စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 10, 2012

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများ တိုးမြှင့်သွားမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် စတင်သော လာမည့်ဧပြီလ ၁ ရက် နေ့မှစတင်၍ ရန်ကုန်မြို့တော်တွင် မြို့တော်စည်ပင်မှ ပေးဝေသော ရေသုံးစွဲသူများအတွက် ရေသုံးခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ရန်ကုန်မြို့တော်တွင် ရေသုံးစွဲခနှုန်းထားများကို ၂၀၀၅ ခုနှစ် ဇူလိုင်လအထိ ရေတစ်ဂါလန် ၃ ပြား နှုန်းဖြင့်ကောက်ခံခဲ့ပြီး ၂၀၀၅ ခုနှစ် သြဂုတ်လမှစတင်၍ ရေတစ်ဂါလန်လျှင် အိမ်သုံးဆိုပါက ၂၅ ပြားနှုန်း၊ စီးပွားရေးလုပ်ငန်းသုံးဆိုပါက တစ်ဂါလန်လျှင် ၃၅ ပြားနှုန်းနှင့် ဌာနဆိုင်ရာများအတွက် တစ်ဂါလန်လျှင် ၂၅ ပြားနှုန်းဖြင့် လက်ရှိအချိန်ထိ ကောက်ခံနေကြောင်း သိရှိရသည်။ လာမည့် ဧပြီလ ၁ ရက်နေ့ မှစတင်၍ အိမ်သုံးဆိုပါက တစ်ဂါလန်လျှင် ၄၀ ပြားနှုန်း၊ စီးပွားရေး လုပ်ငန်းသုံးဆိုပါက တစ်ဂါလန်လျှင် ၅၀ ပြားနှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများအား လက်ရှိကောက်ခံနေသောနှုန်းထားအတိုင်း တစ်ဂါလန်လျှင် ၂၅ ပြားနှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"မြို့တော်စည်ပင်ရေ ရယူသုံးစွဲနေသူတွေအတွက် လာမည့် ဧပြီလ ၁ ရက်နေ့ကစတင်ပြီး ရေဖိုးရေခတွေကို တိုးမြှင့်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီး ပြုပြင်တည်ဆောက်ဖို့အတွက် ငွေကြေးများစွာလိုအပ်ပါတယ်။ ဒါကြောင့် ရေဖိုးရေခတွေကို အိမ်သုံးကို လက်ရှိတစ်ဂါလန် ၂၅ ပြားကနေ ပြား ၄၀ ကို တိုးကောက်မယ်။ စီးပွားရေးသုံးအတွက်ကို လက်ရှိတစ်ဂါလန် ၃၅ ပြားကနေ တစ်ဂါလန် ၅၀ ပြားနှုန်းကို တိုးကောက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာပေးဝေတဲ့ ရေတစ်ဂါလန်ရဲ့ ကုန်ကျစရိတ်က ၄၀ ဒသမ ၄၇ ပြားဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

"ရေသုံးစွဲခနှုန်းထားတွေကို တိုးမြှင့်မယ်ဆိုရင် ရေခဏခဏပြတ်နေတဲ့ အခက်အခဲတွေကိုလည်း ပြေလည်အောင်ဖြေရှင်းပေးသင့်ပါတယ်။ တစ်ခါတစ်လေ တစ်ရက်နှစ်ရက်လောက် ရေမလာတာတွေလည်း ရှိပါတယ်"ဟု သင်္ကန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်ရေ ရယူသုံးစွဲနေသော ရေဆက်သွယ်မှုအားလုံးအား ရေမီတာတပ်ဆင်ရေး စီမံချက်ကို စတင်ပြုလုပ်နေရာ ဌာနဆိုင်ရာနှင့် စီးပွားရေးလုပ်ငန်းသုံးများကို ဦးစားပေးကာပြုလုပ်နေကြောင်း၊ ယင်းစီမံချက်မှာ ရေဆက်သွယ်မှုအားလုံး မတပ်မနေရဖြစ်ပြီး ရေကိုချွေတာသုံးစွဲတတ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ရေမီတာမတပ်ထားတဲ့ ရေဆက်သွယ်မှုတွေအကုန်လုံး ရေမီတာတပ်ဆင်ရမှာဖြစ်ပါတယ်။ မီတာစနစ်နဲ့သွားတဲ့အတွက် ကိုယ့်သုံးတဲ့ရေပမာဏအလိုက် ယူနစ်ဖြတ်ပြီးပေးဆောင်ရမယ်။ လျှပ်စစ်မီးတာခလို ဖြစ်သွားတာပေါ့။ အဓိကတော့ ရေကိုချွေတာသုံးစွဲတတ်စေဖို့နဲ့ ရေအလဟဿမဖြုန်းတီးအောင်လို့ပါ။ ပြီးတော့ စည်ပင်ရေကို ဖောက်သုံးတာတွေကိုလည်း အရေးယူသွားမှာ ဖြစ်ပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့တော်စည်ပင်ရေ ဆက်သွယ်ရယူထားသော ရေဆက်သွယ်မှုပေါင်း ၂၃၀၀၀၀ ကျော်ရှိပြီး မီတာတပ်ဆင်ထားမှုမှာ ၁၆၀၀၀၀ ကျော်ရှိပြီး မီးတာတပ်ဆင်မထားပဲသုံးစွဲမှုမှာ ၇၀၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။


Eleven Media Group

0 comments: