စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, February 15, 2012

ကျောင်းသားခေါင်းဆောင် ကိုဥာဏ်လင်း၏ ဖခင် ဈာပနကို ၈၈ မျိုးဆက်နှင့် လွတ်မြောက် သံဃာတော်များ လာရောက် ဂါရဝပြု



စတုတ္ထ အကြိမ်မြောက် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ ဘားအံထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုဥာဏ်လင်းရဲ့ဖခင် ဦးခင်ဟိန်း အသက် ၇၅ နှစ်ဟာ သားဖြစ်သူ ပြန်လည် လွတ်မြောက်လာပြီး တစ်လအကြာ လူကြီး ရောဂါနဲ့
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၃း၃၄ မိနစ် အချိန်က ကွယ်လွန် ခဲ့ပါတယ်။ ကိုဥာဏ်လင်းဟာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်
ကိုမင်းကိုနိုင်တို့နဲ့ အမှုတွဲ ၆၅ နှစ် ထောင်ကျ ခံခဲ့ရတာဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့က ဘားအံထောင်ကနေ ပြန်လည် လွတ်မြောက်လာတာ
ဖြစ်ပါတယ်။ ကိုဥာဏ်လင်းရဲ့ဖခင်၏ ဈာပန အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အတူ ရွှေညဝါဆရာတော်၊ သံဃာ့
တပ်ပေါင်းစု ခေါင်းဆောင် အရှင်ဂမ္ဘီရ စတဲ့ အကျဉ်းထောင်ထဲက ပြန်လည် လွတ်မြောက်လာတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေး အကျဉ်းသား
ဟောင်းတွေ လာရောက်ခဲ့ပြီး လွမ်းသူ့ ပန်းခြင်းတွေ ပို့ဆောင်ခဲ့ကြကာ နောက်ဆုံး ဂါရဝပြု နှုတ်ဆက် ခဲ့ကြပါတယ်။



BurmaVJMedia

0 comments: