စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, February 8, 2012

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဟွာဟင်းရုပ်ရှင်ပွဲတော်မှ Seminar သို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တက်ရောက်ပြီး The Lady ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုခွင့်ရခဲ့


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဟွာဟင်းရုပ်ရှင် ပွဲတော်မှ ရုပ်ရှင် အကြောင်းအရာများ နှင့် ပတ်သက်သည့် ဆွေးနွေးပွဲသို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တက်ရောက်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံ များတွင် ပထမဆုံးပြသသည့် ‘The Lady’ ရုပ်ရှင်ဇာတ်ကားကိုပါ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ ဟွာဟင်းရုပ်ရှင် ပွဲတော်သည် ဇန်န၀ါရီလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး‘The Lady’ ဇာတ်ကားကိုမူ ဇန်န၀ါရီလ ၂၉ရက်နေ့တွင် ပြသခဲ့ခြင်းဖြစ်သည်။

“ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြုလုပ်တဲ့ ဟွာဟင်းရုပ်ရှင်ပွဲတော်က Seminar တက်ဖို့ ဖိတ်လာတာနဲ့ သွားတက်ဖြစ်တာပါ။ Seminar သွား တက်ရင်းနဲ့ အရှေ့တောင်အာရှမှာ ပထမဆုံးအကြိမ်ပြသတဲ့ ‘The Lady’ ဇာတ်ကားကိုလည်း ၀င်ရောက်ကြည့်ရှု ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ ဒီဇာတ် ကားက ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် အန်တီစု(ဒေါ်အောင် ဆန်းစုကြည်)ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးရာမှာ သမိုင်းအချက်အလက် အသေးစိတ်တချို့က တော်တော်ကို လွဲမှားနေတယ်။ ဘယ်မြန်မာပဲ ကြည့်ကြည့် အခုလိုပဲ စိတ်ပျက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားမှာ မိုက်ကယ်အဲရစ် အဖြစ် သရုပ်ဆောင်တဲ့သူနဲ့ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မီရှဲယိုလ်တို့ နှစ်ယောက်လုံးရဲ့ အမူအရာတွေကပီပြင် ကောင်းမွန်ပေမယ့် သမိုင်းကိုသိတဲ့ မြန်မာတွေ အတွက်ကတော့ စိတ်ပျက်စရာဖြစ်မှာပါပဲ။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ရိုက်ကူးမယ့် ရုပ်ရှင် အနုပညာရှင်တွေ အတွက် သင်ခန်းစာယူရမယ့် ဇာတ်ကားတစ်ကားလို့ စဉ်းစားမိပါတယ်” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရှင်းပြခဲ့သည်။

‘The Lady’ ရုပ်ရှင်ဇာတ်ကား ပြသသည့်နေ့၌ ယင်းဇာတ်ကားအား ရိုက်ကူးသည့် ဒါရိုက်တာနှင့် သရုပ်ဆောင် မီရှဲလ်ယိုလ်တို့လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

Eleven Media Group

0 comments: