၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သာဓု ပရိယတ္တိ စာသင်တိုက်ကနေ ထွက်ခွာ ပေးရတော့မယ့် ရွှေညဝါ ဆရာတော်
ဦးပညာသီဟဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ စတင်ပြီး လေးရက် တိုင်တိုင် ဆွမ်းအလှူခံ ကြွချီပြီး ဆွမ်းဒကာ၊ ဒကာမတွေကို
အမှတ်တရ နှုတ်ဆက်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ရွှေညဝါ ဆရာတော်ဟာ သာဓုအရှေ့၊အနောက်၊ ဗဟို
စံပြငါးဈေးကြီးကနေ ပန်းပင်ကြီးလမ်းအထိ မနက် ၈ နာရီကနေ စတင် ဆွမ်းအလှူခံ ကြွချီခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ
ဗားကရာ-အိုးဘိုလမ်းနဲ့ ၁၈ ရက်နေ့တွေမှာတော့ သီရိမင်္ဂလာဈေးရှေ့မြောင်းကြီးလမ်းကနေ ဈေးကလေးဘက်ခြမ်း အထိ မနက် ၈
နာရီကနေ စတင်ပြီး လမ်းလျှောက်ကြွချီ အလှူခံတော်မူမှာ ဖြစ်ပါတယ်။
Burma Vj Media
0 comments:
Post a Comment