စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 17, 2012

ဦးခင်မောင်မြင့် ကွယ်လွန်ခြင်း ၁၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား




ကိုကိုးကျွန်း အစာငတ်ခံ ကျွန်းတိုက်ပွဲ အဆင့်ဆင့်မှာ ဦးဆောင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ပြည်သူ့ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ နဲ့ ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချုပ် သဘာပတိ
အဖွဲ့ဝင် ဦးခင်မောင်မြင့် ကွယ်လွန်ခြင်း ၁၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျ လ္ဘက်ရည်
ဆိုင်မှာ ပြုလုပ် ခဲ့ပါတယ်။ ဒီအခမ်းအနားကို ပြည်သူ့ တိုးတက်ရေးပါတီ အဖွဲ့ဝင်တွေ၊ နိုင်ငံရေး လုပ်ဖက်ကိုင်ဖက် မိတ်ဆွေတွေ၊ ဝါရင့် နိုင်ငံရေး သမားကြီးတွေ၊ နိုင်ငံရေး
အကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေ တက်ရောက် ခဲ့ကြတာပါ။ အခမ်းအနားမှူး အဖြစ် ဝါရင့် နိုင်ငံရေးသမားကြီး ဦးလှရွှေမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီ
အရေး လူ့အခွင့်အရေး တိုက်ပွဲတွေမှာ ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အခမ်းအနား တက်ရောက်လာကြ သူတွေ
က ၁ မိနစ်ခန့် ငြိမ်သက် အလေးပြု ခဲ့ကြပါတယ်။ ဦးခင်မောင်မြင့်ဟာ ၁၉၈၉ ခုနှစ် အထက်မြန်မာပြည် ပြည်သူ့ တိုးတက်ရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေမှာ
လှည့်လည် ဟောပြော ဆွေးနွေးရင်း စစ်အစိုးရက ဖမ်းဆီး ထောင်ချခဲ့ပြီး ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အကျဉ်းကျခံနေရစဉ် အတွင်းမှာ ကွယ်လွန် ခဲ့တာ
ဖြစ်ပါတယ်။



Burma Vj Media

0 comments: