စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, February 8, 2012

တရားမ၀င်ဆေးဝါးနှင့် စားသောက်ကုန် ထုတ်လုပ်တင်သွင်းမှုများ အပေါ် လက်ရှိဥပဒေဖြင့် ဆိုပါက ထိရောက်စွာညွှန်ကြားခြင်း၊ အရေးယူနိုင်ခြင်းမရှိ၍ အမိန့်စာဖြင့်သာ လုပ်ကိုင်နေရ

ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ ဆေးဝါးနှင့်စားသောက် ကုန်များအတွက် နည်းဥပဒေ(By Law) အား ရေးဆွဲလျက်ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)မှ တာဝန်ရှိသူများ က ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ဆေးဝါးနှင့် စားသောက်ကုန်များအတွက် Food Law, Drug Law များ ရှိသော်လည်း အဆိုပါ ဥပဒေများတွင် အချို့အချက်အလက်များမှာ အသေးစိတ်ပါဝင်ခြင်း မရှိသည့်အတွက် ဆေးဝါး နှင့် စားသောက်ကုန်များ ထုတ်လုပ်တင်သွင်းမှုအပေါ် ထိရောက်စွာညွှန်ကြားခြင်း၊ အရေးယူရန် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ထိရောက်စွာအရေးယူနိုင်ခြင်း စသည်ဖြင့် လုပ်ငန်းစဉ်များအား ပီပြင်စွာလုပ်ဆောင်ရန် ခက်ခဲကြောင်း၊ ၀န်ကြီးဌာန အမိန့်စာဖြင့်သာ ထုတ်ပြန်လုပ်ကိုင်နေရကြောင်း သိရသည်။

ဆေးဝါးနှင့်အစားအသောက် များ ထုတ်လုပ်တင်သွင်းမှုအပေါ် အသေးစိတ်ညွှန်ကြားခြင်း၊ ထိရောက်စွာ အရေးယူခြင်းများ ပြုလုပ်နိုင်ရန် အတွက် နည်းဥပဒေရှိရန် လိုကြောင်း နှင့် အဆိုပါလိုအပ်ချက် အတွက် ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ လက်ရှိအချိန်တွင် အရည်အသွေး စစ်ဆေး မထားသည့် အစားအသောက်နှင့်ေ ဆးဝါးများ များပြားစွာ ၀င်ရောက်နေခြင်း၊ ပြည်တွင်းထုတ်လုပ်သူများမှ အချို့မှာ စားသောက်ကုန်များတွင် အသုံးမပြုရန် ညွှန်ကြားထားသည့် ဓာတုပစ္စည်းများ ထည့်သွင်းအသုံးပြုခြင်းများ ရှိနေဆဲဖြစ်ကြောင်း

“Food Law, Drug Law ရှိပေမယ့် အဲဒီဥပဒေတွေအတွက် By Law မရှိတဲ့အတွက် ပီပီပြင်ပြင်လုပ် ကိုင်နိုင်မှုမရှိဘူး။ လိုအပ်ရင် ၀န်ကြီး ဌာနအမိန့်စာနဲ့ပဲ လုပ်ကိုင်နေရတာပေါ့။ လက်ရှိFood Law, Drug Law တွေအရဆိုရင် အသေးစိတ်မပါဝင်တဲ့ အချက်တွေရှိတော့ ထုတ်လုပ်မှု တင်သွင်းမှု ဖြန့်ချိမှုတွေအပေါ် အသေးစိတ်ညွှန်ကြားနိုင်တာမျိုး၊ ထိထိရောက်ရောက် ညွှန်ကြားနိုင်တာမျိုး အားနည်းတယ်။ အရေးယူတဲ့အပိုင်းလည်း ဒီလိုပဲ။ အဲဒီအတွက် By Law လိုအပ်နေလို့ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အစားအသောက်နဲ့ ဆေးဝါးအတွက်နည်းဥပဒေ ရေးဆွဲနေပါတယ်။ ပြီးရင် အဆင့်ဆင့်တင်ပြပြီး နောက်ဆုံးလွှတ်တော်ကို တင်ဖို့ စီစဉ်ထားပါတယ်”ဟု FDA မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဝင်းက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းသို့ လက်ရှိအချိန်တွင် အရည်အသွေးစစ်ဆေး မထားသည့် အစားအသောက်နှင့်ေ ဆးဝါးများ များပြားစွာဝင်ရောက်နေခြင်း၊ ပြည်တွင်းထုတ်လုပ်သူများမှ အချို့မှာ စားသောက်ကုန်များတွင် အသုံးမပြုရန် ညွှန်ကြားထားသည့် ဓာတုပစ္စည်းများ ထည့်သွင်းအသုံးပြုခြင်းများ ရှိနေဆဲဖြစ်ကြောင်း ကို လည်း FDA ၏ စစ်ဆေးတွေ့ရှိချက် များအရ သိရှိရပါသည်။

သို့သော် ထိရောက်စွာ အရေးယူမှု အပိုင်းအားနည်းသည့်အတွက် ထပ်မံ၍လုပ်ကိုင်ခြင်း၊ အန္တရာယ် မကင်းသည့် စံမမီဆေးနှင့် စားသောက်ကုန် ထုတ်လုပ်တင်သွင်းမှု ပပျောက်မသွားခြင်း ဖြစ်ကြောင်းကို လည်း စားသုံးသူများ၊ စားသောက် ကုန်ထုတ်လုပ်သူများနှင့် ဆရာဝန်များက ပြောကြားခဲ့သည်။

ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည် များနှင့် လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက “ပြည်တွင်းမှာ ဆေးထုတ်နိုင်ဖို့က နောက်ထပ်အနည်းဆုံး အချိန်တစ်နှစ်ခွဲယူ ရဦးမယ်။ အဲဒီ အတောအတွင်းမှာ ပြည်ပကဆေးကိုပဲ တင်သွင်းနေရဦး မှာပါ။ အခုဈေးကွက်ထဲမှာ တရား မ၀င်ဆေးတွေ၊ မှောင်ခိုဆေးတွေ တွေ့တယ်၊ အရည်အသွေး စစ်ဆေးမထားလို့ အာမခံချက်မရှိဘူး၊ နည်း စနစ်တကျသိုလှောင်ထားတာမရှိလို့ ဆေးအာနိသင်အတွက်လည်း အာမမခံနိုင်ဘူး။ ၀ယ်ယူသုံးစွဲတဲ့ အများ ပြည်သူပဲ ထိခိုက်နေပါတယ်။ ဆေးဝါးက အန္တရာယ်ကြီးပါတယ်”ဟုပြော ကြားခဲ့ပါသည်။

စားသောက်ကုန် ထုတ်လုပ်သူ တစ်ဦးကလည်း “မနှစ်က ပြည်တွင်း မှာ ရေသန့်ထုတ်တဲ့သူတွေ FDA ရဲ့ ညွှန်ကြားချက်အတိုင်း မထုတ်တာ စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်တယ်။ အမျိုးပေါင်း ၃၀ ကျော်တယ်။ တကယ်တော့ မသိတာမဟုတ်ဘူး။ သိသိနဲ့ထုတ်နေကြတာ။ ဒါပေမယ့် FDA က သင်တန်းပြန် ပေးပြီး ပြန်ထုတ်ခိုင်းနေရတယ်လို့ ကြားတယ်။ အဓိကအချက်ကတော့ စစ်ဆေးတဲ့အပိုင်းမှာ FDA အနေနဲ့ အားကောင်းတယ်။ ဒါပေမယ့် အ ရေးယူတဲ့အပိုင်းကမထိရောက်ဘူး။ ဒီတော့ တရားမ၀င် ထုတ်လုပ်တင်သွင်းသူပဲဖြစ်ဖြစ်၊ မသမာတဲ့သူပဲဖြစ်ဖြစ် ထပ်လုပ်တယ်။ အရေးယူတဲ့ အပိုင်းအားနည်းတော့ ပြန်ပြင်လိုက်ရတာပဲ လောလောဆယ် စစ်ဆေးမတွေ့ရှိခင် စီးပွားဖြစ်အောင် လုပ်လိုက်မယ်ဆိုတဲ့ သူတွေက ဆက်ရှိနေတာပေါ့။ အခုလို နည်းဥပဒေဆွဲတယ် ဆိုတာကိုတော့ ကြိုဆိုတယ်။ စစ်ဆေးမှုနဲ့အတူ အရေးယူမှုပိုင်းရှိမှ ထိရောက်မှာပါ။ ဒါတင်မကဘူး ဈေးတွေ၊ ပွဲရုံတွေမှာ FDA က ၀င် စစ်တယ်၊ မသုံးသင့်တဲ့ ဓာတုပစ္စည်း သုံးထားတာတွေ့တယ်။ ဘာလုပ်လဲ ပစ္စည်းကို ဖျက်ဆီးလိုက်တာပဲ။ ဒါကလည်း ပွဲရုံမှာရှိတဲ့ကုန်နဲ့ ဈေးသည်တွေဆီမှာရှိတဲ့ ကုန်တွေကိုပဲ ဖျက်ပစ်တာ။ ပင်မထုတ်လုပ်ဖြန့်ဖြူးတဲ့နေရာက ဘာမှမဖြစ်ဘူး။ စစ်တာ က FDA အရေးယူတာက သက်ဆိုင်ရာစည်ပင်နဲ့ ဈေးတာဝန်ခံဖြစ်နေတယ်။ အဲဒီတော့ ကုန်ပစ္စည်းကို ဖျက်ဆီးပစ်သလား မဖျက်ဆီးပစ်သလား၊ တွေ့သမျှ အကုန်ဖျက်ဆီး သလား ဘယ်သူမှမသိနိုင်ဘူး။ မီးရှို့ပြတာပဲရှိတယ်။ စာရင်းပဲရှိတယ်” ဟု ပြောကြားခဲ့သည်။

“အခု မြန်မာနိုင်ငံမှာ အသည်း၊ နှလုံးနဲ့ ပတ်သက်တာတွေ၊ ကင်ဆာ ရောဂါတွေများလာတယ်။ အဓိက အချက်ကတော့ အစားအသောက်တွေမှာ ဓာတုပစ္စည်းတွေ ထည့်သွင်းလို့ပါ။ ဒါကို FDA က စစ်တော့ စစ်တယ်၊ တွေ့တယ်၊ အရေးယူ တာကျတော့ အားနည်းတယ်။ ထပ်လုပ်တယ် အမြစ်ပြတ်မသွားဘူး။ နှစ်ကာလကြာအောင် စားသုံးလာ တဲ့သူတွေ အခုရောဂါတွေ ဖြစ်ပေါ်လာပြီ။ ထပ်ပြီးမနှိမ်နင်းနိုင်ရင် ထပ်ပြီးနောက်နှစ်တွေမှာ ဖြစ်နေဦးမှာပဲ။ တကယ်ဆို ဒီနှစ်မှာ မသမာတဲ့ နည်းနဲ့ထုတ်တဲ့ စားသောက်ကုန်တွေ ကို တားဆီးနိုင်တယ် ထားဦး အရင်နှစ်တွေက ပုံမှန်စားခဲ့ရတဲ့သူတွေဆီမှာတော့ ကျန်းမာရေးချို့တဲ့မှုတွေ ကျန်နေခဲ့ဦးမှာပဲ။ အခုလို နည်းဥပဒေရေးဆွဲပြီး ထိထိရောက်ရောက် လုပ်သင့်တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူး။ အခုလုပ်နိုင်တယ်ကြားတော့ ကြိုဆိုပါတယ်။ တစ်ကယ်လည်း နည်းဥပဒေရေးဆွဲ ပြဋ္ဌာန်းပြီးရင် အဲဒီဥပဒေပါအချက်တွေ အတိုင်း အကောင်အထည်ဖော် နိုင်ဖို့လည်း လိုပါတယ်”ဟု ဆရာဝန် တစ်ဦးကလည်း ပြောပြခဲ့ပါသည်။

Eleven Media Group

0 comments: