စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 10, 2012

နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့သော မန္တလေးအာဇာနည်ဗိမာန်အား စတင်ရှင်းလင်း

၂၀၁၂ခုနှစ်ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော်ကြာအောင် ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့သော မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်းမန္တလေးကားလမ်းပေါ်ရှိ ယိုယွင်းပျက်စီးနေသောအာဇာနည်ဗိမာန်ကို မန္တလေးမြို့ခံ အဖွဲ့အစည်းများက စတင်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ခံ လူမှု့ရေး အဖွဲ့အစည်းများ ၊ကြက်ခြေနီအဖွဲ့အစည်းများ ၊ မီးသတ်အဖွဲ့များ ၊ စည်ပင်ဝန်ထမ်းများ နှင့်ကျောင်းသား လူငယ်များစုပေါင်းကာ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးနေသော
အာဇာနည်ဗိမာန်ကို ပြန်လည်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ မန္တလေးအာဇာနည်ဗိမာန်အား မရှင်းလင်းသည်မှာနှစ်ပေါင်း(၂၀)ကျော်ကြာသွားပြီဖြစ်ကြောင်း လက်ရှိ သန့်ရှင်းရေးတွင်ပါဝင်သူ စိမ်းရောင်စိုအဖွဲ့မှကိုမောင်မောင်ဦးကပြောသည်။

“ မရှင်းတာကတော့ကြာပြီ ရှစ်ဆယ့်ရှစ်နှစ်ဦးပိုင်း မတ်လလောက်ကပေါ့ဒီအာဇာနည်တွေရဲ့ ကျန်ရစ်သူမိသားစု က ဆွမ်းတစ်ခါလောင်းတယ်။ အဲဒီတုန်းကဆွမ်းလောင်းတာပဲရှိမယ်။ အရေးခင်းပြီးနောက်ပိုင်းမှာတော့ ဘာမှလုပ်တာမရှိတော့ဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ ရှင်းလင်းမှုများအပြီးတွင် မန္တလေးမြို့ရှိ နာမည်ကြီးဆရာတော်ကြီးများကြွရောက်လာကြပြီး ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများမှပေးပို့သောလွမ်းသူ့ပန်းခွေကို အာဇာနည်ဗိမာန်တွင် အခမ်းအနားဖြင့် ချထားခဲ့သည်။

“ခုလိုမျိုးအာဇာနည်ဗိမာန်ကိုပြန်လည်ရှင်းလင်းတာကိုအင်မတန်မှဝမ်းသာပါတယ်။ တိမ်မြုပ်ပျောက်ကွယ် နေတဲ့ပတ္တမြားရတနာကြီးကိုကမ္ဘာသိအောင် ဖေါ်ထုတ်ပြသရသလိုပဲ၊ ဦးဇင်းတို့မန္တလေးရဲ့အဖိုးအနဂ္ဂထိုက်တန်တဲ့ကျောက်မျက်ရတနာကြီးကိုဖေါ်ထုတ်ရတာ အင်မတန်မှ ၀မ်းသာပါတယ် ၊ ဒီပွဲမှာ
ဝန်ထမ်းတွေရော ၊ ပြည်သူတွေရော ၊ အရပ်သူအရပ်သားတွေရော ၊နိုင်ငံရေးအင်အားစုတွေရော စည်းစည်းလုံးလုံးမြင်ရတဲ့ အတွက်နိုင်ငံရဲ့အနာဂတ်အတွက် အများကြီးဝမ်းသာပါတယ် ” ဟု
မစိုးရိမ်(တိုက်သစ်)ဆရာတော် ရှင်ဝီရသူက ပြောသည်။

၁၃၀၀ပြည့်အရေးတော်ပုံ (၇၃)နှစ်မြောက်အထိမ်းအမှတ်ဖြစ်
မန္တလေးအာဇာနည်ဗိမာန်ကို ပြန်လည်ရှင်းလင်းခဲ့ ခြင်းဖြစ်သည်။ ထိုဗိမာန်တွင်၁၃၀၀ပြည့်အရေးတော်ပုံတွင် ကျဆုံးသွားသော အာဇာနည်(၁၇)ဦး၏ဓါတ်ပုံများ ခင်းကျင်းပြသထားသည်။

“ ထိန်းသိမ်းဖို့ဆိုရင်တော့ဝန်ထမ်းထားရမှာပါ အစီအစဉ်ရှိပါတယ်။ဒီတိုင်းပစ်ထားလို့မှမရတာ။ အများ ပြည်သူတွေ ၀င်ရောက်ကြည့်ရှုဖို့အတွက်လဲအစီအစဉ်တွေ လုပ်မှာပါ ” ဟု မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီပန်းဥယျဉ်နှင့် ကစားကွင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်က ပြော
ကြားသည်။


Myit Makha Mediagroup

0 comments: