စားလှယ်လောင်း အရည်အချင်း နှင့် ကိုက်ညီမှုမရှိဟု ဆိုကာကန့်ကွက် လွှာတင် သွင်းခဲ့ခြင်း ဖြစ်သည်။ အဆို ပါကန့်ကွက်လွှာကို သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲမှ စုံစမ်းစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ ကော့မှူးမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဒေါ်အောင်ဆန်းစုကြည်၊ ညီ ညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဦးစိုး မင်းတို့က ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်းသိရသည်။

ဝေမာသိမ့်



စာမျက်နှာ ၁
စာမျက်နှာ ၂-၃
စာမျက်နှာ ၄-၅
စာမျက်နှာ ၆-၇

ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းမည့် ကန့်ကွက်လွှာပုံစံ

0 comments: