စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, February 15, 2012

တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။

နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။



တာမွေမြို့နယ် တာမွေကြီး(ခ) ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် ၁၆၄ လမ်းကြားတွင် မီးလောင်မှု ဖြစ်ပွားရာ မီးငြိမ်းသတ်နေသည့် မီးသတ်ရဲဘော်များအား ဖေဖော်ဝါရီလ ၁၄ ရက် နံနက်တွင် တွေ့ရစဉ်။ အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။ (ဓါတ်ပုံ မဇ္ဈိမ)
တာမွေမြို့နယ် တာမွေကြီး(ခ) ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် ၁၆၄ လမ်းကြားတွင် မီးလောင်မှု ဖြစ်ပွားသည့် အဆောက်အဦးတခုအတွင်းတွင် မီးသတ်ရဲဘော်တစ်ဦးအား ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁ဝး၁၉ နာရီက က တွေ့ရစဉ်။ အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။(ဓါတ်ပုံ - မဇ္ဈိမ)
တာမွေမြို့နယ် တာမွေကြီး(ခ) ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် ၁၆၄ လမ်းကြားတွင် မီးလောင်မှု ဖြစ်ပွားရာ မီးငြိမ်းသတ်ပြီးသွားသော အဆောက်အဦးအား ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁ဝး၁၈ နာရီက တွေ့ရစဉ်။ အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။(ဓါတ်ပုံ - မဇ္ဈိမ)

တာမွေမြို့နယ် တာမွေကြီး(ခ) ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် ၁၆၄ လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားရာ မီးငြိမ်းသတ်ပြီးသွားသော အဆောက်အဦးကို ကြည့်ရှုနေသည့် အမျိုးသမီးတဦးအား ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁ဝး၁၈ နာရီက တွေ့ရစဉ်။ အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။(ဓါတ်ပုံ - မဇ္ဈိမ)
တာမွေမြို့နယ် တာမွေကြီး(ခ) ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် ၁၆၄ လမ်းကြားတွင် မီးလောင်မှု ဖြစ်ပွားရာ မီးငြိမ်းသတ်နေသည့် မီးသတ်ရဲဘော်များအား ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၉း၎ဝ/ ၉း၄၈/ ၉း၄၉ နာရီက တွေ့ရစဉ်။ အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။(ဓါတ်ပုံ - မဇ္ဈိမ)
တာမွေမြို့နယ် တာမွေကြီး(ခ) ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် ၁၆၄ လမ်းကြားတွင် မီးလောင်မှု ဖြစ်ပွားရာ မီးငြိမ်းသတ်နေသည့် မီးသတ်ရဲဘော်တဦးအား ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၉း၎ဝ/ ၉း၄၈/ ၉း၄၉ နာရီက တွေ့ရစဉ်။ အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။(ဓါတ်ပုံ - မဇ္ဈိမ)

မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ဖြစ်သွားသည့် အိမ်ထောင်စု ၁၆ စုမှ လူဦးရေ ၆၈ ဦးကို တာမွေဓမ္မာရုံ ယာယီကယ်ဆယ်ရေးစခန်းတွင် လက်တလော ပြောင်းရွှေ့ ထားရှိသည်။

အဆိုပါမီးလောင်မှု အတွက် ဆုံးရှုံးနစ်နာမှု တန်ဖိုးကို အိမ်တလုံး ကျပ် ၅ သိန်း၊ အိမ်တခြမ်း ကျပ် ၁ သိန်း နှုန်းဖြင့်
အိမ် ၄ လုံး + အိမ် ၄ ခြမ်းအတွက် စုစုပေါင်း ၂၄ သိန်း ဟု မီးသတ်တပ်ဖွဲ့ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။



အဆိုပါမီးလောင်မှုတွင် သန္ဓေမီးသတ် ၃၀၀ ကျော်၊ အရန်တပ်ဖွဲ့ဝင် ၁၀၀ ကျော် သုံး၍ မီးသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

မီးစတင်လောင်ကျွမ်းရာ နေအိမ် (တာမွေကြီး(ခ) ရပ်ကွက်၊ အိမ်အမှတ် ၃၆၉) မှ အိမ်ရှင် ဒေါ်သီတာအား တာမွေ ရဲတပ်ဖွဲ့က ပ/၁၄၅/၂ဝ၁၂/ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

0 comments: